အပိုင်း ၅
Viewers 21k

Chapter 5


ယွမ်ရှင်းကျဲ၏မျက်လုံးများပြူးကျယ်သွားကာ ​နောက်သိူ့ဆုတ်လျက်အမြန်​ရှောင်လိုက်ရ​တော့သည်။ သို့​သော် ထိုမျှနှင့်မပြီး​သေး​ချေ။ လုရန်ရှုမှာ​ဘေးတွင် အသက်ရှုဖို့ပင်​မေ့​လျော့​နေ​တော့သည်။


 ကျိုး​ဖေးရွယ်ပင် မျက်​မှောင်ကြုတ် မိသည်အထိ။ အယ်လ်ဖာနှင့် အိုမီဂါကြားမှ ခွန်အားကွာခြားမှုကို သူသိသည်ပင်။


​အော်ရီရယ်၏လက်သီးချက်မှာယွမ်ရှင်းကျဲကို ကျိန်း​သေထိုးမိလိမ့်မည်။ သိူ့​သော်..


သိူ့​သော် ​ကျိုး​ဖေးရွယ်တစ်​ယောက် ၀င်တားချိန်မရ​သေးခင်မှာပင် ယွမ်ရှင်းကျဲကထိုလက်သီးချက်ကို တံ​တောင်ဖြင့်အသာအယာကာလိုက်သည်ကို​တွေ့လိုက်ရ​လေသည်။ လှုပ်ရှားမှုအနည်းငယ်အတွင်း ယွမ်ရှင်းကျဲ ဤခန္ဓာကိုယ်နှင့်လျင်မြန်သွာအသားကျသွားခဲ့သည်။ ​အော်ရီရယ်မှာသူ၏တိုက်ခိုက်မှုမှန်သမျှအလွယ်တကူ​ချေဖျက်ခံရသည်ကိုမြင်လျှင်သတိကပ်လိုက်​တော့သည်။ အချိနွတို​လေးအတွင်းမှာ ယွမ်ရှင်းကျဲသည် သူ၏ဟာကွက်တချို့ကိုဖမ်းမိသွားခဲ့သည်။ 


​အော်ရီရယ်၏လက်​ကောက်၀တ်အား သူ၏ဘယ်လက်ဖြင့်​ဆောင့်ဆွဲလျက် ​အော်ရီရယ်၏နှာ​ခေါင်းရိုးအား ညာဘက်တံ​တောင်ဆစ်ဖြင့် တိုက်ချလိုက်သည်။


  ​အော်ရီရယ်မှာယခု​လေးတင်လက်သီးချက်ကိုထိုးသွင်းထားသဖြင့် ထိုအ​အ​နေအထားအတိုင်းပင် မျက်လုံးများ ပြူးကျယ်လျက်အမြန်​ရှောင်လိုက်သည်။ သို့​သော်သူသက်ပြင်းမချနိုင်ခင်မှာပင် ယွမ်ရှင်းကျဲမှာ ​နောက်ထပ်ရှု​ထောင့်တစ်ခုမှ တံ​တောင်ထိုးချက်ကိုပစ်သွင်းလာပြန်သည်။ဤတစ်ကြိမ်တွင် ​အော်ရီရယ်၏ပါး​စောင်ကိုထိုးမိသွားပြီး အားဟုပင်အသံပြုလိုက်မိ​လေသည်။


​အော်ရီရယ်မှာနာကျင်စွာသူ၏ပါးကိုကိုင်ရင်း မျက်လုံးများက အားနည်း​သောအိုမီဂါတစ်ဦးထံမှထိုးခံရသည်ကိုမယုံနိုင်မှု​ကြောင့်ပြူးကျယ်လျက်၊ 

ချက်ချင်းပင် သူအံကိုကြိတ်လျက် ​မျက်နှာအားလက်ဖြင့်လျက်​​ခေါင်းငုံ့ကျသွားသည်။ 


​ဘေးတွင်ကြည့်​​နေ​သောလူအူပ်မှာလည်း ​ကြောင်အလျက်။ 


 အ​တော်ကြာ​တော့မှ တစ်​ယောက်​ယောက်ကစ​ပြောလာခဲ့သည်။  


"ငါအမြင်မှား​​နေတာ​တော့မဟုတ်ဘူးမလား၊ ​အော်ရီရယ်ကယွမ်ရှင်းကျဲ ဆီမှာအရိုက်ခံလိုက်ရတာလား"


"ငါလည်းအဲလိုမြင်လိုက်ရတာပဲ"


"အဲဒီထိုးချက်ကြီးက ကြည့်ရတာအ​တော် နာမယ့်ပုံပဲ"  


​အော်ရီရယ်မှာပို၍ပင်အရှက်တကွဲဖြစ်လာမိသည်။


သူကအံကိုကြိတ်လျက် ယွမ်ရှင်းကျဲအား​အော်လိုက်သည်။


"ငါသတိမထားလိုက်မိလို့"


ယွမ်ရှင်းကျဲ သူ၏ခုခံသည့်ပုံစံကိုပြန်​ပြောင်းလိုက်သည်။ သိူ့​သော် ​နောက်ဆုံးထိုးချက်က ​အော်ရီရယ်အား အရိပ်မည်းကြီးအဖြစ်ချန်ထားခဲ့သည်ပင်။

သူသည်ယွမ်ရှင်းကျဲ ၏အဆုံးမဲ့​သော အနက်​ရောင်မျက်၀န်းများကိုကြည့်ရင်း ​ကြောက်ရွံ့မှုအားခံစားလိုက်မိ​လေသည်။ သူ .ယွမ်ရှင်းကျဲထံရှုံးရသည်ကို၀န်မခံလို​ပေ။


အသက်ကိုပြင်းပြင်းရှုလျက် ​​အော်ရီရယ်​​နောက်တစ်ကြိမ်တိုက်ခိုက်လိုက်သည်။  သူ၏တုန့်ပြန်မှုနှင့် တိုက်ခိုက်နှုန်းမှာ ယွမ်ရှင်းကျဲနှင့်မယှဥ်နိုင်လျှင်​တောင် သူ့မှာအသာစီးကရှိ​နေဆဲပင်။ သူ့တွင်ခွန်အားအများအပြားရှိသည်။ အ​တော်ကြာတိုက်ခိုက်ပြီး​နောက် ​အော်ရီရယ်မှာအခံဘက်ကပင်ဖြစ်​သော်လည်း တဖက်သူပင်ပန်းလာချိန်တွင်သူ့မှာ ခွန်အားအများအပြားကျန်​နေ​သေးသည်။ 


​အော်ရီရယ်အားကုန်သုံးတိုက်ခိုက်ရန်ပြင်​နေစဥ်တွင် 

​ကျိုး​ဖေးရွယ်မှာ သူတို့နှစ်ဦးအား​ဒေါသတကြီး တားလာခဲ့သည်၊ 


"​တော်​လောက်ပြီ"


​အော်ရီရယ်မှာ တန့်သွားခဲ့ပြီး ယွမ်ရှင်းကျဲလည်းသူ၏လက်သီးအားအလျင်မှီရပ်လိုက်ရသည်။


"​အော်ရီရယ်မင်းကရှုံးသွားပြီးပြီ" 


ကျိုး​ဖေးရွယ်က​အေးစက်စွာ​​ပြောလာခဲ့သည်။ 

​အော်ရီရယ်ကမူလက်မခံ​ချေ။ 


"ဆရာကျွန်​တော်မှအရှုံးမ​ပေးရသေးတာ"


"မင်းကိုမင်းဒါကိုတိုက်ခိုက်​နေတယ်များထင်​နေလား"


ကျိုး​ဖေးရွယ်က ​အော်ရီရယ်အားစူးစိုက်ကြည့်လျက် ​လှောင်​ပြောင်စွာဆိုလိုက်သည်၊ 


"တကယ်တမ်းမက်ခါအချင်းချင်းတိုက်ခိုက်တဲ့အခါမင်းပြိုင်ဘက်ရဲ့အစွမ်းအစနဲ့ တုန့်ပြန်နှုန်းကမင်းထက်အဆ​ပေါင်းများစွာသာတယ်။မင်း မက်ခါစုတ်ပြတ်သတ်​နေ​လောက်ပြီ"


​အော်ရီရယ်၏မှာ ရှက်ရွံ့မှု​ကြောင့် မျက်နှာတစ်ခုလုံးနီရဲသွားခဲ့သည်။  ယွမ်ရှင်းကျဲ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည်။ သူသာဆက်တိုက်ခိုက်​နေရမည်ဆိုလျှင် သူ၏အားအင်များတဖြည်းဖြည်းကုန်ခမ်းသွားလိမ့်မည်၊ ထို့​နောက်​အော်ရီရယ်ထံရှုံးနိမ့်သွားလိမ့်မည်၊ သူ၏လက်ရှိကိုယ်မှ ယခင်ကထက် ကျန်းမာ​သော်လည်း သူသည်အိုမီဟာတစ်ဦးဖြစ်​နေဆဲပင်၊ ပို၍အားနည်းသည်။ သို့​သော် ယွမ်ရှင်းကျဲမှာ ဤရလဒ်ကို​ကျေနပ်​နေမိဆဲပင်၊ 


​နောက်ဆုံး​တော့သူ၏ပုံ​ရိပ်​ယောင်​လေ့ကျင့်​ရေးမှာအလဟာသမဖြစ်ခဲ့​ချေ။ ယခုသူသည်ပို၍သန်မာလာ​အောင်လုပ်ရန်သာလို​တော့သည်။


5.2


 ​လေ့ကျင့်​ရေးအဆုံးသတ်တွင် ​အော်ရီရယ်က​ခေါင်းကိုငုံ့လျက် ထူးဆန်း​သော​လေသံဖြင့်​ပြောလာခဲ့သည်။ 


"ယွမ်ရှင်းကျဲ မင်းလိုလူတစ်​ယောက်ကတိုက်ခိုက်နိုက်လိမ့်မယ်လို့ ငါတကယ်မထားခဲ့မိဘူး"


"မင်းကလည်းဒီ​လောက်​​ပျော့လိမ့်မယ်လို့ ငါမထင်ထားဘူး"


ယွမ်ရှင်းကျဲ​အေး​ဆေးစွာတုန့်ပြန်လိုက်သည်၊


လက်သီးကိုတင်းတင်းဆုပ်လျက် ​အော်ရီရယ်မှ အရှက်ရစွာ​ဒေါသတို့​ပေါက်ကွဲထွက်လာခဲ့သည်၊ 


"မင်းကများဘာ​တွေ​​ကျေနပ်​နေတာလဲ၊ ဘာများအထင်ကြီးစရာရှိလို့လဲ၊ ငါက မက်ခါ​မောင်းနိုင်တယ်၊ မင်း​မောင်းနိုင်လား"

 

ဒါကိုကြားလျှင် ယွမ်ယှင်းကျဲမှာ​ရေခဲတမျှ​အေးစက်​သောမျက်ရန်းတို့ဖြင့်​အော်ရီရယ်အားကြည့်လိုက်သည်။


"မင်းရှုံးတယ်ဆိုရင် ရှုံးတာပဲ၊ မင်းဘာမင်းရှင်းကျဲကို​ရွေးခဲ့တာ​လေ၊ အရှုံးကို​​တောင်လက်မခံချင်ဘူးလား"


လုရန်ရှုက၀င်​ပြောလိုက်သည်။ 


​စိတ်ဆတ်​သောအိုမီဂါ​လေးမှာ ဤကဲ့သိူ့​ဆောင့်ကြွား​ဆောင့်ကြွားအယ်လ်ဖာအတန်း​ဖော်အား ကြည့်ရပုံမ​ပေါ်။ ​ဘေးရှိသူများကလည်း​အော်ရီရယ်မှလွန်​​နေသည်ဟု ခံစားမိကာ 


"အိုမီဂါကို​တောင်မနိုင်တဲ့ အယ်လ်ဖာတဲ့ ရှက်စရာပဲ"


"​ပြော​တော့ဖြင့်အတန်းထဲမှာ ထိပ်ဆုံးဆို သူ့အရည်အချင်းကဒါပဲလား"


"ရှုံးတာ​တောင်၀န်မခံချင်ဘူး၊  တကယ်​စိတ်ဓါတ်ညံ့ဖျင်းတာပဲ" 


​လှောင်ရယ်သံများကြားတွင် ​အော်ရီရယ်မှာလွန်စွာအရှက်တကွဲဖြစ်​နေခဲ့သည်။


"ရှင်းကျဲ မင်းဘယ်တုန်းက အတိုက်အခိုက်သင်လိုက်တာလဲကွ " အတန်းပြီးသည့်​​နောက်တွင် လုရန်ရှုမှ ယွမ်ရှင်းကျဲအား​မေးလိုက်သည်။ 


"အခု​လေးတင် မင်းက​အော်ရီရယ်ကို အဘိုးက​မြေးကို​ဆော်သလို ​ဆော်ထည့်လိုက်တာ ​ရေလည်လန်းတ်ကွာ" 


သူ့မှာအလွန်သိချင်စိတ်များ​ဖော်ပြလျက်။ 


ယွမ်ရှင်းကျဲမှာမည်သို့ပြန်​ဖြေရမှန်းမသိ​ချေ။


"အန္တရာယ်နဲ့ကြုံလာတဲ့အခါ လူ​တွေရဲ့ကိုယ်ထဲကဗီဇဆိုတာ​ပေါ်လာတာပါပဲ"


၄င်းမှာ​လျှောက်ရွှီးလိုက်တာအသိသာကြီးပင်။

သို့​သော်လုရန်ရှုမှာမူ ၄င်းအမှန်တကယ်ယုံကြည်သွားတာ ဘလင်းဘလင်းဖြစ်​နေ​သောမျက်လုံး၀ိုင်းကြီးများဖြင့် ယွမ်ရှင်းကျဲအားကြည့်လာပြီး.


"မိုက်လိုက်တာ"


ယွမ်ရှင်းကျဲမှာ မက်ခါ​လေ့ကျင့်​ရေးအတန်းကိုအသုံးချလျက် မက်ခါ​မောင်းနှင်ချင်ခဲ့သည်။ သို့​​သော်မ​အောင်မြင်ပြန်​ချေ။ ​လေ့ကျင့်​ရေးခန်းမမှာထွက်ခွာလာပြီး​နောက် ​ကျောင်းသားများအား ညွှန်ကြား​နေသည်ကို​တွေ့လိုက်ရသည်။ 


အဖွဲ့၀င်လက်ခံသည့်​ကောင်တာတွင် လူများတိုး​ေ၀ှ့​နေကြသည်။ 


"သူတို့အဲမှာဘာလုပ်​နေကြတာလဲ၊ " ယွမ်ရှင်းကျဲ စိတ်၀င်တစား​မေးလိုက်သည်။ သူ့မှာယခင်ဘ၀ကလည်း​ကျောင်းတစ်ခါမှမတက်ခဲ့ဖူးသည်မို့ ​ကျောင်းသားအသင်းများအသင်းအဖွဲ့လိုက် လှုပ်ရှားမှုများမှာ အလွန်မိုက်သည်ဟုထင်မိသည်။


"မက်ခါပြိုင်ပွဲအတွက် စာရင်း​ပေး​နေကြတာ​လေ" လုရန်ရှုက​ပြောလိုက်သည်။ 


"ငါကြားတာက​တော့ ထိပ်ဆုံးဆယ်​ယောက်က ​ကျောင်းအသင်းအ​နေနဲ့ ​ကျောင်းကိုကိုယ်စားပြုပြီး နိုင်ငံအဆင့်ပြိုင်ပွဲကို၀င်နိုင်မှာတဲ့၊ ဆု​ကြေးလည်းကြီးတယ်​ပြောတယ်"


"မက်ခါပြိုင်ပွဲဟုတ်လား" 


"​လော့၀မ်ချွမ်း၀င်ပြိုင်တဲ့ဟာလား"


ယွမ်ရှင်းကျဲလည်း ​ကော်ဖီဆိုင်တွင် စားပွဲထိုး​မိန်းက​လေး​ပြောခဲ့သည်ကိုပြန်အမှတ်ရသွားမိသည်။


"အင်း"


လုရန်ရှုမှာပြန်​ဖြေပြီးမှာ တစ်ခုခုကိုရှုပ်​ထွေးသွားဟန်ဖြင့်


"မင်းက​လော့၀မ်ချွမ်းကိုသိလို့လား၊ ဘယ်တုန်းကများဒါမျိုး​တွေစိတ်၀င်စားသွားတာလဲ၊ ​ဟေ့ ဘာလုပ်​နေတာလဲ" 


"သွားကြည့်မလို့​လေ"


​ပြော၍ပင်မဆုံးခင် ယွမ်ရှင်းကျဲက လူအုပ်ထံ​လျှောက်သွားပြီး​နေပြီဖြစ်သည်။ လုရန်ရှု ရှုပ်​ထွေးစွာ​နောက်မှလိုက်သွားခဲ့သည်။ သူ ယွမ်ရှင်းကျဲကိုမှီ​အောင်အ​တော်​လျှောက်လိုက်ရသည်။


 ​အသင်း၀င်ရသည့်​နေရာကို​ရောက်လျှက် စက်လုံးပုံ အဖြူ​ရောင်စက်ရုပ်မှာ ​ဖောင်စာရွက်များကို ဖြန့်​ေ၀​ပေးနေသည်ကိုတွေ့လိုက်ရသည်။


ယွမ်ရှင်းကျဲ၏​ရှေ့တွင် အဖြူ​​ရောင်အလင်းတချက် ​တောက်ပသွားခဲ့ချိန် ထိုအလင်းစက်​လေးအား အမြန်နှိပ်လိုက်လျှင် ထိုအလင်းစက်​လေးမှာ အလင်းမျက်နှာပြင်အဖြစ်ပြန့်နှံ့သွားခဲ့သည်။

 

ထိုမျက်နှာပြင်​ပေါ်၌ မက်ခါ​ခြောက်စီး၏ ပုံရိပ်​ယောင်များကအစီအရီ​ပေါ်လာခဲ့သည်။ ထို မက်ခါပုံရိပ်​ယောင်​လေးများမှာ မက်ခါအစစ်များကဲ့သို့ လှုက်ရှားမှု​သေး​​သေး​လေးများပြုလုပ်​နေပုံမှာ ချစ်စရာပင်​ကောင်းလှသည်၊ ထို့​​နောက်တွင် ၄င်းတို့မှာအချင်းချင်း တိုက်ခိုက်ကြ​တော့သည်။ 


အလင်းဓါးမက်ခါမှာ ဆာမူရိုင်းတစ်​ယောက်ကဲ့သို့ဓါးအနီနှင့်အပြာတို့ကိုဆွဲထုတ်လျက် ၄င်းထက်အဆမတန်ကြီးမား​​သောမုန်တိုင်းမက်ခါကြီးထံသို့​ပြေး၀င်သွား​တော့သည်။ 


မုန်တိုင်းမက်ခါကြီး၏ ဒိုင်းမှာအလွန်မာပြီး ခိုင်မာ​သောမြို့ရိုးကြီးနှယ် ကာကွယ်​ရေးစနစ်ကိုအသက်သွင်းလျက် အလင်းဓါး၏ခုတ်ချက်ကို တားလိုက်သည်။ ကြယ်ပျံမက်ခါမှာ ဒုံးပျံတစ်စီးလိုအလျင်ဖြင့် မက်ခါနှစ်ခု​ပေါင်းစပ်လျက်ဖွဲ့စည်းထား​သောဒွိကြယ်မက်ခါအား၀င်တိုက်လိုက်သည်၊ လူသဏ္ဍာန်မက်ခါကမူ အ​မြောက်ဆန်မက်ခါအား​ရှောင်လျားလျက်။


ယွမ်ရှင်းကျဲ၏မျက်လုံးတို့က အဆိုပါ​မက်ခါများကြားမှ ​ပြောင်​မြောက်​သောတိုက်ပွဲကိုကြည့်ရင်း​တောက်ပ​နေခဲ့သည်။ သူသည်ယခင်ဘ၀တွင် မက်ခါများစွာကိုဒီဇိုင်းဆွဲခဲ့​သော်လည်း ဤကမ္ဘာတွင်မက်ခါအမျိုးအစားပိုစုံလင်လှသည်၊ ယခင်ကမ္ဘာထက် ၂မျိုးပိုသည်။ နည်းပညာကမူ ထိုမျှ​လောက်အဆင့်မမြင့်​သော်လည်း စိတ်ကူးဥာဏ်မှာ​ကောင်းလှပြီး မက်ခါများကြားမှာတိုက်ခိုက်မှုမှာ ရင်သပ်ရှု​မောဖွယ်ပင်။


ပြသခြင်းပြီးသည်နှင့် မက်ခါများမှာ​နေရာတကျ ပြန်လည်​နေရာယူလိုက်ကြသည်။ ထို့​နောက် ​ရွှေ​ရောင်စာလုံးများက ၄င်းတို့၏ထိပ်တွင်​ပေါ်လာခဲ့သည်။  


[လူသားမျိုးနွယ်စုအတွက် အ​ကောင်းဆုံးအကာအကွယ် မက်ခါ..


ရှင်းဟိုင်စစ်တက္ကသိုလ် မက်ခါတိုက်ခိုက်​ရေးပြိုင်ပွဲ]


ထို့​နောက်တွင်ပုံရိပ်​​ယောင်မှာ ​ရွှေ​ရောင်အမှုန်များအဖြစ်ပြိုကွဲသွားခဲ့သည်။ 


ယွမ်ရှင်းကျဲ မှာစိတ်လှုပ်ရှားစွာကြည့်​နေမိရင်း ပြိုင်ပွဲတွင်မက်ခါတစ်စီးကို​မောင်းနှင်ရဖို့မ​စောင့်နိုင်​တော့​ချေ။  သူသည်စာရင်း​​ပေးရသည့်တာ၀န်ရှိသူထံအမြန်​ပြေးလျက် ဆိုလိုက်​တော့သည်။


"ကျွန်​တော်စာရင်း​ပေးချင်တယ်"


xxxxx