အပိုင်း ၁၅
Viewers 17k

Chapter 15


ပြိုင်ပွဲက သုံးရက်အတွင်းစ​ပေ​တော့မည်။ 

စာရင်း​ပေးထား​သော ​​ကျောင်းသားများသည် ပြင်းထန်​​သော​လေ့ကျင့်မှုများကိုဖြတ်​ကျော်ရမည်ပင်။ ဤနည်းဖြင့် လုပ်​ဆောင်ရမည်တို့ကိုနားလည်ပြီး ပြိုင်ပွဲတွင် မ​တော်တဆဖြစ်ပွားမှု​နည်းလိမ့်မည်။ 


အတန်းRမှစာရင်း​ပေးသူ ၂၀ရှိကာ အတန်း၏လူဦး​ရေသုံးပုံတပုံခန့်ပင်ရှိသည်။ ၎င်းမှာများသည်ထင်ရ​သော်လည်း အခြားအတန်းများဆိုလျှင် လူအ​​ယောက် ၄၀ထက်ပင်ပိုကြသည်။ 


သို့နှင့်မက်ခါ​မောင်းနှင်​ရေး​မေဂျာမှနှစ်အလိုက်  ​ကျောင်းသားစုစု​ပေါင်း၂၀၀နီးပါး၀င်ပြိုင်ကြသည်ပင်။ 


​လေ့ကျင့်​ရေးမှာ လှုံ့​ဆော်​ခြင်း​လေ့ကျင့်​ရေးခန်းတွင် ပြုလုပ်သညွ။ ယွမ်ရှင်းကျဲ​ရောက်​ရောက်ခြင်းတွင် လုရန်ရှုကိုမြင်လိုက်ရ​လေသည်။ သူ၏အခန်း​ဖော်အား အံ့သြစွာကြည့်လျက်


 "ဒီကိုဘယ်လို​ရောက်​နေတာလဲ၊ မင်းလည်းစာရင်း​ပေးခဲ့တာလား" 


"အင်း" လုရန်ရှုမင်​​သေ​သေဖြင့်​ခေါင်းငြိမ့်လိုက်သည်။ 


 "ငါစဥ်းစားပြီးပြီ ၊ ငါတို့ကညီအ​စ်ကို​ရဲ​ဘော်ရဲဘက်တွေပဲ၊ ငါမင်းကိုအ​ဖော်ပြု​ပေးချင်တယ်" 


ယွမ်ရှင်းကျဲနှလုံးသား​နွေး​ထွေးသွားရသည်။


"​ကျေးဇူးပါ ရန်ရှု" 


"အနည်းဆုံး​တော့ မင်းအချခံရတဲ့အခါကျ ပြီးခဲ့တဲ့တစ်​ခေါက်ကလို ငါမင်းကို​ဆေးခန်းကိုပို့​ပေးနိုင်တာ​​ပေါ့" 


လုရန်ရှုသူ့အားကြည့်လျက်ဆိုလိုက်သည်။ 


 "မလိုပါဘူး" 

ယွမ်ရှင်းကျဲ ​ဆေးရုံကို​နောက်တစ်ကြိမ်ထပ်သွားချင်စိတ်မရှိ​ချေ။ ​စျေးကြီးလွန်းတယ်၊


"ငါတို့အတန်းနဲ့အခြားအတန်း​တွေကြားမှာတကယ်ကိုကွာခြားတယ်" ကျိုး​ဖေးရွယ်ကလူအုပ်အား​ပြောလိုက်သည်။ 


"ဒါ​ပေမယ့် ဒီထဲကလူငါးဆယ်​ရွေးမှာဖြစ်တဲ့အတွက် အခွင့်အ​ရေးရှိ​သေးတယ်၊ ကျန်တဲ့သူ​တွေလည်းမ​တော်တဆရှုံးနိုင်တာပဲ​လေမဟုတ်ဘူးလား" 


လူအုပ်မှာချက်ချင်း​သွေးဆူလာ​တော့သည်။ 


"၀င်ခွင့်ပြိုင်ပွဲက​တော့အတားအဆီးဖြတ်​ကျော်ခြင်းပဲ " 


ကျိုး​ဖေးရွယ် စည်းမျဥ်းများကို စတင်ရှင်းပြလိုက်သည်။ 


"မင်းကပြိုင်ပွဲအတွင်းမှာ ပြိုင်ဘက်ကိုတိုက်ခိုက်နိုင်တယ်၊ ဒါ​ပေမယ့်မလိုအပ်ရင်မတိုက်ဖို့​တော့ငါအကြံ​ပေးချင်တယ်၊ ခုံး​ကောင်နဲ့ ဗိုလ်စားငှက်နဲ့တိုက်ခိုက်​နေတုန်း တံငါသည်ကအကျိုးရှိသွားတာကိုမ​မေ့နဲ့၊ ကျန်တဲ့သူ​တွေကမင်းတို့ကို​ကျော်သွားလိမ့်မယ်" 


ယွမ်ယှင်းကျဲ သည် ယခင်နှစ်များက ပြိုင်ပွဲ၀င်ခွင့်ဗီဒီယိုများကိုကြည့်ထားသည်ပင်။ ကျိုး​ဖေးရွယ်​ပြောသည့်အတိုင်းပင်၊ တိုက်ခိုက်မှုအနည်း​ရှိကြသည်။ 


အတားအဆီးဆိုသည်တွင် ပစ်မှတ်ချိန်​သော လက်နက်တချို့၊ စက်ရုပ်သားရဲများ၊ ​သေးငယ်​သော ​သားရဲအရိုင်းများ၊ နှင့် ၀င်္ကပါကဲ့သို့ပတ်လမ်းများပါ၀င်သည်။ 


၄င်းသည် ထိခိုက်မှုအများအပြားမဖြစ်​စေသည့်တိုင် ​ကျော်ဖြတ်ရန်လည်းခက်လှသည်ပင်။ ဤကဲ့သို့အ​ခြေအ​နေမျိုး​တွင် အဖွဲ့လိုက်လှုပ်ရှားမှုကအ​ကောင်းဆုံး​ဖြေရှင်းနည်းပင်ဖြစ်သည်။ 


ကျိုး​ဖေးရွယ်စည်းမျည်းများကိုရှင်းပြပြီးသည်နှင့် လူတိုင်းသည် ​လေ့ကျင့်​ရေး ပုံရိပ်​ယောင်စက်များထဲ၀င်လိုက်ကြ​တော့သည်။ 


ပုံရိပ်​ယောင် ​လေ့ကျင့်​ရေးစက်၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားလိုအပ်ချက်မှာ မက်ခါ​တစီးနှင့်မခြားနား​ချေ။ ​ပုံရိပ်​ယောင်စက်ကိုမောင်းနှင်သူမှာ တိုက်ပွဲအမျိုးမျိုးကို ​နေရာမှာရပ်လျက် ကြုံ​တွေ့နိုင်သည့်အချက်သာကွာခြား​လေသည်။ 


ယွမ်ရှင်းကျဲလည်း ပုံရိပ်​ယောင်​လေ့ကျင့်​ရေးခန်းသို့၀င်လိုက်သည်နှင့် အလင်းမျက်နှာပြင်တွင်​​ပေါ်ခါ​သောပုံရိပ်မှာတောအုပ်တစ်ခုဖြစ်ကာ အလွန်အစစ်နှင့်တူလှသဖြင့် စိတ်ကိုရာ​ထွေး​စေလုနီးပါးပင်။ 


ထို့အပြင် ​ရွေးချယ်စရာအများအပြားရှိလျက် သူတို့သည် မိမိတို့၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားနှင့်ကိုက်ညီ​သော မက်ခါအမျိုးအစားကို​ရွေးချယ်နိုင်​လေသည်။ 


လူတိုင်းအဆင်သင့်ဖြစ်လျှင် ကျိုး​ဖေးရွယ်က ခလုတ်ကိုနှိပ်လိုက်သည်နှင့် ပုံရိပ်​ယောင်တိုက်ပွဲကွင်းပြင်၌အတားအဆီးမျိုးစုံထွက်​ပေါ်လာ​တော့သည်။ 


သူ၏​​ရှေ့တွင် ကြီးစွာ​သော အလင်းမျက်နှာပြင်ကြီးရှိပြီး မက်ခါအတန်းလိုက်ကြီးက စမှတ်တွင်ရပ်​နေကြသည်။ လျှပ်စစ်စက်ရုပ်အမျိုးသမီးအသံတစ်ခုက ​ကြေညာ​ပေးလာခဲ့သည်။ 


[ပုံရိပ်​ယောင် တိုက်ပွဲကွင်းပြင်အသင့်ဖြစ်ပါပြီ၊ ​မြေပုံD2281ကိုပြင်ပြီးပါပြီ၊ လူအ​​ရေအတွက်၂၀၊ 

​​ရေတွက်မှုအပြီး ​လေ့ကျင့်​ရေးစတင်ပါမည်၊ ကစားသမားများအဆင်သင့်ပြင်​ပေးပါ] 


ယွမ်ရှင်းကျဲ အာရုံစိုက်လျက်နား​ထောင်လိုက်သည်။ 

​ရေတွက်ခြင်းပြီးသွားသည်နှင့် လူအုပ်မှာ မက်ခါအားချက်ချင်းနှိုးလျက် ​တောအုပ်ထံတရှိန်ထိုး​ပြေးသွားကြ​တော့သည်။ 


ယွမ်ရှင်းကျဲက အလျင်မလို​ချေ။ သူ၏​ရှေ့မှ မက်ခါအကြီးတချို့​နောက်က အသာအယာလိုက်သွားခဲ့ကာ အကွာအ​ေ၀းကိုလည်းထိန်းထားခဲ့သည်။ 


 သူ့​ရှေ့မှလူအတိုက်ခိုက်ခံရလျှင် သူက မည်သူမှမသိလိုက်ခင်ထိုကြားမှ ၀ိဥာဥ်တစ်​ကောင်နှယ်​ရှောင်ထွက်သွားလိမ့်မည်။ ​လက်နက်များပစ်ခတ်မှုမှာလည်း​ပေါ့​သေး​သေးမဟုတ်​ချေ။ ယွမ်ရှင်းကျဲ သတိဖြင့်​ရှောင်​နေရသည်။ 


ထို​ပစ်ခတ်မှုသူ့ကိုတစ်ချက်ထိလျှင် အတု​အယောင်နာကျင်မှု ၁၀%ခန့်သူခံစားရသည်။ ဤအဆင့်မှာလုံ​လောက်​ချေပြီ။

15.2


မကြာခင်၌ပင် ​ကျောင်းသားအများစုမှာ ကွင်းထဲတွင်လဲကျလျက် မလှုပ်နိုင်ကြ​တော့​ချေ။ တချို့က ပစ်မှတ်ချိန်လက်နက်များထိကြသည်။ တချို့က စက်ရုပ်သားရဲများတိုက်ခိုက်ခြင်းခံရသည်။ တချို့ကလည်း​တောရိုင်းသားရဲများတိုက်ခိုက်ခြင်းခံရကာ တချို့ကမူသစ်ပင်ကိုတိုက်ရိုက်၀င်​ဆောင့်မိကြသည်ပင်။ 


ကျန်လူများက ​ရှေ့သို့ဆက်သွား​နေဆဲပင်။ ယွမ်ရှင်းကျဲ မိမိအတွက် ဒိုင်းကာမရှာနိုင်​တော့​ချေ။ ထို့​ကြောင့်သူ၏အစီအစဥ်ဟောင်းကိုစွန့်ပစ်လျက် 

လုံး​ထွေးခံရခြင်းမှ​​ရှောင်ရန် လူအုပ်ထံမှ ခွဲထွက်လိုက်သည်။ 


သူ၏ဗျူဟာမှာမကြာခင်​မှာပဲအောင်မြင်​တော့သည်။

Cအဆင့်အလင်းဓါးမက်ခါမှာ ပန်း၀င်သွားပြီး အသင်း၏ပထမ​နေရာကိုဆွတ်ခူးသွားခဲ့သည်။ 

ကျိုး​ဖေးရွယ်သည် ထုတ်လွှင့်​နေ​သော အလင်းမျက်နှာပြင်ကို မယုံနိုင်​သောအမူအယာဖြင့်ကြည့်​နေမိသည်။ 


သို့​သော်လက်ရှိမြင်ကွင်းနှင့်စာလျှင် လွန်ခဲ့​သောရက်အနည်းငယ်က ယွမ်ရှင်းကျဲ မက်ခါစက်နှိူးနိုင်သည့် မြင်ကွင်းကပင် လက်ခံချင်စရာပို​​ကောင်းသည်ဟု​တွေးလိုက်မိ​လေသည်။ 


 ​လေ့ကျင့်​ရေးမှာမိနစ်၂၀ထဲ၀င်လာ​သောအခါ လူ​လေးငါး​ယောက်ခန့်သာလျှင် ကွင်းထဲတွင်ကျန်ရစ်ခဲ့​လေသည်။ အလင်းဓါးမက်ခါ၏ အလျင်ကတဖြည်းဖြည်း​နှေးလာခဲ့သည်၊ 


အတန်းထဲမှ အ​ကောင်းဆုံးအယ်လ်ဖာအ​နေနှင့် ​အော်ရီရယ်သည် ယွမ်ရှင်းကျဲ၏အလျင်အား လျင်မြန်စွာ လိုက်မှီလာသည်။ သူ ယွမ်ရှင်းကျဲအား ရယ်ကာကြည့်လိုက်​တော့မည့်အချိန်မှာပင် မြန်နှုန်းမြင့် ပျံသန်းစက်ရုပ်သားရဲတစ်​ကောင်ကသူ့အားတိုက်ခိုက်လာခဲ့သည်။ 

သူ့တွင် တုန့်ပြန်ရန်အချိန်မရှိ​တော့ပဲ၊ ​ခေါင်းကိုအတိုက်ခံရရန်ပြင်​နေစဥ် အလင်းဓါးမှာ လျင်မြန်စွာထွက်​ပေါ်လာပြီး စက်ရုပ်သားရဲအား တိုက်ရိုက်ပင် နှစ်ပိုင်းခြမ်းချလိုက်​တော့သည်။ 


​အော်ရီရယ်၏အမူအယာမှာ ​ကြောက်ရွံ့မှုမှ ​ရှော့ခ်ရမှုသိူ့တမဟုတ်ချင်း​​ပြောင်းလဲသွားခဲ့သည်။ ယွမ်ရှင်းကျဲမှာ ဘယ်​လောက်မြန်တဲ့ တုံ့ပြန်နိုင်စွမ်းမျိုးရှိ​နေတာလဲ၊ 


စက်ရုပ်သားရဲ​ကြောင့်​အော်ရီရယ်မှာ ​နောက်တွင်ကျန်ခဲ့သည်။ ယွမ်ရှင်းကျဲ အဆုံးသို့​ရောက်ခါနီးတွင်၊ အလင်းဓါးမက်ခါမှာ ရုတ်ချည်းရပ်သွား​တော့သည်။ ၄င်းက​ခြေစုံရပ်လျက်အနည်းငယ်ယမ်းခါသွားကာ လဲကျ​တော့မလိုပင်။ 


ကျိုး​ဖေးရွယ်လည်း ယွမ်ရှင်းကျဲရှိရာ ပုံ​ရိပ်​ယောင် ​လေ့ကျင့်​ရေးခန်းသို့ကြည့်လိုက်သည်။ 

မကြာခင်မှာပင် ယွမ်ရှင်းကျဲမှာအခန်းတွင်းမှ ​ချွေးများပျံလျက်ထွက်လာခဲ့​တော့သည်။ 


"ဆရာကျိုး ဆရာကျိုး ကျွန်​တော်အားကုန်သွားပြီ" 


ကျိုး​ဖေးရွယ်လည်း အ​ရေး​ပေါ်စက်ရုပ်​လေးများကို​ခေါ်လျက် သူ့အား ပြုစု​စေသည်။ အဟာရရည်တစ်ထုပ်လုံး၀င်​သွားပြီးသည့်​​​နောက်တွင် ကျိုး​ဖေးရွယ်က​​မေးလာခဲ့သည်။ 


"မင်း​ဆေးခန်းသွားဖို့များလိုလား" 


"ဟင့်အင်း" အဟာရရည်​ကြောင် ယွမ်ရှင်းကျဲမျက်နှာ အနည်းငယ်ပိုအဆင်​ပြေလာခဲ့သည်။ 


ကျိုး​ဖေးရွယ်မှာ အနည်းငယ်​နှ​မြောတသဖြစ်လျက်

"မင်းအခု​လေးတင် စက်ရုပ်သားရဲကိုမဖြတ်ခဲ့ရင် မင်း​​နောက်ဆုံးမျဥ်းကို​ရောက်ခဲ့​လောက်မှာ"


"ဒါကသာမာန်ပဲ​လေးပါ အဆင်​ပြေပါတယ်၊ "


ယွမ်ရှင်းကျဲ​ပေါ့​ပေါ့ပါးပါးဆိုလိုက်သည်။ 


​အော်ရီရယ်မှာ ပုံရိပ်​ယောင်ခန်းထဲမှထွက်လာခဲ့ပြီး အနည်းငယ်တွန့်ဆုတ်လျက် ယွမ်ရှင်းကျဲအား သူ့ကိုအဘယ်​ကြောင့်ကူညီခဲ့သနည်းဟု​မေးလိုက်​လေသည်။ 


"မင်းရဲ့​ခေါင်းကြီးငါ့ဆီပျံလာမှာစိုးလို့" 


ယွမ်ရှင်းကျဲ စ​နောက်လျက်ပြန်​ဖြေလိုက်သည်၊ 

လူတိုင်းကရယ်လိုက်ကြပြီး၊ ​အော်ရီရယ်လည်းရှက်သွားခဲ့သည်။ သို့​သော်သူ့နှုတ်ခမ်းကိုမ​ကွေးပဲမ​နေနိုင်​ချေ။


 ဤသည်မှာ ပုံရိပ်​ယောင်တိုက်ပွဲကွင်းပြင်သာဖြစ်​သော်လည်း ယွမ်ရှင်းကျဲ၏ထိုဓါးချက်မှာ သူ၏​သေခြင်းရှင်ခြင်း​ချောက်ကမ်းပါးမှကယ်ထုတ်ခံလိုက်ရသလိုခံစားရ​စေသည်၊ 


ယွမ်ရှင်းကျဲအနားယူပြီး​နောက် အိုမီဂါတစ်ဦး၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ အမှန်တကယ်အားနည်းလှ​ကြောင်း​​တွေး​နေမိသည်။ 


မည်သို့ပင်ဖြစ်​စေ ယွမ်ရှင်းကျဲနှင့် ​အော်ရီရယ်နှစ်ဦးသားမှာအတန်းတွင်းတိုက်ပွဲအတွင်း​မိနှစ်၂၀​တောင့်ခံနိုင်သူ၂​ယောက်ဖြစ်လာခဲ့သည်။ 


​လေ့ကျင့်​ရေးပြီးသည်နှင့် ယွမ်ရှင်းကျဲမှာ လုရန်ရှုနှင့်အတူ အ​ဆောင်သို့ပြန်ချင်ခဲ့သည်။ သို့​သော်ကျိုး​ဖေးရွယ်မှသူ့အားတားလာခဲ့သည်။ လူအိုကြီးမှာ ယွမ်ရှင်းကျဲအား​ဘေးသို့ဆွဲ​ခေါ်လျက် အလွန်အတည်အတံ့ဖြစ်​​နေဟန်ဖြင့် 


"ရှင်းကျဲ ဒီ၀င်ခွင့်ကမင်းအတွက် အရမ်းအ​ရေးကြီးတယ်"ယွမ်ရှင်းကျဲ​ခေါင်းငြိမ့်လိုက်သည်၊ 


"ကျွန်​တော်​သေချာကြိုးစားပါ့မယ်" 


သို့​သော်သူကရှုပ်​​ထွေးနေဆဲပင်၊ ဒီစကား​တွေကို ဘာလို့သူ့တစ်​ယောက်ကိုသာ​ပြောပါသနည်း။​နောက်တစ်စက္ကန့်တွင်မူကျိုး​​ဖေးရွယ်၏ဆိုလိုရင်းကို နားလည်သွား​တော့သည်။ 


"ချီယု​ကြောင့် ​ကျောင်းဘုတ်အဖွဲ့ကမင်းကိုကန်ထုတ်ဖို့စဥ်းစား​နေတယ်၊ ငါထင်တာ​တော့ဒါကတအားလွန်တယ်၊ သူတိူ့လုပ်ပုံကမဟုတ်ဘူး၊ ဒီ​တော့ငါလည်း မင်းဒီ​တောအတွင်း​ပြောင်းလဲလာပြီး မက်ခါပြိုင်ပွဲလည်း၀င်ချင်​နေတယ်လို့​ပြောလိုက်တယ်၊ "


ယွမ်ရှင်းကျဲတံ​တွေးမြိုချလိုက်ပြီး ရုတ်ချည်းမ​ကောင်း​သောခံစားချက်များ၀င်​ရောက်လာ​တော့သည်။ 


"​ကျောင်းဘုတ်အဖွဲ့ကငါ့ကို​ပြောလိုက်တာက၊ မင်းသာ၀င်ခွင့်ပြိုင်ပွဲမှာပြုတ်သွားရင် ရှင်းဟိုင်က​နေထွက်သွားရမယ်တဲ့၊ "


ကျိုး​ဖေးရွယ်၏အသံမှာ သိသိသာသာ​လေးလံလျက် 


"ဒါ​ကြောင့် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားမလုံ​​လောက်တဲ့ ပြသနာကို သုံးရက်အတွင်း​ဖြေရှင်းရလိမ့်မယ် နားလည်လား" 


ယွမ်ရှင်းကျဲက ​သေခြင်းတရားကိုမျက်မြင်ကြုံ​တွေပြီးသည့်တိုင် ပြိုင်ပွဲမှထွက်ရခြင်းမထွက်ရခြင်းက ​ကျောင်းမှထွက်ရခြင်းမထွက်ရခြင်းနှင့် ဆက်စပ်​နေမည်ဟု တစ်ခါမှမ​မျှော်လင့်ထားမိ​ချေ။ 


မိနစ်အနည်းငယ်ကြာပြီး​​နောက်တွင် သူက​ခေါင်းကိုအသာငြိမ့်လျက် အလွန်ခိုင်မာစွာဆိုလိုက်သည်။ 


"ကျွန်​တော်နားလည်ပြီ"


"ဆရာတစ်​​ယောက်အ​နေနဲ့ ငါဒီလို​တွေမ​ပြောသင့်ဘူး" ကျိုး​ဖေးရွယ်သည်ယွမ်ရှင်းကျဲအား ဂရုဏာသက်စွာကြည့်လျက်


"ဒါ​ပေမယ့် ဆရာတစ်​​ယောက်အ​နေနဲ့ မင်း​ကျောင်းဆက်တက်နိုင်ဖို့​မျှော်လင့်တယ်ကွာ" 


မူလတွင် ကျိုး​ဖေးရွယ်ယွမ်ရှင်းကျဲအားမနှစ်သက်လှ​ချေ။ ​ပြောင်းလဲမှုကလည်း ယာယီသာဖြစ်လိမ့်မည်ထင်ခဲ့သည်။ သို့​သော်ချီယုနှင့်အ​ခြေအ​နေကို သိရပြီး​နောက်တွင် သူ ဤက​လေးအ​​ပေါ်အနည်းငယ် ဂရုဏာသက်မိသွားရသည်။ 


xxxxxx