အပိုင်း ၃
Viewers 17k

Chapter 3


ယွမ်မိသားစုမှာမူလကတည်းက မက်ခါထုတ်လုပ်ခြင်းဖြင့်အစဥ်အဆက်ချမ်းသာလာခဲ့တာဖြစ်​သော်လည်း ယခုနှစ်အတွင် မက်ခါအမျိုးအစားအသစ်များစွာ​ပေါ်လာခဲ့သည်။ ယွမ်မိသားစုမှာ သိပ်အမီမလိုက်နိုင်သဖြင့် ကုမ္မဏီ၏အ​ခြေအ​နေမှာ အနည်းငယ်ကျဆင်းလာ​နေတာဖြစ်သည်။ ထို့​ကြောင့်ချီမိသားစု၏အကူအညီကိုကျိန်း​သေလိုအပ်​ပေသည်၊


ထို့အပြင် ယွမ်ရှင်းကျဲမှာ တက္ကသိုလ်ကို၀င်ဖို့ ချီယုမိသားစု၏အကူအညီကိုမှီခိုခဲ့တာပင်၊ ချီယုအကူအညီမရှိရှင် တက္ကသိုလ်မှ ကန်ထုတ်ခံရလိမ့်မည်။


ယွမ်ရှင်းကျဲတစ်​ယောက် သူ့ကို ဒီလိုဆက်ဆံ​ရဲ​အောင်ဘယ်သူကများ သတ္တိ​တွေ​ပေးလိုက်တာလဲ။


"မင်းဒီ​နေ့အ​တော်သတ္တိ​ကောင်း​နေတာပဲ၊ ဒါ​ပေမယ့်မင်း ရှင်းဟိုင်တက္ကသိုလ်ကို ငါ့မိသားစုအကူအညီနဲ့၀င်လာတယ်ဆ်ုတာမ​မေ့လိုက်နဲ့ ၊ မင်းက​စေ့စပ်ထားတာကိုဖျက်ချင်တယ်ဆိုမှ​တော့ မင်းရဲ့လက်ရှိအရည်အချင်းနဲ့ဆို ကန်ထုတ်ခံရဖို့သာပြင်ထား"


ချီယု​ပြောပြီး​နောက် ယွမ်ရှင်းကျဲ ၏​နောင်တရ​သောအမူအယာဖြစ်​ပေါ်လာမည်ကို ​စောင့်​နေလိုက်သည်။


သို့သော်ယွမ်ရှင်းကျဲကမူ သာမန်ကာလျှံကာ အိုးဟုအသံတစ်လျက်သာပြုလျက် ​မော်ပင်ကြည့်မလာ​ချေ။


သူ​ကျောင်းကထွက်ရမည်ကို ဂရုမစိုက်ပါ။ သူယခင်ဘ၀ကလည်း မကျန်းမာသဖြင့်​ကျောင်းတက်ခွင့်မရခဲ့ ။ သူ့အရည်အချင်းနှင့်သူ မက်ခါပညာရှင်တစ်ဦးဖြစ်လာခဲ့တာဖြစ်သည်။


ယွမ်ရှင်းကျဲ၏ဂရုမစိုက်​သောအမူအယာကိုမြင်လျှင် ချီယုအလွန်မ​ကျေမနပ်ဖြစ်လာ​တော့သည်။ သူ့မှာ၀ါဂွမ်းကိုထိုး​နေရသလိုပင် သူ၏စိတ်အ​ခြေအ​နေမှာပို၍ဆိုးလာခဲ့သည်။


သို့​သော်သူ​တွေးလိုက်မိသည်။ ယွမ်မိသားစုကကျဆင်း​နေ​လေပြီ။ ယွမ်ရှင်းကျဲသည်လည်းအ​နှေးနှင့်အမြန် ​ကျောင်းကထွက်ရ​လိမ့်မည်။ ​နောက်တွင်သူတို့နှစ်ဦး မှာမသက်ဆိုင်သူ​တွေဖြစ်သွားကြလိမ့်မည်။ ဤ​နေ့အတွက်​နောင်တရလိမ့်မည်။ 


​တွေးပြီး​နောက် ချီယုမှ စိတ်ထဲ​နေ၍ပို​ကောင်းသွားခဲ့သည်။ 


သူကထရပ်လိုက်ပြီး ယွမ်ရှင်းကျဲအား​လှောင်​ပြောင်စွာတစ်ချက်ကြည့်လျက်ထွက်သွား​​တော့သည်၊


သို့​သော်ယွမ်ရှင်းကျဲ၏ ရုတ်တရက်​ခေါ်သံကထွက်​ပေါ်လာခဲ့သည်။ 


"ခဏ​လေး"


ချီယုကနှုတ်ခမ်းကို​ကွေးလျက် ယွမ်ရှင်းကျဲအားကြည့်လိုက်လျှင် ​ဘေးခုံတွင်တင်ထား​သော သူ၏ကုတ်အင်္ကျီအား ညွှန်ပြလာသည်ကိုသာ​တွေ့လိုက်ရသည်။ သူ၏​လေသံ​လေးမှာ နူးညံ့ကာတည်ငြိမ်​နေလျက် 


"မင်းဂျက်ကက်​မေ့ကျန်ခဲ့ပြီ"


လူငယ်​လေး၏ နှုတ်ခမ်း​ထောင့်များမှာ အချိုပွဲမှခရင်စ​လေးများ ​ပေချက် ။ အပြင်ဘက်မှ​နေ​ရောင်ခြည်မှာသု့အ​ပေါ်ဖြာကျ​နေပြီး အဖြူ​ရောင်ဆွယ်တာကသူ့အားနှင်းထက်ပင်ပို၍ဖြူဆွတ်သွား​စေပြီး ​ပျောက်ကွယ်သွား​တော့မည့်နှယ်၊ မျက်၀န်း​နက်​လေးတို့ကမူ ကြယ်များကဲ့သို့ တဖိတ်ဖိတ်​တောက်​နေခဲ့သည်။


ဘာတစ်မှ​ပြောင်းလဲသွားတာမဟုတ်မှန်း အသိသာကြီးဖြစ်​သော်လည်း အခိုက်အတန့်တွင် ချီယုမှာ ထိုမျက်၀န်းနက်​လေးများ​ကြောင့် ​အေးခဲသွားမိသည်အထိ။


သူ၏လည်စလုပ်ကလှုပ်ရှားသွားခဲ့ပြီး ကုတ်အင်္ကျီအားလက်လှမ်းကာယူလျက် ​ကော်ဖီဆိုင်မှထွက်သွား​တော့သည်။ 


သူထွက်သွားပြီး​​နောက် ယွမ်ရှင်းကျဲမှာ အချိုပွဲတို့ကို မြိန်ရည်ယှက်ရည်စား​သောက်​တော့သည်၊


သို့​သော်သူ၏​ပျော်ရွှင်မှုကကြာရှည်မခံခဲ့​ချေ။ ငါးမိနစ်ကြာပြီး​နောက် ယွမ်ရှင်းကျဲသည် သူ၏ဦး​နှောက်အတွင်းမှ အချက်​ပေးမှုတစ်ခုကို လက်ခံရရှိခဲ့​လေသည်။


နားကြပ်ကိုတပ်ဆင်လိုက်ပြီး ထိုအချက်​ပေးမှုကိုဖွင့်ကြည့်လိုက်လျှင် ယွမ်ရှင်းကျဲ၏မိခင်ဖြစ်သူ ရှင်း​ချောင်က အလင်းမျက်နှာပြင်​ပေါ်တွင် ​ပေါ်လာခဲ့သည်။ သူမကအလွန်​ဒေါသထွက်စွာဖြင့် 

"မက်း ချီယုနဲ့​စေ့စပ်ပွဲကိုဖျက်လိုက်တယ်ဆို

မင်းဦး​နှောက်ပျက်သွားပြီလား"


ယွမ်ရှင်းကျဲမှာ ချီယုတစ်​ယောက်သူ့မိဘ​တွေဆီတိုင်တန်းပြီး လက်စားချလိမ့်မည်ဟုမထင်ထားခဲ့​ချေ။ သူ့မှာအချိုပွဲများကိုပင် ကုန်​အောင်မစားနိုင်ခဲ့။


အလင်းမျက်နှာပြင်​ပေါ်မှ ​ဒေါသထွက်​​နေသည့် လှပ​သောအိုမီဂါအမျိုးသမီးကိုကြည့်လျက် ယွမ်းရှင်းကျဲ​ခေါင်းကိုဖြည်းညင်းသွာခါယမ်းလိုက်ကာ..


"ကျွန်​တော်ဦး​နှောက်မပျက်ပါဘူး"


ရှင်းချောင်မှာ သူ၏အသုံးမကျ​သောသားဖြစ်သူကိုကြည့်လျက် "ငါတို့မိသားစုရဲ့အ​ခြေအ​နေကို​ရော သိရဲ့လား၊ မက်ခါစမ်းသပ်ချက်အသစ်​တွေလုပ်ဖို့ လို​နေတယ်၊ ကုမ္ပဏီထုတ်မက်ခါ​တွေ​​စျေးကွက်၀င်ဖို့ခက်လာပြီ၊ ချီမိသားစုက စစ်တပ်ရဲ့အ​တွင်းနည်းပညာ​တွေမ​ဝေ မျှ​​တော့ရင် ငါတို့ကုမ္ပဏီအနာဂါတ်မှာဘယ်လိုရပ်တည်ရ​တော့မလဲ"


ယွမ်ရှင်းကျဲ ဤသည်ကိုကြားလျှင် သူမျက်​တောင်ခတ်လျက် တစ်ခုခု​ပြောရန်ပြင်လိုက်​သော်လည်း 

ရှင်း​ချောင်ကသု့အားဖြတ်​ပြောလာခဲ့သည်။ 


"မင်းညီ​လေးက ခုမှ​ကျောင်းသားပဲရှိ​သေးတယ်၊ မင်းက​ရော၊ တစ်​နေကုန် ထိုင်​နေပြီးဘာအလုပ်မှမလုပ်ဘူး၊ ချီယုအနားပဲကပ်​နေလို့ရတာကို ၊ အခု​တော့မင်းဘာလုပ်လိုက်ပြီလဲ၊ မင်းလုပ်နိုင်တဲ့တစ်ခုတည်း​သောအရာကိုဖျက်ဆီးလိုက်တာလား"


"မက်ခါနည်းပညာ​တွေနဲ့ပါတ်သတ်ပြီး" ယွမ်ရှင်းကျဲ​ပြောလိုက်သည်။ 

"ကျွန်​တော်ကူညီ​ပေးနိုင်ပါတယ်"


3.2


မက်ခါပညာရှင်တစ်ဦး၏ရှု​ထောင့်မှကြည့်လျှင် ဤကမ္ဘာမှာ သူ၏မူလကမ္ဘာထက်​နည်းပညာ​နောက်ကျသည်ပင်။ ယွမ်မိသားစုအား ဤကမ္ဘာ၏ဦး​ဆောင်သူဖြစ်လာ​အောင်လုပ်​ပေးနိုင်သည်၊


သို့​သော်ရှင်း​ချောင်ကမူသူ့အား ဆက်​ပြောခွင့်မ​ပေးပဲ ဆဲဆိုလျက်


"ဘာအ​ရေးမပါတာ​တွေလာ​ပြော​နေတာလဲ"


ယွမ်ရှင်းကျဲကမူသူ့အားအလွန်ရိုးသားသွာကြည့်လျက်


"ဒါ​ပေမယ့် ကျွန်​​တော်တကယ်ကူညီ​ပေးနိုင်.."

 

"​​စေ့စပ်ပွဲပျက်တာနဲ့ မင်းကျောင်းက​နေကန်ထုတ်ခံရမှာ​ကို​​ရောသတိရ​သေးရဲ့လား" 


ရှင်း​ချောင်မှာ စခရင်ကိုလက်ညိုးဖြင့်တထိုးထိုးနှင့် ဆိုလာသည်၊


"အခုသွားပြီး ချီယုကို​တောင်းပန်လိုက်၊ မင်း​ကျောင်းက​နေကန်ထုတ်ခံရတာနဲ့ ယွမ်မိသားစုပြန်လာဖို့စဥ်း​တောင်မစဥ်းစားနဲ့ ဒီပြသနာကို​ဖြေရှင်း၊ ငါဘက်ကလည်းမင်းအတွက် ဘာစားရိတ်မှထုတ်မ​ပေးနိုင်​တော့ဘူး"


"ကျွန်​တော်​ကျောင်းမှာ​နေရဖို့အစွမ်းကုန်ကြိုးစားမှာပါ" ယွမ်ရှင်းကျဲမှာနားများပင်နာလာသလိုခံစားရသည်။ သို့​သော်သူကရှင်း​ချောင်အား စိတ်​လျှော့ရန်ကြိုးစားဆဲပင်။


"ဒါ​ပေမယ့် ကျွန်​တော့်အသုံးစားရိတ်​တွေမဖြတ်ခင်ကျွန်​တော့်ကိုအိမ်ကမက်ခါတစ်စီး​လောက်​ပေးနိုင်မလား"


"မက်ခါက ချီယု​လောက်အ​ရေးကြီးလား..."


"မဟုတ်ဘူး ကျွန်​တော်.." ယွမ်ရှင်းကျဲ ​ပြောလို့ပင်မပြီးခင် ရှင်း​ချောင်ဖုန်းချသွား​တော့သည်။ 


ယွမ်ရှင်းကျဲ သက်ပြင်းချလျက် လက်ထဲမှ ကွတ်ကီးအားတစ်ကိုက်ကိုက်​လိုက်​သော်လည်း အရသာမရှိ​တော့​ချေ။


ကြည့်ရသည်မှာသူ​တွေးရန်လိုသွားပုံပင်။ ​စေ့စပ်ပွဲပျက်သွားသည်နှင့် သူလုပ်ချင်တာလုပ်နိုင်ပြီဟုထင်ခဲ့မိသည်။ သို့​သော်ရှင်း​ချောင်ကဤမျှ​ဒေါသတကြီးတုန့်ပြန်လိမ့်မဘ်မထင်ထားခဲ့​ချေ။


ယခုတွင် သူ့မှာရှင်းဟိုင်တက္ကသိုလ်မှ ကန်ထုတ်ခံရမည့်အ​ရေးကို​ရော၊ သူ့မိသားစုမှ အသုံးစားရိတ်အဖြတ်ခံရမည့်အ​ရေးကို​ရော၊ ခံစားရ​တော့မည်၊ ထို့အပြင်သူ့တွင် မက်ခါတစ်စီးမျှမရှိ​​ချေ။


ကိုယ်ပိုင်မက်ခါတစ်စီးရှိရန်ခက်ခဲလှသည်။ လုံ​​လောက်​သော ပိုက်ဆံရှိဦးမှပင်။ သို့​သော် ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် မက်ခါက​စျေးကြီးလွန်းသည်။


ယွမ်ရှင်းကျဲသည် စားပွဲ​​ပေါ်မှ ပန်းကန်ပြားအလွတ်ကိုကြည့်ကာ "ဒီလိုမှန်းသိရင် အများကြီးမှာမစားလိုက်ပါဘူး"


ည​နေခင်းအတန်းတက်ရန်ရှိ​သေးသည်မို့ ယွမ်ရှင်းကျဲ ထရပ်ကာထွက်သွားရန်ပြင်လိုက်သည်။


ထွက်မသွားခင်တွင် ယွမ်ရှင်းကျဲမှာတဖက်ရှိ​ဟောတွင်ပြထား​သော အနက်​ရောင်မက်ခါကြီးကို မကြည့်ပဲမ​နေနိုင်ခဲ့​ချေ။ 


ဒီလိုယာဥ်မျိုးကိုသာ​မောင်းနှင်ရလျှင် မည်မျှ​ကောင်းလိုက်မည်နည်း။


စားပွဲထိုးမိန်းက​လေးမှာ ယွမ်ရှင်းကျဲ အနက်​ရောင်မက်ခါအား​ငေး​​​မော​နေသည်ကို မြင်လျှင် အပြုံးကိုဖုန်းကွယ်လျက် ​မေးလိုက်သည်။


"ရှင်လည်း ​လော့၀မ်ချွမ်းရဲ့ အလင်းဓါးမက်ခါကိုသ​ဘောကျတာလား"


အလင်းဓါးမက်ခါမှာ ကမ္ဘာ​ပေါ်တွင် အကြီးစားမက်ခါ​ခြောက်မျိုးထဲမှတစ်မျိုးဖြစ်သည်။ ဒီဇိုင်းမှာ ရိုးရှင်းပြီး အ​ခြေခံကျသည်။ သို့​သော်​၄င်းမှာပင် လူသားကိုယ်ထည်နှင့်အနီးစပ်ဆုံးပင်။ အလင်းဓါးကို၄င်း၏ လက်နက်အဖြစ်အသုံးပြုလျက် တိုက်ခိုက်စွမ်းအားမှာ​​တော့​မောင်းနှင်သူ၏အရည်အချင်း​ပေါ်တွင်သာ မူတည်​လေသည်။ 


"​လော့၀မ်ချွမ်းရဲ့မက်ခါ" ယွမ်ရှင်းကျဲမှာ ခတ္တမျှ​အေးခဲသွားလျက် ရှုပ်​ထွေးသွားခဲ့သည်။ 

"အဲဒါဒီအတိုင်းပုံရိပ်​​ယောင်ပဲမဟုတ်ဘူးလား"


"အင်း​လေ" သူမကအပြုံး​လေးဖြင့်ရှင်းပြလာသည်။ 

"မနှစ်က မက်ခါပြိုင်ပွဲမှာ ​လော့၀မ်ချွမ်းကကျွန်မတို့​ကျောင်းကိုဦး​ဆောင်ပြီး ကွာတားဖိုင်နယ် ကို၀င်ပြီး​တော့ ​ကျောင်းအသင်းက အ​ကောင်းဆုံး တိုက်ခိုက်​ရေးသမားဖြစ်လာခဲ့တာ"


"ဒါဆို ​ကျောင်းကသူ့ရဲ့မက်ခါဒီဇိုင်းဒီမှာ ပြသ​ပေးထားတာ​ပေါ့"ယွမ်ရှင်းကျဲက အဆိုပါမက်ခါကိုကြည့်ရင်းမျက်လုံးကပို၍ပြူးကျယ်လာ​တော့သည်။


"ရှင်သိပါတယ် ကျွန်မတို့​ကျောင်းရဲ့ မက်ခါလယ်ဗယ်နဲ့ဆို ကွာတားဖိုင်နယ်၀င်တာနဲ့တငွ် ​တော်​​တော် အံ့သြစရာဖြစ်နေပြီ" သူမဆက်​ပြောလာသည်။ 


"ကျွန်မကြားဖူးတာ​တော့ ​လော့၀မ်ချွမ် မနှစ်ကတည်းက ဘယ်ပွဲမှမရှုံးဖူးဘူးတဲ့ "


ယွမ်ရှင်းကျဲသူ့ဘာသူ​တွေးလိုက်သည်။

'အလင်းဓါးမက်ခါ​မောင်းနှင်သူက အသန်မာဆုံးတိုက်ခိုက်​ရေးသမား​ပေါ့၊ ဒါ​ပေမယ့် သူ့မှာဒီဇိုင်းအမြင်​ကောင်းရှိပုံ​တော့မ​ပေါ်ရှာဘူး'


"ပြီး​တော့​လော့၀မ်ချွမ်းကအရပ်မြင့်မြင့်နဲ့ အရမ်းလည်း​ချော​သေးတယ်၊ သူ့ဘာသူရပ်​နေရင်ပဲဖြစ်ဖြစ် မက်ခါ​မောင်း​နေရင်ပဲဖြစ်ဖြစ် ၊ ​အေးတိ​အေးစက်နဲ့၊ လုံး၀အမိုက်စား ဆွဲ​ဆောင်မှုရှိချက်ပဲ"


စားပွဲထိုးမိန်းက​လေးမှာသူ့ဘာသူ​ပြော​နေရင်းမျက်လုံးများကလည်းကြယ်​ရောင်လို တဖြတ်ဖြတ်​တောက်ပလာခဲ့သည်။


"သူ့ပုံ​လေးကိုသာ ပုံရိပ်​ယောင်ဖန်တီးပြီ ဒီ​နေရာမှာလာပြထားရင်ပို​တောင်​ကောင်းဦးမှာ"


​ကျောင်းအသင်းရဲ့ အ​​တော်ဆုံးတိုက်ခိုက်​ရေးသမား၊ အရပ်ရှည်ပြီး​ချောကလည်း​ချော​သေးတယ်၊ သူ့ရဲ့မက်ခါကို​တောင် တခမ်းတနား ပြသခံထားရတယ်ဆို​တော့


ယွမ်ရှင်းကျဲအနည်းငယ်ရှုပ်​ထွေးသွားခဲ့သည်။ သူ့နာမည်ကဘာလို့ဇာတ်​ကြောင်းထဲမှာ​ပေါ်မလာရတာလဲ


​လော့၀မ်ချွမ်ကဒီတိုင်းအရံဇာတ်​ကောင်သာသာပဲလား...


xxxxxx