Chapter 82
လော့တကျောင်ကိုနှုတ်ဆက်ပြီးနောက် ညီအကိုနှစ်ယောက်ဟာ ထျန်လော်တောင်ထွက်၏ပိတ်လှောင်ထားသည့် နေရာဖြစ်သည့် စိတ်ငြိမ်ခန်းနှစ်ခုကို ဖွင့်လိုက်သည်။
အခင်းတစ်ခုကလွဲရင် သူတို့တွေ စိတ်ငြိမ်ခန်း၌ ဘာမှပြင်ဆင်စရာမလိုပေ။
ရွှီဇီရုန်က ရွှီဇီယန်အတူ စိတ်ငြိမ်ခန်းတစ်ခုတည်းကို ဝင်ချင်တာဖြစ်သည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်အကြောင်းကို ရွှီဇီယန်အား ရှင်းပြရန်ခက်ခဲလှပြီး သူကျင့်ကြံနေစဉ်အတွင်း သွေးပင်လယ်နှလုံးကျင့်စဉ်ကြောင့် သူ့ကိုကိုတစ်ခုခုဖြစ်သွားမှာလည်း သူစိုးရိမ်သည်။
ပြင်ဆင်စရာအားလုံး ပြင်ဆင်ပြီးနောက် ရွှီဇီယန်က ရွှီဇီရုန်၏ဝန်လေးနေသည့် အမူအရာကို ကြည့်ရှုရန်လျစ်လျူရှုလိုက်ပြီး သူကစိတ်ငြိမ်ခန်းဝင်ပေါက်ထဲသို့ ဝင်သွားကာတံခါးပိတ်သွားတော့သည်။ ထို့အပြင် သူကျင့်ကြံခြင်းလောကထဲကို ရောက်ရှိလာပြီးနောက် သူ၏ပထမဆုံးရှည်ကြာသည့် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်တော့သည်။
ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်းတစ်ထောင်ရှိသွားပြီဖြစ်ပြီး နေ့တစ်နေ့၏တောင်ကြီးအလယ်၌…
ရွှီဇီယန်တစ်ဖန်ပြန်နိုးထလာခဲ့ပြီး သူကထိုအရာကိုမျှော်လင့်ထားပေမယ့် ၅နှစ်ဆိုသည့်အချိန် ကုန်ဆုံးသွားတာကို သူအတော်လေးအံ့ဩနေသည်။
၅နှစ်ကြာသွားပြီးနောက်…
ထိုအချိန်ဟာသိပ်လည်းမရှည်ကြာသလို သိပ်လည်းမတိုတောင်ပေမယ့် ကြော့ရှင်းသည့်ဆယ်ကျော်သက်လေးကို အလွန်လှပသည့်ရုပ်ရည်မျိုး ရှိလာအောင် ပြုလုပ်ပေးနိုင်သည်။
ပထမဆုံးအိမ်မက်ထဲမှာ လမ်းလျှောက်နေသလိုဖြစ်နေသည်။ ရွှီဇီယန်နိုးထလာပြီးနောက် အချိန်ဘယ်လောက်ကုန်သွားပြီလည်းဆိုတာ သူမသိပေမယ့် သူ၏ဆံပင်တွေဟာ အလွန်ကိုရှည်လျားနေပြီး သူ၏ခန္ဓာကိုယ်ကလည်း ဖုန်တွေနဲ့ဖြစ်နေသည်။
ဘန်းဆိုသောအသံနဲ့အတူ စိတ်ငြိမ်ခန်းကိုပိတ်ထားသည့် ကျောက်တုံးတံခါးဟာ ကျိုးပျက်သွားပြီး ကျစ်လျစ်ပြီးသွယ်လျသည့် ပုံရိပ်တစ်ခုဟာ ပြေးလာပြီး ရွှီဇီယန်၏လက်မောင်းထဲသို့ ပစ်ဝင်လာသည်—
"ကိုကို နောက်ဆုံးတော့ ထွက်လာပြီပေါ့"
ဆယ်ကျော်သက်ကောင်လေး၏ ပြက်သားသည့်အသံမှာ သူ၏ကလေးဆန်မှုတွေပါဝင်နေသည် ဒါပေမယ့်…
သူ့လက်မောင်းထဲကဒီအလှလေးကြောင့် ရွှီဇီယန်မှင်တက်သွားပြီး သူအချိန်အတော်ကြာအောင် စကားမပြောနိုင်ဖြစ်သွားရသည်…
ချီးပဲ သူကဘယ်သူကြီးလဲ?
နေပါဦး ဒီလူကဘာလို့များ ငါ့ညီနဲ့တူနေရတာလဲ? သူတို့နှစ်ယောက်ရဲ့အမူအရာနဲ့ ပုံစံတွေကလည်း တူနေလို့များလား?
"ဇီရုန်?" ရွှီဇီယန်အနည်းငယ် သံသယဖြစ်စွာ မေးလိုက်သည်။
"ကိုကို…" ရွှီဇီရုန်နှုတ်ခမ်းလေးဆူကာ ရွှီဇီယန်ကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။
ရွှီဇီယန်ထိတ်လန့်တုန်လှုပ်သွားသည်။ ချီးပဲ သူမျက်စိမပိတ်ခင်တုန်းက ဒီကောင်လေးက သေးသေးလေးပါ ဘာလို့များ အချိန်အတိုအတွင်း ဒီလောက်ထိကြီးလာရတာလဲ? သူ့ရဲ့အရပ်၊ကိုယ်အရွယ်အစား၊အလွန်လှပတဲ့မျက်နှာတွေက ရင့်ကျက်နေပြီး ခန့်မှန်းရရင် ဒီပုံစံက ရွှီဇီရုန် အရွယ်ရောက်သွားတဲ့ ပုံစံကြီးပေါ့!
မိုးနတ်မင်းကြီးရေ ကျွန်တော်ရဲ့ချစ်စရာကောင်းတဲ့ ညီငယ်လေးကိုပြန်ပေးပါ!!! ကျွန်တော့်ရဲ့ဇီရုန်သေးသေးလေး ဘယ်ရောက်သွားတာလဲ???
ရွှီဇီယန် ဝမ်းနည်းမှုနဲ့ဒေါသထွက်မှုကို တစ်ချိန်တည်းခံစားနေရသည်။ သူဝိညာဉ်ကူးပြောင်းလာပြီးနောက် ရွှီဇီရုန်ကို ပျိုးထောင်ပေးရမယ်လို့ သူ့စိတ်ထဲမှာရည်ရွယ်ထားခဲ့ပြီး သူပျော်လို့တောင်မဝသေးဘူး ရွှီဇီရုန်က မျက်စိတစ်မှိတ်အတွင်း ကြီးထွားလာသည်! ဘယ်လိုတောင် အစီအစဉ်မကျ ဖြစ်ရတာလဲ?
"ကိုကိုက…ဇီရုန်ကို သဘောမကျတော့ဘူးလား?" ရွှီဇီရုန်သူ့အောက်နှုတ်ခမ်းကိုကိုက်ကာ ရွှီဇီယန်အား မျက်ရည်ဝိုင်းစွာကြည့်လိုက်သည်။
ရွှီဇီယန်မှင်တက်သွားရသည်။ ဟုတ်ပါပြီ ဇီရုန်ရဲ့အရွယ်ရောက်တဲ့ပုံစံကို သူမမုန်းဘူးဆိုတာ လက်ခံပေမယ့် အချိန်တိုအတွင်း ကောင်ကလေးက ဆွဲဆောင်မှုရှိသည့်ယောင်္ကျားလေးဖြစ်လာတာကိုတော့ သူလုံးဝလက်မခံနိုင်ဘူး။ အဲ့ဒါကကြီးမားစွာကွဲပြားလွန်းနေသည်။
"အဲ့ဒါကအဆင်ပြေပါတယ်…ဒီအတိုင်း…မင်းကရုတ်တရက်ကြီး ဘယ်လိုလုပ်ကြီးထွားလာရတာလဲ?" ထို့အပြင် ရွှီဇီရုန်က သူ့ညီလေးဖြစ်နေသေးတာကြောင့် ရွှီဇီယန်အကျင့်ပါနေပြီး သူ့ခေါင်းကိုပွတ်ပေးလိုက်သည်။
ရွှီဇီရုန်၏မျက်လုံးတွေက ပိုပြီးတော့ဝမ်းနည်းစွာ ကြည့်လိုက်ပြီး
"ကိုကို ကျင့်ကြံနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲသိရဲ့လား?"
"အမ်…" ရွှီဇီယန်ခဏလောက် အေးခဲသွားသည်။ သူ၏မူလအစီအစဉ်က တစ်နှစ်ခွဲလောက် တံခါးပိတ်ကျင့်ပြီး ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုနဲ့ သူ၏ချီပင်လယ်အစိမ်းရောင်မိုးကြိုးသွားနဲ့ပြီးတော့ ခရမ်းရောင်မိုးကြိုးသွားကို ဘယ်လိုဝါးမျိုရမလဲဆိုတာ သူလေ့လာဖို့စီစဉ်ထားခဲ့သည်။ ပုံမှန်အတိုင်းသာဆိုရင် အဲ့ဒီအရာတွေကို လေ့လာဖို့ အချိန်တော်တော်ကြာပြီး ထိုအရာတွေကို သူစိတ်စွဲသွားတာကြောင့်…သူအချိန်ဘယ်လောက်တောင် ကျင့်ကြံနေခဲ့လည်းဆိုတာ မသိတော့ပေ။
"ငါကျင့်ကြံနေတာ အချိန်ဘယ်လောက်ကြာပြီလဲ?" ရွှီဇီယန်မလုံလဲစွာမေးလိုက်သည်။
ရွှီဇီရုန်တိတ်ဆိတ်နေပြီး သူ၏မျက်လုံးတွေ ဝမ်းနည်းရိပ်တွေနဲ့ပြည့်နေတာက ရွှီဇီယန်ကိုရေနစ်တော့မလို ဖြစ်သွားစေသည်…
"ကိုကိုက…ငါးနှစ်ကျင့်ကြံနေခဲ့တာ" ရွှီဇီရုန်သူ့လက်ကိုဖြန့်လိုက်ကာ ရွှီဇီယန်၏မျက်လုံးအရှေ့၌ ဝှေ့ယမ်းပြလိုက်သည်။
"ငါးနှစ်တောင်!!!" ရွှီဇီယန်ထိတ်လန့်သွားပြီး "အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"
ရွှီဇီရုန်ဘာမှတော့ပြန်မပြောပေမယ့် သူကမတ်မတ်ရပ်ကာ ရွှီဇီယန်၏လက်ကိုယူပြီး သူ၏အရပ်ကိုတိုင်းခိုင်းလိုက်သည်။
ရွှီဇီယန်ချက်ချင်းမှင်တက်သွားသည်။ သိသိသာသာကြီး ပြောင်းလဲသွားတာကို လူတိုင်းကမြင်ကြလိမ့်မည်။
သူ၏မျက်လုံးတွေထဲမှာ မရှင်းပြနိုင်လောက်အောင် ရှုပ်ထွေးမှုတွေရှိနေပြီး ရွှီဇီယန် အိမ်မက်မက်နေသလိုသာ ခံစားနေရသည်။ မူလခန္ဓာကိုယ်က သူ၏မှတ်ဉာဏ်တွေကဟာ အသက်၁၀နဲ့၂၀ကြားက မှတ်ဉာဏ်တွေရှိထားပေမယ့် သူဒီလိုပုံစံကြီးနဲ့ ဘဝကိုပြန်စရမယ်လို့ ဘယ်တုန်းကမှမတွေးခဲ့မိဘူး။ အနာဂတ်အတွက် တံခါးပိတ်ကျင့်ကြံခြင်းကို ကျင့်ကြံရာတွင် အမှတ်မထင်ပိတ်ဆို့မှုတွေရှိနေတာကြောင့် ကျော်ဖြတ်နိုင်ဖို့ အချိန်တော်တော်ကြာယူလိုက်ရတယ်ဆိုပေမယ့်…ဒါကြီးကငါ့ရဲ့အစီအစဉ်မှ မဟုတ်တာ!
သူ၏အစတုန်းက ရည်ရွယ်ချက်က ဘာပဲဖြစ်ပါစေ ဇီရုန်ကို၅နှစ်လုံးလုံး တစ်ယောက်တည်းထားခဲ့မိတာက သူ့အမှားတွေဆိုတာသူသိသည်။ ကျင့်ကြံခြင်းမစခင်တုန်းက ဒီနေရာမှာနေခဲ့သည့်မှတ်ဉာဏ်တွေ သူ့ဆီမှာရှိပြီး ထိုအချိန်တုန်းက လော့တကျောင်ဟာ ရွှီဇီရုန်အပေါ် အလွန်အေးစက်သည်။
သူ့အကိုရဲ့ဂရုစိုက်မှုလည်းမရ သူ၏ဆရာသခင်ကလည်း အေးစက်နေတာဆိုတော့ ဇီရုန်က ဒီ၅နှစ်လုံးလုံး ပစ်ပယ်ထားခံနေရတယ်ဆိုတာ ရွှီဇီယန်သုံးသပ်လို့ရသည်။
ဇီရုန်ကသူ့အနားကိုအမြဲကပ်ရတာ သဘောကျတယ်ဆိုတာ သူသေချာသိပြီး ထိုအရာကလည်း မလုံခြုံမှုတစ်မျိုးဖြစ်စေသည်။
အကျိုးဆက်တွေနဲ့ပတ်သက်ပြီး ဘာတွေဖြစ်သွားပြီလဲ? သူက၅နှစ်တောင်ပျောက်သွားတာဆိုတော့ ဇီရုန်ဘယ်လောက်ဝမ်းနည်းပြီး သည်းခံနေရမလဲဆိုတာ သူမတွေးတတ်တော့ပေ။
"ဇီရုန်…ဒီနှစ်တွေမှာ မင်းအတွက်အတော်လေး ခက်ခဲခဲ့မှာပဲ" ရွှီဇီယန် သူ့ရင်ထဲမှာ အပြစ်ရှိစိတ်တွေနဲ့ ပြည့်လို့နေသည်။ အကျင့်အတိုင်း သူကဇီရုန်ကို သူ့လက်မောင်းတွေထဲ ပွေ့ဖက်လိုက်ကာ သူ၏ဆံပင်အရှည်ကြီးတွေကို ပွတ်သပ်ပေးနေသည်။
ရွှီဇီရုန်ကအတော်လေး အရပ်ရှည်လာတာကြောင့် ဒီလိုရင်းနှီးတဲ့အပြုအမူမျိုး ပြုလုပ်ရတာက အနည်းငယ်ကိုးယိုးကားယားနိုင်လှသည်။ ရွှီဇီရုန်က သူ၏ကိုယ်နေဟန်ထားကို အလိုက်သင့်ပြုမူလိုက်တာကြောင့် ရွှီဇီယန် ရင်းနှီးတဲ့ခံစားချက်မျိုး ပြန်လည်ရှာတွေ့သွားသည်…
သူ၏ခေါင်းကို သူ့ကိုကို၏လက်မောင်းထဲ၌ မြှုပ်နှံထားပြီး ရွှီဇီရုန် ထိုသူ၏အနံ့ကို ခပ်ပြင်းပြင်းရှုရှိုက်ကြည့်နေသည်။
လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဒီကျောက်တုံးကြီးပွင့်သွားအောင် ပြင်းထန်တဲ့အင်အားတွေအသုံးပြုပြီး သူအကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လည်း လော့တကျောင်က သူ့ကိုအေးစက်စက်ပြောလာသည်။
"မင်းကရွှီဇီယန်ကို လျှိုကွမ်းဂိုဏ်းနဲ့အတူ သေသွားစေချင်တယ်ဆိုရင်လည်း မင်းမှာရှိသမျှစွမ်းအားထုတ်သုံးလိုက်လေ"
ထိုရိုးရှင်းတဲ့အဖြေဟာ ရွှီဇီရုန်ကို ခေါင်းကနေခြေအဆုံး ရေအေးနဲ့လောင်းချခံလိုက်ရသလို ဖြစ်သွားစေသည်။
သူသိသွားပြီ!
လော့တကျောင်နဲ့ပတ်သက်ပြီး သူလုံးဝနားမလည်နိုင်ဘူးလို့ ရွှီဇီရုန်အမြဲခံစားခဲ့ရသည်။ အပေါ်ယံပုံစံကတော့ သူကသာမန် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူပုံစံဖြစ်နေပေမယ့် တကယ့်တော့ သူ၏လိမ်ညာလှည့်စားထားသည့် အပြင်ပန်းသွင်ပြင် ဖြစ်နေလိမ့်မယ်လို့ ရွှီဇီရုန် ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒါပေမယ့် လျှိုကွမ်းဂိုဏ်း၏သိနားလည်နိုင်စွမ်းကို သူလျော့တွက်ခဲ့မိမှန်း တွေးလိုက်မိသည်။ သူကကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ကောင်းမွန်စွာဖုံးကွယ်ထားနိုင်တယ်လို့ အမြဲတမ်းတွေးခဲ့ပေမယ့် လော့တကျောင်ဟာ သူကမိစ္ဆာကျင့်ကြံခြင်းကို အချိန်အကြာကြီး လေ့ကျင့်နေတာနဲ့ပတ်သက်ပြီး သိထားပြီးပြီဖြစ်သည်။
ရွှီဇီရုန်က လော့တကျောင်ကို ဘယ်လိုသိသွားတာလဲဆိုနဲ့ ပတ်သက်ပြီးမမေးလိုက်ပါ။ ဘာလို့လဲဆိုတော့ ထိုမေးခွန်းကအဓိပ္ပါယ်မရှိဘူးဆိုတာ သူသိသည်။ သူနားမလည်တာတစ်ခုက လော့တကျောင်ဟာ သူ့ကိုစက္ကန့်ပိုင်းအတွင်း ဖျက်စီးချင်ရင်ဖျက်စီးလို့ရတာကို သူကဘာလို့များ ရွှီဇီရုန်ကိုကူညီပြီး ဖုံးထားပေးရတာလဲ။
"ဘာကြောင့်လဲ?" ရွှီဇီရုန်ကလည်း ဟန်ဆောင်နေတာကို ရပ်လိုက်ပြီး အေးစက်စက်မေးလိုက်သည်။ နှစ်ယောက်စလုံးဟာ သူဘာကိုရည်ညွှန်းချင်မှန်း သိကြသည်။
လော့တကျောင်က သူ့ကိုပေါ့ပါးစွာ ကြည့်လိုက်ပြီး
"အကြောင်းပြချက်နှစ်ခုရှိတယ် ပထမအချက်က ငါမင်းအကို,ကိုသဘောကျတယ် ပြီးတော့ သူကကောင်းမွန်တဲ့ အလားအလာရှိတယ်လို့ ငါတွေးမိတယ် သူ့ရဲ့အစီအစဉ်ကို နှောင့်ယှက်မယ့် မင်းကိုအလကားကောင်မျိုးကို ငါမလိုချင်ဘူး သို့ပေမယ့် မင်းကသူအရမ်းအလိုလိုက်ရတဲ့ ညီလေးဖြစ်နေတယ် အကယ်၍ မင်းသာလျှိုကွမ်းဂိုဏ်းမှာ သေသွားရင် ဂိုဏ်းကနေသူသေချာပေါက် ထွက်သွားလိမ့်မယ်"
"ဒုတိယအချက်က…" ဒီတစ်ချိန်မှာ လော့တကျောင်က ရွှီဇီရုန်ကို တည်ကြည်စွာကြည့်လိုက်ပြီး ဖြေးညင်းစွာပြောလိုက်သည်။
"မင်းမှာကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့အရည်အချင်းတွေရှိတယ်ဆိုပေမယ့် ငါအချိန်အကြာကြီး လေ့လာစောင့်ကြည့်ပြီးနောက် မင်းဟာအမဲလိုက်သတ်ဖြတ်ရာတွင် ကျင့်ကြံသူတွေကို ဘယ်တော့မှပစ်မှတ်မထားဘူးဆိုတာ ငါတွေ့လိုက်ရတယ်" သူကခဏလောက်ရပ်လိုက်ပြီး ဆက်ပြောလေသည်။
"ငါခန့်မှန်းတာမှန်မယ်ဆိုရင် မင်းကျင့်ကြံနေတဲ့ကျင့်စဉ်က သွေးပင်လယ်နှလုံးကျင့်စဉ် ဟုတ်တယ်မလား? တကယ်တော့ အဲ့ကျင့်စဉ်က မိစ္ဆာကျင့်ကြံခြင်းမဟုတ်ဘူး အဲ့ဒီအရာကို မူလဖန်တီးခဲ့တဲ့သူက တရားမျှတတဲ့ကျင့်ကြံသူတစ်ယောက်ပဲ အဲ့ဒီအရာကို အနောက်ဘက်နယ်မြေရဲ့ တိုက်ပွဲမှာ အဓိကအသုံးပြုကြတယ်"
"ဝမ်းနည်းစရာကောင်းလိုက်တာ…" သူကအနည်းငယ် နောင်တရစွာ သူ၏ခေါင်းကိုခါလိုက်သည်။
"လူသားတွေကိုယ်တိုင်က မိစ္ဆာဖြစ်နေတာကို သွေးပင်လယ်နှလုံးကျင့်စဉ် ကျင့်ကြံဖို့ မူလအစတုန်းက မိစ္ဆာသွေးနဲ့ပြုလုပ်ထားတာ ဒါပေမယ့် တချို့သောကောင်စုတ်တွေက လူသားကျင့်ကြံသူတွေရဲ့သွေးနဲ့ အသုံးပြုတာက ပိုအကျိုးသက်မှုရှိတယ်လို့ ရှာတွေ့သွားပြီးနောက် အဲ့ဒီအရာက မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းအဖြစ် ပြောင်းသွားတာ"
သူကရွှီဇီရုန်အားထပ်ပြီးကြည့်လိုက်ကာ
"ငါမင်းကိုဘာလို့ ဘာမှမလုပ်တာလဲဆိုတော့ ကျင့်ကြံခြင်းမှာ မှားတယ်မှန်တယ်ဆိုတာမရှိဘူး အဲ့ဒီအရာကိုထိန်းချုပ်တဲ့သူကိုပဲ ငါတို့ကကြည့်တာ ငါ့ရဲ့လက်ရှိအမြင်အရပြောရရင် မင်းရဲ့အပြုအမူတွေက ငါ့ကိုကျေနပ်စေတယ် မင်းဘယ်လိုလုပ်ပြီး ဒီကျင့်စဉ်အမွေအနှစ်ကို ရရှိခဲ့လဲဆိုတာ ငါမသိပေမယ့် မင်းကမင်းရင်ထဲကလူသတ်ချင်တဲ့စိတ်ကိုထိန်းချုပ်ဖို့ တောကောင်တွေနဲ့မိစ္ဆာတောကောင်တွေကိုပဲ မင်းကအမြဲတမ်း ပစ်မှတ်ထားလေ့ရှိတယ် အဲ့ဒါကအလွန်အံ့ဩစရာကောင်းပြီး အဲ့ဒီအကြောင်းပြချက်ကြောင့် ငါမင်းကိုလွတ်ထားပေးတာ"
ရွှီဇီရုန် လော့တကျောင်ကို တိတ်ဆိတ်စွာကြည့်လိုက်သည်။ လော့တကျောင်က သူ့အကြောင်းကို အချိန်အကြာကြီး လေ့လာစောင့်ကြည့်နေလိမ့်မယ်လို့ သူမထင်ထားခဲ့မိဘူး။ သူလက်ရှိတွေးတောနေသည့်အရာကတော့ သူ့ကိုကိုကလည်း တံခါးပိတ်ကျင့်ကြံနေပြီး လော့တကျောင်ကလည်း သူ့အပေါ်အေးစက်သွားတာက ရွှီဇီရုန်ဟာ မိစ္ဆာကျင့်ကြံခြင်းကို လေ့ကျင့်နေတယ်ဆိုတာ သူရှာတွေ့သွားလို့ဖြစ်လိမ့်မည်…
ထိုအကြောင်းကိုတွေးတောပြီးနောက် ရွှီဇီရုန်ချွေးအအေးတွေ ဖြစ်ပေါ်လာတော့သည်။ ကံကောင်းစွာ သူကအမြဲတမ်း သူ့ကိုကို၏ခံစားချက်ကို တွေးတောလေ့ရှိတာကြောင့် သူ၏အမဲလိုက်ပစ်မှတ်အဖြစ် လူသားကျင့်ကြံသူတွေကို ဘယ်တုန်းကအသုံးမပြုခဲ့ဘူး။ သူ့ကိုကို၏ငါးနှစ်တောင် ကျင့်ကြံနေသည့်အချိန်က သူ့ကိုအလွန်ဒေါသထွက်စေပြီး တောင်အနောက်ဘက် တောကောင်တွေနဲ့မိစ္ဆာတောကောင်တွေကို သတ်မိမလိုတောင်ဖြစ်သွားသည်။
"ဒီအကြောင်းအရာကို ငါဘယ်သူ့ကိုမှမပြောရသေးဘူး ဒါပေမယ့် မှတ်ထားနော်—အနာဂတ်မှာ လူသားကျင့်ကြံသူတွေကို မိစ္ဆာကျင့်ကြံခြင်းအတွက် မင်းအသုံးပြုခဲ့ပါက မင်းဘယ်နေရာပဲရောက်နေရောက်နေ ငါကိုယ်တိုင်မင်းကိုသတ်လာမှာ!" လော့တကျောင်ကရှည်ရှည်ဝေးဝေး မပြောချင်တော့တာကြောင့် သူ၏ရင်ထဲမှာ အကြောက်တရားရှိသွားအောင် အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူအနေနဲ့ ရွှီဇီရုန်ကို ဖိနှိပ်ထားရန် ကြိုးစားလိုက်သည်။
အဲ့ဒါကအမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူတွေ၏ ထူးခြားတဲ့စွမ်းအင်ပင်ဖြစ်သည်။ သူကဒီနည်းလမ်းဖြင့် ရွှီဇီရုန်၏ရင်ထဲမှာ အကြောက်တရားတွေ အမြစ်တွယ်အောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ အကယ်၍ ရွှီဇီရုန်သာ တစ်နေ့နေ့မှာ လူသားကျင့်ကြံသူတွေကို အသုံးပြုကာ ကျင့်ကြံခဲ့ပါက ထိုအကြောက်တရားမျိုးစေ့က ပိုမိုကြီးထွားလာမည်ဖြစ်ပြီး ရွှီဇီရုန်သူ့ကိုယ်သူအဆင့်မြင့်တင်ရင်း သူ၏ရင်ထဲမှာ မိစ္ဆာစိတ်တွေဖြစ်လာလိမ့်မည်။
လော့တကျောင်ကလည်း အခြားရွေးချယ်စရာမရှိတော့တာကြောင့် ဒီလိုလုပ်လိုက်ရခြင်းဖြစ်သည်။ ဒီနည်းလမ်းက ရွှီဇီရုန်အတွက် မတရားဘူးဆိုပေမယ့် သူ၏သွေးပင်လယ်နှလုံးကျင့်စဉ်ကြောင့် ရွှီဇီရုန် မိစ္ဆာပုံစံဖြစ်သွားမှာကို သူအလွန်စိုးရိမ်သည်။ တစ်နည်းအားဖြင့် ရွှီဇီရုန်သာ ဘာမှမလုပ်ဘူးဆိုရင် လော့တကျောင်ကလည်း အရင်တုန်း စတိုက်ခိုက်မည်မဟုတ်ပေ။
နှစ်ခုထဲကတစ်ခုကိုရွေးချယ်ရရင် သူကကြင်နာမှုနည်းသည့် နည်းလမ်းကိုသာ ရွေးချယ်ရလိမ့်မည်။
ထိုနည်းလမ်းဟာ ရွှီဇီရုန်အပေါ် အကျိုးသက်ရောက်အောင် အနည်းဆုံးတော့ သူ၏စိတ်ထဲကို လွှမ်းမိုးသွားအောင် သွတ်သွင်းရမည်။ လော့တကျောင်က ဒီအရာကို ကြိုတင်ကာကွယ်ဖို့ ပြုလုပ်လိုက်ခြင်းသာဖြစ်သည်။ ဒါကြောင့် အလေးအနက်ကြည့်လိုက်ပြီးနောက် သူကရွှီဇီရုန်အား နှစ်သိမ့်သည့်သဘောမျိုးဖြင့် ပိုပြီးပေါ့ပါးစွာကြည့်လိုက်သည်။
ထိုအချိန်၌ လော့တကျောင်ဟာ ရွှီဇီရုန်၏ရင်ထဲမှာ အကြောက်တရားကို မျိုးစေ့ချလိုက်တာကြောင့် ရွှီဇီရုန်သူ့၏ခေါင်းကိုငုံ့ထားကာ လော့တကျောင်၏အရှိန်အဝါကို ဖိအားပေးခံနေရပုံပေါ်သည်။ သူကအလွန်ကြောက်လွန်းလို့ ခေါင်းတောင်မဖော်ရဲတော့ပေ။
ဒီအချိန်မှာ ဘာမှမပြောတာ ပိုကောင်းလိမ့်မယ်လို့ လော့တကျောင်တွေးမိလိုက်သည်။ ရွှီဇီရုန်ဟာသူ့တပည့်ဖြစ်နေသေးသ၍ သူလက်လွတ်စပယ်မသတ်ဘူးလို့ ကတိပေးလိုက်ကာ ရွှီဇီရုန်ကိုအားပေးတိုက်တွန်းလိုက်သည်။ ထို့နောက်မှာတော့ လော့တကျောင်ဟာ လျင်မြန်စွာထွက်သွားတော့သည်။ သို့ပေမယ့် သူကအမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူဖြစ်နေဆဲဖြစ်သည်။ ကလေးတစ်ယောက်ကိုဒီလောက်အထိ အနိုင်ကျင့်ပြီးပြီဖြစ်တာကြောင့် သူကလည်း ရွှီဇီရုန်၏ပုန်ကန်လိုစိတ်ကို ထပ်ပြီးမနှိုးဆော်ချင်တော့ပေ။
သူထွက်သွားပြီးနောက် ရွှီဇီရုန်၏ခေါင်းမော့လာတော့သည်။ ဘယ်သူမှမသိလိုက်တာက သူ၏လှပသည့်မျက်နှာမှာ ဘာအကြောက်တရားအရိပ်အယောင်မှ ရှိမနေတာကိုပင်။ ထိုအစား သူ၏မျက်နှာပေါ်မှာ အေးစက်စက်အပြုံးသာရှိနေသည်။
#TK