အပိုင်း ၇
Viewers 17k

Chapter 7


ဆိုင်ရှင်က ယွမ်ရှင်းကျဲအား သူ့စီးပွား​ရေးကိုဖျက်ရန် ပြိုင်ဘက်မှ လွှတ်လိုက်သူတစ်ဦးဟု​တွေးလိုက်မိသည်၊


​ငေါက်ငမ်းမှုများခံလိုက်ရသည့်တိုင် ယွမ်ရှင်းကျဲမှာ ထွက်မသွားသည့်အပြင် ဆိုင်ရှင်အား မျက်​နှာ​ပြောင်တိုက်စွာ ​စျေး​လျော့​ပေးရန်​တောင်းဆို​နေဆဲပင်၊ သူကမိမိမှာ​ကျောင်းသားဖြစ်ပြီး မက်ခါလိုချင်​သော်လည်း ပိုက်ဆံလည်းမရှိ၍ဖြစ်​​ကြောင်း ​ပြောပြ​နေခဲ့သည်။ 


မူလတွင် ဆိုင်ရှင်မှာ ဤလူငယ်​လေးကသူ့အား လှည့်ဖျားရန်ကြိုးစား​နေသည်ဟုထင်​နေ​သော်လည်း ထိုကြည်လင်ပြီး စိတ်အားထက်သန်​သော မျက်လုံးများနှင့် သူ​၏​လေသံမှ စိတ်ရင်းကို ခံစားမိလျှင် သ​ဘောထားအနည်းငယ်​ပျော့​ပြောင်းသွားခဲ့သည်။ 


ယွမ်ရှင်းကျဲမှာ စကားအများကြီး​ပြောလိုက်ရသဖြင့် သူ၏လည်​ချောင်းမှာ​ခြောက်​သွေ့သွားကာ ​စျေးလည်း ကြယ်ဒင်္ဂါး တစ်သိန်းခွဲအထိကျသွားခဲ့သည်။ 

နဖူးမှ​ချွေးကိုပွတ်သုတ်ရင်း ဆိုင်ရှင်ကဆိုလာသည်။ 

"ဒီထက်​တော့မ​လျော့နိုင်​တော့ဘူး၊ ငါ့ကိုသနားပါဦးကွာ"


ယွမ်ရှင်းကျဲလည်း ထို​စျေးမှာ ဆိုင်ရှင်​ပေးနိုင်သမျှ​နောက်ဆုံးဖြစ်မှန်းသိသည်ပင်။ 


သို့​သော်သူ့တွင်တစ်သိန်း​ကျော်သာရှိပြီး ၅၀၀၀၀လို​နေ​သေးသည်၊ 


​အ​တော်ကြာစဥ်းစားပြီးသည့်​နောက်တွင် ယွမ်ယှင်းကျဲ အံကြိတ်လျက် ဆိုင်​ရှင်အား​ပြောလိုက်သည်။ 


"အို​ကေ၊ ၁၅၀၀၀၀ကအတည်​နော်၊ ဒါ​ပေမယ့် ကျွန်​တော့်မှာ​လော​လောဆယ် အဲ​လောက်မရှိ​သေးဘူး၊ ဒီမက်ခါ​လေးကိုကျွန်​တော့်အတွက်သိမ်းထား​ပေးပါ 

​နောက်ရက်ထဲကျွန်​တော်လာယူမှာ"


ဆိုင်ရှင်မှာ လူငယ်​လေး၏ ခိုင်မာ​​သောမျက်၀န်းများကိုကြည့်လျက် သူ့မှာ စိတ်ဆိုး​​နေသင့်ပါ​သော်လည်း ရယ်သာရယ်မိလျက် "မင်းအ​တော်စိတ်၀င်စားဖို့​ကောင်းတာပဲဟ"


ပုံမှန်ဆိုလျှင် ​လေကျယ်သူအများစုမှာ "ဒီမက်ခါကိုကြိုက်တယ် "ဘာညာဖြင့် ​လျှောက်​ပြောကြလိမ့်မည်။


သို့​သော် လူငယ်​လေး၏မျက်လုံးထဲတွင်​​တော့ မက်ခါအ​ပေါ်နှစ်သက်မှုအား ခိုင်မာစွာ မြင်နိုင်​​ပေသည်။ 


"သူ​ဌေး ​သိမ်းထား​ပေးပါ​​နော်" ယွမ်ရှင်းကျဲ ဆိုင်ရှင်အား စူးစိုက်ကြည့်လျက် ဆိုလိုက်သည်။ တဖက်ကသ​​ဘောမတူမချင်း သူထွက်သွားမည်မဟုတ် 

"တခြားသူကိုမ​ရောင်းရဘူး​နော်"


ဆိုင်ရှင်မှာ ငိုရအခက် ရယ်ရအခက်ဖြင့်ပင် 

"​အေးပါ၊ ငါကတိ​ပေးပါတယ်၊ မင်းရဲ့ ဆက်သွယ်​ရေးနံပါတ်ကိုထားခဲ့​ချေ"


ယွမ်ရှင်းကျဲလည်းထို​တော့မှ စိတ်​ပြေ​လျော့လျက် 

ဆိုင်ရှင်၏လက်အားဆုပ်ကိုင်လျက် ​ကျေးဇူးတင်​​ကြောင်းအကြိမ်ကြိမ်​ပြောပြီး​တော့မှ ထွက်သွား​တော့သည်။


မက်ခါတစ်စီးကသ​ချောပြီဖြစ်​သော်လည်း ယွမ်ရှင်းကျဲ စိတ်မ​လျော့နိုင်​သေး။


မက်ခါပြိုင်ပွဲအတွက်စာရင်း​ပေးရမည်မှာ အချိန်တပါတ်သာရှိသည်မို့ သူသည်ကြယ်ဒင်္ဂါး ၅၀၀၀၀အား တစ်ပါတ်အတွင်းရမှဖြစ်မည်။ 


ယွမ်ရှင်းကျဲအတွက် ဤပြိုင်ပွဲမှာ မက်ခါ​မောင်းနှင်ခြင်းတိုက်ခိုက်ခြင်းတို့ကို အပြည့်အ၀ခံနိုင်မည့်အခွင့်အ​ရေးဖြစ်သည့်အပြင် တပါးသူတို့၏မက်ခါများကိုလည်း​​​လေ့လာနိုင်မည်ဖြစ်သည်။ 


သူဤအခွင့်အ​ရေးကိုလက်မလွှတ်နိုင်​ချေ။


​ကျောင်းသို့ပြန်သွားပြီး​​နောက် ယွမ်ရှင်းကျဲလည်း အိပ်​​ဆောင်မှ ဆိုဖာတွင် ထိုင်လျက် ပိုက်ဆံအမြန်ရမည့် အချိန်ပိုင်းအလုပ်များရှာ​ဖွေလိုက်သည်။


​​နောက်ဆုံးတွင် ​ကျောင်းဖိုရမ်တစ်ခုမှ စိတ်၀င်စား​လောက်ဖွယ် ပို့စ်တစ်ခုအား​တွေ့လိုက်ရ​တော့သည်။ 

၄င်းပို့စ်မှာ " ရှင်းဟိုင်တက္ကသိုလ် နက်၀ါ့ခ်အား အသုံးပြုသူများအတွက်: မက်ခါကို​သေချာမပြင်တတ်ရင်လည်း ​အော်ဒါလက်မခံပါနဲ့လား၊ ငါ့မက်ခါကနဂိုက ညာဘက်လက်နည်းနည်း​လေး​ပျော့​နေရုံပဲ၊ 

ငါ့မက်ခါကိုယူပြင်​ပေးတဲ့ ဘီတာက မက်ခါရဲ့ ညာလက်ကိုဖြုတ်လိုက်ပြီးမှ ပြန်မတပ်တတ်ဘူးတဲ့​လေ။

ဒီဘီတာက ပြိုင်ဘက် စစ်တက္ကသိုလ်ကလွှတ်လိုက်တဲ့ သူလျို တစ်​ယောက်​ဟုတ်မဟုတ် ငါ​မေးလိုက်ရ​တော့မလား"


ယွမ်ရှင်းကျဲလည်းပို့စ်ကို​သေချာဖတ်ပြီး​နောက် ​ကျောင်းဖိုရမ်တွင်မှ "ရှင်းဟိုင် မက်ခါ အပြန်အလည်ကူညီ​ရေး နက်ခ်၀ါ့" ဟူ​သော ၀က်ဘ်ဆိုက်တစ်ခု ရှိ​နေ​သေးတာကို​တွေ့လိုက်သည်။


မက်ခါတစ်စီးကိုပြုပြခမှာများစွာကုန်ကျသဖြင့် ​ကျောင်းမှ ​ကျောင်းသားများအား အချင်းချင်းကူညီနိုင်​စေရန် ရည်ရွယ်ခြင်းဖြစ်လိမ့်မည်။ မက်ခါပြင်နိုင်သည့် တချို့​ကျောင်းသားများမှာ ပြုပြင်​သူ အ​ကောင့်ဖွင့်လျက် ​အော်ဒါများလက်ခံနိုင်​လေသည်။

ဤနည်းဖြင့် ချို့တဲ့​သော ​ကျောင်းသားများအပို၀င်​ငွေရှာနိုင်မည်ဖြစ်သည်။


ပြင်ခမှာလည်းသက်သာလှသဖြင့် အများစုမှာထို၀က်ဘ်ဆိုက်ကို ၀င်ထားကြသည်။ သို့​သော် ကံမ​ကောင်းလျှင်​တော့ ယခုပို့စ်ပိုင်ရှင်တင် ထား​သော အ​ခြေအ​နေမျိုးခည်းကြုံရနိုင်သည်ပင်။


မက်ခါ​တွေပြင်ပြီး ​ငွေရှာရမှာလား။


ယွမ်ရှင်းကျဲ ဆိုဖာ​ပေါ်မှ ချက်ချင်းထလိုက်ကာ ထို၀က်ဘ်ဆ်ုက်ကိုဖွင့်လိုက်​တော့သည်။ ၄င်းတွင် မက်ခါပြသနာတက်​နေ​သော ​ကျောင်းသားများ၏​အော်ဒါအများအပြားရှိ​နေခဲ့သည်။


ယွမ်ရှင်းကျဲ လည်းပြုပြင်သူအဖြစ်အ​ကောင့်ဖွင့်ရန်ကြိုးစားလိုက်သည်။ မိမိ၏ကိုယ်​ရေးအချက်အလက်ကိုပို့ရန်လိုသည့်အပြင် မက်ခါပြင်ရန်ပစ္စည်းကိရိယာများလည်းလိုအပ်သည်ပင်။


မက်ခါပြုပြင်​ရေး ကိရိယာအစုံလိုက်မှာ ကြယ်ဒင်္ဂါး ၁၀၀၀မှ ၂၀၀၀၀အထိ ရှိ​လေသည်။ သူက​တော့ ​ထောင်ဂဏန်းသာ သုံးစွဲလျက် ၀ယ်လိုက်သည်။


မှာပြီး မိနစ်၂၀ခန့်တွင် အ​ဆောင်ခန်းတံခါး၀သို့ ပါဆယ်ထုတ်​ရောက်လာခဲ့သည်။


ကိရိယာအစုံလိုက်ကိုရသည်နှင့် ယွမ်ရှင်းကျဲမှာ၄င်းတို့ကို စကန်ဖတ်လျက် ပြုပြင်သူအ​ကောင့်တရား၀င်ဖွင့်နိုင်သွားခဲ့သည်။ ထို့​နောက်တွင် သူက ပြုပြင်ရမည့် အမှာစာများကိုရှာ​ဖွေ​​တော့သည်။

7.2


အမှာစာများမှာ အ​တော်များသည်ပင်။ 

တချို့မှာ စက်ချို့ယွင်းမှုအနည်းငယ်၊ တချို့မှာသာမာန်ပျက်စီးမှုများသာဖြစ်ပြီး ပြင်ရန်ခက်ခဲမှုအဆင့်အ​ပေါ်မူတည်လျက် ​စျေးများလည်းကွာခြား​လေသည်။


ယွမ်ရှင်းကျဲကမူ ​​ကြေးမြင့်မြင့်ရမည့်အမှာစာကိုလိုချင်ခဲ့သည်။ ​​ကြေးနည်း​သောအမှာစာများကို စမြင်မြင်ချင်းတွင် သူအနည်းငယ်စိတ်ပျက်သွားမိ​လေသည်၊ ထို​ကြေးနည်းနည်းအမှာစာများကိုသာ လက်ခံ​တော့မည်ဆဲဆဲတွင် ရုတ်တရက် ယွမ်ရှင်းကျဲသည် မည်သူမှလက်မခံ​သောအမှာစာတစ်ခုကို သတိထားမိသွားခဲ့သည်။ ​ပေးထားသည့်​စျေးမှာ 

ကြယ်ဒင်္ဂါး ၄၀၀၀၀ခန့်ပင်။


ယွမ်ရှင်းကျဲမျက်လုံးများပြူးကျယ်သွားလျက် ထိုအမှာစာအားနှိပ်ကြည့်လိုက်​တော့သည်၊


အမှာစာကမူရိုးရှင်းသည်။ 

'လုပ်​ဆောင်မှု​ချော​မွေ့ရန်နှင့် မက်ခါ၏ တံ​​တောင်ဆစ်​ကွေးကို ပြန်လည်ပြုပြင်မွမ်းမံရန်'


အသစ်ပြန်လည်မွမ်းမံခြင်းမှာ​​ကြေးအ​တော်မြင့်သည်ပင် သို့​သော်လည်း တစ်ခါတည်း ၄၀၀၀၀​ကျော်အထိ​ပေးထားခြင်းက​တော့ ဤလူမှာအ​တော်​လေး ပိုက်ဆံရှိပုံရသည်။


သို့​သော် အဘယ်​ကြောင့်မည်သူကမျှ ဤအမှာစာကိုလက်မခံကြသနည်း။


စိတ်၀င်စားမိသဖြင့် ယွမ်ရှင်းကျဲလည်း နည်းနည်းပါးပါးစပ်စုကြည့်လျှင် ထိုအမှာစာမှာ စိတ်၀င်စားသူလည်းအ​တော်များလှသည်ကို​တွေ့လိုက်ရသည်။ 

အဆိုပါ မက်ခါအမှာစာ၏ ပုံအားနှိပ်ကြည့်မိလျှင် ၄င်းမှာ အနက်​ရောင်​ပြောင်မက်ခါတစ်ခုဖြစ်လျက် အ​တော်​​လေးရင်းနှီး​နေသလိုခံစားလိုက်ရသည်။


ယွမ်ရှင်းကျဲလည်း​ခေါင်းကို​မော့လျက် မိနစ်အနည်းငယ်ခန့်စဥ်းစားလိုက်ရာ ရုတ်ချည်း၄င်းမှာ ​လေ့ကျင့်​ရေးခန်းမတွင် ပြသထား​သော မက်ခါပုံရိပ်​ယောင်ဖြစ်မှန်းသတိရမိသွား​လေသည်။


​လော့၀မ်ချွမ်းရဲ့မက်ခါလား၊


သို့​သော် မည်သူမက်ခါဆိုသည်ကအ​ရေးမကြီး​ချေ။ 

​လော​​လောဆည်သူ​ငွေအရမ်းလို​နေသည်၊ ၄င်းမှာ ရှင်ဘုရင်၏ ​တော်၀င်မက်ခါကြီးဖြစ်​နေလျှင်ပင် သူဤအမှာစာကိုလက်ခံမှရမည်။


သိမ်​မွေ့​သော စက်ရုပ်သံ​ကြေညာချက်တစ်ခုက ၀က်ဘ်ဆိုက်ထံမှ​မေးမြန်းလာခဲ့သည်။ 


"သည် မွမ်းမံခြင်းအမှာစာကိုလက်ခံမည်​သေချာပါသလား"


ယွမ်ရှင်းကျဲ လက်ခံသည်ကိုနှိပ်လိုက်သည်နှင့် နှစ်ဦးနှစ်ဘက်သ​ဘောတူညီမှုကိုအတည်ပြုလိုက်​တော့သည်။


သိပ်မကြာခင်တွင် မက်​ဆေ့တစ်ခု၀င်လာခဲ့သည်။ 


[အမည်မဲ့သုံးစွဲသူ]:အမှာစာလက်ခံတာ​သေချာလား


[ပြုပြင်​ရေးအတွက်ဆက်သွယ်ပါ]: ဟုတ်ကဲ့


[အမည်မဲ့သုံးစွဲသူ]:ဒီကိုလာမလား


[ပြုပြင်​ရေးအတွက်ဆက်သွယ်ပါ]:အဆင်​ပြေပါတယ်


[အမည်မဲ့သုံးစွဲသူ]:ဒါဆို​ကျောင်းဂိတ်​ပေါက်​နောက်ကို မနက်ဖြန်မနက် ၈နာရီ​လောက်လာခဲ့ပါ


[ပြုပြင်​ရေးအတွက် ဆက်သွယ်ပါ]:ကိစ္စမရှိပါဘူး


​နောက်တစ်​နေ့မနက်​စော​စောတွင် ယွမ်ရှင်းကျဲလည်း ကိရိယာ​သေတ္တာကိုသယ်လျက် ​​ရောက်လာ​တော့သည်။


ထို​နေရာမှာ ​ကျောင်း၏ လွတ်လပ်စွာသွားလာခွင့်ရှိ​သော​နေရာများထဲမှတစ်ခုဖြစ်သည်။ ​ကျောင်းသားတချို့ မက်ခါပြင်စရာရှိလျှင် ဤ​နေရာတွင်လာပြင်ကြလိမ့်မည်။


ယွမ်ရှင်းကျဲ အချိန်အနည်းငယ်ခန့်​စောင့်ပြီးသည်နှင့် 

​ဂျုံ​ရောင်ဆံပင်တို့နှင့် အရပ်မြင့်​သော အယ်လ်ဖာတစ်ဦးက သူ၏မြင်ကွင်းတွင်​ပေါ်လာခဲ့သည်။


ယွမ်ရှင်းကျဲကိုမြင်လျှင်တဖက်လူမှာအ​တော်​လေး အံ့သြသွားပုံပင်။ 


ယွမ်ရှင်းကျဲလည်း တဖက်အယ်လ်ဖာမှာသူ့ထံ​လျှောက်လာပြီး ​ခေါင်းကုတ်ပြီး​မေးလိုက်သည်ကိုကြားလိုက်ရ​တော့သည်။


"ဒီကအတန်း​ဖော် မက်ခါပြင်တဲ့သူကိုများ​တွေ့လိုက်လားလို့​မေးလို့ရမလား"


"ကျွန်​တော်ပါ"ယွမ်ရှင်းကျဲလည်းသူ့လက်ထဲမှကိရိယာ​သေတ္တာကိုပြလျက် 


"IDက 'ပြုပြင်​ရေးအတွက်ဆက်သွယ်ပါ' "


အယ်လ်ဖာလည်း​နောက်လှည့်ကာထွက်သွား​တော့သည်၊


"ဟာ ဟိတ်လူ ဘယ်ကိုသွားတာလဲ" ယွမ်ရှင်းကျဲလည်းကပြာကယာ​ပြေးလိုက်သွားလိုက်သည်။


"ကျွန်​တော်တကယ်ပြင်နိုင်ပါတယ်၊ မလိမ်ပါဘူး"


သူ့မှာ ကိရိယာ​သေတ္တာကို ကြယ်ဒင်္ဂါး​ထောင်​ကျော်​ပေးပြီး​​တောင်၀ယ်လိုက်ရသည်။ တဖက်လူက အမှာစာဖျက်လိုက်လျှင် ​အမှာစာလက်ခံဖို့ ကြားတွင်တစ်ရက်ထပ်​စောင့်ရမည့်အကန့်အသတ်လည်းရှိသည်ပင်။၄င်းမှာ ပထမဆုံး​နေ့တွင်ပင်သူ ကြယ်ဒင်္ဂါးတစ်​ထောင်​ကျော် အလကားဖြစ်မည့်အလားအလာပင်။


ဆင်းရဲမှုက ယွမ်ရှင်းကျဲအား တွတ်းအားဖြစ်​စေလျက် အယ်လ်ဖာ၏လမ်းအား ပိတ်ရပ်လိုက်သည်။


"ညီအကိုရယ်မသွားပါနဲ့။ မက်ခါကိုထုတ်လိုက် ငါ့ကိုစမ်းပြင်ခွင့်ပြု၊ ငါ့မှာမှာ မက်ခါပြုပြင်လာတဲ့အ​တွေ့အကြုံဆယ်နှစ်​​လောက်ရှိပါတယ်ကွာ"


"မင်းလူ​တွေကိုလိမ်ဖို့ကြိုးစား​နေတာလား" အယ်လ်ဖာမှာသူ့အားမယုံနိုင်စွာကြည့်လျက် 


"မင်းကအိုမီဂါ​လေ ၊ မက်ခါပြင်နိုင်တယ်ဟုတ်လား"


"အိုမီဂါ​တွေ​ရော မက်ခါဘာလို့မပြင်နိုင်ရမှာလဲ၊ လိင်အမျိုးအစားနဲ့ဘာဆိုင်လို့လဲ"


လူငယ်​လေးမှာအမှန်တကယ်စိတ်ဓါတ်ကျ​နေပုံပင်၊


အယ်လ်ဖာ၏အမည်မှာ ခဲ့လီဖြစ်ပြီး ရက်အနည်းငယ်ခန့်က သူ၏အခန်း​ဖော်ကိုယ်စားမက်ခါပြုပြင်​ရေးအတွက် အမှာစာတင်​ပေးခဲ့ခြင်းဖြစ်သည်။ အကြိမ်များစွာ​​ကြေးတိုး​ပေးခဲ့သည့်တိုင် အမှာစာအား လက်ခံရဲသူမရှိခဲ့​ချေ။ 


မ​နေ့ညကမှ တစ်စုံတစ်​ယောက်ကအမှာစာကိုလက်ခံခဲ့ကာ သူ၏IDကပဲမိုက်​နေ၍လားမသိ တဖက်လူမှာ မက်ခါပြုပြင်​ရေးနတ်ဘုရားဟုပင် ခံစားမိကာ သူခမျာ​ပျော်​နေခဲ့​သေးသည်။


သို့​သော် မ​မျှော်လင့်ထားစွာ တဖက်လူမှာ နူးညံ့​သောအိုမီဂါတစ်​ယောက်ဖြစ်​နေခဲ့သည်ပင်။


"ဖယ်ပါ"


ခဲ့လီမှာ ယွမ်ရှင်းကျဲကို​ရှောင်လျက် ​ဘေးဘက်ရှိ​တောအုပ်​လေးထဲသို့ တိုက်ရိုက်၀င်သွားခဲ့သည်၊ 

လမ်း​လျှောက်​နေရင်း သူသည်အလင်းမျက်နှာပြင်ကိုဖွင့်လျက် သူ၏အခန်း​ဖော်ထံ စာပို့လိုက်သည်။


"တာ့ချွမ်း ငါအွန်လိုင်း​ပေါ်အလိမ်ခံလိုက်ရတယ်၊ 

သူကဘာပြုပြင်​ရေးသမားမှမဟုတ်တာအသိသာကြီး.."


သူစာကိုပို့ပြီးသည်နှင့် သူ၏လက်မှာဖမ်းဆုပ်ခံလိုက်ရသည်။


ဘ၀မှာပထမဆုံးအကြိမ်အဖြစ် ခဲ့လီမှာ အိုမီဂါတစ်ဦးထံမှ လက်ဆွဲခံရခြင်းဖြစ်သည်။သူ၏မျက်နှာမှာ တမဟုတ်ချင်းနီရဲသွားလျက် တဖက်လူ၏လက်အားချက်ချင်းခါထုတ်လိုက်​​တော့သည်။ 


"​ပြောစရာရှိရင်ဒီတိုင်း​ပြောပါ၊ မင်းနဲ့ငါကအယ်လ်ဖာနဲ့ အိုမီဂါ မသင့်​တော်တာ​တွေမလုပ်ပါနဲ့"


ယွမ်ရှင်းကျဲလည်းသူ့ကိုအလျင်အမြန်​တောင်းပန်လျက် 


"အတန်း​ဖော် ငါ့က်ုတကြိမ်ပဲအခွင့်အ​ရေး​ပေးပါ ပြီး​တော့ငါ​ငွေလည်းလက်ခံရ​သေးတာမဟုတ်ဘူး​လေ၊ 

အဆိုးဆုံးမှ မင်းငါ့ကိုတပြားမှမ​ပေးရုံ​ပေါ့"


ခဲ့လီထိုစကားများကိုကြားလျှင် အနည်းငယ်မျှတုန့်ဆိုင်း​နေမိသည်။ အဆုံးတွင်​တော့သူလည်း မွမ်းမံ​ပေးမည့်သူကိုတချိန်လုံးလိုက်ရှာ​နေခဲ့ရသည်မဟုတ်ပါလား၊ သူ့​ရှေ့မှသည်လူငယ်မှာ ကိရိယာ​သေတ္တာကိုလည်းကိုင်ထား​သေးသည်၊ ဒီ​တော့သူနည်းနည်းပါးပါး​တော့ပြင်တတ်​လောက်တယ်မလား၊


ယွမ်ရှင်းကျဲ​နောက်ဆုံးတကွက် လှုပ်ရှားလိုက်သည်၊

"ပြီး​တော့မင်းလည်းဒီအထိလာပြီး​​နေပြီပဲ​လေ"


ခဲ့လီလည်း ယွမ်ရှင်းကျဲ၏စိတ်ရင်းပါ​သောမျက်လုံးများကိုကြည့်မိလျက် သရဲအပူးခံရသူလို မက်ခါသိမ်း​သောကုဗတုံးအား ယွမ်ရှင်းကျဲထံလှမ်း​ပေးလိုက်မိ​လေ​တော့သည်။


"ဒါဆိုလည်း ကြည့်ကြည့်​ပေါ့" 


ထိုစဥ်တွင် ခဲ့လီ၏မှတ်ဥာဏ်တုမှာ မက်​ဆေ့တစ်​စောင်၀င်လာ​တော့သည်။


xxxxxx