Chapter 71
Viewers 4k

Chapter 71


ရုတ်တရက် ရွှီဇီရုန်နောင်တရသွားသည်။ သူ့ကိုကိုက ထိုတောကောင်ကိုထိန်းချုပ်လို့ရတယ်လို့ သူမပြောလိုက်သင့်သလို သွေးတစ်စက်ပေးပါလို့လည်း မပြောလိုက်သင့်ပေဟု ရွှီဇီရုန်တွေးနေမိသည်။ ထိုအရာက သူ့အတွက် အရမ်းကိုစိန်ခေါ်မှုကြီးလွန်းသည်။


ရုပ်သေးရုပ်တစ်ခုအတွက် သူ့ကိုကို၏သွေးတစ်စက်ကိုအသုံးပြုတာက ဖြုန်းတီးရာကျလွန်းသည်။


ဒါပေမယ့် သူဘာလိုအပ်တယ်ဆိုတာကို သူပြောလိုက်တာနဲ့ သူ့ကိုကိုကလည်း သွေးတစ်စက်ကို လွယ်လွယ်ကူကူပေးလာသည်။ ပြန်ယူသွားလို့ သူပြောလို့လည်းမရတော့ဘူး။


ဒါကြောင့် ထိုမြင်ကွင်းကိုမနာလိုစွာဖြင့် ရွှီဇီရုန် ထိုသွေးတစ်စက်ကို ရွှေရောင်တောကောင်၏အတွင်းကပြောင်းလဲမှုဆီသို့ ထည့်လိုက်သည်။ ထို့နောက် သူကအတွင်းကပြောင်းလဲမှုကို အရိုးစု၏အမြုတေဆီထည့်လိုက်ပြီး သူ၏ကိုယ်ပိုင်သွေးတစ်စက်ကို ပြန်ချလိုက်ပြီးနောက် မန္တန်ကိုစတင်တော့သည်။


ရွှီဇီယန်၏သွေးကို အတွင်းကပြောင်းလဲမှုမှ ထည့်လိုက်ပြီးနောက် ထိုအရာဟာလျင်မြန်စွာပေါင်းစပ်သွားပြီး ရွှီဇီရုန်၏သွေးစက်ဟာ သွေးပိုက်ကွန်အဖြစ် အတွင်းကပြောင်းလဲမှု၏အပြင်ဘက်မှာ ပုံပေါ်လာသည်။ အတွင်းကပြောင်းလဲမှုသန်မာလှသည့်အချိန်တွင် သွေးပိုက်ကွန်ဟာလည်း တဖြည်းဖြည်းကြီးထွားလာသည်။ ထိုသွေးဖြင့် သွေးကြောတွေ၊ အရိုးတွေ၊ တစ်ချို့သောအသားတွေ၊ ဆံပင်တွေ ဖြစ်ပေါ်လာပြီ…တစ်နာရီလောက်အကြာမှာတော့ ကြီးမားလှသည့်သတ္တဝါကြီးဟာ ရွှီညီအကိုနှစ်ယောက်အရှေ့၌ ပေါ်လာတော့သည်။


“အံ့ဩစရာကောင်းလိုက်တာ!” ရွှီဇီယန်အံ့ဩစွာဆိုလိုက်မိသည်။


ထိုမန္တန်ဟာဘယ်လောက်ဆန်းကျယ်လည်းဆိုတာ သူသိရှိထားပေမယ့် သေပြီးသားအရိုးကိုယ်တွေကို မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားသည့်သတ္တဝါအဖြစ်ဖန်တီးနိုင်လိုက်မှန်း သူတွေ့ရှိလိုက်ရသည်။


ဒါပေမယ့် သူ့စိတ်ထဲမှာ သံသယအချို့တော့ရှိနေသေးသည်။ ဝတ္ထုထဲမှာ ဒီလိုမန္တန်မျိုးကို သူတကယ်ဖတ်ခဲ့ရလို့လား?


ရွှီဇီရုန်က သွေးကိုအတွင်းကပြောင်းလဲမှုထဲ ထည့်လိုက်တာကို သူဘဝင်မကျဘူး။ ဒီလိုဆန်းကျယ်မှုကို သူမုန်းတာတော့မဟုတ်ပေမယ့် သူဝတ္ထုထဲမှာဖတ်ထားရတာက ရွှီဇီရုန်ဟာ သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံခြင်းပြီးနောက် မိစ္ဆာကျင့်ကြံသူဖြစ်လာသည်။ ဒါပေမယ့် သူကသွေးပင်လယ်နှလုံးကျင့်စဉ်ကို မကျင့်ထားတာကြောင့် ဘယ်လိုလုပ်များ…


မဟုတ်ဘူး…အဲ့ဒါကဘယ်လိုမှမဖြစ်နိုင်ဘူး…သူအတွေးလွန်နေတာပဲဖြစ်လိမ့်မည်!


ရွှီဇီယန်သူ့ခေါင်းကိုခါလိုက်သည်။ သူ၏ချစ်စရာကောင်းပြီးလိမ်မာသည့်ညီငယ်လေး ဘယ်လိုလုပ်များ အရင်ဘဝတုန်းကလို သွေးအေးရက်စက်တဲ့မိစ္ဆာဖြစ်နေနိုင်မှာလဲ? အဲ့ဒါကသွေးတစ်စက်ချရုံပဲကို ဘယ်လောက်ထိပြဿနာရှိမှာမလို့လဲ? ဘယ်လိုပဲဖြစ်ဖြစ် သူ့သွေးကိုလည်း ပေးလိုက်ပြီးပြီဖြစ်သည်။ သွေးနဲ့ပတ်သက်သမျှအရာအားလုံးကို သွေးပင်လယ်နှလုံးကျင့်စဉ်ကြောင့်ဆိုပြီး သူမဆက်စပ်ကြည့်ချင်ဘူး။ သူဒီလိုပုံစံမျိုးဖြစ်မနေသင့်ဘူး!


သူ့ညီငယ်လေးက သွေးမိစ္ဆာနဲ့ တစ်ခုခုတော့ဆက်စပ်မယ်ဆိုတာကို သူလက်မခံနိုင်တာကြောင့် ထိုသံသယဖြစ်မှုကို ရွှီဇီယန် သူ့စိတ်ထဲကနေ ထုတ်ပစ်လိုက်တော့သည်။ မဟုတ်ရင် အနာဂတ်မှာ ထိုသံသယတွေဟာ သူ့ရင်ထဲမှာကြီးထွားလာပြီး ပေါက်ကွဲထွက်သွားလိမ့်မည်!


ဒါပေမယ့် ထိုအချိန်ကျရင် အရာအားလုံးဟာ နောက်ကျသွားလိမ့်မည်…


“Aw!” ထိုရွှေရောင်တောကောင်ဟာ ရွှီဇီရုန်၏ထိန်းချုပ်မှုအောက်မှာ အော်ဟစ်လို့နေသည်။ အရှိန်အဟုန်ကို ကျော်လွှားဖို့က အတော်လေးကြီးမားလှသည်။ အရွယ်အစားကိုကြည့်လိုက်ရင် အလွန်ကြမ်းကြုတ်သည့်ပုံပေါက်ပေမယ့် အပြင်ပန်းက စွမ်းအားကြီးသည့်ပုံပေါက်နေရုံသက်သက်ဆိုတာ ရွှီဇီရုန်သေချာသိသည်။ ထိုရွှေရောင်တောကောင်ရုပ်သေးရုပ်က အလွန်မြင့်မားသည့်စွမ်းဆောင်မှုတွေ မလုပ်နိုင်ပေမယ့် အခြားသောအဆင့်တူသည့် အတွင်းကပြောင်းလဲမှုကို သူရှာလိုက်ကာ မပြည့်စုံသည့်နေရာမှာ ပြန်အစားထိုးလို့ရပေသည်။


ရွှီဇီရုန် ဒီလိုသတ္တဝါကို စိတ်ဝင်စားမှုသိပ်မရှိပေ။ ဒါပေမယ့် လက်ရှိမှာ သူကလည်းစွမ်းရည်သိပ်မရှိသေးတာကြောင့် သူ၏စွမ်းအားတွေ ပြန်ရချိန်အထိ ထိုရွှေရောင်တောကောင်ကို အသုံးပြုလို့ရသည်။


ကျင့်ကြံခြင်းလောကမှာ ငြိမ်းချမ်းရေးဟာ ဘယ်တော့မှမတည်မြဲပေ။ မိစ္ဆာ ဒါမှမဟုတ် မကောင်းဆိုးဝါး ကျင့်ကြံသူတွေကို မပြောနဲ့ဦး 'သာမန်တပည့်တွေ'တောင် သူတို့လိုချင်တာရဖို့ လူဘယ်‌နှယောက်ကိုများ သတ်ပြီးနေကြပြီးပြီလဲ?


အရင်ဘဝတုန်းက ရွှီဇီရုန်လုံလောက်အောင် မြင်ဖူးထားပြီးပြီဖြစ်သည်။ တစ်ခါက မရေမတွက်နိုင်သည့် သာမန်လူတွေ၏မြို့တွေကို သူ၏မိစ္ဆာကျင့်ကြံခြင်းစွမ်းအင်ဖြင့် သူရှင်းပစ်လိုက်တယ်လို့ သူစွပ်စွဲခံရသည်။ ဒါပေမယ့် အမှန်တကယ်တော့ ပတ်သက်မှုရှိတာက တစ်မြို့တည်းဖြစ်သည်။ ထိုမြို့ကို ဖျက်ဆီးလိုက်သည့်အကြောင်းပြချက်ကြောင့် တရားမျှသည့်လမ်းကိုလိုက်သည့် ထိုနေရာကတပည့်တစ်ယောက်ဟာ ရွှီဇီရုန်ကိုလာတိုက်ခိုက်သည်။ ရွှီဇီရုန်ကိုသွေးဆောင်ရန် ကျရှုံးသွားပြီးနောက် သူဆူပူကြိမ်းမောင်းခံရကာ မျက်နှာပျက်သွားရသည်။ ဒါကြောင့် ထိုသူဟာ အဲ့ဒီမြို့သို့ပြန်သွားပြီး သူ၏ဒေါသပြေဖို့ လူတွေကိုသွားသတ်လေတော့သည်။


တချို့သောကျင့်ကြံသူတွေ၏မျက်စိထဲမှာ သေမျိုးတွေ၏အသက်တွေက ပုရွတ်ဆိတ်သာသာ,သာဖြစ်သည်။ သူတို့တွေ၏အသက်တွေက ရှည်လျားနေပြီး သေမျိုးတွေကတော့ ပြန်လည်မွေးဖွားလာကြသည်။ တချို့တွေကိုသတ်ရင်တောင်မှ အသစ်သောသေမျိုးတွေက အမြဲတမ်း ပြန်လည်ပေါ်လာလေ့ရှိသည်။


အဲ့လိုပြောသည့်လူတွေကို ရွှီဇီရုန်အမြဲတမ်းအထင်သေးလေ့ရှိသည်။ သူကမိစ္ဆာကျင့်ကြံသူတစ်ယောက်အနေနဲ့ အခြားသော'တရားမျှတသည့်လမ်းစဉ်'ကျင့်ကြံသူတွေထက် သူကဘယ်လိုမျိုး မှန်ကန်သည့်အရာတွေပိုလုပ်လည်းဆိုတာ အားလုံးကိုပွင့်လင်းစွာပြောလေ့ရှိသည်။ 


“ဇီရုန် ဒီအရာကြီးကို မင်းဘယ်လိုသယ်ထုတ်သွားမှာလဲ?” အရွယ်အစားကြီးလွန်းသည့် ရွှေရောင်တောကောင်ကြီးကို ကြည့်လိုက်ရင်း ရွှီဇီယန်ရုတ်တရက် စိတ်ပူသွားသည်။ အဲ့ဒါတွေကအရိုးစုတွေပဲဖြစ်နေပါက သူတို့တွေအတူတူ ထိုအရာတွေကို ချန်ခွင်အိတ်ထဲသို့ ထည့်လို့ရပေမယ့် အခုကဘယ်လိုမှမဖြစ်နိုင်တော့ပေ…


“အဆင်ပြေပါတယ် ဒီအရာကသူ့ကိုယ်ပိုင် နေရာလွတ်ကိုဖန်တီးနိုင်တယ်” ရွှီဇီရုန်အပြုံးလေးဖြင့် ပြောလိုက်ရင်း “ရွှေရောင်တောကောင်၏ပုံစံကိုက သီးသန့်ကိုယ်ပိုင်နေရာလွတ်ဖန်တီးနိုင်တယ်လေ သူကလည်းအခုဆိုအသက်မရှိတော့ဘူးဆိုတော့ ပြီးပြည့်စုံအောင်သူဝင်လို့ရတာပေါ့”


“တကယ်လား? ကောင်းတာပေါ့” ရွှီဇီယန်ပျော်ရွှင်သွားပြီး ထို့နောက်ပြန်မေးလိုက်ကာ

“အမ်…ငါသူ့ကိုဘယ်လိုဝင်အောင်လုပ်ပေးရမှာလဲ?”


“ကျွန်တော် ကိုကိုရဲ့သွေးနဲ့ ဒီတောကောင်ရဲ့အတွင်းကပြောင်းလဲမှုနဲ့ ပေါင်းစပ်ထားပေးတယ်လေ အာရုံဖြန့်ကျက်ခြင်းစွမ်းအားကိုအသုံးပြုပြီးတော့ ကိုကို သူနဲ့ဆက်သွယ်လို့ရတယ် ကိုကိုလိုအပ်တဲ့အချိန် သူ့ကိုခေါ်လိုက်ရင်ရပြီ”


“ကောင်းတယ်”


ရွှီဇီယန် ထိုတောကောင်အားကြည့်ကာ သူ၏ကိုယ်ပိုင်နေရာသို့ ပြန်လာရန် သူ၏စိတ်ထဲကနေ အမိန့်ပေးလိုက်သည်။ ထိုရွှေရောင်တောကောင်က အသံနိမ့်နိမ့်ဖြင့် ညည်းညူလိုက်ပြီး ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးဟာ ဟင်းလင်းပြင်နေရာကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။


ရွှီဇီယန် သူ့မျက်လုံးတွေကို မှိတ်လိုက်ကာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာကို ခံစားကြည့်လိုက်သည်။ ထိုသွေးတစ်စက်ဖြင့် သူနဲ့ရွှေရောင်တောကောင်နဲ့ ချိတ်ဆက်နေတယ်ဆိုတာ သူခံစားရသည်။ ကံမကောင်းစွာ ထိုရုပ်သေးရုပ်က အသက်မရှိတော့ပေ။ ထိုရွှေရောင်တောကောင်ဟာ သူ၏အမိန့်ကိုသာ နာခံပြီး ဘာတုံ့ပြန်မှုမှ ပြန်မပေးနိုင်ပေ။


ထိုအကြောင်းကို ခဏလောက်တွေးတောပြီးနောက် ရွှီဇီယန်နောက်ဆုံးတော့ သဘောပေါက်သွားသည်။ အကယ်၍ ရွှီဇီရုန်သာ ကြီးမားသည့်ရွှေရောင်တောကောင် ကိုအသက်ပြန်ရှင်အောင် ပြုလုပ်ပေးနိုင်ပါက လက်ရှိမှာ သူ၏မေးရိုးကြီး ပြုတ်ကျသွားလောက်ပြီ။ အသက်ပြန်ရှင်အောင် ဖန်တီးပေးတယ်ဆိုတာက မသေမျိုးတွေကိုတာဆိုလိုပြီး ကျင့်ကြံသူတွေလုပ်နိုင်သည့် အရာမျိုးမဟုတ်ပေ။


ရွှီဇီယန်မကျေနပ်ဘူးဆိုပြောရင် မှားသွားလိမ့်မည်။ သို့ပေမယ့် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာတာ တစ်ရက်သာရှိသေးပေမယ့် သူတို့တွေအများကြီးရရှိသွားပြီးဖြစ်သည်။


ဒီသုဿန်မှာ ထိုရွှေရောင်တောကောင်၏အရိုးတွေကလွဲရင် ကျန်တာဘာမှမရှိတာကြောင့် အဆင့်မြင့်ဆုံး အပြာရောင်နူးညံ့တဲ့ရေညှိတွေကို ရှာလိုက်ပြီးနောက် ညီအကိုနှစ်ယောက်ဟာ ထွက်လာကြတော့သည်။ ဒီအပြာရောင်နူးတဲ့ရေညှိတွေဟာ ‌အကာအရံတွေကိုမွမ်းမံပေးခြင်းနဲ့ အံ့ဖွယ်လက်နက်တွေ၌ အကောင်းဆုံးဖြည့်ပေးနိုင်သည့် ပစ္စည်းဖြစ်သည်။ ထိုအရာဟာ ဘာအကျိုးသက်ရောက်မှုမှဆုံးရှုံးခြင်းမရှိပဲ အဝတ်တွေကို ပိုနူးညံ့အောင်ပြုလုပ်နိုင်သည်။


ဒီနူးညံ့တဲ့ရေညှိလေးခုကို ရောင်းလိုက်ရင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ရရှိနိုင်သည်။ သူတို့တွေကိုကောင်းမွန်သည့် အရည်အသွေးရှိတယ်လို့ ‌ဘာလို့ပြောတာလည်းဆိုတော့ နူးညံ့တဲ့ရေညှိဟာ အပြာရောင်သို့ပြောင်းလဲနိုင်ဖို့ စွမ်းအင်များစွာလိုအပ်လို့ဖြစ်သည်။ ဒီရွှေရောင်တောကောင်ကို ရှာတွေ့သည့်နေရာမှာတောင် ထိုအရာမျိုးလေးခုသာရှိသည်။


သူတို့တွေ အပြာရောင်နူးညံ့တဲ့ရေညိကို ရှာနေချိန်၌ ကျဉ်းမြောင်းသည့်လမ်းကြောင်းကိုပါ သူတို့တွေရှာတွေ့သွားသည်။ နာရီဝက်လောက်‌လမ်းလျှောက်ပြီး ထောင့်နားသို့အလှည့်တွင် အရှေ့ဖက်မှာထွက်ပေါက်ရှိတာကို သူတို့တွေမြင်လိုက်ရသည်။


ထိုမဲမှောင်နေသည့်ဂူထဲ၌ အချိန်ကြာမြင့်စွာ တူးဖော်နေပြီးနောက် ရွှီဇီယန်အလင်းရောင်ကို မျက်စိစောင်းကြည့်လိုက်ပြီး သူမတော်တဆ ကျောက်စရစ်ခဲတွေကို ကန်မိသွားသည်။


ထိုကျောက်စရစ်ခဲတွေက ကျောက်တုံးတွေကို ရိုက်ခတ်လိုက်ရင်း အသံတွေထွက်ပေါ်လာတော့သည်။ ထိုအချိန်၌ ဒီနေရာမှာ ရုတ်တရက် သန္ဓေပြောင်းသတ္တဝါရှိနေသည်။ အရိပ်မဲအုပ်စုလိုက်ဟာ စူးစူးဝါးဝါးအော်ဟစ်ရင်း သူတို့ထံပြေးလာကြသည်။


“သတိထား!” ရွှီဇီရုန်အော်လိုက်ရင်း သူ့လက်အစေ့တွေဖြင့် နွယ်ပင်တွေချက်ချင်းဖြစ်ပေါ်လာကာ ကြီးမားသည့်အစိမ်းရောင်ပိုက်ကွန်ကြီး ဖြစ်သွားပြီး သူတို့တွေကိုတားလိုက်သည်။


ရွှီဇီယန်လက်ထဲကနေ မိုးကြိုးသွားအလင်းရောင်ပေါ်ထွက်လာပြီး သေးငယ်တဲ့မိုးကြိုးသွားမြွေဆယ်ကောင်ကို သူ့လက်ထိပ်ကနေပစ်လွတ်လိုက်သည်။


“အား!” ထိုမိုးကြိုးသွားမြွေတွေဟာ အရိပ်မဲဆယ်ကောင်ဆီသွားထိမှန်တာကြောင့် ဆူညံလှသည့်အော်သံကြီးထွက်ပေါ်လာသည်။ ဒါပေမယ့် သူတို့တွေကိုထိမှန်ပြီးသွားတာတောင် ထိုမိုးကြိုးသွားမြွေတွေဟာ ရပ်တန့်မသွားပဲ ထိုမိုးကြိုးသွားမြွေတွေဟာ ပေါက်ကွဲသွားပြီး ဒါဇင်‌လောက်ရှိသည့်မိုးကြိုးသွားအလင်းရောင်တွေဟာ အနားမှာရှိသည့် ထိုအရိပ်မဲဆယ်ကောင်ဆီသို့ ကျရောက်သွားသည်။


“အား!” ထိုအလင်းရောင်အောက်မှာ အရိပ်မဲတွေက‌နာကျင်မှုဒဏ်ကို ခံစားနေရရင်း အော်ဟစ်ကြသည်။ သူတို့တွေဟာ မီးလောင်ပျက်စီးသွားကြပြီး တဖြောက်ဖြောက်မြည်ကာ မြေပြင်ပေါ်ကျသွားသည်။


ကျန်ရှိနေသေးသည့် အော်ဟစ်နေ‌ေသာအရိပ်တွေဟာ သူတို့အရှေ့က ထွက်ပေါက်ဆီသို့ လွင့်ပါးပျောက်ကွယ်သွားတော့သည်။


“အဲ့ဒါကြီးကဘာကြီးလဲ?” ရွှီဇီယန်အနောက်သို့ ဆုတ်မိသွားသည်။ သူ၏'မိုးကြိုးသွားမြွေပေါက်ကွဲခြင်း'ဟာ သူ၏နောက်ဆုံးပေါ်ကျွမ်းကျင်မှုဖြစ်ပြီး ထိုအရာကို သူထုတ်သုံးလေ့မရှိပေ။ သူတို့တွေ ယခုလိုမျိုး အခြေအနေကို မကြုံတွေ့ရပဲ ရန်သူတွေကလည်း သိပ်မများနေပါက ဒီလိုအရေးပါလှသည့်ကျွမ်းကျင်မှုကို သူဘယ်တော့မှထုတ်သုံးမည်မဟုတ်ပေ။


“သူတို့တွေကကျောက်တုံးလင်းနို့တွေ…” မြေပြင်ပေါ်ကအလောင်းတွေကို ဂရုတစိုက် ရွှီဇီရုန်ကြည့်လိုက်ရင်း သူရယ်ရမလား ငိုရမလားမသိတော့ပေ။


ထိုကျောက်တုံးလင်းနို့တွေဟာ ကျင့်ကြံခြင်းအလွန်နိမ့်ပါးသည့် တောကောင်တွေသာဖြစ်ကြသည်။ သူတို့တွေဟာ ပဉ္စမချီစွမ်းအင်စုဆောင်းမှုအဆင့်ထိသာ ရှိသည်။ သူတို့တွေအသက်ရှင်နေစဉ် အကျိုးသက်ရောက်မှုကတော့ ကျောက်တုံးတွေသာဖြစ်ပြီး သူတို့ကိုယ်တွေကိုလည်း ကျောက်တုံးတွေဖြင့် ဖွဲ့စည်းထားသည်။ သာမန်လူတွေသာ သူတို့တည်ရှိမှုကို လာမဖျက်ဆီးသရွေ့ သူတို့တွေဟာ ကျောက်တုံးတွေထဲမှာသာ နေထိုင်လေ့ရှိကြသည်။ ထိုမှမဟုတ်ရင် သူတို့တွေဟာ ရုတ်တရက် လာတိုက်ခိုက်လိမ့်မည်မဟုတ်ပေ။


ထို့အပြင် ‌ကျောက်တုံးလင်းနို့တွေဟာ ရှက်ကြောက်ပြီး အလင်းရောင်ကိုမုန်းသည်။ သူတို့တွေဟာ နက်ရှိုင်းလှသည့်ဂူတွေထဲ၌ နှစ်ပေါင်းများစွာနေထိုင်ကြသည်။ အကယ်၍ သူတို့တွေဟာ ကျောက်စရစ်ခဲအသံတွေကိုသာ မကြောက်ပါက သူတို့တွေရုတ်တရက် တိုက်ခိုက်ခဲ့လိမ့်မည်မဟုတ်ပေ။


ကံမကောင်းလှသည့် ကျောက်တုံးလင်းနို့အုပ်စုကို တိတ်တဆိတ်တောင်းပန်လိုက်ပြီးနောက် ရွှီဇီယန် သူ၏ချန်ခွင်အိတ်ထဲသို့ အမဲရောင်ကျောက်တုံးလင်းနို့တွေကို တစ်ခုချင်းကောက်ထည့်လေသည်။ ထိုကျောက်တုံးလင်းနို့၏အရိုးစုတွေဖြင့် သူ၏လက်နက်ပစ္စည်းတွေကို မွမ်းမံနိုင်လိမ့်မည်လို့ သူတွေးလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကသေသွားပြီးပြီဆိုတော့ သူတို့တွေ၏အလောင်းကို မဖြုန်းတီးပစ်ချင်ပေ။


အနည်းငယ်လောက်လှမ်းလျှောက်ပြီးနောက် သူတို့တွေဟာ ဂူထဲကနေထွက်လာကြတော့သည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ သူတို့တွေဝင်ရောက်တာက မနက်ပိုင်းဖြစ်သည်။ လက်ရှိမှာလည်း မနက်ပိုင်းဖြစ်နေသည်။ တစ်နေ့လုံးသူတို့တွေ တူးဖော်ပြီးနောက် များပြားလှသည့်ပစ္စည်းကောင်းတွေ ရရှိလာကြသည်။


“အခြားတစ်ဖက်ဆီ သွားကြည့်ကြစို့” ရွှီဇီရုန်အား ရွှီဇီယန်ပြောလိုက်သည်။


အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေဟာ အလွန်ကြီးမားပြီး တစ်ခါတစ်ခါဝင်ရင် လူအကန့်အသတ်ရှိသည်။ ယခုအချိန်ထိ ဘယ်ဂိုဏ်းကမှ ဒီလျှို့ဝှက်နယ်မြေ၏မြေပုံကို မရရှိကြသေးပေ။


“ဒီဖက်ကိုသွားရအောင်” ရွှီဇီရုန်အလျင်းသင့်သလို ဦးတည်ရာတစ်ဖက်ကို ရွေးလိုက်သည်။ သူတို့တွေဘာ‌ကိုတွေ့ရမလဲဆိုတာ သူလည်းသေချာမသိပေမယ့် ထိုဖက်ကို တချို့ဆင်ခြင်မှုတွေဖြင့် ရွေးလိုက်ခြင်းဖြစ်သည်။


“သွားကြမယ်” ရွှီဇီယန်ကလည်းစိတ်မရှိပါ။ ဒီတစ်ခေါက်မှာ သူတို့တွေ ကောင်းမွန်သည့်ပစ္စည်းတွေကို အတော်လေးရရှိသွားပြီဖြစ်သည်။ အကယ်၍ နောက်တစ်လလောက်နေလို့မှ သူတို့တွေဘာမှရှာမတွေ့ရင်တောင် ဒီနေရာကိုလှည့်ပတ်တာတင် သူတို့တွေအကျိုးအမြတ်ရနေပြီးဖြစ်သည်။


ရွှီဇီရုန်ညွှန်ပြသည့် ဦးတည်ရာသို့ ညီအကိုနှစ်ယောက်ဟာ ဓားပျံတွေစီးကာထွက်သွားကြသည်။ သူတို့တွေဟာဓားပျံတွေဖြင့် သူတို့အောက်က မြစ်ချောင်းတွေ တောင်တွေကို ဖြတ်ကျော်သွားကြသည်။ သူ့ကိုယ်သူပဲထင်ယောင်ထင်မှား ဖြစ်နေတာလားဆိုတာ ရွှီဇီရုန်လည်းသေချာပေမယ့် ပိုပြီးနီးကပ်လာလေလေ သူ၏စိတ်ခံစားချက်တွေ ပိုမိုပြင်းထန်လာလေဖြစ်သည်။


“ခဏလေးနေဦး!” ရွှီဇီယန် လေပေါ်မှာ ရုတ်တရက်ရပ်လိုက်တာကြောင့် ရွှီဇီရုန်အောက်ဖက်သို့ ငုံ့ကြည့်လိုက်သည်။


သူတို့အောက်ဖက်က ‌မြက်ပင်တွေပေါ်မှာ ကျင့်ကြံသူတစ်ယောက် မေ့လဲနေသည်။


ထိုကျင့်ကြံသူဟာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ထိုဝတ်စုံကညစ်ပတ်နေသည်။ ထိုလူပုဂ္ဂိုလ် သေလား ရှင်လားဆိုတာ သူစစ်ဆေးကြည့်ချင်တာကြောင့် ရွှီဇီယန်အောက်ဖက်ကို တဖြည်းဖြည်းနိမ့်ဆင်းသွားသည်။ ထိုမြင်ကွင်းကြောင့် ရွှီဇီရုန်မျက်မှောင်ကြုတ်လိုက်မိသည်။


“ကိုကို…”


“ရပါတယ် ငါအောက်ဆင်းပြီး တစ်ချက်သွားကြည့်မလို့ ငါသူ့ကိုကယ်လို့ရသေးရင် ကယ်ပေးရမယ်လေ”


#TK