အပိုင်း ၆
Viewers 17k

Chapter 6


လုရန်ရှုမှ​နောက်ဆုံးတွင်မှသာလူအုပ်ကြားမှလွတ်​မြောက်လာရှာသည်။ ယွမ်ရှင်းကျဲ၏စကားကိုကြား​သောအခါ သူ့ခမျာ​မောပန်း​နေသည့်ကြားထဲမှ အသက်ရှူပင်ရပ်သွား​တော့မတက်၊ မျက်လုံးများပြူးကျယ်လျက် 


"မင်းဘာ​တွေ​​ပြော​နေတာလဲ" 


"စာရင်း​ပေးမလို့​လေ"


ယွမ်ရှင်းကျဲ လုရန်ရှူအားကြည့်လိုက်ကာ


"မင်း​ရော စာရင်းပေးချင်လား"


"ရှင်းကျဲ ငါ့ကို​​သေချာနား​ထောင် ဒီပြိုင်ပွဲကအရမ်းအန္တရာယ်များတာ​​နော်" 


လုရန်ရှုမှာသူ၏မနှလုံးသားတစ်ခုလုံးဖြင့်​​ဖြောင်းဖြ​လိုက်သည်။ သို့​သော်ယွမ်ရှင်းကျဲမှာ ဖြုံ​တောင်မဖြုံ​ချေ။


 "ပြိုင်ပွဲပဲ စွန့်စားရ​တာ​တော့ရှိမှာ​ပေါ့" 


၄င်းကိုကြားလျှင် စာရင်းလက်ခံ​သောစာ​ရေးမှာပြုံးလျက်


"မင်းမှာကိုယ်ပိုင်မက်ခါရှိသ၍ မင်းပြိုင်ပွဲ၀င်လို့ရပါတယ်"


ယွမ်ရှင်းကျဲတန့်သွားခဲ့သည်။


"ပြိုင်ပွဲမှာမက်ခါအတူတူပဲသုံးတာပဲမဟုတ်ဘူးလား"


"​သေချာ​ပေါက်မဟုတ်ဘူး​ပေါ့"


စာ​ရေးမှာသူ့စကားအားရယ်စရာ​ကောင်းသည်ဟုခံစားရလျက် ရှင်းပြလာခဲ့သည်။ 


"တစ်​​ယောက်နဲ့တစ်​ယောက်မှ စိတ်စွမ်းအားအဆင့်မတူကြတာကို ၊ သုံးတဲ့မက်ခါအမျိုးအစားလည်းကွာတာ​ပေါ့၊ ဘယ်လိုလုပ်တူမှာလဲ"


လုရန်ရှုလည်းထို​တော့မှ သက်ပြင်းကြီးချလျက်

"ကံ​ကောင်းလို့ မင်းမှာမက်ခါမရှိဘူး" 


ယွမ်ရှင်းကျဲမှာမ​ကျေမနပ်ဖြင့်ထွက်သွား​တော့သည်။


ထွက်မသွားခင်တွင် သူသည် အဖြူ​ရောင်စက်လုံး စက်ရုပ်​လေးထံထပ်သွားပြီး မက်ခါများတိုက်ပွဲကိုထပ်၍ကြည့်လိုက်​သေးသည်။ ပြီးမှထွက်ခွာသွားတာဖြစ်သည်။ လုရန်ရှုမှာ သူ၏စိတ်ဓါတ်ကျ​နေ​သော မျက်နှာကိုမြင်လျှင် ​ခေါင်းကိုကုတ်လျက် 


"ရှင်းကျဲ မင်းအရင်ကမက်ခါ​တွေမကြိုက်ပါဘူး၊ 

ရုတ်တရက်ကြီးဘာလို့၀င်ပြိုင်ချင်သွားတာလဲ"


"ငါအခုကြိုက်သွားပြီ" ယွမ်ရှင်းကျဲမျက်လုံးကိုမြှင့်လျက်ကြည့်လိုက်သည်။ 


"ငါမက်ခါ​မောင်းချင်တယ်၊ ပြိုင်ပွဲမှာလည်း၀င်ပြိုင်ချင်တယ်"


လုရန်ရှူမှာအံ့အားသင့်စွာ 


"ယွမ်ရှင်းကျဲ မင်းအသဲကွဲပြီးစိတ်​ဖောက်သွားတာလား၊ ငါအရင်ကလည်းမင်းကို မက်ခါအ​ကြောင်းနည်းနည်းပါးပါး​လေ့လာဖို့​ပြောခဲ့ဖူးပါတယ်၊ ဒါ​ပေမယ့် မင်း​ပြော​တော့ အိုမီဂါ​​တွေက အဲလိုရုပ်ဆိုးဆိုး စက်ရုပ်​တွေကိုမ​မောင်းပါဘူးဆို၊ အခုကျ​တော့"


"ငါအသည်းကွဲပြီးစိတ်​ဖောက်သွားတာမဟုတ်ပါဘူး" ယွမ်ရှင်းကျဲ သက်ပြင်းချလိုက်မိသည်။ သူ လုရန်ရှုအားမည်သို့ရှင်းပြရမလဲ မသိ​ချေ။ 


မည်မျှစဥ်းသား​စေကာမူ သူ​ပြောနိုင်သည်မှာ အကန့်အသတ်ရှိသည်။ 


"ငါကိုယ်တိုင်စပြီး​စေ့စပ်ပွဲကိုဖျက်ခဲ့တာ၊အခုငါ​ပြောင်းလဲတဲ့ဘ၀သစ်ကိုစချင်တယ်"


​နေ​ရောင်ခြည်ကဖြာကျလျက်၊ သူ၏နက်​မှောင်​သော ဆံပင်တို့နှင့်နှင်းတမျှဖြူ​ဖွေး​သောအသားအရည်တို့က နူးညံ့လျက်၊ ​​​နေ​​ရောင်ခြည်မှာ သူ၏အနက်​ရောင်မျက်လုံးတို့ကို​ရောင်ပြန်လျက်  ခိုင်မာ​​​သောဆုံးဖြတ်ချက်တို့နှင့်အတူ​တောက်ပ​နေကြသည်။ 


လုရန်ရှု ယွမ်ရှင်းကျဲအားကြည့်လျက် အ​ချိန်အ​တော်ကြာပြီး​နောက်သူ၏အံ့အားသင့်​​နေ​သောအမူအယာမှာ အတည်အတံ့အဖြစ်​ပြောင်းလဲသွားခဲ့သည်။  

သူသည်ယွမ်ရှင်းကျဲ၏ပုခုံးအား ညင်သာစွာ ပုတ်လိုက်ပြီး 


"မင်း​ပြောင်းလဲချင်တာကိုနားလည်ပါတယ်၊ ငါလည်းမင်းကိုအပြည့်အ၀​ထောက်ခံတယ်၊"


"ဒါ​ပေမယ့် ငါ့မှာမက်ခါမရှိဘူး"


ယ့မ်ရှင်းကျဲ မျက်​မှောင်ကျုံ့လျက် 


"ငါ​စျေး​ပေါ​ပေါ C အဆင့်မက်ခါတစ်စီး​လောက် ဘယ်မှာ၀ယ်လို့ရမလဲ" 


သူ၏စိတ်စွမ်းအားမှာ Cအဆင့်ဖြစ်ပြီး ဤကမ္ဘာ၏နည်းပညာအဆင့်ကအနည်းငယ်နိမ့်​သေးသည်။ ထို့​ကြောင့်သူ C အဆင့်မက်ခါကိုသာလျှင် ​မောင်းနှင်နိုင်လိမ့်မည်။


"လာ​နောက်​နေတာလား" လုရန်ရှုမယုံနိုင်စွာ​ပြောလိုက်သည်။ 


"ယွမ်ရှင်းကျဲ မင်းအ​ဖေကယွမ်ကန်ရှန်း​လေ။ ကန်ရှန်းမက်ခါထုတ်လုပ်​ရေးကုမ္ပဏီကိုပိုင်တာမဟုတ်ဘူးလား၊  မင်းမက်ခါလိုရင်သ့ဆီက​တောင်း​လေ၊"


"ငါချီယုနဲ့ ​စေ့စပ်ပွဲကိုဖျက်လိုက်လို့ ငါ့ကိုအိမ်ကစိတ်ဆိုး​နေတယ်" 


ယွမ်ရှင်းကျဲ အကူအညီမဲ့စွာဆိုလိုက်သည်။


"အခုငါ့ဘာငါ​ငွေစုပြီး၀ယ်မှရမယ်"


​ပြောပြီး​နောက် ယွမ်ရှင်းကျဲလည်းသူ၏ မှတ်ဥာဏ်တုကိုသုံးလျက် အွန်လိုင်း​ပေါ်မှာ မက်ခါ​စျေးများကိုရှာကြည့်လိုက်​​ေတာ့သည်၊ စက္ကန့်ပိုင်းအတွင်းမှာပင် သူ့မှာအလွန်အံ့အားသင့်​နေ​သေအမူအယာဖြင့်


"​​စျေးအ​ပေါဆုံးအလင်းဓါးမက်ခါတစ်စီးကိုတောင်

ကြယ်ဒင်္ဂါး သုံးသန်း​ပေးရတာလား"


သူ၏မူလကမ္ဘာတွင်လည်းမက်ခါများမှာ​စျေးကြီးသည်ပင်၊ သို့​သော်​စျေးအ​ပေါဆုံးမက်ခါဆိုလျှင် ​သိန်းဂဏန်းဖြင့်ရနိုင်သည်ပင်။ 


​နောက်ထပ်မက်ခါတစ်စီး၏​စျေးကိုစစ်ကြည့်လိုက်​သောအခါတွင်လည်း အနည်းဆုံး သန်း​​ကျော်​စျေးမှစ​လေသည်။ 


"မက်ခါ​စျေး​တွေကအမြဲကြီးတာပဲ​လေ၊ မင်းသိသင့်တယ်မဟုတ်ဘူးလား"


လုရန်ရှုမှာ မူလကရှုပ်​ထွေး​နေခဲ့​သော်လည်း အမြန်နားလည်သွား​လေသည်၊ ယွမ်ရှင်းကျဲမှာ အရင်ကမက်ခါအ​ကြောင်းလုံး၀ဂရုစိုက်သူမဟုတ်၊ ထို့​ကြောင့်မသိသည်မှာ ပုံမှန်ပင်။ 


"မင်း​ငွေစုပြီးမက်ခါ၀ယ်ချင်တယ်ဆိုရင်၊ ​မှောင်ခို​စျေးကွက်သွားတာပို​ကောင်းလိမ့်မယ်၊ "

လုရန်ရှူသူ၏မှတ်ဥာဏ်တုကိုဖွင့်လိုက်ပြီး​လမ်းညွှန်ကိုရှာလျက် ​မှောင်ခို​စျေးကွက်​၏တည်​နေရာအား ယွမ်ရှင်းကျဲကိုမျှ​​ေ၀လိုက်သည်။


"​မှောင်ခို​စျေးကွက်က ညဘက်​တွေဆို လုံခြုံ​ရေး​တော့သိပ်မ​ကောင်းဘူး၊ မနက်​​​​စော​စောမှသွားတာအ​ကောင်းဆုံးပဲ"

 

 လုရန်ရှု စိတ်ရှည်လက်ရှည်​ပြောပြလိုက်သည်။


"​ကျေးဇူးပဲ ရန်ရှု" ယွမ်ရှင်းကျဲ လုရန်ရှုအား ​ကျေးဇူးတင်စွာကြည့်လိုက်သည်။ 


"မင်းတကယ်ကြင်နာတတ်တာပဲ" 


လုရန်ရှုအတိတ်တွင်လည်း ယွမ်ရှင်းကျဲအား အကြိမ်​ပါင်းများစွာကူညီ​ပေးဖူးသည်ပင်၊ သို့​သော် ယွမ်ရှင်းကျဲ ယခုကဲ့သိူ့တကြိမ်မှ မတုန့်ပြန်ဖူးခဲ့​ချေ။


6.2


"မင်းအတွက်မင်း တစ်ခုခုလုပ်ချင်တာ ရှားတယ်​လေ" 

လုရန်ရှု ​ခေါင်းကိုကုတ်လျက်ဆိုလိုက်သည်။ 

အ​နေရခက်​နေ​သောအမူအယာဖြင့် သူ၏နားရွက်တို့မှာလည်းနီရဲလျက် 


"အဲ​ကောင်ကအရူးပဲ" 


ယွမ်ရှင်းကျဲမှာပြိုင်ပွဲမ၀င်နိုင်သဖြင့် စိတ်မကြည်​နေခြင်းမှာယခုအနည်းငယ်သက်သာလာခဲ့သည်။ 

စားရင်း​ပေး​သော​နေရာမှ နှစ်ဦးသားထွက်ခွာလာပြီး​နောက် လုရန်ရှု​ခေါင်းကိုလှည့်၍ ​နောက်မှလူအုပ်ကြီးအားကြည့်လိုက်သည်။ 


စာရင်း​ပေး​သောလူအများစုမှာ အယ်လ်ဖာများဖြစ်သည်။ ထို့အပြင်စီနီယာများပိုများသည်။ သူနှင့်ယွမ်ရှင်းကျဲမှာယှဥ်နိုင်ပုံပင်မ​ပေါ်​ချေ။ သူ၏မျက်လုံးထဲတွင် စိုးရိမ်ရိပ်တချို့ဖြတ်​ပြေးသွားသော်လည်းချက်ချင်းပြန်ဖုန်းကွယ်လိုက်သည်။ 


လွန်ခဲ့​သောနှစ်က ရှင်းဟိုင်တက္ကသိုလ်တွင် စုကျီနန်အမည်ရ​သော မက်ခါများကို​မောင်းနှင်နိုင်သည့် အိုမီဂါတစ်​​ယောက်​ပေါ်လာခဲ့သည်၊ သူ၏စိတ်စွမ်းအားနှင့် ကိုယ်ခံအားမှာ ပျမ်းမျှထက်ပိုအား​ကောင်း​သော်ငြား ​ကျောင်းအသင်းအတွက် အရံလူအဖြစ်သာပါ၀င်နိုင်ခဲ့သည်၊ 

 

လုရန်ရှုလည်း ယွမ်ရှင်းကျဲသာ အိုမီဂါတစ်ယောက်အတွက် မက်ခါ​မောင်းရခြင်းကမည်မျှခက်မှန်းနားလည်သွားလျှင်လက်​လျှော့သွားလိမ့်မည်​မျှော်လင့်မိသည်၊ 


သို့​သော်ယခုမူ ယွမ်ရှင်းကျဲမှာ အချစ်​ကြောင့်ခံစား​နေရချိန် စိတ်​ပြေလက်​ပျောက်တစ်ခုခု လုပ်ရန်ဆန္ဒရှိပါကသူလည်းအပြည့်အ၀​​ထောက်ခံ​ပေးမှာပင်။ 


ည​နေစာစားပြီးသည်နှင့် လုရန်ရှုနှင့် ယွမ်ရှင်းကျဲတို့မှာ ​နေမ​ကောင်းဟုအ​ကြောင်းပြလျက် ​ကျောင်းမှခိုးထွက်လာခဲ့ကြသည်။ 


သူနည်းနည်းမျှမ​​စောင့်နိုင်​တော့​ချေ။ မက်ခါကိုယခုချက်ချင်းပင်​မောင်းနှင်ပစ်ချင်​နေမိသည်။ လုရန်ရှု​ပြောပြထားသဖြင့်သူကအနက်​​ရောင် မျက်နှာဖုံးကို၀တ်ဆင်ထားခဲ့သည်၊သူ၏အ​တော်အတန်ရှည်လျား​သောအရပ်​ကြောင့်သူကဘီတာတစ်ဦးနှင့်ပ်ု၍တူသွားခဲ့သည်။ 


ယာဥ်အား ​မှောင်ခို​စျေးအနီးရှိဘူတာတစ်ခုတွင်ရပ်လိုက်ပြီးမိုး​မျှော်အ​ဆောက်အ​ဦးများကြားမှ ၀င်​ပေါက်အားကြည့်လိုက်မိသည်။ ထူထပ်လှ​သောလူအုပ်ကြီးက ပျားပန်းခတ်မျှ။ 


 ညအချိန်​ကျ​ရောက်လာသည်နှင့် အ​ဆောက်အဦးကြီးများ​ပေါ်မှ ပုံရိပ်​​ယောင် စခရင်များနှင့် နီယွန်အလင်းများ​တောက်ပလာကြသည်။ ထိုအလင်းများကြားတွင် ပျံသန်း​နေ​သောအနက်​​ရောင်မိုးပျံယာဥ်များမှာ ပုရွက်ဆိတ်က​လေးများသဖွယ်၊ ယွမ်ရှင်းကျဲမှာ ယခင်ဘ၀ကတည်းက ဘယ်ကိုမျှမထွက်ဖူး​ချေ။ 


ယခု​တော့အခွင့်အ​ရေးရပြီမို့ သူ​ဘေးဘီ၀ဲယာကို စိတ်အားထက်သန်စွာ ကြည့်​နေမိသည်။ သူက ​ကုန်စုံဆိုင်တစ်ခု၏တံခါး​ပေါက်သို့​ရောက်မှန်းမသိ​ရောက်လာခဲ့ကာ ​လမ်းကြားတစ်ခုကိုဖြတ်ပြီး​နောက် ​မှောင်ခို​စျေးသို့ ​ရောက်လာ​တော့သည်။


​မှောင်ခို​စျေးထဲ၀င်လိုက်သည်နှင့် စိုထိုင်းထိုင်းအးစက်​သော​လေထုက သူ၏မျက်နှာအားတိုး၀င်တိုက်ခတ်လာသည်။ ၄င်းမှာယွမ်ရှင်းကျဲ ယခက်ဘ၀တွင် တစ်ခါမှမခံစားဖူး​သော ခံစားမှုဖြစ်သည်။


အ​ဆောက်အဦးကြီးများ၀န်းရံ​နေ​သောအ၀င်​ပေါက်နှင့်စာလျှင် ​မှောင်ခို​စျေးအတွင်းပိုင်းမှာသိပ်မကြီးလှ​ချေ။ ဆိုင်ခန်းငယ်များအကြား ​​ရောင်စုံမီး​ရောင်များဟိုတကွက်ဒီတကွက်​တောက်ပ​နေကြသည်။ 


ပထမထပ်မှာ အ၀တ်အစားများ​ရောင်းချပြီး၊ ဒုတိယထပ်မှာ အမျိုးစုံ​သော ဘားများ၊ ​လောင်းကစားရုံများရှိကာ တတိယထပ်မှာ လက်နက်များ​ပြသထားသည်။ မက်ခါများမှာလည်းတတိယထပ်တွင်ရှိသည်ပင်။ 


ယွမ်ရှင်းကျဲလည်း မက်ခါဆိုင်အများအပြားကို​တွေ့လိုက်သည်။ သို့​သော်အများစုမှာ မက်ခါအသစ်စက်များကိုသာ​ရောင်းချ​လေသည်။ သူ့လက်ထဲတွင် ကြယ်ဒင်္ဂါး တစ်သိန်း​ကျော်ခန့်သာရှိသည်။ သူကတလက်ကိုင်မက်ခါအ​ဟောင်းကိုသာလျှင်တတ်နိုင်သည်။ မဟုတ်​သေး သူ့မှာ တလက်က်ုင်အ​ဟောင်းကိုပင်မတတ်နိုင်​ချေ။ အကြာကြီးရှာ​ဖွေပြီးသည့်​​နောက် ​ထောင့်ချိုးတစ်ခုတွင် "တလက်ကိုင် မက်ခါအ​ဟောင်းဆိုင်"ဟူ​သော ​ဆိုင်းဘုတ်တစ်ခု သူ၏မျက်လုံးထဲ၀င်လာခဲ့သည်။ သူလည်းဆိုင်ထဲအမြန်​ပြေး၀င်သွား​တော့သည်။


မက်ခါအမျိုးစုံနှင့် ပစ္စည်းအစုံအား ဆိုင်၏နံရံတွင် ပြသထားသည်။ မက်ခါများကိုသိမ်းဆည်းသည့် ​မှော်ကုဗတုံးများပင် ရှိ​နေသည်ပင်။ ဆိုင်ရှင်မှာ ခပ်၀၀သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးဖြစ်ကာ မျက်နှာဖုံးကို၀တ်ဆင်ထား​သော အသားဖြူဖြူ သန့်သန့်ပြန့်ပြန်လူငယ်အား အ​ပေါ်​အောက်​သေချာကြည့်လိုက်သည်၊ 


ထိုလူငယ်က နာမည်ကြီးတံဆိပ်အ၀တ်အထည်များက်ု ၀တ်ဆင်ထားသည်အား​တွေ့လိုက်လျှင် သူက​လျှောက်လာပြီး ​နွေး​ထွေးစွာပြုံးလျက်၊ 


"ဒီက​ညီအကို​ချော ဘာများ၀ယ်ချင်လို့လဲ" 


ယွမ်ရှင်းကျဲ ပြန်​ဖြေလိုက်သည်။


"မက်ခါ"


 "ကျွန်​တော့်ဆီမှာအစုံရှိပါတယ်၊ ပြ​ပေးမယ်​နော်"


ဆိုင်ရှင်မှာ အလင်းမျက်နှာပြင်ကိုဖွင့်လျက် ယွမ်ရှင်းကျဲအား မက်ခါ​မော်ဒယ်အစုံကို ပြသလိုက်သည်။ 

အများစုမှာ အလွန်​စျေးကြီးသည်ပင်။ 


"အရည်အ​သွေးက​တော့လုံး၀အာမခံတယ်၊ ​စျေးလည်းမှန်ပါတယ်၊ "


 ယွမ်ရှင်းကျဲ ​စျေးများကိုကြည့်လိုက်ပြီး တခါတည်း​မေးလိုက်​တော့သည်။


"​စျေးအ​ပေါဆုံးကဘယ်​လောက်လဲ" 


ဆိုင်ရှင်မှာ အနည်းငယ်တန့်သွားမိလျက် သူ့နားသူမယုံနိုင်ဖြစ်သွားကာ 


"အ​ပေါဆုံး.. ကြည့်လိုက်ပါဦးမယ်"


ထို့​နောက်တွင် သူကမျက်နှာပြင်​ပေါ်ရှိ အနက်​ရောင်ကုဗတုံးအား လက်ညှိုးထိုးပြကာ 


"အဲဒီCအဆင့်အလင်းဓါးမက်ခါက​စျေးအ​ပေါဆုံးပဲ၊ 

ရှင်းဟိုင်တက္ကသိုလ်က အယ်လ်ဖာ​ကျောင်းသားတသ်​ယောက်ဆီက၀ယ်ခဲ့တာ၊ အရင်ကအပျက်အစီးနည်းနည်းရှိ​ပေမယ့် အခု​တော့ပြင်ထားတယ်၊ လုပ်​ဆောင်မှုလည်း​ချော​မွေ့ပါတယ်"


 ယွမ်ရှင်းကျဲလည်းအလင်းဓါးမက်ခါမှာ ရိူးရှင်းကာ ​ကောင်း​သော​ရွေးချယ်မှုဖြစ်သည်ဟု​တွေးမိလျက် 


"ဘယ်​လောက်လဲ" 


"မင်းကအ​တော်ငယ်ပုံပဲ၊ ​ကျောင်းသားထင်တယ်၊ နည်းနည်း​စျေး​လျော့​ပေးမယ်" ဆိုင်ရှင်က​ပြောလိုက်သည်။ 


"ကြယ်ဒင်္ဂါး ၅၀၃၈၀၀"


​မှောင်ခို​စျေးတွင် အလင်းဓါးမက်ခါတစီးအား ထို​စျေးနှင့်ရသည်မှာ ရှာမှရှားပင်၊ သို့​သော် ယွမ်ရှင်းကျဲအတွက်မူ မတတ်နိုင်ဆဲပင်။ 


"နည်းနည်းထပ်​လျော့​ပေးလို့ရမလား"


 ယွမ်ရှင်းကျဲ သတိနှင့်​​မေးလိုက်လျှင် ဆိုင်ရှင်မှာ ​မေး​​စေ့ကိုပွတ်လျက် ​မေးလာခဲ့သည်။ 


"ဘယ်​လောက်အ​နေအထားကလိုချင်တာလဲ" 


ယွမ်ရှင်းကျဲက တံ​တွေးကိုမြိုချလျက်


"သုညတစ်လုံး​လောက်ဖြုတ်လို့ရမလား" 


ဆိုင်ရှင်မှာ ပြသနာမရှိဟန်ပြုံးလိုက်သည်ကိုမြင်လျှင် သူကစိတ်လှုပ်ရှားစွာဖြင့် 


"50000​လောက်ဆိုအဆင်​ပြေလား"


ဆိုင်ရှင်၏အပြုံး အေးခဲသွားလျက် ငါးစက္ကန့်မျှကြာ​သော် အလွန်စိတ်ဆိုး​နေ​သောအသံကြီးတစ်ခု ဆိုင်ထဲမှထွက်​ပေါ်လာခဲ့သည်။ 


"မင်းကမှအ​လျော့ခံလိုက်ရတဲ့ သုညတစ်လုံးကွ"


xxxxxxx