Chapter 20
ယွမ်ရှင်းကျဲ၏ခံနိုင်ရည်မှာလည်းမကြာခင်ဂိတ်ဆုံးရောက်တော့မှာပင်။ အသင်းAနှင့်တွေ့ဆုံမှုကို သူစိတ်ထဲမှအမြန်တွက်ချက်လိုက်သည်။ မိနစ်၀က်ခန့်ကြာလျှင် မက်ခါစက်သံများကိုရှေ့နားတွင်ကြားလိုက်ရတော့သည်။
အလင်းဓါးမက်ခါမှာ ကိုယ်တိုင်တိုက်ခိုက်ရေးမက်ခါမျိုးဖြစ်ကာ မက်ခါသုံးစီးအားတပြိုင်တည်းတိုက်ခိုက်နိုင်မည့် လက်နက်အများအပြားမပါရှိချေ၊
သို့သော် သူက မြေပြင်အနေအထားကို အသာစီးယူနိုင်သည်။
လူတိုင်း အပြာအလင်းစက်သည် လိမ္မော်အလင်းစက်များအားမှီခါတွင် ထောင့်ချိုးသို့ကွေ့လိုက်ကြောင်းတွေ့လိုကိရလေသည်။
"ဘာလဲဟ သူတို့ကိုကျော်ပြီး ချန်ပီယံယူတော့မလို့လား"
"ငါကသူအမီလိုက်ပြီး လက်စားပြန်ချေမယ်ထင်တာ ဒါပေမယ့်ဒါပဲလား"
"ရှောင်သွားတာလည်းကောင်းတာပါပဲ၊ ထိပ်တိုက်တွေ့စရာမလိုပါဘူး"
"အင်းလေ ငါလည်းအတန်းEကကျောင်းသားဆိုရင်
အတန်းAကကျောင်းသား၃ယောက်က်ု တစ်ယောက်တည်းရင်ဆိုင်ရလောက်အောင်တော့တုံးမှာမဟုတ်ဘူး"
အတန်းEကကျောင်းသားဘာလုပ်မည်ကိုဆွေးနွေးနေကြစဥ်၊ အပြာရောင်အလင်းစက်လေးမှ တဖက်လမ်းမှ လိမ္မော်ရောင်အလင်းစက်သုံးခုအားကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။
ပန်း၀င်မှတ်ကိုတိုက်ရိုက်ဖြတ်သွားသ၍ ပထမနေရာကိုသူရသွားတော့မည်။ သို့သော်ယွမ်ရှင်းကျဲထိုသို့မလုပ်ခဲ့ချေ။ သူကပထမနေရာကိုမလိုချင်၊အမှန်အတိုင်းပြောရလျှင် သူဤဂိမ်းရှုံးရှုံးနိုင်နိုင်ဂရုမစိုက်ချ။ သူကဗျူဟာများနှင့် မက်ခါအကြောင်းလေ့လာချင်ရုံသာ။
ဂိမ်း၏အဆင့်ခွဲခြားမှုမှာ သူ၏ဗျူဟာအဆင်ပြေမပြေ ကိုအတည်ပြုပေးနိုင်ရန်သာဖြစ်သည်။ ယွမ်ရှင်းကျဲမှ တောအုပ်အဆုံးမှာတိတ်တဆိတ်ရပ်လျက် မက်ခါသုံးစီးရောက်လာမည်ကိုစောင့်နေလိုက်သည်။
ထိုအချိန်မှသာလျှင် လူတိုင်းမှာ အတန်းEမှကျောင်းသားလေးသည် အတန်းAမှကျောင်းသားများအား ပန်းမ၀င်နိူင်အောင်တားဆီးမည်ဖြစ်ကြောင်းနားလည်သွားလေသည်။ ထုတ်လွှင့်နေသော စက်လုံးစက်ရုပ်လေးမှာ အဆိုပါမက်ခါထံကင်မရာကိုချိန်ထားလိုက်သည်။ ဒုတိယနှစ်များမှာ ၄င်းကိုမြင်လျှင် စိတ်လှုပ်ရှားစွာဖြင့်
"သေစမ်း သူတကယ်ကြီးလက်စားချေတော့မှာပဲကွ"
"ပြီးတော့ပန်း၀င်မှတ်နားကြီးမှာ ၊ ဟိုသုံးယောက်ကို မျက်နှာဖြတိရိုက်ချင်တာလား"
"အန္တရာယ်များလိုက်တာ ၊ သူရှုံးသွားရင်ဘယ်လိုလုပ်မလဲ"
အဆုံးသို့ရောက်ခါနီးသည့်အတန်းAမှသုံးယောက်မှာ ကင်းထောက်စလုတ်ကိုလွှတ်လျက်ပန်း၀င်မှတ်နားတွင် အတားအဆီးများရှိမရှိစစ်ဆေးကြည့်လိုက်သည်။
ထိုကင်းထောက် စလုတ်အားခပ်ဝေးဝေး ရောက်သွားသည်ကိုမြင်လျှင်၀မ်းသာအားရကြွေးကျော်လိုက်ကြတော့သည်။သူတို့လည်းစလုတ်နောက်အမြန်လိုက်သွားကြစဥ် တစ်ယောက်မှာ ထူးဆန်းသောအသံကိုကြားလိုက်ရလေသည်။
"ငါအသံတစ်ခုကိုကြားသလိုပဲ အဲဒါက.."
မက်ခါတစ်စီးမှရုတ်ချည်းထွက်ပေါ်လာလျက် စလုတ်အပေါ်တက်နင်းချလိုက်သည်။
နေရောင်အောက်တွင် အလင်းဓါးမက်ခါ၏ကိုယ်ထည်မှာ သတ္တုရောင်တောက်ပလျက်
မက်ခါ၏ကိုယ်ထည်မှ စွမ်းအင်မီးမှာ ထိုသုံးယောက်အား အထင်သေးစွာငုံ့ကြည့်နေသော မျက်လုံးတစ်လုံးနှယ်။
သူတို့မှာဘာတွေဖြစ်နေမှန်းရုတ်ချည်းနားမလည်ခဲ့ချေ။ မက်ခါမှ စက်ရုပ်လက်တံကိုမြှောက်လိုက်ပြီး နောက်ဘက်မှဓါးရိုးကိုဆွဲယူလိုက်သည်။
ရေခဲပြာရောင်အလင်းဓါးမှာပေါ်ထွက်လာခဲ့ပြီးနောက်ထပ်လက်တစ်ဖက်ကိုလည်းမြောက်လိုက်ကာ ကျည်လက်နက်ငယ်ကိုကိုင်လိုက်သည်။
မက်ခါအားလုံးနီးပါးတွင် အဝေး ပစ်လက်နက်တစ်ခုစီတော့ရှိကြသည်ပင်။
အလင်းဓါးမက််ခါမှာ အဝေး ပစ်လက်နက်များရှိသည့်မက်ခါမျိုးနှင့်ယှဥ်လျှင် လက်နက်ပါ၀င်မှုနည်းပါးသည်ပင်။ သို့သော်ပြိုင်ပွဲမတိုင်ခင် ယွမ်ရှင်းကျဲ မက်ခါအားစစ်ဆေးခဲ့ရာ ညာဘက်လက်တွင် လက်နက်ငယ်တစ်ခုပါ၀င်ကြောင်းသိလိုက်ရသည်။
အတန်းAမှသုံးယောက်မှာ ပန်း၀င်မှတ်မတိုင်ခင် မိမိတို့အား တစ်စုံတစ်ယောက်ကအလစ်တိုက်မည်ဟုမသိခဲ့သော်လည်း သူတို့သည်အလင်းဓါးမက်ခါကိုမြင်သည်နှင့်လျှင်မြန်စွာတုန့်ပြန်လိုက်ကြသည်။
အလင်းဓါးမက်ခါမှ ပစ်ခတ်လိုက်သည်နှင့် မက်ခါသုံးစီးမှာ မြေဆွဲအားဆန့်ကျင်သည့် အင်ဂျင်ကိုဖွင့်လျက် ရှောင်ကွင်းလိုက်ကြသည်။
ရှောင်ပြီးသည်နှင့် အတန်းAမှတစ်စုံတစ်ဦးမှာ ယွမ်ရှင်းကျဲ၏အပြုအမူမှာ ရယ်စရာကောင်းသည်ဟုခံစားမိကာ
"တကယ်စိတ်၀င်စားစရာပဲဟမ် မင်းဘာမင်း ပထမနေရာယူနိုင်ရဲ့သားနဲ့ မယူပဲ ငါတို့ကိုနှောင့်ယှက်ဖို့တွေးနေတယ်ပေါ့၊ ဒါဆိုလည်းမင်း ၀င်ခွင့်အောင်ဖို့ကိုမျှော်လင့်နဲ့တော့ "
ထိုလူကစက်ရုပ်လက်ကိုမြှောက်လိုက်စဥ်မှာပင် အလင်းဓါးမက်ခါမှ ရုတ်ချည်း ခုန်လျက်မြားတစ်စင်းနှယ်တိုက်ခိုက်လာသည်။ အတန်းAမှ၃ဦး၏မြေပြင်အနေအထားမှာနိမ့်ပြီး မြေဆွဲအားဆန့်ကျင်လျက်လေပေါ်ပျံနေစဥ်မှာပင် ယွမိရှင်းကျဲထက်နိမ့်နေဆဲပင်။
ယွမ်ရှင်းကျဲ သည်ကိုအမြင့်ကိုအသုံးချလျက် သူ၏မက်ခါအရှိန်အားကျွမ်းကျင်စွာမြှင့်တင်လိုက်သည်၊ မြေပြင်ပေါ်မှဖုန်များကြာင့် အတန်းAမှသုံးယောက်၏မြင်ကွင်းမှာမရှင်းလင်းပဲ ပစ်ခတ်မှုများကိုသတိနှင့်ရှောင်တိမ်းနေရလေသည်။
သို့သော်အလင်းဓါးမက်ခါ၏အလျင်မှာ သူတို့မျှော်လင့်ထားသည်ထက်ပို၍မြန်နေခဲ့သည်။ အလင်းဓါးမှာလျတ်တပြက်တိုက်ခိုက်လိုက်ပြီး ယွမ်ရှင်းကျဲသည်ထိုသုံးယောက်၏ဒူးနေရာကိုချိန်ထားလိုက်သည်။
အလင်းဓါးသည်မက်ခါများ၏ သတ္တုမျက်နှာပြင်များကိုရိုက်ခတ်လိုက်သည်နှင့် ဆူညံသံများထွက်ပေါ်လာခဲ့သည်။ အတန်းAမှသုံးဦးမှာ ပုန်းကွယ်ရင်း ပြန်လည်တိုက်ခိုက်သော်လည်း သူတို့၏တိုက်ခိုက်မှုများမှာ အလင်းဓါးမက်ခါထံမှအသာအယာတားဆီးခြင်းကိုသာခံနေရလေသည်၊ တချိန်တည်းမှာပင် သူတို့၏မက်ခါများမှာ ထိန်းချုပ်မရတော့ကြောင်းသတိထားမိသွားကြသည်။
ယွမ်ရှင်းကျဲ၏တိုက်ခိုက်မှုမှာမပြင်းထန်လှသော်လည်း သူတို့၏တိုက်ရည်ခိုက်ရည်အားတိုက်ရိုက်ကျဆင်းသွားစေခဲ့သည်။ မကြာခင်မှာပင် မက်ခါသုံးစီးမှာ မြေပြင်ပေါ်ထိုင်ကျသွားခဲ့သည်။
မက်ခါများမှာကိုးရို့ကားယားအနေအထားဖြင့် မြေပြင်ပေါ်ဒူးထောက်လျက်..
မက်ခါများ၏ဒူးမှာ အလင်းဓါးဖြင့်ရိုက်ခတ်ခံလိုက်ရကာ သူတို့မှာ ရွေ့လျားဖို့မလွယ်ကူတော့ချေ။ အထူးသဖြင့် ယခုကဲ့သို့ဆင်ခြေလျှောအနေအထားတွင်ဖြစ်သည်။ အတန်းAမှမက်ခါတစ်စီးမှာ သူ့ကိုယ်သူလက်ဖြင့်ထောက်ကာ ထိန်းထားလိုက်ပြီး အသံလွှင့်စက်ဖြင့်
"မင်းရူးနေလား၊ ဒီနေရာမှာ ငါတို့ကိုဘာလို့တားနေတာလဲ၊"
"မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ"
ယွမ်ရှင်းကျဲပြန်ဖြေလိုက်သည်။ သူ၏မက်ခါမှာလေထဲတွင်မြောက်လျက် ထိုသုံးဦးအားအထင်သေးစွာငုံ့ကြည့်နေခဲ့သည်။ အသံလွှင့်စက်မှထွက်လာသောလေသံမှာ ယုံချင်စရာပင်မကောင်းချေ။
"အတန်းE နံပါတ်တစ် အရှုံးသမား"
ထိုအချိန်တွင် အတန်းAမှသုံးဦးလည်းချက်ချင်းနားလည်သွားတော့သည်။ဤမက်ခါမှာသူတို့ယခုလေးတင်မီးခိုးဗုံးဖြင့်တိုက်ခိုက်ခဲ့သောမက်ခါများထဲမှတစ်ခုဖြစ်သည်။ သို့သော် မည်သို့ဖြစ်နိုင်ပါမည်နည်း၊ မိမိတို့အား မည်သို့များလိုက်မီလာခဲ့သနည်း။
အနားယူသည့်ဧရိယာတွင် ဒုတိယနှစ်ကျောင်းသားများအားလုံးအေးခဲနေကြလေသည်။
20.2
"ဒါက၀င်ခွင့်လေးပဲမဟုတ်ဘူးလား၊ ဘာလို့PK ချတာတွေပါနေတာလဲ ပြီးတော့ ၃ယောက်၁ယောက်ကြီးဟ မိုက်လိုက်တာ"
"အဲဒီအလင်းဓါးမက်ခါရွေ့ချက်ကြီးကမြန်ချက်ပဲ၊ Aအဆင့်လောက်တော့ရှိမယ်ထင်တယ်နော်"
"တဖက်လူရဲ့ဒူးကိုတိုက်ခိုက်ဖို့ဘယ်သူများတွေးမိမှာလဲ "
"အဲမက်ခါသုံးစီးကထတောင်မထနိုင်တော့တာတွေ့လား"
"တကယ်ထိရောက်တဲ့တိုက်ကွက်ပဲ၊ တဖက်လူကိုအရှက်ခွဲသလိုဖြစ်နေတာကလွဲလို့"
ယွမ်ရှင်း ကျဲသည် ပန်း၀င်မှတ်ထံလျှောက်သွားရင်းမှ သူတို့အားလှည့်ကြည့်လိုက်ကာ ကြင်နာဟန်ဖြင့်သတိပေးလိုက်သည်။
"ပန်း၀င်ဖို့မီတာ၂၀၀လောက်ပဲလိုတော့တာ အားမလျှော့နဲ့နော်"
အတန်းAမှသုံးဦးမှာထရပ်ရန်ကြိုးစားသော်လည်း မက်ခါများကိုမထိန်းချုပ်နိုင်တော့ချေ။
"မင်း သိပ်စိတ်ကြီး၀င်မနေနဲ့" ဘီတာတစ်ဦးမှာ စိတ်တိုလွန်း၍သူ၏မက်ခါကိုလက်ဖြင့်ထောက်ကာထရပ်လိုက်ပြီးယွမ်ရှင်းကျဲအားချိန်လိုက်သည်၊
"မင်းပန်း၀င်နိုင်မယ်မထင်နဲ့"
သူကကြယ်ပျံမက်ခါကိုမောင်းနှင်တာဖြစ်ပြီးသူ့တွင် မီးစွမ်းအားအများအပြားရှိလေသည်။ သို့သော်ယွမ်ရှင်းကျဲဟာSသဏ္ဍာန်ရှောင်ရှားလိုက်သည်၊
တဖက်မှပစ်ခတ်မှုများကိုအသာအယာရှောင်နေရင်းမှ လှမ်း၍လှောင်ပြောင်လိုက်လေသည်။
"ငါမင်းရဲ့ဗိုက်ပေါ်ရပ်နေရင်တောင် မင်းငါ့ကိုထိအောင်ပစ်နိုင်ရဲ့လား"
ကျန်၂ယောက်မှာသည်းမခံနိုင်တော့ပဲ သူတို့၏စက်ရုပ်လက်ကိုမြောက်လျက်ယွမ်ရှင်းကျဲအားပူးပေါင်းတိုက်လိုက်ရန်ကြိုးစားလိုက်ကြသည်။
အရှိန်ကိုမြှင့်လျက်ယွမ်ရှင်းကျဲမှာ ပန်း၀င်မှတ်ကိုကျော်ဖြတ်လိုက်တော့သည်၊ထို့နောက်သူကလှည့်လျက် ထိုသုံးယောက်အား လက်ရေ့ယမ်းပြလိုက်သည်။
ပြိုင်ပွဲစည်းမျဥ်းအရ ပန်း၀င်ထားသောကစားသမားကိုမတိုက်ခိုက်နိုင်ချေ။ သို့မဟုတ်လျှင် ပြိုင်ပွဲမှထုတ်ပယ်ခံရမည်ဖြစ်သည်၊
မက်ခါသုံးစီးမှာသူတို့၏လက်နက်များကိုပိတ်လိုက်ရုံသာတတ်နိုင်လေသည်။ သူတို့မှာစိတ်တိုလွန်းစွာမြေပြင်ပေါ်ပြန်လဲကျသွားခဲ့သည်။
" သေစမ်း ငါထလို့မရဘူး၊"
"ငါ့ခြေထောက်ဘာဖြစ်သွားတာလဲ၊ အဲကောင်လုံး၀ညစ်တာပဲ"
"နောက်ကလူတွေလိုက်မီလာတော့မယ်၊ အတန်းဖော်တွေငါ့ကိုမြင်သွားရင်တော့ ရှက်လွန်းလို့မြေထဲ၀င်ပုန်းနေရတော့မှာပဲ"
"မင်းပဲ သူ တို့ကိုမီးခိုးဗုံးနဲ့ပစ်ပြီးရန်သွားစတာလေ"
"ငါ့ကိုလာအပြစ်တင်နေတာလား၊ အဲဒါမင်းအကြံမဟုတ်ဘူးလား"
"မင်းပြောတော့အတန်းEကငချွတ်လေးတွေပါဆို၊ ဒါကငချွတ်လား"
အော်ရီရယ်နှင် လုရန်ရှုလည်းပန်း၀င်မှတ်ဆီပြေးလာစဥ်မြေပေါ်လဲနေသော မက်ခါသုံးစီးကိုတွေ့လိုက်ရလေသည်။ သူတို့မရယ်နိုင်ခင်မှာပင် တဖက်လူများမှာ မိမိတို့အား ငချွတ်တွေဟူပြောနေတာကိုကြားလျှင် သူတို့ကဘာမှမလုပ်သော်လည်း မတော်တဆဟန်ဖြင့် ထိုသူတို့၏ခေါင်းများကိုတမင်နင်းကာဖြတ်သွားလိုက်သည်။
"အဲဒါဟိုကောင်တွေပဲ "
"ပစ်"
"သူတို့ကိုဖြတ်မသွားစေနဲ့"
သို့သော်သူတို့လက်ကိုပင်မမြှောက်ရသေးခင်မှာ
နောက်မှ မက်ခါအုပ်ကြီးလည်းရောက်လာပြီး အနင်းခံလိုက်ရတော့သည်။
"ကယ်ကြပါ"
"ကယ်ဆယ်ရေးလွှတ်ပေးပါ"
ယွမ်ရှင်းကျဲမက်ခါလည်းပန်း၀င်မှတ်ကိုဖြတ်ကျော်ပြီးသည်နှင် အမျိုးသမီးစက်ရုပ်သံမှ ကြေညာလာခဲ့သည်
[ပြိုင်ပွဲရဲပထမနေရာထွက်ပေါ်လာပါပြီ၊ ကစားသမားအမှတ် ၂၀၉၊ ရမှတ် ၁၈မိနစ် ၄၀စက္ကန် ၁၃]
နားနေဧရိယာတွင် စက်လုံးစက်ရုပ်မှ ထိုမက်ခါအား အနီးကပ်ဆွဲပြလာခဲ့သည်၊
"၁၈မိနစ် ၄၀စက္ကန့်တဲ့ ၊ လော့၀မ်ချွမ်းရဲမနှစ်ကစံချိန်ထက် မိနစ်၀က်ပဲပိုတယ်၊ ဒါပေမယ့်လည်း အရမ်းအံ့သြစရာကောင်းနေတုန်းပဲ"
"မင်းကလည်း သူသာအဲဒီနေရာမှာရပ်ပြီး ဟိုသုံးယောက်ကိုမတားခဲ့ရင် မနှစ်ကလော့၀မ်ချွမ်းစံချိန်နဲ့တူတူလောက်ပဲကွ"
"မိုက်ချက်ပဲ၊ ဒီအယ်လ်ဖာကတကယ်စွမ်းအားကြီးတာပဲ"
"ဟိုကထွက်တောင်မလာသေးဘူး သူကအယ်လ်ဖာမှန်းဘယ်လိုသိတာလဲ"
လော့၀မ်ချွမ်းလည်းပါတ်၀န်းကျင်မှာတီးတိုးသံများကိုကြားလျှင် ထိုညကဆယ်ကျော်သက်လေးကိုပြန်တွေးလိုက်မိသည်။
သူကအယ်လ်ဖာလား၊ ထိုသူကမက်စ်ကို၀တ်ဆင်ထားသဖြင့် မျက်နှာကိုပုံမခန့်မှန်းနိုင်ချေ၊သို့သော်သူ့အသားကနှင်းလိုဖြူနေပြီး အရပ်လည်းမဆိုစလောက်လေးရှည်သည်။သူကဘီတာဖြစ်ဟန်ပင်။ သူသာအမှန်တကယ်ဘီတာဆိုလျှင် ပွဲတော့ဆူသွားလောက်သည်၊
ထိုချိန်တွင် စုကျီနန်ကမူ ချီယုအားတီးတိုးပြောနေခဲ့သည်။
"၀ါးဒီနှစ် လူသစ်လေးတွေကအတော်လေးစွမ်းတာပဲ" စုကျီနန်ချီးမွှမ်းလိုက်သည်။
"ဒါပေမယ့် ကျွန်တော်ကတော့အစ်ကိုယုကအတော်ဆုံးလို့ထင်တုန်းပဲ၊ တခါတလေ အကိုတို့အယ်လ်ဖာတွေကိုမနာလိုဖြစ်မိတယ်၊ သိပ်တော်ကြတာပဲ"
"အင်း"
ချီယုသိပ်စိတ်မပါချေ။
သူကယွမ်ရှင်းကျဲ၏ရလဒ်ကိုစောင့်နေဆဲဖြစ်သည်။
"ရှင်းကျဲရွှယ်တိအတွက် သိပ်စိတ်ပူမနေပါနဲ့"
စုကျီနန်ကပြုံးလျက်ဆိုလိုက်သည်။
"ပထမနှစ်တွေဒီနှစ်အတော်သန်မာကြပေမယ့် ၀င်ခွင့်အောင်ဖို့ကြအရမ်းကြီးမခက်လှပါဘူး"
ချီယုမှာထုတ်လွှင့်မှုကိုသာကြည့်လျက် ဤနှစ်ပထမနှစ်များသန်မာကြောင်းသူ့ဘာသူတွေးနေမိသည်။ အတန်းEမှာပင်ဤမျှစွမ်းသူရှိပါက ယွမ်ရှင်းကျဲမှာအထုတ်ခံရပြီးလောက်ပြီဖြစ်သည်။
ထုတ်လွှင့်မှုတွင် အလင်းဓါးမက်ခါမှာ ရပ်သွားပြီးမောင်းနှင်သူနေရာကပွင့်လာခဲ့သည်၊
xxxxxxx