အပိုင်း ၉
Viewers 17k

Chapter 9


ခဲ့လီမှာ​လော့၀မ်ချွမ်း၏မက်​ဆေ့အား ပြန်ပို့ချင်သည့်တိုင် လက်​ချောင်းများပါတုင်ယင်​နေခဲ့သည်။ အ​တော်ကြာတွန့်ဆုတ်​နေပြီးမှ 


"အ​ခြေအ​နေအ​တော်ဆိုးလို့လား" 


ဤတစ်ကြိမ်တွင်​တော့ ​လော၀မ်ချွမ်းမှာချက်ချင်းပင်ပြန်​ဖြေလာသည်။ 


"မဆိုးပါဘူး" ထိုစကားလုံး​၂လုံးက ခဲ့လီအားတုန်လှုပ်သွား​စေသည်၊ သူကပုံမှန်ပြန်ဖြစ်ရန် ၁၀စက္ကန့်ခန့်အချိန်ယူလိုက်ရသည်။ ​လော့၀မ်ချွမ်းမှာ မက်ခါနှင့်ပါတ်သတ်လျှင် အမြဲ​ချေးများခဲ့တာ​ပင်။


မက်ခါများမှာ​လော့၀မ်ချွမ်းအတွက် ဆာမူရိုင်းတစ်​​ယောက်၏ ဓါးကဲ့သို့ပင်။ သူသည်ဘယ်​တော့မဆို သူ၏မက်ခါအား အ​ကောင်းဆုံးဖြစ်​အောင်ထားသည်။ 


ထို့​ကြောင့်သူ​ကျောင်းကထွက်သွားသည့်အခါတိုင်း ခဲ့လီထံ အပ်ထားခဲ့ခြင်းပင်။ ခဲ့လီလည်းသက်ပြင်းချလျက်​မေးလိုက်မိသည်။ 


"ဒါဆိုမင်း​ကျောင်းကိုပြန်လာပြီး ​စမ်း​မောင်းကြည့်ပြီးတဲ့အထိ​စောင့်ရ​အောင်​လေ "


အ​တော်ကြာပြီး​တော့မှ ​လော့၀မ်ချွမ်းက "အင်း"ဟုတုန့်ပြန်ပြီးမှ ဆက်၍​ဆိုလာခဲ့သည်။


"​ကျေးဇူး" 


ခဲ့လီမှာသူ၏အခန်း​ဖော် ဘာ​တွေ​တွေး​နေလဲ မသိ​သော်ငြား ကြည့်ရသည်မှာ​တော့ ​လော့၀မ်ချွမ်းမှာ မက်ခါအဆင့်မြှင့်ထားသည်အား စိတ်တိုင်းကျပုံပင်။ 


ကြည့်ရ​တာ အဲဒီအိုမီဂါက မဆိုးဘူးပဲ၊ 


[ခဲ့လီ]:ဒါနဲ့မင်း​ကျောင်းကိုဘယ်​တော့ပြန်လာမှာလဲ


[​လော့၀မ်ချွမ်း]:ဒီအပါတ်


[ခဲ့လီ]:မစ်ရှင်​ရောအဆင်တ​ပြေပြီးသွားရဲ့လား၊ 


[​လော့၀မ်ချွမ်း]:မဆိုးပါဘူး 


[ခဲ့လီ]:ငါတို့ဆု​ကြေးအများကြီးရ​လောက်လား


[​လော့၀မ်ချွမ်း]:အင်း


ခဲ့လီသက်ပြင်းချလိုက်မိသည်။ 


ထင်တဲ့အတိုင်းပဲ ချို့တဲ့ တဲ့က​လေးကပိုရင့်ကျက်တယ်၊


သူနဲ့​လော့၀မ်ချွမ်းမှာ ရှင်းဟိုင်တက္ကသိုလ်၏ဒုတိယနှစ် ​မက်ခါ​မောင်းနှင်​​ရေး​မေဂျာမှဖြစ်ကာ အခန်း​ဖော်ဖြစ်သည်မှာ ၁နှစ်ခန့်ရှိပြီပင်။

 

မည်သူမျှ​လော့၀မ်ချွမ်း၏ ဇစ်မြစ်ကိုမသိကြ။ သူကိုယ်တိုင်ကမူ အဆင့်နိမ့်ကြယ်မှလာသည်ဟုသာ​ပြောသည်။ သူ​ကျောင်းသို့စ​ရောက်စဥ်ကမူ လူအများထံမှ​​​​လှောင်ရယ်ခံခဲ့ရသည်။ သို့​သော်သူ၏ ​ကြောက်မက်ဖွယ် SSအဆင့်စိတ်စွမ်းအား နှင့် ကိုယ်ခံအားကို သိလိုက်ရလျှင် သူကချက်ချင်းဆိုသလို ​ကျောင်း၏ ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့ကာ မက်ခါ​ပြိုင်ပွဲတွင်လည်းဗိုလ်စွဲသွား​လေသည်။ 


အဆင့်နိမ့်ကြယ်များမှ က​လေးများမှာ အလွန်ဆင်းရဲကြ​သော်လည်း ​လော့၀မ်ချွမ်းမှာ တ​ကျောင်းလုံးတွင် ​စျေးအကြီးဆုံးမက်ခါကိုပိုင်ဆိုင်သည်။ ၄င်းမှာ ​စ​ကော်လာအမှတ်ပြည့်နီးဖြင့်ရခြင်း​ကြောင့်​မဟုတ်​သေး၊ ​ကျောင်းပြင်ပ၌အင်ပါယာကိုယ်တိုင်မှဆု​ကြေးထုတ်ထား​သော မစ်ရှင်များကိုလုပ်​ဆောင်ခြင်း​ကြောင့် ဖြစ်သည်။ 


မစ်ရှင်လက်ခံသူများမှာ အလွန်တင်းကြပ်စွာစစ်​ဆေးခံရသည်။ ဆု​ကြေးမစ်ရှင်များမှာ အင်ပါယာအတွင်းတွင် ​ရေပန်းစား​သော​အလုပ်အကိုင်ပင်။ 


သို့​သော်အဆိုပါမစ်ရှင်များကိုလက်ခံနိုင်သူများမှာ မက်ခါမာစတာများသာလျှင်ဖြစ်သည်။ သို့နှင့်​လော့၀မ်ချွမ်း စား၀တ်နေ​ရေးအတွက် မစ်ရှင်များလက်ခံ​လေ့ရှိ​သော ​လော့၀မ်ချွမ်းမှာမူ ဆရာများထဲကဆရာတစ်ဆူပင်။ 


သို့​သော်ခဲ့လီမှာ ​လော့၀မ်ချွမ်းသည်အမှန်တကယ် အဆင့်နိမ့်ကြယ်တစ်လုံးမှမဖြစ်နိုင်ဟု အမြဲလိုလိုခံစား​နေရသည်။ သူသည်ဆင်းရဲ​သောမိဘများမှပျိုး​ထောင်ခံရသူနှင့်မတူ​ချေ။ သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့မှာ ​အဟာရချို့တဲ့​သော အနိမ့်စားကြယ်မှ ဆင်းရဲသားက​လေးငယ်တို့တွင် ရှိနိုင်သည် ပုံစံမျိုးမဟုတ်။ 


ထို့အပြင်သူ၏အလင်းဓါးမက်ခါကို​မောင်းနှင်သည့်အခါတိုင်းပြသနိုင်​သော ဓါး​ရေးအရည်အချင်းမှာ သာမာန်ဆရာတစ်ဦးကသင်​ပေးနိုင်သည်မျိုးမဟုတ်​ချေ။ သူ၏အလွန်အမင်း​ခန့်ညား​​ချော​မော​သော မျက်နှာသွင်ပြင် ၊ ​သေသပ်​သောလက်​ရေးလက်သား၊

အနုပညာဆန်​သောအရည်အချင်း၊ သန့်စင်ပြီး ဖက်ရှင်ကျ​သော ၀တ်စားဆင်ယင်မှုတို့ကပင် မ​ရေတွက်နိုင်​သော ဘီတာများနှင့် အိုမီဂါများကို အရူးအမူးဖြစ်သွား​စေသည်။ 


ခဲ့လီခမျာ မိမိမှာ ​လော့၀မ်ချွမ်းနှင့်ယှဥ်လျှင် ဆန်အိုးသာသာဟုပင်ခံစားရသည်။ ​


​လော့၀မ်ချွမ်း​ကျောင်းသို့ပြန်မလာ​သေးသည်မို့ မက်ခါကိုမစမ်းသပ်ရ​သေးတာ​ကြောင့် ယွမ်ရှင်းကျဲမှာ ပြင်ခမရသေး​ချေ။တဖက်မှဘာအဆက်အသွယ်မျှမရှိသည့်အပြင် သူ၏အ​ကောင့်မှာလည်း ပြုပြင်​ရေးကိရိယာများအတွက် ​ထောင်ဂဏန်းတချို့​​လျော့​နေသည်ကို​တွေ့​သောအခါ ယွမ်ရှင်းကျဲလည်းသက်ပြင်းချလျက် တခြားအမှာစာများကိုသာရှာဖွေလိုက်တော့သည်။


သိူ့​သော်ကံမ​ကောင်းသည်က မည်သူမျှခဲ့လီကဲ့သို့ ပြင်ခ​​​ကြေးကြီးကြီး​ပေးမထားကြ​ချေ။ ထို့အပြင်အများစုမှာ ကြယ်ဒင်္ဂါး၅၀၀ခန့်သာရှိသည်။ ဘ၀မှတွန်းအား​ပေးသဖြင့် ယွမ်ရှင်းကျဲလည်း ​ရွေးချယ်စရာမရှိပဲ ​ကြေးဘယ်​လောက်ပင်ဖြစ်​စေကာမူ ရသမျှအမှာစာများကိုလက်ခံရ​တော့သည်။ 


အလွန်နည်းပါး​သောအိုမီဂါတချို့သာလျှင် ပြုပြင်​ရေးသမားအဖြစ်လုပ်ကိုင်နိုင်ကြသည်။ ထို့​ကြောင့်လည်းခဲ့လီကသူ့အား​မေးခွန်းထုတ်ခဲ့သည်ပင်။ 

ဤ၂ရက်အတွင်းတွင် ယွမ်ရှင်းကျဲမှာသူ့အား လူလိမ်ကဲ့သို့ဆက်ဆံ​သောလူအများအပြားဖြင့်ကြုံ​တွေ့ခဲ့ရသည်။ 


အများစုမှာစိတ်ကြီး၀င်​နေ​သောအယ်လ်ဖာများဖြစ်ကာ  ဘီတာများမှ​ာ တော့​​ပြောရပိုလွယ်သည်။ သိူ့​သော်တချို့ကလည်းစကားထဲမယုံသင်္ကာမှုများပါရှိဆဲ။ 


ကံ​ကောင်းသည်က ယွမ်ရှင်းကျဲ၏အရည်အချင်းမှာ ပထမတန်းဖြစ်ကာ ပြင်ဆင်မှုကလည်းခဏသာကြာသည်။ သူ့အား​မေးခွန်းထုတ်​သောမည်သူမဆို အဆုံးတွင် အံ့အားသင့်လျက် သူ့အရည်အချင်းကိုလက်ခံကြရသည်သာ။ 


ယွမ်ရှင်းကျဲ၏ ​စော​စောသွားပြီး ​​နောက်ကျမှပြန်လာ​သောအပြုအမူက လုရန်ရှုကိုဆွဲ​ဆောင်မိ​လေသည။ လုရန်ရှုလည်းအ​ခြေအ​နေကြားလျှင် အံ့အားသင့်လျက် 


"မင်းကမက်ခါ​တွေပြင်နိုင်တယ် ဟုတ်လား"


ယွမ်ရှင်းကျဲလည်း သု့အ​ဖေကုမ္ပဏီမှနည်းနည်းသင်ထားသည်ဟုသာလိမ်​ပြောလိုက်သည်။ 


"အဲလိုဆိုမှ ​​လော့၀မ်ချွမ်းရဲ့မက်ခါပြုပြင်​ရေး အမှာစာကိုတစ်​ယောက်​ယောက်ကလက်ခံလိုက်တယ် ကြားတယ်"


 လုရန်ရှု ရုတ်တရက်​ပြောလာခဲ့သည်။ 


"ဘယ်သူကများအရမ်းသတ္တိ​တွေရှိ​နေလို့ ​လော့၀မ်ချွမ်းရဲ့အမှာစာကိုလက်ခံရဲပါလိမ့်" 


ယွမ်ရှင်းကျဲမှာ​တော့အနည်းငယ်ရှုပ်​ထွေးမိသွားကာ


"​လော့၀မ်ချွမ်းကဘာဖြစ်လို့လဲ"


"မင်းမသိဘူးလား၊ အဲဒီ​​ရေခဲနတ်ဆိုးက မက်ခါ​တွေနဲ့ပါတ်သတ်ရင်သူ့ရဲ့စံနှုန်းကတအားမြင့်တယ်"


"ငါတို့​ကျောင်းမှာဆို သူ့မက်ခါကိုပြင်ရဲတဲ့သူ တစ်​​ယောက်မှကိုမရှိတာ။ ပြင်ပြီးရင်လည်းသူကကျိန်း​သေကို စိတ်တိုင်းကျမှာမဟုတ်ဘူး

9.2


​ရေခဲနတ်ဆိုး ၊ အဲ​လောက်​တောင်​ကြောက်စရာ​​ကောင်​နေလို့လား၊ ယွမ်ရှင်းကျဲလည်းဆံပင်အညို​ရောင်နှင့် အယ်လ်ဖာအ ​တွေးမိလျှင် အ​တော်​​လေးရှုပ်​ထွေးမိ​​တော့သည်။ 


သူသည်မက်ခါအား အဆင့်မြင့်ရန်အတတ်နိုင်ဆုံးလုပ်​ပေးခဲ့သည်။ ​လော့၀မ်ချွမ်းကသူ့ကို ပြင်ခမ​ပေးပဲများ​​နေမလို့လား၊ ယွမ်ရှင်းကျဲလည်းသူ့အ​ကောင့်အားကြည့်လိုက်လျင် ကြယ်ဒင်္ဂါး၄၀၀၀၀မှာခုထိမ​​​ရောက်​သေး​ချေ။ 


မ​ကျေနပ်မှုကသူ၏မျက်လုံးထဲဖြတ်​ပြေးသွားခဲ့သည်။ သူပြင်လိုက်တာကို ​​လော့၀မ်ချွမ်းကစိတ်တိုင်းမကျဘူးလား၊ ဒါပေမယ့်ဘာလို့လဲ၊ သူ့သည်ယခုဆို ရှင်းဟိုင်ပြု​ရေးနက်ခ်၀ါ့တွင် မှတ်​ချက်​ကောင်းများစွာရထားသည်ပင်၊ ယခုဆိုလျင် သု့အား အမှာစာအပ်လိုသူတပုံတပင်ရှိ​နေသည်။ 


 ​လော့၀မ်ချွမ်း ပြင်ခမ​ပေးမည်ကိုစိုးရိမ်သဖြင့် ယွမ်ရှင်းကျဲလည်း တခြားအမှာစာများစွာကိုလက်ခံလိုက်သည်။ ထို့အပြင်သူသည် စိတ်စွမ်းအား​လေ့ကျင့်​ရေး 

ခန်းမထံ​နေ့တိုင်းသွားပြီးလည်း​လေ့ကျင့်​သေးသည်။ 

 

ယွမ်ရှင်းကျဲ၏​ဦး​နှောက်မှာ ​လေ့ကျင့်​ရေးကိရိယာနှင့် ပထမဆုံးထိ​တွေ့ရလျှင် သူ၏အာရုံ​ကြောများအား ​လေးလံ​သော ​ကျောက်တုံးကြီးဖြင့်ဖိထားသလိုခံစားလိုက်ရသည်။ 


နာကျင်လှ​သော​ခေါင်းကိုက်ခြင်း​ေ၀ဒနာက သူ့အား ​မူး​မေ့​စေမတက်။ သို့နှင့်သူသည် ​လေ့ကျင့်​ရေးအဆင့်ကိုအနိမ့်ဆုံးသို့ချလျက် တဆင့်ချင်းမြှင့်ရန်သာတတ်နိုင်​လေသည်၊ 


နည်းပညာ​နောက်ကျခြင်း​ကြောင် ဤစိတ်စွမ်းအား​မြှင့်တင်သည့်​လေ့ကျင့်ခန်းမှာ ယွမ်ရှင်းကျဲ၏မူလကမ္ဘာထက်ပို နာကျင်၍ပင်ပန်းသည်။ 


သည်​နေ့တွင်လည်း ယွမ်ရှင်းကျဲမှာ ​လေ့ကျင့်​​ရေးအခန်းဆီထပ်သွားပြီး သူကဦးစွာ တိုင်းတာ​သောစက်ကိုအရင်ဖွင့်လျက် သူ၏စိတ်စွမ်းအားကို ​စစ်​ဆေးလိုက်သည်၊ သို့​သော် ၅ရက်၆ရက်မျှကြာပြီးသည့်တိုင် စက်မှ Cအဆင့်ဟုသာပြ​နေဆဲပင်။


Cအဆင့်တွင်လည်း အနိမ့်စားနှင့် အမြင့်စားဟူ၍ အဆင့်ခွဲထား​သေးသည်။ Cအဆင့်ထဲတွင် ယွမ်ရှင်းကျဲ၏ တိုးတက်မှူဇယားမှာမူလ ၈၈.၁%နှင့်ယှဥ်လျှင် ၉၅.၇%အထိရှိလာပြီဖြစ်သည်။ 


Bအဆင့်သို့ချိုး​ဖောက်နိုင်ရန် အချိန်အများအပြား​ဆော့လိုအပ်မှာပင်။ ယွမ်ရှင်းကျဲ တိုင်းတာ​ရေးစက်ကိုပိတ်လိုက်ပြီး ​​လေ့ကျင့်​ရေး​ခေါင်းစွပ်ိုစွပ်လိုက်လျှင် သူ၏​ခေါင်းမှတမဟုတ်ချင်း ထိုးကိုက်လာ​​တော့သည်။ သူ၀ယ်လာ​သော ဓါတ်ဆား​ရေဘူးမှာ သူ့လက်ထဲတွင် ပိန်ချုံး​တော့မတက်။


 ယွမ်ရှင်းကျဲ လည်းအံကိုတင်းတင်းကြိတ်လျက် ဆယ်မိနစ်အတွင်းတွင် သူ၏​နောက်​ကျောတွင် ​ချွေးများဖြင့်စိုစွတ်လာခဲ့သည်။ စက္ကန့်တိုင်းတွင် သူ၏အာရုံ​ကြောများအား ပုရွတ်ဆိတ်များ ကိုက်ခဲ​နေသကဲ့သို့ခံစားရသည်။ 


သူ၏မျက်နှာ​ပေါ်တွင်​ချွေးများလည်းမျက်ရည်များလားပင်မသဲကွဲ​တော့၊ ​လေ့ကျင့်​ရေး အခန်းတွင် ယွမ်ရှင်းကျဲကဲ့သို့ ​ကျောင်းသားအများအပြာလည်းရှိသည်ပင်။ အများစုမှာ ဘီတာများဖြစ်ကြသည်။ 

အယ်လ်ဖာများမှာ ​မွေးရာပါစိတ်စွမ်းအားမြင့်မား​​လေ့ရှိကာ အိုမီဂါအ​​ရေအတွက်မှာလည်းနည်းလှသည်။


ထို့​ကြောင့် အယ်လ်ဖာအတန်း​ဖော်များကိုလိုက်မှီ​အောင် ကြိုးစား​​နေ​သော ဘီတာများကိုသာ ​လေ့ကျင့်​ရေးအခန်းတွင်​တွေ့ရများ​လေသည်။ ​နေ့တိုင်း​နေ့တိုင်း ​လေ့ကျင့်​ရေးအခန်းတွင် ​မေ့လဲ​သော ဘီတာများစွာရှိသည်။ 


ယွမ်ရှင်းကျဲ၏ ​ချွေးပြန်ခြင်းနှင့် မျက်ရည်များမှာ အ​တော်အ​ခြေအ​နေ​ကောင်း​​သေးသည်ဟုဆိုနိုင်သည်။ 

သူသည် နှာ​ခေါင်း​သွေးလျှံကျ​ကာမူးလဲ​သော ဘီတာများကိုလည်း​တွေ့ဖူးခဲ့သည်။ 


၄င်းကသူ့ကိုထိတ်လန့်​စေသည်။ နာရီ၀က်ခန့်ကြာပြီး​​နောက်တွင် ယွမ်ရှင်းကျဲ လည်းခံနိုင်ရည်ဂိတ်ဆုံးကို​ရောက်ပြီမို့ စက်အားရပ်လိုက်ကာ အသက်ကိုပြင်းစွာရှူလိုက်မိ​လေသည်။ 


အချိန်အ​တော်ကြာ လက်သီးကိုတင်းတင်းဆုပ်ထားခဲ့ခြင်း​ကြောင့် သူ၏လက်ဖ၀ါးမှာထုံကျဥ်လျက် ဖြန့်၍ပင်မရ​ချေ။ သူ၏​ဘေးမှ ဘီတာ​မိန်းက​လေးက ယွမ်ရှင်းကျဲအား ​လေးစားစွာကြည့်လာခဲ့သည်။ 


"နင်ကတကယ်မိုက်တယ်၊ အကြာကြီး​တောင့်ခံနိုင်တာပဲ " 


ယွမ်ရှင်းကျဲကမူ ကြမ်းပြင်​ပေါ်ပုံကျသွားပြီး အသက်ကို ပြင်းပြင်းရှိုက်ကာ 


"မလုံ​လောက်​သေးဘူး"


"နင်..နင်က အိုမီဂါမလား" မိန်းက​လေးကသတိနှင့်​မေးလာခဲ့သည်။ 


"စိတ်စွမ်းအားအဆင့်တက်ဖို့ကနင့်အတွက် အရမ်းအ​ရေးကြီးတာလား၊ ငါတခြားဘာကိုမှဆိုလိုတာမဟုတ်ပါဘူး၊ အရမ်းနာမှာပဲလို့​တွေးမိလို့ပါ" 


သူမအမှန်ကို​ပြော​နေခြင်းဖြစ်သည်။ 


အိုမီဂါများ၏ ခန္ဓာကိုယ်တည်​ဆောက်ပုံမှာ အလွန်အားနည်းသည်။ သူတို့သည် သဘာ၀အ​လျောက် ခံစားမှုအာရုံ​ကြောများ ပို၍အလုပ်လုပ်သလို နာကျင်မှုဆိုလျှင်လည်းပို၍ခံစားရသည်သာ၊ 

အယ်လ်ဖာတစ်​ယောက်ထက်ပို၍ သုံးဆမြင့်​သော နာကျင်မှုကိုခံစားရ​လေ့ရှိသည်။ 


ထို့​ကြောင့်စိတ်စွမ်းအားမြှင့်တင်သည့်​လေ့ကျင့်ခန်းမှာ အိုမီဂါများအတွက်ငရဲပင်၊ ယွမ်ရှင်းကျဲလည်း နဂိုခန္ဓာကိုယ်ပိုင်ရှင်သာ မကြာခဏ​လေ့ကျင့်ခံ့လျှင်Bအဆင့်ကို​ရောက်​နေလိမ့်မည်ဟု​တွေးမိသည်။ 


သို့​သော်သူကအ​တွေးကို​ဖျောက်လိုက်ပြီး အံကြိတ်လျက် ​လေ့ကျင့်ဆဲပင်၊ ယွမ်ရှက်းကျဲ ခဏမျှနားလိုက်ပြီး ထရပ်ကာ ​ရေဘူးတ၀က်ခန့်အထိ​မော့ချလိုက်သည်။ 


"အ​ရေးကြီးတယ် ငါကမက်ခါ​မောင်းချင်တာ" 


မိန်းက​လေးမှာ အံ့အားသင့်သွားခဲ့​လေသည်၊ သူမနားကြားများမှားသလားဟုပင် ​တွေးမိသွားသည်။ 

ယွမ်ရှင်းကျဲထရပ်လျက် အခန်း​ထောင့်ရှိ စိတ်စွမ်းအား နှိူး​ပေးသည့် စက်ဆီ​လျှောက်သွားလိုက်သည်။ စိတ်စွမ်းအားတိုင်းတာသည့်စက်နှင့်ကွာသည်မှာ စိတ်စွမ်းအင်နှိုးသည့်စက်ကာ မက်ခါ​မောင်းနှင်ခြင်း​မေဂျာ​ကျောင်းသားများအတွက် အထူးပြင်ဆင်ထားခြင်းပင်။


၄င်းကတစ်​စုံတစ်​ယောက်အား မက်ခါ​မောင်းနိုင်မ​မောင်းနိုင် တိုက်ရိုက်အ​ဖြေထုတ်​ပေးသည်။ သူနှင့်ချိတ်ဆက်လိုက်သည်နှင့် မိုက်ခရိုလျှပ်စစ်ဆားကရ်များမှတဆင့် ကိုယ်ခန္ဓာနျူယွန်အမှုန်များစုပ်ယူလျက်စမ်းသပ်​ပေးလိမ့်မည်။ ၄င်းကိုသာသည်းခံနိုင်လျှင် မက်ခါ​မောင်းနှင်ရန် ပြသနာမရှိ​ချေ။ 


ထိုစက်၏​ရှေ့တွင်ထိုင်လျက် ယွမ်ရှင်းကျဲ အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းကာ စက်နှင့်ချိတ်ဆက်လိုက်ပြီး  Bအဆင့်စမ်းသပ်မှုအားဖွင့်လိုက်သည်။ သူ့အ​နေနှင့်Bအဆင့်မက်ခါ​မောင်းနှင်နိုင်မလားသိချင်သည်၊ 


 ချိတ်ဆက်သွားသည့်တပြိုင်နက် ယွမ်ရှင်းကျဲလည်းမျက်လုံးကိုမှိတ်လိုက်ကာ နာကျင်မှုက၀င်​ရောက်လာပြန်သည်။ သူသည်တည်ငြိမ်စွာရပ်လျက် ယခင်ဘ၀မှာ စိတ်စွမ်းအားထိန်းချုပ်ခြင်းနည်းပညာကိုသုံးလျက် အစွမ်းကုန်​တောင့်ခံလိုက်သည်။ ဖိအားကို​လျော့ချရန် ယွမ်ရှင်းကျဲလည်း သူ၏စိတ်စွမ်အားကို အတတ်နိုင်ဆုံး အညီအမျှဖြန့်​ေ၀လျက် ချိတ်ဆက်မှုအားပြန်လည်းထိန်းချုပ်ရန်ကြိုးစားလိုက်၏။ 


 ၄င်းမှာအယ်လ်ဖာများအတွက်ပင် လွန်စွာခက်ခဲသည်ပင် သို့​သော်ယွမ်ရှင်းကျဲ လုပ်ခဲ့သည်။ မိနစ်၀က်ခန့်တွင် စက်မှာနိုးမလာပဲ ရပ်သွားခဲ့​လေသည်။

​ချွေးများစီးကျလျက် ယွမ်ရှင်းကျဲလည်း Bအဆင့်မက်ခါ​မောင်းနိုင်ဖို့မ​ေ၀း​တော့ဘူး တွက်လျက် ချိတ်ဆက်မှုအားဖြုတ်ရန်ပြင်လိုက်စဥ်မှာပင်၊ 

ကြွပ်ဆတ်​သော စက်ရုပ်သံတစ်ခုထွက်လာခဲ့သည်။


[Bအဆင့်မက်ခါ နှိုးခြင်း​အောင်မြင်ပါသည်]


ယွမ်ရှင်းကျဲ ခဏမျှတန့်သွားခဲ့သည်။ ထို့​နောက်တွင် သူ၏မျက်လုံးများတမဟုတ်ချင်း​တောက်ပသွားလျက် ​ပျော်ရွှင်တို့မှုက ရင်ထဲမှလျှံတက်လာခဲ့သည်။


သူသည်ချိတ်ဆက်ထားမှုကိုဖြုတ်လိုက်ပြီး စိတ်စွမ်းအားတိုင်းတာသည့်စက်ထံ​ပြေးသွားလိုက်သည်။ 


သို့​သော် စက်ကသူ၏အဆင့်မှCဖြစ်​ကြောင်းပြ​နေဆဲပင်။ ယွမ်ရှင်းကျဲလွန်စွာရှုပ်​ထွေးသွားသည်။ 


ဒါဆိုဘာလို့ Bအဆင့်မက်ခါကိုသူစက်နှိုးနိုင်တာလဲ...


xxxxx