Chapter 8
[လော့၀မ်ချွမ်း]:"?"
[ခဲ့လီ]:"ရပြီ၊ ဘာမှမဟုတ်တော့ဘူး၊ မင်းအလုပ်များနေတာပဲ"
ယွမ်ရှင်းကျဲ ကိရိယာသေတ္တာထဲမှ စကန်ဖတ်သည့်ပစ္စည်းကိုထုတ်ယူလိုက်သည်။ မက်ခါသိမ်းသည့်ကုဗတုံးအားအပေါ်တင်လိုက်လျှင် အတွင်းမှမက်ခါပုံရိပ်ယောင်ကသူ၏မှတ်ဥာဏ်တုထဲတွင်တိုက်ရိုက်ထွက်ပေါ်လာတော့သည်။
ခဲ့လီလည်းယွမ်ရှင်းကျဲ၏ကျွမ်းကျင်သောလုပ်ဆောင်မှုအဆင့်ဆင့်ကိုမြင်လျှင် သူ၏အမူအယာကအနည်းငယ်လေးနက်လာခဲ့သည်။ယွမ်ရှင်းကျဲသည်အလင်းမျက်နှာပြင်ကိုကြည့်လျက် မက်ခါကိုယ်ထည်မှဒေတာများအားသေချာပိုင်းခြားလိုက်သည်။
လုပ်ဆောင်မှုအဆင့်ဆင့်မှာ ချောမွေ့နေပြီး လျင်မြန်စွာပြီးသွားခဲ့သည်။ အချက်အလက်များကိုဖြည့်ပြီးသည်နှင့်သူက ခဲ့လီအားကမ်းပေးလိုက်သည်။
"ပြသနာကကြီးကြီးမားမားတော့မဟုတ်ပါဘူး၊
တချို့အပိုင်းလေးတွေ အဆင့်မြှင့်ဖို့လိုနေတာ၊ အခုချက်ချင်းပဲ အစားထိုးပေးလိုက်မယ်"
ခဲ့လီလည်း မွမ်းမံရေးလုပ်ဆောင်ချက်အဆင့်ဆင့်ကိုဖော်ပြထားသည်ကိုကြည့်လျက် ဤအိုမီဂါလေးမှာ မက်ခါအကြောင်းအမှန်တကယ်နားလည်သည်ကိုတော့ လက်ခံလိုက်ရသည်။ ထို့နောက်တွင် ယွမ်ရှင်းကျဲသည် မက်ခါအားထိုင်လျက်သား ပုံစံဖြင့်အပြင်သို့ထုတ်လိုက်သည်။ ထို့နောက်တွင် စက်လှေကားတစ်ခုကိုထုတ်ယူလိုက်၏။
မက်ခါမှာ အလယ်အလတ်ဆိုဒ်ဖြစ်ကာ အပြည့်အ၀ရပ်နေလျှင် ဆယ်မီတာခန့်မြင့်လေသည်။ ထိုင်နေလျှင်မူ၆မီတာခန့်ဖြစ်သည်။ ယွမ်ရှင်းကျဲလည်း စက်လှေကားပေါ်တက်လျက် ကိရိယာများကိုအသုံးပြုလျက် အသားထိုးရန်လိုအပ်နေသော အပိုင်းများကို ကျင်လည်စွာဖြုတ်လိုက်သည်။ ထို့နောက်တွင် အဆင့်မြှင့်ထားသော ပစ္စည်းများကို နေရာတကျတပ်ဆင်လိုက်လေသည်၊ ထိုလုပ်ဆောင်မှုအဆင့်ဆင့်မှာ ၁၀မိနစ်သာကြာမြင့်ပြီး ထိုအချိန်အတွင်းတွင် ယွမ်ရှင်းကျဲလည်းဤမက်ခါမှာ လေ့ကျင့်ရေးခန်းမတွင်ပြသထားသော ပုံရိပ်ယောင်မက်ခါဖြစ်ကြောင်းအတည်ပြုလိုက်မိသည်။
သို့သော် မက်ခါမှာမွမ်းမံမှုအများအပြားလုပ်ထားသည်မို့ အဓိကကိုယ်ထည်ပုံသဏ္ဍာန်မှလွဲလျှင် ကျန်အသေးစိတ်များမှာမူအနည်းငယ်ကွဲပြားနေခဲ့သည်။မက်ခါအားပထမဆုံးအကြိမ်တွေ့ခဲ့စဥ်က ယွမ်ရှင်းကျဲသည် မက်ခါနှင့်ချိတ်ဆက်ထားသော တံတောင်အကွေးမှာ ပြသနာဖြစ်နေသည်ဟုထင်ခဲ့သည်။ မောင်းနှင်သူမှာလည်းဤသည်က်ု သတိထားမိပြီး ပြင်ကောင်းပြင်ခဲ့ဖူးလိမ့်မည်။ သို့သော် အဆင်ပြေခဲ့ပုံမပေါ်ချေ။ ထို့ကြောင့် ပြုပြင်ရေးနက်ခ်၀ါ့ပေါ်တွင် အကူအညီရှာခဲ့ခြင်းဖြစ်လိမ့်မည်။
ယွမ်ရှင်းကျဲလည်းနောက်တစ်ဆင့်ကိုလုပ်ဆောင်လိုက်သည်။ တံတောင်ကွေးမှပြသနာကိုတွက်ချက်ရင်း စိတ်ထဲမှလည်းအကြံများထုတ်လျက်၊ သူ့တွင် ပစ္စည်အများအပြားမ၀ယ်ခဲ့သဖြင့် တံတောင်ကွေးအသစ်တစ်ခုတပ်ဆင်ပေးရန်မဖြစ်နိုင်ချေ။ မူလတံတောင်ကွေး၌သာမွမ်းမံမှုတချို့ပြုလုပ်နိုင်သည်။
ထို့ကြောင့်အလွန်သတိထားရန်လိုအပ်လေသည်။
မက်ခါ၏တံတောင်ကွေးမှာ လူတစ်ယောက်၏တံတောင်ဆစ်နှင့်အတူတူပင်ဖြစ်သည်။ လူလက်၏ဖွဲ့သည်းပုံကဲ့သို့ပင် ပျော့ပျောင်းမှု မာကြောမှု တင်းကုပ်မှု ခိုင်မာမှုများထပ်တူရှိရန်လိုအပ်သည်၊
တံတောင်ကွေးအားမွမ်းမံရန် သူသည် အရှေ့ပိုင်းနှင့်အတွင်းပိုင်းကိုခွဲခြားလျက် အတွင်းရှိ အရိုးကဲ့သိူ့အထောက်အပံ့နေရာကို ခိုင်မာမှုနှင့် ပျော့ပျောင်းမှုတို့မြှင့်တင်ပေးရန်လိုအပ်လေသည်။
ဤကဲ့သို့မွမ်းမံမှုမှာ ရိုးရှင်းလျက်တဲ့တိုးဆန်သည်။ ကိရိယာအများအပြားလည်းမလိုအပ်ချေ။
သို့သော်လည်းအတွင်းဘက် အရိုးတည်ဆောက်ပုံနှင့်လည်း ပါတ်သတ်နေသည်မှု ရိုးရှင်းသည်ဟုလည်းမဆိုနိုင်ပြန်ချေ။ ထို့ကြောင့်လည်းအတွေ့အကြုံမရှိသော ကျောင်းသားများက အမှာစာကို လက်မခံရဲခဲ့ခြင်းပင်။
သို့သော်ယွမ်ရှင်းကျဲအတွက်မူ ပြသနာမဟုတ်ချေ။
သူသည်လက်မောင်းကြားမှ အချိတ်အဆက်အား ကျင်လည်စွာဖွင့်လျက် လေ့လာကြည့်လျင် တံတောင်ကွေးဖွဲ့စည်းမှုမှာ အဆင့်မြှင့်တင်နိုင်ကြောင်းတွေ့လိုက်ရသည်။
ထို့နောက်တွင် သူသည် အရွတ်ကြောများအားယာယီ
ဖြုတ်လိုက်ကာ စက်ရုပ်၏တံတောင်ကွေးမှ စက်ပစ္စည်းများကို ပြင်ရန်လုပ်လိုက်သည်။
သူ၏ရည်ရွယ်ချက်မှာ စက်ရုပ်၏ တံတောင်ကွေးမှ
တင်းကြပ်မှုကိုလျော့ချ၍လုပ်ဆောင်မှုကိုပို၍ချောမွေ့စေရန်ပင်။
ပြုပြင်ရေးဓါးချွန်ကိုကိုင်ထားလျက် ဖိအားနေရာအား ချိန်လိုက်လျှင်
"နေဦး" ခဲ့လီ၏မျက်လုံးအစုံမှာပြူးကျယ်လျက်၊
"မင်းတိုက်ရိုက်လုပ်တော့မလို့လား ပုံကြမ်းမဆွဲတော့ဘူးလား၊ မင်းဟာကအစမ်းပြင်ဆင်မှုတောင်မလုပ်တော့ဘူးလားဟ"
ယွမ်ရှင်းကျဲမှာ ခဏမျှတန့်သွားပြီးမှ
"ငါ့အတွက်အစမ်းပြင်ဆင်မှုမလိုဘူး"
သူသည်မက်ခါပုံကြမ်းများစွာကိုဆွဲဖူးပြီး တပါးသူများအတွက်ပင် ညွှန်ကြားမှုများလုပ်ပေးခဲ့ရသည်။
သူ၏မျက်လုံးနှင့် ဦးနှောက်ကိုမှီခိုရုံဖြင့်ပင် မွမ်းမံမှုအသေးစိတ်ကို ပုံဖော်နိုင်ပြီးဖြစ်သည်။
"ဒီမက်ခါကအရမ်းစျေးကြီးတာနော်"
ခဲ့လီလည်းစက်လှေကားပေါ်မှလူအားခေါင်းမော့၍ကြည့်လျက် အော်လိုက်သည်။
"လျှောက်လုပ်မနေနဲ့"
ယွမ်ရှင်းကျဲလည်းမတတ်သာပဲ တံတောင်ကွေးတွင် တွက်ချက်မှုအမှတ်အသားများလုပ်ပေးလိုက်ရသည်။
ခဲ့လီပူပန်နေစဥ်မှာပင် ယွမ်ရှင်းကျဲမှာ အလွန်သိသာသောပြောင်းလဲမှုတချို့ကို ပြုလုပ်လျက် သတ္တုအပိုင်းကြီးအားဓါးဖြင့် ဖြတ်တောက်တော့သည်။
"သေလိုက်ပါတော့"
သွားပြီ၊ သူတော့သေပြီ၊ လော့၀မ်ချွမ်းပြန်ရောက်လာရင် သူ့ကိုဓါးနဲ့ထိုးတော့မှာလား။
ယွမ်ရှင်းကျဲ၏နားမှာ အော်သံကြောင့်ဓါးဖြင့်ထိုးခံရသလိုပင်ခံစားလိုက်ရသည်။ မြေပြင်ပေါ်မှ အယ်ဘ်ဖာအား အကူအညီမဲ့စွာတစ်ချက်ကြည့်လျက် ဤလော့၀မ်ချွမ်းမှာအဘယ်ကြောင့် ဇီဇာကြောင်ရသနည်းဟုတွေးနေမိသည်၊
ဒီလိုစိတ်မျိုးနဲ့ မက်ခါပြိုင်ပွဲပထမဆုရှင်ဘယ်လိုဖြစ်လာတာပါလိမ့်
သူ့ရဲ့အသံကျယ်ကျယ်နဲ့လား၊
ခဲ့လီကတုန်ယင်စွာမေးလာသည်။
"မင်း..မင်းဘာလုပ်ချင်လို့လဲ"
ယွမ်ရှင်းကျဲမှာ သူ့အား အလုပ်ရှုပ်ခံပြီး ရှင်းပြမနေတော့ချေ။ သူကသွက်လက်စွာလှုပ်ရှားနေပြီး မက်ခါ၏တံတောင်ကွေးအဆစ်အား ပြောင်းလဲမှုကိုသာအာရုံစိုက်နေလိုက်သည်။
8.2
နောက်ဆုံးတွင်တော့ သူသည် တံတောင်ကွေးမှ အဆစ်အား ချိန်ဆလျက်လက်မောင်းမှအားပိုထည့်နိုင်အာင်နေရာချနိုင်သွားခဲ့သည်။
သူ၏လုပ်ဆောင်မှုမှာလျင်မြန်လွန်း၍ ခဲ့လီမှာသေချာပင် မမြင်လိုက်ရချေ။ သူ၏ဖြုတ်တပ်မှုများမှာ ရဲတင်းသော်လည်း ဂရုတစိုက်လုပ်ဆောင်ထားသည်ချည်းဖြစ်သည်။ အဆုံးတွင် ယွမ်ရှင်းကျဲလည်း လက်မောင်းနှင့်ချိတ်ဆက်ထားသော အဆစ်အား အပြည့်အစုံပြန်လည်တပ်ဆင်လိုက်တော့သည်။
ကိရိယာများ၏အကူအညီနှင့် စက်ပစ္စည်းအကူအညီဖြင့်ပင် မက်ခါ၏လက်အားမြှောက်စေလျက် မျဥ်းကွေးတချို့ရေးဆွဲလိုက်သည်။
ခဲ့လီ၏အမူအယာမှာ မခံမရပ်နိုင်မှုမှ အံ့သြမှုအဖြစ်ကူးပြောင်းသွားခဲ့သည်။ မွမ်းမံထားသော တံတောင်ကွေးမှာ မက်ခါ၏လက်မောင်းနှင့် အချိုးကျစွာ ဆက်နွယ်နေခဲ့သည်။ ၄င်းကလက်ကိုမြောက်လိုက်သည့်အခါ ချောမွေ့နေပုံမှာ လူလက်အတိုင်းပင်၊ ပထမအကြည့်မှာပင်အလွန်ကောင်းလှသည်၊
ထို့နောက် ယွမ်ရှင်းကျဲလည်းနောက်လက်တစ်ဖက်မှာ တံတောင်ကွေးအားလည်းစပြင်တော့သည်။ သည်တစ်ကြိမ်တွင် ခဲ့လီမှာသူ့ကိုမတားတော့၊ သို့သော်သူ၏လုပ်ဆောင်မှူတိုင်းကိုစိတ်၀င်တစားကြည့်နေခဲ့သည်။ မွမ်းမံမှုပြီးဆုံးသည်နှင့် ယွမ်ရှင်းကျဲလည်းစက်လှေကားပေါ်မှဆင်းလာခဲ့တော့သည်။
ကိရိယာများကိုသိမ်းလျက် ခဲ့လီအားပြောလိုက်သည်။
"အဆင့်မြင့်တာအကုန်ပြီးတာနဲ့ စမ်းကြည့်လို့ရတယ်၊ စိတ်တိုင်းမကျတာရှိရင် အချိန်မရွေးပြန်ဆက်သွယ်ပါ"
"အမ် ပြီးတောင်ပြီးသွားပြီလား"
ခဲ့လီမှာယွမ်ရှင်းကျဲအားမယုံကြည်နိုင်စွာကြည့်လိုက်မိသည်။
"မြန်လှချည်လား"
ခဲ့လီလည်းမက်ခါထံပြေးလျက် တံတောင်ကွေးအားမော့ကြည့်လိုက်သည်။ သူသည် ယွမ်ရှင်းကျဲဘာတွေပြောင်းလဲလိုက်သလည်ကိုတော့မမြင်နိုင်။
မက်ခါ၏တံတောင်ကွေးနှင့်လက်မောင်းမှာပို၍သဘာ၀ကျစွာ ချိတ်ဆက်ထားလျက် ပျက်စီးမည့်အရိပ်အယောင်မရှိသည်ကိုသာခံစားရသည်၊
ယွမ်ရှင်းကျဲ မက််ခါအားကြည့်လိုက်သည်။ ၄င်း၏ဒီဇိုင်းနှင့် အသုံးပြုထားသောပစ္စည်းများမှာ လုံး၀ရှယ်တွေချည်းပင်၊ အမှန်အကန်တန်ဖိုးကြီးပုံပေါက်သည်၊ သူသည်အပေါ်ကိုတက်ပြီး မောင်းနှင်ကြည့်ချင်စိတ်ကိုထိန်းမရချေ။ ထို့ကြောင့်မေးကြည့်လ်ုက်မိသည်။
"အတန်းဖော်လော့ ငါမင်းရဲ့မက်ခါကို ခဏလောက် မောင်းကြည့်လို့ရမလားဟင်"
ခဲ့လီမှာ အံ့အားသင့်နေဆဲပေမို့ သူ့အား အတန်းဖော်လော့ဟုခေါ်လိုက်သည်ကိုပင် သတိမထားမိပဲ အလျင်အမြန်ငြင်းဆန်လိုက်သည်။
"မရဘူး လုံး၀ပဲ"
လော့၀မ်ချွမ်းရဲ့မက်ခါကို အိုမီဂါတစ်ယောက်ကိုမောင်းခိုင်းဖို့လား၊ ဒီကိစ္စက မက်ခါပျက်သွားတာထက်တောင်ပိုပြသနာကြီးသေးတယ်၊
သူပြောပြီးသည်နှင့် အိုမီဂါလေးကမကျေမနပ်ဖြစ်သွားသည်ကို သူသတိထားမိလိုက်သည်။ သူကမနေနိုင်တော့ပဲ
"အဲ..အဲဒီမက်ခါက ခက်ခဲမှုအဆင့် SSအဆင့်တောင်ရှိတာ၊ မင်းမောင်းနိုင်မှာမဟုတ်ဘူး"
"ငါသိပြီ" ယွမ်ရှင်းကျဲ ခေါင်းငြိမ့်လိုက်သည်။
သူနည်းနည်းတော့စိတ်လွတ်သွားခဲ့တာပဲ၊
ဤကမ္ဘာ၏ပုံမှန်မဟုတ်သောအဆင့်ခွဲခြားမှုကိုဖယ်လိုက်လျှင်တောင် နည်းပညာမှာအလွန်နောက်ရောက်နေသည်။ သူ၏ Cအဆင့်စိတ်စွမ်းအားမှာ အဆင့်မြင့် မက်ခါများကို မမောင်းနှင်နိုင်ချေ။
ခဲ့လီလည်းမက်ခါအား ကုဗတုံးထဲတွင်ပြန်သိမ်းလိုက်ပြီး ခေါင်းကုတ်လျက် ဆိုလိုက်သည်။
"အရမ်းကြီးစိတ်ပျက်မသွားပါနဲ့၊ ဒါနဲ့မင်းရဲ့လောလောဆယ်စိတ်စွမ်းစားအဆင့်ကဘယ်လောက်လဲ"
"Cအဆင့်ပါ"
ယွမ်ရှင်းကျဲ ပြန်ဖြေလိုက်သည်။
"ပြသနာမရှိပါဘူး၊ မင်းရဲ့စိတ်စွမ်းအားကိုမကြာခဏလေ့ကျင့်ပေးလို့ရတာပဲ"
ခဲ့လီအလေးအနက်ဆိုလိုက်သည်။
"Cအဆင့်ကနေ Bအဆင့်ကိုပြောင်းဖို့ကလွယ်ပါတယ်၊ နောက်ပိုင်းအဆင့်တွေသာခက်တာ၊ ငါတို့ကျောင်းမှာ စိတ်စွမ်းအား အထူးလေ့ကျင့်ရေးခန်းရှိတာပဲလေ ၊ အဆင့်မြင့်မက်ခါတွေမောင်းချင်ရင်လပ်ုလေ့ကျင့်ပေါ့"
ယွမ်ရှင်းကျဲ ခေါင်းငြိမ့်ကာသဘောတူလိုက်သည်။
သူ၏စိတ်စွမ်းအဆင့်မြှင့်တင်ရန် အမှန်တကယ်အရေးကြီးသည်ပင်။ လောလောဆည်ပိုက်ဆံစုလျက် Cအဆင့်မက်ခါကို၀ယ်လိုက်ရသော်လည်း ဤသည်မှာ ယာယီသာဖြစ်သည်။ ၄င်းကသူ့အား စိတ်ကျေနပ်မှုမပေးနိုင်ချေ။
အနာဂါတ်တွင်သူလည်းလော့၀မ်ချွမ်းကဲ့သို့Sအဆင့်အထက်မှ မက််ခါကိုမောင်းနိုင်ရမည်။ ဒါမှမဟုတ်အနာဂါတ်တွင် စိတ်စွမ်းအားကန့်သတ်မှုကိုပယ်ဖျက်နိုင်သည့်နည်းပညာပေါ်လာပြီး မက်ခါများမောင်းနှင်ရန် စိတ်စွမ်းအားအဆင့်များမလိုအပ်တော့သည်လည်းဖြစ်နိုင်သည်၊
သို့သော် နည်းပညာကိုတိုးမြှင့်ရန်မှာ စမ်းသပ်မှုများအတွက်အရင်းအနှီးများစွာလိုအပ်သည်။လောလောဆည် သူဘယ်လိုမှမတတ်နိုင်ချေ။
ထို့ကြောင့်ပိုက်ဆံရှာခြင်းအပြင် သူ၏စိတ်စွမ်းအားမြှင့်တင်ရေးအတွက် လေ့ကျင့်မည်ကိုပါ ထပ်ပေါင်ူလိုက်သည်။
ခဲ့လီသည် မက်ခါကိုမောင်းနှင်ကြည့်ပြီးလျှင် ယွမ်ရှင်းကျဲအားဆက်သွယ်မည်ဟု ပြောခဲ့လေသည်။
မထွက်ခွာခင်တွင် ယွမ်ရှင်းကျဲမှာ ခဲ့လီအားကြည့်လျက် ရုတ်တရက် စကားတချို့ကိုသတိရသွားမိသည်။
"လော့၀မ်ချွမ်းက အရမ်းချောတာ၊ မက်ခါအစားသူ့ပုံရိပ်ယောင်ပြထားရင်ပိုကောင်းမှာ"
သူ၏ရင်ထဲတွင်အနည်းငယ်ရှုပ်ထွေးသွားမိသည်။
ဒီမျက်နှာကချောတယ်တော့ပြောလို့ရပေမယ့် သူ့မျက်နှာကြီးကို ပုံရိပ်ယောင်ပြထားရလောက်တဲ့အထိတော့မဟုတ်ပါဘူးနော်
နှစ်ဦးသားလမ်းခွဲလာပြီးသည်နှင့် ခဲ့လီလည်းမက်ခါသိမ်းကုဗတုံးကိုယူလျက် အဆောင်သို့ပြန်လာတော့သည်။ ယွမ်ရှင်းကျဲသူ့အားပို့ထားသော အဆင့်မြင့်လုပ်ဆောင်ချက်လအဆင့်ဆင့်နှင့် ဒေတာများအား လော့၀မ်ချွမ်းအားပို့ပေးရန်ပြင်လိုက်သည်။
မပို့ပေးခင်တွင် ခဲ့လီမှာ လွန်စွာ စိတ်လှုပ်ရှားနေခဲ့သည်။ ၄င်းမှာ ဆရာအား အိမ်စာထပ်ရန်ကြောက်ရွံ့နေသော ကျောင်းသားတစ်ယောက်ကဲ့သို့ပင်။
သူ့မှာ ဆုံးဖြတ်ချက်ကိုပင်စတင်နောင်တရလာခဲ့သည်၊ အမှာစာကိုမည်သူမှလက်မခံရခြင်းအကြောင်းအရင်းမှာ လူတိုင်းက ၄င်းကို လော့၀မ်ချွမ်း၏ မက်ခါမှန်းမှတ်မိနေ၍ပင်။ လော့၀မ်ချွမ်း၏စိတ်မရှည်တတ်ပုံနှင့် သူ၏သန်မာမှုကိုကြည့်လျှင်ပင် မည်သူကများ သူ၏မက်ခါအား မွမ်းမံပေးရဲကြလိမ့်မည်နည်း။
မည်သူကများ မူလထက်ပိုကောင်းအောင်အဆင့်မြှင့်ပေးနိုင်သည်ဟု အာမခံရဲလိမ့်မည်နည်း။
ပျက်သွားလျှင်မည်သို့လုပ်ကြပါမည်နည်း၊ တွေးလေတွေးလေ ခဲ့လီမှာ စိတ်ဖိစီးလာလေပင်။ သူ့ကိုသူဒီနေ့စိတ်ဖောက်သွားပြီတောင်ထင်မိသည်။ ဘာလို့များအဲဒီအိုမီဂါစကားကိုယုံခဲ့မိတာလဲ၊
သို့နှင့် မွမ်းမံထားသောလုပ်ဆောင်ချက်ကိုမပို့မီတွင် ခဲ့လီမှာ သူ၏အပြစ်ကိုအရင် စိတ်ရင်းနှင့်၀န်ခံလိုက်သည်။
"တာ့ချွမ်း ဒီနေ့ပြုပြင်ရေးသမားက နည်းနည်းတော့မယုံချင်စရာကောင်းပေမယ့်လည်း သူကစိတ်ရင်းလေးကောင်းပြီးတည်တည်ငြိမ်ငြိမ်ပါပဲ၊ ငါတော့သူ့ကိုယုံတယ်"
ထို့နောက်တွင် အရဲစွန့်လျက်ဒေတာအားပို့လိုက်တော့သည်။
ငါးမိနစ်ကြာပြီးနောက်တွင် လော့၀မ်ချွမ်းလည်းဒေတာအားလက်ခံရရှိသည်။ သို့သော်အချိန်အကြာကြီးဘာမှပြန်မပြောချေ။ ခဲ့လီတစ်ယောက်အလွန်စိုးရိမ်နေစဥ်မှာပင် လော့၀မ်ချွမ်းထံမှ စာ၀င်လာခဲ့သည်။
[လော့၀မ်ချွမ်း]: "မွမ်းမံတဲ့တစ်ယောက်ကဘယ်သူလဲ"
ပထမဆုံးမေးခွန်းမှာပင် ခဲ့လီမှာ လော့၀မ်ချွမ်း၏ဒေါသအားခံစားလိုက်ရသည်။ သွားချေပြီ၊
လော့၀မ်ချွမ်းကတော့ အဲဒီအိုမီဂါနဲ့ အသေအကြေစာရင်းရှင်းတော့မယ်၊
xxxxxx