Chapter 38
Viewers 3k

Chapter 38


ရွှီဇီယန်၏အမူအရာကတော့ ဘာကြောက်ရွံ့မှုမှမရှိပေ။ သူ့အားဘာလို့အပြင်ထုတ်ခေါ်လည်းဆိုတာ အခြားသူတွေကတော့မသိပေမယ့် သူ့အတွက်ကတော့ အကြောင်းပြချက်ကရှင်းနေပြီးသားဖြစ်သည်။ 


အမဲရောင်ဝတ်စုံနဲ့အဖွဲ့ကကျင့်ကြံသူတွေဟာ မိစ္ဆာတောကောင်ကြီးအား အာရုံရောက်နေသည့် စာမေးပွဲဖြေသူတွေမသိခင် ချုံခိုတိုက်ခိုက် လာကြတာကြောင့် အများစုက သူတို့ရဲ့ထောင်ချောက်အောက်သို့ ကျသွားကြသည်။ ဒါပေမယ့် ရွှီဇီရုန်၏အကူအညီနဲ့ ရွှီဇီယန်က သူတို့တွေရှိနေတာကို သတိထားမိသွားပြီး သူ့ဘက်ကိုလာတိုက်ခိုက်သည့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအား တိတ်ဆိတ်စွာ ပြန်လည်တိုက်ခိုက်လိုက်သည်။


ခဏလောက်အကြာမှာတော့ ထိုလူက လက်ရှိမှာ အမဲရောင်ဝတ်စုံနဲ့လူတွေ၏အလယ်ရပ်နေပြီး ရွှီဇီယန်အား အံကြိတ်စွာစိုက်ကြည့်နေသည်။ သူဒီလိုမျိုးဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး! ချီလျန်ဟုန်ယွင်က အမြဲတမ်း သူ့ပတ်ဝန်းကျင်ကလူတွေအား ကြောင်တွေလိုရန်စလိုက် ခွေးတွေလိုကျီးစားလိုက်‌နဲ့ သူ့နေရာသူဘယ်တော့မှမသိပေ။ ဒါကြောင့် ဒီနေ့‌အားလုံးရဲ့မျက်စိရှေ့မှာ သူ့သိက္ခာတွေရေစုန်မျောကုန်မယ်လို့ သူလုံးဝမထင်ထားခဲ့တာဖြစ်သည်။


ဒီသောက်ကလေးက အရမ်းကိုဒုက္ခပေးလွန်းသည်။ တစ်ဖက်လူကသူ့အား ရှာတွေ့သွားမယ်လို့မထင်ထားတာကြောင့် သူကိုယ်တိုင်ကိုင်တွယ်မလိုဘဲ ရှိသေးသည့်အချိန်၌ ထိုကလေးကမမျှော်လင့်ပဲ သူ့အားလာတိုက်ခိုက်သွားသည်။ ထိုအချိန်က ရွှီဇီယန်အား ချုံခိုတိုက်ခိုက်ရန်မပြောခဲ့ပါလျှင် ချီလျန်ဟုန်ယွင်၏ဂုဏ်သိက္ခာနဲ့တန်ဖိုးတွေ ထိုနေရာမှာတင် ရစရာမရှိအောင် ထိုးကျသွားလိမ့်မည်။ ကံအားလျော်စွာ လျှိုချီက သူ့ကိုဘေးကနေ အကူအညီပေးခဲ့တာကြောင့် မဟုတ်လျှင် သူ့ရဲ့အနာဂတ် ရှစ်တိနဲ့ရှစ်မေ့တွေအရှေ့မှာ သူ့သိက္ခာတွေအကုန်ကျဆင်းကုန်လိမ့်မည်။


လက်ရှိမှာတော့ ချီလျန်ဟုန်ယွင်၏‌ညာခြေထောက်ဟာ ထုံသွားပြီး ဘာမှကိုမခံစားရတော့ပေ။ ချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲရှိသည့် ထိုကလေးက ဖြုံလောက်သည့်လျှပ်စစ်ပုံစံနဲ့ လာတိုက်ခိုက်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့မိဘူး။


ချီလျန်ဟုန်ယွင်က ရွှီဇီယန်ဘာကြောက်စိတ်မှမဝင်တာကို မြင်လိုက်ရပြီး သူသွေးအန်ထွက်တော့မလိုတောင်ဖြစ်လာသည်။ သူကသန်မာပြီး အရိုင်းဆန်သည့် ဘဲငန်းဖြစ်သည်။ ဒါပေမယ့် ဘဲကလေးတစ်ကောင်ကြောင့် သူ့မျက်လုံးကန်းသွားသည်အထိ ထိုးဆိတ်ခံလိုက်ရသည်။ ဒီကလေး! ကောင်းပြီလေ! ချီလျန်ဟုန်ယွင်က သေချာပေါက် မင်းကိုမှတ်မိနေမှာ!


ဆံပင်နီနီအသားညိုညိုလူကြီးက ရွှီဇီယန်အားခေါ်ကာ ပခုံးပုတ်လိုက်ပြီး

“မင်းရဲ့ရှစ်ရှုန်းတောင် မင်းရဲ့တိုက်ခိုက်မှုကို မခံနိုင်လိုက်ဘူးဆိုတော့ မင်းကဘယ်ဆိုးလို့လဲ ငါမင်းကိုအမှတ်ပိုပေးမယ်” သူပြောလို့ပြီးသည်နှင့် ရွှီဇီယန်အားအာရုံစိုက်နေတာကို ရပ်လိုက်ပြီး အခြားသူတွေဘက်သို့ လှည့်လိုက်သည်။


စာမေးပွဲဖြေဆိုသူအားလုံး၏အမူအရာက ပြောင်းလဲသွားသည်။ အမှတ်တစ်မှတ်ဘာကို ဆိုလိုတာလည်း သူတို့မသိပေမယ့် ကြီးကြပ်သူက ရွှီဇီယန်အား ချီးကျူးလိုက်တာတော့ သူတို့သေချာသိပေသည်။


ဆံပင်နီနီအသားညိုညိုနဲ့လူကြီး၏ အကြည့်တွေမှာ ပြုံးနေသည့်အရိပ်အယောင်တွေ ပါနေလေသည်။ ထို့နောက်မှာတော့ သူကတမင်သူ့မျက်နှာအမူအရာကို အေးစက်စက်ပြောင်းလိုက်ပြီး စာမေးပွဲဖြေဆိုသူတွေအား ပြောလိုက်သည်။

“ဒီနေရာကနေ လျှိုကွမ်းဂိုဏ်းကို သွားရာမှာ သုံးရက်လောက် အချိန်ယူရလိမ့်မယ် သုံးရက်ကြာပြီး ရင်းရှီ(3AMနဲ့5AMကြား)အချိန်မရောက်ခင် လျှိုကွမ်းဂိုဏ်းကိုမရောက်သေးတဲ့သူတွေ ဒါ‌မှမဟုတ် နှစ်မှတ်မရတဲ့သူတွေ အားလုံးထုတ်ပယ်ခံရမယ်” 

သူစကားပြောလို့ပြီးသွားသည့်နောက် သူ့လက်ကိုခဏလောက် မြောက်ထားလိုက်သည်။ ထို့နောက်မှာတော့ တဖိတ်ဖိတ်တောက်ပနေသည့် အနီရောင် ကျောက်စိမ်းဆွဲပြားလေးတွေကို ထုတ်လိုက်သည်။ စာမေးပွဲဖြေဆိုသူတွေ အားလုံး၏လက်မှာ တစ်ခုစီရှိနေကြပေမယ့် ရွှီဇီယန်ဆီမှာကတော့ နှစ်ခုရှိနေသည်။ 


“ဒီကျောက်စိမ်းပြားတွေက မင်းတို့ကိုကိုယ်စားပြုတယ် ပြီးတော့ အဲ့ဒါတွေက တစ်မှတ်တန်တယ်” ဆံပင်နီနီအသားညိုညိုလူကြီးက လက်တစ်ချောင်းကိုမြောက်ကာ “ညီတူညီမျှပဲ မင်းတို့ရဲ့အကိုကြီး အမကြီးတွေမှာလည်း ကျောက်စိမ်းဆွဲပြားတစ်ခုစီရှိကြတယ် ဒါပေမယ့် သူတို့ဟာကအစိမ်းရောင် အဲ့ဒါတွေကလည်း တစ်မှတ်ပဲတန်တယ်”


ဆံပင်နီနီအသားညိုညိုလူကြီးက အားရပါးရရယ်‌မောလိုက်ကာ

“မင်းတို့ရဲ့ပန်းတိုင်က မင်းတို့ရဲ့ ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေကို အနိုင်ယူပြီး သူတို့ရဲ့ကျောက်စိမ်းဆွဲပြားတွေကို ခိုးယူဖို့ပဲ မင်းတို့လုပ်ရမှာက အဲ့ဒါတစ်ခုတည်းတော့ ဘယ်ဟုတ်မလဲ အကယ်၍ မင်းတို့ရဲ့ ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေသာ မင်းတို့ရဲ့ကျောက်စိမ်းပြားကို လုယူသွားမယ်ဆိုရင် မင်းတို့အဲ့အတွက်စိတ်ပူစရာမလိုပါဘူး မင်းတို့အခြားတစ်ယောက်ရဲ့ဟာ ပြန်သွားခိုးလို့ရပါတယ် အခု——”


ရုတ်တရက်နဖူးကြောတွေတွန့်သွားပြီး သူကလူတိုင်းကိုလိုက်ကြည့်လိုက်သည်။

“ကျောက်စိမ်းဆွဲပြားမှာ မင်းတို့ရဲ့စိတ်ဝိညာဉ်နဲ့ အမှတ်အသားလုပ်လိုက်” ဆံပင်နီနီအသားညိုညိုလူကြီး၏အမိန့်အတိုင်း လူတိုင်းကသူတို့၏ကျောက်စိမ်းဆွဲပြားမှာ အမှတ်အသားလုပ်လိုက်ကြသည်။ 


“မင်းတို့လျှိုကွမ်းဂိုဏ်းကို ပြန်ရောက်ရင် ငါမင်းတို့ရဲ့ ကျောက်စိမ်း‌ဆွဲပြားတွေကို ပြန်စစ်မှာ အကယ်၍ မင်းတို့ရဲ့ကိုယ်ပိုင်ကျောက်စိမ်းဆွဲပြားတွေ မင်းတို့ဆီမှာပြန်ရှိနေမယ်ဆိုရင် တစ်မှတ်ရမယ်၊ အကယ်၍ မင်းတို့ကအစိမ်းရောင်ကျောက်စိမ်းပြား လုယူနိုင်ခဲ့မယ်ဆိုရင် တစ်မှတ်ရမယ်၊ အကယ်၍ မင်းတို့ကအခြားစာမေးပွဲဖြေဆိုသူရဲ့ အနီရောင်ကျောက်စိမ်းပြားကို ခိုးယူခဲ့မယ်ဆိုရင်_____” သူကခဏလောက် ရပ်လိုက်ပြီး ဆက်ပြောလေသည်။

“အခြားစာမေးပွဲဖြေဆိုသူတွေရဲ့ အနီရောင်ကျောက်စိမ်းသုံးခုက တစ်မှတ်နဲ့ညီမျှလိမ့်မယ်”


စာမေးပွဲဖြေဆိုသူတွေအားလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ လျှိုကွမ်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်စာမေးပွဲက ခက်ခဲတယ်ဆိုပေမယ့် ဒီနှစ်စာမေးပွဲက ပိုပြီးတော့လူသတ်ကောင်နဲ့တူပေသည်။ သူတို့ရဲ့အနာဂတ် ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေ ချုံခိုတိုက်ခိုက်တာကိုလည်း ဂရုစိုက်ဦးမည်။ ပြီးတော့ သူတို့ရဲ့စာမေးပွဲဖြေဆိုမည့် အဖွဲ့ဝင်တွေ တိုက်ခိုက်တာကိုလည်း သတိထားရဦးမည်။


အသားညိုညိုလူကြီးက သေသေချာချာပြောသွားသည် ; အကယ်၍ သူတို့ကိုယ်ပိုင်ကျောက်စိမ်း ဆုံးရှုံးသွားပါက အခြားတစ်ယောက်ဟာကို သူတို့ခိုးလို့ရပေသည်။ တစ်နည်းအားဖြင့်ဆိုရရင် အခြားလူတစ်ယောက်ယောက်နဲ့ အသည်းအသန်တိုက်ခိုက်ပြီး ရှုံးသွားတာထက် ထိုတိုက်ပွဲကိုရှောင်ကာ သူတို့၏စွမ်းအင်တွေကို ထိန်းသိမ်းထားလို့ရပေသည်။ ထိုနည်းလမ်းဖြင့် နောက်မှ အခြားသောအားနည်းသည့် စာမေးပွဲဖြေဆိုသူတွေကို အနိုင်ကျင့်ဖို့ အခွင့်အရေးရပေလိမ့်မည်။


ဘယ်သူမှအဲ့လောက်ထိမတုံးကြပေ။ အနီရောင်ကျောက်စိမ်းသုံးခုက တစ်မှတ်နဲ့ညီပေမယ့် ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေ၏ စွမ်းရည်တွေကလည်း ချီစွမ်းအင်စုဆောင်းမှုအဆင့်ထိ ဖိနှိပ်ခံထားရရင်တောင် စာမေးပွဲဖြေဆိုသူတွေကလည်း သတ္တမ၊အဋ္ဌမ ချီစွမ်းအင်စုဆောင်းမှုအဆင့်လောက်ပဲ ရှိထားကြတာကြောင့် စာမေးပွဲဖြေဆိုသူတွေသာ အနိုင်ကျင့်ခံရပေလိမ့်မည်။


အသားညိုညိုကြီးကြပ်သူကတော့ စာမေးပွဲဖြေသူတွေ၏ ဆွေးနွေးနေမှုကို ဘာမှဝင်မပြောပေ။ ထို့အစား သူကရွှီဇီယန်ဘက်လှည့်ကာ ပြုံးပြလိုက်သည်။


စာမေးပွဲဖြေဆိုသူတွေကလည်း သိသွားကြပြီးနောက် သူ့အားငေးကြည့်လာပြီး တိတ်သွားကြသည်။


"ကောင်လေး မင်းကအတော်ကံကောင်းတာပဲ ဒီအနီရောင်ကျောက်စိမ်းဆွဲပြားနှစ်ခုလုံးက မင်းရဲ့ကိုယ်ပိုင်တွေပဲ ပြောရရင်တော့ မင်းကနှစ်မှတ်ရနေပြီပေါ့ မင်းသာမြန်မြန်သွားရင် မင်းရဲ့ရှစ်ရှုန်းရှစ်ကျဲတွေ မင်းဆီကနေမလုယူသွားခင် လျှိုကွမ်းဂိုဏ်းကို ရောက်ချင်ရောက်သွားနိုင်တယ်” ဆံပင်နီနီအသားညိုညိုလူကြီးဟာ ရက်စက်သည့်အပြုံး ပြုံးပြလိုက်သည်။ 


ရွှီဇီယန်က အကူအညီမဲ့သည့်ပုံစံဖြင့် ခါးသီးစွာ ပြုံးပြလိုက်သည်။ သူတစ်ယောက်တည်းကပဲ ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေကို ချုံခိုတိုက်ခိုက်နိုင်တာမဟုတ်ပေ။ သူတို့တွေကလည်း သူ့အားတူညီသည့် အခြေအနေမျိုး ပြန်လုပ်လာနိုင်တယ် မဟုတ်ဘူးလား? ကြီးကြပ်သူဦးလေးကြီးရယ် ဘာလို့ကျွန်တော့်ကို ဒီလိုအခြေအနေရောက်အောင် လုပ်လိုက်တာလဲ?


ဆံပင်နီနီအသားညိုညိုကြီးကြပ်သူ ပြောလိုက်ပြီးနောက် အခြားသောစာမေးပွဲစစ်ဆေးသူတွေဟာ ရွှီဇီယန်အား မနာလိုနေသည့် အကြည့်တွေဖြင့်စိုက်ကြည့်နေကြသည်။ ဒီလိုဖြစ်သွားပြီးပြီဆိုတော့လည်း ရွှီဇီယန်ဘာမှမတတ်နိုင်တော့ဘူး။ ဒါပေမယ့် ပြဿနာက အဲ့ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေ ကြည့်နေကြသည့် အကြည့်တွေက အလွန်ထူးဆန်းလှသည်။ 


ကြီးကြပ်သူပြောလိုက်သည့် အကြောင်းက ရွှီဇီယန်အားအကူအညီရသလို ပုံစံဖြင့် ပိုပြီးတော့ လူမုန်းများသွားစေသည်။ လက်ရှိမှာတော့ အခြားသောစာမေးပွဲဖြေဆိုသူတွေပဲဖြစ်ဖြစ် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေပဲဖြစ်ဖြစ် သူတို့အားလုံးက သူ့ကိုပဲပစ်မှတ်ထားနေကြမှာ ရွှီဇီယန်စိုးရိမ်မိသည်။


ထိုအကြောင်းအရာကြောင့် သူတော်တော်လေးကို စိတ်ဓာတ်ကျမိသည်။ ဒီကြီးကြပ်သူက အဓိပ္ပါယ်ရှိရှိ လုပ်လိုက်တာပဲ။ အရင်ရွှီဇီယန်ရဲ့မှတ်ဉာဏ်ထဲမှာ ဒီကြီးကြပ်သူက သာမန်ပဲဆိုတာ သူမှတ်မိသေးသည်။ သူသောကမီးတွေ တောက်လောင်နေရပြီဆိုတာ ဘယ်သူသိမှာလဲ? အကယ်၍ ရွှီဇီယန်ကြိုသိခဲ့ပါက ဝေ့ချင်နဲ့အခြားနှစ်ယောက်ပုံစံအတိုင်း လိုက်လုပ်ပြီး အမဲရောင်ဝတ်စုံနဲ့လူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရုံပဲလုပ်လိမ့်မည်။ တွင်းထဲကိုဒီအတိုင်းကြီးကျသွားပြီး ဘာကြောင့်များ သူအန္တရာယ်ကို လက်ပြခေါ်ခဲ့မိတာလဲ………


“အာ ဟုတ်သားပဲ ငါပြောဖို့မေ့နေသေးလို့” ဆံပင်နီနီအသားညိုညိုလူကြီးက ရုတ်တရက် တွေးတောလိုက်သည်။ 

“နှစ်မှတ်ရင် မင်းတို့အောင်ပြီ၊ ဒါပေမယ့် အမှတ်အသားတွေနဲ့ ရမှတ်တွေလိုမျိုး အဲ့ဒါထက်ပိုကောင်းတာ ရှိသေးတယ်၊ ပြောရရင် လျှိုကွမ်းအဆောင်ကို ပထမဆုံးရောက်တဲ့ စာမေးပွဲဖြေဆိုသူက အမှတ်ပိုဆယ်မှတ်ရမယ်၊ ဒုတိယလူက ကိုးမှတ်ရမယ်၊ အမှတ်ပိုတွေက တဖြည်းဖြည်းနည်းသွားလိမ့်မယ်၊ အဲ့ဒီအမှတ်တွေအားလုံးက ဒုတိယစာမေးပွဲမှာ မင်းတို့အတွက် အလွန်အသုံးဝင်လာလိမ့်မယ်၊ ဒီအချိန်အတွင်း မင်းတို့ဘာအန္တရာယ်မှ မရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် ကံကောင်းကြပါစေ!”


ကြီးကြပ်သူပြောလို့ပြီးသည်နှင့် အခြားလူတွေမသွားခင် သူကစာမေးပွဲဖြေဆိုသူတွေအား တောအုပ်ထဲကို ထွက်သွားခွင့်ပြုလိုက်သည်။ သူတို့ရဲ့အနာဂတ် ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေကတော့ သူတို့ထွက်သွားပြီး နှစ်နာရီကြာမှ စထွက်လို့ရပေမည်။ ဒီအချိန်အတွင်း သူတို့အား ဝေးနိုင်သမျှဝေး‌ထွက်သွားလို့ရအောင် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။


ရွှီဇီယန်ကသုန်မှုန်စွာ ရွှီဇီရုန်နဲ့အတူ တောအုပ်ထဲသို့ ထွက်လာခဲ့သည်။ သူမကြည့်လိုက်ပေမယ့် ထိုတောက်လောင်နေသည့် အကြည့်တွေက သူ့အားအာရုံစိုက်နေသည်ဆိုတာကို သူခံစားမိသည်။


အား ထားလိုက်ပါတော့လေ။ အဲ့ဒါကမတော်တဆဖြစ်သွားတယ်ဆိုပေမယ့် သူ့စွမ်းရည်တိုးတက်လာဖို့ အခွင့်‌အရေးလည်း ဖြစ်နိုင်တာပဲလေ။ အနာဂတ်မှာ စွမ်းအားကြီးမားသည့် အဖွဲ့အစည်းကြီးကို ရွှီဇီယန်ဖန်တီးချင်ပါက အရာအားလုံးတည်ဆောက်နိုင်ဖို့အတွက် စွမ်းအင်လိုအပ်ပေသည်။


အခုအခြေအနေက မူလဝတ္ထုထဲက မော့ကျီးယွမ်၏အခြေအနေနှင့်တူပေသည်။ သူ့ရဲ့မော့ယွိလုံစံအိမ်က ရွှမ်းယွိနယ်မြေတစ်ခုလုံးမှာ ကျော်ကြားတာကိုပဲ တွေးကြည့်မနေပါနဲ့။ မော့ကျီးယွမ်သာ စွမ်းအင်အလုံအလောက်မရှိပါက မော့ယွိလုံစံအိမ်၏ ကုန်သွယ်ရေးအဖွဲ့အစည်းက အသတ်ခံရဖို့စောင့်နေသည့် နွားနဲ့တူပေလိမ့်မည်။ မော့ကျီးယွမ်ပိုက်ဆံများများပိုရလေ သေဖို့ပိုနီးလေဖြစ်သည်။


“သွားကြရအောင်” ရွှီဇီယန် ရွှီဇီရုန်၏လက်ကိုဆွဲကာ ရိပ်ခနဲ တောအုပ်ထဲဝင်သွားတော့သည်။ ဖြစ်နိုင်တာက သူတို့နှစ်ယောက် ရွှီမိသားစု၏လွှတ်မြောက်ခြင်းအတတ်ပညာကို သင်ယူခဲ့လို့ဖြစ်မည်။ ထို့ကြောင့် ရွှီဇီရုန်က အဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲ ရှိနေသေးတာတောင် သူကရွှီဇီယန်၏အမြန်နှုန်းကို လိုက်နိုင်ပေသည်။


ရွှီမိသားစု၏လွှတ်မြောက်ခြင်းအတတ်ပညာက အခြားသောထိပ်တန်းကျင့်စဉ်အတတ်ပညာနဲ့ မတူပေ။ အမြန်နှုန်းကသာမန်ပဲဆိုပေမယ့် သူတို့နှစ်ယောက်ဟာ တောအုပ်ထဲမှာ မြန်နိုင်သမျှမြန်မြန် ပြေးလွှားလို့ရပေသည်။ ရွှီဇီယန်ကရွှီဇီရုန်ကိုအရှေ့ကနေ ဆွဲထားတာကြောင့် နီးနီးကပ်ကပ်နေတာက သူတို့၏စွမ်းအင်တွေကို ချွေတာရာလည်းရောက်သလို သူတို့၏ပတ်ဝန်းကျင်အား စူးစမ်းလို့လည်းရပေသည်။


“ကိုကို အနောက်ဘက် ခြေလှမ်းငါးဆယ်အကွာမှာ” ရွှီဇီရုန်ညင်သာစွာပြောလိုက်သည်။


ရွှီဇီယန်အကြည့်တွေက စူးရှသွားသည်။ သူတို့လာနေပြီဆိုတာ သေချာသွားပြီ။ လှည့်စားလိုက်သည့် ဆံပင်နီနီကြီးကြပ်သူက သူ့ပါးစပ်ကနေ စကားလေးသာပြောလိုက်ပေမယ့် သူ့ဆီကိုတော့အဆုံးမဲ့အဆင်မပြေမှုကို ယူလာ‌ဆောင်လာတော့သည်။


အသာအယာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ရွှီဇီယန် သူ့လေးကိုထုတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်မှာတော့ လျှပ်စစ်တွေပါဝင်နေသည့် ခရမ်းရောင်မြားကို ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။ သစ်ပင်၏ပင်စည်အားထိုးဖောက်သွားသည့် အသံထွက်ပေါ်လာပြီး အပေါက်ကြီးဖြစ်သွားလေသည်။


ဟမ်? 


ရွှီဇီယန်အတော်လေး အံ့ဩသွားသည်။ သူ့တိုက်ခိုက်မှုက မအောင်မြင်လိုက်ဘူးလား? 


“သူတို့ပြေးသွားကြပြီ” ရွှီဇီရုန်နဖူးရေတွန့်သွားသည်။


“သူတို့ပြေးသွားတယ်ဆိုရင်လည်း ထားလိုက်တော့ သူတို့နဲ့ရင်ဆိုင်ဖို့ ငါတို့မှာအချိန်မရှိဘူး ဒီစာမေးပွဲမှာ ငါတို့ကိုခြိမ်းခြောက်နိုင်တာဆိုလို့ စာမေးပွဲဖြေဆိုသူအနည်းငယ်ပဲရှိတာ အဲ့ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေကမှ တကယ့်အန္တရာယ်အရှိဆုံးသူတွေပဲ”


ရွှီဇီယန်သူ့နှာခေါင်းသူပွတ်လိုက်သည်။ 

“ငါကြိုစောစောသိခဲ့ပါက ငါလက်ဦးမှုအရင်ယူပြီး မလှုပ်ရှားပါဘူး ကျွတ် ကျွတ် အဲ့ဒီကြီးကြပ်သူက အလွန်ဉာဏ်များတာပဲ……”


ရွှီဇီရုန်ကအနည်းငယ်ပြုံးလိုက်သည်။ တစ်ခါတစ်လေမှာ သူ့ကိုကို၏အပြုအမူက အရမ်းချစ်စရာကောင်းတာပဲလို့ သူတွေးမိသည်။


“ချီးပဲ! တော်တော်ကိုအန္တရာယ်များတာပဲ………” ပိန်ပါးသည့်လူငယ်လေးက အလွန်ထိတ်လန့်နေသည့်မျက်နှာဖြင့် သူ့ရင်ဘတ်အားပွတ်သပ်လိုက်သည်။

“ငါအမြန်ပြေးလာတာ ကံကောင်းသွားတာပဲ ငါသာအဲ့ဒီတိုက်ခိုက်မှုကို ခံလိုက်ရပါက ငါအဲ့မှာတင် ကိစ္စတုံးသွားလိမ့်မယ်”


“ကျွတ် ကျွတ် အဲ့ဒီရွှီဇီယန်က ဘယ်နေရာကနေ လာခဲ့တာလဲ? မော့ရှင်းမြို့ရဲ့ရွှီမိသားစု? ငါသူတို့ကို တစ်ခါမှတောင်မကြားဖူးဘူး” ပိန်ပါးသည့်လူငယ်လေးက စိတ်ညစ်နေသည့် လေသံဖြင့် သူ့ဟာသူပြောနေလေသည်။


“အိုး ဟုတ်ပါပြီလေ လျှိုကွမ်းဂိုဏ်းရဲ့အတွင်းတပည့်စာမေးပွဲအတွက် ဒီနေရာမှာရှိနေကြတဲ့လူအားလုံးက လွယ်လွယ်နဲ့ရင်ဆိုင်လို့ရမှာမှမဟုတ်တာ ဒီရွှီဇီယန်၏အကြည့်တွေ အရမ်းစူးရှလွန်းတယ် ငါသူ့ကိုဘာမှမလုပ်နိုင်ဘူး သူ့ကိုဘာမှမလုပ်နိုင်ဘူး” သွားမယ့်ပန်းတိုင်ကို ခိုင်မာစွာဖျက်သိမ်းလိုက်ပြီး ရွှီဇီယန်အားဘာကြောင့် ရန်မစသင့်လည်းဆိုတာ ပိန်ပါးသည့်လူငယ်လေးက သူ့ဟာသူအကြောင်းပြချက်ရှာလိုက်တော့သည်။ 


သူကဘေးပတ်ဝန်းကျင်ကြည့်လာ အပြင်းကြောဆန့်လိုက်သည်။

“ငါတွေးနေမိတာက အဲ့ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေက အခုထိထွက်မလာကြသေးဘူးလား? သူတို့နဲ့တိုက်ခိုက်တာက ပိုကောင်းလိမ့်မယ်ထင်တယ် အနည်းဆုံးတော့ သူတို့ကသတ်ပစ်မှာတွေ ဒဏ်ရာအကြီးအကျယ်ရအောင်လုပ်မှာတွေ စိတ်ပူစရာမလိုဘူးလေ”


ပိန်းပါးသည့်ကောင်လေးက ထိုစကားကိုပြောပြီးနောက် သူ့နှာခေါင်းကို ရုတ်တရက်ရှုံ့လိုက်သည်။ သူ့မျက်နှာအမူအရာက ပြောင်းသွားပြီး သူ့ရဲ့ခန္ဓာကိုယ်နောက်ကျောက သစ်ပင်အားမှီလိုက်ပြီး တိတ်ဆိတ်စွာပျောက်ကွယ်သွားတော့သည်။


ခဏလောက်အကြာတွင် မည်းမှောင်နေသည့်အကြည့်နဲ့ ဆယ်ကျော်သက်ကောင်လေးက ပေါ်လာခဲ့သည်။ သူကပတ်ဝန်းကျင်ကို နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“ထူးဆန်းလိုက်တာ ရုတ်တရက်ကြီး သူဘယ်ပျောက်သွားတာလဲ? ထားလိုက်ပါတော့လေ နောက်တစ်ယောက်ပဲရှာလိုက်တော့မယ်”

သူပြောလို့ပြီးသည်နှင့် သူ့ရဲ့ပုံရိပ်ဟာ ရိပ်ခနဲ ပျောက်ကွယ်သွားတော့သည်။


တောအုပ်ဟာ တိတ်ဆိတ်ခြင်းတွေနဲ့ ဖုံးအုပ်နေသည်။ အချိန်တော်တော်ကြာတော့ မည်းမှောင်နေသည့်အကြည့်နဲ့ ‌ဆယ်ကျော်သက်ကောင်လေးက နောက်တစ်ခါ ရိပ်ခနဲ ထိုနေရာ၌ ပြန်ပေါ်လာသည်။ သူကသတိဝီရိယရှိကာ သူ့ပတ်ဝန်းကျင်အား စူးစမ်းလိုက်သည်။ ဒါပေမယ့် အစကနေအဆုံး သူ့ပစ်မှတ်ကို ရှာလို့မတွေ့ဘူး။ နောက်ဆုံးတော့ သူကရွေးချယ်စရာမရှိဘဲ လက်လျော့လိုက်ကာ သူထွက်သွားရန်ဆုံးဖြတ်လိုက်တော့သည်။


အချိန်ခဏလောက်ကြာတော့ ပိန်ပါးသည့်လူငယ်၏ခန္ဓာကိုယ်က ဖြေးညင်းစွာ ပေါ်ထွက်လာသည်။ ထိုတစ်ခါမှာတော့ သူကအသက်တောင် ကောင်းမွန်စွာ မရှူ‌နိုင်တော့ပေ။ ဒီနေရာကနေ ခြေလှမ်းဖွဖွလေးလျှောက်ကာ ထွက်သွားပြီး တော်တော်‌လေးဝေးသွားမှာ သူအမြန်ပြေးသွားကာ အသက်ရှူပေါက်ရသွားတော့သည်။ ထို့နောက်မှာတော့ သူကကျိန်ဆဲလေတော့သည်။

“ဒီစောက်စကားက ချဲ့ကားပြောတာမဟုတ်ဘူးကွ! အားလုံးကဒီလောက်စွမ်းအားကြီးနေမှတော့ သူ့လိုမျိုးလူတွေက ဘယ်လိုအသက်ရှင်နေထိုင်နေရမှာလဲ ဟမ်? 


ဒေါသထွက်စွာ သူ့၏အင်္ကျီလက်တွေကို ခါလိုက်ရင်း နောက်တစ်ကြိမ် သူ့ပုံရိပ်က ပျောက်ကွယ်သွားပြန်သည်………


စာမေးပွဲဖြေဆိုသူအားလုံးက အရွယ်နဲ့မလိုက်အောင်ထူးချွန်သည့် လူတွေသာဖြစ်ကြသည်။ ကြီးကြပ်သူက အခြားစာမေးပွဲဖြေဆိုသူတွေ၏ အနီရောင်ကျောက်စိမ်းဆွဲပြားသုံးခုက တစ်မှတ်နဲ့ညီမျှတယ်လို့ ဘာကြောင့်ရှင်းပြခဲ့လဲဆိုတော့ လူတိုင်းနီးပါးက သူတို့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေကို ဆွဲထားပြီးလို့ပဲဖြစ်သည်။


ကံမကောင်းသည့်လူသုံးယောက်ကိုဖမ်းပြီး သူတို့ဆီက ကျောက်စိမ်းဆွဲပြားတွေ ပေးအောင်ဖိအားပေးကာ ထို့နောက်မှာတော့ လျှိုကွမ်းဂိုဏ်းကို အမြန်ဆုံးနည်းနဲ့သွားပြီး ဒီအကဲဖြတ်ပြိုင်ပွဲမှာ ပထမဆုံးနေရာကိုယူကြလိမ့်မည်။


စာမေးပွဲဖြေဆိုသူတစ်ဝက်လောက်က ဒီလိုမျိုးအစီအစဉ်သာ လုပ်ကြလိမ့်မည်။ ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတို့တွေ စတင်ပြီး တောအုပ်ထဲဝင်တာနှင့် တစ်ချို့လူတွေက သူတို့ရဲ့ကျောက်စိမ်းဆွဲပြားတွေကို ဆုံးရှုံးလိုက်ရပြီဖြစ်နေလိမ့်မည်။


သူတို့တွေ၏ကိုယ်ပိုင်ကျောက်စိမ်းဆွဲပြားသာ ဆုံးရှုံးသွားပါက အခြားတစ်ယောက်ဟာကို ခိုးယူကြလိမ့်မည်။ အချိန်ခဏလေးအတွင်း စာမေးပွဲဖြေဆိုသူတွေအချင်းချင်း တိုက်ခိုက်ကြလိမ့်မည်။ သူတို့ကျောက်စိမ်းဆွဲပြားတွေ ဆုံးရှုံးလိုက်ရသည့် စာမေးပွဲဖြေဆိုသူတွေဟာ စွမ်းရည်အလွန်ညံ့တာဖြစ်သောကြောင့် ခပ်ဝေးဝေးသွားကြလိမ့်မည်မဟုတ်ပေ။ ထပ်ပြောရရင် သူတို့စွမ်းရည်နဲ့ အခြားသူဆီကနေ ခိုးယူဖို့ကလည်း အလွန်ခက်ခဲလှပေလိမ့်မည်။


ပိုလို့တောင်စိတ်ရှုပ်စရာကောင်းသည့် ဒီစာမေးပွဲဖြေဆိုသူတွေထဲမှာ သူခိုးအတတ်ပညာမှာ ကျွမ်းကျင်ကြသည့် သူလည်းပါဝင်သည်။ သူတို့အတွက်တော့အဆင်ပြေတာပေါ့ ဘာကြောင့်လည်းဆိုတော့ ဒီကျောက်စိမ်းဆွဲပြားတွေကို အလုံပိတ်ထားခွင့် ကန့်သန့်ထားတာကြောင့် ဘယ်သူမှ သူတို့၏အိတ်ထဲမှာ သိမ်းထားကြမည်မဟုတ်ပေ။ ထို့ကြောင့် စာမေးပွဲဖြေဆိုသူအားလုံးက သူတို့၏ကျောက်စိမ်းဆွဲပြားတွေကို ခန္ဓာကိုယ်၌သာ ဖွက်ထားကြလိမ့်မည်။


#TK