အပိုင်း ၄
Viewers 17k

Chapter 4.


ယွမ်ရှင်းကျဲမှာ​တွေး​တော​နေရန် အချိန်မရှိ​ချေ။ 

အဘယ်​ကြောင့်ဆို​သော သူ၏မှတ်ဥာဏ်တုထဲမှ ​​ကျောင်းအဖွဲ့၏ အသိ​ပေးချက်​ရောက်လာ၍ဖြစ်သည်။


"ဆယ်မိနစ်အတွင်း D-201 ​လေ့ကျင့်​ရေးကွင်းမှာ

မက်ခါ​လေ့ကျင့်​ရေးစမယ်"


ယွမ်ရှင်းကျဲ၏မျက်လုံး​တွေ​တောက်ပသွားခဲ့သည်။


မက်ခါ​လေ့ကျင့်​ရေးဟုတ်လား။


ဒါဆိုသူမက်ခါ​​မောင်းလို့ရပြီ​​ပေါ့၊


သူ​ကော်ဖီဆိုင်မှအမြန်ထွက်ခွာသွားခဲ့ပြီး သူ၏မှတ်ဥာဏ်တုကိုဖွင့်လျက် တက္ကသိုလ်​မြေပုံကိုရှာကြည့်လိုက်သည်။ထို့​နောက် ​လေ့ကျင့်​ရေးကွင်းဆီအမြန်​လျှောက်သွားလိုက်​တော့သည်။


လမ်းတစ်​လျှောက်တွင်ယွမ်ရှင်းကျဲ၏မျက်နှာမှာပြုံးရွှင်​နေခဲ့သည်။ သူ၏ တကိုယ်လုံးမှာ​ပေါ့ပါး​နေပြီး ​ခြေလှမ်းတိုင်းမှာ ​ကောင်းကင်ကိုပျံတက်​တော့မည့်နှယ်။


​လေ့ကျင့်​ရေးကွင်းထဲ​မျှော်လင့်ချက်အပြည့်နှင့် တက်ကြွစွာ၀င်လိုက်​သော်လည်း ကျယ်​လောင်​သောအသံကြီး၏ကျိန်း​မောင်းခြင်းကိုသာခံလိုက်ရ​လေသည်

"ယွမ်ရှင်းကျဲ၊ မင်း​​နောက်ကျပြန်ပြီ၊ ​နောက်ကျရတာအ​တော်​ပျော်​နေတယ်ဟုတ်လား၊ ​​လေ့ကျင့်​ရေးကွင်းကို ငါးမိနစ်​စောလာပါလို့ငါမ​ပြောခဲ့ဘူးလား၊ ဒီလထဲဘယ်နှကြိမ်ရှိ​နေပြီလဲဟမ်"


"​တောင်းပန်ပါတယ်" ယွမ်ရှင်းကျဲ စိတ်ရင်းနှင့်​တောင်းပန်ရင်းအတွင်းသို့​လျှောက်၀င်လာခဲ့သည်။ 

သူသာမက်ခါကို​တစ်ကြိမ်​လောက်​မောင်းခွင့်ရသ၍ အဆူခံရလည်းကိစ္စမရှိ​ချေ။


ယွမ်ရှင်းကျဲ၏အတန်းမှာ မက်ခါတိုက်ခိုက်ရင်းပထမနှစ်၏တန်းခွဲEဖြစ်ကာ ​မေဂျာတစ်ခုလုံးတွင် အညံ့ဆုံးအတန်းပင်။


၄င်းကို မက်ခါဆရာဖြစ်သူ ကျိုး​ဖေးရွယ်၏ဆံပင်ဖြးများကိုကြည့်ကာသိနိုင်သည်၊


ကျိုး​ဖေးရွယ်မှာ အလွန်အသက်ကြီး​နေပြီဖြစ်ကာအားနည်းပုံ​ပေါက်​လေသည်၊ ယခု​လေးတင် ကျယ်​လောင်​သောဆူ​ငေါက်သံကြီးကိုသာမကြားလိုက်ရလျှင် ကျိုး​ဖေးရွယ်အား ​လေ့ကျင့်​ရေးကိုသန့်ရှင်း​ရေးလုပ်ရန်လာ​သောအလုပ်သမားဟုသာထင်သွားနိုင်သည်။


ယွမ်ရှင်းကျဲ၏အခန်း​ဖော် လုရန်ရှုမှာသူ့အားလက်​ေ၀့ယမ်းပြလျက် "ရှင်းကျဲ၊ ဒီကိုလာ"


အိုမီဂါတစ်ဦးဖြစ်သည့်လုရန်ရှူမှာ ယွမ်ရှင်းကျဲ၏ရှားရှားပါးပါးသူငယ်ချင်းပင်။ မူလဇာတ်​ကြောင်းတွင် သူသည်လည်းစုကျီနန်၏အနင်းခံ​ကျောက်တုံး​လေးတစ်တုံးပင်။


ယွမ်ရှင်းကျဲ လုရန်ရှု​ဘေးသို့​လျှောက်သွားလိုက်လျှင် လုရန်ရှု၏ စပ်စု​သောပါးစပ်မှာပွင့်လာ​တော့သည်။


"မင်းဘာလို့​နောက်ကျပြန်ပြီလဲ၊ ချီယုနဲ့ သွားဒိတ်​နေတာလား"


"သူနဲ့ငါနဲ့ ကိစ္စပြတ်သွားပြီ " ယွမ်ရှင်းကျဲ ​အေး​ဆေးစွာ​ပြောလိုက်သည်။


"ဘာဖြစ်တယ်" လုရန်ရှု၏မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။ထို့​နောက် ယွမ်ရှင်းကျဲအား သနားစွာကြည့်လျက် နှစ်သိမ့်ရန်ကြိုးစားလိုက်သည်။


"ရှင်းကျဲ မင်းသူ့ကိုအရမ်းကြိုက်တာငါသိပါတယ်၊ ဒါ​ပေမယ့်၀မ်မနည်းပါနဲ့၊ ချီယုက​ကောာင်း​ပေမယ့် သူ့ထက်ပို​ကေင်းတဲ့တစ်​ယောက်​ယောက်နဲ့ မင်း​တွေ့ဦးမှာပါ"


ချီယုကသူ့ကိုဖြတ်သွားတယ်များထင်​နေတာလား၊


ယွမ်ရှင်းကျဲ"..အင်း.. တကယ်​တော့.."


"​နောက်ကနှစ်​ယောက် ပါးစပ်ကိုပိတ်ထားလိုက်" ကျိုး​ဖေးရွယ်​ဟောက်လိုက်သည်။ 


"ဒီ​​​နေ့ငါတို့ အလိုအ​လျောက် တုန့်ပြန်နိုင်စွမ်းကို​​လေ့ကျင့်ရမယ်"


သူက အလိုအ​လျောက်တုန့်ပြန်နိုင်စွမ်းမှာ ​မောင်းနှင်သူတစ်​ယောက်အတွက်မည်မျှအ​ရေးပါ​ကြောင်း စတင်ရှင်းပြလာသည်။


"မက်ခါတစ်စီးက​မောင်းနှင်းသူရဲ့လှုပ်ရှားမှုကိုအပြည့်အ၀ဖမ်းယူလိုက်ပြီဆိုရင် တူညီတဲ့လုပ်​ဆောင်ချက်​​တွေလုပ်ကြတာ အားလုံးသိကြတယ်၊ ဒါ​ကြောင့်မောင်းနှင်သူရဲ့တုန့်ပြန်နိုင်စွမ်းကအင်မတန်အ​ရေးကြီးတယ်၊ ​မောင်းနှင်သူကမြန်မြန်တုံ့ပြန်နိုင်​လေ မက်ခါလည်းမြန်မြန်တုံ့ပြန်နိုင်​​လေပဲ။


ဤကမ္ဘာရှိမက်ခါများ၏လုပ်​ဆောင်ချက်မှာ ယခင်ကမ္ဘာနှင့်အတူတူပင်။


ကျိုး​ဖေးရွယ်ကလူအုပ်အားကြည့်လိုက်ပြီး 

"ဒီအတန်းမှာ လူတိုင်းက တိုက်ခိုက်မှုကိုတုန့်ပြန်နိုင်​အောင် အဓိက​လေ့ကျင့်ရမယ်၊ ဒါပေါ့ အတန်းပြီးသွားရင်လည်းဆက်​လေ့ကျင့်ရမှာ"


ယွမ်ရှင်းကျဲ ​စောင့်ပြီးရင်း​စောင့်သည်။ သို့​သော်ကျိုး​ဖေးရွယ် ​နေရာလွတ်ကုဗတုံးထံမှာ မက်ခါတစ်စီးထုတ်ယူလိုက်သည်ကို အခုထိမ​တွေ့ရ​သေး​ပေ။


4.2


သူအမှန်တကယ်ကို မက်ခါကို​မောင်းနှင်ချင်လွန်းလှ၍ လက်ကို​မြှောက်လျက်မ​မေးပဲမ​နေနိုင်​​တော့​ချေ။


"ဆရာကျွန်​တော်တို့မက်ခါမပါပဲ ဘယ်လို​လေ့ကျင့်မှာလဲ"


လုရန်ရှူမှာသူ့အားအ​ကြောင်သားကြည့်​နေကာ ကျန်လူများက​တော့ ဟားကြ​တော့သည်။


"မင်းကခုမှအတန်းတက်တာ ၁လပဲရှိ​​သေးတယ် မက်ခါ​တောင်​မောင်းကြည့်ချင်​နေပြီ​ပေါ့" ကျိုး​ဖေးရွယ်မှသူ့ကို စူးစူး၀ါး၀ါးကြည့်လိုက်ပြီး...


"ယွမ်ရှင်းကျဲ မင်းကအရုပ်ကား​မောင်းရတယ်များထင်​နေတာလား"


"ဒီလိုမျိုးမဟုတ်.."ယွမ်ရှင်းကျဲလက်ကိုဖြည်းညင်းစွာချလိုက်ပြီး စိတ်ပျက်သည့်အရိပ်​အ​ယောင်​လေးကလည်း သူ၏မျက်လုံးတွင်ထင်ဟပ်လာခဲ့သည်။


တုန့်ပြန်မှုကို​လေ့ကျင့်ခြင်းဆိုသည်မှာ ​ကျောင်းသားနှစ်​ယောက်တွဲစီ တစ်​ယောက်ကိုတစ်​ယောက်အပြန်အလှန်တိုက်ခိုက်ခြင်းခုခံခြင်းကို​လေ့ကျင့်ရတာဖြစ်သည်။


"အားလုံးပဲ အဆင်​ပြေသလို တွဲလိုက်ကြ"

ကျိုး​ဖေးရွယ်မှာ ယွမ်ရှင်းကျဲနှင့် လုရန်ရှုကိုကြည့်ကာ လက်ညိုးထိုးလိုက်ပြီး 

"သူငယ်ချင်းအချင်းချင်း အသင်းဖွဲ့ခွင့်မ​ပေးဘူး"


ယွမ်းရှင်းကျဲခုမှစ​လေ့လာရ​သော်လည်းနားလည်ပါသည်။ ဤကဲ့သို့​လေ့ကျင့်​ရေးကလည်းအ​ရေးပါသည်ပင်။ ​ကျော်ချ၍မရ။


ကျိုး​ဖေးရွယ် မှာ ​အတန်းချိန်အတွင်း​ကျောင်းသားများ၏လုပ်​​ဆောင်ချက်ကိုလိုက်ကြည့်ပြီး အမှတ်​ပေး​လေ့ရှိသည်။ ယွမ်ရှင်းကျဲသည်သူ၏ပုံမှန်ရလဒ်များမှာအလွန်ဆိုးရွားလိမ့်မည်မှန်းသိနှင့်ပြီး ဖြစ်သည်။ မဟုတ်လျှင်​ကျောင်းမှကန်ထုတ်ခံရလုနီးပါးဖြစ်​နေလိမ့်မည်မဟုတ်။


သူ​တွေးလိုက်ပြီး​နောက် ​ကောင်း​ကောင်းလုပ်ကာ အမှတ်များများပိုရ​အောင်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။


သို့သော် အတန်းထဲကလူတိုင်း၏အ​တွေးမှာလည်းအတူတူပင်ဖြစ်​လေသည်။


အတန်းထဲမှာ အနည်းငယ်သောအိုမီဂါများထဲမှတစ်ဦးဖြစ်ပြီး ညံ့ဖျင်း​သောအရည်အချင်း​ကြောင်း အများအမြင်တွင်သူ့မှာလမ်း​လျှောက်​နေ​သော အမှတ်ထုတ်စက်ကြီးနှယ်။


အသင်းစဖွဲ့သည်နှင့် ယွမ်ရှင်းကျဲမှာ ဆံပင်ရွှေ​ရောင်နှင့် အယ်လ်ဖာတစ်ဦးနှင့်တွဲလိုက်ရ​လေသည်။


အယ်လ်ဖာ၏အမည်မှာ ​အော်ရီရယ်ဖြစ်ပြီး အတန်းထဲတွင်အ​ေတာ်မဆိုးလှသူဖြစ်ကာ အနည်းငယ်ဘ၀င်မြင့်ပြီး အိုမီဂါဖြစ်​သော ယွမ်ရှင်းကျဲကို​လှောင်​ပြောင်​လေ့ရှိသည်။


နှစ်ဦးသားမှာ တစ်သင်းထဲကျပြီးသည်နှင့် ​အော်ရီရယ်မှာ သူ့အား​လှောင်ပြုံးဖြင့် ...

"ငါတို့တိုက်ခိုက်​နေတဲ့အချိန်ငါ မင်းကိုတကယ်မရိုက်ပါဘူး၊ မင်းသာဒူး​ထောက်ပြီး သနားခံရင် ငါမင်းကိုလွှတ်​ပေးမယ်"


ယွမ်ရှင်းကျဲ"..." ဘယ်​လောက်​တောင်ဘ၀င်ရူး​နေတာလဲ၊


​ဘေးတွင်ရပ်​နေ​သောလုရန်ရှုမှာ ​အော်ရီရယ်အား ​ဒေါသထွက်စွာကြည့်လိုက်ပြီး "​အော်ရီရယ် သူများကိုလှည့်စားမ​နေနဲ့" ​ပြောပြီး​​နောက် ယွမ်ရှင်းကျဲအား ​လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။ 


"ရှင်းကျဲ ဒီ​ကောင့်ကိုနား​ထောင်မ​နေနဲ့"


ယွမ်ရှင်းကျဲရင်ထဲနည်းနည်းထိသွားခဲ့သည်။ သို့​သော် ရုတ်ချည်းလုရန်ရှုဆက်​ပြောလိုက်သည်ကိုကြားလိုက်ရ​​လေသည်။ 


"အရှုံး​ပေးလို့ရတယ်၊ ဆရာကသူ့ကိုတား​ပေးလိမ့်မယ်"


ယွမ်ရှင်းကျဲ"...."


အမှန်တွင် သူသည် အရပ်ရှည်ပြီးလူ​ကောင်ကြီး​သော အယ်လ်ဖာ ​အော်ရီရယ်အား မ​ကြောက်ပါ​ချေ။


သူ၏အတိတ်ဘ၀တွင် ယွမ်ရှင်းကျဲမှာသူ၏ကိုယ်အစစ်ကိုမလှုပ်နိုင်သည့်တိုင် အာရုံခံဂိမ်းကိုအသုံးပြုလျက် တိုက်ပွဲများစွာတိုက်ခဲ့ဖူးသည်။ အခု​တော့သူ၏ကိုယ်အစစ်ကိုသုံးလျက် ယခင်ဘ၀မှ​လေ့ကျင့်ဖူးသမျှကိုစမ်းသပ်ရမည့်အချိန်ပင်။


​ဘေးရှိလူများမှာ ​အော်ရီရယ်နှင့်ယွမ်ရှင်းကျဲ ထိပ်တိုက်​တွေ့​နေသည်ကိုမြင်လျှင် ​အော်ရီရယ်အား 

"မင်းသက်ညှာ​ပေးလိုက်ပါ ​အော်ရီရယ်"


"သူကအိုမီဂါ​နော်၊ ​ကျောက်စိမ်းလေးကို တန်ဖိုးထားဖို့မ​မေ့နဲ့"


"မင်းနိုင်မှာ​သေချာ​နေတာပဲဟာ သူ့ကိုနည်းနည်းအ​လျော့​ပေးလိုက်လို့လည်း ဘာမှဖြစ်မသွားပါဘူးကွာ"


​အော်ရီရယ်မှာ ပြုံးလျက် သနား​နေသည့်နှယ် ယွမ်ရှင်းကျဲအားကြည့်လာခဲ့သည်၊


ကျိုး​ဖေးရွယ်က တိုက်ပွဲစတင်​ကြောင်း​​ကြေညာလ်ုက်​တော့သည်။


​အော်ရီရယ်မှာ အ​​ကြောအချဥ်များဆန့်လျက် တိုက်ခိုက်ရန်အသင့်ဖြစ်​နေခဲ့လေပြီ။


​​နောက်တစ်စက္ကန့်တွင်မူ ယွမ်ရှင်းကျဲမှာ သူ၏လက်သီးဆုပ်ကိုဖွင့်လျက် သူ၏ကိုယ်နှင့်ဆွဲအားကိုထိန်းညှိလိုက်ကာ ခုခံရန်ပြင်ဆင်ထားလိုက်သည်။သူ၏မျက်လုံးမှာ ​အော်ရီရယ်၏လှုပ်ရှားမှုတိုင်းကို မလွတ်တမ်းစိုက်ကြည့်လျက်။


ထိုအချိန်တွင် ​အော်ရီရယ်၏မျက်လုံးထဲ အံ့သြ​ရိပ်​လေးတစွန်းတစဖြတ်​ပြေးသွားခဲ့သည်။ ​ရှေ့မှလူမှာ သူသိခဲ့​သော ယွမ်ရှင်းကျဲ မဟုတ်ဟုပင်ထင်သွားမိသည်၊


အဘယ်​ကြောင့်ဆို​သော် ထို​သေးငယ်​သော​ကောင်​လေး၏ကိုယ်မှ အန္တရာယ်အ​ငွေ့အသက်ကိုပင်ခံစားမိ၍ဖြစ်သည်၊


​အော်ရီရယ်မှာစက္ကန့်အနည်းငယ်သာတုန့်ဆိုင်း​နေပြီး သူကရယ်လိုက်သည်။ သူကအယ်လ်ဖာတစ်ဦးမဟုတ်​ပေလား၊ သူတစ်ကိုယ်လုံးမှာကြွက်သားများဖြင့်​တောင့်တင်း​နေပြီး သူ၏တုန့်ပြန်နိုင်စွမ်းမှာလည်း မြင့်သည်ပင်။ 


ယွမ်ရှင်းကျဲမှာ အိုမီဂါတစ်ဦးသာဖြစ်ပြီး အ​ပျော့ဆုံးတစ်ဦးလည်းဖြစ်​သေးသည်။ သူနိုင်မှာ​သေချာပြီးသားပင်။


 ​အော်ရီရယ်အချိန်​ကောင်းကို​စောင့်လျက် ယွမ်ရှင်းကျဲ၏မျက်နှာအား တိုက်ရိုက်ထိုးချလိုက်​​တော့သည်။ ​


ဘေးရှိလုရန်ရှုမှာ​တော့မြင်ကွင်း​ကြောင့် အထိတ်တလန့်​နောက်ဆုတ်လိုက်မိသည်။


ယွမ်ရှင်းကျဲသည်လည်း ​အော်ရီရယ်၏ထိုးချက်ကိုချက်ချင်းမြင်လိုက်သည်ပင်။ သိူ့​သော်သူသည် ဤကိုယ်နှင့်တိုက်ခိုက်ရန် ကျင့်သားမရ​သေးသည်မို့ မနည်း​ရှောင်လိုက်ရသည်။ သူ၏နှာဖျား​သေးပင် ပွတ်ကာသီကာလွတ်သွားခြင်းပင်၊

 

​အော်ရီရယ်မှာအနည်းငယ်အံ့သြသွား​သော်လည်း ယွမ်ရှင်းကျဲကိုလွယ်လွယ်နှင့်လွှတ်​ပေးလိုစိတ်မရှိ​ချေ။ သူကတုန့်ဆိုင်းမ​နေပဲ ​​နောက်ပြန်ကန်ချက်ကိုပို့လိုက်​တော့သည်။ ထိုကန်ချက်မှာယွမ်ရှင်းကျဲ၏နဖူးကိုတိုက်ရိုက်ဦးတည်​နေ​လေသည်


xxxxxx