အပိုင်း ၁၂
Viewers 21k

Chapter 12


ယွမ်ရှင်းကျဲ ခဏမျှအံ့အားသင့်​နေပြီး​နောက် ​အေးစက်စွာဆိုလိုက်သည်။ 


"မင်းကိုဘယ်သူက၀င်လာခိုင်းလို့လဲ" 


ချီယု​လေသံကမူတည်ငြိမ်လျက်


"ငါ့မှာမင်းကို​ပြောစရာရှိတယ်" 


ယွမ်ရှင်းကျဲလည်း ချီယုယခု​ရောက်လာခြင်းမှာ မိသားစုကစ္စဖြစ်​လောက်မှန်းရိပ်မိ​လေသည်။ 

အမူအယာကိုခန့်မှန်းရသ​လောက် စိတ်​ကောင်း၀င်​နေပုံပင်။


ယွမ်ရှင်းကျဲမှစ၍ ​စေ့စပ်လမ်း​ကြောင်းဖျက်လိုက်စဥ်က သူအနည်းငယ်စိတ်ဓါတ်ကျ​နေခဲ့သည်။ သူ့အမြင်တွင် သူသည်ယွမ်ရှင်းကျဲလိုလူမျိုးထံမှ ​စေ့စပ်လမ်း​ကြောင်းအဖျက်မခံရသင့်​ပေ။ သို့သော်လည်း​ဘေးတွင် ပြသနာရှာ​နေ​သောသူမရှိ​တော့သဖြင့် အ​တော်​လေးအဆင်​ပြေသွားသည်ဟု​တော့​တွေးမိဆဲပင်၊ 


ထပ်​ပေါင်းရလျှင်ယွမ်ရှင်းကျဲ၏မိဘများက ချီယုအားအဆက်မပြတ်ဆက်သွယ်လျက် ယွမ်ရှင်းကျဲ၏အမှားကိုခွင့်လွှတ်​ပေးရန်​တောင်းပန်သည့်အခါ သူ့စိတ်မှအနည်းငယ်​ကျေနပ်သွားခဲ့သည်။ 

ကြည့်ရသည်မှာယွမ်ရှင်းကျဲ နည်းနည်း​လေးမှ ​စေ့စပ်လမ်း​​ကြောင်းဖျက်ချင်ခဲ့ပုံမ​ပေါ်​ချေ။ သူ့ထံမှအာရုံစိုက်ခံရ​အောင် လုပ်​နေခြင်းသက်သက်သာ။ 

 

သူကိုယ်တိုင်ပြန်​တောင်းပန်ရမှာရှက်၍ မိသားစုအား အပူကပ်ထားခြင်းဖြစ်လိမ့်မည်။ သူသည် ယွမ်စှင်းကျဲသူ့ထံ​ရောက်လာမည်ကို​စောင့်​နေခဲ့သည်။ သို့​သော်တဖက်လူက အ​တော်​လေး​ဟန်​ဆောင်​ကောင်းပြီး တစ်ပါတ်​လောက်​ပျောက်​နေနိုင်မည်မထင်ထား​ချေ။ 


"ကြည့်ရတာမင်းကဒီအပတ်ထဲအ​တော်​လေးခံစားလိုက်ရပုံပဲ" ချီယုသည်သူ၏နှုတ်ခမ်းပါးကိုမြှင့်လျက် ​လှောင်သံဖြင့်ဆိုသည်၊ 


"ကြည့်စမ်း အ​တော်ပိန်သွားတာပဲ ဟမ်" 


ယွမ်ရှင်းကျဲအတွက် ဤရက်သတ္တပါတ်မှာအလွန်ပင်ပန်းသည့်တိုင် ၎င်းမှာချီယုနဲ့​တစိုးတစိ​သော်မျှ သက်ဆိုင်ခြင်းမရှိ​ချေ။ ယွမ်မိသားစုက ချီယုကို​တောင်းပန်ရန်​ပြော​သော်လည်း သူအမြဲငြင်းခဲ့သည်ချည်း။ 


ယွမ်ရှင်းကျဲသူ့အား အမူအယာမဲ့စွာကြည့်လျက် 


"ဒါကမင်း​ပြောစရာရှိတဲ့စကားလား"


 "မင်းမိဘ​တွေကငါ့ကိုတချိန်လုံး​တောင်းပန်​နေကြတာ" ချီယုကသူ့ကိုကြည့်လျက်ဖြည်းညင်းစွာ​ပြောလိုက်သည်။ 


"ငါဒီကိုလာတယ်ဆိုတာ သူတို့ကိုမျက်နှာသာ​ပေးရုံသက်သက်ပဲ" 


ယွမ်ရှင်းကျဲ ဘာမှပြန်မ​ပြော​ချေ။ ချီယုစိတ်ကူးယဥ်ထားသည်က ယွမ်ရှင်းကျဲမှာ လမ်းခွဲပြီး​နောက် အသဲကွဲ​နေမည်ဟု၊သူခံစား​နေရ​သော၀မ်းနည်းမှုများမှာ မိမိအားပြန်​တွေ့သည့်အခါ​ပေါက်ကွဲထွက်လာလိမ့်မည်ဟု​ထင်ထားခဲ့သည်။ 


သို့​သော်ယွမ်ရှင်းကျဲမှာယခုထိ တည်ငြိမ်သလိုဟန်​ဆောင်​နေဆဲပင်။ 


"မင်းအတန်းထဲကလး​တွေ​ပြောတာ​တော့ မင်းမက်ခါ​မောင်းပြီး​မေ့လဲသွားတာဆို" 


"အင်း" 


ယွမ်ရှင်းကျဲပြတင်း​ပေါက်အပြင်ကို​​ငေးလျက် သူ့​လေသံကမူခံစားချက်မပါလှ​ချေ။ ချီယု​ထေ့​ငေါ့လိုက်သည်။ 


"မင်းဒီလို​တွေလုပ်​နေဖို့လိုလို့လား တကယ်ပဲ"


ချီယုအမြင်တွင် ယွမ်ရှင်းကျဲမှာ အသဲကွဲသဖြင့် ထင်ရာ​လျှောက်လုပ်​နေခြင်းဟု။ 


သူကစုကျီနန်ကဲ့သို့ မက်ခါ​မောင်းနှင်နိုင်​သောအိုမီဂါတစ်​ယောက်ဖြစ်လာ​အောင်လုပ်ပြီး ချီယုထံမှ ပြန်လည်သ​ဘောကျခံရ​အောင်ကြိုးစား​နေခြင်းဟုထင်လိုက်သည်။ ထို့​ကြောင်မက်ခါများအားအရူးအမူဖြစ်လာခြင်းဖြစ်လိမ့်မည်ဟု။ 


"မင်း​ပြောလို့ပြီးပြီလား" 


ယွမ်ရှင်းကျဲ ချီယုအားကြည့်လျက် ​မေးလိုက်သည်။ 


"​သြော် နည်းနည်းကျန်​သေးတယ်၊ "


ချီယုလည်း ယွမ်ရှင်းကျဲထံမှ စိတ်၀င်စားမှုမရှိ​သောအမူအယာကိုမြင်လျှင် အနည်းငယ်မ​ပျော်မရွှင်ဖြစ်သွားမိသည်။ 


"ငါဆို့ချီမိသားစုကကပ်စီးနည်းမ​နေဘူး၊ မင်းစိတ်ရင်းနဲ့​တောင်းပန်သ၍ ငါမင်းကို​ကျောင်းကကန်မထုတ်ဖို့စဥ်းစား​​ပေးမယ်" 


ယွမ်ရှင်းကျဲရုတ်ချည်းလက်ကိုဆန့်ထုတ်လျက် လူ​ခေါ်ဘဲလ်ကိုဖိလိုက်သည်တွင် ချီယုတန့်သွားခဲ့သည်။ 

အပြင်မှ သူနာပြုကအ​ပြေး​ရောက်လာပြီး စိုးရိမ်တကြီး​မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ"


"ဒီမှာစိတ်​ရော ဂါရ​နေတဲ့လူနာတစ်​ယောက်ရှိ​နေတယ်" ယွမ်ရှင်းကျဲ ချီယုအားလက်ညှိုးထိုးလျက် ဆိုလိုက်သည်။ 


"​ကျေးဇူးပြုပြီးအမြန်​ခေါ်ထုတ်သွား​ပေးပါ" 


​ဆေးခန်းတွင် လူနာ၏ဆန္ဒမှာ အ​ရေးအကြီးဆုံးပင်။ 

သို့နှင့်သူနာပြုမှာ ၀မ်ထမ်းစက်ရုပ်နှစ်ရုပ်အား​ခေါ်လျက် ချီယုအားဆွဲထုတ်ရန် အသင့်ဖြစ်​နေခဲ့သည်။ 


 ချီယုမှာယွမ်ရှင်းကျဲအား ​​ရှော့ရစွာကြည့်လျက် ​ဒေါသသံဖြင့် "မင်းရူး​နေလား။ ယွမ်ရှင်းကျဲ၊ "


"အင်း" ယွမ်ရှင်းကျဲ သူ့ကိုပင်ကြည့်မ​နေ​တော့။ 


"အမြန်ထွက်သွားစမ်းပါ"


စက်ရုပ်နှစ်ရုပ်၏အတင်းဆွဲထုတ်ခြင်းကိုခံရသဖြင့် တံခါး​​​​ဘောင်ကိုအတင်းဆွဲထားလျက် ချီယု​နောက်ဆုံး​ပြောလိုက်သည်။ 


"မင်း​ကျောင်းက​နေကန်ထုတ်ခံရမှ ချီမိသားစုကနှလုံးသားမဲ့တယ်မ​ပြောနဲ့၊ ချီမိသားစုကမင်းကိုအခွင့်အ​ရေးတစ်ခါ​ပေးပြီးသား၊ ​သေစမ်း ဒီစက်ရုပ်​တွေရူး​နေတာလား၊ ငါ့ကိုလွှတ်စမ်း" 


အသံကတဖြည်းဖြည်း​ေ၀းကွာသွား​တော့သည်။

လုရန်ရှူပြန်​ရောက်လာလျှင် အံ့အားသင့်စွာ​မေးလိုက်သည်။


"ချီယုဘာဖြစ်​နေတာလဲ၊ စိတ်​​ရောဂါလား၊ အခု​လေးတွင် စက်ရုပ်​တွေသူ့ကိုဆွဲထုတ်သွားတာ​တွေ့လိုက်တယ်၊ သူ့အမူအယာကပုံမှန်မဟုတ်ဘူး" 


"ဟုတ်လား၊ မ​​ပြောတတ်ဘူး" ယွမ်ရှင်းကျဲ ဂရုမစိုက်ဟန်ပြန်​​ဖြေလိုက်သည်။ ဆယ်မိနစ်ကြာပြီး​နောက် ယွမ်ရှင်းကျဲ၏ကိုယ်က အပြည့်အ၀ပြန်​ကောင်းသွားခဲ့သည်။ ထို့​နောက်လုရန်ရှုက ​ငွေရှင်း​ကောင်တာသို့အ​ဖော်လိုက်​ပေးခဲ့သည်။ 


မက်ခါတစ်စီးကို​မောင်းနှင်လိုက်ရပြီး​နောက် ယွမ်ရှင်းကျဲမှာ ကိုယ်ပိုင်မင်ခါတစ်စီးရှိရန်မ​စောင့်နိုင်​တော့​ချေ။ သို့​သော်သူ၏ချီယုကြားမှအ​ခြေအ​နေ​ကြောင့် မိသားစုကလည်းကူညီ​ပေးမည်မဟုတ်။ ယွမ်ရှင်းကျဲသူ၏ လက်ကျန်​ငွေအားကြည့်လိုကိသည်။ ​ခြောက်ရက်ကုန်ဆုံးသွားပြီး​နောက် မူလပိုင်ရှင်ကျန်ခဲ့​သော ကြယ်ဒင်္ဂါး ၁၀၀၀၀၀နှင့် သူကျားကုတ်ကျားခဲရှာထားရ​သော ၁၀၀၀၀သာရှိသည်။ ​လော့၀မ်ချွမ်းမှာ ယခုထိ ကြယ်ဒင်္ဂါး၄၀၀၀၀ကိုမပို့​ပေး​သေး​ချေ။ ထို​ငွေကိုသာရလျှင် သူယခုချက်ချင်းပင် ​မှောင်ခို​​​စျေးမှ မက်ခါအ​ဟောင်း​လေးကို​ပြေး၀ယ်နိုင်ပြီဖြစ်သည်။

12.2


ထို့​​ကြောင့်ယွမ်ရှင်းကျဲလည်းမှတ်ဥာဏ်တုကိုဖွင့်လျက် ​လော့၀မ်ချွမ်းအား မက်​ဆေ့ ပို့လိုက်သည်။ 


"တဆိတ်​လောက်ပါ၊ မင်းငါ့ကိုမက်ခါပြင်ခ​တော့​ပေးဦးမှာပါ​​​နော်" 


တဖက်မှအလျင်အမြန်စာပြန်လာခဲ့သည်။ 


"ဒီ​နေ့​ပေးမှာပါ" 


ယွမ်ရှင်းကျဲလည်းသက်ပြင်းချမိ​တော့သည်။ 


ယခုသူ့တွင် ​ဆေးကုသခအတွက် ကြယ်ဒင်္ဂါးရာဂဏန်းတချို့သုံးစွဲရ​တော့မည်။ ထို့​ကြောင့်​နောက်​နေ့တွင် အမှာစာများများလက်ခံရန်လို​လေသည်။


 မက်ခါပြိုင်ပွဲ၏စာရင်းလက်ခံမှုမှာ မနက်ဖြန်ည​နောက်ဆုံးပင်။ ထို့​ကြောင့်အချိန်မှအလွန်ကြပ်လှသည်။ ယွမ်ရှင်းကျဲလည်း ​​​ဆေး​ကောင်တာ၌ ​ဆေးခ​ငွေကိုလွှဲလိုက်ရ​တော့သည်။


[တင်.. ကြယ်ဒင်္ဂါး၇၀၀၀ကို​ပေး​ဆောင်ပြီးပါပြီ]


 ယွမ်ရှင်းကျဲမှာ​အေးခဲသွားလျက်


"၇..၇​ထောင်ဟုတ်လား" ယွမ်ရှင်းကျဲ မျက်လုံးအပြူးသားဖြင့်လုရန်ရှုအား​မေးလိုက်သည်။ 


"မဖြစ်နိုင်ဘူး၊ ဘာလို့ဒီ​လောက်​စျေးကြီးတာလဲ၊ငါက အာဟာရည်နည်းနည်းထည့်ပြီး ​ဆေးခန်းမှာ၁နာ​ရီ​လောက်ပဲကြာတာ​လေ ၇၀၀၀ဟုတ်လား" 


"သူတို့ကမင်းအတွက်ခန္ဓာကိုယ်စစ်​ဆေးမှုလုပ်​ပေးခဲ့တာ၊ အဲဒါကတင် ၅၀၀၀၊ ၆၀၀၀​လောက်ကျသင့်တယ်"


လုရန်ရှုရှင်းပြလိုက်သည်၊ ယွမ်ရှင်းကျဲမှာ သူ့​ခြေ​ထောက်များထပ်မံ​​ပျော့​ခွေလာသကဲ့သို့ခံစားလိုက်ရသည်။ ဘယ်မိသားစုကများဒီလို​ဆေးရုံမှာတက်ဖို့​ငွေတတ်နိုင်မှာလဲ၊ သူခက်ခက်ခဲခဲစု​ဆောင်းထားရ​သောကြယ်ဒင်္ဂါးများမှ ၇၀၀၀​က​တော့ထွက်သွား​ချေပြီ။ 


​လော့၀မ်ချွမ်းသူ့ကို​​ပေးမည့်​ငွေနှင့်တွက်လိုက်လျှင် 

၁၄၃၀၀၀သာရှိတော့မည်။ မနက်ဖြန်တစ်ရက်တည်းနှင့် ကြယ်ဒင်္ဂါး၇၀၀၀​ရရန်မှာမည်သို့ဖြစ်နိုင်မည်နည်း။ ယွမ်ရှင်းကျဲ မျက်ရည်မကျပဲငိုချင်လာ​တော့သည်။ 


.....


 ည​နေခင်းတွင်


အထူးSအဆင့် ​လေ့ကျင့်​ရေးခန်းမတွင်ဖြစ်သည်။ 

သာမာန်​လေ့ကျင့်​ရေးခန်းမများနှင့်ယှဥ်လျှင် Sအဆင့်​လေ့ကျင်ွ​ရေးခန်းမမှာ ရှင်းဟိုင်တက္ကသိုလ် အစွန်အဖျားတွင်ရှိသည်။ 


အ​ဆောက်အဦးမှာ ယခင်က စစ်ဘက်ဆိုင်ရာ​လော့ကာတစ်ခုဖြစ်ခဲ့ပြီး မြင့်မား​သောအကာအကွယ်များ ပါတ်ပါတ်လည်တွင်ရှိ​နေသည်။ ​နေရာက ကောင်းလှ​သော်လည်း အသုံးပြုသူကမူနည်းသည်။ 


တချို့​ကျောင်းသားများက ၄င်းကို သက်သက်ဖြုန်းတီးခြင်းဟူ​မေးခွန်းထုတ်ကြ​သော်လည်း Sအဆင့်မက်ခါများကြားမှတိုက်ပွဲကိုမြင်လျှင် ထိုခန်းမမှာ ​သေးလွန်းသည်ဟုပင်ခံစားသွားရသည်ချည်း။ 


"တိုက်ပွဲအတွင်း မချည်းကပ်ရ " ဟူ​သောစာက ခန်းမအ၀င်၀တွင်​တောက်ပလျက်။ 


ခန်းမအတွင်းတွင် ခယ့်လိုင်သည်(အရှေ့မှာ ခဲ့လီ လို့သုံးခဲ့မိပါတယ်ဒီအပိုင်းကစ ခယ့်လိုင်လို့သုံးသွားပါမယ်နော်)  အလယ်အလတ် ကြယ်တံခွန်မက်ခါကို​မောင်းနှင်လျက် အနက်​ရောင် အလင်းဓါးမက်ခါကို တိုက်ခိုက်​နေခဲ့သည်။ ခယ့်လိုင်၏ မက်ခါ​မောင်းနှင်နိုင်စွမ်းမှာSအဆင့်ပင်ဖြစ်ပြီး ​ကျောင်းရှိ ဖိပ်ဆုံးအယ်လ်ဖာထဲမှတစ်​​ယောက်ပင်။ သူနှင့်​လော့၀မ်ချွမ်းမှာ မက်ခါထိန်းချုပ်​ရေး ဌာနမှ သားရဲကြီးနှစ်​ကောင်အဖြစ်လူသိများ​လေသည်။ မည်သု့လူသစ်ကမျှသူတို့ကိုမ​​ကျော်နိုင်​ချေ။


  သို့​သော် ယခုတွင်ခယ့်လိုင်မှာ အဆက်မပြတ်ဖိနှိပ်ခံ​နေရသည်။ ကြယ်တံခွန်မက်ခါများမှာ ​ပေါ့ပါးသည်။

စနစ်တကျတပ်ဆင်ထား​သော ​ဒုံးကျဥ်ငယ်များနှင့် အလင်းမှုန်လက်နက်အများအပြားပါရှိသည်ပင်။ 


၄င်း၏အမည်မှာလည်း ၄င်း၏တိုက်ပွဲအတွင်း ကြယ်တံခွန်နှယ်လှ​သော ပစ်ခတ်ခြင်း​ပေါက်ကွဲခြင်းများ​ကြောင့်ပင်။ တိုက်ပွဲအတွင်းတွင် လွန်စွာနာမည်ကြီး​သောမက်ခါအမျိုးအစားဖြစ်သည်။ 


စွမ်းအင်အ​နေအထားအရ အကွာအ​ေ၀းအားသာချက်ရှိ​သောကြယ်တံခွန်မက်ခါသည် အလင်းဓါးမက်ခါထံ​လျှောက်သွားလျက် 


"မတိုက်နဲ့ မတိုက်နဲ့​တော့" 


ခယ့်လိုင်၏မက်ခါကစွမ်းအင်ကုန်ခမ်းခါနီးဖြစ်သည်။ သူသည်အလင်းဓါးမက်ခါ၏ တိုက်ခိုက်မှုကို​ရှောင်ရှားရန် တကွင်းလုံးပတ်​ပြေး​နေရသည်ပင်။

သူသည့်အသံမြှင့်စက်ကိုသုံးလျက် အသက်ချမ်းသာ​ပေးရန်​တောင်းပန်​နေရ​တော့သည်၊ 


"တာ့ချွမ်း​ရေ၊ ငါပါဟ၊ တာ့ချွမ်းရဲ့၊ ငါ့ကို ကြယ်သားရဲများထင်​နေတာလား"


ခယ့်လိုင်၏​တောင်းပန်သံကိုကြား​တော့မှ အလင်းဓါးမက်ခါကရပ်တန့်သွားလျက် အလင်းဓါးကိုဖယ်လိုက်​တော့သည်။ ခယ်လိုင့်မှာ​ချွေးများပြန်​နေသည့်ကြားမှ သက်ပြင်းချလိုက်မိသည်၊ ကြယ်တံခွန်မက်ခါက အလင်းဓါးမက်ခါကို လက်ဗလာနဲ့​တောင်နိုင်တယ်လို့ ဘယ်​ကောင်အာ​ချောင်ခဲ့တာလဲ။ 


သူနှင့်​လော့၀မ်ချွမ်းမှာ Sအဆင့်နှင့်SSအဆင့်ကြား ကွာခြားမှု​လေးရှိသည့်တိုင် ​လော့၀မ်ချွမ်း၏ တုန့်ပြန်နိုင်စွမ်းနှင့်  အ​နေရာယူပုံမှာ လူသားမဆန်​ချေ၊ 


သူ၏အ​မြှောက်ချိန်လိုက်သည်နှင့် အလင်းဓါးမက်ခါများ တခြားတ​နေ့ရာကို​ရောက်သွားနှင့်ပြီဖြစ်သည်။ ဤသည်မှာ သာမာန်​လေ့ကျင့်​ရေးသာသာဖြစ်လျက် 

အမှန်တကယ်တိုက်ပွဲအတွင်းမှာဆိုလျှင် ခယ့်လိုင်မှာ ထိုအလင်းဓါးမက်ခါထံမှ အချက်​ပေါင်းများစွာ ခုတ်ပိုင်းခံရပြီး​လောက်ပြီဖြစ်သည်။ 


ထိုတိုက်ပွဲအပြီးတွင် နှစ်​ယောက်လုံး မက်ခါများထံမှာဆင်းလာကြသည်။ ​လော့၀မ်ချွမ်းတွင် ရှည်လျား​သော​​ခြေ​ထောက်များရှိလျက် ကျယ်ပြန့်​သောပုခုံးနှင့် ကျဥ်း​သောခါးတို့ရှိကာ အနက်​ရောင်​လေ့ကျင့်​ရေး၀တ်စုံက သူ၏ဖြူ​ဖွေး​သောအသားအရည်နှင့်အလွန်ပနံသင့်လှသည်။ 


မက်ခါထဲကထွက်လာသည်နှင့်သူကအနည်းငယ်​သော်မျှ​မော​နေပုံမ​ပေါ်​ချေ။ သူ့တွင် မျက်ရစ်တစ်ထပ်နှင့် ​​ထောင့်စွန်းတွင်အနည်းငယ်မြင့်တက်သွားသည့် လှပ​သောမျက်လုံးတို့ရှိသည်။ 


အဆိုပါမျက်လုံးနက်တို့ဖြင့်ခယ့်လိုင်အားကြည့်လိုက်သည်။ ၄င်းမှာညင်သာဟန်​ပေါ်​သော်လည်း ချည်းကပ်ရန်ခက်ခဲ​သောခံစားမှုရ​စေသည်ပင်။ သူ၏တည်ငြိမ်​သောအမူအယာ​အောက်တွင် ခန့်မှန်းရခက်ခဲ​သောခံစားချက်များရှိ​နေ​လေသည်။


"မင်းအဆင်​ပြေရဲ့လား၊ "


"ဟင့်အင်း လုံး၀ပဲ" 


ခယ့်လိုင်မှာ​ရေကိုအ​မောတ​ကော​​မော့ချရင်း တဖက်မှ ​ချွေးတစက်မှမထွက်ဆံပင်ပုံပင်မပျက်​သော သူကိုကြည့်ကာ


" မင်းပြိုင်ဘက်ကို​လေးစား​သောအားဖြင့် နည်းနည်း​လေးပင်ပန်းပြလို့မရဘူးလား"


​လော့၀မ်ချွမ်းဘာမှပြန်မ​ပြော​ချေ။ သူ၏လက်ထဲမှမက်ခါသိမ်းကုဗတုံးကိုသာလျှင်ကြည့်လိုက်သည်။ 


 ခဏအကြာ၌သူကမျက်လုံးကိုပင့်လျက်

"ဒါကိုဘယ်သူပြင်​ပေးခဲ့လဲဆိုတာမ​ပြောရ​သေးဘူး"


ဤသည်ကိုကြားလျှင် ​လော့၀မ်ချွမ်းလည်းထိုအိုမီဂါ​လေးပို့​သောမက်​ဆေ့ကိုသတိရသွားခဲ့ကာ အမ့န်ပြန်​ပြောလာသည်။ 


"ဘာလို့လဲ၊ ပြင်ထားတာမ​ကောင်းလို့လား"


​လော့၀မ်ချွမ်းကမူအလွန်​အေး​ဆေးစွာ

"ဘယ်လိုထင်လဲ" 


ခယ့်လိုင်ခဏမျှစဥ်းစားသွားခဲ့သည်။ 


သူယခု​လေးတင်အရိုက်ခံထားရသည်ကသနားစရာ​ကောင်း​သော်လည်း သူ့အ​နေနှင့်​ပြေးစရာရှိ​သေးသည်။ သို့​သော်အခုတွင်​တော့ ​ခယ့်လိုင်ခမျာ ​မြေလျှိုးပုန်းရန်သာရှိ​တော့သည်။ သူကအားတင်းကာ​ဖြေလိုက်သည်။ 


"မဆိုးဘူးလို့ထင်တာပဲ"


ထို့​နောက်တွင် ရုတ်တရက် ထို​မေးခွန်းမှာ​လှောင်​ပြောင်ခြင်းသက်သက်လိုခံစားလိုက်ရသည်။ သူ့အားအခုပင် အ​သေအလဲလိုက်ရိုက်ခဲ့​သော ပြိုင်ဘက်မက်ခါကို သူက​ကောင်းမ​ကောင်း​ ​​ေ၀ဖန်​ပေး​နေရဦးမှာလား၊ ဒါ​တော့များသွားပြီ။


"သိပ်​ကျေနပ်​နေရင်လည်း၊ ပြင်ခသွား​ပေးလိုက်​တော့​လေ" ခယ့်လိုင် လော့၀မ်ချွမ်းအားကြည့်လိုက်သည်။ 


"ငါအချိန်ဆွဲထားတာကြာ​နေပြီ၊ ကံ​ကောင်းချင်​တော့ သူကသ​ဘော​ကောင်းတယ်၊ မဟုတ်ရင် ပြင်ခအ​ကြွေးမ​ပေးလို့ဆိုပြီး မင်းနာမည်က ​ကျောင်းဂိတ်၀မှာချိတ်ခံထားရ​လောက်ပြီ"


"မင်းရဲ့ မက်ခါနက်ခ်၀ါ့အ​ကောင့်ခဏငှား" 


​လော့၀မ်ချွမ်းလျင်မြန်စွာ​ပြောလျက် သူ၏မှတ်ဥာဏ်တုကိုဖွင့်လိုက်သည်။ 


"ပြီး​တော့သူရဲ့ကိုယ်​​ရေးအချက်အလက်ကိုလည်း​ပေး"


ခယ့်လိုင်လည်းသူ့အား အ​ကောင့်နှင့် ကိုယ်​ရေးအချက်အလက်များကိုပို့​ပေးလိုက်သည်။ ပြီးမှရုတ်တရက်သူတစ်စုံတစ်ခုကို​တွေးမိသွား​ကာ အလျင်အမြန်ဆိုလိုက်သည်။ 


"ကိုယ်​ရေးအချက်အလက်ကိုငါ​ပေးလို့ရတယ်၊ ဒါ​ပေမယ့်.. မင်း.. သူ့ကိုမဆက်သွယ်တာ​ကောင်းလိမ့်မယ်" 


 သူ၏​လေသံမှာအနည်းငယ်အ​နေခက်​နေဟန်ဖြင့်။

ယခင်တစ်ခါ​လော့၀မ်ချွမ်း​မေးစဥ်ကသူတမင်​ရှောင်၍​ဖြေခဲ့သည်။ 


​လော့၀မ်ချွမ်းမျက်​မှောင်ကြုတ် မိသွားခဲ့သည်။ သူ၏​တင်းတင်း​စေ့ထား​သော နှုတ်ခမ်းမှ စကားနှစ်လုံးသာထွက်ကျလာသည်။


"အ​ကြောင်းပြချက်" 


အနည်းငယ်တွန့်ဆုတ်​နေပြီးမှ ခယ့်လိုင်ပြန်​ဖြေလိုက်သည်။ 


 "သူကအိုမီဂါ" 


​xxxxxx