ဤအခိုက်အတန့်တွင် သူသည် ကမ္ဘာပေါ်တွင် အရသာအရှိဆုံးတစ်ခုခုကိုစားလိုက်ရသလိုပင် ခံစားလိုက်ရလေသည်။ ဆယ်ကျော်သက်လေးသည် နို့လက်ဖက်ရည်အားကျေနပ် ပျော်ရွှင်နေသောအမူအယာဖြင့် သောက်နေပြီး ၀ိတ်တာအားပြုံးပြလိုက်ကာ
စားပွဲထိုးမလေး၏မျက်နှာမှာနီရဲသွားပြီး ရပါ တယ်ဟုဆိုကာ တွန်းလှည်းကိုခပ်သွက်သွက်တွန်းလျက် ထွက်သွားတော့သည်။ ထို့နောက်တွင် ကောင်တာမှာ တီးတိုးပြောသံများထွက်လာခဲ့သည်။
"ဘုရားရေ သူကချစ်ဖို့ကောင်းလိုက်တာ"
ယွမ်ရှင်းကျဲမှာခန္ဓာကိုယ်အခြေအနေကို အမြဲဂရုပြုနေရသူဖြစ်သောကြောင့် အချိုအများကြီးလည်းစားလေ့မရှိပေ။။ သူမစားခင်တွင် ကယ်လိုရီရေတွက်လေ့ရှိသည်။ ၄င်းသည်လည်း ချီယုနားမလည်နိုင်သည့်အချက်ပင်။ လောလောဆယ်တွင် ဆယ်ကျော်သက်လေးမှာ ချီယုထိုင်နေသည်ကိုပင်မေ့နေဟန်ဖြင့် အချိုပွဲများကို မြိနန်ရည်ယှက်ရည်စားသောက်နေလေသည်၊ ချီယု၏အမူအယာလွန်စွာမဲမှောင်လာတော့မှသာ ယွမ်ရှင်းကျဲခေါင်းမော့ကာဆိုလာခဲ့သည်။
"ဒါပေါ့ မင်းအမှားကိုဘာလို့၀န်မခံတာလဲ"
သူ၏မျက်၀န်းလေးများမှာ လွန်စွာကြည်လင်လျက် အတည်အတံ့ဖြစ်နေခဲ့သည်။ထိုခိုင်မာမှုမှာ ငြင်းဆိုရန်မဖြစ်နိုင်သည့်နှယ်၊ ချီယုမှာ သူအတွေးလွန်နေသည်ဟုပင်ထင်လိုက်မိလေသည်။ သူသည်ရင်ထဲမှအပြစ်ရှိသည့်ခံစားချက်လေးလှိုက်တက်လာမိသေည်လည်း အမြန်ဖုံးကွယ်လိုက်သည်။
"ယွမ်ရှင်းကျဲ ငါအရင်ကတည်းကရှင်းရှင်းလင်းလင်းပြောပြီးသွားပြီ ငါမင်းလိုအိုမီဂါမျိုးကို မကြိုက်ဘူးလို့"
ချီယုသည်လျင်မြန်စွာ စကားလမ်းကြောင်းကိုပြောင်းလိုက်သည်။
"ချီမိသားစုနဲ့ ယွမ်မိသားစုရဲ့မျက်နှာကြောင့်သာမဟုတ်ရင် ငါစေ့စပ်ထားတာကိုဖျက်သိမ်းပြီးနေပြီ"
စေ့စပ်ကြောင်းလမ်းခြင်းကိုဖျက်သိမ်းမည်ဟုခြိမ်းခြောက်ခြင်းမှာ ချီယု၏နိုင်ကွက်ပင်ဖြစ်လေသည်၊
သူဒီလိုပြောလိုက်တိုင်း ယွမ်ရှင်းကျဲ သူ့အားအလျင်အမြန်တောင်းပန်ကာ မျက်ရည်များနှင့် "စိတ်မဆိုးရန်"ပြောလိမ့်မည်၊
ဤတစ်ကြိမ်လည်းထိုသို့သာအဆုံးသတ်သွားလိမ့်မည်ဟုချီယုယုံကြည်နေခဲ့သည်။ ချီယုကဆယ်ကျော်သက်လေးကိုကြည့်လျက် တဖက်မှတောင်းပန်လာမည်ကို တည်ငြိမ်စွာစောင့်နေလိုက်သည်။
ခဏအကြာတွင်ကောင်ငယ်လေးကနှုတ်ခမ်းကိုဟလာခဲ့သည်။ ထိုအသံမှာ ယခင်အတိုင်း ညင်သာ၍ ကြည်လင်နေဆဲဖြစ်ကာ ချီယုမှာမူနေရာ၌ပင်အေးခဲသွားတော့သည်။
ပြန်လည်မွေးဖွားရန်အခွင့်အရေးတစ်ခုအား ရပြီး သည့်နောက်တွင် သူ့၏ကံကြမ္မာအား ဤကဲ့သို့ ငကြောင်ဘ၀င်ရူးတစ်ယောက်နှင့်ချည်နှောင်မထားချင်ပေ။သူ့တွင်လုပ်စရာေတွတပုံကြီးရှိသည်။မက်ခါမောင်းနည်းကိုသင်ယူရမည်။ သူ့ကိုယ်ပိုင် အမိုက်စားမက်ခါဒီဇိုင်းဆွဲမည်။ အတော်ဆုံး မက်ခါတိုက်ခိုက်သူတစ်ယောက်ဖြစ်လာရမည်။
ဤအခွင့်အရေးကိုအသုံးချလျက် သူ၏ယခင်ဘ၀မှမပြည့်၀လိုက်သည့် ဆန္ဒများလုံးကို ဖြစ်မြောက်အောင်ကြိုးစားမည်။ ချီယုမှာ သူ၏လမ်းတွင် ပိတ်နေသော ကျောက်တုံးတစ်တုံးသာဖြစ်သည်၊
ယွမ်ရှင်းကျဲ ချီယုနှင့်တကူးတက သူ့ဘက်မှစ၍ချိန်းဆိုလိုက်သည်မှာလည်း သူတို့နှစ်ဦးကြားမှာ ဤရယ်စရာစေ့စပ်ပွဲကိုဖျက်လိုက်ဖို့ပင်။ ချီယုကတိုက်တိုက်ဆိုင်ဆိုင် စေ့စပ်ပွဲဖျက်ဖို့အကြောင်းနှင့် ခြိမ်းခြောက်လာသည်မို့ သူ့အတွက် အလွန်အဆင်သင့်သွားခဲ့သည်။
ချီယုမပြောလျှင်တောင် ယွမ်ရှင်းကျဲကစပြောတော့မှာဖြစ်သည်။
မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ချီယုမှာ ယွမ်ရှင်းကျဲအားမယုံနိုင်သော အမူအယာဖြင့်ကြည့်လာခဲ့သည်။ သို့သော်ထိုထိတ်လန့်မှုမှာမကြာခဲ့ချေ။ ချီယုမှာ ယွမ်ရှင်းကျဲတစ်ယောက် သူ့အားနည်းအသစ်ဖြင့်ချည်းကပ်ရန်ကြိုးစားနေသည်ဟု ချက်ချင်းသဘောပေါက်သွားခဲ့သည်။
သူ၏လှည့်ကွက်အသစ်ကို ရွံ့ရှာစွာလှောင်ရယ်လိုက်မိသည်။ သူတို့စေ့စပ်ပွဲဖျက်ဖို့တောင် သဘောတူလိုက်သေးသည်။
ယွမ်ရှင်းကျဲမှာမူ ချီယု၏အမူအယာကိုနားမလည်နိုင်ချေ။ သူပျော်နေရမှာမဟုတ်ဘူးလား၊ ဘာကိစ္စမကျေနပ်တဲ့ပုံစံပေါက်နေရတာလဲ။
" မင်းမှာတခြားပြောစရာမရှိရင်၊ ဒီကိစ္စဒီမှာပဲ ပြီးပြီ"
ယွမ်ရှင်းကျဲ ချီယုအားအချိန်အတော်ကြာစိုက်ကြည့်နေမိသည်။ နောက်ဆုံးတဖက်လူ၏အမူအယာကို လုံး၀နားမလည်နိုင်တော့မှသာ
"မင်းသွားလို့ရပြီ"
ပြောပြီးနောက်ယွမ်ရှင်းကျဲမှာခေါင်းငြိမ့်လိုက်ပြီး အချိုပွဲကိုဆက်စားလိုက်တော့သည်။ တစ်ခြမ်းကိုက်ထားသောမက်ခါယွန်မုန့်လေးကတဖက် နို့လက်ဖက်ရည်ကတစ်ဖက်နှင့် ချီယုကိုမူရှိသည်ဟုပင်မထင်တော့ချေ။
ယွမ်ရှင်းကျဲ၏အမူအယာကိုကြည့်ပြီး သနားမှူလေးတစွန်းတစယိုဖိတ်လာခဲ့သည်။
တချို့အိုမီဂါများမှာ အချစ်ကြောင့် ၀မ်းနည်းခံစားရသည့်အခါအချိုဓါတ်ကိုစားသုံးခြင်းဖြင့် ဖြေသိမ့်ရသည်ဟုကြားဖူးသည်။ ယွမ်ရှင်းကျဲ၏လက်ရှိအမူအယာမှာ ဘာမှမခံစားရပုံပေါ်နေသော်လည်း၊ မုန့်အချိုများကို မြိန်ရည်ယှက်ရည်စားသောက်နေသည်မှာ အသည်းကွဲနေ၍ပင်မဟုတ်ပါလော။
ချီယု၏အသံတွင် ဂရုစိုက်မှုလေး တစွန်းတစလေးပါ၀င်သည်မှာ အလွန်ရှားပါးလှသည်။ သူသည်ယွမ်ရှင်းကျဲတစ်ယောက် အမြဲကြီးစားသောက်ပြီး ခံစားချက်တွေပွင့်အံထွက်လာကာ လူမြင်ကွင်းတွင် ငိုချလာမည်ကို စိုးရိမ်နေခဲ့သည်။ သည်ကဲ့သို့ယွမ်ရှင်းကျဲ
မလုပ်ဖူးသည်မဟုတ်ချေ။
ယွမ်ရှင်းကျဲ ချီယုအားနားမလည်စွာကြည့်လိုက်သည်။ ချီယုသည်သူ့လက်ထဲမှအချိုပွဲကိုကြည့်နေသည်ကိုမြင်လျှင် သူ့မုန့်ကိုစားချင်နေခြင်းပေလောဟုတွေးမိလိုက်လေသည်။
"ငါဗိုက်ဆာတယ်" ယွမ်ရှင်းကျဲအေးဆေးပြန်ဖြေလိုက်သည်။ ထို့နောက်မျက်မှောင်ကြုတ် လိုက်ကာ
"မင်းမသွားသေးဘူးလား"
"ငါမင်းကိုစေ့စပ်ပွဲဖျက်ဖို့တွန်းအားပေးနေတာမဟုတ်ဘူး၊ ငါကမင်းအတွက်လည်းပိုကောင်းအောင်ပြောနေတာ" ချီယု က ယွမ်ရှင်းကျဲအားအသေအချာကြည့်လျက်ဆိုလိုက်သည်။
"မင်းစာသေချာလုပ်ပြီး နေ့တိုင်းပြသနာရှာတာကိုရပ်လိုက်၊ တက္ကသိုလ်ကိုကောင်းကောင်းတက်၊ ငါ့က်ုအနှောင့်အယှက်မဖြစ်စေသ၍၊ ငါမင်းနဲ့အတူရှိပေးရလို့ကိစ္စမရှိပါဘူး"
မူလပိုင်ရှင်ကသာ ချီယုကိုတချိန်လုံးဂရုစိုက်ပေးနေခဲ့ရတာအသိသာကြီးပင်။ မူလပိုင်ရှင်ယခုကဲ့သို့ပြသနာရှာမိရခြင်းမှာလည်း ချီယုနှင့် စုကျီနန်ကြားမှ မရိုးရှင်းသောဆက်ဆံရေးကြောင့်ပင်။ သို့သော်ချီယုဘက်ကမူ ဤကဲ့သို့မလျော်ကန်သောစကားမျိုးထွက်လာသည်။
ယွမ်ရှင်းကျဲမှာ ချီယုကသူ၏အစားစားချင်စိတ်ကိုဖျက်ဆီးနေသည်ဟုခံစားရကာ လက်ထဲမှစားလက်စမက်ကာရွန်အားချလိုက်ပြီး
"ငါမပြောင်းလဲပေးနိုင်ဘူး"
ယွမ်ရှင်းကျဲမှာမိမိအမှားကို၀န်မခံပဲ စေ့စပ်ပွဲကိုလိုလိုလားလားဖျက်သိမ်းရန်ဆန္ဒရှိနေသည်ကိုတွေ့ရလျှင် ချီယုမျက်မှောင်ကြုတ် မိတော့သည်။
လုံး၀မျှော်လင့်ချက်မရှိတော့သောလူတစ်ယောက်ဟုပင်စိတ်ထဲမှတွေးလိုက်မိလေသည်။ သူကအေးစက်စွာနှာခေါင်းရှုံ့လျက်
"ကောင်းပြီ၊ ကြိုက်သလိုသာလုပ်"
ယွမ်ရှင်းကျဲ ၏ခံစားချက်မှာရုတ်ချည်းကောင်းမွန်သွားခဲ့သည်။ သူကချီယုအားအလျင်အမြန်ပြုံးပြလိုက်ပြီး
သူ၏အမူအယာလေသံနှင့် အချိုပွဲကိုပြန်လည်းကောက်ယူလိုက်သည့်ပုံစံမှာ ချီယုအား လုံး၀သောက်ဂရုမစိုက်ဟူသောအမူအယာကို အပြည့်အ၀ဖော်ပြနေသည်ပင်။
ထိုအပြုံးက ချီယု၏နှလုံသားအား မီးလေးတစ်စပွင့်သွားစေခဲ့သည်။