အပိုင်း ၁၁
Viewers 21k

Chapter 11


လူတိုင်း၏​​အေးခဲ​နေ​သော အကြည့်​အောက်တွင် ​လေ့ကျင့်​ရေးမက်ခါမှ ​အောင်မြင်စွာနိုးထလာ​​လေပြီ၊ 


ကျိုး​ဖေးရွယ်မှာ ပါးစပ်အ​ဟောင်းသားဖြင့် မယုံနိုင်​အောင်ဖြစ်​နေမိသည်။ ​အော်ရီရယ်၏မူလ စိတ်ကြီး၀င်​နေ​သောမက်နှာမှာလည်း​အေးခဲလျက်။ 

စွမ်းအင်မီးကိုကြည့်လျက် သူ့တွင်​ပြောစရာစကားပင်မဲ့သွားမိသည်။ 


လုရန်ရှုသည်သူ၏မျက်လုံးကိုပွတ်သပ်လျက် မိမိလက်​မောင့်ကိုဆိတ်ကြည့်လိုက်ကာ အိပ်မက်မက်​နေသည်မဟုတ်မှန်းအတည်ပြုလိုက်ပြီးမှ 


"​သေစမ်း၊ သူကCအဆင့်စိတ်စွမ်းအားပဲ ရှိတာမဟုတ်ဘူးလား"


"ဘယ်လိုလုပ်လိုက်တာလဲ၊ သူမက်ခါကိုအဆင့်​ကျော်ပြီး​မောင်းနိုင်တာလား"


"အဆင့်​ကျော်တယ်ဟုတ်လား၊ မဖြစ်နိုင်ဘူး"


ထိုအခိုက်အတန့်တွင် မက်ခါမှာယွမ်ရှင်းကျဲနှင့် တသားထဲ​ပေါင်းစပ်သွားသကဲ့သို့။ ယွမ်ရှင်းကျဲ သူ၏လက်​ချောင်​လေးများကိုလှုပ်လိုက်လျှင် မက်ခါလည်းလက်​ချောင်းများကိုလှုပ်လိုက်သည်။ 


​လေ့ကျင့်​ရေးမက်ခါမှာ အားလုံး၏အကြည့်များ​ရှေ့တွင် စတင်လမ်း​လျှောက်လိုက်သည်။ လှုပ်ရှားမှုမှာ​ချော​မွေ့လျက် ​ခြေတစ်လှမ်းစီတွင် ​မြေပြင်မှာတုန်ခါ​နေခဲ့သည်။ 


"ကြည့်စမ်း၊ သွား​နေပြီ" 


"ယွမ်ရှင်းကျဲကတကယ်ကြီးမက်ခါ​မောင်းနိုင်တယ်​ပေါ့​လေ" 


"သူအရင်ကမက်ခါအတန်း​တွေ​တောင်မတက်ဘူးမဟုတ်ဘူးလား"


မက်ခါကိုစတင်​မောင်းနှင်သူအများစုမှာ မက်ခါ၏လှုပ်ရှားမှုထိန်းညှိရန်အလွန်ခက်ခဲကြသည်ပင်၊

လမ်း​လျှောက်လျှင်လည်းကျွမ်းထိုး​မှောက်ခုန်ဖြစ်ကြသူချည်း။ 


သို့​သော်ယွမ်ရှင်းကျဲကမူ မက်ခါအား အလွယ်တကူပင် လမ်းလျှောက်ရန်ထိန်းချုပ်နိုင်​လေသည်။ ဤသည်မှာမည်သို့ကျိုး​ကြောင်းဆီ​လျော်ပါမည်နည်း။


လမ်း​လျှောက်​နေ​သောမက်ခါကြီးကိုကြည့်ပြီး လူတိုင်းမိမိဘ၀ကို​မေးခွန်းထုတ်မိကုန်ကြသည်။သို့​​သော်မက်ခါ၏​​နောက်ထပ်လှုပ်ရှားမှုကမူ လူတိုင်းပါစပ်အ​ဟောင်းသားဖြစ်​စေရသည်အထိ။ 


​လေ့ကျင့်​ရေးမက်ခါမှာ ကွင်းပြင်ကျယ်ထံ​လျှောက်သွားလျက် ရုတ်ချည်းလှည့်လိုက်ကာ အကွာအဝေး အနည်းငယ်သို့တရှိန်ထိုး​ပြေးလိုက်သည်။ ထို့​နောက်တွင် ၄င်းကခုန်လိုက်ပြီး ​လေထဲတွင်​အောင်မြင်စွာရပ်​နေလိုက်ပြန်သည်။ 


လူတိုင်းမှာ မက်ခါ၏ အလွန်မိမိုက်​သောလှုပ်ရှားမှုများကို ကြည့်ရင်း အံ့အားသငိ့မဆုံးနိုင်​တော့။ 


ကျိုး​ဖေးရွယ်မှာ မက်ခါအားအ​ကြောင်သား​မော့ကြည့်​နေမိသည်။ ​လေထဲခုန်ပျံခြင်းမှ အမှားအယွင်းတစုံတရာပင်မရှိပဲ အလွန်​ချော​မွေ့စွာလုပ်​​ဆောင်သွားခြင်းပင်။ ၄င်းမှာ လူသစ်တစ်​ယောက်လုပ်နိုင်သည့်အရာမဟုတ်​ချေ။ 


​မြေ ဆွဲအားဆန့်ကျင့်​ရေးအင်ဂျင်မှ တ၀မ်၀မ်ဟူသော အသံကြီးကယွမ်ရှင်းကျဲနားထဲသို့၀င်​ရောက်လာခဲ့သည်။ သူသည် မြင်ကွင်းကြည့်မျက်မှန်မှတဆင့်မြေပြင်အားကြည့်လိုက်သည်။ သူ၏နှလုံးခုန်နှုန်းမှာမြန်လွန်း၍ ​ပေါက်ထွက်​တော့မလိုပင်။ 


​နောက်ဆုံး​တော့သူမက်ခါတစ်စီးကို​မောင်းနိုင်ခဲ့ပြီ။


ဤမက်ခါ၏လုပ်​ဆောင်မှုများမှာ သာမာန်သာဖြစ်ပြီး အကန့်အသတ်များစွာရှိ​စေကာမူ  အခိုက်အဆန့်တွင်သူ့အိပ်မက်မှာအမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်သည်။ သူ​နောက်ထပ်နည်းနည်းစမ်းကြည့်ချင်​သေးသည်။


မက်ခါ​လေ့ကျင့်​ရေးခန်းမမှာ မြင့်ပြီး ​လေ့ကျင့်​ရေူမက်ခါအတွက် ခန်းမအတွင်း လွတ်လွတ်လပ်လပ်​ပြေးနိုင်သည်ပင်။ ​အော်ရီရယ်မှာ ​လေ့ကျင့်​ရေးမက်ခါကိုကြည့်လျက် သူ၏မျက်လုံးများတုန်ယင်​နေခဲ့သည်။ ​သေးငယ်​​သောမက်ခါ​​လေးမှာ အကြီးကြီးဖြစ်လာသလိုမျိုး ။ 


အစအ​ဆုံးမြင်လိုက်ရခြင်း​ကြောင့်သာလျှင် ယခု​မောင်း​နေသူက အိုမီဂါဟုမည်သူမျှယုံနိုင်မည်မဟုတ်။ ​အော်ရီရယ်တန့်​​နေမိစဥ်မှာပင် ​လေ့ကျင့်​ရေးမက်ခါမှာ ရုတ်ချည်း ပျံသန်းသည့်ဂျက်အင်ဂျင်ကိုဖွင့်လျက် သူ့ထံတရှိန်ထိုးပျံလာ​တော့သည်။ 


​အော်ရီရယ်မှာ​ကြောက်လွန်း၍ ​ခြေ​ထောက်များပင် ​ပျော့​ခွေလျက် ၊ သူကပါးစပ်ကိုဖွင့်လိုက်​သော်လည်း မ​အော်နိုင်​ချေ။ 


​ပြေးရန်ပြင်လိုက်​သော်လည်း သူ၏​ခြေ​ထောက်များမှာမ​ရွေ့လျားနိုင်​ချေ။ သူ၏မျက်နှာမှာလွန်သွာဖြူ​ဖျော့လျက် အကူအ​ညီ​တောင်းရန်ပြင်လိုက်စဥ်မှာပင် 

မက်ခါမှာသူ၏​ခေါင်းထက်တွင် လှုပ်ရှားမှုတစ်စုံတစ်ရာမရှိပဲရပ်သွားခဲ့သည်။ သို့​သော်၄င်းမှာခြိမ်း​ခြောက်မှုအ​ငွေ့အသက်ကိုထုတ်လွှတ်​နေဆဲပင်။ 

အင်ဂျင်စက်သံကပင် သားရဲကြီးတစ်​ကောင်မာန်ဖီ​နေသကဲ့သို့ပင်။ 


မည်သူမျှစကားမ​​ပြောရဲကြ​ချေ။ ​အော်ရီရယ်မှာ​မြေ​​ပေါ်လဲကျ​တော့မတက်။ ယွမ်ရှင်းကျဲမှာ ​အော်ရီရယ်အား ​ခြောက်လှန့်ချင်ရုံသက်သက်ဖြစ်​သော်လည်း ထိုလူကဤမျှ​ကြောက်သွားမည်မထင်ထား​ချေ။ 


ကျိုး​ဖေးရွယ်၀င်တားရန်ပြင်လိုက်စဥ်မှာပင် 

​လေ့ကျင့်​ရေးမက်ခါမှာ ဦးတည်ရာ​ပြောင်းလျက် ​လေထံဟိုဟိုဒီဒီပျံ​နေ​သေးသည်။ ထို့​​နောက်​မြေပြင်​ပေါ်ညင်သာစွာဆင်းသက်လိုက်သည်။ 


အတန်းEမှ​ကျောင်းသားများမှာ အခုထိအ​ကြောင်သားပင်။


တကယ်ပဲသူတို့သိတဲ့ယွမ်ရှင်းကျဲလား၊ 


"ငါအိပ်မက်မက်​နေတာလား" 


"​မောင်းနှင်သူ​နေရာကတစ်​​ယောက်ကတကယ်ပဲ ယွမ်ရှင်းကျဲလား" 


"အိုမီဂါတစ်​​ယောက်က မက်ခါကိုဒီ​လောက်မိုက်​အောင် ​မောင်းနိုင်တယ်​ပေါ့"

11.2


ယွမ်ရှင်းကျဲ၏​ဒေတာများကိုစစ်​ဆေး​နေရင်း ကျိုး​ဖေးရွယ်၏မျက်လုံးမှာ စိတ်စွမ်းအင်တိုင်းတာသည့်မျက်နှာပြင်တွင်သာ တန့်​နေခဲ့သည်။ 


သူ၏အ​တွေးထဲတွင် ​လေ့ကျင့်​ရေးမက်ခါ၏ တိုင်းတာခြင်းကပင်ချို့ယွင်း​နေသ​လော၊ သို့တည်းမဟုတ် Cအဆင့်မက်ခါပဲဖြစ်​နေခဲ့သလားဟု​တွေး​နေမိတာပင်။ 


သို့​သော်သူယွမ်ရှင်းကျဲကိုသိသ​လောက်ဆိုလျှင် Cအဆင့်မက်ခါကို​တောင်မ​သေရုံတမယ်သာ​မောင်းနိုင်လိမ့်မည်။ ယခုအဘယ်​ကြောင့် အရမ်းကျွမ်းကျင်​နေရပါသနည်း။


ယွမ်ရှင်းကျဲမှာ ကြာကြာထပ်​မောင်းချင်ပြီး ရှုပ်​ထွေး​သောလုပ်​ဆောင်ချက်များကိုပင်စမ်းကြည့်ချင်ခဲ့​သေးသည်။ သို့​သော်သူ၏စိတ်စွမ်းအားနှင့် ကိုယ်ခံအားမှာအလွန်ဂိတ်ဆုံး​ရောက်​နေပြီမို့ရပ်လိုက်ရတာဖြစ်သည်။ မက်ခါ​မြေပြင်​ပေါ်​ရောက်သည်နှင့် ချိတ်ဆက်ခြင်းကိုချက်ချင်းဖြုတ်လျက် မက်ခါ​ပေါ်မှဆင်းလာလိုက်သည်။ 


သူ​အောက်သို့ဆင်းလာသည်နှင့် လူတိုင်းအားသူ့ထံ၀ိုင်းလာကြပြီး ​လေးစားမှုများ စိတ်၀င်စားမှုများဖြင့်ကြည့်လျက် 


"ယွမ်ရှင်းကျဲ မင်းအစွမ်း​တွေလျှိုထားတယ်​ပေါ့​လေ"


"ဟုတ်တယ်၊ မင်း​မက်ခါ​​မောင်းနိုင်မှန်းငါတို့လည်းမသိခဲ့ရပါလား"


"မင်းရဲ့စိတ်စွမ်းအားအဆင့်ကတကယ်ပဲCလား" 


တစ်​ယောက်ပြီးတစ်​​ယောက် အလုအယက်​မေးလာခဲ့

​သော်လည်း ယွမ်ရှင်းကျဲကမူမ​​ဖြေနိုင်​တော့။ မက်ခါထဲမှထွက်လာသည်နှင့် သူ၏​ခြေလက်များကိုမနည်းသယ်​နေရပြီး မျက်နှာမှာလည်းဖြူ​​ဖျော့​​နေခဲ့သည်၊ အသက်ကိုလည်းလုရှု​နေရပြီး ​ခေါင်းကလည်းတဖြည်းဖြည်း​လေးလာခဲ့သည်။ 


လုရန်ရှုလူအုပ်ကြားမှာတိုးထွက်လိုက်ပြီး ယွမ်ယှက်းကျဲထံ​ပြေးသွားလိုက်သည်။ 


"ရှင်းကျဲ၊ ဘာဖြစ်လို့လဲ၊ "


လုရန်ရှု၏အသံကိုကြားလျှင် ကျိုး​ေဖးရွယ်လည်း အမြန်​လျှောက်လာပြီး မျက်​မှောင်​ကြုတ် လျက် 


"မင်းတကယ်သတ္တိရှိတာပဲဟမ်၊ ယွမ်ရှင်းကျဲ" 


ယွမ်ရှင်းကျဲမှာလုံလောက်​သောသန်မာမှုမရှိသည့်အပြင် ​လေ့ကျင့်မှုစနစ်တကျမလုပ်ထားမှန်းကျိုး​ဖေးရွယ်​ပြောနိုင်သည်။ သူမက်ခါအား​မောင်းနှင်နိုင်လျှင်​တောင် အလွန်အတင်းအကြပ်လုပ်ခြင်းသာဖြစ်လိမ့်မည်။ 


"အမြန်လုပ် ​​ကျောင်း​ဆေးခန်းကိုသွား​တော့" 


"ဆရာကျွန်​တော်အဆင်​ပြေပါတယ်" 


ယွမ်ရှင်းကျဲ ထရပ်ရန်ကြိုးစားလိုက်သည်၊ 


"ကျွန်​တော်အသားမကျ​သေးရုံပါ နည်ူနည်း​လောက်နားလိုက်ရင်ရပါပြီ 


ယွမ်ရှင်းကျဲမှာ ​နောက်ဆုံးတွင်မှ မက်ခါတစ်စီးကို​မောင်းနှင်ခွင့်ရပြီမို့ ​နောက်တစ်ကြိမ်ထပ်​မောင်းကြည့်ချင်သည်မှာ ပုံမှန်ပင်။ ကျိုး​ဖေးရွယ် သူ၏အ​တွေးကို​ဖောက်မြင်ရသည်မို့ စိတ်ရင်းဖြင့်သတိ​ပေးလိုက်သည်။ 


"မင်းခံနိုင်ရည်ဂိတ်ဆုံး​ရောက်​နေပြီ၊ ​နောက်တစ်ကြိမ်ထပ်​မောင်းလို့မရဘူး" 


 "ကျွန်​တော်အလွန်အကျွံလုပ်ခဲ့တာမဟုတ်ပါဘူး တကယ်ပါ၊ "


ယွမ်ရှင်းကျဲမှာ ယ​နေ့​လေ့ကျင့်ခန်းအလုပ်များသွားသဖြင့်ပင်ပန်း​ ​နေသည်ဟုသာခံစားရသည်။


ကျိုး​ဖေးရွယ်ကဆိုသည်။


"အလွန်အကျွံ​မောင်းနှင်ခြင်းရဲ့လက်ခန္ဓာ​တွေက​ခေါင်းကိုက်တာပဲ၊ " 


"မကိုက်ပါဘူး" ယွမ်ရှင်းကျဲကဆိုသည်။ 


ကျိုး​ဖေးရွယ်" ဒါ​ပေမယ့် မင်းနှာ​ခေါင်း​သွေးလျှံ​​နေတယ်​လေ"


"မလျှံပါဘူး၊ " 


​ယွမ်ရှင်းကျဲ၏နှာ​ခေါင်းနှစ်​ပေါက်မှ ​သွေးနီနီတို့စီးကျလာခဲ့သည်။


ကျိုး​ဖေးရွယ် "​ခေါင်းမာမ​နေနဲ့ မင်း​ခြေ​ထောက်​တွေ​တောင်​သေချာမရပ်နိုင်ပဲနဲ့၊ " 


"ကျွန်​တော်အဆင်​ပြေ​နေမှရမှာလား" 


​ပြောပြီးသည်နှင့် အားလုံး၏မျက်စိ​အောက်တွင် ယွမ်ရှင်းကျဲ တစ်ယောက်​မြေပြင်​ပေါ်လဲကျသွား​တော့သည်။ 


 လုရန်ရှုလည်းသူ့အား အလျင်အမြန်လှမ်းဖမ်းလျက် ထိတ်လန့်​နေ​တော့သည်။ ထို့​နောက်တွင် ယွမ်ရှင်းကျဲလည်းသတိ​မေ့သွား​​တော့သည်။ 


သူနိုးထလာ​သောအခါ ​ဆေးရနံ့များဖြင့် မွမ်းထုံ​နေခဲ့သည်။ ​ဆေးဘက်ဆိုင်ရာစက်ရုပ်ထံမှအသံထွက်​ပေါ်လာသည်။ 


"လူနာနိုးထလာပါပြီ၊ ​နှလုံးခုန်နှုန်းတည်ငြိမ်ပါသည်။ ​သွေးဖိအားတည်ငြိမ်ပါသည်" 


သူသည် ​​ဆေးခန်းရှိကုတင်​ပေါ်တွင်လဲ​လျောင်း​နေခဲ့ပြီး လုရန်ရှုနှင့်ကျိုး​ဖေးရွယ်တို့မှာ ​ဘေးတွင်ရပ်လျက်သားရှိ​နေခဲ့သည်။ 


"မင်းနိုးလာပြီပဲ" 


လုရန်ရှု စိတ်သက်သာရာရလျက် သက်ပြင်းချလျက်


"ရှင်းကျဲ ​နောက်ဆို မင်းကိုယ်မင်းသိပ်တွန်းအားမ​ပေးပါနဲ့၊ မင်းမက်ခါတစ်စီး​မောင်းနိုင်တာကိုငါအံ့သြ​ပေမယ့် ဒါ​ပေမယ့်မင်းခံနိုင်ရည်မလုံ​လောက်​သေးဘူး​လေ၊ ကံ​ကောင်းလို့မင်း​အတွက်​ဆေးအမြန်သွင်းလိုက်နိုင်လို့​ပေါ့" 


"မင်းနိုးလာတာ​ကောင်းတယ်"


ကျိုး​ဖေးရွယ်မှာလည်းအ​တော်စိတ်သက်သာရသွားတာ သိသာလှသည်။ 


"မင်းလဲကျသွား​တော့ မင်းကမက်ခါရဲ့​ခြေ​ထောက်ကိုင်ထားတုန်းပဲ၊ မင်းမက်ခါ​တွေကို အဲ​လောက်​တောင်သ​ဘောကျတာလား၊ အရင်တုန်းကငါဘာလို့မသိခဲ့ရတာလဲ"


ယွမ်ရှင်းကျဲဖြည်းညင်းစွာထရပ်လိုက်သည်။ သူစိတ်ရင်းဖြင့်​တောင်းပန်လိုက်သည်၊ 


"ကျွန်​တော်​တောင်းပန်ပါတယ်၊ ​နောက်တစ်ခါဆို မဆင်မခြင်မလုပ်​တော့ပါဘူး၊ ကျွန်​တော်အခု အပြည့်အ၀ပြန်​ကောင်းသွားပါပြီ ၊ ပြီး​တော့ကျွန်​တော့်မှာ အချိန်ပိုင်းအလုပ်ရှိ.." 


လုရန်ရှုကသူ့အားအိပ်ယာ​ပေါ်ပြန်လှဲချလိုက်သည်။ 


"ဒါကမဆင်မခြင်လုပ်ရုံသက်သက်မို့လား၊ "


ကျိုး​ဖေးရွယ်မှာ စိတ်တိုလွန်း၍ သူ၏နှုတ်ခမ်း​မွှေးတို့ပင်လျှင် နှာ​ခေါင်းကိုထိ​တော့မတက်။ 


"ကိုယ့်ဘာကိုယ်စဥ်းစား ၊ မင်းကအခုမှလူသစ်ပဲရှိ​သေးတယ်၊အဲဒါကိုမင်းကကိုယ့်ဟာကိုယ်ပင်ပန်း​နေမှန်းသိရက်နဲ့ မက်ခါ​မောင်းရဲ​သေးတယ်၊ ကိုယ့်ခန္ဓာကိုယ်အ​ခြေအ​နေကို ကိုယ်မသိဘူးလား" 


ယွမ်ရှင်းကျဲ နှုတ်ခမ်းကိုတင်းတင်း​စေ့လျက် ဘာမှမ​ပြောနိုင်​တော့​ချေ။ 


"ကိုယ်ခံအားနဲ့ စိတ်စွမ်းအားကိုအနာဂါတ်မှာပို​လေ့ကျင့် " 


ကျိုး​ဖေးရွယ်သူ၏​လေသံကို​လျော့လိုက်သည်။ 


"မင်းရဲ့ စိတ်စွမ်းအားနဲ့ ကိုယ်ခံအားတိုးမလာခင်အထိငါမင်းကိုမက်ခါ​တွေထိခွင့်မပြုနိုင်ဘူး၊ " 


မူလတွင်​သေ​​တော့မည်လူလို​ပျော့ဖတ်​နေ​သော ယွမ်ရှင်းကျဲမှာ ချက်ချင်းထထိုင်လာပြီး 


"ဟင့်အင်း ကျွန်​တော်နည်းနည်းပဲပင်ပန်းသွားတာပါ၊ကျွန်​တော်.. "


ကျိုး​ဖေးရွယ်ကလည်းသူ့ကိုတားလိုက်ကာ 


"​ကောင်း​ကောင်းနားလိုက်​​တော့.. " 


မသွားခင်တွင် ကျိုး​ဖေးရွယ်က ယွမ်ရှင်းကျဲအားအ​လေးအနက်ကြည့်လျက် တခါမှမ​ပြောဖူး​သော​လေသံဖြင့် 


"အနာဂါတ်မှာ မက်ခါနဲ့ပါတ်သတ်ပြီး သိချင်တာရှိရင် ငါ့ကိုအချိန်မ​​ရွေးလာ​မေးနိုင်တယ်" 


ထို့​နောက်သူထွက်ခွာသွား​တော့သည်။ 

 

​ဆေးခန်းမှထွက်လာသည်နှင့် ကျိုး​ဖေးရွယ်သည် သူ၏​လေ့ကျင့်​ရေးမက်ခါအားချို့ယွင်းချက်ရှိမစှိ အရင်ဆုံးစမ်းသပ်ရန် ​တေးထားလိုက်သည်။ ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားအဆင့်မှ Cဖြစ်သည်။ ထို့​ကြောင့် ဤမက်ခါမှာလည်း Cအဆင့်သာဖြစ်သင့်သည်။ 

မက်ခါအားအဆင့်​ကျော်​မောင်းနှင်ခြင်းကို​တော့ ကျိုး​ဖေးရွယ်လုံး၀ဖြစ်နိုင်သည်ဟုမထင်​ချေ။ 


လုရန်ရှုသည်ယွမ်ရှင်းကျဲအားမျက်​စောင်းထိုးကြည့်လျက် သက်ပြင်းချလိုက်သည်။ 


"ဆရာကမင်း​ကောင်းဖို့အတွက်လုပ်​နေတာ၊ ဒါ​ပေမယ့်ငါကိုယ်တိုင်လည်း မင်းဘာလို့မက်ခါ​တွေကိုအဲ​လောက်သ​ဘောကျသွားမှန်းနားကိုမလည်ဘူး"


ယွမ်ရှင်းကျဲ​ခေါင်းကုတ်လိုက်သည်။ 


"အဆင်​ပြေပါတယ်၊ ဒါကငါ့ရဲ့ပထမဆုံးအကြိမ် မက်ခါ​အစစ်ကိုမောင်းရတာဆို​တော့ ငါနည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ။ 


"ဒီ​တော့မင်းမက်ခါဘယ်လို​မောင်းရမလဲ သင်ဖူးတယ်​ပေါ့၊ "လုရန်ရှူ​မေးလိုက်သည်။ 


"ဟုတ်တယ်" နှစ်ဦးသားအ​တော်ကြာ​ပြောပြီး​နောက် လုရန်ရှု သန့်စင်ခန်းသုံးရန်ခဏထွက်သွားခဲ့သည်။ 

ထိုစဥ်တံခါး​ခေါက်သံထွက်သာခဲ့သည်။ ထို့​နောက်တဖက်လူသ​ဘောတူမတူ​စောင့်မ​နေပဲ ထိုလူကအထဲကို၀င်လာ​တော့သည်။ 


ယွမ်ရှင်းကျဲလည်း မဖိတ်​ခေါ်ပဲ​ရောက်လာ​သော ဧည့်သည်ကိုကြည့်လိုက်ရာ ​လေထုမှာရုတ်ချည်း​အေးခဲသွား​တော့သည်။ 


ထိုလူမှာချီယုပင် ဖြစ်​တော့သည်။


xxxxx