Chapter 13
လော့၀မ်ချွမ်းမျက်ခုံးကိုပင့်လျက် ခယ့်လိုင်အားအ သေအချာကြည့်လိုက်သည်။ ထို့နောက်အံ့အားသင့်မှုကသူ၏မျက်၀န်းထဲဖြတ်ပြေးသွားလျက် အလျင်အမြန်ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် သူကမျက်လုံးကိုအသာမှိတ်လျက် သူ၏လေသံကမူအနည်းငယ်တိုးလျနေခဲ့သည်။
"ငါသိတယ်"
ခယ့်လိုင်ပါးစပ်ကိုပိတ်လျက် ဘာကိုမှမပြောတော့။
သူသည်အခိုက်အတန့်တွင် လော့၀မ်ချွမ်း၏အတွေးကိုနားမလည်နိုင်ချေ။ သူ၏အခန်းဖော်မှာ မည်သည့်ရှုထောင့်ကကြည့်ကြည့် ပြီးပြည့်စုံသော အယ်လ်ဖာ တစ်ဦးဖြစ်သည်။သို့သော် သူကမည်သည်အိုမီဂါ နားကိုမျှကပ်ခြင်းမရှိချေ။
သူကအိုမီဂါများကိုကြောက်ရွံ့သည့်ရောဂါရှိသည်ဟု အတင်းစကားများပင်ရှိသည်။ ခယ့်လီသာလျှင် တကယ့်အကြောင်းအရင်းကိုသိသည်။
"ငွေလွှဲလိုက်ပြီ စစ်ဆေးတာတွေပြီးတာနဲ့ရောက်သွားလိမ့်မယ်"
လော့၀မ်ချွမ်းတည်ငြိမ်စွာပြောလိုက်သည်၊
"ငါမှောင်ခိုစျေးကိုခဏသွားဦးမယ်၊ မင်အရင်စားနှင့်ပါ၊ ဒီနေ့ပင်ပန်းသွားပြီ"
....
ကောင်းကင်မှာမှောင်ရိပ်သန်းလာခဲ့ပြီ။
မှောင်ခိုစျေးတွင် မြေအောက်ထပ်သုံးထပ်ရှိကာ
လူသွားလူလာနည်းသည်ပင်။ မက်စ်ကို၀တ်ဆင်ထားသော ယွမ်ရှင်းကျဲမှာ ယခင်တစ်ခေါက်က တလက်ကိုင်ပစ္စည်းအဟောင်းဆိုင်သို့ထပ်ရောက်လာချေပြီ။ ဆိုင်ရှင်မှာမက်ခါလာယူသည်ဟုထင်၍ သူ့အားပေးရန်ပြင်လိုက်သော်လည်း လူငယ်လေး၏စကားသံကိုကြားလိုက်ရသည်။
"သူဌေး မက်ခါစျေးကိုနည်းနည်းလျော့ပေးလို့ရသေးလား"
"ဒီမှာ ကောင်လေး ၊ ငါ့ကိုလာနောက်နေတာလား"
.ခပ်၀၀ဆိုင်ရှင်မှာအနည်းငယ်မကြည်မသာဖြစ်သွားခဲ့သည်။
"ငါဒါကိုမင်းအတွက် ၁ပါတ်လောက်သိမ်းထားပေးရတာ အခုထပ်ပြီးစလာပြန်ပြီလား"
"ဒီတစ်ခါတကယ်နောက်ဆုံးပါ" ယွမ်ရှင်းကျဲစိတ်ရင်းဖြင့်ဆိုလိုက်သည်။
"ကျွန်တော်မနက်ဖြန်အချိန်ပိုင်းလုပ်ပြီးရှာလိုက်ရင် ၁၅၀၀၀၀ပြည့်ခါနီးဖြစ်သွားမှာပါ၊ ကျွန်တော်အတတ်နိုင်ဆုံးပြည့်အောင်ကြိုးစားပါ့မယ်၊ ကျွန်တော့်ကိုကျေးဇူးပြုပြီးနည်းနည်းလောက်အခွင့်အရေးပေးပါဦး"
"ထွက်သွားတော့၊ " ဆိုင်ရှင်ကလက်ကိုယမ်းလျက်
"မရောင်းတော့ဘူး" ထိုအခိုက်အတန့်တွင် ယွမ်ရှင်းကျဲမှာ ပြင်းပြသော၀မ်းနည်းမှုထဲကျရောက်သွားတော့သည်။ သူသည်သူ့ကိုယ်ပိုင်မက်ခါလေးနှင့်ပြိုင်ပွဲ၀င်ချင်ခဲ့တာဖြစ်သည်။ ထိုအတွက်လည်း သည်တစ်ပါတ်လုံးအလုပ်လုပ်ခဲ့ရသည်။ ပင်ပန်းမှုတို့ အခက်အခဲတို့ကိုတောင့်ခံခဲ့ရသေည်လည်း အခုတော့ အလကားဖြစ်သွားချေပြီ။
ယွမ်ရှင်းကျဲ သက်ပြင်းချလျက် မက်ခါဆိုင်ထဲမှထွက်လာခဲ့သည်။ ကြည့်ရသည်မှာ သည်နှစ်မက်ခါပြိုင်ပွဲကိုလက်လွှတ်လိုက်ရပေတော့မည်။ သူဒုတိယနှစ်ရောက်လျှင်ထပ်ပြိုင်နိုင်သည်။ ပွဲကြည့်ပုရိတ်သတ်ဖြစ်ရသည်လည်းမဆိုးလှပါ။
ထိုစဥ်သူ၏မှတ်ဥာဏ်တုမှ မက်ဆေ့တစ်ခုလက်ခံရခဲ့သည်။
[သင့်တွင် ရှင်းဟိုင်နက်ခ်၀ါ့မှပြေစာတစ်ခုလက်ခံရရှိပါသည်]
ယွမ်ရှင်းကျဲလည်း လော့၀မ်ချွမ်ူသူ့အား ၄၀၀၀၀လွှဲပေးလိုက်သည်ဟုတွေးလိုက်သည်။ သို့သော်၄င်းမှာအသုံးမ၀င်တော့၊ ဆေးရုံခ ၇၀၀၀ပေးလိုက်ရပြီးနောက် အားလုံးပေါင်းလျှင်တောင် ၁၅၀၀၀၀မပြည့်သေးချေ။ သူသည်မှတ်ဥာဏ်တုအားစိတ်မပါစွာဖွင့်ကြည့်လိုက်သည်။
ထို့နောက် ငွေလွှဲမက်ဆေ့မှငွေပမာဏကိုမြင်လျှင် သူ၏မျက်လုံးတို့ချက်ချင်းပြူးကျယ်သွားခဲ့သည်။
[အမည်မသိသုံးစွဲသူမှ ကြယ်ဒင်္ဂါး ၈၀၀၀၀ပေးပိူ့ထားပါသည်။- ၄၀၀၀၀ကပြင်ခ ကျန်တာက ဘောနပ်စ်ပေးတာ]
ယွမ်ရှင်းကျဲ မိမိလက်မောင်းကိုအားနှင့်ဆိတ်ကြည့်လိုက်သည်။
လော့၀မ်ချွမ်းက ပြင်ခနှစ်ဆတောင်ပေးလိုက်တာလား....
ဤကဲ့သို့ ရက်ရောသည့်သူမျိုး အမှန်တကယ်တည်ရှိသေးပါလား၊ ယွမ်ရှင်းကျဲတုန်လှုပ်သွားခဲ့သည်။ လော့၀မ်ချွမ်းမှာပိုက်ဆံရှိသူဖြစ်ရမည်ဟု သူထင်ပြီးစားပင် သို့သော် သူ၏လစာနှင့်ညီမျှသော ဘောနပ်စ်ထုတ်ပေးမည်ဟုတော့မမျှော်လင့်ထားခဲ့ပေ။
သူလုပ်ခဲ့သမျှမှာ တံတောင်ကွေးကိုအနည်းငယ်ပြင်ပေးခဲ့ရုံပင်။သူ မှတ်ဥာဏ်တုကိုဖွင့်၍
"ကျေးဇူးတင်ပါတယ် သူဌေး" ဟုမက်ဆေ့များစွာပို့လိုက်သည်။ ထို့နောက် "နောက်တစ်ခါဒီလောက်အများကြီးပေးစရာမလိုပါဘူး"ဟုပါ ထည့်ရေးလိုက်သည်။
တဖက်လူမှာသူ့အားစာမပြန်ချေ။
ယွမ်ရှင်းကျဲလည်း၄င်းကိုဂရုစိုက်မနေတော့ပဲ မက်ခါဆိုင်သို့ပြန်ပြေးသွားလိုက်သည်။ ထို့နောက်တွင် ဆိုင်ရှင်ဖြစ်သူအား အလွန်ပျော်ရွှင်နေသောအမူအယာဖြင့် "သူဌေး ကျွန်တော့်မှာ ပိုက်ဆံရှိပြီ၊ ကျွန်တော့်ကိုမက်ခါပေးပါ"
"မင်းတစ်ယောက်ယောက်ဆီက ဓါးပြတိုက်လာခဲ့တာလား"
သူဌေးကသူ့အားသံသယဖြင့်ကြည့်လာခဲ့သည်။
"ဘယ်လိုလုပ်ချက်ချင်းကြီးငွေရှိသွားတာလဲ"
ယွမ်ရှင်းကျဲလည်း သူအချိန်ပိုင်းအလုပ်များမှရကြောင်းပြောလိုက်သည်။ ရုတ်တရက် ယွမ်ရှင်းကျဲ တစ်ခုခုကိုတွေးမိပြီး
"သူဌေး ကျွန်တော် ကြယ်ဒင်္ဂါး ၁၀၀၀၀၀လောက်ပိုပေးရင် ကျွန်တော်ပိုကောင်းတဲ့မက်ခါရမလားဟင်၊ ဥပမာ Bအဆင့်ဖြစ်ဖြစ်"
"မင်းဘယ်လောက်ပေးနိုင်လဲ" သူဌေးကမေးလိုက်သည်။ သို့သော်သူအများကြီးမမျှော်လင့်ထားတာသိသာလှသည်။
"180000လောက်ပေါ့"
ယွမ်ရှင်းကျဲလည်း သူဌေး၏ရွံ့ရှာသောအမူအယာကိုမြင်လိုက်ရလျှင်ခေါင်းကုတ်လျက်
"သူဌေးလည်း ကျွန်တော်အခြေအနေကိုသိသားပဲ၊ စျေးကြီးတာတွေလုံး၀မတတ်နိုင်ဘူးလေ ၊မဟုတ်မှတော့ သူဌေးဆီကလျော့စျေးဒီလောက်တောင် တောင်းမနေဘူး"
"30000ပိုသားပဲ၊ မင်းဘာလိုချင်လဲ" သူဌေးကမေးလိုက်သည်။
သူယွမ်ရှင်းကျဲကိုသဘောမကျတာတော့မဟုတ်ချေ။ သူကလူငယ်လေး၏ပျော်ရွှင်သောခံစားချက် ကူးစက်ခံလိုက်ရပြီး မပြုံးပဲမနေနိုင်တော့။
"အရင်တစ်ခုထက် ပိုကောင်းတာဆိုရပါပြီ"
13.2
မက်ခါများအပုံလိုက်ကြားမှ အတော်လေးကြာကြာရှာဖွေပြီးနောက်တွင် ယွမ်ရှင်းကျဲအားကြည့်လျက်
"ဒီလိုလုပ်ရအောင် ငါမင်းကို ဒီတစ်ခုပေးမယ်၊ တစ်ယောက်ယောက်ကိုရှာပြီး ပြန်ဆင်ခိုင်းလိုက်၊ ဒီလိုဆို ပိုအကုန်အကျသက်သာလိမ့်မယ်"
ယ့မ်ရှင်းကျဲလည်း ဆိုင်ရှင်ပေးလာသော အရည်အသွေးမြင့်ပုံရသည့်မက်ခါအစိတ်အပိုင်းများကို ပြုံးလျက်လက်ခံလိုက်သည်။ ဆိုင်ရှင်က ထောင့်တစ်နေရာမှ ကုဗတုံးလေးအားတွေ့လျှင်ယူလျက်
"ဒါက၂မီတာမြင့်တဲ့ကင်းထောက်မက်ခါပဲ၊ အရင်ကတော့ဒီကောင်က ကြယ်နှစ်ထပ်မက်ခါကအစိတ်အပိုင်းတစ်ခုလို့ပြောလို့ရတယ်၊ဒါပေမယ့် အပေါ်ဖရိန်ကပျက်ဆီးသွားပြီ ၊ ကင်းထောက်မက်ခါ လိုချင်ယူသွား"
ယွမ်ရှင်းကျဲလည်းလက်ခံလိုက်ပြီးမေးလိုက်သည်။
"ကင်းထောက်မက်ခါကလည်းမက်ခါပဲလား "
"ဒီလိုမက်ခါတ၀က်တွေက ရန်သူရဲ့တည်နေရာကို လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းနိုင်တယ် နှောင့်ယှက်နိုင်တယ်၊ " ဆိုင်ရှင်ကရှင်းပြလိုက်သည်။
"သူ့မှာမောင်းနှင်သူနေရာတော့မရှိဘူး၊ ပြောရမယ်ဆို မောင်းသူမဲ့ ထောက်လှမ်းရေးမက်ခါသဘောပေါ့ကွာ မင်ယူသွားမယ်ဆို သူ့မှာတန်ဖိုးရှိတဲ့အပိုင်းတွေအများကြီးရယ်၊ ငါမင်းကို ၃၀၀၀၀နဲ့ပေးမယ်၊ မင်းလည်းတတ်နိုင်တာပေါ့..."
ယွမ်ရှင်းကျဲလည်း သူ့အနေနှင့် ၃၀၀၀၀ပိုပေးရုံဖြင့် Bအဆင့်မက်ခါတစ်စီးရရန်မဖြစ်နိုင်ချေ။ သူနည်းနည်းပါးပါး သုတေသနလေးလုပ်ပြီးလျှင် တစစီဖြုတ်လျက် အသစ်ပြန်ဆင်နိုင်သည်။ ထို့ကြောင့် အလင်းဓါးမက်ခါနှင့် ကင်းထောက်မက်ခါကိုသာ တိုက်ရိုက်ဝယ်ချလိုက်သည်။
သူဌေးမှာအံ့အားသင့်လျက် " ဟင် မင်းကဒီတကြိမ်ကျတော့ တန်း၀ယ်သားပဲ ဟမ်"
"ကျေးဇူးပဲ သူဌေး။ ကျွန်တော်နောက်လည်းထပ်လာခဲ့ဦးမယ်နော်"
ယွမ်ရှင်းကျဲ ရွှင်မြူးစွာဆိုလိုက်သည်။
"နှုတ်ဆက်ပါတယ်။ မင်းနောက်တစ်ကြိမ်ထပ်လာရင် ငါလည်းမွဲဖို့ပဲရှိတယ်" သူဌေးကပြုံးပြုံးကြီးဖြင့် ငေါက်လိုက်သည်။
ယွမ်ရှင်းကျဲလည်းမက်ခါများနှင့်အတူ မြေအောက်ထပ်မှထွက်လာပြီး ကျောင်းသို့ပြန်ရန်ပြင်လိုက်သည်။ လမ်းတလျှောက်တွင် သူသည်အိုမီဂါဟုလူအများသိလျှင်မလိုအပ်သောပြသနာတွေမဖြစ်လိုသဖြင့်မက်စ်ကို၀တ်ဆင်ထားဆဲပင်။
မှောင်ခိုစျေးမှထွက်လိုက်လျှင် အပြင်ဘက်တွင် မီးရောင်များတဖြတ်ဖြတ်တောက်ပနေခဲ့သည်။
သူ အနွေးထည်၏ခေါင်းစွပ်ကိုပါစွက်လျက် အမှောင်ရိပ်ကြားတွင်ပျောက်ကွယ်သွားရန်ပြင်လိုက်သည်။ ရုတ်ချည်း မာထန်သောလေသံတစ်ခုကသူ့အား တားလာခဲ့သည်။
"ဟေ့ ဟိုကောင်လေး ရပ်စမ်း"
ယွမ်ရှင်းကျဲလည်းတန့်သွားကာ နောက်သို့လှည့်ကြည့်လိုက်လျှင် အယ်လ်ဖာမိန်းမနဲ့ ယောကျာ်းသုံးယောက်ကိုတွေ့လိုက်ရသည်။ လူကောင်းများတော့ ဖြစ်ပုံမပေါ်ချေ။ ယွမ်ရှင်းကျဲ လက်ထဲမှ မက်ခါများကို တင်းတင်းဖက်လျက် အမြန်ပြေးသွားရန်ပြင်လိုက်သည်။ သို့သော် လူအုပ်ကရုတ်ချည်းရောက်လာပြီး သူ့အား၀ိုင်းထားလိုက်တော့သည်။
"အိုး.. ဒီဖိနပ်တွေကိုကြည့်စမ်း ရှင်းဟိုင်တက္ကသိုလ်ကပဲဟ"
ရှေ့မှ လူငယ်က မကောင်းသောအပြုံးကြီးနှင့်ဆိုလိုက်သည်။
"ငါကြားတာတော့ စစ်တက္ကသိုလ်တွေကချမ်းသာကြတယ်တဲ့၊ မင်းလည်းပိုက်ဆံရှိမှာပေါ့ဟမ်"
ယွမ်ရှင်းကျဲလည်းဤသူများမှာသူ့အားလုယက်ဖို့ကြိုးစားနေမှန်း သိလိုက်သည်။ သူ၏ဖိနပ်တွင် ရှင်းဟိုင်တက္ကသိုလ်တံဆိပ်ရှိနေသည်။ သူထင်ခဲ့သည်မှာ ဤတံဆိပ်ကိုကြည့်လျက် ရှင်းဟိုင်မှဖြစ်ကြောင်းသိလျှင် ပြသနာများရှောင်နိုင်လိမ့်မည်ဟု။ သို့သော်မည်သူကများ စစ်တက္ကသိုလ်အားပြသနာရှာရဲမည်ဟု ထင်ထားပညမည်နည်း။
"ငါ့မှာပိုက်ဆံမရှိဘူး" ယွမ်ရှင်းကျဲ တည်ငြိမ်စွာဆိုလိုက်သည်။
"ကျန်တဲ့တစ်ယောက်သွားရှာလိုက်"
"တကယ်ကြီးလား"
ခပ်၀၀အယ်လ်ဖာကသူ့အားကြည့်လျက်
"ဒါဆိုမင်းလက်ထဲကမက်ခါတွေကဘာတွေလဲ၊မက်ခါနဲ့တူတဲ့ ကစားစရာလား"
ဆံပင်အနီရောင်နှင့်အယ်လ်ဖာအမျိုးသမီးက သူမ၏ဆံပင်များကို လိမ်ရင်း
"ငါကြားတော့ အဲဒီမက်ခါတွေက ကြယ်ဒင်္ဂါးသန်းနဲ့ချီပြီးပေးရတာဆိုပဲ"
ကြယ်ဒင်္ဂါးသန်းနဲ့ချီတယ်ဟုတ်လား၊ ဒီလူတွေသူ့ကိုအတော်အထင်ကြီးနေကြတာပဲ။
ယွမ်ရှင်းကျဲနောက်သို့နှစ်လှမ်းခန့်ဆုတ်လျက် ဘေးဘီအားကြည့်လိုက်သည်။ ကျဥ်းမြောင်းသော လမ်းထဲတွင် မက်ခါကိုထုတ်ရန်နေရာမရှိချေ။ ထုတ်လို့ရလျှင်တောင် လှုပ်ရှားရန်နေရာမရှိပြန်။
"ဆားဘူးနဲ့ ဟင်းခတ်ဘူးတွေပါ" ယွမ်ရှင်းကျဲကဆိုလိုက်သည်။
"အကိုတို့အမတို့ ကျွန်တော်ကအမှန်ပဲ ရှင်းဟိုင်တက္ကသိုလ်ကဆိုပေမယ့် ချက်ပြုတ်ရေးအတန်းကပါ"
"ချက်ပြုတ်ရေးအတန်း ဟုတ်စ"
ထိုအယ်လ်ဖာက ဘေးရှိအယ်လ်ဖာနှစ်ယောက်အား သိချင်စွာမေးလိုက်သည်၊
"စစ်တက္ကသိုလ်မှာလည်းအဲလိုမေဂျာမျိုးရှိတယ်လား ငါသိရင် တက်ခဲ့မှာပေါ့၊ ငါကအချက်အပြုတ်ကျွမ်းတာကို ၊ ဟိတ်ကောင်လေး ဘယ်လိုဟင်းမျိုးတွေချက်တာလဲကွ"
ယွမ်ရှင်းကျဲ"..."
"သူလိမ်နေတာ" ရှေ့ဆုံးမှငယ်ရွယ်သော အယ်လ်ဖာကရှေ့သို့တက်လာပြီး လုယူရန်ပြင်လိုက်သည်။ ယွမ်ရှင်းကျဲ မတိုက်ခိုက်ချင်ပေ။ သူကပေါ့ပါးစွာရှောင်ရှားရင်း လမ်းကြားမှထွက်ခွာနိုင်ရန်ကြိုးစားလိုက်သည်၊ သို့သော် တခြား၂ဦး၏တားခြင်းကိုခံလိုက်ရပြန်သည်။
အယ်လ်ဖာသုံးယောက်မှာ ယွမ်ရှင်းကျဲ၏လမ်းကိုပိတ်ရပ်လျက် သူ့အားဖမ်းဆွဲရန်ပြင်လိုက်စဥ်မှာပင်
ယွမ်ရှင်းကျဲ လှည့်လိုက်ပြီး မှောင်ခိုစျေးထဲပြန်ပြေးရန်ပြင်လိုက်သည်။ သို့သော်သူလှည့်လိုက်သည်နှင့် နောက်မှ စူးစူး၀ါး၀ါးအော်သံကိုကြားလိုက်ရတော့သည်၊
ယွမ်ရှင်းကျဲ လည်းရုတ်တရက်မို့ရပ်သွားမိကာ လက်ထဲမှပစ္စည်းများလည်းပြုတ်ကျသွားခဲ့သည်။ သို့သော်သူလှည့်မကြည့်ရဲသလို ပြုတ်ကျသွားသောပစ္စည်းများကိုလည်းမကောက်ရဲချေ။
ယခုလေးတင် လူသုံးယောက်သူ့နောက်သို့လိုက်လာစဥ်က သူနည်းနည်းမှကြောက်ရွံ့မှုကိုမခံစားရချေ။ သူနည်းနည်းပါးပါးလှုပ်ရှားလိုက်သည်နှင့် ထိုသူတို့ကိုရှင်းနိုင်သည်။ သို့သော်ယခုမူ ထိုသုံးယောက်ထံမှအော်သံနှင့်အတူ အလွန်တရာအန္တရာယ်များလှသော အသက်ရှူငွေ့ကိုခံစားလိုက်ရသည်။
ယွမ်ရှင်းကျဲလည်းတဖက်လူမှာ ရန်သူလား မိတ်ေဆွေလား မခွဲခြားနိုင်ချေ။ သူသည် အသက်ရှူအောင့်လျက် ခေါင်းကိုဖြည်းညင်းစွာလှည့်ကာ နောက်ကိုကြည့်လိုက်မိသည်။
ထို့နောက်တွင် သူ၏မျက်လုံးတို့ကပြူးကျယ်သွားခဲ့သည်။ အယ်လ်ဖာသုံးယောက်လုံးမှာ မြေပြင်ပေါ်လဲကျလျက် ၄င်းတို့နောက်တွင် ရှည်လျားသော ခြေတံတစ်စုံကရပ်လျက်ရှိနေသည်၊ သူမော့ကြည့်လိုက်လျှင် ထိုလူမှာအနက်ရောင်၀တ်စုံကို၀တ်ဆင်ထားလျက် သူ၏ဖြူဖျော့သောလည်ပင်းမှာ လမ်းကြား၏မီးတိုင်အောက်တွင် အလွန်တောက်ပနေသည်။ သူ၏မျက်လုံးတွေကိုနောက်ထပ် မြှင့်တင်လိုက်လျှင် အလွန်ခန့်ညားချောမောလွန်းသော မျက်နှာတစ်ခုကိုပါမြင်လိုက်ရတော့သည်။
ရှည်လျားသောခြေတံများ ကျယ်ပြန့်သောပုခုံးနှင့် ကျစ်လစ်သောခါးကိုကြည့်ရလျှင်း ၄င်းမှာအယ်လ်ဖာဖြစ်ပုံပင်။
ထိုလူ၏မျက်နှာမှာ လူမဆန်အောင်ချောသော်လည်း အလွန်သန့်စင်ပြီးတည်ကြည်နေသည်။ အနက်ရောင်ဆံစများအောက်တွင် မျက်တစ်တစ်ထပ်နှင့်မျက်၀န်းများမှာ အေးစက်လျက် မျက်၀န်းထောင့်တို့ကအပေါ်သို့မဆိုစလောက်လေးကွေးတက်နေခဲ့သည်။ မျက်လုံးများအောက်မှ မှည့်လေးများမှာအလင်းနှင့်အမှောင်ကြားတွင်ပို၍ပင်ဆွဲဆောင်မှုရှိစေသည်၊
လုရန်ရှု၏စကားထဲကအလွန့်အလွန်ကိုအရည်အသွေးမြင့်သောအယ်လ်ဖာမျိုးပင်။ အယ်လ်ဖာသုံးယောက်ရုန်းကန်ကာ ထရပ်ရန်ကြိုးစားလ်ုက်သည်။
ငယ်ရွယ်သောအယ်လ်ဖာလေးက အံကိုကြိတ်လျက် ချောမောသောလူအား
"မင်းကဘယ်သူလဲ၊ ဒီနေရာကဘယ်သူ့ပိုင်နက်လဲသိလား" စကားမဆုံးခင်ပင် သုံးယောက်သားနောက်တစ်ကြိမ်အကန်ခံလိုက်ရတော့သည်၊
"လမ်းမပိတ်နဲ့"
အမျိုးသား၏အသံမှာ တည်ငြိမ်သည့်တိုင်ဖိအားများပါ၀င်သည်ပင်။ ထိုသုံးယောက်မှာ ဘာတစ်ခွန်းမှအထဋ်မတက်ရဲတော့ချေ။ ယိုင်နဲ့နဲ့ဖြင့် ဒေါသတကြီးထွက်သွားကြတော့သည်။
....
xxxxxxx