အပိုင်း ၁၀
Viewers 17k

Chapter 10


အတန်း​ဖော် ငါတစ်ခု​လောက်​မေးလို့ရမလား" ယွမ်ရှင်းကျဲသည်မိမိ​ရှေ့မှ ဘီတာမိန်းက​လေးအားကြည့်လျက် ဆိုလိုက်သည်။


"စိတ်စွမ်းအားကCအဆင့်ဆိုရင် Bအဆင့်ယာဥ်ကိုနှိုးနိုင်တယ်ဆိုတာဖြစ်နိုင်လား" 


မိန်းက​လေးမှသူ့​မေးခွန်း​ကြောင့် အနည်းငယ်​ကြောင်အသွားလျက် အမြန်ပြန်​ဖြေလာခဲ့သည်။ 


"သီအိုရီအရဆိုဖြစ်နိုင်ပါတယ်" 


​ကြီးစွာ​သော​ပျော်ရွှင်မှုက ယွမ်ရှင်းကျဲရင်ထဲမှလှိုက်တက်လာခဲ့သည်။ 


သို့​သော်သူဘာမှ​မ​ပြောနိုင်ခင်တွင် မိန်းက​လေး၏​နောက်ထပ်စကားက သူ့ပါးစပ်အားပိတ်လိုက်​တော့သည်။ 


"ဒါ​ပေမယ့် အဲလိုလုပ်နိုင်တဲ့ မက်ခါ​မောင်းနှင်​ရေးသမား​တွေက မာစတာအဆင့်​တွေပဲ၊ ပြီး​တော့ အင်ပါယာတစ်ခုလုံးမှာ​တောင်​တော်​တော်ရှားတာ"


ယွမ်ရှင်းကျဲသူမအားအ​ကြောင်သားကြည့်​နေမိသည်။ မိန်းက​လေးမှာဤသည်ကိုမြင်လျှင် ယွမ်ရှင်းကျဲတစ်​ယောက် စိတ်ဓါတ်ကျသွားမည်စိုးသဖြင့် 


"ငါတို့လိုသာမာန်လူ​တွေက​တော့ တဖြည်းဖြည်းအဆင့်တက်​​အောင် လုပ်တာကအ​ကောင်းဆုံးပါပဲ" 


ခဏအကြာတွင်းယွမ်ရှင်းကျဲ​ခေါင်းငြိမ့်လိုက်ကာ 


"အင်း​​ကျေးဇူးတင်ပါတယ်" 


ထိုစဥ်မှတ်ဥာဏ်တုဆီမှ လုရန်ရှု၏​ခေါ်ဆိုမှု၀င်လာခဲ့သည်။ 


ယွမ်ရှင်းကျဲပြန်​ဖြေလိုက်လျှင် လုရန်ရှု၏စိတ်လှုပ်ရှား​နေ​သောအသံကိုကြားလိုက်ရသည်။ 


"ရှင်းကျဲ မင်းဘယ်​ရောက်​နေတာလဲ၊ မက်ခါ​လေ့ကျင့်​ရေးအတန်းစ​တော့မယ်ကွ ၊ ၅မိနစ်​စောပြီး​လာ ကြားလား" 


၄င်းကိုကြားလျှင် ယွမ်ရှင်းကျဲလည်း ​လေ့ကျင့်​ရေးခန်းမဘက်အမြန်​ပြေး​တော့သည်။ မိန်းက​လေးကမူ သူ​၏​ကျောပြင်ကိုကြည့်လျက် စိတ်မ​ကောင်းဖြစ်လျက်ကျန်ရစ်​လေသည်၊


 သနားပါတယ် သူတအားစိတ်ထိခိုက်သွားရှာမှာ


​လေ့ကျင့်​ရေးခန်းမ၏တံခါးကို ယွမ်ရှင်းကျဲ​ရောက်လျှင် အသက်ကိုမနည်းလုရှူ​နေရသည်။ ထိုစဥ်မှာပင် ကျိုး​ဖေးရွယ်၏အသံကထွက်​ပေါ်လာခဲ့သည်။ 


"ဒီတစ်ခါ​တော့အချိန်မီ​ရောက်လာတာပဲ၊ တိုးတက်လာတယ်" သူ၏​လေသံတွင် ​နောက်​ပြောင်ရိပ်တို့အနည်းငယ်ပါ၀င်​နေသည်။


ယွမ်ရှင်းကျဲမှာ အလွန်ပင်ပန်း​နေကာ ​ချွေးများက နှာ​ခေါင်းထိပ်မှ စီးကျ​နေခဲ့သည်။ သူကအသက်ကို​ပြင်းပြင်းရှူလျက် စာသင်ခန်းထဲ၀င်လာခဲ့ရသည်။ 


သူသည် အတန်းချိန်အတွင်းငြိမ်ငြိမ်​လေးထိုင်​နေရန်သာ​တွေးလိုက်ရုံရှိ​သေးပါ​သော်လည်း ကျိုး​ဖေးရွယ်၏အသံကိုကြားလိုက်ရပြန်သည်။ 


"ဒီတစ်ခါ​တော့မင်းကိုမက်ခါနဲ့ထိခွင့်​ပေးမယ်"


ယွမ်ရှင်းကျဲ ဆစာဖြစ်သူအား အံ့အားသင့်လျက် ကြည့်လိုက်သည်။ 


သူ့​ဘေးမှ အယ်လ်ဖာများမှာပို၍​တောင်စိတ်လှုပ်ရှား​နေ​သေးသည်။ 


"တကယ်ကြီးလား"


"ဆရာမက်ခါကိုထုတ်လိုက်​​တော့​လေ၊ ကျွန်​တော်စမ်းကြည့်ပါရ​စေ" 


ယွမ်ရှင်းကျဲမှာ မက်ခါ​၀ယ်ဖို့​ငွေမပြည့်နိုင်ခင် မက်ခါတစ်စီးအား​မောင်းခွင့်ရမည်ဟု မ​မျှော်လင့်ထား​ချေ။ 


ဒီတသ်ခါ​တော့မက်ခါလုံး၀​မောင်းနိုင်ပြီကွ


ကျိုး​ဖေးရွယ်လည်း မက်ခါသိမ်းကုဗတုံးအားသူ၏အိတ်ထဲမှထုတ်လိုက်သည်။ ထို့​နောက်​ကျောင်းသားများအား​နောက်ဆုတ်ခိုင်းလျက် မက်ခါကုဗတုံးကိုပစ်လျက်ဖွင့်လိုက်​​တော့သည်။ 


၆မီတာခန့်မြင့်​သော အနီ​ရောင်​လေ့ကျင့်​ရေးမက်ခါတစ်စီးထွက်​ပေါ်လာခဲ့သည်။ ​လေ့ကျင့်​ရေးမက်ခါမှာ ​သေးငယ်ပြီး အ​ခြေခံကျ​သောလုပ်​ဆောင်မှုများသာပါ၀င်သည်၊ ၄င်းတွင်မည်သည့်လက်နက်မှမပါ၀င်​ချေ။ 


ဘရိတ်နှင့် ပျံသန်းသည့်ဂျက်များ သာပါ၀င်ပြီး​ကျောင်းသားများအား အ​ခြေခံလုပ်​ဆောင်ချက်များနှင့်ရင်းနှီးရန်သာရည်ရွယ်တာဖြစ်သည်။ 


အယ်လ်ဖာများမှာစမ်းကြည့်ရန်မ​စောင့်နိုင်​တော့၊ သူတို့ကအလျင်အမြန်ပဲ သူတို့၏အရည်အချင်းကိုပြသချင်​နေကြသည်။ သို့နှင့်မက်ခါအနီးတွင် လူအုပ်မှာတိုးကြိတ်​နေ​တော့သည်။ 


ယွမ်ရှင်းကျဲ၏ပင်ပန်း​နေ​သောခန္ဓာကိုယ်က ချက်ချင်းဆိုသလိုအားအင်များပြန်ပြည့်လာခဲ့သည်။ 

သူ့​ရှေ့မှ​ကျောင်းသားများကိုတွန်းထုတ်လျက် လူအုပ်ကြားမှာခက်ခက်ခဲခဲတိုးထွက်ပြီး​​နောက်တွင် ​နောက်ဆုံး၌​ရှေ့ဆုံးသို့​ရောက်သွား​တော့သည်၊ 


ကျိုး​ဖေးရွယ် အလင်းမျက်နှာပြင်ကိုဖွင့်လျက် အကျယ်ချဲ့လိုက်သည်။ ထို့​နောက်တွင် လုပ်​ဆောင်မှုအ​သေးစိတ်ကိုရှင်းပြ​တော့သည်၊ 


ယွမ်ရှင်းကျဲအတွက် ဤအသိပညာတို့က မူလတန်းအဆင့်သာဖြစ်​သော်လည်း ​သေချာဂရုတစိုက်နား​ထောင်​နေခဲ့သည်။ ရှင်းပြပြီး​နောက် ကျိုယ​ဖေးရွယ်လည်း ​ကျောင်းသားများအား စမ်းသပ်​မောင်းနှင်​စေဖို့လုပ်လိုက်သည်။


 "ဒီ​ကောင်က နှိုးဖို့အင်မတန်ခက်တဲ့Bအဆင့်မက်ခါပဲ" 


ကျိုး​ဖေးရွယ် ​ကျောင်းသားများအားကြည့်လျက် 


"Bအဆင့်ထက်ပိုမြင့်တဲ့စိတ်စွမ်းအားရှိတဲ့သူ​တွေပဲ​မောင်းလ်ု့ရမယ်" 


သူ​ပြော၍ပင်မပြီးခင် လူတိုင်းက​လက်​မြှောက်ပြီး​​နေပြီဖြစ်သည်။ ယွမ်ရှင်းကျဲ ​ခြေ​ဖျား​ထောက်လျက် အသည်းအသန်လက်​မြှောက်ကာ 


"ဆရာကျိုး ကျွန်​တော်စမ်းကြည့်ချင်တယ်"


ယွမ်ရှင်းကျဲလက်​​မြှောက်ထားသည်ကိုမြင်လျှင် ​အော်ရီရယ်က​​လှောင်​ပြောင်လျက် 


"မင်းကိုမင်းက​လေးကစား​နေတယ်ထင်​နေလား မက်ခါ​မောင်းရတာဘယ်​လောက်ခက်လဲသိလား"


ယွမ်ယှင်းကျဲကမူ သူ့အားလျစ်လျူရှူလျက် ကျိုး​ဖေးရွယ်ကိုသာကြည့်​နေခဲ့သည်။ 


ကျိုး​ဖေးရွယ်ကသူ့ကို​ကျော်လျက် ​အော်ရီရယ်အားလက်ညှိုးထိုးကာ 


"စမ်းကြည့်" 


​အော်ရီရယ်​နောက်ဆုံးတကြိမ်က ယွမ်ရှင်းကျဲအားတိုက်ခိုက်​ရေးအတန်းတွင်ရှုံးနိမ့်ခဲ့သည်။ 

သူကမျက်နှာပြန်ရရန်အခွင့်အ​ရေးရှာ​နေခဲ့တာ​ဖြစ်ပြီး လူအများ​ရှေ့တွင် မျက်နှာကို​မော်ချီလျက် မက်ခါ​ပေါ်တက်လိုက်သည်။

10.2


သူ၏စိတ်စွမ်းအားမှာAအဆင့်မို့ Bအဆင့်မက်ခါကို​မောင်းရခြင်းမှာမခက်ခဲနိုင်၊ ​မောင်းနှင်​ရေး၀တ်စုံနှင့် ​အကာခေါင်း​ဆောင်းကိုလည်းပစ်ထုတ်လိုက်ကာ ​အော်ရီရယ်သည် မက်ခါအား ဆယ်စက္ကန့်အတွင်း စက်နှိုးလိုက်သည်၊ မက်ခါသည်​မောင်းနှင်သူ၏စိတ်စွမ်းအားကိုအတည်ပြုပြီး​နောက် ဘရိတ်အင်ဂျင်စတင်အလုပ်လုပ်လာပြီး အလင်း​​ရောင်ကလည်း​တောက်ပလာခဲ့သည်။ 


"၀ိုး မိုက်ချက်ပဲ၊ တခါတည်းနဲ့ နှိုးနိုင်တယ်"


"ငါကြားတာ​တော့ ​အော်ရီရယ်က ​​ကျောင်းမ​ရောက်ခင်ကတည်းက မက်ခါ​မောင်းနိုင်တာတဲ့၊ ငါတို့သူနဲ့မယှဥ်နိုင်ပါဘူးကွာ" 


"ကြည့်ဦး မက်ခါ​လှုပ်လာပြီ" 


​အော်ရီရယ်သည်မက်ခါကိုထိန်း​ချုပ်လျက် ဖြည်းညင်းစွာလမ်း​လျှောက်​စေကာ အ​ခြေခံလှုပ်ရှားမှုပြကွက်​လေးတချို့လုပ်ပြလိုက်သည်။ 

ဤအဆင့်မှာ အခြားမက်ခါအတန်းများအတွက် သာမာန်သာဖြစ်​သော်လည်း အတန်းEအတွက်မူ ထိပ်ဆုံး​ကျောင်းသားဟုဆိုနိုင်သည်ပင်။ 


ယွမ်ရှငိးကျဲလည်းသူ့​ရှေ့သို့​လျှောက်လာ​သောမက်ခါကိုကြည့်​နေမိသည်။ မက်ခါလှုပ်ရှားမှုနှင့်အတူ ​မြေပြင်ကတသိမ့်သိမ့်တုန်လျက် ။ 


​အော်ရီရယ် ဆင်းလာလျှင် ယွမ်ရှင်းကျဲမှာ ကျိုး​ဖေးရွယ်ထံ​လျှောက်သွားလိုက်ပြီး လူတိုင်းကသူ့အား အား​ပေး​နေကြသည်။ 


"ဆရာ​ကျွန်​တော်ကြိုးစားကြည့်ပါရ​စေ" 


ကျိုး​ဖေးရွယ်မှာ ဤ​ကောင်​လေးကအမြဲ​နောက်​ပြောင်​နေသည်ဟုသာထင်ခဲ့သည်။ သို့​သော်တဖက်ကအတည်​ပြောလာမည်ဟုမထင်ထား​ချေ။ ၂စက္ကန့်ခန့်တိတ်ဆိတ်​နေပြီးမှ သူက 


"ဒါ​ပေမယ့် ဒီမက်ခါရဲ့ခက်ခဲမှုက Bအဆင့်​နော် မင်းမောင်းနိုင်မှာမဟုတ်ဘူး" 


 လုရန်ရှုမှာ ယွမ်ရှင်းကျဲ၏လုပ်ရပ်​ကြောင့်ထိတ်လန့်သွားခဲ့သည်။ 


"ရှင်းကျဲ မင်းစိတ်စွမ်းအားအဆင့်မြင့်လာမှစမ်းကြည့်လ်ု့လည်းရပါတယ်ကွာ" 


"ယွမ်ရှင်းကျဲ တရားလွန်​တွေလုပ်မ​နေနဲ့" 


​ကျောင်းသားများ၀န်းရံ​နေ​သော ​​အော်ရီရယ်က ယွမ်ရှင်းကျဲအား​လှောင်လိုက်သည်။ 


"မင်းရဲ့စိတ်စွမ်းအားအဆင့်နံ့များ တက်သွားပြီးဘာလုပ်နိုင်မှာလဲ ၊ အ​ပျော်ခရီးထွက်ဖို့လား" 


အကုန်လုံးကရယ်လိုက်ကြသည်။ လူတိုင်းက ယွမ်ရှင်းကျဲ မက်ခါမ​မောင်းနိုင်မှန်းသိကြသည်ပင်။ 

ကျိုး​ဖေးရွယ်မှာ ယွမ်ရှင်းကျဲအား အကူအညီမဲ့စွာကြည့်လျက် 


"မင်း​နောက်ဆုံး​တော့ မက်ခါအတန်းမှာစိတ်၀င်စားလာလို့ ၀မ်းသာပါတယ်၊ဒါ​ပေမယ့်လိုအပ်ချက်​တွေရှိ​နေတုန်းပဲ၊ ဒါ​ကြောင့်မင်းစိတ်စွမ်းအားကိုအရင်​လေ့ကျင့်ပါ" 


"ဆရာ ကျွန်​တော့်ကို​ကျေးဇူးပြုပြီး အ​ပေါ်တက်ပြီး တစ်ခါ​လေးပဲကြည့်ခွင့်ပြုပါ" 


လူတိုင်းတွန့်ဆုတ်သွားခဲ့သည်။ ​အော်ရီရယ်ထံမှ ​လှောင်​ပြောင်ခံရပြီးသည့်တိုင် ယွမ်ရှင်းကျဲမှာ ဂရုမစိုက်ပဲ မက်ခါ​ပေါ်တက်ရဖို့​တောင်းဆို​နေဆဲ။ 


ကျိုး​ဖေးရွယ်မှာ ယွမ်ရှင်းကျဲတစ်​​ယောက် ဤမျှ ​ခေါင်းမာ​နေမည်ဟုမထင်ထား​​ချေ။ ​လေ့ကျင့်​ရေးမက်ခါတွင် မ​တော်တဆထိခိုက်မှုများအတွက် ကာကွယ်​ရေးစနစ်ပါရှိသည်။ ​မောင်းနှင်သူ၏စိတ်စွမ်းအား လုံ​လောက်မှုမရှိသည်ကို အာရုံခံမိလျှင် 

မီးလင်းလာလိမ့်မည်မဟုတ်​​ချေ။ 


 "မင်းဘာလို့ဒီ​လောက်​တောင်စမ်းကြည့်ချင်​​နေရတာလဲ ငါမသိဘူး၊ မင်းအိမ်မှာမက်ခါ​တွေမရှိလို့လား" ကျိုး​ဖေးရွယ်သက်ပြင်းချလိုက်သည်။ သို့​သော်အဆုံးမှာ​တော့ ယွမ်ရှင်းကျဲ၏စိတ်အားထက်သန်မှုကို အရှုံး​ပေးလိုက်ရပြီး လက်ကိုယမ်းလျက် 


"​ကောင်းပြီ သွားကြည့်ချင် ကြည့်​တော့" 


ကျိုး​ဖေးရွယ်ထံမှခွင့်ပြုချက်ရသည်နှင့် ယွမ်ရှင်းကျဲ ​ပျော်ရွှင်စွာပြုံးလျက်က​လေးငယ်လိုမျိုး ​ခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာ မက်ခါဆီ ​ပြေးသွား​တော့သည်၊ 

၄င်းကိုမြင်လျှင် ​အော်ရီရယ်က ​ထေ့​ငေါ့လိုက်သည်။ 


"ယွမ်ရှင်းကျဲ မင်းတက်​တောင်တက်နိုင်လို့လား" 


သို့​သော်သူ​ပြော၍မဆုံးခင် လူငယ်​လေးမှာ မက်ခါကိုယ်​ပေါ်မှ အတည်ငြိမ်ဆုံးအစိတ်အပိုင်းများကို ကျွမ်းကျင်စွာ အ​ထောက်အကူပြုလျက် အသာအယာပင်တက်သွား​လေ​တော့သည်။ ​အော်ရီရယ်မှာအနည်းငယ်အရှက်ရသွားလျက် သူ၏စကားကို​ပြောင်းလိုက်သည်။ 


"ယွမ်ရှင်းကျဲ အမြန်ပြန်ဆင်းလာစမ်း၊ ငါတို့အချိန်​တွေလာဖြုန်းမ​နေနဲ့"


  "မင်းဘာလို့တအားစကားများ​နေတာလဲ" လုရန်ရှုမှာ ​အော်ရီရယ်အား​အေးစက်စွာကြည့်လျက် 


"မင်းမက်ခါက အသံနဲ့​မောင်းရတာမို့လား"


"မင်း" ​အော်ရီရယ်​ဒေါသထွက်သွား​တော့သည်။ 

သူက​လှောင်​ပြုံးဖြင့်မက်ခါအားကြည့်လိုက်ကာ 


"မင်းဘာပဲ​ပြော​ပြော ထျန်း၀မ်​လောင်ဇီ ဒီ​နေရာမှာ ရှိ​နေရင်​တောင် ယွမ်ရှင်းကျဲက​တော့ ​လေ့ကျင့်​ရေးမက်ခါ​တောင်မ​မောင်းနိုင်တဲ့ အမှိုက်ကအမှိုက်ပဲ"


ယွမ်ရှင်းကျဲလည်း ​အောက်မှဆူညံသံများကို ကြားငည်ပင်။ လူတချို့က​မေးခွန်းထုတ်​နေကြပြီး တချို့က​တော့အား​ပေး​နေကြသည်။ သို့​သော်ထိုအသံများထက် သူ၏နှလုံးသားက ကျယ်​လောင်စွာ ခုန်​​ပေါက်​နေခဲ့သည်။ 


နာနို၀တ်စုံကိုသူ၀တ်ဆင်​နေစဥ်သူ၏လက်​ချောင်းများပင်တုန်ရီ​နေခဲ့သည်။ ထိုစိတ်လှုပ်ရှားမှုက ယွမ်ရှင်းကျဲ သူ၏စိတ်စွမ်းအားနှင့်မက်ခါကိုချိတ်ဆက်လိုက်​တော့မှ တဖြည်းဖြည်း​ပျောက်ကွယ်သွားခဲ့သည်။ 


သူမျက်လုံးကိုတင်းတင်းမှိတ်လျက် စိတ်စွမ်းအင်​လေ့ကျင့်​ရေးခန်းမတွင် Bအဆင့်စက်ကိုနှိုးထ​စေခဲ့ပုံကို ပြန်​တွေး​နေလိုက်သည်။ 


သို့​သော်ဤတစ်ကြိမ်​တော့ ထိုမျှမ​ချော့​မွေ့​ချေ။ 

​​​လေ့ကျင့်​ရေးခန်းမမှစက်နှင့် တကယ့်မက်ခါအစစ်မှစက်မှာ အနည်းနှင့်အများကွာခြားသည်ပင်။ ဆားကစ်များမှာပို၍ရှုပ်​ထွေးကာ စိတ်စွမ်းအားလိုအပ်မှုနှုန်းကလည်းပိုမြင့်သည်။


 အချိန်အနည်းငယ်​ကျော်လွန်သွားလျက် ယွမ်ရှင်းကျဲ အသက်ကိုဖြည်းဖြည်းရှူသွင်းရင်း စိတ်စွမ်းအားကို ထိန်းညှိ​နေလိုက်သည်။ မက်ခါ၏အပြင်ဘက်တွင် ကျိုး​ဖေးရွယ်၏အမူအယာမှာရှုပ်​ထွေး​နေပြီး 

အဘယ်​ကြောင့်ပြန်ဆင်းမလာ​သေးသနည်းဟု​တွေး​နေ​လေသည်။ 


ငါးမိနစ်ကြာပြီး​​နောက်တွင် ယွမ်ယှင်းကျဲ စိတ်စွမ်းအင်ဖြည့်တင်းခြင်း​အောင်မြင်သွားခဲ့သည်။ သူ၏စိတ်စွမ်းအားမှာမက်ခါ၏ ကိုယ်ထည်တစ်ခုလုံးကိုစီးဆင်းလျက် ၄င်းမှာ ​သွေးများလည်ပါတ်​နေသည့်အတိုင်းပင် ယွမ်ရှင်းကျဲမှာမိမိ​အောင်မြင်​တော့မည်ဟုထင်​နေတုန်းတွင် အလွန်အား​လျော့​စေ​သော ပင်ပန်းနွမ်းနယ်မှုကိုခံစားလိုက်ရသည်။ 


 ဤအပါတ်ထဲတွင် သူသည်ရုပ်ပိုင်းဆိုင်ရာ​လေ့ကျင့်ခန်းများစွာပြုလုပ်ရပြီး ​​စော​စောထကာ မက်ခါလည်းပြင်ရ​သေးသည်။ ယွမ်ရှင်းကျဲမှာသူ၏ခံနိုင်ရည်ဂိတ်ဆုံး​ရောက်ခါနီးပင်။  သို့​သော်သူ၏စိတ်စွမ်းအားကမူ မက်ခါအား​အောင်မြင်စွာ စတင်နိုင်လိုက်သည်။ 

မက်ခါထံမှ အလင်း​ရောင်​တောက်ပလာပြီး လူတိုင်းက မက်ခါ၏ရင်ဘတ်မှ မီးအလင်း​ရောင်အား အံ့အားသင့်စွာကြည့်လိုက်မိကြသည်။ 


 "​သေစမ်း၊ သူဘယ်လိုများ လုပ်နိုင်သွားတာလဲ" 


"စွမ်အင်မီးကတကယ်လင်းလာတာလား၊ ငါပဲထင်​ယောင်ထင်မှား​တွေမြင်​နေတာလား" 


​အော်ရီရယ်မှာ အလွန်စိတ်လှုပ်ရှားလာပြီး စွမ်းအင်မီးအားစိုက်ကြည့်​နေမိသည်။ စက္ကန့်အနည်းငယ်​ကျော်လွန်သွားလျှင် ယွမ်ရှင်းကျဲမှာ ရှုံးနိမ့်သွား​ပုံ​ပေါ်ကာ သူကစိတ်သက်သာရာရစွာသက်ပြင်းချလျက် 


"ငါ​ပြောမယ် သူ့လို​ကောင်ကဘယ်လိုလုပ်မက်ခါကိုစက်နှိုးနိုင်မှာလဲ"


နာနို၀တ်စုံက ယွမ်ရှင်းကျဲ၏ကိုယ်အားရစ်ပတ်ထားလျက် မက်ခါ၏အလိုအ​လျောက်စနစ်က သူ့အားမတ်မတ်ရပ်နိုင်​စေရန်ပံ့ပိုး​ပေးထားသည်။ 


မျက်လုံးကိုမှိတ်လျက် မျက်​မှောင်ကျုံ့ကာ 

နဖူးမှ​ချွေးများစီးကျလာခဲ့သည်။ နည်းနည်းပဲလို​တော့တာ၊ နည်းနည်းပဲ ထပ်ပြီး.. 


သူ၏အတိတ်ဘ၀မှအိမ်မက်မှာပြည့်၀​တော့မည်။ 

ယွမ်ရှင်းကျဲပင်ပန်းမှုကို​တောင့်ခံလျက် အံကိုကြိတ်ကာ ​နောက်ဆုံးလက်ကျန်စိတ်စွမ်းအားကိုသုံးလျက် မက်ခါ​၏နှလုံးအားနှိုးလိုက်​တော့သည်။ 


ကျိုး​ဖေးရွယ်မှာ အသံမြှင့်စက်ကိုထုတ်ယူလျက် ​အော်လိုက်သည်။


"အခုဆင်းလာ​တော့ ယွမ်..."


သူ၏​လေသံမှာတ၀က်တပျက်ရပ်တန့်သွားခဲ့ရသည်။ လူတိုင်း၏အသံမှာလည်းတိတ်ဆိတ်သွားလျက် မက်ခါ၏ကိုယ်ထည်မှ စွမ်းအင်မီးမှာ အမှန်တကယ်​တောက်ပ​နေသည်ကို​တွေ့လိုက်ရ​တော့သည်။ 


လိ​​​မ္မော်​ရောင် မီး​ရောင်မှာ မျက်စိကျိန်း​လောက်ဖွယ်​တောက်ပလျက် အားလုံး၏မျက်လုံးတွင်​ရောင်ပြန်ဟပ်​နေခဲ့သည်။ အိပ်​ပျော်​နေ​သော မက်ခါကြီး ရုတ်ချည်းမျက်လုံးများပွင့်လာသည့်နှယ်၊...


xxxxx