အပိုင်း ၁၇
Viewers 21k

Chapter 17


သူထင်ခဲ့သည်မှာ ဤသည်မှာ သာမာန်တံ​တောင်​ကွေးအဆင့်မြှင့်မှု​လေးပါပဲဟု။ ​ပြောရမည်ဆိုလျှင် သူသည် မွမ်းမံခြင်းအဆင့်ကို​တော့မ​ပြောနိုင်​ချေ၊သိူ့​သော်ရက်အနည်းငယ်ခံ​မောင်းနှင်ကြည့်ပြီး​​နောက် သည်တစ်​ခေါက် မွမ်းမံခြင်းမှာသာမာန်​တော့မဟုတ်ခံစားရသည်ပင်။ 


"သူ့နာမည်ကဘာတဲ့လဲ" ကျိုး​ဖေးရွယ် သိချင်စိတ်ဖြင့်​မေးလိုက်သည်။ 


"မသိဘူး"​လော့၀မ်ချွမ်းပြန်​ဖြေလိုက်သည်။ 


"မင်းမသိဘူး​ပေါ့"ကျိုး​ဖေးရွယ် မယုံနိုင်စွာပင် 


"ဘာလို့သိ​​အောင်မလုပ်တာလဲ၊ သူ့ကိုမင်းရဲ့မက်ခါဆရာသခင်အဖြစ်​တောင်ငှားထားလို့ရချင်ရမှာကို" 


​လော့၀မ်ချွမ်းဤ​မေးခွန်းကိုပြန်မ​ဖြေ​ချေ။ ထိုအစား ပုံကိုသာအ​တွေးများစွာဖြင့်ထပ်ကြည့်လိုက်သည်။ 


ထိုစဥ် ကျိုး​ဖေးရွယ်ယူ​လာ​သောမက်ခါ အဆင့်ပြန်သတ်မှတ်ခြင်းပြီးဆုံးသွားခဲ့သည်။ 


၀န်ထမ်းကသူ့အားမက်ခါပြန်​ကမ်း​ပေးလျက်ဆိုလိုက်သည်။


"အဆင့်ကBပါပဲ ဘာပြသနာမှမရှိပါဘူး" 


ကျိုး​ဖေးရွယ်​တောင့်ခဲသွား​​တော့သည်။ အဆင့်ခွဲမှုပြသနာရှိ​နေတာမဟုတ်လျင် ယွမ်ရှင်းကျဲ မည်သို့များလုပ်ခဲ့ပါသနည်း။ ​လော့၀မ်ချွမ်းကဲ့သို့ပင် သူသည်မက်ခါအား​ပေါက်ထွက်မတက်ကြည့်​နေမိ​တော့သည်။ 


သုံးရက်ကြာပြီး​နောက်တွင် ရှင်းဟိုင်တက္ကသိုလ်မက်ခါပြိုင်ပွဲကစတင်​ချေပြီ။ မနက်ပိုင်းမှာ တတိယနှင် စတုတ္ထနှစ်များပြိုင်ပွဲချိန်ဖြစ်ကာ ​နေ့လည်ပိုင်းက ပထမနှင့် ဒုတိယနှစ်များအတွက်ဖြစ်​လေသည်။


နှစ်အလိုက် သပ်သပ်စီယှဥ်ပြိုင်ရမည်ဖြစ်ကာ တစ်နှစ်စီအတွက် လူအ​​ယောက် ၅၀စာ​နေရာသာရှိသည်။


ပြိုင်ပွဲ၀င်သူအ​ရေအတွက်များသဖြင့် ၀င်ခွင့်မှာငရဲဟုပင်နာမည်ကြီး​လေသည်။ ပြိုင်ပွဲ၏တည်​နေရာမှာ မြို့​တော်ရှိနှင်းဆီမိုးသစ်​တောတွင်ဖြစ်သည်။ လှပ​သောနာမည်နှင့်မလိုက်ဖက်စွာ သစ်​တောမှာအလွန်စိုထိုင်းပြီး များစွာ​သောကြယ်သားရဲများက​နေရာအနှံ့တွင်ရှိ​နေသည်။ 


​ပြေးလမ်းကိုလည်းရှုပ်​ထွေး​အောင်စီစဥ်ထားခဲ့သည်။ 


​နေ့လယ်ခင်းတွင် ဒုတိယနှစ်​ကျောင်းသားများသည် ကြီးများ​သော ယာဥ်ပျံကြီးဖြင့် သစ်​တောအနီးသို့​ရောက်လာကြ​တော့သည်။


"၀ိုး တောကထင်ထားတာထက်ပိုကြီးသားပဲ" 


"လမ်း​ပျောက်ဖို့လွယ်​လောက်တယ်" 


"ဒီထဲ မက်ခါ​တောင်​မောင်းလို့ရရဲ့လား၊ ပုံရိပ်​ယောင်​လေ့ကျင့်​ရေးထက်ပိုဆိုး​နေသလိုပဲ"


အ​​ခြေအ​နေတချို့​ကြောင့် ဒုတိယနှစ်များမှာ ပထမနှစ်များထက်အရင် ယှဥ်ပြိုင်ရဖို့ဖြစ်လာခဲ့သည်။ 

​သို့နှင့်​စောင့်ဆိုင်းရသည့်​နေရာတွင် ယွမ်ရှင်းကျဲမှာသူမ​တွေ့ချင်ဆုံးဖြစ်​သော ချီယုနှင့်ဆုံရန်ဖြစ်လာခဲ့သည်။ 


ယွမ်ရှင်းကျဲဘက်မှ​စေ့စပ်ပွဲဖျက်ခဲ့ခြင်းဖြစ်​သော်လည်း ချီယုကမူ ငါတို့ပြတ်သွားပြီဟုသာ​ပြောထားခဲ့သည်။ 


သို့နှင့်လူအများစုမှာ ယွမ်ရှင်းကျဲအပစ်ခံလိုက်ရသည်ဟုသာထင်​နေခဲ့သည်။ နှစ်ဦးသားဆုံလျှင် ချီယုက​ထေ့​ငေါ့လျက် မျက်နှာကိုချီကာ 


"ငါ့ကိုလာရှာဖို့ဘယ်သူ​ပြောလို့လဲ"


ယွမ်ရှင်းကျဲဘာမှမ​ပြော​ချေ။

​တောအုပ်ဘက်အားအကဲခတ်လျက် အသင့်ဖြစ်ရန်သာပြင်ဆင်​​နေလိုက်သည်။


"ယွမ်ရှင်းကျဲငါ​ပြောပြီးပြီ၊ ဒီလို​တွေထပ်လုပ်မ​နေနဲ့"


ချီယုသည်သူ၏မျက်လုံး​မှေး​မှေးများဖြင့် သနားသလိုကြည့်ရင်း "မင်းဘယ်လိုလုပ်လုပ် ငါမင်းကိုမကြိုက်နိုင်ဘူး၊ မင်းအမြန်ထွက်သွားသင့်တယ်၊ မက်းကိုယ်မင်းအရှက်မခွဲမိခင်​ပေါ့" 


စိတ်ထဲတွင်​တော့ ချီယုသည် ယွမ်ရှင်းကျဲမှာ သူ့ကို​တွေ့ရရန်အတွက်ပြိုင်ပွဲတွင်စာရင်း​ပေးခဲ့သည်ဟု​တွေး​နေခဲ့သည်။သူ၏အ​တွေးမှာ အလွန်သိသာလွန်း​နေကာ ယွမ်ရှင်းကျဲကမူဘာမှမဆို​လျှင် လုရန်ရှုကမ​နေနိုင်​တော့ပဲ 


"ချီယု၊ သူပြိုင်တာမပြိုင်တာမင်းနဲ့ဘာဆိုင်လို့၀င်​ပြော​နေတာလဲ"


"အိုး..မင်းလည်း​ရောက်​နေတယ်​ပေါ့" 


ချီယုက လုရန်ရှုအားမ​မျှော်လင့်ထားစွာကြည့်လျက် 


 "ငချွတ်​လေးနှစ်​​ယောက်​ပေါင်းပြီး စံချိန်​တွေချိုးကြ​တော့မလို့လား" 


လုရန်ရှုမှာစိတ်တိုလွန်း၍ ထိုမျက်နှာအားကန်ပစ်ချင်​မိသည်။


သို့ လှပကာနူးညံ့​သောအိုမီဂါ​လေးထံမှ စကားသံထွက်​ပေါ်လာသည်။ 


"ဒီလို​ပြောရဆိုရခက်တဲ့သူကိုဂရုစိုက်​နေဖို့မလိုပါဘူး ချီယု၊ " 


ဖြူ​ဖျော့​ဖျော့အိုမီဂါကညင်သာစွာ


"လူတိုင်း​ကောင်း​ကောင်းယှဥ်ပြိုင်သင့်တယ်၊ ပွဲမစခင်ရန်ဖြစ်တာကမ​ကောင်းဘူး"


ယွမ်ရှင်းကျဲလည်း​ခေါင်းကို​မော့လျက် မူလပိုင်ရှင်း၏အမုန်းတရားကိုခံစားမိကာအသံကြားရာဆီကြည့်လိုက်သည်။


စုကျီနန် . သုကျီနန်​ပြောပြီးသည်နှင့် သူကချီယုအားတီးတိုး​ပြောလိုက်ပြန်သည်။ 


"ယွမ်ရွှယ်တိ​လေးက ငါတို့ဆက်ဆံ​ရေးကိုအထင်လွဲ​အောင်လုပ်မိ​တာ ငါ့အပြစ်ပါ၊ မဟုတ်ရင်သူဒီလို​တွေလုပ်​နေမှာမဟုတ်ဘူး၊"


"မင်းနဲ့ဘာလို့ဆိုင်ရမှာလဲ" ချီယုကအမြန်နှစ်သိမ့်လိုက်ပြီး ယွမ်ရှင်းကျဲအားကြည့်လိုက်သည်။

17.2


"တချို့​တွေက အသုံးမကျပဲ အ​ပျော်၀င်ပြိုင်ချင်​နေတာ၊ လူအာရုံစိုက်ခံချင်​နေတာ​လေ၊ သု့ဘာသူပဲရှက်သင့်တာ"


"ချီယု မင်းကိုယ်မင်းဘာလို့ဒီလို​ပြောရတာလဲ"


ယွမ်ရှင်းကျဲသူ့အားတည်ငြိမ်စွာကြည့်လျက် 


"မင်းကအာရုံစိုက်ခံရတာကြိုက်တယ်ဆို​ပေမယ့် မင်းကိုယ်မင်းဒီ​လောက်ထိ​ပြောပြီး အရှက်ရ​အောင်မလုပ်သင့်ဘူး" ထို့​နောက် အားလုံး၏အကြည့်​အောက်တွင် နှုတ်ခမ်းကိုလှပစွာ​ကွေးလိုက်ကာ 


"အင်း​လေ မင်းအ​ရေပြားက မက်ခါထက်​တောင်ထူ​သေးတာပဲ"


ချီယုမှာ ​ဒေါသထွက်လွန်း၍ မီးထ​တောက်​တော့မတက်မျက်လုံးများဖြင့် 


"ယွမ်ရှင်းကျဲ ဒါကဘယ်လိုအချိုးလဲ" 


"ယွမ်ရွှယ်တိ မင်းစိတ်မ​ကောင်းဖြစ်​နေတာကိုသိပါတယ်" စုကျီနန်ကချီယုအား တားလျက်ဆိုလိုက်သည်။ 


"ငါ့အပြစ်​တွေပါ၊ ချီယုကိုအပြစ်မတင်ပါနဲ့ နည်းနည်းကြိုးစားပြီးပြိုင်ကြည့်​​ပေါ့၊ မင်းလုပ်နိုင်မှာပါ၊ ငါယုံတယ်"


စုကျီနန်၏အမူအယာမှာလွန်စွာဖြူစင်လျက် အမှန်တကယ်ခံစား​နေရသကဲ့သို့ 


"ဒါ​ပေါ့ ငါလုပ်နိုင်တာ​ပေါ့" 


ယွမ်ရှင်းကျဲ၏မျက်လုံးနက်တို့က ​အေးစက်လျက် 


"မင်း​​ပြော​နေဖို့​တောင်လိုလို့လား"


စုကျီနန်​တောင့်ခဲသွားခဲ့သည်။


ထိုစဥ် အ​ေ၀းမှ​ကြေညာချက်ထွက်​ပေါ်လာခဲ့သည်။ 


[မစစ်​ဆေးရ​သေးတဲ့ဒုတိယနှစ်​ကျောင်းသားများ အခုချက်ချင်း အ​ရောက်လာကြပါ]


ချီယုကယွမ်ရှင်းကျဲအား​ထေ့ငေါ့လိုက်သည်။


"ဆက်ပြီး​လေကြီးနေလိုက် မင်းရဲအရည်အချင်းနဲ့ ၀င်ခွင့်မှာတင်ပြုတ်ပြီး ​ကျောင်းက​နေကန်ထုတ်ခံရမှာ ​စောင့်​နေလိုက်"


ထို့​နောက်သူကစုကျီနန်နှင့်ထွက်သွား​တော့သည်။ 


"​ခွေးစကား​တွေ​ပြောသွားတယ်" လုရန်ရှု ချီယုအား​အော်လိုက်သည်။ 


"ဘာလို့အဲ​လောက်စိတ်ကြီး၀င်​နေတာလဲ ဟမ်၊ ဌာနချုပ်ကနှစ်​ယောက်နဲ့တင် မင်းကိုယ်မင်းတတိယနှစ်တက်နိုင်မယ်ထင်လား၊ကိုယ့်အတွက်ကိုပဲ ပူစမ်းပါ၊ ပုဇွန်ပုပ်​ကောင်ရဲ့"


ချီယု၏​ကျောပြင်မှာ​တောင့်တင်းသွား​သော်လည်း

လှည့်မကြည့်မိရန်​တောင့်ခံထားခဲ့သည်၊


ထိုအခိုက်အတန့်တွင် စုကျီနန်ကလှည့်လိုက်ပြီး ယွမ်ရှင်းကျဲအားစူးစိုက်စွာကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အနိုင်ရရှိ​သော စိတ်ကြီး၀င်မှုများနှင့်ပြည့်နှက်လျက် သူ့အားသနားစရာသတ္တ၀ါ​လေးနှယ်ကြည့်လာခဲ့သည်၊ 


သူသည်တစ်​ကျောင်းလုံးတွင် အသန်မာဆုံးအိုမီဂါအဖြစ်ရပ်တည်​နေလျက် ယွမ်ရှင်းကျဲအားငုံ့ကြည့်​နေခဲ့သည်။ သုကျီနန်ကပါးစပ်လှုပ်ရုံ​လေသံဖြင့် ယွမ်ရှင်းကျဲအား​ပြောလိုက်သည်။


"အရှုံးသာ​ပေးလိုက်စမ်းပါ"


ထို့​နောက်သူကနှုတ်ခမ်းကို​ကျေနပ်စွာ​ကွေးလျက် ချီယု​နောက်မှလိုက်ကာ စစ်​ဆေး​ရေးဂိတ်သို့၀င်သွား​တော့သည်။ 


ယွမ်ရှင်းကျဲ အနည်းငယ်​​အံ့အားသင့်မိသွားသည်။ 


ဒီ​ကောင့်မှာမျက်နှာနှစ်ဖက်ရှိ​နေတာပဲဟ..


.....


ဒုတိယနှစ်များ၏ပြိုင်ပွဲမှာစတင်​​တော့မည်ဖြစ်သည်။ ပထမနှစ်​ကျောင်းသားများမှာလွန်စွာစိတ်လှုပ်ရှား​နေကြသည်။​


စောင့်ဆိုင်း​ရ​သော​နေရာတွင်ရှိနေ​သောမည်သူမဆို တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နိုင်​လေသည်၊ 


လူတိုင်းက ကြီးမား​သောအလင်းမျက်နှာပြင်ကို့​မော့ကြည့်လျက် ဒုတိယနှစ်စီနီယာများထွက်လာသည်ကိုကြည့်လိုက်ကြသည်။ 


"ငါကြားတာ​တော့ ဒုတိယနှစ်မှာအရမ်းတော်တဲ့ကစားသမား​တွေအများကြီးပဲတဲ့၊ မက်ခါဌာနကဆို ချီယု​ပေါ့၊ ကွပ်ကဲ​ရေးဌာနက ​လော့၀မ်ချွမ်းနဲ့ ခယ့်လိုင်လည်း ရှိ​သေးတယ်" 


"​လော့၀မ်ချွမ်းက ပထမနှစ်တုန်းကစံချိန်ချိုးခဲ့တာ​လေ၊ ဒီနှစ်လည်းထပ်ချိုးဦးမှာလို့ငါ​ပြောရဲတယ်" 


" အရမ်းမိုက်တာပဲ ငါဘယ်​တော့မှ သူတို့လိုဖြစ်လာမှာလဲ" 


ယွမ်ရှင်းကျဲ လူအုပ်ကြားတွင်ရပ်လျက် အလင်းမျက်နှာပြင်အားစူးစိုက်စွာကြည့်​နေလိုက်သည်။ 

သို့သော်သူ၏အာရုံမှာ ကစားသမားများ​ပေါ်တွင်မရှိပဲ ​​တောအုပ်​မြေပုံ၌သာရှိ​နေတာဖြစ်သဘ်။ 


ဤရက်များထဲတွင် သူသည်မက်ခါစတားဂိမ်း၏ ပြိုင်ပွဲမုဒ်ကို အကြိမ်​ပေါင်းရာချီ​ဆော့ကစားခဲ့ကာ အချိန်နှင့်စွမ်းအင်မည်သို့ချွေတာရမည်ကို​လေ့လာခဲ့သည်။


သူ​နောက်ဆုံးတွင်​တော့ အသင်းလိုက်ဗျူဟာတစ်ခုကိုစဥ်းစားမိခဲ့​လေသည်။ သူ​ရွေးချယ်ထား​သော အသင်း​ဖော်များမှာ ​အော်ရီရယ်နှင့် လုရန်ရှုတို့ပင်။ 

သူ၏ဗျူဟာအတွက် အလွန်အစွမ်းထက်​သော အသင်း​ဖော်များမလို​ချေ။ ​ခေါင်း​ဆောင်ဖြစ်သူက ရှင်းလင်း​သောညွှန်ကြားချက်များ​ပေးနိုင်ရန်သာလိုအပ်သည်။


[ရှင်းဟိုင်တက္ကသိုလ် မက်ခါပြိုင်ပွဲ ဒုတိယနှစ်​ကျောင်းသားများ ယှဥ်ပြိုင်ခြင်းစတင်ပါပြီ]


​ကြေညာချက်နှင့်အတူ ​တောအုပ်အစွန်အဖျားမှ အစီး၂၀၀ခန့်ရှိ​သောမက်ခါများမှာ ​တောအုပ်ထဲတရှိန်ထိုး​၀င်​ရောက်​ပျောက်ကွယ်သွားကြ​တော့သည်။ 


 ​အလင်းမျက်နှာ​ပေါ်ရှိတောအုပ်​မြေပုံတွင် ညာဘက်ထိပ်ရှိအလင်းစက်များမှာ မက်ခါတစ်စီးချင်းစီကိုကိုယ်စားပြုသည်။ ထို့​နောက် အလင်းမျက်နှာပြင်မှာ ထိပ်ဆုံးကစားသမားဆယ်​ယောက်ကိုအကျယ်ချဲ့ကာပြသလာ​တော့သည်။ 


တစ်စုံတစ်ဦး၏မက်ခါကပျက်စီးသွားပြီး ဆက်လက်ယှဥ်ပြိုင်ရန်မဖြစ်နိုင်​​တော့လျှင် မျက်နှာပြင်ထိပ်တွင် ထုတ်ပယ်​ကြောင်း​ကြေညာ​ပေးသည်။ ဂိမ်းအသွားအလာတစ်ခုလုံးမှာ မက်ခါစတားဂိမ်း၏ ပြိုင်ပွဲမုဒ်နှင့်အတူတူပင်ဖြစ်သည်။ 


ယွမ်ရှင်းကျဲ ​အော်ရီရယ်နှင့် လုရန်ရှုတို့အား ​​ခေါ်လိုက်ကာ 


"မင်းတို့ ​မြေပုံအ​နေအထားကို​တော့​ယေဘုယျဖြစ်ဖြစ်မှတ်မိ​နေရမယ်၊ ​နောက်ထပ်က​တော့ ငါ​ပြောသလိုလုပ်၊ တစ်​ယောက်ချင်းစီက ​နေရာတစ်ခုချင်းစီအတွက် တာ၀န်ယူရမယ်" 


​အော်ရီရယ်မူလက​​ပျော့ညံ့​သောအိုမီဂါဖြစ်သည့်ယွမ်ရှင်းကျဲကိုမနှစ်သက်​ချေ။ သို့​သော် ယွမ်ရှင်းကျဲမှသူ့အား ​လေ့ကျင့်​ရေးဂိမ်းတွင် ကယ်တင်​​ပေးပြီးသည့်​နောက်တွင်ယွမ်ရှင်းကျဲမှာအမှန်တကယ်သန်မာ​ကြောင်း၀န်ခံလိုက်ရသည်။


ထို့အပြင် အတန်းEမှ၀င်ပြိုင်သူများမှာမိမိတို့အပြင်မရှိ​ချေ။ ထို့အပြင် ယွမ်ရှင်းကျဲနှင့်အသင်းဖွဲ့လို​သော လူအနည်းငယ်လည်းရှိ​နေ​သေးသည်။ ယွမ်ရှင်းကျဲ၏အစီအစဥ်ကိုနား​ထောင်ပြီး​နောက်တွင် ​အော်ရီရယ်၏မျက်လုံးမှာ ပြူးကျယ်သွားခဲ့သည်။ 


"ယွမ်ရှင်းကျဲ မင်းရဲ့ဗျူဟာကတကယ်မိုက်ပါတယ်၊ 

ဒါ​ပေမယ့် အခုချိန်မှ ဒီဗျူဟာကို လုပ်ဖို့ ​နောက်ကျမ​နေဘူးလား" 


"အစီအစဥ်တစ်ခုလုံးအတွက် ငါတာ၀န်ယူမယ်" 


ယွန်ရှင်းကျဲ၏​လေသံမှာ တည်ငြိမ်ပြီးခိုင်မာသည်။ 


"မင်းတို့ငါ့အ​ပေါ်ယုံကြည်သ၍ နိုင်ဖို့​သေချာတယ်" 


လုရန်ရှုမှာ ယွမ်ရှင်းကျဲ၏ မျက်လုံးနက်များကို ကြည့်လျက် ​ခေါင်းငြိမ့်လိုက်သည်။ 


"ငါမင်းကိုနား​ထောင်မယ်" 


သူကယွမ်ရှင်းကျဲ၏ ဗျူဟာကို သိပ်နားမလည်​သော်လည်း သူ၏သူငယ်ချင်းကို​ထောက်ပံ့ချင်ရုံပါဖြစ်သည်။ 


"တခြားအတန်းက ပရို​တွေလည်းအ​တော်များတယ်​​နော်၊ .." ​အော်ရီရယ်သူ့​မေး​စေ့ကိုထိလျက် ညည်းတွားလိုက်ပြီးမှ 


"မင်းရဲ့နည်းလမ်းကိုပဲ ကြိုးစားကြည့်ကြတာ​ပေါ့" 


 လူသုံး​ယောက်မှာ ပြိုင်ပွဲကိုဆက်ကြည့်​နေကြပြီး မကြာခင်မှာပင် လူအုပ်ထံမှာ အသံများထွက်လာခဲ့သည်။ 


"ပထမ​နေရာက အဆုံးကို​တောင်​ရောက်​တော့မယ်" 


"မြန်ချက်ပဲ ၁၇မိနစ်ပဲရှိ​သေးတာ​လေ၊"


"ဘယ်သူ့မက်ခါလဲ "


"​လော့၀မ်ချွမ်းဟာပဲ​နေမှာပဲ ၊ စထွက်ကတည်းကသူပဲဦး​ဆောင်​နေတာ" 


 တိုက်ရိုက်ထုတ်လွှင့်မှုမှာ ​လော့၀မ်ချွမ်း၏မက်ခါထံ​ပြောင်းလဲပြသလာခဲ့ကာ သူက ကြယ်သားရဲအနည်းငယ်အား ရင်ဆိုင်​နေရပုံပင်။ ​နောက်တစ်စက္ကန့်တွင် အလင်းဓါးမှာ ​လေထဲတွင်လှပ​သော​ေ၀့ယမ်းမှုကိုပြုလျက် အလင်းအလျင်နှင့်တူ​သော အမြန်နှုန်းဖြင့် ကြယ်သားရဲ၏​ခေါင်းကိုခုတ်ဖြတ်ချလိုက်သည်။ 


ထို့​နောက်တွင်မက်ခါမှာ အလွန်မြန်​သော အလျင်ဖြင့် ရှုပ်​ထွေး​သောသစ်ပင်များကြား ​အေး​ဆေးစွာထွက်သွား​တော့သည်။ 


ထိုဖြစ်စဥ်တစ်ခုလုံး ၅စက္ကန့်ခန့်သာကြာပြီး

လူတိုင်းမှာမင်သက်လျက်။ 


 လူအုပ်ကြီးမှာ ​လော့၀မ်ချွမ်း၏ လူမဆန်​သောတုန့်ပြန်နှုန်းနှင့်အလျင်အား ​ပြောဆိုကုန်ကြသည်။ 

သို့သော်​အော်ရီရယ်ကမူ​နောက်ဆုံးတစ်ကြိမ် စက်ရုပ်သားရဲ၏​ခေါင်းကိုယွမ်ရှင်းကျဲဖြတ်ခဲ့စဥ်ကလည်း ​လော့၀မ်ချွမ်းထက်​တော့မ​နှေးနိုင်ဟုခံစား​နေမိသည်။ 


​နေပါဦး..ယွမ်ရှင်းကျဲက ​လော့၀မ်ချွမ်းနဲ့ တကယ်ပဲ ယှဥ်နိုင်လို့လား။


​အော်ရီရယ်မှာမိမိအ​တွေးအား လန့်ဖြန့်သွားမိသည်။

​လော့၀မ်ချွမ်းမှာ​ကျောင်းတွင် အသန်မာဆုံးအယ်လ်ဖာပင်။ ယွမ်ရှင်းကျဲမှာမူ C အဆင့်စိတ်စွမ်းအားနှင့် အိုမီဂါတစ်ဦးသာဖြစ်သည်မဟုတ်ပါလား။ ​အော်ရီရယ်သည်မိမိဘာသာအ​တွေးလွန်​နေခြင်းဟု​ဖြေသိမ့်လိုက်ရသည်။ 


ယွမ်ရှင်းကျဲ၏နှုတ်ခမ်းက​ကွေးတက်သွားသည်။ 

ဤသည်မှာ သူ​လော့၀မ်ချွမ်း၏မက်ခါကိုပြင်​ပေး​သော အ​ကောင်းဆုံးရလဒ်ပင်မဟုတ်ပါလား။ မက်ခါ၏မူလတည်​ဆောက်ပုံနှင့်ဆိုလျှင် ​လော့၀မ်ချွမ်း၏ တုန့်ပြန်နိုင်စွမ်းမည်မျှမြန်​စေကာမူ မက်ခါ၏ တံ​တောင်​ကွေး​​ေကြာင့်အလျင်နှင့် ဓါး​ရေးမှာ ယခု​လောက်​သေသပ်မည်မဟုတ်​ချေ။ 


​လော့၀မ်ချွမ်းကြယ်သားရဲအား သတ်ပြီးသည်နှင့်

သူ၏ရူးရှ​သောအမြင်အာရုံ နှင့် ကျွမ်းကျင်​သော​မောင်းနှင်မှုတို့ဖြင့် သူသည်​နောက်းဆုံးပန်း၀င်မှတ်ဆီ​အချိန်တိုတိုနှင့်​ရောက်သွား​တော့သည်။ 


xxxxxx