Chapter 5
Viewers 4k

Chapter 5


ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အလျောက် သူ၏အမြင်အာရုံက အလွန်စူးရှလှသည်။ သူသည်မိုက်မဲစွာ ရွှီဇီယန်ကိုသတ်ချင်နေသည့် ပုံစံဖြင့်သွားကြည့်နေမိ၏။ အကယ်၍တစ်ယောက်ယောက်သာ မြင်တွေ့သွားပါက ထိုအကြည့်ကြောင့် သူ၏သေခြင်းတရားနဲ့ တွေ့သွားတော့မည်။


ယခုသူ၏စွမ်းအားက အလွန်အားနည်းနေသေးသည်။ ရွှီဇီယန်၏ဟန်ဆောင်မျက်နှာဖုံးကို ဖော်ထုတ်ဖို့ထက် လူလိမ္မာပုံစံဟန်ဆောင်ကာ ဒီနေရာမှာတစ်နှစ်လောက် နေလိုက်တာကပိုကောင်းသည်။


ရွှီဇီရုန်ကသူ့ခေါင်းကို ညင်သာစွာယမ်းလိုက်ပြီး "မ....မပျင်းပါဘူး"


ရွှီဇီရုန်၏ပုံစံကအနည်းငယ် ကြောက်ရွံနေသောပုံစံဖြစ်နေသော်လည်း 'ကျွန်တော့်အတွက်စိတ်ပူစရာမလိုပါဘူး'ဆိုတဲ့ အသွင်ကိုဖမ်းထားတာကြောင့် ရွှီဇီယန်ကြည့်ပြီး မရယ်ပဲမနေနိုင်ပေ။ ရွှီဇီယန်က အားနှင့်ရွှီဇီရုန်၏ဆံပင်ကိုဖွလိုက်တာကြောင့် ရွှီဇီရုန်ဆံပင်များသည် ငှက်သိုက်ပုံစံပေါက်သွားတော့သည်။


"အဆင်ပြေပါတယ် ကိုကိုအရှေ့မှာ မင်းကိုမင်းရဲရင့်ချင်ယောင်ဆောင်စရာ မလိုပါဘူး! မင်းကအခုမှ ဒီကိုစရောက်တာ‌ဆိုတော့ စိုးရိမ်စိတ်တွေဖြစ်နေမယ်ဆိုတာ ကိုကိုသိပါတယ်....မကြောက်ပါနဲ့ အခုကစပြီး ဒီကိုကိုကမင်းကို ကာကွယ်ပေးမှာပါ" ရွှီဇီယန်သည် ရွှီဇီရုန်၏ခေါင်းကို ပုတ်ရင်းပြုံးကာပြောလိုက်၏။


ရွှီဇီရုန်က ရွှီဇီယန်၏ပွေ့ဖက်မှုကို ငေးကြည့်နေမိသည်။ ဆယ်ကျော်သက်အရွယ်၏ရင်ဘက်က အရမ်းမကျယ်ပေမယ့် ထူးခြားစွာနွေးနေသောကြောင့် ရွှီဇီရုန်သည် အတိတ်ကိုသတိရသလိုတောင်ခံစားသွားရသည်။


"ကိုကို!" စိတ်တိုနေသည့်အသံနှင့် ရွှီဇီရုန်သည် ရွှီဇီယန်၏ပွေ့ဖက်မှုကို ဖယ်ထုတ်လိုက်ပြီး မကျေမနပ်ပုံစံနှင့် ရွှီဇီယန်ကိုကြည့်လိုက်သည်။ သူ၏ပုံစံက အလိုလိုက်ခံထားရသည့် ကလေးနှင့်တူနေ၏။


ရွှီဇီရုန်၏စိတ်တိုနေသည့်အသံက အတုမဟုတ်ဘူးဆိုတာ သူကိုသူသာသိသည်။ တကယ်တမ်းတော့ ထိုအပြုအမူသည် သူအရမ်းတွေ့ကြုံခံစားချင်သည့် ခံစားချက်ကိုပေးဆောင်နိုင်သည်။ 


ဒါကတကယ့်ကိုဟာသပဲ....ဒီလို‌သွေးမိစ္ဆာခန္ဓာကိုယ်က ဘာလို့‌ဒီလိုခံစားချက်တွေ ပေါ်လာရတာလဲ! ဒီလိုအားနည်းတဲ့ခံစားချက်တွေကို သူစွန့်လွှတ်ခဲ့တာ ကြာလှပြီ!


"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ...မင်းက ကလေးမဟုတ်တော့ပါဘူး! ဟားဟားဟား...." ရွှီဇီယန်သည် သူ့ဟာသူ ခပ်ကြောင်ကြောင်ရယ်လိုက်၏။ ၈နှစ်အရွယ်ကို သူ့မျက်စိထဲမှာ ကလေးတစ်ယောက်လို့သာမြင်နေမိသည်။ သူနေထိုင်ခဲ့သည့် ခေတ်ဘက်မှာဆို ၈နှစ်အရွယ်ကလေးက သူတို့ကစားမည့်နေရာကို သူတို့ကိုယ်တိုင်တောင်မသွားတတ်သေးချေ။ ဒီနေရာကတော့မဟုတ်ဘူး...၆နှစ်အရွယ်တည်းက စတင်လေ့ကျင့်ရပြီး ၈နှစ်အရွယ်မှာဆို လက်တွေ့ဘဝကအမှန်၊အမှားတွေကို သိ‌နေပြီဖြစ်၏။


ငယ်ငယ်လေးကတည်းက ရင့်ကျက်နေပြီဖြစ်သည့် ကလေးတွေကို အရွယ်ရောက်တာမြန်တယ်လို့ ဆိုရမည်။


ရွှီဇီယန်ရဲ့စိတ်ထဲ၌ အသက်၁၈ပြည့်မှသာအရွယ်ရောက်သည်ဟု သတ်မှတ်ထားသည့်အရာက ဒီနေရာနှင့်လားလားမျှမဆိုင်ပေ။


ဒါပေမယ့်မေးစရာတစ်ခုတော့ရှိသည်။ ရွှီဇီယန် ထိုအရာကို တွေးကြည့်ဖူးသည်။ အခြားသူတွေက ၈နှစ်အရွယ်ကလေးကို လူကြီးတစ်ယောက်လိုပြောဆိုဆက်ဆံကြပေမယ့် သူကတော့အဲ့လိုမလုပ်နိုင်ဘူး။


ကလေးတွေအတွက် ချစ်ခြင်းမေတ္တာက လိုအပ်၏။ ပညာရေးကလည်း သူတို့အတွက်လိုအပ်သလို ငယ်ရွယ်စဉ်ကလေးဘဝက ပျော်စရာအတွေ့အကြုံတွေလည်း လိုအပ်တာပေါ့။


ကလေးကကလေးပေါ့.... ဘာလို့အရွယ်ရောက်သူပုံစံအတိုင်း သင်ကြားပေးကြတာလဲ? အခြားသူတွေကိုတော့ သူမထိန်းချုပ်နိုင်ပေမယ့် ရွှီဇီယန်၏ညီငယ်လေးဖြစ်သည့် ရွှီဇီရုန်ကိုတော့ သူနှစ်အနည်းငယ်လောက် ကလေးတစ်ယောက်လို အလိုလိုက်ပေးရမည်။


"သခင်လေး ရေနွေးရပါပြီ" အစေခံမိန်းကလေးက အပြင်ကနေ ပြတ်သားသည့်အသံနှင့်အတူ အသိပေးလာသည်။


ရွှီဇီယန်အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ခပ်မြန်မြန် သူ့မျက်နှာအမူအရာကို ပြန်ပြင်လိုက်သည်။ သူ့မှတ်ဉာဏ်သာမမှားဘူးဆိုလျှင် ဒီအစေခံမိန်းကလေး၏နာမည်က လော့ချီပဲ.... လွန်ခဲ့သည့်၂ရက်လောက်က မူလရွှီဇီယန်ကို သွေးဆောင်ဖျားယောင်းဖို့ ကြံစည်ကြိုးစားထားသူဖြစ်၏။


ဒါကလုံးဝကိုအဓိပ္ပါယ်မရှိတာဘဲ!


ငယ်ငယ်လေးကတည်းက ရင့်ကျက်ပြီး ကျင့်ကြံသူတစ်ဦးဖြစ်လျှင်တောင် ၁၂အရွယ်ပဲရှိသေးသည့် ကလေးတစ်ယောက်လေ၊ ပြီးတော့ ရွှီဇီယန်ကဒီနှစ်မှာမှ ပထမဆုံး ညစ်ညမ်းသည့်အိမ်မက်ကိုစမက်ဖူးတာ.... ဒီရွှီမိသားစုကလူတွေက ဘာဖြစ်နေကြတာလဲ? အရွယ်တောင်မရောက်သေးသည့်ကလေးတစ်ယောက်ကို သူတို့ကဒီလိုမျိုးကစားတယ်ပေါ့...အာ...အဲ့တာက သေခြင်းတရားကို ကစားတယ်လို့ ခေါ်ရမှာလား။


မူလမှတ်ဉာဏ်အတိုင်းဆိုလျှင် အရင်ရွှီဇီယန်က သိပ်မကြာခင်မှာ ဒီမိန်းကလေးနဲ့အိပ်တော့မှာ။ အခုရွှီဇီယန်ကတော့ အဲ့ဒါကိုလက်မခံနိုင်ဘူး။


ချီးပဲ ဒီခန္ဓာကိုယ်ကအရွယ်မရောက်သေးဘူးလေ။ အရွယ်မရောက်သေးတဲ့သူတွေကို လိင်ဆက်ဆံတာ တားမြစ်ထားတယ်လေ။


"ငါသိပြီ မင်းသွားလို့ရပြီ" ရွှီဇီယန်က အေးစက်စက်ပြန်ပြောလိုက်၏။


အစေခံမိန်းကလေးဟာ အပြင်ဘက်မှာ ခဏ‌ရပ်ဆိုင်းနေပြီးနောက် မြန်မြန်ဆုတ်ခွာသွားလေတော့သည်။ အရင်တုန်းက ရွှီဇီယန်ရေချိုးတိုင်း သူမကိုကူညီခိုင်းသည်။ အခုရုတ်တရက်ပြီး ရွှီဇီယန်ပုံစံပြောင်းသွားတာက သူမအတွက်မလွယ်ကူတာကြောင့် ချက်ချင်းပဲ သခင်ကြီး၏စာကြည့်ဆောင်သို့ ထွက်သွား၏။


လော့ချီတင်ပြတာကိုပဲ နားထောင်နေပြီး ရွှီရှောင် ဘာမှသိပ်မပြောပေ။ နောက်နှစ်ရက်လောက်စောင့်နေပြီးမှ ထပ်ကြိုးစားကြည့်ဖို့သာပြောလိုက်၏။ အကယ်၍ ရွှီဇီယန်က ဘာမှမတုံ့ပြန်ပါက သူတို့အစီအစဉ်ကို ဖျက်သိမ်းရမည်။


ရွှီရှောင်၏စာကြည့်ဆောင်မှ ထွက်လာသည့် လော့ချီသည် သူမစိတ်ထဲ၌ အလွန်လေးလံနေ၏။ အကယ်သူမသာ သခင်လေး၏ခုတင်ပေါ်တက်နိုင်ခဲ့ပါက ရွှီမိသားစုထဲကိုမဝင်နိုင်ရင်တောင် သူမကိုဘယ်သူမှအနိုင်ကျင့်ရဲမည်မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် သခင်ကြီး၏စကားကိုလည်း မလွန်ဆန်ရဲပေ။ တစ်ခုတည်းသောအခွင့်အရေးကတော့ နောက်နေ့တွေမှာ သခင်လေးကိုဖျားယောင်းပြီးတော့ သခင်လေး၏အာရုံစိုက်မှုကို ရရှိဖို့ပဲရှိတော့သည်။ 


လော့ချီသည် စိတ်ရှုပ်ထွေးမှုတွေနှင့် ထွက်ခွာသွားပြီးနောက် သူမ မသိလိုက်သည်က သူမထွက်သွားပြီးနောက် ရွှီရှောင်က ကျေနပ်စွာပြုံးလိုက်သည်ကိုပင်။


ဒီမိန်းကလေးကို သူကိုယ်တိုင်ရွေးချယ်ခဲ့ပြီး ရွှီဇီယန်အနားမှာ ထားထားခြင်းဖြစ်သည်။ ဒီကမ္ဘာကြီးကအကြောင်းအရာတွေကို ရွှီဇီယန်အား သင်ကြားပေးချင်သည်။ ဒါမှ အနာဂတ်မှာ မိန်းမကိစ္စတွေနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရမှာ။


သူကရွှီဇီယန်အပေါ် ခံစားချက်သိပ်မရှိပေ။ ဒါပေမယ့် ရွှီဇီယန်ကို မျှော်လင့်ချက်အကြီးကြီး ထားထား၏။ သူ့ရဲ့သားဖြစ်သူက ‌အပြင်လောကကိုရောက်သွားသည့်အခါ မိန်းမတွေသွေးဆောင်‌ဖျားယောင်းတာကို ခံရပြီး ကျင့်ကြံခြင်းကိစ္စတွေကို မေ့သွားမှာကို သူမလိုချင်ပေ။


နောက်ကျမှ ဒီလိုကိစ္စတွေကို နားလည်လာမည့်အစား အခုအိမ်မှာရှိနေတုန်း မိန်းမမျိုးစုံနှင့် သည်လိုကိစ္စတွေကို တွေ့ကြုံခိုင်းလိုက်တာ ပိုမကောင်းဘူးလား? အဲ့ဒီလိုသာဖြစ်သွားမည်ဆိုလျှင် အချောအလှတွေကို အပြင်လောကမှာ သူတွေ့ခဲ့လျှင်တောင် ဖျားယောင်းခံရတော့မှာမဟုတ်ဘူး။


‌ရွှီရှောင်သည် လော့ချီအပြင် အခြားမိန်းကလေးသုံးယောက်လည်း ရှာထားသေးသည်။ ဒါအပြင် ‌နူးညံ့ပြီးလှပသည့် ယောင်္ကျားလေးနှစ်ယောက်တောင် ရှာထားသေးသည်။


သူ့သားကိုပြုစုပျိုးထောင်မှုမှာ သူ၏နာကျင်မှုတွေ၊ကြိုးပမ်းမှုတွေပါဝင်တယ်လို့တော့ သူမပြောနိုင်ဘူး။ ဒါပေမယ့် ဒီနေ့ရွှီဇီယန်၏အပြုအမူက သူ့ကိုအနည်းငယ်တွေဝေသွားစေသည်။


ဘယ်လိုကိစ္စပဲဖြစ်ပါစေ မိန်းမတွေရဲ့ဖျားယောင်းသွေးဆောင်မှုကို ခုခံနိုင်သည်ကကောင်းသောအရာပင် ဖြစ်၏။ လော့ချီက သူမနောက်တစ်ခါကြိုးစားလို့ မအောင်မြင်ပါက သူပြင်ဆင်ထားသည့် အလှလေးတွေကို ထုတ်သုံးရလိမ့်မည်။


အကယ်၍ရွှီဇီယန်သည် ထိုလူအားလုံးကို ခုခံနိုင်ပါက ရွှီရှောင်၏စမ်းသပ်မှုမှာ အောင်မြင်သည်ဟု သတ်မှတ်နိုင်လိမ့်မည်။


တည်တည်ငြိမ်ငြိမ်ဖြင့် အမဲရောင်Goကျားစေ့ကို ကျားကွက်ပေါ်ချလိုက်ရင်း ရွှီရှောင်က စိတ်ကောင်းဝင်နေသည့် အသံဖြင့် "အန့်ရှား ငါနဲ့အတူ ကျားကွက်လာကစားပါလား"

『K : 'Go' ဆိုတဲ့အဓိပ္ပါယ်က 'တရုတ်အဖြူအမဲကျားကွက်ခုံ'ဆိုလိုပါသည်၊ (wéiqí) လို့လဲ ခေါ်ပါတယ်။

'အန့်ရှား(An Sha)'ဆိုတာက 'လုပ်ကြံသတ်ဖြတ်တဲ့လူသတ်သမား' လို့အဓိပ္ပါယ်ရပါတယ်』


ဘာမှမရှိသည့်စာကြည့်ခန်းမှာ ရုတ်ခြည်းပြောင်းလဲသွား၏။ မီးခိုးရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်ဆင်ထားသည့် အသက်အလယ်အလတ်ရှိသည့် လူတစ်ယောက် လျှောက်လာပြီး အဖြူရောင်ကျားစေ့ကိုကိုင်ကာ ထိုးစစ်ပြန်ဆင်လိုက်ပြီး ရွှီရှောင်အရှေ့မှာထိုင်လိုက်သည်။


ရွှီရှောင်ကသူ့ခေါင်းကိုမော့ကာ အနှီလူကိုအေးစက်စက်ကြည့်လိုက်ပြီး အနည်းငယ်ပြုံးလိုက်ရင်း "ငါ့သားကတော်တယ်မလား ဟင်?"


အသက်အလယ်အလတ်ရှိသည့်လူ၏ အကြည့်တွေကလည်းအေးစက်လျက်ရှိကာ "ဇီယောင်၏သားပဲ...တော်မှာပေါ့"


ရွှီရှောင်ကမျက်မှောင်ကြုတ်သွားပြီး "မှားတယ်...သူမကငါနဲ့လက်ထပ်ပြီးကတည်းက ဇီယောင်မဟုတ်တော့ဘူး...ရွှီသခင်မဖြစ်သွားပြီ!"


အသက်အလယ်အလတ်ရှိသည့်လူ၏ မျက်နှာပျက်သွားပြီး ဘာမှထပ်မပြောတော့ပေ။


ရွှီရှောင်က'ဟား...ဟား'ဆိုပြီး ရယ်လိုက်၏။ ကြည့်လိုက်ပါဉီး...အရင်က သူမုန်းရသည့်ပြိုင်ဘက်က ရွေးချယ်စရာမရှိပဲ သူ၏လျှို့ဝှက်ကိုယ်ရံတော်ဖြစ်လာခဲ့သည်။ သူ့ရင်ထဲကခံပြင်းစရာတွေ ပျောက်သွားသလိုပဲ။ ပြန်တွေးကြည့်မည်ဆိုလျှင် အရင်ကရွှီခေါင်းဆောင်က အမြော်အမြင်ကြီးပေသည်။ သူ့အရှေ့က ဒီလူ၏တည်ရှိမှုကြောင့်မလို့သာပေါ့ မဟုတ်လျှင် ရွှီရှောင်အတွက် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို ရောက်ဖို့လွယ်ကူမည်မဟုတ်ပေ။


သူအခု ဝိညာဉ်ကြောချဲ့ထွင်ခြင်း အလယ်အလတ်ပိုင်းအဆင့်ကိုရောက်ရှိနေပြီ။ အကယ်၍ သူအခွင့်အရေးရပါက ဝိညာဉ်ကြောချဲ့ထွင်ခြင်း၏ နောက်ပိုင်းအဆင့်ကို တက်လှမ်းနိုင်မည်။ ကြည့်ရမည်ဆိုလျှင် သူကအခုမှအသက်သုံးဆယ်စွန်းစွန်းပဲရှိသေးတာ၊ သူ့အနေနဲ့ ဒီလိုအဆင့်ကိုရောက်နိုင်တာ အလွန်အံ့ဩစရာကောင်းသည့် အောင်မြင်မှုလို့ဆိုရမည်။


"ထွက်သွားတော့" ရွှီရှောင်ကအနှီလူကို အေးစက်စက်လှောင်ပြုံးကာပြောလိုက်၏။ အနှီလူကလည်း စောဒကတက်ခြင်းအမူအရာတွေ ဘာမှမပြပေ။


အနှီလူထွက်သွားတော့မည့်အချိန် ရွှီရှောင်ကရုတ်တရက် သူ့ပါးစပ်ကိုဖွင့်လိုက်ကာ "ခဏလေး"


အသက်အလယ်အလတ်ရှိသည့်လူက ရပ်သွားပြီး ဘာခံစားချက်မှမရှိသည့်ပုံစံနှင့် ကြည့်လာသည်။


"ဒီနေ့ကစပြီးတော့ မင်း ဇီယန်ကိုကာကွယ်ပေးရမယ်၊ ငါတွေးကြည့်သလောက်ကတော့ မင်းလည်း ငါ့သားကို ကာကွယ်ပေးချင်တာပဲ မဟုတ်ဘူးလား?"


အသက်အလယ်အလတ်ရှိသည့်လူက သူ့လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ပြီး ပြန်ဖြေလျော့လိုက်ကာ

"ငါနားလည်ပြီ"


သူ့စကားဆုံးသွားပြီးနောက် အနှီလူဟာ တံခါးကိုတွန်းဖွင့်ရင်း အပြင်သို့ထွက်သွားသည်။ အပြင်သို့ရောက်ပြီးခဏအကြာ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ လေပေါ်သို့လွှင့်ပါးပြီး ပျောက်ကွယ်သွားလေတော့သည်။


ရွှီရှောင်ကဘာထိတ်လန့်မှုမှ မခံစားရပေ။ အနှီလူ သုံးသွားသည့်စွမ်းရည်က ရွှီမိသားစု၏ဖုံးကွယ်နိုင်သည့်စွမ်းရည်တစ်ခုပင်ဖြစ်သည်။


ထိုစွမ်းရည်က မိမိရောက်ထားသည့် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်နိုင်သည့်စွမ်းရည်ပင်ဖြစ်သည်။ ထိုစွမ်းရည်က ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူအရှေ့မှာဆိုလျှင်တော့ အသုံးဝင်လိမ့်မည်။ ဒါပေမယ့် ရွှေအမြုတေအဆင့် ကျင့်ကြံသူအရှေ့မှာဆိုလျှင်တော့ အသုံးဝင်လိမ့်မည်မဟုတ်ချေ။


အနှီလူဟာ သူ့သားကိုဘယ်လိုကာကွယ်မလဲဆိုတာကို တွေးကြည့်လိုက်ရင်း သူအေးစက်စက်မရယ်ပဲမနေနိုင်။ အနှီလူဟာအရင်တုန်းက အံ့ဩစရာကောင်းအောင် စွမ်းရည်မြင့်ခဲ့တယ်ဆိုတော့ရော ဘာဖြစ်လဲ? အခုရွှီရှောင်ခြေထောက်အောက်မှာ ပြားပြားဝတ်နေရတာပဲ မဟုတ်ဘူးလား။


ရွှီရှောင်ကစာလိပ်တစ်လိပ်ကို ကိုင်လိုက်ရင်း ခုတင်ပေါ်မှီလိုက်၏။ အခုသူ၏ကျင့်ကြံခြင်းက ပိတ်ဆို့တားဆီးမှုအဆင့်ကို ရောက်နေလေသည်။ ထို့ကြောင့် သူအခွင့်အရေးရှာပြီးတော့ ကျော်ဖြတ်ဖို့လိုသည်။ အတွေ့အကြုံတွေကို စုဆောင်းထားသည့် စာကိုဖတ်ခြင်းက ကျော်ဖြတ်ဖို့အ‌ခွင့်အရေးကို သူရရှိလိမ့်မည်။


ရွှီရှောင်ဘက်၌ ဘာတွေဖြစ်နေလဲဆိုတာ ရွှီဇီယန် ဘာမှမသိပေ။ အခြေခံကျင့်ကြံခြင်း နောက်ပိုင်းအဆင့်ရောက်ရှိထားသူက နောက်ကွယ်တွင်ရှိနေပြီး ဘာတွေပဲဖြစ်လာပါစေ အသက်ပေးပြီးကာကွယ်မည်ဆိုတာကို ရွှီဇီယန် လုံးဝမသိချေ။


ထိုအချိန်၌ ရွှီဇီယန်သည် ရွှီဇီရုန်အင်္ကျီကိုချွတ်နေတာနဲ့ အလုပ်ရှုပ်နေ၏။ တစ်ဖက်လူက အတင်းရုန်းကန်နေတာဟာ ပိုပြီးပြဿနာဖြစ်စေသည်။


"လိမ္မာပါတယ်ကွာ...ဒီမှာကြည့် မင်းရဲ့အဝတ်‌တွေ ဘယ်လောက်တောင် ညစ်ပတ်နေပြီးလဲဆိုတာ... မင်းရေမချိုးရင် သန်းတွေပေါ်လာမှာပေါ့" ရွှီဇီယန်ကအကြံပေးသည့် အသံဖြင့် ဖျောင်းဖျလေ၏။


ရွှီဇီရုန်၏မျက်နှာတစ်ခုလုံး နီရဲနေပြီး ရှက်နေတာရော ဒေါသထွက်နေတာရောနှင့် အသက်ရှုကျပ်နေသည်။


ဒီမုန်းစရာကောင်းတဲ့ အကျင့်မကောင်းတဲ့ကောင်စုတ်! သူကငါ့ကိုဒီလိုနည်းနဲ့ အရှက်ခွဲရဲတယ်ပေါ့။ ရေချိုးဆို ချိုးမှာပေါ့။ ဘာသောက်ပြဿနာရှိနေလို့ သူကငါ့အင်္ကျီကို လာချွတ်နေရတာလဲ? ငါ့ကိုငါရေမချိုးတတ်ဘူးလို့များ သူထင်နေတာလား???!!!


ရွှီဇီယန်မလွတ်ပေးသ၍ ရွှီဇီရုန်ဟာသူ့စိတ်ထဲ၌ မျိုးစုံကျိန်ဆဲနေတော့သည်။ သူတတ်နိုင်တာကတော့ သူ့ကိုယ်ပိုင်အဝတ်တွေကို အတင်းဖမ်းဆုပ်နေပြီး သူ့မျက်နှာတစ်ခုလုံးကလည်း နီရဲနေ၏။ သူအတင်းရုန်းကန်တာကြောင့် သူ့မျက်လုံးထဲကိုရေတွေစင်လာပြီး မှုန်ဝါးသွားသည်။ သူ့ပုံစံက ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတော့မည့် မိန်းမငယ်လေးတစ်ယောက်နှင့် တူနေသည်။


"လိမ္မာပါတယ် ဇီရုန်ရာ... ဒါကရေချိုးရုံလေးပဲကို မင်းကယောင်္ကျားလေးပဲဟာ ဘာလို့မလျော်ကန်တာတွေ လုပ်နေရတာလဲ?" ရွှီဇီယန် ဖျောင်းဖျလို့မရသဖြင့် စိတ်မရှည်သည့်လေသံနှင့် ပြောလေသည်။ 


ရွှီဇီရုန်ကခေါင်းယမ်းကာ "ကျွန်တော် ကိုယ့်ဟာကိုယ်ချိုးပါ့မယ်... ကိုကို ထွက်သွားလိုက်ပါ"


"အဓိပ္ပါယ်မရှိတာ!" ရွှီဇီယန်၏အမူအရာက ပြောင်းသွားသည်။ ၈နှစ်အရွယ်ကလေးက ကိုယ်ဟာကိုယ်ဆေးကြောနိုင်တယ်ဆိုတာတော့ သူမပြောလိုပါဘူး။ ဒါပေမယ့် ဒီရေစည်ပိုင်းက လူကြီးနှစ်ယောက်၊သုံးယောက်တောင် ဝင်လို့ရတာ အကယ်၍ ရွှီဇီရုန်သတိမထားမိပဲ ရေနစ်သွားမှာကို ရွှီဇီယန်စိုးရိမ်ပေသည်။ 


"ကျွန်တော်မချိုး......"


ရွှီဇီရုန် စကားမဆုံးသေးခင်မှာပင် ရွှီဇီယန်၏နောက်ထပ် အပြုအမူကြောင့် သူအရမ်းလန့်သွားသည်။


ရွှီဇီယန်သည် လက်လှမ်းလိုက်ပြီး သူ၏ပိန်းပါးနေသည့်ကိုယ်အား ပွေ့လိုက်တာကို မြင်တွေ့လိုက်၏။ ထိုနောက် သူ့တစ်ကိုယ်လုံးကို ရွှီဇီယန်သည် ပေါင်ပေါ်တင်လိုက်ပြီး သူ့အောက်ခံဘောင်းဘီကို ချွတ်လိုက်ကာ 'ဖတ်!ဖတ်!ဖတ်!' ဆိုတဲ့အသံနှင့်အတူ ရွှီဇီယန်သည် ရွှီဇီရုန်၏တင်ပါးကို လက်ဝါးနဲ့သုံးချက်လောက်ရိုက်လိုက်သည်။


"ကလေးတွေဆိုတာ လိမ္မာရတယ်...အကယ်၍ မလိမ္မာဘူးဆိုလျှင် တင်ပါးကိုလက်ဝါးနဲ့ ရိုက်ခံရတတ်တယ်! မင်းနားလည်လား?" ရွှီဇီယန်၏မျက်နှာက စိုးရိမ်စိတ်တွေနဲ့ ပြည့်နေသည်။ အလိုလိုက်ခံရသည့်ညီငယ်လေးက အစ်ကိုဖြစ်သည့်သူ့တာဝန်ဆိုတာ သူသိသည်။ ဒါပေမယ့် စည်းကမ်းကိုလိုက်နာရမှာကတော့ ရွှီဇီရုန်တာဝန်ဖြစ်သည်။ ဒီနေ့မှ သူတို့ညီအကိုအရင်း စတွေ့ကြတာဆိုတော့ သူ့စကားကိုနားထောင်ဖို့ ရွှီဇီရုန်ကိုသေချာပြောထားရမည်။ မဟုတ်လျှင်အနာဂတ်မှာ ရွှီဇီရုန်ကိုအလိုလိုက်လွန်သွားပါက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ပြဿနာရှာလိမ့်မည်။


ကလေးငယ်လေးတွေက ဒီအရာကိုသိသင့်တယ်: အကယ်၍ သူတို့တွေလိမ္မာရင် သကြားလုံးရမည်၊ မလိမ္မာရင် 'ဖတ်ဖတ်' ဆိုပြီး တင်ပါးကိုအရိုက်ခံရမည်။


ရွှီဇီယန်ကရိုးရှင်းစွာ သူ့ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးမနိုင်ခဲ့သည်ဟု လက်မထောင်ချင်သော်လည်း ရွှီဇီရုန်၏မျက်နှာ ဘယ်လိုဖြစ်နေလဲဆိုတာကို သူသတိမထားမိလိုက်‌ပေ။ ရွှီဇီရုန်သည် ရွှီဇီယန်၏ပေါင်ပေါ်တွင် ထိုင်နေပြီး မျက်နှာသည်အစိမ်းရောင်သို့ပြောင်းသွားသည်။


#TK