Chapter 18
[၀င်ခွင့်ပထမနေရာရရှိသူကစားသမား၊ ၀င်ခွင့်နံပါတ် ၀၂၉. ရမှတ် ၁၇မိနစ်၄၉စက္ကန့် ၀၆]
စက်ရုပ်အမျိုးသမီးလေသံကကြေညာလိုက်လျှင် ပရိတ်သတ်များမှာ ရှော့ခ်ရသွားတော့သည်။
လော့၀မ်ချွမ်းစံချိန်ချိုးလိုက်ပြန်ပြီ။
မနှစ်ကသူ့အမြန်နှုန်းထက်တောင် စက္ကန့်၂၀ပိုစောသေးသည်။
"ဒါကအသန်မာဆုံးအယ်လ်ဖာရဲ့ အစွမ်းလား"
"သူကတကယ်ပဲကွပ်ကဲရေးဌာနကဟုတ်ရဲ့လား၊
မက်ခါဌာနကဘယ်သူမှသူ့ကိုမယှဥ်နိုင်တော့ဘူးလား"
"အရမ်းသန်မာလွန်းတယ်၊ သူ့ပြေးလမ်းကိုကြည့်လိုက်ဦး လုံး၀မျဥ်းဖြောင့်အတိုင်းပဲ၊ ဘာအတားအဆီးဖြစ်ဖြစ်အေးဆေးကျော်သွားတာ "
ယွမ်ရှင်းကျဲသည် သူကိုယ်တိုင်လည်း လော့၀မ်ချွမ်း၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားကို မနာလိုဖြစ်မိကြောင်း၀န်ခံရလိမ့်မည်။
အတားအဆီးအကုန်လုံးနှင့်သာရင်ဆိုင်ရလျှင် မည်သူမဆိုပင်ပန်းကာ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် လူအများစုမှာ အတားအဆီးများကို တတ်နိုင်သမျှရှောင်ရှားကြလိမ့်မည်။
သို့သော်လော့၀မ်ချွမ်းကမှုအတားအဆီးမှန်သမျှတည့်တိုးရင်ဆိုင်သည်ပင်။ တိုက်ရိုက်ထုတ်လွှင့်ပေးနေသော စက်လုံးသဏ္ဍာန်စက်ရုပ်မှာ ပထမဆုရှင်အားကြိုဆိုရန်လော့၀မ်ချွမ်း၏မက်ခါရှေ့သို့ပျံသန်းသွားခဲ့သည်။
ပရိတ်သတ်အုပ်ကြီးမှာတိတ်ဆိတ်လျက်။
"ငါကြားတာ လော့၀မ်ချွမ်းကအရမ်းပဲချောတာတဲ့"
လုရန်ရှုက ယွမ်ရှင်းနားကပ်လျက်တီးတိုးဆိုလိုက်သည်။
"အမှန်လားမသိဘူးနော်"
အော်ရီရယ်ကမူဘေးက ထေ့ငေါ့လာခဲ့သည်။
"မျက်လုံးနှစ်လုံး နဲ့ နှာခေါင်းတစ်ခုပါတာချင်းအတူတူပဲ ဘယ်နေရာကချောနေလို့လဲ"
ယွမ်ရှင်းကျဲ အညိုရောင်ဆံပင်နှင့် အယ်လ်ဖာအားသတိရသွားမိလျှင် သိပ်မဆိုးသော်လည်း "အရမ်းချောသည်"ဟူတော့မဆိုနိုင်ချေ။
"အရမ်းကြီးမျှော်လင့်မထားနဲ့" ယွမ်ရှင်းကျဲ လုရန်ရှုအားပြောလိုက်သည်။
"သူ့ရုပ်ကသာမာန်ပါပဲ"
အားလုံး၏အကြည့်အောက်တွင် အရပ်မြင့်မြင့်တစ်စုံတစ်ယောက်မှာ မက်ခါကျောဘက်ကိုမှိလျက်ဆယ်မီတာမြင့်သောမက်ခါ အထဲမှအသာအယာဆင်းလာခဲ့သည်။ စက်လုံးစက်ရုပ်မှာ လော့၀မ်ချွမ်းထံဖြည်းညင်းစွာချည်းကပ်သွားလေသည်။
လူငယ်မှာ အလွန်အချိုးအစားကျသော လေ့ကျင့်ရေး၀တ်စုံကို၀တ်ဆင်ထားလျက် ရှည်လျားသော ခြေထောက်များနှင့်အတူ ခါးတွင်လည်းခါးပတ်ကို၀တ်ဆင်ထားလေသည်။ သူ၏ခါးမှာကျစ်လျစ်လျက် ပုခုံးမှာမူ ကျယ်ပြန့်သည်။
သူ့အားမြင်လျှင် ယွမ်ရှင်းကျဲမျက်လုံးများပြူးကျယ်လာလေ သည်။ ထိုရှင်းသန့်ပြီးချောမောသော မျက်နှာက အလင်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသောအခါ လူတိုင်း၏အာရုံမှာ လော့၀မ်ချွမ်း၏မျက်နှာထံ ချက်ချင်းဆွဲဆောင်ခံလိုက်ရတော့သည်။
လုရန်ရှုလည်း စက္ကန့်အနည်းငယ်ခန့် အေးခဲနေရာမှ သူ၏ခေါင်းကိုတောင့်တင်းစွာလှည့်လျက် ယွမ်ရှင်းကျဲအားမေးလိုက်သည်။
"ဒါကသာမာန်ရုပ်ရည်ဆိုတာလား"
ယွမ်ရှင်းကျဲကမူမှုန်ကုပ်လျက် သူ၏မျက်နှာမှာမယုံနိုင်မှုများဖြင့်ပြည့်နှက်နေသည်။
ဒီလူကသူ့ကိုမှောင်ခိုစျေးမှာတုန်းကကူညီပေးခဲ့သူမဟုတ်ဘူးလား။
သူကလော့၀မ်ချွမ်းလား၊ သူဦးနှောက်မှာခတ္တမျှအေးခဲသွားပုံပင်။ လော့၀မ်ချွမ်းမျက်နှာကိုအတော်ကြာစိုက်ကြည့်နေမိလေသည်။ ထို့နောက်ယွမ်ရှင်းကျဲသည်ခေါင်းခါလိုက်ပြီး၊ ဒီလူကယွမ်ရှင်းကျဲဆိုလျှင် မက်ခါပြင်တုန်းကတွေ့ရသည့် အယ်လ်ဖာကမည်သူပေနည်း၊
ထိုစဥ်ဒုတိယနေရာရရှိသူကလည်း ပန်း၀င်လာခဲ့ကာ စောင့်ဆိုင်းသည့်နေရာသို့ရောက်လာခဲ့သည်၊ မက်ခါရပ်သွားလျှင် အတွင်းမှ ရင်းနှီးနေသောမျက်နှာတစ်ခုထွက်ခါတော့သည်။အညိုရောင်ဆံပင်နှင့်အယ်လ်ဖာ၊
ဘေးပါတ်၀န်းကျင်မှတီးတိုးသံများကြောင့် ဤလူမှာ ခယ့်လိုင်ဖြစ်ပြီး လော့၀မ်ချွမ်း၏အတန်းဖော်ဖြစ်ကြောင်း နားလည်သွားလေသည်။
ဒီတော့ဒီလိုကိုး..။
မကြာခင်မှာပင် တတိယနေရာရသူကလည်းပန်း၀င်လာကာ ၄င်းမှာလည်းယွမ်ရှင်းကျဲနှင့်ရင်းနှီးသူဖြစ်လေသည်။
"အဲကောင်ချီယုက အမြင်ကတ်စရာကောင်းပေမယ့် သန်တော့သန်မာသားပဲ"လုရန်ရှုလည်း ဘ၀င်မြင့်နေသောမျက်နှာကိုကြည့်လျက် မျက်မှောင်ကျုံ့ကာဆိုလိုက်သည်။
"ကျွတ်.. ရှင်းကျဲ မင်း၀င်ခွင့်ရလဒ်မှာ သူ့မျက်နှာကိုကျိန်းသေပေါက်ဖြတ်ရိုက်နိုင်ရမယ်နော်"
ထိပ်ဆုံးသုံးယောက်ပန်း၀င်ပြီးသည်နှင့် ကျန်ဒုတိယနှစ်အများအပြားလည်းပန်း၀င်လာကြသည်၊ စုကျီနန်က ဒသမနေရာဖြစ်လေသည်၊
သူမက်ခါပေါ်ကဆင်းလာလျှင် လေချွန်သံများ အားပေးသံများညံနေခဲ့သည်။ သူတို့ကစုကျီနန်အား ကျောင်းတွင်အသန်မာဆုံးအိုမီဂါဖြစ်ကာ တခြားပျော့ညံ့ညံ့အိုမီဂါများထက်လည်းပိုလှသည်ဟုချီးကျူးနေကြလေသည်။
ထိပ်ဆုံးအယောက်ငါးဆယ် ပန်း၀င်ပြီးလျှင်ဒုတိယနှစ်များ၏ပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့သည်၊ ပြိုင်ပွဲကိုပျေည်ရွှင်စွာကြည့်ရှုနေကြသူများက ရူတ်ချည်းတည်သွားကြကုန်သည်။
ကျောင်းမှ များပြားသောစက်ရုပ်များကိုလွှတ်လျက် လမ်းကြောင်းအားပြန်လည်ရှင်းလင်းစေသည်။
အတားအဆီးများမှာ ဒုတိယနှစ်များ ရင်ဆိုင်ရသည်နှင့်ကွဲပြားလေသည်။ သို့သော်ခက်ခဲမှုအဆင့်မှာတော့သိပ်မကွာခြားချေ။
ဖြစ်စဥ်တစ်ခုလုံးမှာ အလွန်မြန်ဆန်လှသည်၊
လမ်းကြောင်းပြင်ဆင်ပြီးသည်နှင့် ပထမနှစ်ကျောင်းသားများကို စတင် လူစစ်တော့သည်။
ထိုနေရာတွင်ကြီးမားသော အနားယူသည့်ဧရိယာကြီူရှိကာ တိုက်ရိုက်ထုတ်လွှင့်သော အလင်းမျက်နှာပြင်ကြီးရှိလေသည်။
ပြိုင်ပွဲပြီးသည်နှင့် ဒုတိယနှစ် ကျောင်းသားများမှာ ပထမနှစ်ဂျူနီယာများခံစားနေရသည်ကိုကြည့်ရင်းအနားယူနိုင်သည်။
၄င်းက ပြိုင်ပွဲအတွင်းအကောင်းဆုံးအရသာပင်ဖြစ်သည်။ လော့၀မ်ချွမ်းသည် မနှစ်ကကျောင်းအသင်း၏အဓိကကစားသမားဖြစ်ခဲ့သည်၊
ဤနှစ်တွင်ကျောင်းမှသူ့အား ပြိုင်ပွဲအတွင်းအလားအလာရှိသော ပထမနှစ်များကိုစောင့်ကြည့်ရန်တာ၀န်ပေးထားလေသည်၊ ထို့ကြောင့် သူထွက်မသွားခဲ့ချေ။ သူကလူအများနှင့်အတူထိုင်ချလျက် ပြိုင်ပွဲစမည်ကိုစောင့်နေလိုက်သည်။
18.2
စုကျီနန် ချီယုဘေးတွင်ထိုင်လိုက်သည်။ ချီယုလည်း ထုတ်လွှင့်ခြင်းအားကြည့်နေသည်ကိုမြင်လျှင် သူက
"အကိုယု ရှင်းကျဲပြိုင်တာကိုကြည့်ချင်လို့လား"
ချီယုမှုန်တေတေဖြင့်ခေါင်းငြိမ့်လိုက်သည်၊ သူယွမ်ရှင်းကျဲအားကျောင်းမှာအမှန်တကယ်ကန်ထုတ်မခံရစေချင်ပါ။ သင်ခန်းစာအနည်းငယ်ပေးကာ သူ့အားငိုယိုလျက်တောင်းပန်လာစေချင်ရုံဖြစ်သည်။
သို့သော် ယွမ်ရှင်းကျဲက ဤမျှသည်းခံနိုင်မည်မထင်ထားချေ။ ဤအတောအတွင်းတွင် သူ ထိုအရှုပ်ထုတ်အား ခွာထုတ်နိုင်ပြီဟုပျော်နေခဲ့သော်လည်း သူအသားမကျနိုင်သောတချို့အရာများလည်းရှိသေးသည်။
ဥပမာ ယွမ်ရှင်းကျဲသည့် ချီယုပြိုင်ပွဲပြီးသည်နှင့် သွားရည်စာများသူ့အတွက်ယူလာပေးလိမ့်မည်။
အပါတ်စဥ်တိုင်းတွင် သူ၏အဆောင်ခန်းကိုသန့်ရှင်းပေးလိမ့်မည်။ ချီယုဘာပဲစားချင်စားချင် သူရအောင်လုပ်ပေးလိမ့်မည်။ ၄င်းမှာသူ့မျက်လုံးထဲတွင် အသေးအဖွဲလေးများသာဖြစ်သော်လည်း ချီယု သူ့အားထွက်တော့မသွားစေချင်ပေ။
သူ ယွမ်ရှင်းကျဲအား ပြန်လည်သင့်မြတ်ရန်အခွင့်အရေးပေးချင်သည်၊ စုကျီနန်နှင့် သ၀န်တိုပြီး လျှောက်ပြသနာမရှာသ၍ သူသည်းခံနိုင်သည်။
စုကျီနန် ချီယု၏မျက်လုံးထဲမှ စိုးရိမ်မှုအနည်းငယ်ကိုမြင်လိုက်ရလေသည်။
သူကတဖက်လူ၏အတွေးကိုခန့်မှန်ူမိ၍ နူးညံ့စွာဆိုလာသည်၊
"အကိုယု ရှင်းကျဲရွှယ်တိအတွက်ပူမနေပါနဲ့၊ သူအကောင်းဆုံးကြိုးစားမှာပါ"
"အကောင်းဆုံးကြိုးစားတာကဘာအရေးပါလို့လဲ"
ချီယုမျက်မှောင်ကျုံ့လျက်ဆိုလိုက်သည်။
"သူ့ရဲ့ စိတ်စွမ်းအားနဲ့ ကိုယ်ခံအားအဆင့်နဲ့သာဆို မြေကြီးထဲ၀င်အောင်အရိုက်ခံရဖို့ဘာမှကြာလိုက်မှာမဟုတ်ဘူး"
"ဘာလို့လဲ ကျွန်တော်တို့ အိုမီဂါတွေကအားနည်းတယ်ပြောချင်တာလား" စုကျီကျန်မခံချင်ဟန်ဖြင့်ဆိုလိုက်သည်။
ချီယုကသက်ပြင်းချလျက်
"သူကမင်းနဲ့ဘယ်လိုယှဥ်နိုင်မှာလဲ"
စုကျီနန်၏နှုတ်ခမ်းတို့ကျေနပ်စွာကွေးတက်သွားကာ
"ရှင်းကျဲအထုတ်ခံရတယ်ဆိုပေမယ့် ကျွန်တော် ဒသမနေရာရခဲ့တယ်လေ ကျွန်တော့်အတွက်မပျော်ဘူးလားဟင်"
ဤသည်ကိုကြားလျှင်ချီယု၏စိတ်အခြေအနေပိုကောင်းလာပြီးပြုံးလျက်ဆိုလိုက်သည်၊
"မင်းအတွက်ဂုဏ်ယူပါတယ်"
လော့၀မ်ချွမ်းမှာ အနီးတွင်ထိုင်နေသော ထိုနှစ်ဦး၏ စကား၀ိုင်းကိုကြားလျှင် မျက်မှောင်ကြုတ် လျက် နေရာလဲရန်ထရပ်လိုက်သည်။ ခယ့်လိုင်သည်လည်း ဤသည်ကိုမြင်လျှင် နောက်မှအမြန်လိုက်လျက်
"ဘာလို့နေရာလဲချင်သွားရတာလဲ"
"နားညီးတယ်" လော့၀မ်ချွမ်းအေးတိအေးစက်ဆိုလိုက်သည်။
ထိုစဥ်ပထမနှစ်များအားလူစစ်ခြင်းပြီးသွားခဲ့လေသည်။ ကစားမားများမှာ တောအုပ်အစွန်ရှိစမှတ်တွင်ရပ်လျက် မက်ခါအမျိုးစုံကိုလည်းထုတ်လိုက်ကြသည်။
ကင်မရာက မက်ခါများကိုလျင်မြန်စွာဖြတ်ကျော်သွားခဲ့လျှင် လော့၀မ်ချွမ်း၏အကြည့်မှာ ရပ်တန့်သွားလျက် ခပ်မတ်မတ်ထိုင်လိုက်သည်၊
အချိန်မှာတိုတောင်းသော်လည်း သူသည်အင်မတန်ရင်းနှီးနေပါသောသူဌေးချူအားသူရောင်းခဲ့သည့် Cအဆင့်အလင်းဓါးမက်ခါကိုတွေ့လိုက်ရသည်ဟုသေချာသည်။
မှောင်ခိုစျေးအပြင်မှ တိုက်ပင်မတိုက်ခိုက်နိုင်သော လူကအမှန်တကယ်ကြီးပြိုင်ပွဲ၀င်သည်လော၊ သို့မဟုတ်...
......
ဤကမ္ဘာကိုစရောက်လာစဥ်ကပင် ယွမ်ရှင်းကျဲတစ်ယောက် စိတ်စွမ်းအားနှင့် ကိုယ်ခံအားကိုလေ့ကျင့်ရန်မပျက်ကွက်ခဲ့ချေ။ သူ၏တိုးတက်မှုမှာလည်းလျှင်မြန်လှကာ ယခင်ကထက်ပို၍သန်မာလာသည်ပင်။ သို့သော်အချိန်အနည်းသာလျှင်ရသည့်တိုးတက်မှုမှာ အကန့်အသတ်ရှိသည်။
သူ၀င်ခွင့်ကိုအောင်မြင်ရန် ဗျူဟာကျိန်းသေပေါက်လိုအပ်သည်။ မက်ခါစတားဂိမ်းအား ကစားပြီးသည့်နောက် သူ ပြိုင်ပွဲစည်းမျဥ်းများအား နှံ့နှံ့စပ်စပ်နားလည်နေခဲ့ပြီဖြစ်သည်။
သူ့တွင်မေးခွန်းတစ်ခုသာရှိသည်။ အသင်းဖွဲ့ခြင်းနှင့် တစ်ကိုယ်တည်းလှုပ်ရှားခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုပင်။
အသင်းဖြင့်ဆိုလျှင် အတားအဆီးများကိုဖြတ်ကျော်ရာ၌ တစ်ဦးကိုတစ်ဦးကူညီနိုင်သည်။ သို့သော်လမ်းကြောင်းမှားသည်နှင့် တသင်းလုံးနောက်ကျကျန်ရစ်မှာပင်။
လမ်းမှန်ကိုရွေးရန်ဆိုပြန်တော့လည်းသူတို့မှာရပ်ပြီးဆွေးနွေးရမည်ဖြစ်ကာအချိန်ကုန်သည်။အသင်းမှတစ်စုံတစ်ဦးထိခိုက်လျှင်လည်း အချိန်ပိုကြာမည်ဖြစ်သည်။
တစ်ဦးချင်းလှုပ်ရှားခြင်းကပိုလွတ်လပ်သည်။ လမ်းမှားသည်ဟုသတိထားမိသည်နှင့် မိမိဘာသာချက်ချင်းနောက်လမ်းကိုပြောင်းနိုင်သည်။ သို့သော်လမ်းတွင်အတားအဆီးများနှင့်ကြုံရလျှင်လည်း တစ်ယောက်တည်းသမားမှာ အန္တရာယ်များလှသည်။
ထို့ကြောင့်ယွမ်ရှင်းကျဲသည် အသင်းနှင့် တစ်ဦးတည်းလှုပ်ရှားခြင်း၏ကောင်းကွက်များကို ပေါင်းစပ်ရန်ဆုံးဖြတ်လိုက်သည်။
[ရှင်းဟိုင် တက္ကသိုလ်မက်ခါပြိုင်ပွဲ ပထမနှစ်များ ယှဥ်ပြိုင်မှုစတင်ပါပြီ]
အမျိုးသမီးစက်ရုပ်သံ၏ကြေညာမှုနှင့်အတူ ပထမနှစ်များ၏အချိန်မှတ်မှုစတင်တော့သည်။ အားလုံးမှာလူသစ်ဖြစ်သော်လည်း၊ မက်ခါကောင်းကောင်းမမောင်းတတ်သူတစ်ယောက်မျှမပါချေ။ အထူးသဖြင့် မက်ခါမောင်းနှင်ရေး၏ အတန်းAမှကျောင်းသားများဖြစ်သည်။
ကျောင်းသားတိုင်းနီးပါးမှာကျောင်းသို့မ၀င်ခင် မက်ခါမောင်းဖူးသူချည်းဖြစ်သည်။ ပြိုင်ပွဲစတင်သည်နှင့်အမျိုးမျိုးသောမက်ခါများထွက်ပေါ်လာတော့သည်။
ကျိုးဖေးရွယ် မိမိအတန်းမှကလေးများကို လိုက်ရှာပြီးကြည့်လိုက်သည်။
အတန်းမတူသောကျောင်းသားများအား မြေပုံပေါ်တွင် ကွဲပြားသောအလင်းစက်များနှင့်ဖော်ပြထားသည်။ အတန်းEမှကျောင်းသားများမှာအပြာရောင်ဖြစ်သည်။ ပြိုင်ပွဲမစခင်ကပင် ယွမ်ရှင်းကျဲနှင့်သူ့အသင်း၏ တည်နေရာအားကျိုးဖေးရွယ်မှတ်ထားခဲ့လေသည်။
ယခုတွင်သူ၏မျက်လုံးများမှာ ထိုအလင်းစက်အပြာရောင်သုံးခုတွင်ကော်ကပ်ထားသလိုကပ်နေခဲ့သည်။
ယွမ်ရှင်းကျဲ၊အော်ရီရယ်နှင့် လုရန်ရှုတို့အသင်းဖွဲ့လိုက်ကြပုံပင်။ အသာစီးရမှူသိပ်မရှိသည့်တိုင် သူတိူ့အချင်းချင်းကောင်းစွာပူးပေါင်းသ၍ ထိပ်ဆုံး၅၀ထဲ၀င်နိုင်သည်။
ကျိုးဖေးရွယ်သည် ထိုသုံးဦးအတူတကွ၀င်ခွင့်ကိုအောင်မြင်စေရန်စောင့်ကြည့်နေမိသည်။
တာဝေး ပြိုင်ပွဲတွင်လူတိုင်းက အလယ်အလတ်ဆိုဒ်ရှိသောမက်ခါကိုရွေးချယ်ကြသည်။ ယွမ်ရှင်းကျဲက အလယ်အလတ်ဆိုဒ် အလင်းဒါးမက်ခါကိုမောင်းနှင်ပြီး လုရန်ရှုနှင့်အော်ရီရယ်ကမူ ကြယ်တံခွန်မက်ခါနှင့် မုန်တိုင်းမက်ခါတို့ကိုအသီးသီးရွေးချယ်ထားကြသည်။
ခြုံကြည့်ရလျှင် တိုက်ခိုက်နိုင်စွမ်း၊ အဝေး ပစ်လက်နက်များနှင့် အမာခံဒိုင်းတို့ဖြင့် အလွန်ပြည့်စုံသော သုံးယောက်အဖွဲ့ဖြစ်သည်။
xxxxx