Chapter 1
Viewers 4k

Chapter 1


ရွှီဇီယန် သူနိုးလာသောအချိန်၌ ခေါင်းကိုက်သည့် ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။


တစ်စုံတစ်ယောက်က သူ့၏ဦးခေါင်းကို သံတူဖြင့်အတင်းထုကာ ဖွင့်နေပြီး မှတ်ဉာဏ်များစွာကို အတင်းသွတ်တွင်း နေသလို ခံစားနေရသည်။ နောက်ဆုံးတော့ မှတ်ဉာဏ်တွေကို သူ့ဦးခေါင်းက မဆံ့တော့သောကြောင့် သံတူဖြင့် မဆံ့ဆံ့အောင် အတင်းရိုက်နေသလိုပင်။


"အား....." သူညည်းညူလိုက်ပြီး သူ့ဦးခေါင်းကို သူ့လက်မောင်းတွေကြားထဲ ထည့်ကာ နာကျင်မှုဒဏ်ကြောင့် မြေပြင်ပေါ်တွင် လိမ့်နေလေသည်။ 


သူနာကျင်မှုကို ကြောက်လိမ့်မည်လို့ သူတစ်ခါမှ မခံစားရဘူးချေ။ သို့သော် ဒီနာကျင်မှုကတော့ သူ့ဝိညာဉ်လွှင့်ထွက်သွားမတတ်ကို ကြောက်စရာကောင်းလွန်းလှသည်။


"ချီးပဲ…" ရွှီဇီယန်ဟာ မိနစ်ပိုင်းလောက် လိမ့်နေပြီးနောက် နာကျင်မှုက ဘယ်တုန်းကမှမဖြစ်ခဲ့သလို ပျောက်သွားလေသည်။


သူသည် အင်အားချိနဲ့နေသောကြောင့်  ကျိန်ဆဲလိုက်ပြီး မြေပြင်ပေါ်တွင် နူးညံ့သောချည်သားနဲ့ လုပ်ထားသလို လဲနေလေသည်။


သူ့ဆီကို အတင်းသွပ်တွင်း ခံရသည့် မှတ်ဉာဏ်တွေဟာ တဖြည်းဖြည်းပေါ်လာလေသည်။ မြင်ကွင်းများကို ရုပ်ရှင်ပုံစံ ကြည့်နေရသည့်အလားပင်။ သူဟာ ယောင်္ကျားတစ်ယောက်၏ ဘဝကိုကြည့်နေရသည်။ အကယ်၍ သူကြည့်နေရသည့် ယောင်္ကျားဟာ သူနဲ့တစ်ပုံစံတည်းချွတ်စွပ် တူမနေဘူးဆိုလျှင် သူရုပ်ရှင်ကြည့်နေသည်ဟုသာ ထင်နေမိလိမ့်မည်။


သူမြေပြင်ကိုထောက်ကန်ရင်း ပြန်ထရုံမျှသာရှိသေးသည့်အချိန်တွင် နေရောင်ကသူ့မျက်စိကို ကျိန်းစပ်အောင်ထိုးလာလေသည်။ ကျောက်စရစ်ခဲများအောက်တွင် ဖိခံထားရသော သူ့လက်ကိုထုတ်လိုက်ရင်း ဘာဖြစ်လာမည်ဆိုတာကို ကြိုတင်သိနေသော်လည်း သူအကူအညီမဲ့စွာ ကျိန်ဆဲလိုက်မိသည်။


"ချီးပဲ…"


သူ့ရှေ့မှာ မြင်နေရသည့် လက်ချောင်းတွေဟာ အလွန်လှပလွန်းပြီး သေးသွယ်ပြီးတော့ အင်အားလည်းရှိလှသည်။ ပိန်သေးသောကိုယ်ခန္ဓာကို ပိုးချည်တွေနဲ့ ရစ်ပတ်ထားသည်ကို သူမြင်နေရပြီး ဒီလက်တွေ၏ ပိုင်ရှင်ဟာ နေမထိရေမထိ သခင်လေးတစ်ယောက်ဖြစ်လိမ့်မည်။


အကယ်၍ ဒီလက်တွေသည် အသက်၁၁နှစ်၊၁၂နှစ်သာမဟုတ်နေလျှင် ပို၍ကြည့်ကောင်းမှာ သေချာသည်။ ရွှီဇီယန်ဟာ အလွန်ပျော်ရွှင်သွားသည့်ပုံဖြင့် သူတောထဲမှာလာအိပ်မိနေသည် ယခုတော့အိမ်ပြန်ဖို့အချိန်တန်ပြီဆိုသည်ကိုပင်။


"ဘာကိုကောင်းရမှာလဲ ငါအိမ်မှာဘဲအိပ်နေတာမဟုတ်ဘူးလားဟ!" ရွှီဇီယန် သူ့မျက်နှာကိုလက်ဖြင့် ကာလိုက်ရင်း မြေပြင်ပေါ်ပြန်ထိုင်ချလိုက်လေသည်။


သူ့လက်ကြားထဲကို ထိုးနေသည့် နေရောင်ကြောင့် သူပိုပိုပြီးဒေါသထွက်လာလေသည်။ သူမြေပြင်ကို လက်သီးဖြင့်ထိုးလိုက်ရင်း "သေစမ်းဟာ!" ဟုကျိန်ဆဲလိုက်လေသည်။


‘ဗန်း’ ဆိုသောအသံနဲ့အတူ သူထိုးလိုက်သည့် မြေပြင်ကြီးဟာ အပေါက်အကြီးကြီး ဖြစ်သွားလေသည်။


ရွှီဇီယန်သည် အပေါက်ကြီးကို ခဏလောက်ကြောင်ကြည့်နေပြီးနောက် သူ့လက်ကိုတစ်ဖန်ပြန်ကြည့်ကာ ခက်ခဲစွာ တံတွေးမျိုချမိလေသည်။


သူနှင့်ချွတ်စွပ်သူသည့် ဒီလူ၏မှတ်ဉာဏ်ထဲကို ကြည့်လိုက်ရင်း ဒီကမ္ဘာဟာ ကျင့်ကြံခြင်းလောကဆိုတာ သိနိုင်ပေမယ့် မြေပြင်ကို တစ်ချက်ထိုးလိုက်တာ ဒီလိုအပေါက်ကြီးဖြစ်သွားတာကတော့ နည်းနည်းမများလွန်းဘူးလား။


ထားလိုက်ပါတော့....သူတောင် ကလေးအရွယ်ရောက်သွားတာပဲ။ ဒီထက်ပိုပြီး ဘာများမဖြစ်နိုင်စရာ ရှိသေးလို့လဲ?


သူသက်ပြင်းအရှည်ကြီးချလိုက်ရင်း မြေပြင်ပေါ်ကထရန် ကြိုးစားလိုက်သည်။ သူ့ခေါင်းထဲက မှတ်ဉာဏ်ကလွဲလို့ သူဘယ်နေရာရောက်နေသလဲဆိုတာလည်း သူမသိသလို သူဘာလို့ဒီနေရာရောက်လာသလဲဆိုတာလည်း မသိချေ။ အဆိုးဝါးဆုံးကတော့ သူ့ကိုသူဘယ်သူမှန်းတောင် မသိတာပဲ။


အာ ထားလိုက်ပါတော့....သူလည်းဘာမှမသိတော့ ဘာမှမပြောတတ်တော့ဘူး။ သူက ဒီလိုစိတ်ကူးယဉ်ဝတ္ထုတွေကို မဖတ်ပေမယ့် ဒီလိုမျိုးဝတ္ထုတွေကို အမြဲပြောပြတတ်တဲ့ အမေတစ်ယောက်တော့ သူ့မှာရှိတယ်။ ဒါကြောင့် ဒီလိုမျိုး ဘဝကူးပြောင်းလာတာတို့ ကျင့်ကြံခြင်းလောကတို့ ဆိုသည်မှာ သူနှင့်စိမ်းသက်သက်ဖြစ်မနေဘူး။


သူ့ခေါင်းထဲက မှတ်ဉာဏ်တွေဖြင့်သာ ဆက်စပ်ကြည့်လိုက်မည်ဆိုလျှင် သူဟာ ဒီကမ္ဘာက သူနှင့်ချွတ်စွပ်တူသော လူ၏ကိုယ်ခန္ဓာထဲ ရောက်နေသည်ဆိုတာ ၉၀ရာခိုင်နှုန်းလောက်ကို သေချာနေလေသည်။


သို့သော်....


ရွှီဇီယန်သည် သူ့ကိုယ်ခန္ဓာကို ကြည့်လိုက်ရင်း တိတ်ဆိတ်စွာ သူ့မျက်နှာကိုသုတ်လိုက်ပြီး ကလေးအရွယ်ကနေ ပြန်ကြီးလာရမှာပေါ့။ အဲဒါက အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ!


သူ၏ခေါင်းထဲ၌ အနည်းငယ် ဖူးရောင်နေသလို ဖြစ်နေသည်။ သူဟာ ခေါင်းကိုယမ်းခါလိုက်မှ သက်သာသလို ခံစားလိုက်ရသည်။


ဟမ်? ဟိုဟာကဘာကြီးလဲ?


ရွှီဇီယန်သည် သူ့မျက်စိရှေ့၌ လေပေါ်မြောနေသည့် လေးထောင့်တုံးလေးကို စိုက်ကြည့်နေလေသည်။


ထိုအတုံးလေးဟာ တကယ်လေပေါ်မှာမြောနေသည့် အတုံးလေးနှင့် တူလေသည်။ ထိုအတုံးလေးက ဘာလဲဆိုသည်ကို သူသိရအောင် ရွေ့လျားလိုက်သည်နှင့် ထိုအတုံးလေးကပါ လိုက်ပါရွေ့လျားလေသည်။ ၅၀စင်တီမီတာလောက်ရှိသည့် သေတ္တာတုံးလေးဟာ သူ့အရှေ့မှာ ပျံနေသလိုပင်။


ထိုသေတ္တာထဲ၌ စာအုပ်တစ်အုပ်သာပါရှိလေသည်။ ရွှီဇီယန်သည် သဘာဝကျစွာ လက်လှမ်းလိုက်ပြီး စာအုပ်ကိုယူလိုက်သည်။


စာအုပ်၏ နောက်ကျောကိုကြည့်ရသည်မှာ သာမန်ဝတ္ထုစာအုပ်သာ ဖြစ်လိမ့်မည်။ အကယ်၍ အဖုံးမျက်နှာပြင်ပေါ်က ယောင်္ကျားလေးယောက်၏ ရှုပ်ရှုပ်ရှက်ရှက်ပုံစံတွေကိုသာ လျစ်လျူရှုထားမည်ဆိုလျှင် သာမန်ဝတ္ထုစာအုပ်တစ်အုပ်လို့သာ ထင်နေမိလိမ့်မည်။


စာအုပ်အဖုံးကို သူမြင်လိုက်သည့်အချိန် သူ့မျက်လုံးတွေတောင် တုပ်လှုပ်သွားလေသည်။ သူသည်အဖြောင့်စစ်စစ် ဖြစ်သည့်အလျောက် သူ့ညီဖြစ်သူ ရွှီဇီယွိကွေးသွားသည်ကို လက်ခံနိုင်ဖို့ သူသည်ထိုအကြောင်းအရာတွေကို လေ့လာခဲ့ရသည်။ 


နောက်တော့ သူ့ညီကွေးသွားရသည်မှာ အခြားသူတွေဆွဲဆောင်လို့မဟုတ်ဘဲ မွေးကတည်းကကို ကွေးနေတယ်ဆိုတာ လက်ခံလိုက်ရပြီး ရွှီဇီယန်သည် သူ့ညီပြန်ဖြောင့်ဖို့ရည်ရွယ်ချက်ကို လက်လျော့လိုက်ရသည်။


အဆုံးမှာတော့ လူတစ်ယောက်၏ သဘာဝဖြစ်တည်မှုကို ပြောင်းလဲလို့မရပေ။ အကယ်၍ သူတစ်ပါး၏ဆွဲဆောင်မှုကြောင့် ဆိုလျှင် ပြောင်းလဲလို့ရပေမယ့် ဒါကသဘာဝအလျောက်ဖြစ်လာတာဆိုတော့ စောစောစီးစီးလက်လျော့လိုက်တာပဲ ကောင်းလေသည်။


သူက ဒီလိုဝတ္ထုတွေဖတ်ရတာ မကြိုက်ပါဘူးဆိုကာမှ ဒီစာအုပ်ဟာ ရုတ်တရက် သူ့အရှေ့မှာပေါ်လာသည်။ သို့သော် ဒီစာအုပ်ဟာ ဤကမ္ဘာပေါ်ကမဖြစ်နိုင်ချေ။ ရွှီဇီယန်လည်း သိချင်စိတ်ပြင်းပြလာသောကြောင့် စာအုပ်အဖုံးကိုလှန်လိုက်သည်။


ဤစာအုပ်က အတော်အတန်ထူလေသည်။ ထိုစာအုပ်ကို သူဖတ်လို့ပြီးအောင် အချိန်သုံးနာရီလောက် ယူလိုက်ရသည်။


ဖတ်လို့ပြီးသွားသည့်အခါ သူ့အထဲကိုအတင်းသွတ်တွင်းထားသည့် မှတ်ဉာဏ်များနှင့် ဆက်စပ်ကြည့်လိုက်သောအခါ ရွှီဇီယန် ဖြစ်စဉ်တွေကို ဇာတ်ရည်လည်သွားတော့သည်။


သူ အခြားကမ္ဘာသို့ ရောက်သွားတယ်ဆိုတာကို ခန့်မှန်းမိပြီးသားပင်။ သူ မထင်ထားတာက သူအခြားကမ္ဘာသို့ ရောက်သွားတာမဟုတ်ဘဲ ဝတ္ထုစာအုပ်ထဲသို့ ရောက်သွားသည်ကိုပင်။


ကိုင်း....ဝတ္ထုထဲမှာပါရှိတဲ့အတိုင်း ပြောရမယ်ဆိုရင် သူက ဒီဝတ္ထု၏ အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တယ်။


ဝတ္ထုထဲက ရွှီဇီယန်၏ဘဝကို ပြန်စဉ်းစားပြီးနောက် သူစကားနှစ်လုံးဖြင့်သာ မှတ်ချက်ပေးလိုက်တော့သည်။

"လဥပဲ"=_=


ကျင့်ကြံခြင်းလောက၏ မိသားစုကြီးမှာ မွေးဖွားလာခဲ့ပြီး မိသားစု၏အကြီးဆုံးသားလည်း ဖြစ်သည့်အပြင် မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောဆိုသည့် ပင်ကိုစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်က ပြီးပြည့်စုံသည့် အဓိကဇာတ်ဆောင်တစ်ယောက်၏ ပုံစံပင်ဖြစ်သည်။ သို့သော် ဘယ်လောက်ပဲကောင်းမွန်သည့် အခြေအနေမှာရှိနေပါစေ ဤလူက သူ၏ညီကို အမြဲလိုလိုဒုက္ခလိုက်ပေးတတ်သည်။


သူ၏ညီလေးအကြောင်းပြောရမည်ဆိုလျှင်ဖြင့် နောက်ထပ်ခွေးဇာတ်ခင်းသည့် ဇာတ်လမ်းဖြစ်လိမ့်မည်။


ရွှီဇီယန်၏အဖေဆီမှာ အရင်တုန်းက အချစ်ဦးရှိခဲ့ဖူးသည်။ သို့သော် ရွှီဇီယန်၏အဖေ ရွှီရှောင်ဟာ ရွှီဇီယန်၏အမေနှင့် အတင်းပေးစားသောကြောင့် သူ့အချစ်ဦးနှင့် ဝေးကွာသွားရ၏။


သူ မမျှော်လင့်ထားခဲ့တာက အချစ်ဦးနှင့်ရွှီရှောင်ဟာ မကွဲခင်မှာ အချစ်ဇာတ်လမ်းခင်းခဲ့သည်ကိုပင်။ ထိုအကျိုးဆက်ကြောင့် ရွှီဇီရုန်ဆိုသည့် သားတစ်ယောက်မွေးလာခဲ့သည်။


ထိုအချစ်ဦးဆိုသည့်သူကလည်း ပိုက်ဆံရချင်သောကြောင့် သားကိုအသုံးချဖို့ ရည်ရွယ်လိုက်သည်။ သနားစရာကောင်းတာကတော့ ဆင်လောက်ကြီးမားသည့် ပိုက်ဆံတွေရပြီးတာတောင် သူမ၏လောဘတွေက မတင်းတိမ်နိုင်သေးပေ။ သူမကို လစဉ်ထောက်ပံ့ကြေးတွေ ပေးနေသည့်တိုင် သူမသည်အတောမသတ်နိုင်သေးပေ။ သူမသားကိုအသုံးချ၍ ရွှီရှောင်၏အချစ်ကို ပြန်လိုချင်နေလေသည်။


နောက်ဆုံး သူမဟာ သူမ၏စည်းစိမ်ဥစ္စာလောဘကြီးမှုကြောင့် အသက်ဇီဝိန်ချုပ်သွားပြီး ရွှီရှောင်က ရွှီဇီရုန်ကို ရွှီမိသားစုဆီပြန်ခေါ်လာခဲ့သည်။


ပြောရမည်ဆိုလျှင် ရွှီဇီရုန်သည် ရွှီဇီယန်အတွက် ဘာဘေးအန္တရာယ်မှမရှိပေ။ သူ့ဘဝနှင့်သူ ကောင်းကောင်းမွန်မွန်နေထိုင်သွားလို့ရပေသည်။


သို့သော် အရင်ရွှီဇီယန်က ဘာလို့ သူ့ကိုသဘောမကျရတာလည်း သူမပြောတတ်ပေ။ သူ(အရင်ရွှီဇီယန်)သည် အမြဲတမ်း သူ့(ရွှီဇီရုန်)ကို အမှားရှာပြီး သူ(ရွှီဇီရုန်)ဘာမှပြန်မလုပ်နိုင်ဘူး ဆိုတာသိသိဖြင့် နှိပ်စက်လေ့ရှိသည်။ သူ့(အရင်ရွှီဇီယန်)မိသားစု၏ ညီအစ်ကိုမောင်နှမဝမ်းကွဲတွေကိုလည်း သူ့(ရွှီဇီရုန်)ကိုအနိုင်ကျင့်ရန် တိုက်တွန်း၏။ ဒီလူ၏မှတ်ဉာဏ်တွေကို သူမြင်ရသည့်အချိန်တိုင်း ရွှီဇီယန်အလွန်အမင်း ဒေါသထွက်သလိုခံစားရသည်။ ဒီလောက်ဖြူစင်ပြီး ကျဉ်းထဲကျပ်ထဲရောက်နေသည့်ကလေးကို မင်းဘယ်လိုတောင် နှိပ်စက်နိုင်ရတာလဲ??


ဒီမှတ်ဉာဏ်တွေထဲမှာ အဆိုးဆုံးကတော့ ရွှီဇီရုန်၏အဖေရွှီရှောင်ဖြစ်ပြီး သူ့ကလေးကိုမျက်ကွယ်ပြုထားလေသည်။ သူ၏အကြီးဆုံးသားက သူ၏အငယ်ဆုံးသားကို နေ့တိုင်းအနိုင်ကျင့်သည့်တိုင် သူတစ်စက်ကလေးမျှ ဂရုမစိုက်ချေ။ တစ်ခါက အရင်ရွှီဇီယန်သည် ရွှီဇီရုန်ဆယ်နှစ်အရွယ်တွင် မြွေတွင်းထဲကိုတွန်းချလိုက်ပြီး ရွှီဇီရုန်သေမလိုတောင် ဖြစ်သွားရသည်။ ရွှီရှောင်က အရင်ရွှီဇီယန်ကို ဟန်ပြသက်သက်သာ ဆူလိုက်၏။


ထိုအချိန်မှာ ရွှီဇီယန်သည် သူ၏မှတ်ဉာဏ်တွေနှင့်ပတ်သက်ပြီး ဘာမှပြောင်းလဲလို့မရတော့ဘူးဆိုတာ သိနေပြီးဖြစ်ကာ သူသည် ထိုဘိုးတော်ဆီသွားကာ ရိုက်ချင်တော့သည်။


ချီးပဲ! ခင်ဗျားကြီးမကြိုက်ဘူးဆိုရင်လည်း ဘာလို့မွေးလာအောင်လုပ်ခဲ့တာလဲ!!!


ရွှီဇီရုန်သည် မိစ္ဆာကျင့်စဉ်ကိုကျင့်လိုက်ပြီး သူ့၏သွေးဖြင့် ရွှီမျိုးနွယ်အားလုံးကို သုတ်သင်လိုက်သည်။ ရွှီမျိုးနွယ်မှာ လူကောင်းတွေအများကြီး ရှိတယ်ဆိုတာ သူသိပေမယ့်လည်း အကယ်၍ ရွှီဇီယန်သာ သူ့မှာအခွင့်အရေးရမည်ဆိုလျှင် ရွှီရှောင်ကိုပြောချင်သည့် စကားနှစ်လုံးကတော့ "ထိုက်တန်တယ်!"ဆိုသည့်စကားပင်။


ကံကောင်းစွာဖြင့် အရင်ရွှီဇီယန်သည် ခရီးသွားနေသောကြောင့် ရွှီမျိုးနွယ်အသတ်ခံမည့်အထဲ သူမပါသွားပေ။


ထို့နောက် အရင်ရွှီဇီယန်သည် ရွှီဇီရုန်ကို ကလဲ့စားပြန်ချေဖို့ လိုက်ရှာနေရင်း ပိုင်ဟွဆိုသည့် လူတစ်ယောက်ဖြင့် သူတွေ့ဆုံခဲ့သည်။ ပိုင်ဟွဆိုသည့် ဤယောင်္ကျားကို သူမြင်မြင်ချင်းမှာပင် ဤယောင်္ကျား၏ ဖော်ရွေမှု လှပမှုတွေမှာ ဆွဲဆောင်ခံလိုက်ရပြီး ဤယောင်္ကျားကို အသည်းအသန် လိုက်ပိုးပန်းပါတော့သည်။


သူ မမျှော်လင့်ထားခဲ့မိတာက သူနှင့်ပိုင်ဟွသည် အခက်အခဲများစွာကို အတူတူဖြတ်ကျော်ပြီး ဘဝတစ်လျောက်လုံးအတူတူ ဖြတ်သန်းမည်လို့ ကတိပေးထားသည့်တိုင် သူသိလိုက်ရသည်က ပိုင်ဟွတွင် အခြားချစ်သူနှစ်ယောက်ထပ်ရှိနေပြီး သူကတတိယမြောက်ဖြစ်သည်ကိုပင်။


စိတ်ညစ်စရာတွေဖြင့် ရှုပ်ထွေးနေပြီးနောက် ပိုင်ဟွသည် ဘယ်သူ့ကိုတကယ်ချစ်တာလဲ ဆိုတာကို အရင်ရွှီဇီယန် မခန့်မှန်းတတ်တော့ချေ။ ပြီးနောက် ပိုင်ဟွသည် မျက်ရည်ပေါက်ကြီးငယ်ကျပြီး သူကအားလုံးတကယ်ချစ်ပါသည်ဟု ပြောလေ၏။


သူသည် ပိုင်ဟွကိုကြည့်လိုက်ရင်း သူ့ခံစားချက်တွေကို အခြားလူတွေနှင့် မမျှဝေနိုင်သောကြောင့် သူခါးခါးသီးသီးငိုကြွေးလေ၏။ အရင်ရွှီဇီယန်သည် အသည်းကွဲသွားပြီး သူခွဲထွက်သွားချင်တော့သည်။ သို့သော် ပိုင်ဟွအသည်းကွဲနေတာကို သူ မကြည့်ရက်သောကြောင့် နောက်ဆုံးမှာတော့ သူအလျော့ပေးလိုက်၏။ သူသည် ပိုင်ဟွကို အခြားလူနှစ်ယောက်နှင့်မျှရန် သဘောတူလိုက်သည်။


ရွှီဇီယန်၏မှတ်ဉာဏ်တွေကိုဖတ်ပြီး သူ့မျက်နှာအစိမ်းရောင်ပြောင်းနေတယ် ဆိုတာကို သူသိနေသည်။ ထိုအချိန် ခဏအတွင်း သူဘာမှမကျိန်ဆဲနိုင်တော့ဘူး။ သူအရင်က တွေးခဲ့ဖူးသည့် လိင်တူချင်းဆက်ဆံကြတယ်ဆိုတာက သိပ်တော့မကောင်းလှပေ။ သို့သော် သူရှုံ့လည်းမရှုံ့ချပေ။ သို့ပေမယ့် ဒီလိုလေးယောက် အတူတူနေတာကြီးကတော့ သူသတ်မှတ်ထားသည့် အဆင့်ကိုအရမ်းကျော်လွန်သွားပြီ!!!


အကယ်လို့ သူသာ မူလကမ္ဘာကို ပြန်သွားလို့ရခဲ့သည် ရှိသော် သူ့ညီကို ပြင်းပြင်းထန်ထန် သတိပေးရမယ်။ အကယ်လို့ မင်းကွေးချင်တယ်ဆိုရင် ကွေးလို့ရတယ်။ ဒါပေမယ့် မင်းသုံးယောက်တွေ လုပ်လာလို့ကတော့ ငါမင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်!


ပြီးတော့! မင်းရဲ့တတိယခြေထောက်လည်း ပါတယ်!


"ချီးပဲ ရွံစရာကောင်းလိုက်တာ!" ဝတ္ထုထဲမှာ နောက်ဆက်တွဲအကြောင်းအရာတွေ အများကြီးကျန်နေသေး၏။ ရွှီဇီယန် အန်မိတော့မလိုပင် ဖြစ်နေသည်။ အထူးသဖြင့် သူတို့လေးယောက် အိပ်ရာပေါ်မှာအလှည့်ကျစီ လုပ်တာကို တွေးမိတိုင်း ရွှီဇီယန် သူ၏မှတ်ဉာဏ်တွေကို ဖျက်ပစ်ချင်လာသည်။


"ယောင်္ကျားတစ်ယောက်က သူ့ချစ်သူကို အခြားသူတွေနဲ့ မျှပေးနိုင်တယ်ဆိုတာ ငါဘယ်လိုမှတွေးကြည့်လို့ကိုမရဘူး… တစ်ယောက်ကလဲနေပြီး ကျန်တဲ့သူတွေက တစ်လှည့်စီ ထိုးကြရင်း မင်းကလည်းအထိုးခံရင်း အား.....ရွံစရာကောင်းလိုက်တာ!" ရွှီဇီယန်၏မျက်နှာဟာ မဲမှောင်နေ၏။ သူ့လိုအဖြောင့်တစ်ယောက်အတွက်တော့ ဒီအရာက သူ၏ကန့်သတ်ချက်ကျော်သွားသည်။ 


သူသည် ဝတ္ထုစာအုပ်ပိတ်လိုက်ပြီး သူ၏မှတ်ဉာဏ်ကို ကြည့်တာလည်း ရပ်လိုက်သည်။ ရွှီဇီယန်တွေးနေတာက သူ့ကိုဒီလိုမျိုး အကွေးတွေကြီးပဲ ပြည့်နေသည့် ကမ္ဘာပေါ်ကို ပို့လိုက်သည်မှာ မိုးနတ်မင်းကြီး၏ အဆိုးဆုံးယုတ်မာသည့်ရည်ရွယ်ချက်လားဟုပင်။


*****

《novel ၏ကျင့်ကြံခြင်းအဆင့်များ》


① ပထမအဆင့် - ချီစွမ်းအင်စုဆောင်းမှုအဆင့်

(ပထမအဆင့်ကို ပြီးမြောက်ဖို့ အဆင့်၉ဆင့်ရှိပါတယ်။ ပထမချီစွမ်းအင်စုဆောင်းမှုအဆင့်၊ ဒုတိယချီစွမ်းအင်စုဆောင်းမှုအဆင့်၊ … ၊ နဝမချီစွမ်းအင်စုဆောင်းမှုအဆင့် ထိပြီးမှ ပထမအဆင့်ကို ပြီးမြောက်တာဖြစ်ပါတယ်။)


② ဒုတိယအဆင့် - အခြေခံကျင့်ကြံခြင်းအဆင့်

(ဒုတိယအဆင့်ကနေစပြီး အဆင့်သုံးခုခွဲထားပါတယ်။ အခြေခံကျင့်ကြံခြင်း အစောပိုင်းအဆင့်၊ အခြေခံကျင့်ကြံခြင်း အလယ်အလတ်ပိုင်းအဆင့်၊ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့် ထိပြီးရင် ဒုတိယအဆင့်ပြီးပါပြီ။)


③ တတိယအဆင့် - ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်


④ စတုတ္ထအဆင့် - ရွှေအမြုတေအဆင့်


⑤ ပဉ္စမအဆင့် - အမတဝိညာဉ်အခြေတည်စအဆင့်


⑥ ဆဋ္ဌမအဆင့် - အမတဝိညာဉ်ဖွံ့ဖြိုးပြီးအဆင့်


⑦ သတ္တမအဆင့် - အမတမသေမျိုးအဆင့်


#TK