Chapter 28
Viewers 4k

Chapter 28


အစကတော့ ရွှီဇီရုန်ကငြင်းတော့မလို့ဘဲ ဒါပေမယ့် ရွှီဇီယန်၏အတိတ်ကိုလွမ်းဆွတ်နေသည့် ပုံကိုသူမြင်လိုက်ရပြီးနောက် ရွှီဇီရုန်မျက်လုံးတွေ အနည်းငယ်ကျုံ့သွားပြီး သူကအပြုံးလေးဖြင့် “ဒါဆိုရင်လည်း ကိုကို့ကို ကျေးဇူးအများကြီးတင်ပါတယ်”


ရွှီဇီယန်ရယ်ချင်နေသည့်စိတ်က ရပ်တန့်သွား၏။ ဘာပြောလိုက်တာလဲ? ဘာအတွက် ကျေးဇူးအများကြီးတင်တာလဲ? ဘာအတွက်လဲ?


ရွှီဇီရုန်သူ့ကိုကျေးဇူးတင်တာက သူ၏ဖိတ်ကြားမှုဖြစ်သည့် အတူတူအိပ်ဖို့ဆိုတာကို သူခဏလောက်တွေးတောပြီးနောက် သဘောပေါက်သွားသည်။


အမ်……………


ရွှီဇီယန်ပြုံးလိုက်ပြီး အနည်းငယ်တော့အံ့ဩသွားရသည်။ သူကရွှီဇီရုန်ခေါင်းကို ပုတ်လိုက်ကာ “မင်းအဲ့မှာနေချင်တယ်ဆိုရင်လည်း လာနေလေ အဲ့ဒါကဘာပြဿနာမှမရှိပါဘူး မင်းမနက်ဖြန်ရွေ့လာလို့ရတယ်” သူကပါးစပ်ကသာအဲ့စကားသာပြောလိုက်ပေမယ့် သူစိတ်ထဲမှာတော့ ဇီရုန်နဲ့ဇီယွိက တစ်ယောက်နဲ့တစ်ယောက်တကယ့်ကိုမတူတာဘဲ……………


ရွှီဇီရုန်အနည်းငယ် မျက်လုံးစွေစောင်းကြည့်လိုက်သည်။ သူ့မျက်နှာကတော့ အပြုံးတွေပြည့်နေပေမယ့် သူမျက်လုံးကတော့ အပြုံးတွေကင်းမဲ့နေသည်။ သူ၏မှတ်စုစာအုပ်လေးထဲ၌ တိတ်တဆိတ် ၁၃ချက်မြောက် ရွှီဇီယန်၏အကြောင်းကို ရေးမှတ်လိုက်သည်။ ဒီရွှီဇီယွိဆိုတဲ့လူက သူ့ကိုကို၏အရင်ဘဝက ညီဖြစ်မယ်ဆိုတာ ရွှီဇီရုန်ခန့်မှန်းပြီးသား ဖြစ်သည်………သူ့ကိုကိုဖြစ်သူက ဘယ်ကနေလာခဲ့လဲဆိုတာ သူမသိပေ ပြီးတော့ အဲ့ဒီကောင်စုတ်ရွှီဇီယွိဆိုတဲ့ ကောင်ကလည်း အသက်ရှင်တုန်းပဲဖြစ်မည်။


အကယ်၍ အဲ့ကောင်သာအသက်ရှင်သေးပါက ရွှီဇီရုန် သူ့အားနောက်ဘဝကို ပို့ဖို့ဝန်မလေးပေ။ ကိုကိုကသူတစ်ယောက်တည်းရဲ့ ကိုကိုပဲဖြစ်ရမည်။ ဘယ်သူမှ ရွှီဇီယန်၏နှလုံးသားထဲမှာ နေရာမယူရဘူး။ သူရဲ့မူလညီအရင်းဆိုရင်တောင်မှ မရဘူး!


ရွှီဇီရုန်၏အတွေးကို ရွှီဇီယန်မသိပေ။ ညီအကိုနှစ်ယောက်သာ ကျင့်ကြံခြင်းအခက်အခဲနဲ့ပတ်သက်ပြီး ဆွေးနွေးကြပြီးနောက် သူတို့အနားယူဖို့ပြင်ဆင်တော့သည်။


ဒါပေမယ့် ရွှီဇီယန်သူ့အခန်းကို ပြန်ဖို့လျှောက်လာချိန်၌ ရွှီဇီရုန်ကလည်း သူ့အနောက်ကနေ လိုက်လာလေသည်။


ရွှီဇီယန်သူ့အား နားမလည်သလို ကြည့်လာတာကြောင့် ရွှီဇီရုန်ကအပြစ်ကင်းနေသည့်ပုံစံလေးဖြင့် “ကိုကို သန်းခေါင်ကျော်သွားပြီလေ”


ဒီတော့ မင်းပြောချင်တာက နောက်တစ်နေ့ရောက်သွားပြီလို့ ဆိုလိုတာပေါ့ ဟုတ်လား?


ရွှီဇီရုန်အား ရွှီဇီယန် မျက်နှာသေဖြင့် စိုက်ကြည့်လိုက်မိသည်။ ထားလိုက်ပါတော့လေ အမြဲတမ်းလိမ်မာနေသည့် ညီငယ်လေးက တစ်ခါတစ်ရံဆိုးတာကလည်း ချစ်စရာလေးပါ!


တိတ်တဆိတ်စွာ သူ့ရဲ့စောင်ကိုမလိုက်ပြီး တစ်ဖက်လူအတွက် နေရာချန်ထားပေးသည်။ ဒါပေမယ့် ရွှီဇီယန်လုံးဝမသိတာက သူရွှီဇီရုန်အပေါ် ဒီလိုမျိုး ပြုမူဆက်ဆံနေတာဟာ သူ၏ကံကြမ္မာနေရာ၌ ရေးထားသည့်စားလုံးက 'သိုးရေခြုံထားသည့် ဝံပုလွေ'ကို အိမ်ထဲသို့ခေါ်သွင်းနေသည့် ပုံစံနှင့်တူပေသည်…………


ညီအကိုနှစ်ယောက်ရဲ့အတွေးတွေက အမြဲလွဲနေကြပြီး တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အိပ်လိုက်ကြတော့သည်။ နောက်နေ့မနက်ရောက်တော့ မနေ့ညကသူပြောခဲ့သည့် စကားကြောင့် ရွှီဇီရုန်နောင်တရသွားသည်………


သူ၏မျက်လုံးဟာ အိပ်ရေးပျက်မှုကြောင့် မျက်ကွင်းလေးတွေညိုနေပြီး ရွှီဇီယန်၏ဟောက်သံနဲ့ သားရည်ကျစွာအိပ်နေပုံကြောင့် ရွှီဇီရုန်စိတ်ပျက်သွားရသည်။ 


သူကသွေးမိစ္ဆာသခင်ဖြစ်နေရင်တောင်မှ သူဟာခန့်ညားပြီးတင့်တယ်စွာနေခဲ့သူဖြစ်သည်။ ဒီလိုမျိုးဖရိုဖရဲတစ်ခါမှ မဖြစ်ဖူးဘူး။ ရွှီဇီရုန်အတွက် ပထမဆုံးအကြိမ် သူများနဲ့အတူ အိပ်ဖူးခြင်းဖြစ်သည်။


သူသက်သောင့်သက်သာမရှိမှာကြောင့် ဘယ်တော့မှအခြားသူနဲ့ မအိပ်ပေမယ့် မနေ့ညကအဖြစ်အပျက်ကတော့ သူဘယ်လိုမှတွေးလို့တောင်မရပေ။ သာမန်လူတစ်ယောက်က ဘယ်လိုများ ကျွမ်းထိုးမှောက်ခုန်အိပ်လိုက်၊ သူအိပ်နေစဉ်အတွင်း လက်နဲ့ယမ်းလိုက်လုပ်နိုင်ရတာလဲ။ ခေါင်းရင်းကနေ ခြေရင်းလှည့်လိုက် ခြေရင်းကနေ ခေါင်းရင်းလှည့်လိုက်နဲ့…………


ရွှီဇီယန်၏တစ်မူထူးခြားသည့် အအိပ်ကြမ်းတာကို သူအလိုက်အထိုက်နေပေးခဲ့သည်။ နောက်ဆုံးတော့ သူဒေါသထွက်လာပြီး ရွှီဇီယန်ကိုတံတောင်ဖြင့်တွက်လိုက်ပေမယ့် ထိုသူက ရွှီဇီရုန်ကိုယ်မှာရှိသည့် စောင်တစ်ဝက်ကိုလည်းဆွဲယူလိုက်ကာ တစ်ယောက်ထဲလိမ့်နေရင်းကနေ သူ့ကိုပါခွာပြီး ကုတင်ပေါ်မှာ လိမ့်နေတော့သည်။


သူ့ကိုကိုနဲ့ပတ်သက်ပြီး ရွှီဇီရုန်ဘယ်လိုမှမတွေးတတ်တော့ပေ။ ညီအကိုနှစ်ယောက်အတူတူအိပ်တယ်ဆိုတာ နွေးထွေးနေရမှာလေ ဘာလို့ရွှီဇီယန်က ဒီလောက်အထိ အအိပ်ကြမ်းရတာလဲ?


သူအံကြိတ်လိုက်ရင်း စောင်နဲ့လိမ့်နေသည့် သူ၏ကိုကိုအား အမြင်ကတ်စွာစောင်းကြည့်လိုက်သည်။ ရွှီဇီရုန်သူ့စိတ်ထဲ၌ ကြိမ်းထားလိုက်သည်: တစ်နေ့နေ့ကျရင် ရွှီဇီယန်ဒီလိုပုံစံမျိုး ပြန်ခံစားရအောင်လုပ်ပြမယ်။ အခြားတစ်ယောက်က ကိုယ့်ကိုစောင်နဲ့ပတ်ပြီး လိမ့်တာ ဘယ်လိုခံစားချက်မျိုးဆိုတာ သူသိအောင်ပြရမယ်! (အတွေးတွေမှားကုန်မယ်နော်!)


သက်ပြင်းအရှည်ကြီးချပြီးနောက် သူ၏စိတ်ထဲ၌ ခါးသီးနေသည့်ခံစားချက်ကို ဖိနှိပ်လိုက်ပြီး ရွှီဇီရုန်မျက်နှာမှာအပြုံးလေး ချိတ်ဆွဲကာ ရွှီဇီယန်ကိုလှုပ်နိုးလေသည်။


“အမ်………” ကိုကိုဖြစ်သူဟာ တစ်ဖက်သို့လှည့်သွားပြီး စောင်ဖြင့်ကာ၍ ခြေပစ်လက်ပစ်အိပ်နေတော့သည်။


တစ်ဖက်လူကကုတင်ပေါ်မှာ အချိန်ဖြုန်းနေကျကို သူကျင့်သားနေပြီမို့ ရွှီဇီရုန်တည်ငြိမ်စွာဖြင့် နေရာပြောင်းပြီး လှုပ်နိုးပြန်သည်။

“ကိုကို ကိုကိုမထရင် ကျွန်တော်တို့ နောက်ကျတော့မယ်နော်”


“အမ်………ခဏလောက်အိပ်ပါစေဦး” ရွှီဇီယန်တစ်ဖက်သို့ လှည့်သွားပြန်တော့သည်။


ရွှီဇီရုန်မျက်နှာသေဖြင့် နိုးတာလည်းမအောင်မြင်၍ သူရုတ်တရက်ကြံရာမရဖြစ်သွားတော့သည်။ သူရုတ်တရက် စောင်ကိုမကာ တစ်ဖက်လူအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ “ကိုကို ထတော့”


ရွှီဇီယန်သူ့ခေါင်းသူကုတ်ကာ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ ထလာတော့သည်။ သူကရှက်ရှက်ဖြင့် ရွှီဇီရုန်ပခုံးကို ကိုင်ကာပြောလေသည်။

“ဇီရုန် ကိုကိုမင်းကို အလုပ်ရှုပ်စေမိပြီ”


ရွှီဇီရုန်စိတ်ထဲမထားဟန် ခေါင်းသာညိတ်ပြလိုက်သည်။ ရွှီဇီယန်ကအရမ်းအအိပ်ကြီးသည့် အလေ့အကျင့်ရှိတာ သူအစကတည်းက နားလည်းသိပြီးသားဖြစ်သည်။


ဒီရွှီဇီယန်ကနိုးလာတာနဲ့ တာဝန်ကျေသည့် အစ်ကိုတစ်ယောက်ပုံစံဖြစ်သွားတော့သည်။ သူမျက်နှာသစ်ဖို့နဲ့ အခြားကိစ္စတွေကို ပြင်ဆင်ဖို့ အချိန်ခဏလေးသာယူလိုက်ပြီးနောက် ရွှီဇီရုန်လက်ကိုဆွဲကာ လေ့ကျင့်ရေးကွင်းသို့သွားလေသည်။


ဒီနေ့ကသူတို့ရဲ့ ဆုကြေးတွေနဲ့ဝေစုတွေရမှာဖြစ်သည်။ ထိုအကြောင်းပြောပြရရင် ရွှီမိသားစု၏ကလေးတွေကဟာ ကျင့်စဉ်တက်လာတိုင်း ပိုပိုပြီးဝေစုကိုရရှိကြသည်။


ရွှီဇီယန်ကအချိန်တိုအတွင်း ဆဋ္ဌမချီစွမ်းအင်စုဆောင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သူဖြစ်သည်။ ရွှီမိသားစု၏စည်းမျဉ်းအရ သူအခုစာကြည့်တိုက်ထဲသို့ ဝင်ခွင့်ရမည်ဖြစ်သည်။


ဒါပေမယ့် စာကြည့်တိုက်မှာက လျှပ်စစ်သွေးကြောအသုံးပြုသူအတွက် ကျင့်စဉ်စာအုပ်များများစားစား သိပ်မရှိပေ။ ထပ်ပြောရရင် ရှိသမျှကိုလည်း သူ၏မှတ်ဉာဏ်ထဲကနေ အားလုံးကို သူသင်ယူထားပြီးသားဖြစ်သည်။ 


ရွှီဇီယန်စာကြည့်တိုက်ထဲသို့ ဝင်ခွင့်မရပါက သူတတ်မြောက်ထားသမျှကို ခွင့်ပြုချက်မရှိဘဲ သုံးလို့မရပေ။ ထိုအရာတွေက လျှို့ဝှက်စွာသိမ်းထားပြီး စာကြည့်တိုက်၏လျှို့ဝှက်ချက်ဖြစ်တာကြောင့် အကယ်၍ သူကသခင်ကြီး၏သားဖြစ်နေရင်တောင် အပြစ်ပေးခံရနိုင်သည်။


အခုချိန်က သူ့အခွင့်အရေးပဲမို့ စာကြည့်တိုက်ထဲသွားပြီး သူနဲ့သင့်တော်သည့် ကျင့်စဉ်စာအုပ်ကို ရွေးချယ်ရမည်။ အကယ်၍ အနာဂတ်မှာ သူအန္တရာယ်တစ်ခုခုနဲ့ မမျှော်လင့်ပဲကြုံတွေ့လာပါက ဘာမှမလုပ်နိုင်တာထက်စာရင် အဆိုးကြီးတော့မဟုတ်ဘူးပေါ့။


လျှပ်စစ်မိုးကြိုးက လျှပ်စစ်ကျင့်စဉ်စာအုပ်၏ အခြေခံအကွက်ဖြစ်သည်။ အဲ့ဒီလျှပ်စစ်ကျင့်စဉ်စာအုပ်၏ထိန်းချုပ်ပုံက လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်ကို အလွန်ထုတ်သုံးရပြီး အရမ်းကြမ်းတမ်းပြီးအရမ်းတိကျမှဖြစ်တာကို နောက်ဆုံးတစ်ခေါက်သူတောအုပ်ထဲမှာ သွားလေ့ကျင့်တုန်းက သူသိလိုက်ရသည်။ အကယ်၍ တစ်ယောက်ယောက်သာ ဂရုမစိုက်ဘဲ သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို အသုံးပြုလိုက်ပါက သူတို့ခန္ဓာကိုယ်ဟာ နောက်ဆုံးတစ်ခေါက်က သူ့လိုပုံစံဖြစ်သွားလိမ့်မည်။ ရလဒ်အနေနဲ့ကတော့ ဒီသေစေနိုင်လောက်သည့်တိုက်ခိုက်မှုကို သူတစ်ဖြည်းဖြည်းကျွမ်းကျင်လာသည်။ ဒါပေမယ့် အကယ်၍ သူသာပြိုင်ဘက်ဖြစ်သူကို ထိုတိုက်ခိုက်မှုနဲ့ အနိုင်မယူနိုင်ပါက ဆက်ဖြစ်လာမည့်အကျိုးဆက်ကတော့ မတွေးရဲစရာပါပဲ။


ရွှီဇီယန်ကသူဘာစာအုပ်ရွေးရင်ကောင်းမလဲလို့ တွေးဆနေပြီး သူမသိတာက သူ့ဘေးနားက ရွှီဇီရုန်ကသူရှာတွေ့ထားသည့် လျှပ်စစ်ကျင့်စဉ်စာအုပ်ကို ပြောပြရင်ကောင်းမလားလို့ တွေးနေသည်။


အကယ်၍ ဒီလူက မူလရွှီဇီယန်ဖြစ်ပါက ထိုသူကသူ့အပေါ် ဘယ်လောက်ပဲကောင်းပါစေ သူ၏ရန်သူစွမ်းအားကြီးအောင် သူလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုရွှီဇီယန်ကိုယ်ထဲကို အခြားတစ်ယောက်က ဝင်ထားတာဆိုတော့ သူ့အနေနဲ့ဘာအမုန်းတရားမှ မရှိတော့ဘူး။


ရွှီဇီရုန်ရှင်းရှင်းလင်းလင်း သိထားပြီးပြီ။ ဒီလူကသူ့အပေါ်တကယ်ကောင်းမွန်ပြီး ညီတစ်ယောက်လိုလည်းတကယ်ချစ်သည်။ ထိုချစ်ခြင်းမေတ္တာတွေက ရွှီဇီယန်သူ၏ညီဖြစ်'ဇီယွိ'ကိုလွမ်းလို့ သူ့အပေါ်ဒီလိုဆက်ဆံတာဆိုရင်လည်း သူ့အတွက်ကိစ္စမရှိဘူး။ သိပ်မကြာခင် တစ်နေ့နေ့မှာတော့ ရွှီဇီယွိလို့ခေါ်သည့်သူကို သူရအောင်သတ်ပြီးတော့ ရွှီဇီယန်ကိုသူ့အနားမှာပဲထားထားမှာ။ ကိုကိုက သူ့တစ်ယောက်တည်းရဲ့ကိုကိုပဲ ဖြစ်ရမယ်!


ရွှီဇီရုန်က သူ၏ရန်သူစွမ်းအားတိုးအောင် မကူညီချင်ပေမယ့် သူ၏ကိုကိုစွမ်းအားတိုးအောင်တော့ သူကူညီလိမ့်မည်။


သူ့မှာအရင်ဘဝကမှတ်ဉာဏ်တွေရှိသည်။ အရင်ဘဝတုန်းက ရွှီဇီယန်ဒုက္ခရောက်အောင် ရွှီဇီရုန်ကြိမ်ဖန်များစွာ ထောက်ချောက်ဆင်ခဲ့ပေမယ့် ကံမကောင်းစွာ အဲ့ဒီကောင်စုတ်ကကံကောင်းပြီးတော့ ကြိမ်ဖန်များစွာလွတ်မြောက်လေ့ရှိသည်။ သူကအခြားလူတွေကိုခိုင်းပြီး ရွှီဇီယန်ကိုချုံခိုတိုက်ခိုင်းပေမယ့်လည်း အခြားလူတွေသာဒဏ်ရာရသွားမယ် ရွှီဇီယန်ကဘယ်လိုမှမသေနိုင်ဘူး။


မူလရွှီဇီယန်ကအလွန်ကံကောင်းတာမှန်ပေမယ့် အဲ့ဒါကအခုဝင်ရောက်ထားသည့် သူ့ကိုကိုဖြစ်သူနဲ့မဆိုင်ဘူး။ ရွှီဇီရုန် အစ်ကိုတစ်ယောက်လို 'ချစ်တယ်' ပြီးတော့ တစ်ဖက်လူကသူ့အပေါ်အလိုလိုက်ရင် ဂရုစိုက်ရင် သူအရမ်းပျော်တယ်။ ဒါကြောင့် သူအခြားလူတွေ မမျှော်လင့်ပဲတိုက်ခိုက်ရမယ့်အခြေအနေမျိုးကို သူမကြုံချင်ဘူး………ဒါကြောင့် ရွှီဇီယန်စွမ်းအားတိုးမြင့်ဖို့က သူ့ရဲ့ဦးစားပေးအချက်ပဲဖြစ်သည်။


နောက်ပြီးတော့ ရွှီဇီရုန်ကသူရဲ့စွမ်းအားတွေကို အနာဂတ်အတွက် သိုလှောင်ထားတာကြောင့် သူကိုယ်သူယုံကြည်မှုရှိပေမယ့် လက်ရှိမှာ ရွှီဇီယန်ကိုသူကာကွယ်နိုင်ဖို့ ယုံကြည်မှုမရှိပေ။


အကယ်၍အဲ့လိုသာဆိုရင်………သူသာရွှီဇီယန်ကို ကျင့်စဉ်စာအုပ်အကြောင်းသာ ပြောပြလိုက်ပါက ဘာအန္တရာယ်မှမရှိနိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်နေပါစေ သူ၏သွေးပင်လယ်နှလုံးကျင့်စဉ်အဆင့်တက်နှုန်းက ရွှီဇီယန်၏မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောကိုတော့ မရှုံးနိုင်ပါဘူး။ သူ၏အရင်ဘဝကအတွေ့အကြုံတွေနဲ့သာထပ်ပေါင်းလိုက်ရင် တစ်ဖက်လူကသူလက်ထဲကနေ ဘယ်လိုမှမလွတ်မြောက်နိုင်ဘူးဆိုတာ ရွှီဇီရုန်သူကိုယ်သူယုံကြည်မှု ရှိပေသည်။


သူ့မှာကလည်းစွမ်းအင်ရှိနေပြီဆိုတော့ အကယ်၍သူကရွှီဇီယန်ကို သူ့ကိုကိုဖြစ်ခိုင်းစေချင်ရင် ရွှီဇီယန်ကသူ့ကိုကိုနေရာမှာ နေကိုနေရမယ်!


သူ၏အမူအရာကိုပြောင်းကာ ရွှီဇီရုန်မသိသလိုဟန်ဆောင်လိုက်ပြီး အရင်တစ်ခေါက်သူလာခဲ့သည့် စာကြည့်တိုက်ထဲက သစ်သားဒြပ်စင်အထောက်အပံ့စာအုပ်ကို မမျှော်လင့်ပဲကိုင်လိုက်ပြီး သူလက်ချောင်းတွေထုံသွားသည်။ ရွှီဇီရုန်က'မတော်တဆ'သူပါးစပ်ကထွက်သွားသလိုဖြင့် သူကိုင်ကြည့်လိုက်သည့် သစ်သားဒြပ်စင်ကျင့်စဉ်စာအုပ်ဟာ သစ်သားဒြပ်စဉ်ကျင့်စဉ်စာအုပ်လည်းမဟုတ်ဘူးဆိုတာကို ရွှီဇီယန်ကြားအောင်ပြောလိုက်လေသည်။


“စာအုပ်က လျှပ်စစ်ကျင့်စဉ်စာအုပ်လား?” ရွှီဇီယန်ရုတ်တရက် သူ့နားသူမယုံနိုင်အောင်ဖြစ်သွားသည်။


ရွှီဇီရုန်ကသူကိုယ်တိုင် စာကြည့်တိုက်ကို ဖျက်စီးခဲ့တာကြောင့် မူလရွှီဇီယန်က ဘာလျှပ်စစ်ကျင့်စဉ်စာအုပ်မှ ရှာမတွေ့သွားပေ။ တကယ်တော့ ဒီနေရာမှာ လျှပ်စစ်ကျင့်စဉ်စာအုပ်ရှိမှန်းတောင် ရွှီမိသားစုကတစ်ယောက်မှမသိကြဘူးလို့တောင် သူထင်မိသည်။


ပြီးတော့ ဒီဘဝမှာက ရွှီဇီယန်ကျင့်နေသည့်ကျင့်စဉ်စာအုပ်က လျှိုကွမ်းဂိုဏ်းကနေရသည့် စာအုပ်ဖြစ်သည်။ အကယ်၍ သူတို့စာကြည့်တိုက်မှာသာ လျှပ်စစ်ကျင့်စဉ်စာအုပ်ရှိနေပါက ရွှီရှောင်ကလျှိုကွမ်းဂိုဏ်းကို ငွေကြေးအမြောက်အမြားပေးပြီး သိပ်ပြီးလည်းအရည်အသွေးမကောင်း သိပ်ပြီးလည်းစွမ်းအင်မနိမ့်နဲ့ စာအုပ်ကိုယူခဲ့မှာမဟုတ်ဘူး။


ရွှီဇီရုန်ပြောလိုက်သည့်စကားကြောင့် ရွှီဇီယန်ကစာအုပ်ကိုသွားကြည့်မည်ဖြစ်သည်။ ထိုစာအုပ်မှာ လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်သည့်အရာတွေလည်းမရှိဘဲ ရွှီဇီရုန်ကဘာလို့သေချာပေါက် ပြောနိုင်လိုက်လည်းဆိုတာ သူသေချာမသိသေးပေ။


“ဇီရုန်ကကိုကို့အတွက် ကံကောင်းတဲ့ကြယ်တစ်ပွင့်ပဲ!” ရွှီဇီယန်ဟာအပြုံးဖြင့်ပြောလိုက်သည်။


ရွှီဇီရုန်အနည်းငယ်သာပြုံးပြလိုက်ပြီး ရှက်ရွံ့သည့်ပုံစံဖြင့် သူ့ခေါင်းကိုငုံ့လိုက်သည်။ 


သူတို့ညီအကိုနှစ်ယောက် လေ့ကျင့်ရေးကွင်းကို ရောက်သွားတော့ ရွှီမော့မျက်နှာကခါတိုင်းလိုပဲ မျက်နှာသေဖြင့်သာကြည့်နေသည်။ သူ့ရဲ့ထင်မြင်ချက်တွေက သခင်လေးရွှီဇီယန်အပေါ် အများကြီးပြောင်းလဲပြီဆိုပေမယ့် သူဘာလို့ရွှီဇီယန်ကို သဘောမကျတာလဲဆိုတာ ရွှီမော့လည်းသူ့ကိုယ်သူမသိပေ။


လေ့ကျင့်ရေးကွင်း၌အားလုံး လက်ရှိရောက်နေတဲ့ကျင့်စဉ်အခက်အခဲတွေနဲ့ သူတို့ပြီးမြောက်ထားသည့် ကျင့်စဉ်အဆင့်တွေကိုသာ ဆွေးနွေးကြပြီး ဒီနေ့အတွက်သူတို့တွေ လေ့ကျင့်ဖို့အတန်းချိန်မရှိပါ။


ရွှီဇီယန်တစ်ယောက်တည်းကသာ ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်နေတာကြောင့် သူကတိုးတက်မှုအမြင့်ဆုံးဆိုတာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အရည်အချင်းတွေကလည်းအစဉ်ပြောင်းလဲလျက်ရှိတာကြောင့် သူ့အနေနဲ့စာကြည့်တိုက်ကို တစ်ခါလောက်ဝင်ခွင့်ရတာနဲ့တင် လုံလောက်ပြီဖြစ်သည်။


အနားယူနေသည့်ဆယ်ကျော်သက်ကောင်လေးတွေက သူ့အား အားကျနေသည့်အကြည့်ဖြင့် စိုက်ကြည့်နေကြသည်။ ထိုလူငယ်လေးတွေကလည်း လေ့ကျင့်ရေးကွင်းကို ဝင်တုန်းက သူတို့စိတ်ကြိုက် စာကြည့်တိုက်မှာ ကျင့်စဉ်စာအုပ်ကို ရွေးချယ်ခွင့်ရရှိကြသည်။ နောက်တော့ သူတို့အခြားကျင့်စဉ်တစ်မျိုးကို ထပ်ပြီးလေ့ကျင့်ချင်ရင် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင်လုပ်ဖို့လိုပေသည်။ သူတို့တွေရဲ့ကျင့်စဉ်အဆင့်တက်လာမှ စာကြည့်တိုက်ထဲကိုဝင်ဖို့ အရည်အချင်းပြည့်မှီလိမ့်မည်ဖြစ်သည်။


အကယ်၍ သူတို့၏ကျင့်ကြံခြင်းအဆင့်က အချိန်တစ်ခုယူရတယ်ဆိုရင်တောင် သူတို့အရည်အချင်းနဲ့ ကျင့်စဉ်တက်နှုန်းက အလွန်နှေးကွေးပေသည်။ ဒါပေမယ့် သူတို့တွေကစိတ်ဝိညာဉ်ကျောက်တုံးနဲ့ဆေးလုံးတွေကို အသုံးပြုပြီး ကျင့်စဉ်အဆင့်တက်အောင် လုပ်လို့ရပေမယ့် သူတို့အရည်အချင်းကိုလည်း တန်းတူဖြစ်အောင် လုပ်ဖို့လိုအပ်ပေသည်။ အချိန်တိုအတွင်း စာကြည့်တိုက်ထဲ ဝင်နိုင်ဖို့ဆိုတာ လွယ်ကူသည့်ကိစ္စတော့မဟုတ်ပေ။ ရွှီဇီယန်လိုလူမျိုးကသာ အချိန်တိုအတွင်း နောက်တစ်ဆင့်ကို တက်သွားနိုင်ပြီး သူတို့တွေကတော့ အိမ်မက်မက်ပြီးသက်ပြင်းချရုံကလွဲရင် ဘာမှမတတ်နိုင်ဘူး။


လေ့ကျင့်ကွင်းကအတန်းပြီးသွားပြီးနောက် ရွှီဇီယန်နဲ့ရွှီဇီရုန်တို့ဟာ မြင့်မြတ်သောစိတ်ဝိညာဉ်ရှိစာကြည့်တိုက်သို့ ရွှီမော့အနောက်ကနေလိုက်သွားလေသည်။


လောင်လော်ကစာကြည့်တိုက်ရှေ့မှာ တိတ်ဆိတ်စွာ တရားထိုင်နေသည်။ ရွှီဇီယန်နဲ့ရွှီဇီရုန်တို့ကို သူမြင်လိုက်တော့ ထိုနှစ်ယောက်အားပြုံးပြလိုက်သည်။


ရွှီဇီယန်စာကြည့်တိုက်ထဲကို ဝင်လိုက်ပြီးနောက် အလျင်အမြန်ပင် သူထူးခြားသည့်ကျောက်စိမ်းရောင်ကျင့်စဉ်စာအုပ်ကို ရှာတွေ့သွားသည်။ ထိုစာအုပ်က သာမန်စင်ပေါ်မှာ တင်ထားတာဖြစ်ပြီး ဖုန်တွေတောင် တော်တော်တက်နေလေသည်။ 


#TK