Chapter 27
Viewers 4k

Chapter 27


အချိန်တစ်လဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။ ရွှီဇီယန်ကတော့ ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ကနေ မတက်သေးပေမယ့် ရွှီဇီရုန်ကတော့ အခြား‌သူတွေ အံ့အားသင့်စေရလောက်အောင် တမူထူးခြားစွာ ဒုတိယချီစွမ်းအင်စုဆောင်းမှုအဆင့်သို့ ရောက်ရှိသွားသည်။


သူ၏ကျင့်ကြံခြင်းစွမ်းရည်မြင့်တက်လာတာကြောင့် သူရွှီမိသားစုကို ဝင်လာစဉ်က သဘောမကျကြသည့် ရွှီမိသားစု၏အကြီးအကဲတွေကလည်း သဘောထားပြောင်းလဲသွားကြသည်။ သူတို့တွေက အရင်ကထက်ပိုပြီး ရွှီရှောင်ကိုယဉ်ကျေးလာကြသည်။


ဒီလိုစွမ်းရည်ရှိသည့် သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် ရွှီမိသားစု ခေါင်းဆောင်ရွှီရှောင်၏နေရာမှာလည်း ပိုပြီးတည်ငြိမ်သွားသည်။


ဒါပေမယ့် ရွှီရှောင်ကတော့ ရွှီဇီရုန်၏အပြုအမူကို သိပ်မဂရုမစိုက်ပေ။ ရွှီရှောင်အနေနဲ့ အကယ်၍ ရွှီဇီရုန်က မွေးရာပါ သဘောပေါက်နားလည်နိုင်စွမ်းမြင့်မားပေမယ့် သူ့ရဲ့တြိဝိညာဉ်သွေးကြောက သူ၏ကျင့်စဉ်ကိုနှေးကွေးစေသည်။ ရွှီမိသားစုမှာ ဒီလိုမျိုး ကျင့်စဉ်နှေးကွေးသည့်ကျင့်ကြံသူကိုအလိုမရှိဘူး။ ဒါပေမယ့် ကျင့်ကြံအဆင့်မြင့်ပြီးတော့ စွမ်းရည်ထူးချွန်သည့်လူတွေသာ မိသားစုရဲ့အဆင့်မြင့်မြင့်နေရာမှာ ရပ်တည်နိုင်ကြသည်။


ရွှီမိသားစုမှာ သူ့အတွက်မျှော်လင့်ချက်အရှိဆုံးသူက ရွှီဇီယန်တစ်ယောက်ပဲဖြစ်သည်။ နောက်ပြီးတော့ ရွှီဇီရုန်ကသာမန်ကလေးတစ်ယောက်သာဖြစ်တာကြောင့် သူ့ကိုအသိအမှတ်ပြုဖို့ အင်တင်တင်ဖြစ်နေသည်။


ဒီလိုနဲ့ရွှီဇီရုန်၏ အရေးပါမှုတွေဟာ ရွှီမိသားစုမှာ တစ်စတစ်စတွင်ကျယ်လာခဲ့ပြီး ရွှီဇီယန်ကလည်း သူ့အပေါ်သစ္စာရှိမည့်သူများကို စုဆောင်းလျက်ရှိနေသည်။


ပြောရရင်တော့———သူ့အပေါ်သစ္စာခံထားတာဆိုလို့ စားဖိုမှူးလော့တစ်ယောက်တည်းသာ ရှိသေးသည်။


သူစမ်းသပ်ကြည့်ပြီးနောက် ကံကောင်းစွာ စားဖိုမှူးလော့၌ တြိဝိညာဉ်သွေးကြောရှိနေပေသည်။ သူ၏ဝိညာဉ်သွေးကြောက သိပ်တော့အကောင်းကြီးမဟုတ်ပေမယ့် ကျင့်ကြံခြင်းကိုစတင်လုပ်ဆောင်ရမည့်သူ့အတွက်တော့ အလွန်အံ့ဩစရာကောင်းပေလိမ့်မည်။


ဒါပေမယ့် စားဖိုမှူးလော့က ရွှီမိသားစုဝင်မဟုတ်တာကြောင့် သူ့အတွက်ကျင့်စဉ်နဲ့လိုအပ်တာတွေကို ရွှီဇီယန်ကသူ့ဝေစုထဲမှ ခွဲဝေပေးရသည်။ ရွှီဇီယန်ကသူ့အား ချက်ချင်းကျင့်စဉ်အဆင့်ရမယ်လို့ ပြောထားတာမဟုတ်ပေ။ သူကလည်းအခုမှ ၁၂နှစ်အရွယ်ပဲ ရှိသေးတာကြောင့် စားဖိုမှူးလော့ကို ဖြေးဖြေးချင်းသင်ပေးတာက ပိုအဆင်ပြေလိမ့်မည်။


ကိစ္စအားလုံးဟာ သူတို့ရည်မှန်းထားသည့်အတိုင်း တဖြေးဖြေးတိုးတက်ပြောင်းလဲလာသည်။ ရွှီဇီယန်၏ကျင့်ကြံခြင်းဟာ တဖြေးဖြေးတိုးတက်လာပြီး ရွှီဇီရုန်ကလည်း သူတို့အမဲလိုက်ရင်း ရရှိသည့်တောကောင်တွေက သွေးအနှစ်သာရအလုံအလောက်ကို ရရှိလေသည်။


သူ၏အရင်ဘဝတုန်းက ရွှီဇီရုန်ဟာ သူ၏ဒေါသပေါက်ကွဲလာလေ့ရှိသောကြောင့် သူ၏ကျင့်ကြံခြင်းကို ထိန်းချုပ်ခဲ့ရသည်။ ဒါပေမယ့် ဒီ‌ဘဝမှာတော့ သူအတွေ့အကြုံရှိထားပြီးမို့ တောကောင်တွေရဲ့သွေးအနှစ်သာရကို သူစုပ်လိုက်ရင်တောင်မှ စိတ်မချစရာဘာမှမရှိပေ။


အပြင်မှာတော့ ရွှီဇီရုန်က ဒုတိယချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ပြီလို့အားလုံးကသိထားကြသည်။ ဒါပေမယ့် တကယ့်အမှန်ကတော့ သူကပဉ္စမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ရှိထားပြီဖြစ်ပြီး ရွှီဇီယန်ထက်တစ်ဆင့်သာနိမ့်တော့သည်။


ငြိမ်သက်အေးချမ်းနေသည့်ညမှာ ရွှီဇီရုန်ကကုတင်ပေါ်မှာ တိတ်ဆိတ်စွာထိုင်နေပြီး သူ၏လက်ဖဝါးပေါ်မှာ ‌နီရဲတောက်ပနေသည့်အရည်စက်တွေကို လှည့်ပတ်နေသည်။


ဒါကတောကောင်ရဲ့သွေးအနှစ်သာရဖြစ်ပြီး မနေ့ကရွှီဇီယန်နဲ့ အမဲလိုက်ခဲ့သည့် ဆဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့် ရှိပေသည်။ အကယ်၍ သူသာဒီသွေးအနှစ်သာရကို စုပ်ယူလိုက်ပါက ဆဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့်သို့ ဝင်သွားလိမ့်မည်။


ရွှီဇီရုန်ဖြေးညင်းစွာ သူမျက်လုံးကိုမှိတ်လိုက်သည်။ သွေးအနှစ်သာရဟာ ကွဲထွက်သွားပြီး အမျှင်လေးဖြစ်သွားကာ သူ၏သွေးကြောထဲကနေ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားတော့သည်။ သွေးအနှစ်သာရတွေ သူကိုယ်အတွင်းသို့ ဝင်ရောက်လာတာနှင့် ချက်ချင်းဝါးမြိုလိုက်လေသည်။ ဝါးမြိုလိုက်သည့်သွေးထဲက စွမ်းအင်အားလုံးကို သူ၏သွေးကြောဆီပို့ဆောင်လိုက်ပြီး ရွှီဇီရုန်၏သွေးကရရှိသွားလေသည်။


သူခန္ဓာကိုယ်က တစ်ဂျွတ်ဂျွတ်နဲ့ မြည်လာသည်။ ရွှီဇီရုန်၏မရပ်တန့်နိုင်သော ဆန္ဒကြောင့် သူ၏စွမ်းအင်စုပ်ယူမှုဟာ ပုံမှန်ထက် နှစ်ဆကျယ်ပြန့်သွားပေသည်။ စိတ်ဝိညာဉ်စွမ်းအင်တွေဟာ မြန်ဆန်စွာ သူ့ကိုယ်အတွင်းသို့ ဝင်ရောက်နေတာကြောင့် သူ၏ခန္ဓာကိုယ်ဟာ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းသည့် နေရာဖြစ်နေတော့သည်။


အခန်းတစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင် ကင်းမဲ့သွား၏။ ရွှီဇီရုန် လက်ဖဝါးဖွင့်လိုက်ကာ လှပသည့်စိတ်ဝိညာဉ်ကျောက်တုံးလေးတွေကို သူ့လက်မှာဆုပ်ကိုင်ထားလေသည်။ သူအစကတည်းက ဒီအခန်းကို အစီအရင်ချပြီးသားဖြစ်သည်။ အခန်းထဲမှာဘာတွေပဲဖြစ်နေပါစေ သူအစီအရင်ကိုမဖျက်သိမ်းသ၍ အပြင်ကလူတွေကသိနိုင်မှာမဟုတ်ဘူး။


စိတ်ဝိညာဉ်ကျောက်တုံးတွေဟာ အလျင်အမြန်ကုန်ခန်းသွားပြီး အမှုန့်ဖြစ်သွားလေသည်။ ရွှီဇီရုန်ဖြေးညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သွေးနီရောင်မျက်လုံးတွေက ပျောက်ကွယ်သွားတော့သည်။


ဆဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုရောက်ပြီ!


သူခေါင်းငုံ့လိုက်ကာ လက်သီးကိုဆုပ်ချည်ဖြန့်ချည် လုပ်နေလေသည်။ သူ့ကိုယ်ထဲမှာ စွမ်းအားတွေအများကြီး စီးဆင်းနေသည့်ခံစားချက်က အလွန်ကောင်းတာပဲ!


ရွှီဇီရုန်မတ်တပ်ရပ်ပြီးတော့ အညောင်းအညာတွေအနည်းငယ် ဆန့်လိုက်၏။ 'ဂျွတ် ဂျွတ် ဂျွတ်' ဆိုပြီးတော့ ထိုအသံတွေဟာ သူကိုယ်မှထွက်လာတော့သည်။ ကျင့်ကြံသူတွေဟာ သူတို့ကျင့်စဉ်အဆင့်တက်တိုင်း သူတို့၏ရုပ်ပိုင်းဆိုင်ရာက ပြောင်းလဲသွားတတ်ကြသည်။ သွေးပင်လယ်နှလုံးကျင့်စဉ်ကျင့်တဲ့သူတွေဟာ သူတို့ခန္ဓာကိုယ်ကို လိုသလိုပြောင်းလဲလို့ရရုံသာမက သူတို့၏စိတ်ဝိညာဉ်စွမ်းအင်တွေကိုလည်း သူရဲ့သွေးထဲမှာ သိမ်းထားလို့ရပေသည်။


ရွှီဇီရုန်လက်ရှိကျင့်စဉ်အရ သူကအခြားလူရဲ့ပြိုင်ဘက်မဟုတ်သေးပေမယ့် အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရပါက သွေးပင်လယ်နှလုံးကျင့်စဉ်၏ထူးခြားချက်ဖြင့် အခြေခံကျင့်ကြံခြင်းအဆင့်ရှိသူကိုတောင် သူသတ်နိုင်ပေသည်။


ကြာမြင့်သည့်အချိန်တွေကို တွက်ချက်ပြီးနောက် ရွှီဇီရုန်မျက်နှာ အနည်းငယ်ပြောင်းသွားသည်။ အစကသူတွေးထားခဲ့တာက ဆဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ဖို့ တစ်ရှီချန်း(နှစ်နာရီကြာ)အချိန်ကြာမြင့်လိမ့်မည်ပေါ့။ ဒါပေမယ့် သူလုံးဝမထင်ထားခဲ့မိတာက သွေးအနှစ်သာရထဲက စိတ်ဝိညာဉ်စွမ်းအင်က ပိုသန့်စင်ပြီး‌တော့ ပိုများနေသည်ကိုပင်။ သူကဆဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ရှိရုံသာမက စိတ်ဝိညာဉ်စွမ်းအင်ကိုလည်း ပိုလျှံအောင်စုဆောင်းနိုင်လိုက်တာပဲ။


အဲ့ဒါကကောင်းပါတယ် သူအဆင့်တက်ဖို့ယူလိုက်သည့်အချိန်က သူတွက်ထားသည်ထက် ပိုကြာသွားတာ‌ကလည်း စိတ်ဝိညာဉ်စွမ်းအင် ပိုများသွားလို့ဆိုတာ သိလိုက်ရတော့ စိတ်အေးသွားပါပြီ။


ရွှီဇီရုန် သူ့အိတ်ထဲကနေ စိတ်ဝိညာဉ်ကျောက်တုံးကိုယူလိုက်ကာ ဝမ်းနည်းစွာကြည့်လိုက်သည်။ ရွှီဇီယန်နဲ့သူရဲ့ဆက်ဆံရေးအရ သူလိုသလောက် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရွှီဇီယန်ဆီကနေသူယူလို့ရပေသည်။


သူသုံးလိုက်သည့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးက သူခိုးပြီးယူလာခဲ့ခြင်းဖြစ်သည်။ သူဒါတွေကို အသုံးပြုပြီး အလွယ်တကူ ဒီအဆင့်ကိုရောက်လိမ့်မယ်လို့ သူဘယ်တုန်းကမှမတွေးခဲ့မိဘူး။


ရွှီဇီရုန်ဟာ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးလေးဖြင့် သူ့အခန်းကို စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်အောင်ပြန်လုပ်လိုက်သည်။ ထို့နောက် သူကအစီအရင်ကိုပယ်ဖျက်လိုက်ပြီး တံခါးပေါက်ရောပြတင်းပေါက်ရောဖွင့်ထားကာ စိတ်ဝိညာဉ်စွမ်းအင် အတွင်းနဲ့အပြင် ညီမျှအောင်လုပ်လိုက်သည်။


အကယ်၍ သူမူလအစီအစဉ်အတိုင်း သွားမည်ဆိုပါက သူအစီအရင်ပိတ်လိုက်ကာ အပြင်ကစိတ်ဝိညာဉ်စွမ်းအင်တွေကိုသာ ဖြေးညင်းစွာ ဝင်ခိုင်းပေလိမ့်မည်။ ဒါ‌ပေမယ့် အခုအချိန်မရှိတာကြောင့် သူစိတ်ဝိညာဉ်ကျောက်တုံးဖြင့် အခန်းအတွင်း စိတ်ဝိညာဉ်စွမ်းအင်ကိုဖြည့်လိုက်တော့သည်။


သူတံခါးဖွင့်ပြီးဘယ်လောက်မှ မကြာခင်မှာပင် ရွှီဇီယန်ဟာ ညလယ်စာအတွက် မုန့်လာပို့သည်။


ဘာကြောင့်လည်းဆိုတော့ သူတို့နှစ်ယောက်က ကျင့်ကြံခြင်းကိုအပြင်းအထန် လေ့ကျင့်ကြတာကြောင့် ညလယ်စာအတွက် အစားအစာမှာ ပုံမှန်လိုဖြစ်နေတော့သည်။ အစကတော့ သူ့အဆောင်အတွက် ညလယ်စာကို စားဖိုမှူးတွေအား ရွှီဇီယန်အပ်ထားပေမယ့် ရွှီဇီရုန်ကအကြိုက်မတွေ့တာကြောင့် သူကိုယ်တိုယ်ချက်ပြုတ်လေသည်။


၁၂နှစ်အရွယ် ဆယ်ကျော်သက်အရွယ်အနေနဲ့ သူ၏ခန္ဓာကိုယ်က ဖွံ့ဖြိုးစအရွယ်ဖြစ်ပြီး လေ့ကျင့်ရေးကိုလည်း နေ့တိုင်းလုပ်ဆောင်ရတာကြောင့် အင်အားအတော်အသုံးပြုရသည်။ ပြီးတော့ လေ့ကျင့်ရေးကွင်းကနေ ပြန်လာပြီးနောက်လည်း သူပြန်လေ့ကျင့်တာမို့ ညလယ်ဗိုက်ဆာတာက ပုံမှန်ပင်ဖြစ်သည်။ 


နောက်ဆုံးတော့ ရွှီမိသားစု၏သခင်လေးဟာ ထူးဆန်းသည့်အကျင့်တစ်ခု ရှိလာတော့သည်။ အဲ့ဒါကတော့ ညတိုင်းသူဟာ သူစားဖို့အတွက် ချက်ပြုတ်ခြင်းပဲဖြစ်သည်။


ထိုအကြောင်းကို ရွှီရှောင်ပထမဆုံးကြားတော့ သူအလွန်အံ့ဩသွားပြီး နောက်တော့ ထိုအကြောင်းကို သူမသိသလိုသာနေလိုက်တော့သည်။ ရွှီဇီယန်ဟာ ယခင်ကထက် ပိုပြီးကြိုးစားလာသည်ကို သူမျက်လုံးထဲ၌ မြင်တွေ့နေရသည်။ ရွှီဇီယန် သူ့ဟာသူချက်ပြုတ်ကို သူသဘောမကျပေမယ့် ထိုကိစ္စက ရွှီဇီယန်၏ကျင့်စဉ်အပေါ် ထိခိုက်ခြင်းမရှိသောကြောင့် ရွှီရှောင်ကလည်း သဘောထားကြီးစွာ ထိုအကျင့်ကိုခွင့်ပြုပေးထားတော့သည်။


သခင်ကြီးကိုယ်တိုင်က ဘာမှမပြောမှတော့ အခြားဘယ်သူကများ ပြောရဲတော့မှာလဲ။ အစေခံမလေးတွေကလည်း သူတို့အလုပ်သက်သာတာကြောင့် ပျော်ရွှင်နေကြပြီး စားဖိုဆောင်က စားဖိုမှူတွေသာ အပူမိနေကြလေသည်။ သူတို့တွေရဲ့ချက်ပြုတ်သည့် လက်ရာက သခင်လေးသဘောမတွေ့မှာကို စိုးရိမ်နေကြလေသည်။


ရွှီဇီယန်ကတော့ ဒီစားဖိုမှူးတွေ ဘယ်လိုခံစားနေရလဲဆိုတာ သူမသိပေ။ အကယ်၍ သူသိသွားလျှင်လည်း သူဂရုစိုက်မည်မဟုတ်ပေ။ သူကသူ့ဟာသူ ချက်ပြုတ်ရမှ ကျေနပ်သည့်သူမျိုး ဖြစ်ပေသည်။ အခြားလူတွေကလည်း သူအပြုအမူတွေကို ဖတ်တတ်နေမှတော့ သူ့အနေနဲ့ဘာမှ ထိန်းချုပ်စရာမလိုတော့ပေ။


ဒါပေမယ့် အခြားအကြောင်းပြချက်တစ်ခုကတော့ ရွှီဇီယန်ကရွှီဇီရုန်အတွက် ချက်ပြုတ်ပေးခြင်းပဲဖြစ်သည်။ အဲ့ဒီအကြောင်းပြချက်က ရွှီဇီယန်ကသူဘာ‌ပဲချက်ပြုတ်ခဲ့သည် ဖြစ်ပါစေ ရွှီဇီရုန်ကအကုန်စားသည်။


တစ်ဖက်လူက အစားမရွေးဘဲ သုံးပန်း‌ကန်လောက် အားရပါးရ‌စားသောက်လေ့ရှိတာက သူ့လိုအချက်အပြုတ်ကြိုက်သည့် လူတစ်ယောက်အတွက်တော့ ရင်းနှီးတဲ့သူငယ်ချင်းရထားသလိုနှင့်တူသည်။ ရွှီဇီရုန်က ရွှီဇီယန်ချက်သမျှကို အကုန်စားတယ်ဆိုသည့် ခံစားချက်က အလွန်ကိုလှပတာပဲ!


“ကျွန်တော်ဝပြီ!” ရွှီဇီရုန်ပန်းကန်ချလိုက်ကာ ပါးစပ်သုတ်လိုက်သည်။ ရွှီဇီယန်ချက်ပေးသည့် ဟင်းလျာတွေက အရမ်းကြီးကောင်းတာတော့ မဟုတ်ပေမယ့် ထိုဟင်းလျာတွေက အိမ်ဆိုသည့်အနံ့အသက်မျိုးကို ရစေသည်။ ရွှီဇီရုန်ဟာတစ်ခါမှ ဒီလိုမခံစားဖူးတာကြောင့် အဲ့ဒါကသူ့ကို အလွန်ပျော်ရွှင်စေသည်။


သူဒီလိုမျိုး အိမ်ဆိုသည့်နွေးထွေးတဲ့နေရာကို ရှာတွေ့သွားလိမ့်မယ်လို့ သူလုံးဝမထင်ထားပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနွေးထွေးသည့် ခံစားချက်မျိုးကို ရွှီဇီယန်ဆီကနေသူရရှိနေပြီးဖြစ်သည်။


ရွှီဇီယန်၏နွေးထွေးသည့်ပွေ့ဖက်မှု၊ ရွှီဇီယန် သူ့အတွက်ချက်ပြုတ်ပေးသည့် အစားအစာ၊ ပြီးတော့ ရွှီဇီယန် သူ့အပေါ် အသေးစိတ်ကအစ ဂရုစိုက်မှုတွေ……………


အခုရွှီဇီရုန်ဟာ ရွှီဇီယန်၏နွေးထွေးမှုတွေကို အရသာတွေ့နေပြီး လောဘကြီးနေသည့် သားရဲကြီးနဲ့တူပေသည်။ အခုချိန်အထိတော့ ရွှီဇီယန်က သူလိုချင်သည့် နွေးထွေးမှုမျိုးကို ပေးနေသေးသည်။ ဒါပေမယ့် တစ်နေ့နေ့မှာ သူ့ရဲ့နွေးထွေးမှုတွေပျောက်ကွယ်သွားပါက မျိုပဲချရချရ၊ အလုံပိတ်ပဲပိတ်ရပိတ်ရ၊ သူ့ရဲ့နွေးထွေးမှု မပျောက်သွားဖို့ ဘာမဆိုလုပ်မှာပဲ!


“ဇီရုန် ဒီ‌လောက်အကြာကြီး မလေ့ကျင့်ပါနဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်တယ်ဆိုပေမယ့် လေ့ကျင့်ချိန်နဲ့အနားယူချိန် ဘက်ညီမှဖြစ်မယ်လေ နားလည်လား?” ရွှီဇီယန်စိုးရိမ်စွာ မေးလိုက်သည်။


ရွှီဇီရုန်ခေါင်းညိတ်လိုက်၏။ ၈နှစ်အရွယ်ကလေးတစ်ယောက်လို သူလိမ်မာစွာ စကားနားထောင်ပြီး သူ့ကိုအထင်သေးတာပဲလို့ အရင်လိုမတွေးတော့ပဲ ထို့အစား ဒီလိုအလိုလိုက်ခံရမှုကို သူအရမ်းပျော်ရွှင်နေသည်။ အကယ်၍ သူ့ကိုနေ့တိုင်း အနိုင်ကျင့်ခဲ့ကြသည့် ရွှီမိသားစုက ကလေးတွေကို မတွေ့ပါလျှင် ရွှီဇီယန်နဲ့အတူ နေထိုင်ရသည့်ဘဝဟာ သူ့အတွက်အလွန်အေးချမ်းတာပဲကို သူတွေးမိလိမ့်မည်။


ဒါပေမယ့် သွေးမိစ္ဆာသခင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ကစွမ်းအားကြီးနေပါက လိုချင်သမျှအရာအားလုံးကို ရနိုင်သည်ဆိုတာ သူယုံကြည်ထားသည်။


မူလရွှီဇီယန်ကသေသွားပြီး လက်ရှိသူ့ခန္ဓာကိုယ်က အခြားတစ်ယောက်ဝင်ထားတာ ဒါပေမယ့် လင်ရှောင်ထျန်၊မော့ကျီးယွမ်နဲ့ပိုင်ဟွ ထိုသုံးယောက်ကတော့ အသက်ရှင်နေသေးသည်။ သူတို့တွေ ဝမ်းနည်းဖွယ်သေဆုံးတာကို သူမှမတွေ့ရသေးတာ ဒီတော့ သွေးမိစ္ဆာသခင်က ဘယ်လိုလုပ် အေးချမ်းတဲ့ဘဝမှာ ‌ကျေနပ်နေနိုင်မှာလဲ?


သူတို့နှစ်ယောက်ညလယ်စာစားပြီးနောက် ရွှီဇီရုန်က သူအပန်းရောင်ကြိုက်တယ်လို့ ပြောခဲ့သည့်ကိစ္စကို ငြင်းပယ်ဖို့ အခွင့်အရေးရှာပြီး ရွှီဇီယန်အားပြောလိုက်တော့သည်။


အစက ရွှီဇီယန်စိတ်ပူနေသေး၏။ ရွှီဇီရုန်ကအပန်းရောင်ကြိုက်တယ်ဆိုတော့ ယောင်္ကျားလေးမပီသလို့များလားပေါ့ အခုတော့ သူစိတ်သက်သာရာရသွားသည်။


သူကရွှီဇီရုန်ပခုံးကို ပုတ်ကာ စိတ်အားထက်သန်စွာဖြင့် “သေချာပေါက်အာမခံတယ် ဇီရုန်အတွက် မနက်ဖြန် ကိုကို တစ်ယောက်ယောက်ကို ပြောပြီးတော့ မင်းအခန်းကိုပြောင်းခိုင်းလိုက်မယ် ဇီရုန်ဘာအရောင်ပြောင်းချင်လဲ?”


ရွှီဇီရုန်ပြုံးကာ “ကိုကို့ရဲ့အခန်းလိုမျိုးရချင်တယ်”


“အိုး?” ရွှီဇီယန်၏မျက်လုံး တောက်ပသွားပြီး ပြုံးကာမေးလိုက်သည်။ “ဇီရုန်ကကိုကို့ကို အဲ့လောက်တောင်သဘောကျတာလား? မင်းက မင်းရဲ့အခန်းကို ကိုကို့အခန်းလို ပြောင်းချင်တာလား? ကိုကို့ရဲ့အခန်းမှာပဲ လာနေလိုက်တာ ပိုမကောင်းဘူးလား?”


ရွှီဇီရုန်ရုတ်တရက်စိတ်လှုပ်ရှားသွားသည်။ ရွှီဇီယန်သူ့အပေါ်ထားသည့် ခံစားချက်တွေကို သူသဘောကျပေမယ့် အတူတူကပ်ပြီး အိပ်ဖို့ဆိုတာက သူအတွက်အဆင်မပြေဘူးမလား?


ကံမကောင်းလိုက်တာ……………


သူစဉ်းစားပြီးနောက် ရွှီဇီရုန်ငြင်းဆန်ဖို့သာ ရွေးချယ်လိုက်တော့သည်။ အခုလက်ရှိ သူ့ရဲ့သွေးပင်လယ်နှလုံးကျင့်စဉ်အ‌ဆင့်က လက်တလောမှ ဝင်ရောက်ထားတာဖြစ်တာကြောင့် သူ့အနေနဲ့ ခပ်ကင်းကင်းနေတာ ပိုကောင်းလိမ့်မည်။ အကယ်၍ သူသာရွှီဇီယန်နဲ့ တစ်ခန်းထဲနေပါက တစ်နေ့နေ့ အမှတ်တမဲ့ပေါ်သွားမှာ သူစိုးရိမ်လှသည်။


ရွှီဇီရုန်စိတ်ရှုပ်သွားတာကို ကြည့်ပြီး ရွှီဇီယန်မရယ်ဘဲမနေနိုင်ပေ။ ရွှီဇီယန်ကလေးတုန်းက သူ့မိသားစုဟာ စီးပွားရေးသိပ်အဆင်မပြေတာကြောင့် သူ့ညီဖြစ်သူနဲ့တစ်ခန်းထဲနေရသည်။ သူတို့တွေအိမ်ကြီးကိုပြောင်းရွေ့ပြီးနောက် ရွှီဇီယွိက သူ၏ကိုယ်ပိုင်အခန်းကို ရရှိသွားတာကြောင့် ငှက်‌ကလေးတစ်ကောင်လို ပျံထွက်သွားတော့သည်။ ဇီယွိကရွှီဇီရုန်လိုမျိုး သူနဲ့အတူတူနေဖို့ နည်းနည်းလေးတောင် ဘာလို့မတွေးပေးရတာလဲ?


တကယ်တော့ သူရဲ့ညီငယ်လေးနဲ့ တစ်ခန်းထဲ အတူနေရလည်း ရွှီဇီယန်စိတ်မရှိပေ။ ရွှီဇီရုန်က အခြားသူတွေနဲ့ ပူးပူးကပ်ကပ်မနေချင်တာ ဖြစ်မည်။ အတူရှိတာကလည်းတစ်လလောက်ပဲ ရှိသေးတာ သူ့ညီငယ်လေးက လိမ်မာပြီးချစ်စရာကောင်းတာ ရွှီဇီယန်သိပေမယ့်လည်း သူကအရမ်းကင်းကင်းနေတတ်ပြီး သူစိမ်းတွေကိုလည်း အလွယ်တကူ အကပ်မခံခိုင်းပေ။


Original Author's Note:

ဟီး ဟီး ဟီး ဟီး ဟီး……………ညီငယ်လေးက အကိုကြီးနဲ့အတူတူ အိပ်ရတော့မယ်!


#TK