Chapter 73
Viewers 4k

Chapter 73


ရိုးရိုးသားသားပြောရရင် ရုပ်လှသည့်လူပုဂ္ဂိုလ်တွေဟာ စကားသိပ်မပြောကြတာကြောင့် လူအများစု‌ဟာ သူတို့တွေအပေါ် ကောင်းမွန်သည့်ခံစားချက်မျိုးရှိကြသည်။ ရွှီဇီယန်မှာဘာချွင်းချက်မှမရှိပေ။ ဒါပေမယ့် သူကအရာအားလုံးထက် သူ့ညီလေးကိုပိုဂရုစိုက်သည်။ ရွှီဇီရုန်က ထိုသူကိုဒီလောက်မုန်းနေမှတော့ ရွှီဇီယန်ကလည်း သူ၏ကောင်းမွန်သည့်ခံစားချက်တွေကို ဖိနှိပ်ထားလိုက်တော့မည်။


ရွှီဇီယန်ဟာ ပေါ်မုဟွကို နှစ်သက်ရမယ်၊ မုန်းရမယ် ဆိုသည့်ကြားမှာ ရုန်းနေရသည်။ နောက်ဆုံးတော့ ထိုသူကိုမုန်းရန် သူဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် လုံခြုံသည့်နေရာတစ်ခုကို ရှာလိုက်ကာ သူ့ကိုချပေးလိုက်မည်။ တစ်လလောက်ကြာပြီး သူတို့တွေထွက်သွားတော့မယ်ဆိုမှ သူ့ကိုပြန်လာပြီးခေါ်လိုက်မည်။ 


သူအဓိကဒီလိုလုပ်ရသည့် အကြောင်းအရင်းကတော့ ရွှီဇီရုန်၏ခံစားချက်ကြောင့်ဖြစ်သည်။ ရွှီဇီရုန်က ဘာလို့များ ထိုသူကိုဒီလောက်မုန်းနေလဲဆိုတာ သူမတွေးတတ်ပေမယ့် ပေါ်မုဟွအပေါ်၌ သူဟာကောင်းမွန်တဲ့ခံစားချက်မျိုးရှိနေရုံနဲ့ ရွှီဇီရုန်၏ခံစားချက်တွေကို သူလျစ်လျူမရှုပစ်နိုင်ဘူး။


ရွှီဇီယန်၏တောင်းဆိုမှုကို ပိုင်ဟွကတည်ငြိမ်စွာ လက်ခံလိုက်သည်။ ပထမဆုံးအချက်အနေနဲ့ သူ၏ရုပ်ရည်အပေါ် သူအရမ်းယုံကြည်မှုရှိတယ်ဆိုပေမယ့် သူစိမ်းတစ်ယောက်က သူ့ကိုမြင်မြင်ခြင်းချစ်လာအောင် လုပ်ဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အချိန်တွေကုန်လွန်သွားပြီးရင် ရွှီဇီယန်၏နှလုံးသားကို သူသိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိထားပေမယ့် နာရီအနည်းငယ်လောက်နဲ့တော့ လုပ်လို့မရဘူး။ ဒုတိယအချက်အနေနဲ့ သူ၏နဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြားကနေ တစ်ခုခုကိုခံစားမိပြီး ထိုအရာဟာစတင်ပူနွေးလာတာကြောင့် ထိုကျောက်စိမ်းပြားနဲ့ပတ်သက်ပြီး သူလေ့လာဖော်ထုတ်ရမည်ဖြစ်ပေမယ့် ဒီရွှီညီအကိုတွေ‌အရှေ့မှာတော့ သူလုပ်လို့မဖြစ်ဘူး။


ပေါ်မုဟွရဲ့နားလည်ပေးနိုင်မှုနဲ့ ပတ်သက်ပြီး ရွှီဇီယန်ပိုကောင်းမွန်စွာခံစားလိုက်ရပေမယ့် ထိုအကြောင်းနဲ့ပတ်သက်ပြီး ရွှီဇီရုန်သဘောမတူမှာကိုလည်း သူခံစားမိနေသည်။ နောက်ဆုံးတော့ ရွှီဇီရုန်၏တောင်းဆိုချက်အတိုင်း ထိုသူကိုစမ်းချောင်းနားမှာ ချပေးလိုက်သည်။


ပေါ်မုဟွကိုနှုတ်ဆက်ပြီးနောက် ရွှီဇီရုန်၏ဘေးနားက ကြီးမားသည့်လေထုဟာ အနည်းငယ်လျော့ကျသွားသည်။ သူပုံစံကအတော်လေး အေးစက်နေဆဲဆိုပေမယ့် သူပိုပြီးသက်သာရာရသွားတယ်ဆိုတာ ရွှီဇီယန်ပြောနိုင်သည်။


“ဇီရုန်…မင်း ပေါ်မုဟွကို မုန်းလား?” တွန့်‌ဆုတ်နေပြီးနောက် ရွှီဇီယန် ထိုမေးခွန်းကို မေးရန်ဆုံးဖြတ်လိုက်တော့သည်။ သူ၏အမြင်အရဆိုရင် ဇီရုန်ဟာ အခြားလူတွေအပေါ် အေးစက်စက်ဆက်ဆံတတ်ပေမယ့် သူ၏အမုန်းတွေကို သိသိသာသာကြီး ဘယ်တော့မှ ဖော်ထုတ်ပြလေ့မရှိပေ။


ရွှီဇီရုန်ခဏလောက် တိတ်ဆိတ်နေပြီးနောက် သူ၏ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။

“ကိုကို ကျွန်တော်သူ့ကို ဘာလို့မုန်းနေမှန်း မသိဘူးလို့ ကျွန်တော်ပြောရင် ကိုကို ကျွန်တော့်ကိုယုံမှာလား?”


ရွှီဇီယန်ခဏမှင်တက်သွားပြီး လျင်မြန်စွာခေါင်းညိတ်လိုက်ကာ

“ငါမင်းကိုယုံတာပေါ့! ငါဘာလို့မယုံဘဲနေရမှာလဲ?”

ထို့နောက် သူကပြုံးကာ ရွှီဇီရုန်၏ဓားပျံပေါ်သို့ ခုန်တက်လိုက်သည်။ သူကရွှီဇီရုန်၏ခေါင်းကို ထိလိုက်ကာ

“ကိုကို, ဇီရုန်ကို အမြဲတမ်းယုံပါတယ်”


ရွှီဇီရုန်မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် ရွှီဇီယန်၏လက်မောင်းတွေကို ပြေးဖက်လိုက်သည်။


“သတိထား!” ရွှီဇီယန်လန့်လွန်းလို့ ချွေးတောင်ထွက်သွားသည်။ ဘုရားရေ! သူကဓားပျံပေါ်၌ရှိနေပြီး သူသာဂရုမစိုက်ပါက သူပြုတ်ကျသွားနိုင်သည်။ ကျင့်ကြံသူတွေက စွမ်းအားကြီးတယ်ဆိုပေမယ့် အမြင့်ကနေပြုတ်ကျရင်တော့ သူတို့တွေသေသွားနိုင်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ဒီညီအကိုနှစ်ယောက်က ဓားပျံပေါ်ကနေပြုတ်ကျပြီး သေသွားတယ်လို့သာ ရှာတွေ့သွားပါက ရွှမ်းယွိနယ်မြေတစ်ခုလုံးမှာ ရယ်စရာအကောင်းဆုံးသတင်းဖြစ်သွားလိမ့်မည်…


“တောင်းပန်ပါတယ်” ရွှီဇီရုန် သူ့လျှာလေးကို ထုတ်လိုက်သည်။ သူ့ကိုကိုပြောလိုက်သည့်စကားက သူ့ကိုအလွန်စိတ်လှုပ်ရှား‌သွားစေတာကြောင့် ဓားပျံကိုထိန်းချုပ်နေရတယ်ဆိုတာ သူမေ့သွားသည်။


ရွှီဇီရုန်အား ရွှီဇီယန်ကြည့်လိုက်ရင်း ရယ်မောသံထွက်ပေါ်လာတော့သည်။ လက်ရှိရွှီဇီရုန်၏အမူအရာက အရမ်းကိုချစ်စရာကောင်းလှသည်။ ရွှီဇီရုန်ကအသက်၁၂အရွယ် ကလေးတစ်ယောက်ဖြစ်နေတာတောင် ဒီလိုချစ်စရာကောင်းသည့် အမူအရာမျိုးကို သူတစ်ခါမှမမြင်ဖူးပေ။ 


ရွှီဇီယန်၏ရယ်မောသံကို သူကြားလိုက်ပြီးနောက် သွေးမိစ္ဆာကျင့်ကြံသူတစ်ယောက်အနေနဲ့ သူဘာလုပ်လိုက်လဲဆိုတာ သဘောပေါက်လိုက်သည်။ သူ၏ပါးတွေနီရဲသွားပြီး ဘယ်လောက်တောင်ရှက်စရာကောင်းတယ်ဆိုတာ သူဖော်ပြလို့တောင်မရပေ။ သူစိတ်ရှုပ်နေပြီး နှစ်ဘဝတောင်နေထိုင်လာသည့်လူက ရွှီဇီယန်၏အလိုလိုက်မှုကြောင့် ဘယ်လိုလို့များ သူကလေးကုလားနိုင်သည့် အရာတွေလုပ်တတ်လာတာလဲ?


ရှက်စရာကောင်းလိုက်တာ!


ထိုအကြောင်းကိုပြောရရင် သူ၏အရင်ဘဝတုန်းက မိစ္ဆာကျင့်ကြံသူအဖြစ် အသက်၃ဝကျော်ကျော်လောက်သာ နေထိုင်ခဲ့ရသည်။ ပထမဆုံးဆယ်နှစ်‌လောက် ဖြစ်ရပ်အများစုကတော့ ရွှီမိသားစုမှာသာ သူနှိပ်စက်ညှင်းပန်းခံခဲ့ရသည်။ နောက်ထပ်ဆယ်စုနှစ်တစ်ခုကတော့ အသောမသတ်နိုင်သည့် ကျင့်ကြံခြင်းနဲ့သာ ပြည့်နက်လို့နေသည်။ ရွှီမိသားစုကို လက်စားချေရမယ်ဆိုသည့် အရာက သူ့ကိုအကြီးမားဆုံး အထောက်အပံ့ပေးလေသည်။ ထိုအချိန်တုန်းက ‌ရွှီမိသားစုအပေါ်ထားသည့် သူ၏အမုန်းတရားတွေဟာ ‌အသက်ရှင်ရမည့်ဆိုသည့်သူ၏ဆန္ဒထက် သာလွန်နေသည်။


နောက်ဆုံးဆယ်နှစ်ကတော့ ထိုရွှီမိသားစုကို သူသတ်လိုက်ပြီး သွေးမိစ္ဆာစံအိမ်တော်မှာ အကြီးမားဆုံးမိစ္ဆာဖြစ်လာသည်။ ထိုအရာတွေကိုသူပြုလုပ်ခဲ့ပြီး တရားမျှတသည့်လမ်းစဉ်က ကျင့်ကြံသူတွေလက်ထဲမှာ သူမသေချင်ခဲ့ပေမယ့် ပိုင်ဟွနဲ့သူ၏ချစ်သူတွေဖြစ်သည့် ကျင့်ကြံသူတွေလက်ထဲ၌ သူသေရလိမ့်မယ်လို့ ဘယ်တုန်းမှမထင်ထားခဲ့ဘူး။


ခဏလေး…ပိုင်ဟွ?


ရွှီဇီရုန်၏မျက်လုံးတွေပြူးကျယ်သွားပြီး သူဘာလို့ပေါ်မုဟွကို ဒီလောက်မုန်းနေရတာလဲဆိုတော့ ထိုသူ၏နောက်ကျောက ပိုင်ဟွနဲ့ဆင်တူနေလို့ပင်ဖြစ်တယ်ဆိုတာ သူသဘောပေါက်သွားသည်။ ထိုသူနဲ့သူ၏ချစ်သူသုံးယောက်က ကုတင်ပေါ်မှာ ဘယ်လောက်ထိ ရှုပ်ထွေးနေလဲဆိုတာကို အကြိမ်များစွာ သူမျက်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ပိုင်ဟွ၏နောက်ကျောက ဘယ်လိုလဲဆိုတာ သူသိပေမယ့် ပေါ်မုဟွနဲ့မျက်နှာနဲ့ ပိုင်ဟွမျက်နှာက…


ခဏလေး!!!


ရွှီဇီရုန်၏မျက်လုံးတွေ ချက်ချင်း နီရဲသွားပြီး သူ့ခန္ဓာကိုယ်အတွင်းက သတ်ဖြတ်ချင်သည့် လှိုင်းလုံးကြီးတွေဟာ ပေါက်ကွဲထွက်တော့မလို သူခံစားလိုက်ရသည်။


ဘာလို့လဲ? ပိုင်ဟွက ဘယ်လိုရုပ်ရည်လဲဆိုတာ သူဘယ်လိုလုပ်မေ့သွားရတာလဲ? 


အရင်ဘဝတုန်းက မှတ်ဉာဏ်တွေကို သူသေချာမှတ်မိနေပေမယ့် ပိုင်ဟွကဘယ်လိုရုပ်လည်းဆိုတာ သူဘာလို့မမှတ်မိနေရတာလဲ? 


တစုံတယောက်ဟာ သူ့မှတ်ဉာဏ်ထဲက ပိုင်ဟွ၏မျက်နှာကို ဖျောက်ထားသလိုနဲ့တူသည်။ ပိုင်ဟွနဲ့ပတ်သက်ပြီး သူတွေးကြည့်လိုက်တိုင်း သူ၏မျက်နှာမှာ တိမ်တွေဖုံးကွယ်ထားပြီး ထိုအချက်ကို သူလုံးဝသဘော‌မပေါက်ပေ!


“ဇီရုန် ဘာဖြစ်တာလဲ?” ရွှီဇီရုန်ကိုကြည့်လိုက်ပြီး ရွှီဇီယန်ထိတ်လန့်သွားသည်။ ရုတ်တရက်ပွင့်ထွက်လာသည့် လူသတ်ချင်သည့်မြင်ကွင်းကြောင့် သူထိတ်လန့်သွားပြီး သူတို့တွေအရှေ့မှာ စိတ်ဝိညာဉ်အကာအရံကို သူချက်ချင်းထုတ်မိမလိုဖြစ်သွားသည်။ သူ၏လက်ချောင်းထိပ်တွေမှာ မိုးကြိုးသွားမြွေတွေဟာ လည့်ပတ်နေပြီး အချိန်မရွေး ပေါက်ကွဲနိုင်အောင် ပြင်ဆင်ထားသည်။


ရွှီဇီရုန်ရဲ့‌လူသတ်ချင်သည့် မြင်ကွင်းကို သူသဘောပေါက်သွားပြီးနောက် သူပိုပြီးထိတ်လန့်လာတော့သည်။ အချိန်အများစုမှာ သူအတော်တည်ငြိမ်သေးပေမယ့် ဘယ်အရာကများ သူ့ကိုမကောင်းဆိုးဝါးဆန်စေသွားတာလဲ? ဘယ်လိုလက်စားချေမှုတွေကိုများ သူကလုပ်ချင်နေရတာလဲ?


သူ၏ကာကွယ်မှုအောက်၌ ဇီရုန်ဟာ ဘာနာကြဉ်းချက်မှလည်း မခံစားရဖူးသလို သူ့မှာဘာရန်သူတွေမှလည်း မရှိဘူး။ ဒီတော့ ဘယ်လိုအရာကများ လူသတ်သည့်ပုံစံပြောင်းသွားစေတာလဲ? 


ရွှီဇီရုန်၏လူသတ်ချင်သည့်စိတ်ဟာ ပေါက်ကွဲတော့မလို့ အနည်းငယ်သာလိုသွားပြီး သူပြန်လည်ထိန်းချုပ်နိုင်သွားပေမယ့် ရွှီဇီယန် သူ့ကိုမေးလိုက်သည့်စကားက ရေခဲဂူထဲသို့ သူပြုတ်ကျသလို ခံစားလိုက်ရသည်။


သူခဏလောက် ပိုင်ဟွနဲ့ပတ်သက်တာမှန်သမျှကို ဖိနှိပ်လိုက်သည်။ သူ၏လူသတ်ချင်သည့်စိတ်နဲ့ ပတ်သက်ပြီး ရွှီဇီယန်ကို သူဘယ်လိုရှင်းပြမလဲဆိုတာ သူတွေးဆဖို့လိုအပ်သည်။


ရွှီဇီရုန်တောင့်တောင့်ကြီးရှိနေပြီး နည်းနည်းမျှမလှုပ်ရဲတော့ပေ။ လက်ရှိမှာသူဟာ ရွှီဇီယန်နဲ့အလွန်နီးကပ်နေပြီး အခြေအနေကို ရှင်းပြရန် သူကြိုးစားပြီးတွေးတောနေကာ အကယ်၍ ထိုလူသတ်ချင်သည့်စိတ်တွေက အခြားနေရာတစ်ခုကနေလာခဲ့တာလို့ သူပြောလိုက်ပြန်ရင်လည်း ရွှီဇီယန်၏အတွေးအခေါ်ကို အရူးလုပ်သလိုဖြစ်နေလိမ့်မည်။


သူ၏ကိုကိုက သူ့ကိုအရမ်းအလိုလိုက်တယ်ဆိုတာ သူသေချာသိပေမယ့် အကယ်၍ သူသာဒီအကြောင်းအရာကို ယုံကြည်အောင်မရှင်းပြနိုင်ပါက သူတို့နှစ်ယောက်ကြားမှာ ကြီးမားသည့်အတားအဆီးဖြစ်လာလိမ့်မည်။


ဘာလုပ်ရမလဲ! ဘာလုပ်ရမလဲ!


ရွှီဇီရုန်တွေးတောနေပေမယ့်လည်း သူ့ဦးနှောက်ကအလွတ်ကြီးဖြစ်နေတာကြောင့် သူဘာကိုမှတွေးတောလို့မရဘူး။


“ဇီရုန် မင်းအဆင်ပြေရဲ့လား?” ရွှီဇီရုန်ဟာ အချိန်အကြာကြီး တိတ်ဆိတ်နေတာကြောင့် ရွှီဇီယန်အလွန်ကို စိုးရိမ်လာတော့သည်။ ဓားပျံပေါ်မှာ ရပ်နေဆဲဖြစ်သည့် ဇီရုန်ကိုကြည့်လိုက်ရင်း သူရင်ထဲမှာမီးတွေတောက်လောင်နေတော့သည်။


“ဇီရုန် မင်းရဲ့ကိုကို,ကိုမကြောက်ပါနဲ့၊ ချီးပဲ! တကယ်ပဲဘာဖြစ်သွားတာလဲ? အနားမှာလည်းဘယ်သူမှမရှိတာကို မင်းကဘာလို့ဒီလိုပုံစံဖြစ်သွားရတာလဲ?!” ရွှီဇီယန် သူ၏ဓားပျံကိုထုတ်လိုက်ပြီး ရွှီဇီရုန်နဲ့အတူ ခုန်တက်လိုက်သည်။


ရွှီဇီရုန်ဘယ်လိုရှင်းပြရမလဲ စိုးရိမ်စွာတွေးတောနေစဉ် သူ့ကိုကို၏စကားက သူ့ကိုရုတ်တရက်လှုံ့ဆော်သွားစေသည်။ 


ရွှီဇီယန်ကသူ့ကိုဆုပ်ကိုင်ထားတာကြောင့် သူချက်ချင်းစိတ်ဆိုးပြေသွားပြီး သူ၏အသိစိတ်ပျောက်သွားသည့်ပုံစံဖြင့် သူ့ကိုကိုအပေါ်၌မှီလိုက်သည်။


ရွှီဇီရုန်ကိုကိုင်ထားတာ သူ၏ဓားပျံပေါ်ကနေ ရွှီဇီယန်လှမ်းလာသည်။ သူ့ညီငယ်လေးက အသိစိတ်ပျောက်သွားတာကို မြင်လိုက်ပြီးနောက် သူအမြန်အောက်သို့ဆင်းလာပြီး ရွှီဇီရုန်ကိုသစ်ပင်သေးသေးလေးအောက်၌ ထိုင်ခိုင်းလိုက်ကာ သူ့အားနှံ့နှံ့စပ်စပ် စစ်ဆေးလေသည်။


ကြည့်ရသလောက်ကတော့ အပြင်ဘက်မှာ ဘာထိခိုက်မှုမှမရှိထားဘူးပဲ။ ရွှီဇီယန် တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ညီငယ်လေး၏လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ကာ သူ၏စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ရွှီဇီရုန်၏အတွင်းထဲက ‌ကျင်းလော့ကို စစ်ဆေးရန်ပြုလုပ်လိုက်သည်။


ရွှီဇီယန်၏စိတ်ဝိညာဉ်စွမ်းအင်နဲ့အတူ သူ၏အလွန်ပြင်းထန်သည့် အစိမ်းရောင်မိုးကြိုးသွားကလည်း လိုက်ပါပေါ်ပေါက်လေ့ရှိသည်။ သူ၏စွမ်းအား၉၀%ကို ထိုအရာဖိနှိပ်ရန် အသုံးပြုလိုက်ပြီး ကျန်သည့်၁၀%ဖြင့် ရွှီဇီရုန်၏ခန္ဓာကိုယ်အတွင်းကို ရှာဖွေရန်အသုံးပြုလိုက်သည်။


အကြိမ်အနည်းငယ်လောက် အသက်ရှူလိုက်ပြီးနောက် ရွှီဇီယန်မျက်နှာပေါ်မှာ ချွေးတွေထွက်ပေါ်လာတော့သည်။ ထိုအချိန်မှာ သူ၏အစိမ်းရောင်မိုးကြိုးသွားကိုလည်း ဖိနှိပ်‌နေရပြီး ရွှီဇီရုန်၏ခန္ဓာကိုယ်ထဲကို ရှာဖွေဖို့လည်း သူအလွန်အာရုံစိုက်ထားရသည်။ အခြားအရာတွေပြုလုပ်ဖို့ သူ့မှာအချိန်မရှိပေ။


သူ၏စိတ်ဝိညာဉ်စွမ်းအင်၁၀၀%မှာမှ ရွှီဇီရုန်၏ခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးရန် သူ၁၀%သာအသုံးပြုနိုင်သည်။ အဲ့ဒီစွမ်းဆောင်မှုကြောင့် ရွှီဇီယန်ချီပင်လယ်ထဲက တစ်ဝက်ဟာ လျင်မြန်စွာကုန်ခန်းသွားတော့သည်။ ထိုအရာကိုသိနေတာတောင် သူဟာကျန်တစ်ဝက်ဖြင့် ရွှီဇီရုန်၏ခန္ဓာကိုယ်အတွင်းထဲသို့ ဆက်လက်ရှာဖွေနေပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေ တဖြည်းဖြည်းပျောက်ကွယ်လာတာကို ရွှီဇီယန်ခံစားမိလာပြီး သူ၏စွမ်းအင်ကို ဘာအတွက်မှအသုံးမချနိုင်ခဲ့ပေ။


သူ့ကိုယ်သူအာရုံပြောင်းနိုင်အောင် ကြိုးစားလိုက်ပြီး သူ၏ချန်ခွင်အိတ်ထဲက ပုလင်းထဲကနေ အာဟာရဆေးလုံးကိုထုတ်လိုက်သည်။ ထိုဆေးလုံးကိုတောင်မကြည့်တော့ပဲ သူချက်ချင်းမျိူချလိုက်တော့သည်။ လတ်ဆတ်သည့်အရသာဟာ အပူအဖြစ်သို့ပြောင်းလဲသွားပြီး သူ၏ချီပင်လယ်ဆီ ပြေးသွားကာ သူ၏ချီပင်လယ်ထဲက အစိမ်းရောင်မိုးကြိုးသွားဟာ ငါးမန်းက သွေးနံ့ကိုရသလိုပုံစံဖြင့် ထိုဆေးလုံးဆီသို့ ပြေးလာတော့သည်…


ထိုအာဟာရဆေးလုံးဖြင့် အင်းအားပြန်ဖြစ်ထွန်းသွားပြီး နောက်ဆုံးမှာတော့ ရွှီဇီယန်ဟာ ရွှီဇီရုန်၏ခန္ဓာကိုယ်ကို နှံ့နှံ့စပ်စပ် ရှာလို့ပြီးသွားပြီဖြစ်သည်။ သူ၏ချီပင်လယ်အပါအဝင် အတွင်းထဲမှာလည်း ဘာမှမှားယွင်းတာမရှိဘူး။ ဘာမှမှားယွင်းတာမရှိဘူးဆိုပေမယ့် ရွှီဇီရုန်ကအခုထိမနိုးသေးဘူးဆိုတော့ သူကစိတ်နဲ့တိုက်ခိုက်ခံနေရတာ ဖြစ်နိုင်သည်။


ရွှီဇီယန်စိုးရိမ်လာတာကြောင့် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကနေ ချက်ချင်းထွက်ပြီး သူ၏ဆရာသခင်ကို သွားရမယ်လို့လုပ်နေစဉ် ရွှီဇီရုန်ရုတ်တရက် ညည်းညူးလာပြီး သူ့မျက်လုံးတွေပွင့်လာသည်။


“ဇီရုန်!” ရွှီဇီယန်စိတ်လှုပ်ရှားသွားပြီး ချက်ချင်းသူ့ကိုဖက်လိုက်ကာ

“မင်းအဆင်ပြေရဲ့လား?”


ရွှီဇီရုန်ဟာ အိမ်မက်ကနေနိုးထလာသလိုမျိုး မျက်တောင်ခတ်လိုက်သည်။

“ကိုကို?”


“ငါပါ, မင်းအခုဘာဖြစ်သွားတာလဲ? တစုံတယောက်က မင်းကိုတိုက်ခိုက်လို့လား?”


ရွှီဇီရုန်ကအနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။ သူခေါင်းညိတ်ပြီးနောက် ခေါင်းပြန်ခါလိုက်သည်။

“ကျွန်တော်လည်းသေချာမသိဘူး တစစုံတယောက်က ကျွန်တော့်ခေါင်းထဲကို ရုတ်တရက်ရောက်လာသလို ကျွန်တော်ခံစားလိုက်ပြီးတော့ ကျွန်တော့်ရဲ့ခန္ဓာကိုယ် သူ့ကိုပေးမလားလို့ ကျွန်တော့်ကိုမေးတယ် ဒါပေမယ့် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို အခြားဘယ်သူ့ကိုမှ မပေးရဘူးလို့ ကိုကိုတစ်ခါက ကျွန်တော့်ကိုသတိပေးဖူးတယ်လေ ကျွန်တော်နဲ့သူနဲ့တိုက်ခိုက်တယ် အဲ့ဒီလူကအရမ်းကိုစွမ်းအားကြီးပြီးတော့ သူကလှည့်ကွက်တွေအများကြီးကိုလည်း သိနေတယ် ဒါပေမယ့် ကျွန်တော်က ပတ်ဝန်းကျင်အနေအထားကို ထိန်းချုပ်နိုင်တာကြောင့် ကံကောင်းစွာ ကျွန်တော်နိုင်သွားတယ်”


သူဘယ်လိုနိုင်ခဲ့လဲဆိုတာကို သူပြောလို့ပြီးသွားသည့်နောက် ရွှီဇီရုန်ဟာ ချီးကျူးခံလိုက်သလို အတော်လေး ဂုဏ်ယူနေသည်။


ဒါပေမယ့် ရွှီဇီရုန်ပြောသည့်အရာကို ပုံဖော်ကြည့်လိုက်ရင်း ရွှီဇီယန်သေလောက်အောင် ထိတ်လန့်သွားသည်။


အဲ့ဒါကသေလမ်းတောင်လျှောက်သွားနိုင်တယ်မဟုတ်ဘူးလား? ချီးပဲ! သူ့ညီလေးရဲ့ဝိညာဉ်က သေလမ်းကိုတောင်ရောက်တော့မလို့! ဒီနယ်မြေက မလုံခြုံတဲ့လောကကြီးပဲကို ဘယ်လိုလုပ်မဖြစ်နိုင်ရမှာလဲ?


#TK