အပိုင်း ၁၆
Viewers 17k

Chapter 16


ယွမ်ရှင်းကျဲသည် ကျိုး​ဖေးရွယ်၏ သတိ​ပေးမှုအတွက် လွန်စွာ​ကျေးဇူးတင်မိ​လေသည်၊ ကျိုး​ဖေးရွယ်သည် ပြိုင်ပွဲ၀င်ခွင့်နှင့်မရင်းနှီးပါကလည်း "မက်ခါစတား"ဟူ​​သောပုံရိပ်​ယောင်ဂိမ်းကို​ဆော့ကြည့်ရန်​ပြော​လေသည်။ ထိုဂိမ်းမှာမက်ခါစိတ်၀င်စားသူများအတွက်ထုတ်ထားခြင်းဖြစ်သည်။


"ဂိမ်းကစိတ်စွမ်းအား ကိုယ်ခံအားအဆင့်​တွေမလိုဘူးဆို​ပေမယ့်၊ သူ့ရဲ့မစ်ရှင်ပုံစံကလည်း ပြိုင်ပွဲ၀င်ခွင့်နဲ့အတူတူပဲ မင်းများများ​လေ့ကျင့်သင့်တယ်"

ကျိုး​ဖေးရွယ်ကဆိုသည် ။ ယွမ်ရှင်းကျဲအတွက် သုံးရက်အတွင်း ကိုယ်ခံအားတရှိန်ထိုးတိုးတက်လာဖို့ဆိုသည်မှာ မဖြစ်နိုင်​ချေ။ 


 ယွမ်ရှင်းကျဲအာရုံစိုက်သင့်သည်မှာ ပြိုင်ပွဲစည်းကမ်းများနှင့် ရင်းနှီး​အောင် အကျိုးရှိရှိအသုံးချရန်ပင်။

အ​ဆောင်သို့ပြန်​ရောက်လျှင် သူဦးစွာကြံစည်ထားသည်မှာ မက်ခါစတားဂိမ်းကို​ဒေါင်းလုတ်ဆွဲရန်ပင်။ 


သို့သော်မှတ်ဥာဏ်တုကိုဖွင့်လိုက်စဥ်တွင်သူဤဂိမ်းအား ​ဒေါင်းလုတ်ဆွဲပြီးသားဖြစ်​​ကြောင်း​တွေ့လိုက်ရ​တော့သည်။ မူလပိုင်ရှင်သည် ​စျေးကြီးပုံရ​သော အသစ်စက်စက် ဂိမ်း​စက်ကိရိယာ​လေးကိုလည်းချန်ထားခဲ့သည်။


ပုံရိပ်​ယောင်မျက်နှာပြင်သို့၀င်လျက် မက်ခါစတားဂိမ်းကိုဖွင့်လိုက်သည်နှင့် မူလပိုင်ရှင်၏ အ​ကောင့်နာမည်အား​​တွေ့လိုက်ရ​တော့သည်။ ၄င်းမှာ

[ချီယုရဲ့ကြယ်​လေး]ဟုပင်။ 


ယွမ်ရှင်းကျဲ ​ခေါင်းကိုခါလိုက်ပြီး သူ၏ည​နေစာ​တွေပင်အန်ထွက်​တော့မလိုခံစားလိုက်ရကာ အ​ကောင့်အားဖျက်ပစ်ရန်ကြိုးစားလိုက်သည်။


မူလပိုင်ရှင်၏အ​ကောင့်အား ဤသို့ပြီးစလွယ်ဖျက်ပစ်ခြင်းမှာ သိပ်မသင့်​တော်ဟု​တွေးမိပြီး​နောက် သူသည်သက်ပြင်းချလျက် အ​ကောင့်အမည်ကိုဖုံးကွယ်ထားရန်သာ​ရွေးချယ်လိုက်သည်။ ထို့​နောက်တွင်

[ငါကအရမ်းအားနည်းပါတယ်]ဟူ​သောအ​ကောင့် အသစ်ဖွင့်လျက် ပြန်၀င်လိုက်​လေသည်။


ပြိုင်ပွဲတွင်Aအဆင့်စိတ်စွမ်းအားနှင့် ကိုယ်ခံအားရှိ​သော ​ကျောင်းသားများနှင့်ယှဥ်လျှင် ယွမ်ရှင်းကျဲမှာသူ့ကိုယ်သူအလွန်အားနည်းသလိုခံစားရသည်။ထို့​ကြောင့်သူသည်ဤပုံရိပ်​ယောင်ဂိမ်းနှင့် ရင်းနှီး​အောင်လုပ်မှဖြစ်လိမ့်မည်။ 


မက်ခါစတားဂိမ်း၏ စမှတ်မျက်နှာပြင်မှာရိုးရှင်းလှသည်။ ၄င်းသည်5Dဂိမ်းမျိုးဖြစ်သည့်တိုင် မည်သည့်

​ထွေ​ထွေထူးထူးမွမ်းမံထားခြင်းမျိုးမရှိ၊ သူစပြီး၀င်လိုက်သည်နှင့် မက်ခါ​မောင်းနှင်သူ​နေရာကို​ရောက်သွား​တော့သည်။ ဂိမ်း၏မုဒ်အမျိုးမျိုးကိုလည်းအလွယ်တကူ​တွေ့နိုင်သည်။ ယွမ်ရှင်းကျဲသည် ကစားသမားသစ်မိတ်ဆက်ခြင်းကို ​ကျော်လိုက်ပြီး

ပြိုင်ပွဲမုဒ်ကိုချက်ချင်း၀င်လိုက်​တော့သည်။ 


ရှင်းဟိုင်တက္ကသိုလ်၏ပြိုင်ပွဲမှာ ဤဂိမ်း၏ပြိုင်ပွဲမုဒ်နှင့်အ​တော်​လေးဆင်တူ​လေသည်။ ကစားသမားများသည် မက်ခါအမျိုးအစားများကို​ရွေးချယ်ပြီး အတားအဆီးများကို​ကျော်ဖြတ်ရမည်ဖြစ်သည်။

အကြိမ်အနည်းငယ်ကစားပြီးသည့်​​နောက် သူ ဂိမ်း၏​ပြောင်​မြောက်မှုကို ရင်သပ်ရှု​မော​နေ​တော့သည်။ 


ပထဦးစွာ တစ်​ဦးတည်းကစားသမားများထက် အဖွဲ့လိုက်ကစားသူများ၏အ​ခြေအ​နေကပိုအ​လေးသာ​လေသည်။ စက်ရုပ်သားရဲကြီးများနှင့် ကြယ်သားရဲများမှာ အလွယ်တကူမချည်းကပ်နိုင်​ချေ။ 


ဒုတိယအချက်အ​နေနှင့် လမ်းမှန်ကိုရှာခြင်းက ပြထားသည့်အတိုင်းတည့်တည့်သွားခြင်းထက်ပို​ကောင်းသည် ။ အဘယ်​ကြောင့်ဆိုလျှင် ပြထားသည့်လမ်းမှာ ၀င်္ကပါတစ်ခုနှယ်ရှုပ်​ထွေး​သော​ကြောင့်ဖြစ်​လေသည်။ 


​နောက်ဆုံးအ​နေနှင့် အခြားမက်ခါများနှင့်ရန်မဖြစ်ရန်ပင်။ ၄င်းမှာဂိမ်းထဲတွင်​ ကစားသမားအချင်းချင်းအ​ပျော်တိုက်ခိုက်ကြသည်မို့ ဘာမှ​တော့လုပ်မရ​ချေ။ ယွမ်ရှင်းကျဲ ၏ IDမှာ မက်ခါအုပ်စုကြားတွင်အ​တော်​လေးထင်​ပေါ်​နေခဲ့သည်။ အများစုမှာ ခွန်အားကြီး​သောခပ်မိုက်မိုက်နာမည်များ​ပေးထားချိန်တွင် သူကမူ အားနည်းသည်ဟုဆိုထားသဖြင့် လူအများသတိထားမိရန်မခက်​ချေ။


ယွမ်ရှင်းကျဲဤကဲ့သို့အ​ခြေအ​နေများစွာကြုံဖူး​လေသည်။ သို့​သော်သူစိတ်မတို​ချေ။ အဘယ်​ကြောင့်ဆိုသူ့ကိုလာအနိုင်ကျင့်သည့်မည်သူ့ကိုမဆို ​မြေကြီးထဲ၀င်​အောင် ပြန်ရိုက်နိုင်​သော​ကြောင့်ဖြစ်သည်။ 


[System:[ငါကအရမ်းအားနည်းပါတယ်]က အလင်းဓါးမက်ခါကိုသုံးပြီး[ငါကတာ့မုန်အာ]ရဲ့ ကြယ်တံခွန်ကိုဖျက်ဆီးလိုက်ပါသည်။ 


[System:[ငါကအရမ်းအားနည်းပါတယ်]ကအလင်းဓါးမက်ခါကိုသုံးပြီး [တူသားရဲကြီး]ရဲ့ မုန်တိုင်းဒိုင်းကာကိုဖျက်ဆီးလိုက်ပါသည်]


[System:[ငါကအရမ်းအားနည်းပါတယ်]ကဆယ်ခါသတ်ကွန်ဘိုကိုရရှိသွားပါပြီ]


[System:ဂုဏ်ယူပါတယ်[ငါကအရမ်းနည်းပါတယ်]က ပထမ​နေရာကိုအမှတ် 18:53.24နဲ့ရရှိသွားပါပြီ]


စ​ကေးများကို လွန်စွာကျွမ်းကျင်​နေပြီဖြစ်​သော ယွမ်ရှင်းကျဲမှာ ​နောက်ထဲပွဲနည်းနည်းဆက်​ဆော့လိုက်ရာ ပွဲတိုင်းအတွက်သူ၏ရလဒ်မှာ မိုး​ပေါ်တွင် တည်တံ့​နေခဲ့သည်။ 


 စ​ကေးမှန်မှန်ကန်ကန်အသုံးပြုနိုင်ခြင်းမှာ ဂိမ်း၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားမလိုအပ်မှု​ကြောင့်လည်းပါ​လေသည်။ ဂိမ်းအစစ်တွင် သူဤမျှ​ချော​ချော​မွေ့​မွေ့အပြီးသတ်နိုင်ခဲ့လိမ့်မည်မဟုတ်။ 


ဂိမ်းတစ်ပွဲတွင်ဆိုလျှင် ယွမ်ရှင်းကျဲ ဆရာသခင်များစွာနှင့်ဆုံရကာ ပွဲအတွင်းအ​တော်​လေးရုန်းကန်လိုက်ရသည်ပင်။ သူအများကြီးတိုက်ခိုက်ခဲ့ရရုံသာမက သူ၏ပျံသန်းနှုန်းမှာ မည်သူမှလိုက်မမှီနိုင်လုနီးပါးပင်။ သူသည်အတားအဆီးများကိုခက်ခဲစွာဖြတ်​ကျော်ရပြီးကံ​ကောင်းစွာ ဒုတိယ​​နေရာကိုရခဲ့သည်။ 

ပထမ​နေရာရှင် ကစားသမားမှာ ရိုးရှင်း​သော"L"ဟူသည့် IDနှင့်ဖြစ်သည်။ 


သူ၏ကစားပုံမှာ အ​တော်​လေးလူမဆန်လှပဲ ပွဲစသည်နှင့် လူတိုင်းကို​နောက်မှာချန်ထားရစ်​လေသည်။ ၄င်းမှာ ပစ်မှတ်ချိန်ဒုံးလက်နက်များနှင့် အတားအဆီးများကို တစ်​ယောက်တည်း​ကျော်လွှား​တော့မလိုပင်။ 


"L"IDနှင့်ကစားသမားမှာဤဂိမ်းနှင့်ရင်းနှီးပြီးသားဖြစ်မှန်းသိသာလှသည်။ ယွမ်ရှင်းကျဲမှာ ရုတ်တစက်ထိုလူနှင့်သူငယ်ချင်းဖြစ်ချင်လာခဲ့ပြီး fri requestပို့လိုက်​လေသည်။ သို့​သော်တဖက်လူမှ မည်သည်မျှမတုန့်ပြန်ပဲ ဂိမ်းထဲမှတန်းထွက်သွား​တော့သည်။ 

ယွမ်ရှင်းကျဲအနည်းငယ် နှ​မြောတသဖြစ်သွားမိသည်။ သူ"L"ထံမှအတုခိုးချင်၍မဟုတ်​ပေ။ သူကတဖက်လူနှင့် PKချင်ရုံသာ ။

16.2


သူ၏စိတ်ထဲမှာ "L"မှာ အလွန်​တော်​သော မက်ခါတိုက်ခိုက်​ရေးသမားတစ်ဦးဖြစ်လိမ့်မည်ဟုယုံကြည်​နေခဲ့သည်။ 


မက်ခါစတားဂိမ်း၏ PKမုဒ်မှာအ​တော်​ပေါ်ပျူလာဖြစ်ပြီး PKပွဲအမျိုးမျိုးကိုလည်း လတိုင်းupdate​လုပ်ပေး​လေ့ရှိသည်။ ယွမ်ရှင်းကျဲ လည်းနှိပ်ပြီးနည်းနည်းသပ်စုကြည့်လျှင် ကစားသမား"L"မှာ အလင်းဒါးမက်ခါဖြင့်ပင်[တစ်​ဦးချင်း PK rank]တွင် 

ထိပ်ဆုံးတွင် ဗိုလ်စွဲ​နေ​ကြောင်း​တွေ့လိုက်ရ​လေသည်။


သူ၏ခံစားချက်မှာအမြဲမှန်​လေသည်။ 


ရှင်းဟိုင်တက္ကသိုလ်အနီးတွင် မက်ခါပြုပြင်​ရေးစက်ရုံတစ်ခုရှိ​လေသည်။ ​​ကြေးကြီးပြီး ပိုက်ဆံချမ်းသာ​သော ​ကျောင်းသားများနှင့် ဆရာများသာလျှင်သွားနိုင်​လေသည်။ ကျိုး​ဖေးရွယ်တံခါးဖွင့်၍၀င်လိုက်လျှင် အထဲရှိ၀န်ထမ်းမှသူ့အားကြိုဆိုလာခဲ့သည်။ 


"​လောင်ကျိုး မင်းကိုမ​တွေ့ရတာ ကြာပါပြီလားဟ"


"အတန်း​တွေများ​နေလို့ကွာ" ကျိုး​ဖေးရွယ်အပြုံးနှင့်ဆိုလိုက်သည်။ 


သူသည်​ဆေးနီသုတ်ထား​သော မက်ခါတစ်ခုကို ကုဗတုံးထဲမှထုတ်လျက် ထို၀န်ထမ်းအားကမ်း​ပေးလိုက်သည်။ 


၀န်ထမ်းက​မေးလာသည်။ 


"လုပ်​ဆောင်​ချက်​ချော​မွေ့ဖို့လား၊ အဆင့်မြှင့်ဖို့လား" 


ကျိုး​ဖြေရွယ်ပြန်​ဖြေသည်။ 


"မက်ခါအဆင့်​ဖော်ပြချက်မမှန်ဘူးဖြစ်​နေတယ်၊ ငါမင်းကိုအဆင့်ပြန်သတ်မှတ်​ပေး​စေချင်လို့" 


၀န်ထမ်းမှာတန့်သွားပြီး ရှုပ်​ထွေးသွားခဲ့သည်။ 


မက်ခါအဆင့်သတ်မှတ်ခြင်းမှာတင်းကြပ်လှပြီး အမှားလုပ်ရန်မှာမဖြစ်နိုင်​ချေ။ သို့သော်သူ၏သံသယကိုဖိနှိပ်လျက် အဆင့်သတ်မှတ်​သော အခန်းဆီကိုမက်ခါကိုယူလျက်​လျှောက်သွားလိုက်သည်။ 


ကျိုး​ဖေးရွယ်လည်း၀န်ထမ်း၏​ကျောပြင်ကို ကြည့်ကာအ​တွေးများပြည့်လျက်ကျန်ရစ်​လေသည်။ 

ဤကာလတွင်သူ ယွမ်ရှင်းကျဲ၏လုပ်ပုံကိုင်ပုံကို ​လေ့လာကြည့်ရာ အ​တော်​လေး​ပြောင်းလဲသွားသည်ကို​တွေ့ရသည်။ သို့​သော်သူစိတ်အပူဆုံးမှာ Bအဆင့်မက်ခါကိုနှိုးလိုက်ခြင်းပင်။ 


Cအဆင့်စိတ်စွမ်းအားနှင့်လူများမှာ ရှာမှရှားဥာဏ်ကြီးရှင်များ၊ တိုက်ပွဲ၀င်အ​တွေ့အကြုံဖြင့်စမ်းသပ်ထညး​သော စစ်သားတစ်​ယောက်မှမဟုတ်လျှင် မည်သုမျှ B အဆင့်မက်ခါကို မနှိုးနိုင်​ချေ။ 

သို့​သော်သူကအမှန်တကယ်ရှားမှရှားဥာဏ်ကြီးရှင်ဆိုလျှင် အဘယ်​ကြောင့်သူ့စိတ်စွမ်းအားကို မတိုးမြှင့်ပဲ Cအဆင့်တွင်​နေ​နေရသနည်း။ ထို့​ကြောင့်မက်ခါတွင်သာ ပြသနာရှိနေခြင်းဖြစ်ရမည်၊ 


အဆင့်ပြန်သတ်မှတ်ခြင်း လုပ်ငန်းစဥ်မှာ ကြာမြင့်​လေသည်။ ကျိုး​ဖေးရွယ် အ​တော်​လေး​စောင့်​နေရစဥ်

တစ်စုံတစ်​ယောက်ကအတွင်းသို့၀င်လာခဲ့သည်။ 


​ရောက်လာသူမှာ ရှင်းဟိုင်တက္ကသိုလ်ယူ​နီ​ဖောင်းနှင့်ပင်ဖြစ်သည်။ ယူနီ​ဖောင်းမှာအခြား​ကျောင်းသားများနှင့်အတူတူဖြစ်​သော်လည်း ​၄င်းမှာအလွန် luxuryဖြစ်လွန်း၍ အကြည့်မလွှဲနိုင်​ချေ။ 


ကျိုး​ဖေးရွယ်အနည်းငယ်တန့်သွားပြီးမှ အလျင်အမြန်သတိပြန်၀င်လာကာ ထိုလုအားနှုတ်ဆက်လိုက်​သည်။ 


"​ရှောင်​လော့ မက်ခါပြင်ဖို့လာတာလား" 


"ဟုတ်ကဲ့"လူငယ်က​ခေါင်းငြိမ့်လာသည်။ သူ၏အသံမှာ သံလိုက်ဆွဲငင်အားနှယ် မ​နှေးလွန်းမမြန်လွန်းစွာ 


"ဟယ်လို ပ​ရော်ဖက်ဆာကျိုး" 


​နောက်ထပ်မွမ်းမံရေးသမားက လူငယ်​လေးကိုကြည့်လျက် ပြုံးလိုက်ကာ 


"​လော့၀မ်ချွမ်း၊ မင်းမက်ခါမွမ်းမံဦးမလို့လား၊ အရင်တစ်​ခေါက်ကလည်း မွမ်းမံဖို့ဆိုပြီးလာတာ မင်းမက်ခါကဖြင့် ခြစ်ရာ​လေးတစ်ခုထင်ရုံကို" 


ကျိုး​ဖေးရွယ်လည်းရယ်လိုက်ကာ 


"ဒါ​ပေါ့၊ ရှင်းဟိုင်ကဘယ်သူမှ ​ရှောင်​လော့ရဲ့မက်ခါကိုထိခိုက်​အောင်မလုပ်နိုင်ဘူး" 


​လော့၀မ်ချွမ်းသည်မက်ခါအားမွမ်းမံ​ရေးသမားဆီ​ပေးလိုက်ကာ 


"ပြိုင်ပွဲနီး​နေပြီ" 


​လေသံမှာ တည်ငြိမ်၍ညင်သာ​သော်လည်း သီးခြားဆန်လှသည်။ ထို၀န်ထမ်းကမက်ခါကိုယူကာထွက်ခွာသွားလျှင် ကျိုး​ဖေးရွယ်က​မေးလိုက်သည်။ 


"​ရှောင်လု ၀င်ခွင့်ကစ​တော့မယ်၊ မင်း စံချိန်အသစ်ချိုးဦးမှာလား"


​လော့၀မ်ချွမ်း မက်ခါစတားကိုကစားရုံပင်။ 

သူပြိုင်ပွဲမုဒ်ကိုမ​ဆော့တာကြာပြီဖြစ်​သော်လည်း ပထမ​နေရာကို အသာအယာယူနိုင်ဆဲ။ သို့​သော်ဒုတိယ​နေရာကမူ လိုက်မှီရန်လွယ်​လေသည်။ သူ့ထက် စက္ကန့်အနည်းငယ်သာ​နောက်ကျသည်မှု သူ့စ​ကေးနည်းနည်းကျသွားသည်ဟုဆိုနိုင်သည်။ 


"ကျွန်​တော်ကြည့်လိုက်ပါဦးမယ်"


 ​လော့၀မ်ချွမ်း​ပေါ့ပါးစွာဆိုလိုက်သည်။ 


"ဒါနဲ့ ​ငါတို့​ကျောင်းမှာ မင်းရဲ့မက်ခါ​ရှေ့ ငါးမိနစ်ထက်ပို​နေနိုင်တဲ့သူမရှိဘူး​နော်" 


ကျိုး​ဖေးရွယ်​နောက်လိုက်သည်။


"မင်းအ​တော်​လေးပျင်း​နေ​တော့မှာပဲ"


​လော့၀မ်ချွမ်းဘာမှပိုပိုသာသာမတုန့်ပြန်ခဲ့​ချေ။ 


ထိုစဥ် မွမ်းမံသူကပြန်​ရောက်လာပြီး ပုံအားစကန်ဖတ်ကာ သူ့အား​ပေးလိုက်သည်။ မက်ခါတွင်ဘာပြသနာမှမရှိဟုလည်း​ပြောလိုက်သည်။ 


"တံ​တောင်​ကွေးကိုအဆင်မြှင့်ထားတယ်"


​လော့၀မ်ချွမ်းပုံအားကြည့်လျက်


"အဲဒါကအခြားအပိုင်း​တွေကို ပြသနာမဖြစ်​စေဘူးမလား" 


မွမ်းမံသူမှာ ပုံအား​သေချာ​လေ့လာပြီး​နောက် အံ့အားသင့်စွာဆိုလိုက်သည်။ 


"လုံး၀ပဲ၊ အချိတ်အဆက်ကလုံး၀​ချော​မွေ့​နေ​​ရောပဲ၊

အဆင့်မြှင့်ထားတာ​သေသပ်ချက်"


မက်ခါတစ်စီးကိုအဆင့်မြှင့်ရခြင်းမှာ လူခန္ဓာကိုယ်ကိုအဆင့်မြှင့်ရသည်နှင့်ဆင်တူသည်။ တစ်ခါတစ်ရံတွင် အင်ဂျင်​တစ်​နေရာမှအပြစ်​လေးတစ်ခု​ကြောင့် ကိုယ်ထည်တစ်ခုလုံးကိုပြသနာဖြစ်​စေနိုင်သည်။ 


 ဒါ​ကြောင့်လည်း ​လော့၀မ်ချွမ်းသည် ဂိမ်းမစခင် မက်ခါအားစစ်​ဆေးရန်လာခြင်းဖြစ်သည်။ 


ကျိုးဖေးရွယ်လည်းစိတ်၀င်စားစွာ ကြည့်လိုက်မိသည်။ အ​တော်​လေးကြာလျှင် သူ၏မျက်လုံးများပြူးကျယ်လျက် 


"၀ိုး ဒီတံ​တောင်​ကွေးကတကယ်ပဲအဆင့်မြှင့်ထားတာလား အစာ​လေးတစ်ခု​တောင်မကျန်ဘူး​​နော်၊ ဘယ်စက်ရုံကြီးကများလုပ်​ပေးတာလဲ" 


"ကိုယ်ပိုင်လုပ်ငန်း​လေးပါပဲ" ​လော့၀မ်ချွမ်းက​ပေါ့ပါးစွာ​ဖြေလာသည်။ 


"​ကျောင်းမှာပြင်တာ" 


"ဘာ" ကျိုး​ဖေးရွယ်​ရှော့ခ်ရသွားခဲ့သည်။ 


"ငါတို့​ကျောင်းမှာ ဒီ​လောက်​တော်တဲ့မက်ခါမာစတာကြီးရှိတယ်လား၊ ဘယ်ပ​ရော်ဖက်ဆာလဲ" 


"​ကျောင်းသားတစ်​ယောက်ပါ" 


ကျိုး​ဖေးရွယ်မှာမိမိဘ၀ကိုပင်သံသယ၀င်လာမိ​တော့သည်။ 


"​ကျောင်းသားဟုတ်လား၊ ဒီ​လောက်​တော်တဲ့သူက​လေ" ​


လော့၀မ်ချွမ်းတိတ်သွားလေသည်။


xxxxx