Chapter 19
"ဆရာကျိုး ဘယ်ကိုတအား ကြည့်နေတာတုန်း"
ဘေးမှဆရာတစ်ယောက်ကနောက်ပြောင်လာသည်။
"ခင်များကျောင်းသားတွေက မက်ခါဘယ်လိုမောင်းရမလဲတောင်မသိဘူးမလား၊သူတို့အတန်းAကိုမယှဥ်နိုင်တဲ့ဟာ နောက်နှစ်မှပြိုင်လည်းနောက်မကျသေးပါဘူး"
"ဒီသုံးယောက်ကမတူဘူး၊ သူတို့ကအတန်းထဲမှာအတော်လေးအရည်အချင်းရှိတဲ့သူတွေပါ"
ကျိုးဖေးရွယ်၏အတန်းမှတပည့်များမှာ သုံးစားမရသည်က လူတိုင်းလက်ခံထားသောအချက်ပင်။သို့သော် ဤတစ်ခေါက်တွင်တော့ သု့တွင် ပြောမပြနိုင်သော ယုံကြည်မှုမျိုးရှိနေခဲ့သည်။
ပြိုင်ပွဲ၏ပထမ၂မိနစ်တွင် ယွမ်ရှင်းကျဲတို့အဖွဲ့မှာ ပထမဆုံးအတားအဆီးဖြစ်သော အလတ်စား ကြယ်သားရဲနှင့်ရင်ဆိုင်ရတော့သည်။ ကျိုးဖေးရွယ်လည်း ထိုသုံးယောက်သည် စုပေါင်းအင်အားဖြင့် ကြယ်သားရဲ၏ခေါင်းအားခုတ်ပိုင်းလိုက်မည်ကို မျှော်လင့်စွာ ကြည့်နေလိုက်သည်။
ထို့နောက်တွင်သူက ထိုသုံးယောက်လျင်မြန်စွာလှုပ်ရှားလျက် ထိုနေရာမှ တကွဲတပြားဆီခွဲထွက်သွားသည်ကိုတွေ့လိုက်ရတော့သည်၊ အပြာရောင်အလင်းစက်လေးသုံးခုမှာ သရဲခြောက်ခံလိုက်ရသလို မတူညီသောဦးတည်ရာကို လျင်မြန်စွာပြေးထွက်သွားကြလသည်။ ကျိုးဖေးရွယ်အမူအယာမှာအေးခဲသွားခဲ့သည်၊
"ဟားဟားဟား ဒီလောက်တောင်လူမညီတဲ့အသင်းမျိုး ပထမဆုံးမြင်ဖူးတာပဲ"
ဘေးရှိဆရာမှာ ဗိုက်ကိုနှိပ်လျက် ရယ်လိုက်သည်၊
"မစ်စတာကျိုးရေ ဒါကခင်များရဲ့အတန်းကအတော်ဆုံးကျောင်းသားတွေလားဗျာ"
ကျိုးဖေးရွယ်မှာရှုပ်ထွေးနေပြီး သူ၏အမူအယာကိုပင်မထိန်းချုပ်နိုင်ချေ။ သို့သော်သူက ချောင်းအသာဟန့်လျက် ပြောလိုက်သည်။
"အန္တရာယ်ကိုအတတ်နိုင်ဆုံးရှောင်ရှားတာကောင်းတဲ့ရွေးချယ်မှုပဲ"
တောအုပ်မှာ အတားအဆီးများစွာဖြင့်၀င်္ကပါကဲ့သို့ရှုပ်ထွေးလှသည်။ ၎င်းမှာမှန်ကန်သောရွေးချယ်မှုပင်။သို့သော်..
သူတို့ဘာတွေလုပ်နေတာလဲ၊ ကျိုးဖေးရွယ် မျက်မှောင်မကျုံ့ပဲမနေနိုင်ချေ။
"အော်ရီရယ်နဲ့ လုရန်ရှု မင်းတို့နောက်ကလိုက်ဖို့အဆင်ပြေတဲ့ အသင်းတွေ့ပြီလား"
ယွမ်ရှင်းကျဲမှာ မက်ခါတချို့နောက်မှလိုက်ရင်း ကြိုးမဲ့ ဆက်သွယ်ရေးကိရိယာကိုသုံးလျက် မေးလိုက်သည်။
"အော်ရီရယ် တောအုပ်ရဲ့အနောက်ပိုင်းအခြမ်းကိုတာ၀န်ယူပေးပါ၊ ရန်ရှုကအရှေ့ဘက်ကိုသွား၊ ငါကအလယ်မှာရှိမယ်"
"အင်း"
"နားလည်ပြီ"
နှစ်ဦးသားတချိန်တည်းတွင်တုန့်ပြန်လိုက်သည်။
ယွမ်ရှင်းကျဲ၏ဗျူဟာမှာ အသင်းလိုက်ခွဲထွက်ခြင်းဗျူဟာပင်။ တစ်ယောက်ချင်းစီက တောအုပ်၏မတူသောအပိုင်းကိုတာ၀န်ယူလျက် တခြားအသင်းမက်ခါများနောက်မှကပ်လိုက်ကြသည်။ အန္တရာယ်များကာ ကျော်လွှားရခက်သော အတားအဆီးများကိုတွေ့လျှင် မြေပုံတွင်မှတ်သားကြမည်ဖြစ်ကာ အသင်းဖော်များကို သတိပေးပြီးဦးတည်ရာအမြန်ပြောင်းကြမည်ဖြစ်သည်၊
ထိုနည်းတူစွာ တစ်စုံတစ်ယောက်က ချောမွေ့ကာအန္တရာယ်ကင်းသောလမ်းကိုတွေ့ပါကာ အသင်းဖော်များကိုပြောကာ ထိုလမ်းအတိုင်းသွားကြမည်ဖြစ်သည်၊ မိမိတာ၀န်ယူထားသောဧရိယာကိုသာမက အနီးပါတ်၀န်းကျင်၏အခြေအနေကိုလည်းသတိပြုနိုင်သည်။
မိမိသွားရာလမ်းတွင် အန္တရာယ်ရှိနေပါက မိမိအသင်းဖော်ပေးသာ နီးစပ်ရာဧရိယာသို့အလျင်အမြန်ရှောင်တိမ်းနိုင်လသည်။
"အော်ရီရယ် မင်းဘက်မှာဆင်ခြေလျှောတစ်ခုရှိနေတယ်၊ " ယွမ်ရှင်းကျဲမှာ မိမိလမ်းကိုကြည့်နေစဥ်မှာပင် အသင်းဖော်အားလည်း လှမ်းသတိပေးလိုက်သည်။
"လုရန်ရှု အရှိန်ကိုနည်းနည်းတင်လိုက်၊ ပြီးတော့နေရာတွေပိုမှတ်ပေးပါ"
ယွမ်ရှင်းကျဲ၏ဗျူဟာကြောင့် သုံးယောက်သားမှာ တစ်ကိုယ်တည်းလှုပ်ရှားနေသည့်တိုင် အနီးရှိ ကြယ်သားရဲများ စက်ရုပ်သားရဲများနှင့် လက်နက်ထူထပ်သော နေရာများကို အသာအယာရှောင်ကွင်းသွားနိုင်လေသည်၊
ယွမ်ယှင်းကျဲ၏တုန့်ပြန်နိုင်စွမ်းမှာလျင်မြန်ကာ အမြင်စူးရှသဖြင့် မြေပုံပေါ်တွင် သူ၏အမှတ်အသားမှာ အများဆုံးဖြစ်သည်။
အော်ရီရယ်မှာဒုတိယဖြစ်ကာ သူမှတ်ထားသောဧရိယာလည်းအတော်များသည်ပင်။ လုရန်ရှု၏အမှတ်အသားမှာသိပ်မများလှသော်လည်း ယွမ်ရှင်းကျဲထင်ထားသည်ထက် ပိုကောင်းကောင်း လုပ်နိုင်ဆဲပင်။
ကျိုးဖေးရွယ်လည်း မျက်နှာပြင်ပေါ်မှ အလင်းစက်လေး၃ခုကိုကြည့်ကာမျက်လုံးများပြူးကျယ်သွားခဲ့သည်။ ဤသုံးဦးမှာ သပ်သပ်စီခွဲထွက်သွားခဲ့သော်လည်း ထူးဆန်းသော ဗျူဟာမျိုးရှိနေခဲ့သည်။အတားအဆီးတစ်ခုကိုမျှမကြုံရချေ။
မည်သို့ဖြစ်နိုင်မည်နည်း။တခြားကစားသမားများမှာ အတားအဆီးမျိုးစုံနှင့်ကြုံတွေ့နေရချိန်တွင် ထိုသုံးယောက်မှ ပထမဧရိယာကိုတောင်ကျော်လာခဲ့ပြီဖြစ်သည်။ထို့နောက် လမ်းတစ်လျှောက်တွင် အတားများစွာကိုပိုကြုံတွေ့လာရတော့သည်။
အဝေးတစ်နေရာမှ ယွမ်ရှင်းကျဲက မိမိနောက်မှလိုက်နေသော မက်ခါအစုက စက်ရုပ်သားရဲများတိုက်ခိုက်ခံနေရခြင်းကိုမြင်လျှင် အော်ရီရယ်မှတ်သားထားသည့်အနီးရှိ လုံခြုံသော ဇုန်ကိုအမြန်ကူးလိုက်သည်။ထို့နောက်ထိုနေရာမှပင်ဖြတ်လျက် မိမိတာ၀န်ယူထားသောနေရာကိုပြန်လာလိုက်သည်။
ဤတစ်ကြိမ်တွင် မိမိရှေ့မှ မည်သည့်အသင်းမှမရှိတော့သည်ကို ယွမ်ရှင်းကျဲ မမျှော်လင့်ထားချေ။ သို့နှင့်သူသည် မိမိအသင်းဖော်၂ဦးအားသတင်းပို့လျက် ပြန်လည်ဖွဲ့စည်းကာရှေ့ကီလိုမီတာအနည်းငယ်ကို ဖြတ်သန်းရန်ပြင်လိုက်သည်။
"ရှေ့အတားအဆီးနည်းနည်းကို အတူဖြတ်ရအောင်"
အော်ရီ၏လေသံမှာအံ့အားသင့်မှုနှင့်လေးစားခြင်းများရှိနေသည်။
"ငါတို့ရှေ့မှာဘယ်သူမှမရှိတော့ဘူးပေါ့၊ ယွမ်ရှင်းကျဲ မင်းကမိုက်လှချည်လားဟ"
"ငါထင်ထားတာထက်ပိုလွယ်နေသေးတယ်"
လုရန်ရှုလည်းမနေနိုင်ပဲချီးကျူးလိုက်သည်။
"ရှင်းကျဲမင်းအရမ်းတော်တာပဲ"
သူတို့သုံးဦးပျော်ရွှင်နေစဥ်မှာပင် သူတိူ့၏နောက်မှ အင်ဂျင်သံခပ်တိုးတိုးအားကြားလိုက်ရတော့သည်၊
19.2
၄င်းမှာအတန်းAမှကျောင်းသားများဖြစ်သည်။ ယွမ်ရှင်းကျဲသူတို့နောက်မှလိုက်ခဲ့ဖူးသည်။ ထိုစဥ်က ဤသုံးဦး၏အလျင်မှာအတော်အသင့်မြန်ပြီး စကေးလည်းရှိသည်ဟုသာထင်ခဲ့သည်၊
မိမိတို့အားဤမျှမြန်မြန်လိုက်မီလာမည်ဟုတော့မထင်ထားချေ။
ကျိုးဖေးရွယ်လည်း အပြာရောင်နှင်းလိမ္မော်ရောင်အလင်းစက်များ မြေပုံပေါ်တွင် ဆုံတွေ့သည်ကိုကြည့်နေမိသည်။အတန်းAမှကျောင်းသားများမှာ အတော်သန်မာကြသည်မို့ ကျိုးဖေးရွယ်ခံစားချက်မကောင်းလှပေ။
ယွမ်ရှင်းကျဲ သူ၏အသင်းဖော်များအားလျင်မြန်စွာ သတိပေးလိုက်သည်။
"သတိထားကြ"
သေချာပေါက်ပင် တဖက်မှ ကြယ်ပျံမက်ခါမှာ ယွမ်ရှင်းကျဲတို့အသင်းထံ မီးခိုးဗုံးများ တခြားလက်နက်များနှင့်ပါပစ်ခတ်လာခဲ့သည်။၄င်းမှာအန္တရာယ်သိပ်မများသည့်တိုင် သူတို့အားရပ်တန့်စေရန်တော့လုံလောက်သည်ပင်။
အတန်းAကသုံးယောက်မှသူတို့ကကြည့်လျက်
ထိုအထဤမှတစ်ယောက်က အသံလွှင့်စက်ကိုဖွင့်ကာ
"အတန်းAက နံပါတ်၁ကွ၊ မင်းတို့ကောင်တွေအကုန်အရှုံးသမားတွေပဲ၊ နောက်မှပဲ အီးရှူပြီးကျန်ခဲ့ ဟားဟား"
ထို့နောက်တွင် လိမ္မော်ရောင်အလင်းသုံးစက်ကရှေ့သို့တရှိန်ထိုးပြေးသွားတော့သည်။ ယွမ်ရှင်းကျဲမှာ တဖက်မှတိုက်ခိုက်မှုအားအသာအယာပင်ရှောင်ရှားခဲ့သည်။ သို့သော်မိမိတို့မှာ ကြယ်သားရဲအတားအဆီးကိုဖြတ်ကျော်ရန်အခက်အခဲရှိသေးသည်ပင်။
ပါတ်၀န်းကျင်မှာမီူခိုးဗုံးကြောင့်မြင်ကွင်းမရှင်းလင်းသဖြင့် မြေပုံကိုသာအားထားပြီးရှေ့သို့ဆက်သွားရန်ပြင်လိုက်ရသည်။
"သူတို့ရူးနေလား"အော်ရီရယ်ကျိန်ဆဲလိုက်သည်။
"မီးခိုးဗုံးတွေပစ်ပြီးပစ်ပြီးပြေးသွားတယ်ပေါ့
ယောက်ျားတစ်ယောက်လိုဘယ်လိုတိုက်ခိုက်ရမလဲမသိကြဘူးလား" လုရန်ရှုလည်းပေါက်ကွဲလိုက်သည်။
"တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်စရာမလိုပဲ ၀င်ခွင့်အောင်တာအသိသာကြီးကို သူတို့ဘာလို့ဒီလိုလုပ်ရတာလဲ"
ကျိုးဖေးရွယ်လည်းမြေပုံပေါ်မှာ အပြာရောင်အလင်းစက်သုံးစက်ကိုစိတ်ပူစွာကြည့်နေမိသည်။ မကြာမီနောက်မှလူများ သူတို့ကိုလိုက်မီလာတော့မည်။
ယွမ်ရှင်းကျဲဘာမှမဆိုချေ။ မီးခိုးထဲမှအလျင်အမြန်သာထွက်လိုက်သည်။ သူ့ကိုလာမစလျှင် သူဘာမှပြန်လုပ်မည်မဟုတ်။ သူ့ကိုရန်လာစလျှင်တော့
"ငါအရင်သွားနှင့်မယ်၊ မင်းတို့နှစ်ယောက်ကငါ့နောက်ကမြန်နိုင်သမျှ မြန်မြန်လိုက်ခဲ့"
ယွမ်ရှင်းကျဲထိုတစ်ခွန်းသာပြောပြီး ပြေးထွက်သွားခဲ့သည်။
"ဘယ်ကိုသွားမလို့လဲ"
သူ့အသင်းဖော်များက အံ့အားသင့်လျက်မေးလိုက်သည်။
"အဲဒီသုံးယောက်ကို တကယ့်အရှုံးသမားအစစ်ကဘာလဲဆိုတာပြမလို့လေ။ "
ယွမ်ရှင်းကျဲ၏လေသံမှာ တည်ငြိမ်ကာအေးစက်လျက်။
ထို့နောက် အော်ရီရယ်နှင့် လုရန်ရှုမှာ ယွမ်ရှင်းကျဲမက်ခါ၏နောက်ကျောကိုသာလျှင် မြင်ရတော့သည်။
သူတို့နောက်မှ အမြန်လိုက်သော်လည်း တဖြည်းဖြည်းေ၀း၍သာကျန်ခဲ့တော့သည်။
ထိုတော့မှသာ ယွမ်ရှင်းကျဲသည်မိမိတို့နှစ်ဦးလိုက်မီစေရန် တချိန်လုံးအရှိန်ကိုလျော့လျက်မောင်းနှင်နေခဲ့တာဖြစ်ကြောင်းနားလည်သွားခဲ့သည်။
"သေစမ်း" အော်ရီရယ်မနေနိုင်ပဲကျိန်ဆဲလိုက်မိသည်။
"ဒါကြီးက ဘယ်လိုအိုမီဂါမျိုးလဲ"
ထိုစဥ်မှာမင် ကင်မရာမှာ အသင်းနှစ်သင်းထိပ်တိုက်တွေ့ပုံကိုအမိအရထုတ်လွှင့်နေခဲ့သည်။ ဒုတိယနှစ်ကျောင်းသားများမှာ အလင်းစက်များ၏အရောင်မှတဆင့်ခန့်မှန်းနိုင်သည်။
ဤသည်မှာ မက်ခါမောင်းနှင်ရေးဌာန၏ အန်းEနှင့် Aကြားမှတိုက်ပွဲဖြစ်သည်။
1အံ့သြစရာကောင်းသည်မှာ အတန်းEမှကျောင်းသားများမှာ ပထမအုပ်စုဆီတရှိန်ထိုးပြေးသွားသည်ကိုတွေ့လိုက်ရသည်။လူတိုင်းမှာလာ်း နှစ်သင်းကြားက အငြင်းပွားမှုကိုတွေ့ရဦးမည်မမျှော်လင့်ထားချေ။
အတန်းAမှသူများက အတန်းEအားကျော်သွားသည်ကိုမြင်လျှင် လူတိုင်း ပွဲဆူသွားကြတော့သည်။
"နှမြောစရာပဲ ငါကတော့အတန်းEကသူတွေနည်းနည်းပါးပါးပြန်တိုက်နိုင်လိမ့်မယ်ထင်ထားတာ"
"သူတို့ပထမဧရိယာကိုဘယ်လိုတောင်ကျော်လာတာလဲ၊ ငါဖြင့်သူတို့ကိုအခုမှသတိထားမိတာ"
"ငါရောပဲ သူတို့ရုတ်တရက်ကြီး ပန်း၀င်မှတ်နဲ့ဘယ်လိုနီးသွားတာလဲ"
"အဲလိုဆိုရင်တောင် အသုံးမ၀င်ပါဘူး၊ အတန်းAကသူတွေကပိုသာနေတုန်းပဲ"
"အတန်းEကတော့ဒီအနေအထားဆိုရင်တောင် အတော်လေးဟုတ်နေပါပြီ၊ သူတို့ပထမနေရာများရနိုင်ဦးမှာမလို့လား"
လော့၀မ်ချွမ်းမှာ ထုတ်လွှင့်မှုကိုငြိမ်သက်စွာစိုက်ကြည့်နေရင်း သူ၏မျက်လုံးမှာလေးနက်လျက် တစ်ခုခုကိုတွေးတောနေဟန်ပင်။
အတန်းAမှသူများနိုင်ပြီဟုအားလုံးထင်နေကြစဥ်မှာပင် အပြာရောင်အလင်းစက်လေးမှာ အလင်းအလျင်ကဲ့သို့အမြန်နှုန်ူဖြင့် လိမ္မော်ရောင်အလင်းစက်များထံတရှိန်ထိုးပြေးသွားသည်ကိုတွေ့လိုက်ရတော့သည်။
"အဲဒီအတန်းEကတစ်ယောက် သူဘာလုပ်ချင်လို့လဲ..."
လူတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအား အံ့အားသင့်နေသော မျက်၀နိးများဖြင့်ကြည့်လိုက်မိကြတော့သည်။
မြေပုံထဲတွင် လိမ္မော်ရောင်အလင်းစက်လေးသုံးခုမှာ ပန်း၀င်မှတ်နှင့် နီးနေခဲ့ချေပြီ။ ဆရာများက အတန်းAမှဆရာအား ဂုဏ်ပြုနေကြသည်။ တချို့ကမူ အတန်းE၏စွမ်းဆောင်ရည်မှာ ယခုပင်အတော်ကောင်းနေပြီဖြစ်တာကြောင့် စိတ်ဓါတ်မကျရန် ကျိုးဖေးရွယ်အားအားပေးနေကြသည်။
ကျိုးဖေးရွယ်ကမှုထုတ်လွှင့်မှုကို စူးစိုက်ကြည့်နေဆဲပင်။သို့နှင့်ဘေးရှိဆရာများမှာလည်း သူကြည့်ရာကို သိချင်စိတ်ဖြင့်လိုက်ကြည့်လိုက်ကြသည်။ ဤတွင် အလင်းအလျင်ဖြင့်ပေုးလွှားနေသော အပြာရောင်အလင်းစက်လေးက ဆရာအုပ်စုကို မင်သက်သွားစေခဲ့သည်။
အကြည့်ချင်းဖလှယ်ကြီးနောက် တစ်စုံတစ်ယောက်ကသတိဖြင့်မေးလာခဲ့သည်။
"အဲဒီအပြာရောင်က...အတန်းEကကျောင်းသားမလား"
"ဟင့်အင်း၊ မဖြစ်နိုင်ဘူး၊ သူတို့ကအခုလေးတင် အတန်းAရဲ့တိုက်ခိုက်တာကိုခံခဲ့ရတာမလား"
"ငါ့မျက်လုံးတွေပဲ ပြသနာရှိနေတာလား၊ သူ့အလျင်ကလော့၀မ်ချွမ်းထက်တောင်မလျော့သလိုပဲ၊ ဘယ်သူပိုမြန်မှန်းတောင်မပြောနိုင်ဘူး"
"ငါကတော့လော့၀မ်ချွမ်းထက်တောင်မြန်တယ်ထင်တာပဲ၊ ဘာတွေဖြစ်နေတာလဲ"
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ အတားအဆီးတစ်ခုကမှ သူ့ကိုမရပ်တန့်နိုင်ဘူးလား"
"လိုက်မှီသွားပြီကွ"
"ဘုရားရေ သူတကယ်လိုက်မီသွားပြီ"
ဆရာများသည် ရန်သူကိုပြန်လည်ချေမှုန်းသော ပွဲများစွာကိုမြင်ဖူးခဲ့သော်လည်း ဤမျှအလျင်ဖြင့် တရှိန်ထိုး ပြေးလိုက်သည်မှာပထမဆုံးပင်။
ထို့အပြင် ၎င်းမှာ အတန်းEကျောင်းသားမှ အတန်းAကိုအမှီလိုက်ခြင်းလည်းဖြစ်သည်။
တောအုပ်ထဲတွင် ထက်မြသော ဓါးအရှိန်အ၀ါတစ်ခုနှင့်အတူ ကြယ်သားရဲနှစ်ကောင်၏ခေါင်းအား တိုက်ရိုက်ပိုင်းဖြတ်လိုက်သည်။ အလင်းဓါးမက််ခါလေးသည် ဂျက်အင်ဂျင်ကိုအသုံးပြုလျက် တောအုပ်အတွင်း ဖြတ်လတ်စွာမောင်းနှင်လျက် အတားအဆီးများစွာကိုနောက်တွင်ချန်ရစ်ခဲ့သည်။
xxxxxx