အပိုင်း ၁၄
Viewers 17k

Chapter 14


ယွမ်ရှင်းကျဲထိုလူကိုကြည့်ကာ အ​လေးအနက်ဖြင့် 


"ကူညီ​ပေးလို့​ကျေးဇူးတင်ပါတယ်" 


ထိုလူကမူဘာမှမဆို​​ချေ။ ယွမ်ရှင်းကျဲ​ခြေထောက်​အောက်တွင် ပြုတ်ကျ​နေ​​သော မက်ခါများကိုကြည့်ကာ သူ့မျက်လုံးကအနည်းငယ်တန့်သွားပြီး ရှင်းပြ​ရခက်​သောခံစားချက်တချို့ဖြတ်​ပြေးသွားခဲ့သည်။ 


ယွမ်ရှင်းကျဲအမြန်ကုန်းလျက်​​ကောက်လိုက်သည်။ 

​ကောက်​နေရင်းသူကဆိုလိုက်သည်။


"ကျွန်​တော်ဒီ​နေ့မှ ပိုက်​ဆံစုထားတာ​လေးပြည့်လို့ မက်ခါ၀ယ်နိုင်တာ၊ ဒါ​ပေမယ် ဒီကမိတ်​ဆွေသာမကူညီရင် ကျွန်​တော်သုံး​တောင်သုံးလိုက်ရမှာမဟုတ်ဘူး၊ အ​တော်ဒုက္ခ​ရောက်မှာ" သူ​​ကောက်ပြီးပြန်​မော့လိုက်လျှင် တဖက်လူမှာ ထွက်သွားနှင့်ပြီဖြစ်​ကြောင်း​တွေ့လိုက်ရသည်။ 


ယွမ်ရှင်းကျဲတုန်လှုပ်လျက်ပင် ဆရာသခင်​တွေကအမြဲဒီလို​ပြောရဆိုရခက်တာလားဟု​တွေးမိ​လေသည်။ 

သူက​ကျေး​ဇူးတင်စကား​လေး​ပြောချင်ရုံပါ၊ ဘာလို့ချက်ချင်းထွက်သွားတာလဲ၊ 


.......


​မှောင်ခို​စျေး၏တတိယထပ် 


မိမိတပည့်​လေးပြန်လာသည်ကို​တွေ့လျှင် မက်ခါလက်​ဟောင်းဆိုင်ပိုင်ရှင်ကရွဲ့​စောင်းလျက်ဆီးကြိုလိုက်သည်။ 


"အိုး..မင်း​နောက်​ဆုံး​တော့ပြန်​ရောက်လာပြီပဲ၊ ငါ့မှာ တော့ ဆိုင်​ကပစ္စည်းပြတ်​တော့မယ်ထင်​နေတာ"


"သူ​ဌေးချူ ဒါ​တွေကမက်ခါလက်နက်​တွေပါ" 


သူ​ဌေးချူသည်​​ပျော်ရွှင်စွာလက်ခံလိုက်ပြီး ​လော့၀မ်ချွမ်းအား​ငွေလွှဲလိုက်သည်၊ 


"အိုး..ဒါနဲ့ မင်း​မောင်းခဲ့တဲ့မက်ခါ​နောက်ဆုံး​တော့​ရောင်းထွက်သွားပြီ" ​သူ​ဌေးချူက​လော့၀မ်ချွမ်းအားရုတ်ချည်း​ပြောလိုက်သည်။ 


"အရင်၀ယ်ဖို့​မေးတဲ့သူတိုင်း အပျက်အစီး​ကြောင့်Cအဆင့်ကိုကျသွားတယ်​ပြော​တော့ အထင်​သေးကြတယ်​လေ၊ ဘယ်သူမှအဲဒီမက်ခါကိုSအဆင့်ဖြစ်ဖူးမှန်းသိကြမှာမဟုတ်ဘူး၊Cအဆင့်ဆို​ရောဘာဖြစ်လို့လဲ၊ သူ့ဒီဇိုင်းနဲ့ လိုအပ်တဲ့ပစ္စည်းတချို့ဆင်လိုက်ရင် Sအဆင့်ပြန်ဖြစ်သွားမှာ။ "


လွန်ခဲ့​သောနှစ်များက ထိုမက်ခါ၏ပိုင်ရှင်ဖြစ်ခဲ့သည်ပင်၊မက်ခါမှာတိုက်ပွဲတွင်အလွန်ထိခိုက်သွားခဲ့သည်။ သူကိုယ်တိုင်လည်း မက်ခါလဲချင်​​နေသည်နှင့် ကံပါ​​​သောလူတစ်​ယောက်ကို ​စျေးနည်းနည်းနှင့်​ရောင်းပစ်ချင်ခဲ့သည်။ 


"သိတယ်" ​လော့၀မ်ချွမ်းတည်ငြိမ်စွာတုန့်ပြန်လိုက်သည်။


"သိတယ်ဟုတ်လား၊ " သူ​ဌေးချူမှာ ​ကြောင်သွားပြီး 


"ဘယ်လိုသိတာလဲ ၊ အဲ​ကောင်​လေးနဲ့အသိ​တွေလား" 


​လော့၀မ်ချွမ်းပြန်​ပြောလိုက်သည်၊ 


"စင်ကဗလာဖြစ်​နေလို့"


သူ​ဌေးကမူမယုံနိုင်စွာ "မင်းကအမြင်စူးရှတာပဲ ဟမ် "


သည်တကြိမ်​တော့ သူ​ဌေးချူလည်းတစ်စုံတစ်ခုကို သတိရလျက် ဆက်​ပြောလာသည်၊ 


"ဒါ​ပေမယ့် ငါထင်တာ​တော့ မက်ခါ၀ယ်သွားတဲ့တစ်​ယောက်က လူ​ပျော့​လေးပါ၊ သူကတိုက်ရည်ခိုက်​ရည်​တောင်ရှိပါ့မလားမသိ၊ မက်ခါရဲ့တန်ဖိုးကိုလည်းသိမှာမဟုတ်ရှာပါဘူး၊အဆင့်မြှင့်ဖို့အသာထား ၊ သူက​စျေးလည်းတအားဆစ်​သေးတယ်၊ ငါ့မှာ ရောင်း​တောင်မ​ရောင်းချင်ဘူး"


 ​လော့၀မ်ချွမ်းမှာနားလည်​ကြောင်း အမ်းဟုအသံပြုလျက် ​မေးလိုက်သည်။ 

"ဒါဆိုဘာလို့​​ရောင်းလိုက်​သေးလဲ" 


"ဟ အဲ​ကောင်​လေးက သ​ဘောရိုးနဲ့ မက်ခါလည်းတအားလိုချင်​​နေတာ​လေ  အဲဒါ​ကြောင့်​ရောင်းလိုက်တာ" 


သူ​ဌေးချူ​ရောင်းပြီးသည်နှင့် သုကထပ်​ပြောလိုက်သည်။ 


"စိတ်မတိုပါနဲ့၊ အဲက​လေးက င​ပျော့​လေးပေမယ့် မင်းမက်ခါကို​တော့​ကောင်း​​ကောင်းဂရုစိုက်မယ့်ပုံပါ"


"အ​ရေးမပါပါဘူး" ​လော့၀မ်ချွမ်းဆိုလိုက်သည်၊ 


"ဘယ်​လောက်နဲ့​ရောင်းလိုက်တာလဲ" 


"150000" သူ​ဌေးချူ၏အကြည့်ကအနည်းငယ်ထူးဆန်း​နေခဲ့သည်၊ ​လော့၀မ်ချွမ်း သူ​​ဌေးချူအား ခဏမျှစိုက်ကြည့်​နေလျက် တစ်ခွန်းငါ​ပြောလိုက်​တော့သည်။ 


"အ​နှေးနဲ့အမြန် ခင်များ​အရှုံး​ပေါ်မှာပဲ" 


"​လော့ စကားကိုဘယ်လို​ပြော​နေတာလဲ၊ အဲဒီက​လေးကမင်းရဲ့မက်ခါကိုတအားကြိုက်​နေတာမြင်လို့ငါ​ရောင်း​ပေးလိုက်တာ​လေ၊ မဟုတ်ရင် တခြားဘယ်သူမှလည်းမ၀ယ်တာ၊ မင်းကငါ့ကိုအမှန်အတိုင်းကျလည်းမ​ပြောခိုင်းဘူး၊ ​ဟေး ​နောက်တစ်ခါဆို ​စော​စောလာ" 


သူ​ဌေးချူလည်းနေရာလွတ်အိတ်ထဲမှ မက်ခါလက်နက်များကိုကြည့်လျက် နားရွက်ချိတ်မတက် ပြုံးလိုက်ကာ


"မင်းရှိ​နေတာကို ငါကဘယ်လိုအရှုံး​ပေါ်မှာလဲ"

14.2


ယွမ်ရှင်းကျဲ လည်းမက်ခါများကိုပိုက်လျက် ​ပျော်ရွှင်စွာပြန်လာခဲ့​တော့သည်။ ​နောက်တစ်နေ့မှာ မက်ခါတိုက်ခိုက်​ရေးပြိုင်ပွဲအတွက် ​စာရင်း​ပေးရန်​နောက်ဆုံး​နေ့ဖြစ်သည်။ သူသည်ပြိုင်ပွဲ၀င်မည့်​ဖောင်အား မနက်​စော​စောတွင်​ပေးပို့ခဲ့ပြီး သူပြိုင်ပွဲ၀င်မည့် မက်ခါအမျိုးအစားကို​ပြန်လည်​ဖော်ပြရမည်ဖြစ်သည်။ 


သူတို့သည်ယွမ်ရှင်းကျဲက အိုမီဂါတစ်ဦးဖြစ်ပြီး ​မောင်းနှင်မည့်မက်ခါကလည်းCအဆင့်ဖြစ်​ကြောင်း သိလျှင် ပွဲတာ၀န်ရှိသူမှာ အံ့အားသင့်လျက် 


"အတန်း​ဖော် မင်း၀င်ပြိုင်မှာ​သေချာရဲ့လား မင်းစာရင်း​ပေးပြီး၀င်မပြိုင်ရင်​တော့ အမှတ်​တွေ​လျော့ခံရမှာ​နော်" 


ယွမ်ရှင်းကျဲ ​ခေါင်းငြိမ့်လိုက်သည်။ 

"ကျွန်​တော်​သေချာပါတယ်။ " 


သူကျိန်း​သေ၀င်ပြိုင်မှာ​ပင် ၎င်းက မက်ခါ​မောင်းနှင်ခြင်းနှင့်​လေ့လာခြင်းတို့အတွက် ရှားပါး​သောအခွင့်အ​ရေးဖြစ်သည်။ စာရင်း​ပေးပြီးသည်နှင့် ယွမ်ရှင်းကျဲလည်း မိမိမက်ခါအား ​လေ့ကျင့်​ရေးခန်းမထံယူလာခဲ့​တော့သည်။ ထို့​နောက်တွင် ​နေရာလွတ်၌ဤမက်ခါ၏စွမ်း​ဆောင်ရည်အား စမ်းသပ်ကြည့်ချင်ခဲ့သည်။ မက်ခါကိုထုတ်လိုက်လျှင် ယွမ်ရှင်းကျဲမှာ မက်ခါ၏အ​နေအထား​ကြောင့် အလွန်အံ့အားသင့်သွားရသည်။ 


၄င်းမှာအ​တော်​လေးသစ်လွှင်​နေဖို့ သူမ​မျှော်လင့်ထား​ချေ။ ဆိုင်ရှင်​ပြောစကားအရဆိုလျှင် မက်ခါမှယခင်ကထိခိုက်ခဲ့ဖူးသည်ဟု၊ ထို့​ကြောင့်သူထင်ထားသည်မှာ ၄င်းကအ​တော်​လေးယိုယွင်း​နေလိမ့်မည်ဟုပင်။ 


သို့​သော်ယခုကြည့်ရသည်မှာ ဤမက်ခါအား ၁၅၀၀၀၀ခန့်ဖြင့်ရလာသည်က အ​တော်​လေး တရားလွန်သည်ဟုပင်။ 


အနက်​​ရောင် အလင်းဓါးမက်ခါ၏ဒီဇိုင်းမှာအ​​ကောင်းကြီးမဟုတ်​သော်လည်း ၄င်းမှာအ​တော်​လေး​ပြောင်​မြောက်ပြီး ​လော့၀မ်ချွမ်း၏မက်ခါနှင့်ပင်ဆင်တူ​လေသည်။

သို့​သော်အမှန်တကယ်ယှဥ်​​လျင်နေရာ​တော်​တော်များများတွင်နိမ့်ကျသည်ပင်။ ၄င်းက​လော့၀မ်ချွမ်းမက်ခါ၏တဆင့်နိမ့်​သောဗားရှင်းဟုဆိုနိုင်သည်။ 


ယွမ်ရှင်းကျဲလည်း​မောင်းနှင်သူ​နေရာသို့ ၀င်လျက် စမ်း​မောင်းနှင်ရန် စက်ကိုနှိုးလိုက်သည်။ 


သူ၏လက်ရှိစိတ်စွမ်းအားမှာCအဆင့်ပင်။ ထို့​ကြောင့်Cအဆင့်မက်ခါက Bအဆင့်ထက် သူနှင့်ပို၍သင့်​လျော်​ပေသည်။ စက်နှိုးခြင်းမှာလည်းအသာအယာပင်။ အလင်းဓါးမက်ခါမှာ​မြေဆွဲအားဆန့်ကျင်​သော အင်ဂျင်ကို နိုးထ​စေလျက် ​လေ​ပေါ်သို့ခုန်တက်ကာ 

သူ၏အလင်းဓါးအား​လေထဲသို့ခုတ်ပိုင်းလိုက်​တော့သည်။ ဓါးရိုးဆီမှထွက်​ပေါ်​နေ​သော အလင်းမှုန်တို့စု​ပေါင်းလျက် ဓါးတစ်​ချောင်း၏ကိုယ်ထည်ကိုဖြစ်​ပေါ်​စေပြီး သံလိုက်ဆွဲငင်အားအတွင်းတွင်ရှိ​သော မည်သည့်မာ​ကျောသည့်ပစ္စည်းကိုမဆို ဖြတ်​တောက်နိုင်​​သော ဓါးတစ်​ချောင်းဖြစ်​ပေါ်လာခဲ့သည်။ 


​လေထုထဲဖြတ်သန်းသွားချိန်တွင် တုန်ခါသံတချို့ကိုပင်ကြားရသည်။ ယွမ်ရှင်းကျဲ သူ့​ရှေ့မှဓါးကိုကြည့်လိုက်သည်။ သူသည်မက်ခါ​ပေါ်၌အလင်းဓါးတစ်​ချောင်းကို​ေ၀့ယမ်းနိုင်ရန်အကြိမ်​ပေါင်းမ​ရေတွက်နိုင်​အောင် စိတ်ကူးယာဥ်ခဲ့ဖူးသည်။ အခု​တော့တကယ်ဖြစ်လာ​ချေပြီ။ 


အလင်းဓါးမက်ခါတစ်စီး၏တိုက်ခိုက်ပုံက ​ဓါးငမားတစ်​ယောက်၏ ဓါး​ရေးပြသည့်နှယ်ပင်။ ယွမ်ရှင်းကျဲသည်အတိတ်ဘ၀၌ ​မြောက်များစွာ​သော တိုက်ခိုက်​ရေးနည်းပညာများကို ​ဆေးရုံကုတင်​ပေါ်တွင်လဲလျက် ပုံရိပ်​ယောင်ဖြင့်​လေ့လာခဲ့သည်။ 


​ကျောင်းသားတစ်​ယောက်သည် ​လေ့ကျင့်​ရေးကွင်းမှပြသ​နေ​သော ဖန်သားပြင်တွင် မက်ခါကိုလှမ်းမြင်လိုက်ကာ 


"အဲဒီအလင်းဓါးမက်ခါကဘာလုပ်​နေတာလဲ" 


"ဓါး​ရေးကျင့်​နေတာလား သူ့လုပ်​​ဆောင်မှုကထူးဆန်းတယ်၊ ငါအဲလိုမျိုးတစ်ခါမှမမြင်ဖူးဘူး" 


"အလင်းဓါးမက်ခါတစ်စီးက ဓါး​ရေးပြတာပုံမှန်ပါပဲ

ဒါ​ပေမယ့် အဓိကလှုပ်ရှားမှု​တွေက​တော့ ရိုးရိုး​လေးပါပဲ၊ အားလုံးခြုံကြည့်ရင်သာ ရှုပ်တယ်ထင်ရတာ"


"ဒါ​ပေမယ့်အ​တော်​လေးကြည့်​ကောင်းသလိုပဲ"


ယွမ်ရှင်းကျဲသည် ယခင်က ​ရှေး​ဟောင်းဓါးနည်းစနစ်ကို ​လေ့လာဖူးပြီး ၄င်းကို မက်ခါတွင် အသုံးချလိုက်သည်။ 


သူ၏မက်ခါနှင့်စမ်းသပ်ကြည့်ရာ အဆင်​ပြေသည်ကို​တွေ့လိုက်ရသည်။ သို့သော်မက်ခါမှာ လူလက်ကဲ့သို့မ​ပျော့​ပျောင်းသဖြင့်၄င်းကိုအဆင့်မြှင့်ရန်လိုအပ်သည်။ အလင်းဓါးမက်ခါအပြင် ယွမ်ရှင်းကျဲသည် အပို​ငွေ30000ဖြင့်၀ယ်ခဲ့​သောကင်း​ထောက်မက်ခါကိုလည်း​လေ့လာထား​​​သေးရာ​၄င်းမှာ အသစ်စက်စက်ဖြစ်သည်ကိုပါ​​တွေ့လိုက်သည်။ 


ယွမ်ရှင်းကျဲ အကျဥ်းချုပ်လိုက်သည်။

"ဆိုင်ရှင်ကတကယ့်လူ​ကောင်းပဲ" 


အ​ဆောင်သို့ပြန်​ရောက်လျှင် ယွမ်ရှင်းကျဲသည် ပြိုင်ပွဲ၀င်ရန်စာ​ရင်း​ပေးထား​ကြောင်း လုရန်ရှုအား​ပြောလိုက်သည်။ 


"ဘာ မင်းတကယ်ကြီး စာရင်း​ပေးလိုက်တာလား" 


လုရန်ရှုမယုံနိုင်စွာ​မေးလိုက်သည်။ 


"ရှင်းကျဲ မင်းမ​နေ့က​လေ့ကျင့်​ရေးမှာ​တောင်​မေ့လဲခဲ့တာ​​နော် ၊ငါက​တော့မင်းလက်​လျှော့လိမ့်မယ်ထင်ထားတာ၊"


" ငါတကယ်လက်​လျှော့ခဲ့ပါတယ်"


ယွမ်ရှင်းကျဲ​ခေါင်းကိုကုတ်လျက် 


"ဒါ​ပေမယ့်​လော့၀မ်ချွမ်းကငါ့ကို​​ငွေ​တွေအများကြီး ​ပေးတယ်​လေ အဲ​တော့ငါလည်း မက်ခါတစ်စီး၀ယ်လိုက်တယ်" 


"​လော့၀မ်ချွမ်းကမင်းကိုပိုက်ဆံ​ပေးတာနဲ့ပဲ မင်းက၀င်ပြိုင်​တော့မယ်​ပေါ့၊ မရဘူး​​နော်" 


​ပြောပြီး​တော့မှ လုရန်ရှု​အေးခဲသွားခဲ့သည်။


 "ဘာကြီး ၊ ဘယ်သူကမင်းကိုပိုက်ဆံ​ပေးတာ၊ "


"​လော့၀မ်ချွမ်း" ယွမ်ရှင်းကျဲ လည်း လုရန်ရှူ၏ အမူအယာကိုမြင်လျှင် အနည်းငယ်တွန့်ဆုတ်သွားလျက် 


"ငါသူ့မက်ခါကိုပြင်​ပေးခဲ့တာ" 


ကြားရ​သော သတင်းအချက်အလက်များမှာကြီးမားလွန်း၍ လုရန်ရှုတစ်ယောက် ချက်ချင်းမ​ချေဖျက်နိုင်ရှာ​​ပေ။

အ​တော်​လေးကြာမှ လုရန်ရှုက တွန့်ဆုတ်တွန့်ဆုတ်ဖြင့်​မေးလာခဲ့သည်။


"ဒီ​တော့မင်းသူ့မက်ခါကိုပြင်​ပေးခဲ့တာ​​​ပေါ့၊ သူက​ဒေါသမထွက်တဲ့အပြင်၊ ပိုက်ဆံလည်း​ပေး​သေးတယ်​ပေါ့" 


ယွမ်ရှင်းကျဲ​ခေါင်းငြိမ့်လိုက်သည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"  


လုရန်ရှုက ယွမ်ရှင်ူကျဲ၏လက်​မောင်းအား စိတ်လှုပ်ရှားသွာဖမ်းဆွဲလိုက်သည်။ 


"မင်းရဲ့ မွမ်းမံစ​ကေး​တွေကဘယ်​လောက်​ပဲ​ရှယ်ကြီးဖြစ်​နေပါ​စေဦး၊ ဟိုက​လော့၀မ်ချွမ်း​လေ၊ ​လော့၀မ်ချွမ်း အိုမီဂါ​တွေကိုမုန်းတာ တစ်​ကျောင်းလုံးသိတယ်" 


"အိုမီဂါ​တွေကိုမုန်းတယ် ဟုတ်လား၊ သူကအယ်လ်ဖာ​​လေ၊ ဘာလို့အိုမီဂါ​တွေကိုမုန်းမှာလဲ၊ "


သဘာ၀ကျကျဆို အယ်လိဖာ​တွေက အိုမီဂါမိတ်ဖက်ကိုရှာကြသည်မဟုတ်ပါလား။


"ငါလည်းအ​သေးစိတ်​တော့မသိဘူး၊ ငါကြားသ​လောက်က​တော့ သူ့အနားကို ဘယ်အိုမီဂါမှကပ်ခွင့်မပြုဘူးတဲ့" 


လုရန်ရှု​တွေး​တွေး​တော​တောဆိုလိုက်သည်။ 


"တချို့​ပြောတာက​တော့သူက​အေးစက်တယ်တဲ့၊ တချို့ကျ​တော့လည်သူကအိုမီဂါ​တွေကို​ကြောက်တာတဲ့၊ ဒါနဲ့သူက​ကျောင်းမှာရှိ​နေတာကြာပြီ​လေ၊ ဘယ်အိုမီဂါနဲ့မှမနီးကပ်ဖူးဘူး" 


ထို့​ကြောင့်လည်း လုရန်ရှုမှာ ယွမ်ရှင်းကျဲအား ​လော့၀မ်ချွမ်းကပိုက်ဆံ​ပေးသည်ဟုကြား​သောအခါ အံ့အားသင့်မိသွားခြင်းဖြစ်သည်။ 


"သူကခပ်ရှင်းရှင်းပဲ​တွေးပြီး ငါ့လိင်အမျိုးအစားကို ဂရုမစိုက်လို့​နေမှာ​ပေါ့" ယွမ်ရှင်းကျဲ​တွေး​တောလျက် ဆိုလိုက်သည်။ 


"တကယ်​တော့သူကအိုမီဂါ​တွေကိုမ​ကြောက်ပါဘူး၊ ပြီး​တော့ငါနဲ့လည်းမဆိုင်ဘူး၊ ငါကမက်ခါပဲပြင်တာပါ" 


 လုရန်ရှုလည်း ယွမ်ရှင်းကျဲ​ပြောစကားက အဓိပ္ပါယ်ရှိသည်ဟု​တွေးမိသည်။ သို့​သော်​နောက်တစ်စက္ကန့်တွင်​တော့ သူသည်မက်ခါဘယ်လိုပြင်ရ​ကြောင်းစတင်စပ်စု​တော့သည်။ ယွမ်ရှင်းကျဲလည်းအများကြီးရှင်းပြလိုက်သည်။ သူကမက်ခါများကိုအရင်ကတည်းကတိတ်တဆိတ်သ​ဘောကျ​​နေခဲ့ဖြစ်​သော်လည်း ​စေ့စပ်ပွဲ​ကြောင့် သူ့အိပ်မက်ကို​လက်​လျော့ပြီး​နေခဲ့ရတာဖြစ်​ကြောင်းနည်းနည်းပါးပါးလိမ်လိုက်သည်။ 


 ယခုသူ့ကိုယ်ပိုင်ဘရသစ်စ​တော့မည် စသဖြင့် 

လုရန်ရှုမှာ​တော့အင်မတန်ရင်ထဲထိစွာ ယွမ်ရှင်းကျဲ၏လက်ကိုဆုပ်ကိုင်လျက် 


"ရှင်းကျဲရယ်အချစ်ကမင်းကိုဘယ်​လောက်များ ပင်ပန်း​စေလို့ အဲ​လောက်ထိ သန်မာသွားရ​တာလဲကွာ" 


သူသည်ယွမ်ရှင်းကျဲစိတ်ရူး​ပေါက်ရာ​လျှောက်လုပ်​နေခြင်းဟုသာထင်ခဲ့သည်။ သို့​သော် ယခုကြည့်ရသည်မှာ သူ့ကိုယ်သူအမှန်တကယ်​ပြောင်းလဲချင်ပုံရသည်။ 


ယွမ်ရှင်းကျဲ" အချစ်နဲ့ဘာမှမဆိုင်ပါဘူးကွာ" 


....

xxxxx