Chapter 41
Viewers 4k

Chapter 41


ရှဟုန်လျန်က သူမလက်ထဲက အစိမ်းရောင်ကျောက်စိမ်းဆွဲပြားလေးကို ကြည့်ရင်းမှင်တက်သွား၏။ ဒီရှစ်ရှုန်းက တကယ့်ကိုရိုးသားတာပဲ။


(အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူကတော့ အလွန်ကိုဒေါသထွက်နေသည်။ သူမရိုးသားရင်ရော သူဘာလုပ်လို့ရဦးမှာလဲ? သူသိက္ခာတွေပဲ ပိုကျဆင်းကုန်မှာမလား?)


တောအုပ်အတွင်း၌ အမဲလိုက်နေကြသည့်လူတွေနဲ့ အမဲလိုက်ခံနေရသည့်လူတွေဟာ နေရာတိုင်းမှာရှိနေသည်။ တစ်ချိန်ထဲမှာပင် မုဆိုးနဲ့သားကောင်ဟာ လျင်မြန်စွာ နေရာပြောင်းလဲကုန်သည်။


စာမေးပွဲဖြေဆိုသူတွေအချင်းချင်းနဲ့ စာမေးပွဲဖြေဆိုသူတွေနဲ့အမဲရောင်ဝတ်စုံကျင့်ကြံသူ‌‌တွေကြားမှာ အချိန်ပြည့်တိုင်း သူတို့တွေ၏ကျောက်စိမ်းဆွဲပြားတွေကို ဆုံးရှုံးနေကြသည်။ ထို့အပြင် သူတို့ကျောက်စိမ်းဆွဲပြားကို ဆုံးရှုံးလိုက်ရသည့်လူတွေဟာ အရှုံးပေးဖို့ငြင်းဆန်ကြသည်။ ဒါကြောင့် သူတို့တွေက အခြားလူတွေဆီကနေ ခိုးယူဖို့ အစီအစဉ်ဆွဲကြသည်။


ဥပမာအနေဖြင့်———


ခိုးကြောင်ခိုးဝှက်နဲ့လူက တောင်၏ဘေးဘက် လမ်းကြောင်းကနေ ဂရုတစိုက်သွားပြီး သူ၏ပုံရိပ်ကိုဖုံးကွယ်ဖို့ တောင်အားအမှီပြုထားသည်။

သူကလျှိုကွမ်းဂိုဏ်းကို သွားရာလမ်းတစ်ဝ‌က်ကနေ ဝေ့ချင်၏လုယက်မှုကိုခံလိုက်ရသည့် ငတုံးတစ်ယောက်သာဖြစ်သည်။ သူ၏ကျောက်စိမ်းဆွဲပြား အပါအဝင် ကျောက်စိမ်းဆွဲပြားလေးခုကို သူဆုံးရှုံးလိုက်ရပေမယ့် ဒီခိုးကြောင်ခိုးဝှက်နဲ့လူက စိတ်ဓာတ်ကျမှုမှမရှိပေ။ ထိုအစား သူကတောအုပ်ထဲမှာ စိတ်ရှည်လက်ရှည် ပုန်းနေပြီး ချုံခိုတိုက်ခိုက်ဖို့ အခွင့်အရေးစောင့်နေသည်။


မိုးကောင်းကင်က လုံ့လဝီရိယရှိသည့်လူတွေကို ကောင်းချီးပေးလိုက်တယ် ထင်ပါရဲ့။ မမျှော်လင့်ပဲ ညလယ်ခေါင်အချိန်၌ စာမေးပွဲဖြေဆိုသူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြင်းအထန်ထိုးနေကြသည်ကို ခိုးကြောင်ခိုးဝှက်နဲ့လူက မြင်သွားသည်။ စာမေးပွဲဖြေဆိုသူနှစ်ယောက်ဟာ ‌တိုက်ခိုက်ကြရင်း သတိလစ်သွားတာကို သူမြင်လိုက်ပြီး ခိုးကြောင်ခိုးဝှက်နဲ့လူက အလွန်ပျော်သွား၏။ သူတို့အနားမှာ ထောင်ချောက်ရှိ၊မရှိဆိုတာ သေချာစစ်ဆေးပြီးနောက် သူတို့တွေ၏ကျောက်စိမ်းဆွဲပြားတွေကို ခြေရာလက်ရာမကျန်အောင် ယူသွားတော့သည်။


အဲ့ဒီလိုအဖြစ်အပျက်မျိုးနဲ့ နောက်တစ်ကြိမ်ထပ်ကြုံပြန်လေသည်။ အဆုံးမှာတော့ ခိုးကြောင်ခိုးဝှက်နဲ့လူက သူ့ရဲ့လျင်မြန်သွက်လက်မှုကြောင့် တစ်ပန်းသာပြီး အနီရောင်ကျောက်စိမ်းဆွဲပြားခြောက်ခုကို ရသွားပြီးဖြစ်လေသည်။


သူ့လက်ထဲကကျောက်စိမ်းဆွဲပြားတွေကို စိုက်ကြည့်နေရင်း ခိုးကြောင်ခိုးဝှက်နဲ့လူ————ထိုသူ၏နာမည်က ယွီဟော်ဖြစ်ပြီး အနာဂတ်မှာတော့ 'ကြွက်'လို့သိထားကြကာ သူ့လက်ကို မည်းမှောင်နေသည့်မျက်နှာဖြင့် ကြည့်နေသည်။ သာမန်အခြေအနေမှာဆိုရင် တစ်စုံတစ်ယောက်ကသာ ကျောက်စိမ်းဆွဲပြားအလုံအလောက် ရရှိသွားပါက သူတို့တွေအရမ်းပျော်သွားကြမှာဖြစ်သည်။ ဒါပေမယ့် ယွီဟော်က မြစ်ဝှမ်းအနားမှာ နတ်ဘုရားက စောင့်ကြပ်နေတာကို သတိရသွားပြီး သူကြောက်လွန်းလို့ ခေါင်း‌ကိုက်သလိုတောင် ခံစားလိုက်ရသည်။


သူ၏ဖုံးကွယ်သည့်အတတ်ပညာက အလွန်ကောင်းသည်။ ဒါပေမယ့် ဝေ့ချင်၏အနံ့ခံအာရုံအောက်ကနေ မြေဝှမ်းကို သူ့နည်းလမ်းနဲ့သူ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူမသေချာပါ။ ပြီးတော့ ဝေ့ချင်တားဆီးတာကို သူခံလိုက်ရပါက သူ့ရဲ့ကျောက်စိမ်းဆွဲပြားအားလုံးကို သူဆုံးရှုံးရပြန်လိမ့်မည်။ ဒါပေမယ့် သူတောအုပ်ထဲမှာ ဆက်ပြီးပုန်းနေပြန်ရင်လည်း သုံးရက်အတွင်း လျှိုကွမ်းဂိုဏ်းကို ရောက်မှာမဟုတ်ဘူး။ အဲ့လိုဆိုရင် ရလဒ်က ထပ်ပြီးပြန်အဖမ်းခံမှာပဲ။


ယွီဟော်၏ပုံစံဟာ စိတ်ပျက်လက်ပျက်‌ဖြစ်နေပြီး နံရံကိုကုတ်ခြစ်ဖို့သာ တတ်နိုင်တော့သည်။ ဝေ့ချင်ကမြစ်ဝှမ်းကို စောင့်ကြပ်ထားတာကြောင့် ဘယ်သူတွေများ အဲ့လမ်းကိုဖြတ်ကျော်ရဲမလဲဆိုတာ သူမတွေးတတ်တော့ပေ………အိုး ရှဟုန်လျန်တော့ ဖြတ်နိုင်လိမ့်မည်။ ဟူယွိထျန်ကလည်း အခွင့်အရေးရှာပြီး ကောင်းကောင်းမွန်မွန်ဖြတ်နိုင်လိမ့်မည်။ အာ ဟုတ်သားပဲ အဲ့ဒီရွှီမျိုးရိုးနာမည်နဲ့ စတဲ့လူလေ……ရွှီဘာဆိုလားပဲ သူလည်းဖြတ်လိမ့်မည်။ ဒါပေမယ့် ဝေ့ချင်က အဲ့ဒီအင်အားကြီးသည့်လူတွေနဲ့ သူသေကိုယ်သေတိုက်ခိုက်ဖို့ ရည်ရွယ်ထားတာမဟုတ်ဘဲ ထိုအစား 'အားနည်းပြီးမဆိုစလောက်'သာရှိသည့် သူ့လိုမျိုးစာမေးပွဲဖြေဆိုသူတွေဆီကနေပဲ ကြားဖြတ်လုချင်တာဆို‌ရင်တော့ အဲ့ဒါကအတော်လေးကို ပြဿနာရှိသည်။


ဟမ်? 


ယွီဟော်က ဘာကိုရွေးချယ်ရမလဲဆိုတာ ဗျာများနေစဉ် သူ့နားကရုတ်တရက် ထောင်သွားသည်။ ထို့ကြောင့် သူကချက်ချင်းပင် သစ်ပင်မြင့်မြင့်ပေါ်သို့တက်လိုက်ကာ သူ့ကိုယ်သူပုန်းလိုက်၏။ သူ၏ဖုံးကွယ်နိုင်သည့် အရည်အချင်းက အလွန်ကောင်းတာကြောင့် တစ်စုံတစ်ယောက်က သိနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ရွှီဇီရုန်သာဒီနေရာမှာ မရှိပါက ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရွှီဇီယန်သူ့အားရှာတွေ့မည်မဟုတ်ပါ။ 


“ကိုကို” ရွှီဇီရုန်ရုတ်တရက် ခေါ်လိုက်တာကြောင့် ရွှီဇီယန်နောက်လှည့်ကာ သူ့အားလှည့်ကြည့်လာသည့်အချိန်၌ သူ့ညီငယ်လေးက သူ့လက်မှာတစ်ခုခုရေးနေတာကို သူသိလိုက်ရသည်။


ရွှီဇီယန်ချက်ချင်း သဘောပေါက်သွားသည်။ သူ့လက်ချောင်းဖြင့် ရွှီဇီရုန်၏လက်ပေါ်မှာ သူနားလည်ကြောင်းကိုပြောဖို့ ရေးပြလိုက်သည်။ ဒါပေမယ့် သူရွှီဇီရုန်အား မေးလိုက်သည်က

“ဇီရုန် ဘာဖြစ်လို့လဲ? မောနေလို့လား?”


ရွှီဇီရုန်၏မျက်လုံးက ရောင်ပြန်ဟပ်သွားပြီး သူ့ခေါင်းကိုခါယမ်းလိုက်သည်။ သူ့လက်ဖဝါးပေါ်၌ ရေးနေသည့်လက်ချောင်းက အနည်းငယ်ကြမ်းတမ်း‌တယ်ခံစားရပေမယ့် သူ့စိတ်မှာကတော့ ကြက်‌ကလေး လာဆိတ်နေပုံနှင့်တူပေသည်။


ရွှီဇီယန်အနည်းငယ်ပြုံးလိုက်သည်။ သူကရွှီဇီရုန်၏ လက်ကိုကိုင်ကာ အရှေ့သို့ဆက်သွားနေပေမယ့် အမှန်တကယ်ကတော့ သူအလွန်ကို သတိရှိထားပြီးဖြစ်သည်။ သေးငယ်ပြီးပိန်ပါးသည့် ခရမ်းရောင်လျှပ်စစ်ဟာ သူ၏လက်ပေါ်မှာ လည်နေပြီး ထိုအရာကအလွန်သေးတာကြောင့် နဂါးတစ်ကောင် လှည့်ပတ်ကစားနေတာနှင့် တူလေသည်။ ဒါပေမယ့် ထိုအရာက မထူးခြားသည့်သာမန်နဂါးပုံစံပေါက်နေပေမယ့် ခဏအတွင်း ၁၀ဆပြင်းသည့် စွမ်းအားကို ထုတ်ပေးပြီး အလွန်အံ့ဩစရာကောင်းသည့် ဖျက်စီးခြင်းစွမ်းအားဖြစ်ပေသည်။


သူတို့နှစ်ယောက်ဟာ တမင်တကာ ပုန်းနေသည့်လူအား ရှောင်ရမည့်လမ်းကိုမရွေးဘဲ ထို့အစား သူတို့သွားရမည့် လျှိုကွမ်းဂိုဏ်းဘက်သို့ လျှောက်သွားသည်။ သူတို့အား ချုံခိုတိုက်ခိုက်မှာကိုလည်း ရွှီဇီယန်မစိုးရိမ်ပေ။ ရွှီဇီရုန်၏လျှို့ဝှက်သင်္ကေတအရ ထိုလူ၏စွမ်းအားက နဝမချီစွမ်းအင်စုဆောင်းမှုအဆင့်သာ ရှိပေဦးမည်။ အခြားလူတွေကသာ ရွှီဇီယန်နဲ့ရွှီဇီရုန်တို့ နှစ်ယောက်အား အချိန်ခဏလေးအတွင်း တိုက်ခိုက်နိုင်လိမ့်မယ်လို့ မသေချာကြတာကြောင့် ဘယ်သူမှ သူတို့ညီအကိုနှစ်ယောက်အား ခက်ခဲအောင်မလုပ်ကြပေ။


အခြေအနေက သူမျှော်လင့်ထားသလိုပင်ဖြစ်သည်။ ထိုလူကသူ့ကိုယ်သူပဲ ဖုံးကွယ်ထားပြီး သူတို့ကိုဘာတိုက်ခိုက်မှုမှ မလုပ်လာပေ။ ရွှီဇီယန်ကလည်း ထိုလူအား အာရုံမစိုက်တော့ချေ။ သူ၏ပန်းတိုင်က ဒီစာမေးပွဲရဲ့ထိပ်ဆုံးနေဝင်ဖို့ပဲ ဒါကြောင့် ဒီ'အသုံးမဝင်'သည့် အနီရောင်ကျောက်စိမ်းဆွဲပြားတွေ အတွက်နဲ့ သူမတိုက်ခိုက်ချင်ဘူး။ ရွှီဇီယန်၏ပစ်မှတ်က အဲ့ဒီအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူတွေသာ ဖြစ်သည်။ လျှိုကွမ်းဂိုဏ်းသို့သွားရာတွင် အိတ်ထဲမှာ အစိမ်းရောင်ကျောက်စိမ်းဆွဲပြားတွေပဲ ရှိနေမှာက တွေးကြည့်ရုံနဲ့တင် သူစိတ်လှုပ်ရှားမိသည်! အား ဘယ်လိုတောင် လှပလိုက်မယ့်မြင်ကွင်းလဲ?


ညီအကိုနှစ်ယောက်ထွက်သွားပြီးနောက် ယွီဟော်က သူပုန်းနေသည့် သစ်ပင်အမြင့်က ခုန်ချလာသည်။ ထိုညီအကိုနှစ်ယောက်ပျောက်သွားသည့် ဘက်သို့ သူကစိုက်ကြည့်နေသည်။ သူခဏလောက်တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတော့ သူတို့အနောက်သို့ လိုက်ရန်ဆုံးဖြတ်လိုက်တော့သည်။


“ကိုကို အဲ့ဒီလူက ကျွန်တော်တို့အနောက် လိုက်လာတုန်းပဲ” ရွှီဇီရုန်ကမျက်တောင်မခတ်ဘဲ ပြောလိုက်သည်။


“ဟမ်?” ရွှီဇီယန်အတော်အံ့ဩသွားသည်။ အခြားစာမေးပွဲဖြေဆိုသူတွေဟာ သူတို့နှစ်ယောက်ကိုမြင်သွားပြီး သူတို့၏ကျောက်စိမ်းဆွဲပြားတွေကို လုယူမခံရပါက ပျော်ရွှင်စွာ မိုးနတ်မင်းကြီးအား ကျေးဇူးတင်ကြလိမ့်မည်။ သူတို့အနောက်ကိုလိုက်လာသည့် ဒီလူကအလွန်စွမ်းအားကြီးပြီး သူတို့ကိုတိုက်ခိုက်ဖို့များ အစီအစဉ်ဆွဲနေတာလား?


သူ့ကိုကို၏အကြည့်ကနေ မေးခွန်းကိုဖတ်လိုက်ပြီးနောက် ရွှီဇီရုန်ဖြေးညင်းစွာ ခေါင်းယမ်းလိုက်သည်။

“သူကျွန်တော်တို့အနောက်ကို လိုက်လာတာက အတော်လေးဝေးတယ်။ သူတိုက်ခိုက်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး”


ရွှီဇီယန်မျက်မှောင်ကြုတ်သွား၏။ နဝမချီစွမ်းအင်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်မယ်လို့ သူ့ကိုယ်သူယုံကြည်မှုရှိပေမယ့် သူတို့အနောက်အား အခြားတစ်ယောက်ကို လိုက်ခွင့်ပေးတာကတော့ သူအကျင့်မဟုတ်ပေ။


အကယ်၍ အခွင့်အရေးသာရရင် ထိုသူ့ဖမ်းမယ့်အစား အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူကို ဖမ်းတာကပိုကောင်းလိမ့်မည်။ ပြီးတော့ ထိုလူအား အပေးအယူညှိပြီးတော့ သူတို့အနောက်ကို လိုက်ဖို့ခွင့်ပြုလိုက်ပြန်ရင်လည်း အဲ့ဒါကအလွန်ကိုမိုက်မဲရာကျပေလိမ့်မည်။


“ဟုတ်ပြီ သူ့ကိုယ်တွယ်ကြတာပေါ့” ရွှီဇီယန်ကိုယ်ကိုကိုင်းလိုက်ပြီး ရွှီဇီရုန်၏နား၌ တိုးတိုးလေးပြောလိုက်သည်။ 


ကသိကအောက်ဖြစ်သလို ခံစားရတာကြောင့် ရွှီဇီရုန်ဘေးနားကို အနည်းငယ်ရွေ့လိုက်သည်။ ရွှီဇီယန်အသက်ရှူနေသည့် လေနွေးနွေးတွေက သူ့နားကိုလာရိုက်နေပြီး ယားသလိုခံစားရသည်။ သူအဲ့ဒီလိုခံစားချက်မျိုးကို ကျင့်သားမရသေးပေ။


ဒါပေမယ့် ရွှီဇီရုန် ထိုအတွေးတွေကို သူစိတ်ထဲကနေထုတ်ပစ်လိုက်သည်။ သူတို့တွေဟာ အရှေ့ကိုဆက်လျှောက်သွားကြပြီး ထောင်ချောက်တစ်ချို့လုပ်ရန် သူကနွယ်ပင်‌တွေဖြင့် ပြင်ဆင်နေသည်။


ယွီဟော်ကလည်း သတိရှိရှိ ရွှီမိသားစုကညီအကိုနှစ်ယောက်အနောက်သို့ လိုက်လာသည်။ သူကဂရုတစိုက် သူ၏ပုံရိပ်ကိုဖုံးကွယ်ထားတာကြောင့် ဘာကြောက်စိတ်မှမပေါ်ပေ။ ဘယ်လိုတိုက်ခိုက်မှုမျိုးက သူ့ကိုဆန့်ကျင်နိုင်မလဲဆိုတာ ဝေ့ချင်နဲ့အတွေ့အကြုံဆီကနေ သူသဘောပေါက်သွားပြီး နဝမချီစွမ်းအင်စုဆောင်းမှုအဆင့်နဲ့ ချီစွမ်းအင်စုဆောင်းမှုအဆင့်အားပြီးသူနဲ့ အနည်းငယ်လောက်သာ ကွာခြားလိမ့်မည်ဆိုသည့် သူ၏မူလအယူအဆက အလွန်ကိုအဓိပ္ပါယ်မရှိပေ။ ဝေ့ချင်က သူ့အားဘာအင်အားမှ သိပ်သုံးစရာမလိုဘဲ နင်းခြေသွားသည်။ 


ဝေ့ချင်အားယှဉ်လိမ့်မယ်လို့ ရွှီဇီယန်ကိုလည်း သိပ်ပြီးမမျှော်လင့်ပေ။ ဝေ့ချင်ကစစ်မှန်သည့် နဂါးသွေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး သူ၏နောက်ခံမိသားစုအသိုင်းအဝိုင်းကလည်း ရွှီဇီယန်ထက်ပိုသာသည်။ ဒါပေမယ့် ရွှီဇီယန်ဘေးမှာ သူ့ညီလေးရှိပြီး သူ့ညီလေးက အဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ပြီးသားဖြစ်သည်။ အဲ့လိုသာဆိုရင် ဒီညီအကိုနှစ်ယောက်ကို အသုံးချကာ သူက လွယ်လွယ်လေး လိုက်သွားရုံဖြစ်သည်။ 


ညီအကိုနှစ်ယောက်က သူ့အားရှာတွေ့သွားတာကို လုံးဝမသိတာကြောင့် ယွီဟော်က သူ၏ပြီးပြည့်စုံသည့်အစီအစဉ်အား သူ့ခေါင်း‌ထဲမှာတွေးတောနေသည်။ ရွှီမိသားစုကညီအကိုနှစ်ယောက်ရဲ့ ဖုံးကွယ်နိုင်သည့်အရည်အချင်းက သူ့ထက်တောင် ညံ့သေးတယ်ဆိုတာ သူပြောနိုင်သည်။ နောက်ပြီးတော့ ဝေ့ချင်သာ မြစ်ဝှမ်းကို စောင့်ကြပ်နေသေးပါက———သူတို့တွေကို ဝေ့ချင်သေချာပေါက် ရှာတွေ့လိမ့်မည်။


အကယ်၍ သူတို့အချင်းချင်းတွေ့ကြပြီး ရွှီမိသားစုကညီအကိုတွေနဲ့ ဝေ့ချင်နဲ့တိုက်ခိုက်နေကြပြီဆိုရင် မြစ်ဝှမ်းကိုဖြတ်ကူးဖို့က သူ့အတွက်အခွင့်အရေးကောင်းဖြစ်လိမ့်မည်။ သူကသူတို့တွေထက် အသာစီးဖြစ်နေပြီဖြစ်တာကြောင့် ဝေ့ချင်ကလည်း သူ့အားဖမ်းနိုင်မှာမဟုတ်လောက်ဘူးဆိုတာ ယွီဟော်သူ့ကိုယ်သူ ယုံကြည်မှုရှိနေလေသည်။


လျှိုကွမ်းဂိုဏ်းသို့ ပထမဆုံးလူအဖြစ် ရောက်ရှိသွားမည်လိမ့်ကို တွေးလိုက်ရင်း ယွီဟော်ကအလွန်ပျော်ရွှင်နေလေသည်။ အကြီးအကဲတွေနဲ့ဂိုဏ်းချုပ်ကြီးက သူ့အားသူတို့တပည့်အဖြစ် အတင်းတောင်း‌ဆိုနေရင် သူဘယ်လိုလုပ်ရမလဲဆိုပြီး စိတ်ကူးတွေယဉ်နေစဉ် သူ့ခြေထောက်က ချည်ခံထားရတာကို သူရုတ်တရက်ခံစားလိုက်ရသည်။ ချက်ချင်းငုံ့ကြည့်လိုက်တော့ သူရပ်ထားသည့်နေရာက နွယ်ပင်တွေနဲ့ ကြီးမားသည့်ပိုက်ကွန်ကြီးဖြစ်နေသည်။ ထိုနွယ်ပင်တွေက သူ့အားလွှမ်းခြုံသွားပြီး လေပေါ်မြောက်တက်သွားသည်။


ယွီဟော်ကမျက်စိတစ်မှိတ်အတွင်း ဓားမြှောင်ကိုထုတ်လိုက်သည်။ သူက နွယ်ပင်ဖြင့်ပြုထားပြီး သေးသွယ်သည့်ဘက်ကပိုက်ကွန်အား ဖြတ်ရန်ကြိုးပမ်းလိုက်သည်။ ဒါပေမယ့် သူဘာမှမလုပ်ရသေးခင် ရွှီမိသားစုညီအကိုတွေက သူ့ဆီလာနေတာကို သူရုတ်တရက်တွေ့လိုက်ရသည်။ သူလွတ်မြောက်ဖို့ တွေးတုန်းပဲရှိသေးသည့်အချိန်တွင် ရွှီဇီယန်ကပိုက်ကွန်အောက်ကနေ သူ့အားပြုံး၍ကြည့်နေသည်။ 


“ဆက်ဖြတ်ဦးလေ မင်းဘာလို့အဲ့ဒီနွယ်ပင်တွေကို ဆက်မဖြတ်တော့တာလဲ?” ခရမ်းရောင်လျှပ်စစ်အလင်းတန်းဟာ ရွှီဇီယန်၏လက်ချောင်းထိပ်၌ လှည့်နေသည်။ သူ့မျက်နှာမှာ အပြုံးဆန်ဆန် အပြုံးမျိုးကို ချိတ်ဆွဲထား၏။ ဒါပေမယ့် ယွီဟော်အတွက်ကတော့ ထိုအပြုံးက ခြိမ်းခြောက်တာနှင့်တူပေသည်။


ယွီဟော်ကအကူအညီမဲ့စွာဖြင့် သူ့လက်နှစ်ဖက်အားမြှောက်လိုက်ကာ ခုခံမည့်သူ့၏ရည်ရွယ်ချက်ကို လက်လျော့လိုက်တော့သည်။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ မကျိန်ဆဲပဲမနေနိုင်ပေ။ သူဘာလို့ဒီလောက်တောင် ကံမကောင်းရတာလဲ? ဒီအချိန်မှာ သူအပင်ပန်းခံပြီးစုထားသည့် ကျောက်စိမ်းဆွဲပြားကို သူသိမ်းထားလို့ရမှာမဟုတ်တော့ဘူး။


“ဟီး ဟီး ဒီမှာမိတ်ဆွေ ဘယ်လိုမြင့်မြတ်တဲ့အရာကိုများလိုအပ်လို့ မင်းကငါတို့အနောက်ကနေ လိုက်လာတာလဲ?” ရွှီဇီယန်ပြုံးပြီးမေးလိုက်သည်။ ဒါပေမယ့် ယွီဟော်မပြောခင် သူကနောက်ထပ် တစ်ခွန်းထပ်ပြောလိုက်သည်။

“‌နောက်ပြီးတော့ ဒါကဒီအတိုင်း တိုက်ဆိုင်တာလို့ မပြောနဲ့နော် မင်းငါတို့အနောက်ကိုလိုက်နေတာ တစ်နာရီလောက်ရှိနေပြီ”


ယွီဟော်ပုံစံဟာ ခံစားချက်မရှိသည့်ပုံဖြစ်သွားပြီး သူစိတ်ထဲမှာတော့ ချုပ်တည်းမထားတော့ပဲ အရမ်းကိုဆဲချင်လာသည်။ ချီးပဲ ဒီအသုတ်စာမေးပွဲဖြေဆိုသူတွေအားလုံးက စောက်ချီးကိုကြောက်စရာကောင်းလှပါလား???!!! ဝေ့ချင်ဆိုသည့်အကောင်ကလည်း အရမ်းကို သတိရှိလွန်းသည်။ အခုလည်း ဒီရွှီဇီယန်က သူ့ရဲ့ဖုံးကွယ်ခြင်းအတတ်ပညာကို မြင်တယ်လား??!!


အပြုံးတစ်ခုကိုအတင်းလုပ်ယူလိုက်ပြီး ယွီဟော်က ပင်ပန်းခက်ခဲသည့်အမူအရာဖြင့် ပြောလေသည်။ “ဟ ဟ ရွှီရှုန်းကလည်း ဟာသတွေပြောပြန်ပြီ။ ကျွန်တော် ခင်ဗျားအပေါ် ဘာမကောင်းစိတ်မှမရှိပါဘူး”


ရွှီဇီယန်ကလည်း အပြုံးလေးဖြင့် ဆက်ပြီး

“ဟုတ်ပါတယ်လေ မင်းကအငြိုးမထားတတ်ပါဘူး ဒါဆို မင်းဘာလုပ်ချင်လို့ ငါတို့အနောက်က လိုက်လာတာလဲ?”


ရွှီဇီရုန်ကဘေးနားမှာ ရပ်နေသည်။ သူရွှီဇီယန်၏စကားကို ကြားလိုက်သည်နှင့် သူ၏လက်ချောင်းများဖြင့် နွယ်ပင်ကိုပြုလုပ်ထားသည့် ပိုက်ကွန်အား တင်းအောင်လုပ်လိုက်သည်။ ယွီဟော်က အသားလုံးတွေလို ထွေးလုံးသွားတော့သည်။


ရွှီဇီရုန်ကအေးစက်စက်အသံဖြင့် ပြောလိုက်ကာ

“ငါ့ကိုကိုက မင်းကိုမေးနေတယ် အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့”


ယွီဟော်ဟာဒေါသထွက်လာတော့သည်။ ချီးပဲဟေ့! ချီစွမ်းအင်စုဆောင်းမှုအဆင့် ပြီးသွားသည့် ကျင့်ကြံသူတွေက ကြောက်စရာကောင်းဆို ထားလိုက်ပါတော့! ဘာလို့များ ဒီအဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူကလည်း ဒီလောက်ထိ ကြောက်စရာကောင်းနေရတာလဲ??!! 


ယွီဟော်၏အသားအရောင်ကလည်း မြင်မကောင်းရှုမကောင်းဖြစ်နေပြီး သူ့အမူအရာကလည်း မကောင်းတော့ပေ။ ရွှီဇီယန်၏ပင်ကိုစရိုက်ကို ဆုံးဖြတ်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ရွှီဇီရုန်ကတော့ မတူပေ။ ဒီရွှီဇီရုန်က စစ်မှန်သည့် လူသတ်သမားတစ်ယောက်နဲ့တောင်တူပေသည်။ ဝေ့ချင်ဆီနဲ့ အခြေအနေတူညီသည့် ရွှီဇီရုန်‌‌ဆီကနေ အန္တရာယ်အ‌ငွေ့အသက်တွေရနေတာကို ယွီဟော်ခံစားမိသည်။ ဒီလူဟာအခြားလူတွေ သေမ‌သေဆိုတာကို ဂရုမစိုက်ဘူးလို့ ထိုအငွေ့အသက်တွေက ပြော‌ပြနေလေသည်။


ဒီစာမေးပွဲမှာသာ လူမသတ်ရဘူးလို့ မတားမြစ်ထားပါက ဝေ့ချင်နဲ့ရွှီဇီရုန်ကြောင့် သူသေလူဖြစ်နေလောက်ပြီဆိုကို ယွီဟော်ယုံကြည်ပေသည်။


သူတည်ငြိမ်စွာ တံတွေးကိုမြိုချလိုက်ပြီး ယွီဟော်က အခြေအနေတစ်ရပ်အနေနဲ့ ညှိနှိုင်းပြီးတော့ မြစ်ဝှမ်းအားဖြတ်ကျော်မည့် သူ၏အစီအစဉ်တစ်ခုလုံးကို ရှင်းပြလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် အဆိုးဆုံးအခြေအနေကတော့ သူ့ရဲ့ကျောက်စိမ်းဆွဲပြားတွေ ဆုံးရှုံးရုံလောက်ပဲဖြစ်လိမ့်မည်။ ဝေ့ချင်ဆီမှာလည်း သူတစ်ခါဆုံးရှုံးခဲ့ပြီးပြီ။ ရွှီမိသားစုရဲ့ညီအကိုတွေဆီမှာ ထပ်ပြီးဆုံးရှုံးလိုက်လို့လည်း ဘာမှကွဲပြားသွားမည်မဟုတ်ပေ………


“ဝေ့ချင် ဟမ်……?” ရွှီဇီယန်မျက်လုံး လက်သွားသည်။ မူလရွှီဇီယန်မှတ်ဉာဏ်ထဲမှာလည်း ထိုအဖြစ်အပျက်မျိုးပါရှိသည်။ ဒါပေမယ့် သူတို့နှစ်ယောက်တွေ့တာတော့ မဟုတ်‌ပေ။ ထိုအချိန်တုန်းက မူလရွှီဇီယန်ဟာ အဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်သာ ရှိသေးသည်။ သူကလျှပ်စစ်စိတ်ဝိညာဉ်သွေးကြောကိုပဲ အမှီပြုပြီး ကြီးမား‌‌သောဖျက်စီးခြင်းစွမ်းအားဖြင့် သူ၏အပေါင်းအဖော် စာမေးပွဲဖြေဆိုသူတွေကနေဆီသာ လုယူလေသည်။ မူလရွှီဇီယန် မြစ်ဝှမ်းကိုဖြတ်ကျော်သည့်အချိန်က ဝေ့ချင်ကထွက်သွားပြီဖြစ်လို့ သူ၏ကျောက်စိမ်းဆွဲပြားအား လုယူမခံလိုက်ရပေ။ သူကထိုအဖြစ်အပျက်တွေကို အခြားလူတွေဆီကနေ ကြားခဲ့တာဖြစ်ပြီး မူလရွှီဇီယန်ကတော့ ဘာမှဂရုမစိုက်ချေ။


“ကိုကိုက ဝေ့ချင်ကို ထွက်အောင်လုပ်ချင်လို့လား?” ရွှီဇီရုန်ကမေးလိုက်သည်။


ယွီ‌ဟော်၏မျက်လုံးတွေလည်သွားသည်။ သူ့ကိုကို,ကို ဝေ့ချင်အားထွက်ရအောင် သူက လုပ်ခိုင်းစေချင်နေတယ်လား? ဒီကလေးက အရမ်းချဲ့ကားပြောတာပဲ သူ့ရဲ့လျှာကအရမ်းကြီးပြီး လေးတာကြောင့် လေတိုက်လို့ ရွဲ့သွားတာဖြစ်မည်။ ပြီးတော့ ဝေ့ချင်က ဒီစာမေးပွဲ၏ အသန်မာဆုံး စာမေးပွဲဖြေဆိုသူဖြစ်သည်။ သူ့ကိုပြိုင်ပွဲကနေ ထွက်‌ရအောင်လုပ်တာထက် သူ့လက်ထဲကနေ လွတ်တာကပင် အတော်ကိုအံ့ဩစရာကောင်းနေပြီးဖြစ်သည်………


ရွှီဇီယန်အနည်းငယ် တွေးဆလိုက်သည်။ သူ့စွမ်အားနဲ့ဆိုရင် ဝေ့ချင်ကိုထွက်အောင်မလုပ်နိုင်ရင်တောင် သူတို့၏တိုက်ပွဲရလဒ်က မဲခွဲဆုံးဖြတ်မှရပေလိမ့်မည်။ သိထားသင့်သည်က ဒါကBLဝတ္ထုဖြစ်တာကြောင့် ရွှီဇီယန်ကမူလရွှီဇီယန်ထက်ပိုပြီး ကြိုးစားရသည်။ တစ်မူထူးခြားသည့်စွမ်းရည်နဲ့ ကြိုးစားသည့်လေ့ကျင့်မှုတွေရယ် ပေါင်းစပ်ပြီး သူ၏အလွန်အစွမ်းထက်သည့် လျှပ်စစ်စိတ်ဝိညာဉ်ကျင့်စဉ်ပါ ထပ်ပေါင်းထည့်လိုက်ပါက သူနဲ့မူလရွှီဇီယန်ကြားမှာ 'ချီစွမ်းအင်စုဆောင်းမှုအဆင့် နှစ်ဆင့်သာ ခြားနားသည်'လို့ သာမန်ဖြေရှင်းချက်တစ်ခုအနေဖြင့် ဆုံးဖြတ်လို့မရတော့ပေ။


ထို့အပြင် အကယ်၍ ရွှီဇီယန် ဝေ့ချင်အား မနိုင်ရင်တောင် ရွှီဇီရုန်လည်း ရှိသေးတာပဲမဟုတ်ဘူးလား?╮(^▽^)╭


#TK