Chapter 72
Viewers 4k

Chapter 72


ရွှီဇီရုန်မျက်ခုံးတွေတန်းသွားသည်။ သူတို့အောက်ကလူပုဂ္ဂိုလ်ကို သူ့ကိုကိုကယ်မယ်ပြောတော့ ဘာလို့များအရမ်းကိုဒေါသထွက်နေလဲ သူမသိဘူး။


ဒီလူပုဂ္ဂိုလ်ကို သူတစ်ခါမှမဆုံဖူးပေမယ့် ထိုလူအားသတ်ချင်လောက်အောင်ကို ဒီလူပုဂ္ဂိုလ်အား သူမုန်းတီးနေသည်။


သူဘယ်လိုခံစားမိတယ်ဆိုတာ သိရှိပြီးနောက် ရွှီဇီရုန်ထိတ်လန့်သွားရသည်။ သူ့ကိုကိုဆီမှာ ဘယ်လိုပင်ကိုစရိုက်ရှိတယ်ဆိုတာကို သူသိတာကြောင့် ရွှီဇီယန်ကလက်လျော့မှာမဟုတ်ပေမယ့် အကယ်၍များ တစုံတယောက်သာ သူတို့တွေကိုရန်စလာပါက သူ့ကိုယ်သူမသည်းခံနိုင်လောက်အောင် တစုံတယောက်ကို ရွံလွန်းလို့ သတ်ပစ်မိမည်။


ရွှီဇီယန်ကတစုံတယောက်ကို သတ်ဖို့ပြဿနာမရှိဘူးဆိုပေမယ့် ဒီလိုမျိုးလုပ်ဖို့ သူကအကြောင်းပြချက်လိုသည်။ မဟုတ်ရင် သူ့ကိုကိုပိုဒေါသထွက်အောင် သူလုပ်မိလိမ့်မည်။ ပြီးတော့ အခြေအနေကဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာ သူစဉ်းစားကြည့်လို့မရသေးပေ။


“ဟေး မင်းအဆင်ပြေရဲ့လား?” မြေပြင်ပေါ်မှာ မေ့လဲနေသည့်လူပုဂ္ဂိုလ်ထံ ရွှီဇီယန်သွားမထူပါ။ ရေသူမဆီကနေ သူသင်ခန်းစာရရှိပြီးနောက် သူ့ကိုယ်သူ ဘယ်လိုခုခံထားရမယ်ဆိုတာ အမြဲလေ့လာလေ့ရှိသည်။


“အင်း…” မြေပြင်ပေါ်မှာ လဲလျောင်းနေသည့် ထိုလူပုဂ္ဂိုလ်က အနည်းငယ်ညည်းတွားလိုက်သည်။ သူအနည်းငယ်လှုပ်ရှားပြီးနောက် ပြန်လည်ရပ်တန့်သွားပြန်သည်။


ရွှီဇီယန်ခဏလောက် တွေးတောပြီးနောက် ရွှီဇီရုန်ကိုအောက်ဆင်းလာဖို့ သူပြောလိုက်သည်။


ရွှီဇီရုန် သူ့အနောက်သို့ ရောက်ရှိလာပြီးနောက် ပြောလေသည်။

“ကိုကို ဘာလို့သူ့ကိုဒီလောက်ထိ ဂရုစိုက်နေရတာလဲ? ကျွန်တော်တို့မှ သူ့ကိုမသိတာ”


“ငါတို့အားလုံးကကျင့်ကြံသူတွေလေ ငါတို့ကယ်နိုင်ရင် သူ့ကိုကယ်တင်ပေးရမှာပေါ့ ငါတို့တွေသာ ဒီနေ့သူ့ကိုကယ်လိုက်ရင် တစ်နေ့ငါတို့တွေလည်း ဒီလိုအကျိုးသက်ရောက်မှုမျိုးကို ပြန်လည်ခံစားရမှာပေါ့” ရွှီဇီယန်မပြောခင် ခဏလောက်ရပ်လိုက်ပြီး

“အကယ်၍ ငါတို့တွေမကယ်လိုက်နိုင်ဘူးဆိုရင်လည်း ငါတို့မှာ ငါတို့ရဲ့ချန်ခွင်အိတ် ရှိတာကြောင့် ငါတို့တွေအချိန်ဖြုန်းသလို မဖြစ်ပါဘူး”


ရွှီဇီရုန်အသံတိတ်သာခေါင်းညိတ်လိုက်တော့သည်။ သူ့ကိုကိုတွေးသည့်အရာတွေကို…သူလည်းတစ်ချိန်ကတွေးဖူးခဲ့ပေမယ့် သူမိစ္ဆာကျင့်ကြံသူဖြစ်လာပြီးနောက် ဒီလိုတူညီသည့်အရာမျိုးကို မပြုလုပ်ခဲ့ရဘူး။


အန္တရာယ်ကင်းအောင် ထိုလူပုဂ္ဂိုလ်က သူ့ကိုပြန်တိုက်ခိုက်မလာစေရန် ရွှီဇီယန်မန္တန်တစ်ခုကို အသက်သွင်းထားသည်။ ထို့နောက် သူကအဝေးက‌နေချဉ်းကပ်လာရင်း ဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။


ရွှီဇီရုန်နောက်တစ်ကြိမ်မျက်မှောင်ကြုတ်သွားသည်။ သူ့ကိုကိုက ထိုလူအနားဆီ နီးကပ်သွားတာကို ကြည့်နေရင်း သူပိုပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်လာသည်။ ထိုလူ၏မျက်နှာကို သူတစ်ခါမှမမြင်ဖူးပေမယ့် ထိုလူအားသတ်ချင်နေသည့်စိတ်တွေက အရမ်းကိုဆူပွတ်လို့နေသည်။


“ဟမ်? မသေသေးဘူးပဲ?” ရွှီဇီယန် တစ်ဖက်လူ၏ဘေးနားကိုသွားတော့ ထိုသူဆီကနေ အသက်ရှူသံထွက်နေသည်။ ထိုကြောင့် သူဟာအသက်ရှင်နေသေးသည်လို့ မှတ်ယူနိုင်သည်။


ထိုလူအားသူစစ်ဆေးလိုက်ပြီးနောက် ထိူလူဆီမှာ ဘာဒဏ်ရာမှမဖြစ်ရှိတာကို တွေ့လိုက်ရသည်။ ဒါပေမယ့် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကတော့ အနည်းငယ်မတည်မငြိမ်ဖြစ်နေပြီး ထိုလူပုဂ္ဂိုလ်ဟာ ကျင့်ကြံခြင်းမှာ လမ်းလွဲသွားပုံရသည်။


ခဏလောက်တွန့်ဆုတ်နေပြီးနောက် ရွှီဇီယန် သူ၏ချန်ခွင်အိတ်ထဲက အဖြူရောင်ကြွေပုလင်းလေးကိုထုတ်လိုက်ပြီး ဆေးတစ်လုံးကို ထိုလူပါးစပ်ထဲထည့်ပေးလိုက်သည်။ ထိုဆေးအရည်ပျော်သွားပြီး မကြာခင် ထိုလူပုဂ္ဂိုလ်ဟာ ညည်းတွားနေရာကနေ နိုးလာ‌သည်။


“မင်းအဆင်ပြေရဲ့လား?” ရွှီဇီယန်က ထိုလူကိုထူပေးလိုက်သည်။ ထိုသူခန္ဓာကိုယ်အခြေအနေကို သူမေးမြန်းနေပေမယ့် ထိုအပြုအမူတွေနဲ့အတူ သူ၏နောက်ကျောဘက်ကလက်၌ အစိမ်းရောင်မိုးကြိုးသွားဟာ အရှေ့သွားလိုက်အနောက်သွားလိုက်လုပ်နေသည်။


အခြားသူတွေထံကနေ ခုခံကာကွယ်ဖို့ ကြိုတင်လုပ်ဆောင်ထားတာက ပိုကောင်းပေသည်။


သူ့ကိုကိုက ထိုသူစိမ်းကို ခုခံရန်ကြိုတင်လုပ်ဆောင်ထားတာအား ကြည့်လိုက်ရင်း ရွှီဇီရုန်အနည်းငယ်စိတ်သက်သာရာရသွားသည်။ ဒါပေမယ့် နည်းနည်းဆိုမှ နည်းနည်းပဲ…


“မင်း…” ထိုလူငယ်လေးဟာ အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။ သူလုံးဝနိုးလာပြီဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို သူချက်ချင်းအထိတ်တလန့်ဖြစ်စွာ ကြည့်လိုက်သည်။

“ဒီနေရာကဘယ်နေရာကြီးလဲ?”


ရွှီဇီယန်အံ့ဩသွားကာ သူ့မျက်ခုံးပင့်သွားသည်။ သူယူဆတာများ တစုံတရာမှားယွင်းသွားလို့လား? ဒီတော့ ဒီလူက သူတို့နဲ့တစ်ချိန်တည်း ဝင်ပေါက်ကို ဝင်ရောက်လာတဲ့တပည့်တွေထဲမှာ မပါပါဘူးပေါ့?


“ဒါကအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေ မင်းဒီနေရာကိုမသိရင် မင်းဘာလို့ဒီနေရာမှာရှိနေရတာလဲ?” ရွှီဇီယန်မေးလိုက်၏။


ထိုလူငယ်ဟာအကြိမ်မနည်းငယ်လောက် မျက်တောင်ခတ်လိုက်ပြီး သူအတော်လေးရှုပ်ထွေးနေဆဲဖြစ်သည်။

“ကျွန်…ကျွန်တော်မသိတော့ဘူး ကျွန်တော်အသီးကို တောအုပ်ထဲမှာစားခဲ့တာ အဲ့ဒီနောက် ကျွန်တော်မေ့သွားတာ ကျွန်တော်နိုးလာတော့ ဒီကိုရောက်နေရော”


“ကျွန်တော်က ပေါ်မုဟွပါ ကျွန်တော် ခင်ဗျားရဲ့နာမည်ကို အခုထိမမေးရသေးဘူး” ပိုင်ဟွဟာအရမ်းမတုံးတာကြောင့် အရင်ဆုံးတုံ့ပြန်လိုက်၏။ ဒီအရာတွေက အစိမ်းရောင်စိတ်ဝိညာဉ်စွမ်းအင်၏ အကျိုးသက်ရောက်မှုကြောင့်လားဆိုတာ သူသေချာမသိသေးဘူး။ သူနဲ့မသိသည့်လူပုဂ္ဂိုလ်အပေါ် အခြားအမည်တစ်ခုသုံးလိုက်တာ ပိုအဆင်ပြေသည်။


“ငါ့နာမည်ကရွှီပါ” ရွှီဇီယန်ကလည်း ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။


“ကျင့်ကြံသူရွှီပေါ့” ပိုင်ဟွနူးညံ့စွာပြန်တုံ့ပြန်လိုက်သည်။ ဒီရွှီဇီယန်ကလည်း မိတ်ဆက်ဖို့ ရည်ရွယ်ချက်မရှိမှန်း သူမြင်လိုက်တာကြောင့် သူကလည်းဘာမှဆက်မမေးတော့ပေ။ 


“ကျင့်ကြံသူပေါ်က ဒီနေရာမှာ ဘယ်လိုရောက်နေလဲ ငါမသိပေမယ့် မင်းကဒီနေရာမှာရောက်နေပြီဆိုတော့ ငါတို့တွေကတစ်ယောက်ကိုတစ်ယောက် တွေ့ဆုံဖို့ကံပါလာတာပေါ့ ကျင့်ကြံသူပေါ် ဘာလို့မင်းရဲ့ပတ်ဝန်းကျင်ကိုမကြည့်တာလဲ? မင်းလိုချင်တာကို မင်းရနိုင်တာပေါ့” ရွှီဇီယန်ခံစားချက်မရှိသည့် အမူအရာဖြင့်ပြောလိုက်သည်။


သူ့အရှေ့ကဒီလူငယ်အပေါ်၌ နားမလည်နိုင်သည့်ခံစားချက်မျိုး သူ့မှာရှိနေသည်။ သူကရည်မွန်ပြီးချောမောကာ သူ၏အလှကအတော်လေးရှားပါးလှသည်။ လူသားတွေအားလုံးဟာ အမြင်အာရုံတိရိစ္ဆာန်တွေ ဖြစ်ကြတယ်ဆိုပေမယ့် သူ့အရှေ့က ဒီလူငယ်အပေါ် နှစ်လိုဖွယ်ခံစားချက်မျိုးတွေ ဖြစ်နေတာကို သူလုံးဝနားမလည်နိုင်ဘူး။ ဒါပေမယ့် ဘယ်အရာက ရွှီဇီယန်ကို စိတ်အနှောင့်အယှက်ဖြစ်စေလဲဆိုတော့ ဒီလူငယ်အပေါ်၌ သူကောင်းမွန်သည့်ခံစားမျိုးရှိနေပေမယ့် တစ်ချိန်တည်းမှာပင် သူရွံရှာသလိုခံစားနေရသည်။

『K- ဇီယန်ရဲ့ကိုယ်ဟာ ပိုင်ဟွနဲ့အရင်ဘဝကဆက်နွယ်ဖူးပေမယ့်၊ ဇီယန်က ပိုင်ဟွကိုရွံတာကြောင့်၊ စိတ်နှစ်ခွဖြစ်နေတာပါ』


ဒီဆန့်ကျင့်ဘက်ခံစားချက်နှစ်မျိုးဟာ ရောယှက်နေတာကြောင့် သူ့အရှေ့က လှပသည့်ဒီလူငယ်အပေါ် ဆန့်ကျင်ဘက်ခံစားချက်မျိုးတွေ သူဖြစ်ပေါ်နေသည်။


သူ့ဦးနှောက်ထဲ၌ မတူညီသည့်လူနှစ်ယောက်ဟာ သူ့ကိုပုံစံမျိုးစုံ အယုံသွင်းနေကြသည်။ ကျင့်ကြံသူပေါ်ဟာ ကောင်းမွန်သည့်သူငယ်ချင်းဖြစ်နိုင်ပြီး သူကသိမ်မွေ့တယ် ဖော်ရွေတယ် ချောတယ်ဆိုပြီး တစ်ယောက်က သူ့ကိုပြောနေကာ ကျန်တစ်ယောက်ကလည်း သူနဲ့ပတ်သက်တာမှန်သမျှ ပုံမှန်မဟုတ်ဘူး တစ်ခုခုမှားနေတာဆိုပြီး သူ့ကိုသတိပေးနေလေသည်။ ကောင်းမွန်သည့်ခံစားချက်တွေ ဘယ်နေရာကမှမရောက်လာခဲ့ရင် ထိုအရာဟာ မကောင်းသည့်လက္ခဏာဖြစ်သည်။


ဒီအသံနှစ်ခုဟာ သူ့ခေါင်းထဲမှာ အတိုက်အခံပြောဆိုနေကြတာကြောင့် သူခေါင်းကိုက်လာတော့သည်။ ဒါကြောင့် ထိုလူငယ်လေးကို ဆုပ်ကိုင်ထားဆဲဆိုတာ သူမေ့လို့နေသည်။


“ကိုကို ကျွန်တော်တွေးမိတာတော့…အဲ့ဒီကျင့်ကြံသူကို ထပ်ပြီးကိုင်ထားစရာမလိုတော့ဘူးလေ” ရွှီဇီရုန်အလွန် စိတ်အနှောင့်အယှက်ဖြစ်လာပြီး ရွှီဇီယန်၏လက်မောင်းကို ချက်ချင်းဆွဲလိုက်သည်။


“အိုး!”


“အိုး!”


နှစ်ယောက်သားဟာ အာမေဍိတ်အသံ တစ်ချိန်တည်းထွက်လာသည်။ ရွှီဇီယန်အနည်းငယ် ကသိကအောက်ဖြစ်သွားပြီး ပိုင်ဟွကလည်းအနည်းငယ် ရှက်သွားတာ သူ၏ပါးလေးတွေ နီရဲသွားသည်။


ရွှီဇီယန်ကချောမောသည်။ သူကအခုမှ၁၆နှစ်ပဲရှိသေးပေမယ့် သူ၏ပုံစံကရင့်ကျက်သည့် ယောင်္ကျားတစ်ယောက်နဲ့တူသည်။ သူ၏ဆွဲဆောင်မှုရှိသည့်အကြည့်တွေနဲ့ သူ၏ချစ်ခင်ရင်းနှီးသည့် အပြုံးတွေဟာ တစ်ဖက်လူတွေက သူ့ကိုချက်ချင်းသဘောကျအောင် လုပ်နိုင်သည်။


ပိုင်ဟွဟာပုံမှန်မဟုတ်သည့် ပတ်ဝန်းကျင်မှာကြီးပြင်းလာခြင်းဖြစ်သည်။ ထိုသင်ကြားခြင်းမှာ သူရရှိလိုက်တာက အနည်းငယ်လောက် သူ့အမြင်ကို လိုရာဆွဲပြောလိုက်တာနဲ့ အကျိုးအမြတ်တွေအများကြီးရရှိနိုင်သည်။ သူ့အတွက် ရွှီဇီယန်လိုမျိုး လူတွေတည်ရှိနေဖို့တာ ခက်ခဲလှသည်။ တစ်ဖက်လူနဲ့ သူရက်အနည်းငယ်လောက် ရင်းနှီးအောင်လုပ်ရမည်။ အဲ့ဒီအချိန်ဆိုရင် ထိုချောမောလှသည့်လူကို လှုပ်လို့မရအောင် သူဖမ်းဆုပ်ထားလို့ရပြီဖြစ်သည်။


ထို့အပြင် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို ဂိုဏ်းကြီးတွေထဲက လက်ရွေးစင်တပည့်တွေသာ ဝင်ရောက်နိုင်တာကို သူ့ဆရာသခင်ဆီကနေ သူတစ်ခါကြားဖူးထားသည်။ ထိုရွှီဇီယန်ကလည်း ဂိုဏ်းကြီးတစ်ခုက လက်ရွေးစင်တစ်ယောက်လို့ ဆိုလိုတာပဲမလား?


ပိုင်ဟွအလွန်ပီတိဖြစ်သွားပြီး သူ၏အတွေးတွေဟာ ပြင်းထန်စွာပြေးလွှားနေကာ…ဒီလိုနယ်မြေထဲမှာ ကောင်းမွန်သည့်အခွင့်အရေးကို သူရရှိလိမ့်မယ်လို့ မ‌ထင်ထားခဲ့ဘူး။


အဲ့ဒီနောက်…ထိုသူဘေးက နူးညံသည့်ပုံစံရှိသည့်ကလေးကို ကြည့်လိုက်ရင်း ပိုင်ဟွအနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူငယ်ရွယ်စဉ်ကတည်းက ထူးဆန်းသည့်နေရာမှာ နေခဲ့တာကြောင့် အခြား‌လူတွေ၏ မျက်နှာအမူအရာနဲ့ပတ်သက်ပြီး သူအာရုံခံစားသိရှိနိုင်သည်။ ဒါကြောင့် ရွှီဇီရုန်ဟာ သူ၏ရွံစရာကောင်းသည့် အကြည့်တွေအား ဖုံးကွယ်ထားတာကို ပိုင်ဟွမသိပဲမနေပါ။


သူကကျင့်ကြံသူရွှီကို'ကိုကို'လို့ခေါ်တာ ပိုင်ဟွသေချာကြားလိုက်သည်။ ဒါဆိုတာ သူကကျင့်ကြံသူရွှီရဲ့ညီငယ်လေးလား?


ပိုင်ဟွအနည်းငယ်ကသိကအောက်ဖြစ်သွားရသည်။ အကယ်၍ သူသာကျင့်ကြံသူရွှီကို ဆွဲထားချင်ပါက စကားလုံးအနည်းငယ်နဲ့ ပြုလုပ်လို့မရပါ။ တိုးတက်မှုအကောင်းဆုံး နည်းလမ်းကတော့ သူနဲ့ပိုပြီးရင်းနှီးသည့်ဆက်ဆံရေးမျိုးရှိနေမှဖြစ်ပေမယ့် ထိုကလေးကအနားမှာ အမြဲတမ်းရှိနေတာကြောင့် ကျင့်ကြံသူရွှီက သူ၏ညီလေးအရှေ့မှာ သူနဲ့ဘယ်လိုရင်းနှီးသည့်အပြုအမူမှ ပြုလုပ်မှာမဟုတ်ဘူး။


ခဏလောက်တွေးတောပြီးနောက် ကျင့်ကြံသူရွှီနောက်အရင်ဆုံးလိုက်ရန် ပိုင်ဟွဆုံးဖြတ်လိုက်သည်။ တစ်လအတွင်း၌ သူ့ကိုဖျားယောင်းသွေးဆောင်နိုင်သည့် အခွင့်အရေးမျိုးတော့ ရရှိလိမ့်မယ်ဆိုတာ သေချာသည်။


“ငါ့ကိုကိုဆီက ဘယ်လောက်ကြာအောင် မင်းမှီ‌ထားဦးမှာလဲ?” ရွှီဇီရုန် ပိုင်ဟွအား ရက်စက်စွာကြည့်လိုက်၏။ ထိုသူ၏ချောမောလှသည့်ရုပ်ကို မြင်နေရတိုင်း အရှေ့သို့ပြေးသွားကာ တစ်စစီ သူဆုတ်ဖြဲချင်စိတ်ပေါက်လာသည်။


အရင်တုန်းက သူဟာသွေးသောက်ချင်သည့်ခံစားချက်သာရှိခဲ့ပေမယ့် ဒီတစ်ယောက်၏မျက်နှာကို တစ်စစီဖျက်ဆီးချင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး သူတစ်ခါမှမရှိခဲ့ဖူးဘူး။ ဒါကပထမဆုံးအကြိမ်ပင်ဖြစ်သည်။


“အိုး ငါတောင်းပန်ပါတယ်” ပိုင်ဟွမျက်နှာဟာ ပိုနီရဲသွားပြီး ရွှီဇီယန်ဆီကနေ ခွာလိုက်သည်။


ရွှီဇီယန်အလွန်ကသိကအောက်ဖြစ်ကာ သူ၏ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။ သူဟာထူးဆန်းတာကိုသိရှိသွား၏—သူကဒဏ်ရာပျောက်အောင် ကူညီပေးရုံပါ။ ဘာလို့များ ရွှီဇီရုန်၏ပါးစပ်ကနေ ထူးဆန်းတဲ့အသံတွေ ထွက်ပေါ်လာရတာလဲ?


ဘယ်အရာကပိုပြီးထိတ်လန့်စေတာလည်းဆိုတော့ ရွှီဇီရုန်၏လေသံက သူ့ကိုအပြစ်ရှိသလိုခံစား‌စေမိခြင်းဖြစ်သည်။ သူဘာအတွက်အပြစ်ရှိသလိုဖြစ်နေရတာလဲ? ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို ကယ်တာက သူမှန်ကန်တာပဲလေ!


သူ့ရင်ထဲမှာမရှင်းပြနိုင်သည့် ခံစားချက်မျိုးဖြစ်ပေါ်လာတာကြောင့် ရွှီဇီယန် နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူအတတ်နိုင်ဆုံး ဘာမှမဖြစ်အောင် ရှောင်ရှားချင်သည်။ ဒီကျင့်ကြံသူပေါ် အပေါ်၌ ကောင်းမွန်သည့်ခံစားချက်တွေ သူရှိနေပေမယ့် အဲ့ဒါက ကောင်းမွန်သည့်ခံစားချက် သက်သက်သာဖြစ်သည်။ ရွှီဇီရုန်ဟာ ဝေ့ချင်နဲ့လဲ့ဟူတို့ကိုတွေ့တာထက်တောင် ထိုသူအားရန်မူနေတာဆိုတော့ ထိုသူနဲ့ခပ်ဝေးဝေးနေရန် ရွှီဇီယန်တွေးလိုက်သည်။


“ဒါဆို ကျင့်ကြံသူပေါ်လည်းအဆင်ပြေသွားပြီဆိုတော့ ငါတို့လည်းသွားတော့မယ်” ရွှီဇီယန်ထွက်သွားရန်ပြင်လိုက်သည်။ ကျေးဇူးတုံ့ပြန်ရန် သူ့ဘက်ကလည်းမမျှော်လင့်ထားတာကြောင့် ထိုသူကိုကယ်ပေးလိုက်ပြီးနောက် အခုချိန်ထွက်သွားတာက အကောင်းဆုံးအကြံပင်ဖြစ်သည်။


“အ…” ပိုင်ဟွခဏလောက်မှင်တက်သွားသည်။ သူ၏ဆွဲဆောင်မှုရှိသည့်မျက်နှာဖြင့် သူ၏အပြုအမူတွေကြောင့် မခုခံနိုင်လောက်ဘူးလို့ သူတွေးထားခဲ့ပေမယ့် ကျင့်ကြံသူရွှီက သူစိမ်းတွေနဲ့ခပ်ခွာခွာနေချင်တာကြောင့် ‌စောစောထွက်သွားလိမ့်မယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?


ထို့အပြင် ခုအချိန်မှာ သူရွှီဇီယန်ကိုမသွားခိုင်းစေချင်သေးဘူး။ သူလမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ? သူကကံကောင်းစွာ အစိမ်းရောင်စိတ်ဝိညာဉ်စွမ်းအင်နဲ့ နဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြားကြောင့် အခြေခံကျင့်ကြံခြင်းမှုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဒီအဆင့်ရဲ့နောက်ကွယ်က မန္တန်အကြောင်းတွေကို သူ့မှာဘာသဲလွန်စမှမရှိသေးဘူး။ အဆိုးဆုံးကတော့—သူ၏ချန်ခွင်အိတ်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဒါဇင်လောက်သာပါရှိပြီး သူ့မှာဓားပျံလည်းမရှိသေးဘူး။


သူ့ပတ်ပတ်လည်က ဟင်းလင်းပြင်ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း သူ့ခြေထောက်ကို အသုံးပြုကာ လမ်းလျှောက်ရင်တောင် တစ်လကြာသွားတောင်မှ သူအပြင်ကိုထွက်နိုင်မှာမဟုတ်ဘူး။ 


“ကျင့်ကြံသူရွှီ…” ပိုင်ဟွခါးသပ်သပ်ပြုံးကာ

“ကျွန်တော် ဒီနယ်မြေကို အမည်မသိတဲ့တချို့သော အကြောင်းပြချက်တွေကြောင့် ဆွဲခေါ်ခံလာရတာပါ ပြီးတော့ ကျွန်တော်နဲ့အတူ ဘာမှလည်းယူမလာရဘူး ဒီအပြင် ကျွန်တော်အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးထားတာလည်းမကြာသေးဘူးဆိုတော့ ကျွန်တော်ရဲ့ဓားပျံကိုလည်း မပြင်ဆင်ရသေးဘူး…”


ရွှီဇီယန်မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူပြောတာတွေက အမှန်တွေဆိုရင်တောင် ထိုအရာတွေက အဓိပ္ပါယ်မရှိဘူး။ ကျင့်ကြံသူပေါ်ဟာ အခုမှအခြေခံကျင့်ကြံခြင်းတည်ဆောက်မှုပြီးထားသည့် ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး သူ့မှာဓားပျံလည်း မရှိသေးဘူးဆိုတော့ သူ့ကိုဒီနေရာမှာစောင့်နေခိုင်းတာက သူသေဖို့စောင့်နေတာနဲ့ အတူတူပင်ဖြစ်လိမ့်မည်။


ဒီလိုနေရာမျိုးမှာတော့ ရွှီဇီယန် သူ့ကိုမသေခိုင်းချင်ပါ။ ကျင့်ကြံသူပေါ်ကို သူနဲ့အတူခေါ်သွားရုံသာ ရှိတော့သည်။


ပေါ်မုဟွနဲ့အတူ ရွှီဇီယန်ထွက်သွားရန် သဘောတူလိုက်ပြီးနောက် ရွှီဇီရုန်၏ပုံစံကအလွန်စိတ်တိုနေတာကြောင့် ရွှီဇီယန် သူ့အားတည့်တည့်တောင် မကြည့်ရဲတော့ပါ။


ဒီချောမောသည့်လူငယ်ကို ရွှီဇီရုန်ဘာလို့ ဒီလောက်ရွံမုန်းနေတာလည်း သူလုံးဝနားမလည်ပေ။ ပုံမှန်ဆိုရင် လူတွေက လှပသည့်လူတွေကို သဘောကျကြပြီး ပေါ်မုဟွကလည်း ယဉ်ကျေးသည့်လူတစ်ယောက်ပဲကို ဇီရုန်ကဘာလို့များ သူ့ကိုဒီလောက်မုန်းနေရတာလဲ?


ပိုင်ဟွဟာ အလွန်ကျိုးနွံသည့်ပုံစံလေးဖြင့် ရွှီဇီယန်၏ဓားပျံပေါ်မှာ လိုက်ပါစီးနင်းလာသည်။ သူ၏အကြည့်တွေဟာ ရွှီဇီယန်နဲ့ဆုံသွားတိုင်း သူကရှက်ပြုံးလေးသာ ပြုံးပြလိုက်သည်။


#TK