Chapter 86
Viewers 23k

Chapter 86


နူးညံ့သည့်ကျန်ရင်း(က)ဟာ ရုတ်တရက် ရယ်မောလိုက်ကာ

"မင်းကသူနဲ့တွေ့တိုင်း မိန်းကလေးလို ဝတ်စားသွားတာလေ ရှင်းနေတာပဲမဟုတ်ဘူးလား? မင်းဘာလို့ သူ့ကိုအပြစ်သွားတင်ရတာလဲ?"


နတ်ဆိုးကျန်ရင်း(က)ဟာ အလွန်ဒေါသစွာ ခေါင်းကိုတစ်ဖက်လှည့်လိုက်ရင်း မျက်မှောင်ကြုတ်နေသည်။


နူးညံ့သည့်ကျန်ရင်း(က)ဟာ သက်ပြင်းချကာ

"ရင်းအာ‌ပြောပုံအရဆိုရင် သူအခုချိန်လောက်ဆို ထိတ်လန့်နေလောက်ပြီလို့ ငါထင်တယ်"


နတ်ဆိုးကျန်ရင်း(က)ဟာ စိတ်မသက်မသာဖြစ်စွာ ထိုင်ခုံကို နှစ်ကြိမ်လောက် ပုတ်လိုက်သည်။


နူးညံ့သည့်ကျန်ရင်း(က)က စိုးရိမ်စွာကြည့်လာပြီး

"မင်းအဲ့လိုမျိုးဆက်ပြီးလိမ်နေလို့ မဖြစ်တော့ဘူး သူ့ရဲ့ပင်ကိုစရိုက်ကို ချင့်ချိန်ကြည့်လိုက်မယ်ဆိုရင်တောင် ရင်းအာနဲ့ဖန့်ထျန်းယွင် လက်ထပ်ပြီးသွားရင် 'သူ့ဝမ်းကွဲရဲ့ဇနီး'အဖြစ် ရင်းနှီးတဲ့ဆက်ဆံရေးကို သူဘယ်လိုမှရှေ့ဆက်တိုးလို့ရမှာမဟုတ်တော့ဘူး ဒီတော့ ရင်းအာနဲ့သူနဲ့လည်း သီးသန့်တွေ့ဆုံဖို့ မဖြစ်နိုင်တော့ဘူး"


နတ်ဆိုးကျန်ရင်း(က)၏မျက်နှာအမူအရာဟာ ပိုပြီးတော့ ခက်ခဲရှုပ်ထွေးသွားသည်။ မိန်းကလေးအဝတ်အစားတွေဝတ်ကာ သူ၏'ခယ်မ'ဖြစ်သူအနေနဲ့ ချိန်းတွေ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့မှန်း သူသေချာသိသည်။


"ပြီးတော့…ဒီအချက်ကိုလည်း မမေ့နဲ့ဦး သူကအမြဲတမ်းတွေးခဲ့တာက သူတွေ့နေတဲ့'ကျန်ရင်း'က မိန်းကလေးဆိုပြီးတော့နော် အကယ်၍ အခုချိန်မင်းသူ့ကိုသွားတွေ့ကြည့်ပါလား သူကမင်းကိုယောင်္ကျားတစ်ယောက်အနေနဲ့ လက်ခံနိုင်လိမ့်မယ်ဆိုတာ မင်းသေချာလို့လား?" နူးညံ့သည့်ကျန်ရင်း(က)ဟာ တည်ငြိမ်စွာ ပိုင်းခြားစိစစ်လိုက်သည်။


နတ်ဆိုးကျန်ရင်း(က)ဟာ စားပွဲခုံကို ထုချလိုက်ကာ

"သူလုပ်ရဲရင်လုပ်ကြည့်ပါလား! ငါယောင်္ကျားလေးဆိုတော့ရော ဘာဖြစ်လဲ? သူငါနဲ့တစ်သက်လုံး အတူနေမယ်လို့ သူကတိပေးထားတာ! အကယ်၍ သူနောင်တရသွားရင် ငါ…ငါ…" နောက်ဆုံးတော့ နတ်ဆိုးကျန်ရင်း(က)ဟာ ဘာစကားတစ်လုံးမျှ ထွက်မလာနိုင်တော့ပဲ စိတ်ပျက်စွာ ထိုင်ချလိုက်သည်။


နူးညံ့သည့်ကျန်ရင်း(က)ကတော့ မအံ့ဩပါ။ သူကနတ်ဆိုးကျန်ရင်း(က)နဲ့ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်တစ်ခုတည်း အတူတူနေလာခဲ့တာကြောင့် သူ၏'ကျန်တစ်ဝက်'ရဲ့စရိုက်ပုံစံကို သူကောင်းကောင်းသိထားသည်။


"ငါမင်းပြောနေခဲ့တာ အချိန်အတော်ကြာလှပြီ မင်းဒီလိုဆက်လုပ်နေမယ်ဆိုရင် မင်းတမင်ပြဿနာကို လက်ပြခေါ်နေသလို ဖြစ်နေလိမ့်မယ်"


"ကောင်းပြီ! မင်းလည်းသူ့ကိုကြိုက်နေမှန်း ငါကောင်းကောင်းသိတယ်! မင်းမှာအကြံရှိတယ်ဆိုရင် အခုငါ့ကိုပြောပြလိုက်!" နတ်ဆိုးကျန်ရင်း(က)ဟာ စိတ်မရှည်စွာပြောလိုက်သည်။


နူးညံ့သည့်ကျန်ရင်း(က)ဟာ သူ၏နှုတ်ခမ်းအနည်းငယ် ကော့တက်သွားသည်။ ဟုတ်ပါတယ် သူကလည်းဖန့်ထျန်းရွေ့ကို အရမ်းသဘောကျပါသည်။ ဖန့်ထျန်းရွေ့နဲ့ အချိန်အကြာကြီး တွေ့နေတဲ့တစ်ယောက်က နတ်ဆိုးကျန်ရင်း(က)သာဖြစ်သည်။ သို့ပေမယ့် ထိုနေ့၌ သူပြောခဲ့သည့်အရာက သူ၏'ကျန်တစ်ဝက်'နဲ့အတူ ဖန့်ထျန်းရွေ့ကို သူလည်းမျှဝေလိုသည်။


သူတို့တွေက စိတ်နှစ်ခုနဲ့ ခန္ဓာကိုယ်တစ်ခုတည်းမှာ တည်ရှိနေပြီး တစ်ယောက်နဲ့တစ်ယောက် ဘက်နှစ်မျိုးဖြစ်နေသည်။ သူတို့တွေ၏စရိုက်လက္ခဏာဟာ အလွန်ကွဲပြားပေမယ့် သူတို့ကြိုက်တာနဲ့ မကြိုက်တာတွေကတော့ အတူတူနီးပါးတူကြသည်။ နတ်ဆိုးကျန်ရင်း(က)တောင် ဖန့်ထျန်းရွေ့ကို ချစ်မှတော့ နူးညံ့သည့်ကျန်ရင်း(က)ကလည်း တူညီသည့်နည်းလမ်းအတိုင်း ခံစားမျိုးရှိမှာပေါ့။


ဒါပေမယ့်…နေ့ခင်းဘက်၌ ကြိုးကိုင်ခြယ်လှယ်နိုင်သည့် ကျန်ရင်း(က)အနေနဲ့ တချို့သောညအချိန် ဖန့်ထျန်းရွေ့နဲ့ရှိနေချိန်တွေကိုလည်း သူအလျော့မပေးချင်ပါ။ အဲ့ဒါကြောင့် 'ညအချိန်ကြိုးကိုင်ခြယ်လှယ်သူ'ကျန်ရင်းနဲ့ သူဟာဆက်သွယ်ပြောဆိုလေ့ရှိသည်။


နတ်ဆိုးကျန်ရင်း(က)ကို နူးညံ့သည့်အမူအရာမျိုး ဖော်ပြပေးရန် သူတိုးတိုးလေးဆိုသည်။ နူးညံ့သည့်ကျန်ရင်း(က)ဟာ အနည်းငယ်ပြုံးသွား၏။ ဒီ'နတ်ဆိုး'ကျန်ရင်း(က)ဟာ သူ့ကိုဆွဲခေါ်သွားနိုင်တယ်လို့ သူ၏မိသားစုဝင်တွေက အမြဲတွေးနေကြသည်။ ဒီနတ်ဆိုးကျန်ရင်း(က)မရှိဘဲနဲ့ ကျန်ရင်း(က)ဟာ ဘယ်တော့မှ 'မိစ္ဆာလမ်းစဉ်'ထဲကို ဝင်ရောက်သွားမည်မဟုတ်ပေ။


သနားစရာကောင်း‌စွာ…နူးညံ့သည့်ကျန်ရင်းဟာပြုံးလို့နေသည်။ သူတို့တွေမတွေးမိကြတာက တကယ့်'နတ်ဆိုး'အစစ်က နူးညံ့သည့်ကျန်ရင်းကိုယ်တိုင်ဖြစ်သည် ဆိုတာကိုပင်။


ကျန်မိသားစု၌ ဖြစ်ပျက်နေသည့်အရာတွေကို ရွှီညီအကိုနှစ်ယောက်ကတော့ မသိကြသေးပေ။ သူတို့တွေက ချွမ်းယွင်စောအပေါ်တက်နေတာနဲ့ အလုပ်ရှုပ်နေကြသည်။


အစတုန်းကတော့ သူတို့တွေက အချိန်အများကြီးကျန်သေးပေမယ့် ရွှီဇီရုန်အား ရွှီဇီယန်အရမ်းအလိုလိုက်တာ များလွန်းသွားတာကြောင့် သူတို့တွေ၏အချိန်ဇယားဟာ အလွန်နီးကပ်လာတော့သည်။ ရွှီဇီယန် သူ့ကိုယ်သူသာ အပြစ်တင်လိုက်ကာ သူဆုံးဖြတ်ချက်ပြောင်းလဲဖို့လည်း ရည်ရွယ်ချက်မရှိတော့ပေ။


သူ့ကိုနောင်တရရန် ဝန်လေးနေသည့် လူတစ်ဦးအဖြစ် ဖော်ပြသင့်သည်…


ရွှီဇီရုန်အား အလိုလိုက်တာကို ရပ်တန့်ဖို့ သူ့ကိုယ်သူသတိပေး‌လိုက်ပေမယ့် သူ့ညီ၏သနားစဖွယ် အကြည့်တွေကိုမြင်လိုက်တိုင်း သူဘယ်လိုမှမငြင်းဆန်နိုင်တော့ဘူး။


ရလဒ်အနေနဲ့ကတော့ ကျင့်ကြံသူတွေသွားလာနေသည့် ဈေးထဲ၌ ရွှီဇီယန် သူ့ကိုယ်သူအရက်တွေမူးအောင် သောက်ပြီး သုံးရက်လောက်အိပ်ပျော်သွားတော့သည်။


ထိုပုံစံဖြစ်အောင် သက်သေပြဖို့အတွက် သူသောက်နေတာ လုံးဝမရပ်တော့ဘူး။ သူ၏လက်ရှိခန္ဓာကိုယ်က အတော်လေးကောင်းမွန်ပေမယ့် သူသုံးခွက်လောက်‌သောက်ပြီးနောက် ဆက်ပြီးမသောက်နိုင်တော့ပါ။


စိတ်ဝိညာဉ်ဝိုင်တွေက သန့်စင်ပြီးအဆင့်မြင့်လို့လည်း ပါဝင်သည်။ ဒါပေမယ့် ဒီလိုကိစ္စတွေဖြစ်စေတဲ့ တကယ့်ပြဿနာကောင်က ရွှီဇီရုန်ပဲဖြစ်ပြီး ထိုအချိန်၌ သူ့ကိုကို၏ခေါင်းကို ညင်သာစွာ ပွတ်ပေးလာသည်။


"ကိုကို နေရထိုင်ရတာ ပိုသက်သာသွားပြီလား?" ရွှီဇီရုန်နူးညံ့စွာ မေးလိုက်သည်။


"ငါအဆင်ပြေတယ်" ရွှီဇီယန်တက်တက်ကြွကြွ ခေါင်းခါလိုက်ရင်း သူ့ကိုယ်သူ ရှင်းလင်း‌အောင်တွေးတောနိုင်ဖို့ မနည်းကြိုးစားနေရသည်။ သူသောက်ရသေးတာမှ လေးခွက်လောက်ပဲရှိသေးတာ ဒီစိတ်ဝိညာဉ်ဝိုင်က ဒီလောက်စွမ်းလိမ့်မယ်လို့ သူမထင်ထားမိဘူး။ ဇီရုန်သာ သူ့ကိုဂရုစိုက်ပေးဖို့ အနားမှာရှိမနေပါက မူးနေသည့်ပုံစံက အလွန်ကိုရှက်စရာ‌ကောင်းပေလိမ့်မည်။


"အရက်သောက်ပြီးနောက် ငါဘာမှမလုပ်မိလိုက်ဘူးမလား?" ရွှီဇီယန် သူ့ခေါင်းကို ပွတ်ကာမေးလိုက်သည်။ အကယ်၍ မူလလူသာဆိုရင် သူကအသိတရားမဲ့အောင် သောက်မှာမဟုတ်ပေမယ့် သူမူးအောင်သောက်လိုက်ပြီး ဘာမှမသိတော့ဘူး။ ဒါပေမယ့် အခြားလူတွေ မူးအောင်သောက်ပေမယ့် ဘာမှဖြစ်မသွားတာကို သူ‌မြင်ဖူးသည်။ သူမူးအောင်သောက်ပြီးနောက် ဘာများလုပ်မိလိုက်လည်းဆိုတာနဲ့ ပတ်သက်ပြီး သူအနည်းငယ်စိုးရိမ်နေသည်။


"အားလုံးအဆင်ပြေပါတယ် မူးအောင်သောက်ပြီးတော့ကိုကိုကအိပ်ရာထဲဝင်ပြီး အိပ်ပျော်သွားတာ ဒါပေမယ့်လေ ကိုကိုက အခြားလူတွေရဲ့ဝိုင်ကို နောင်ကျရင် ဘယ်တော့မှမသောက်သင့်ဘူး ကိုကိုအိပ်ပျော်သွားတာ ကိုကိုကတကယ့်ကို…ဘာတုံ့ပြန်မှုမှမရှိတော့ဘူး" နောက်ဆုံးကျတော့ ရွှီဇီရုန်သည်းမခံနိုင်တော့ပဲ အော်ရယ်လိုက်တော့သည်။


ရွှီဇီယန်တကယ့်ကို မှင်တက်သွားသည်။ ငါကဘာလို့ အရက်သောက်တဲ့နေရာမှာ ဒီလောက်ထိညံ့နေရတာလဲ? ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မှာလည်းတာဝန်တစ်ချို့ရှိသည်။ ဇီရုန်က ဝိုင်တစ်ချို့သောက်ဖို့ အကြံပြုခဲ့တာကြောင့် သူကလည်းမငြင်းဆန်နိုင်ခဲ့ဘူး။ ဇီရုန်အပေါ် အပြစ်တွေအားလုံးကို သူမတင်ရက်ပေ။


ကံကောင်းစွာ သူဟာပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ဘာမှမလုပ်ခဲ့မိဘူး။ သူအိပ်ပျော်နေတာ သုံးရက်တောင်ရှိသွားပြီဖြစ်လို့ ရွှီဇီယန် ချွမ်းယွင်စောကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။


ရွှီဇီရုန်ပြုံးလိုက်ကာ သူ၏သွယ်လျတဲ့လက်ချောင်းတွေနဲ့ သူ့ကိုကို၏နားထင်ကို ညင်သာစွာနှိပ်နယ်ပေးနေသည်။


ရွှီဇီယန်က အရက်သောက်တဲ့နေရာမှာ အရမ်းကိုညံ့တာလား? သေချာပေါက်မဟုတ်ဘူးပေါ့!


လက်ရှိမှာ ရွှီဇီယန်က အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ရောက်ရှိနေသူဖြစ်ပြီး စိတ်ဝိညာဉ်ဝိုင် ပမာဏနည်းနည်းပဲ သူသောက်ပြီးမူးသွားရင် ထိုအရာကို စိတ်ဝိညာဉ်ဝိုင်လို့မခေါ်ပဲ အဆိပ်လို့တောင်ခေါ်လို့ရသည်။


ထိုကိစ္စကို ရွှီဇီရုန် အချိန်အကြာကြီး အစီအစဉ်ဆွဲခဲ့ခြင်းဖြစ်သည်။ သူကစိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးပေးကာ ဝိုင်ပုလင်းကိုဝယ်ခဲ့သည်။ ထိုပုလင်းကို အသုံးပြုခင် သူ၏'ချန်ခွင်အိတ်'ထဲသို့ အချိန်အကြာကြီးသိမ်းထားခဲ့သည်။


သူ့ကိုကိုသောက်ပြီးနောက် သူတတ်နိုင်သမျှမြန်မြန် တည်းခိုခန်းကို ငှားရမ်းခဲ့သည်။ အဲ့ဒီအခန်းတွေက ကျင့်ကြံသူတွေအတွက် အထူးသီးသန့်ပြင်ဆင်ထားတာဖြစ်ပြီး အစိတ်အနှောင့်အယှက် မဖြစ်စေဖို့အတွက် ကာကွယ်ရေးအခင်းအကျင်းတွေကို ထားရှိထားကြသည်။ ဒီအခင်းအကျင်းတွေနဲ့သာဆိုရင် ရုတ်တရက် တိုက်ခိုက်ခံရမှာတွေနဲ့ပတ်သက်ပြီး ရွှီဇီရုန် စိတ်ပူစရာမလိုတော့ပေ။


သူ့ကိုကိုအရက်မူးနေသည့် ပုံစံလေးက အရမ်းချစ်စရာကောင်းတယ်ဆိုတာ သူဝန်ခံသည်။ အရပ်မြင့်ပြီးချောမောသည့် ယောင်္ကျားလေးတစ်ယောက်ကို ဒီလိုသုံးနှုန်းတာ မသင့်လျော်ဘူးဆိုပေမယ့် သူအရက်သောက်ပြီးနောက် ရွှီဇီယန်က အရမ်းကိုကျိုးနွံသည်။ ဇီရုန်အမိန့်ပေးသည့်အတိုင်း သူကအရာအားလုံးကို လိုလိုလားလားလုပ်ပေးသည်။


ရွှီဇီရုန် သူ့ကိုကို,ကို ထိလိုက်ပြီး နမ်းလိုက်ရင်း သူအရမ်းကိုကျေနပ်နေတော့သည်။ ထိုအပြုအမူ‌တွေဟာ ရပ်တန့်မည့် အရိပ်အယောင်တွေ ရှိမနေပဲ သူတကယ်ကိုလိုချင်စိတ်တွေ ပြည့်နက်လာသည်။


ရွှီဇီယန်တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ရွှီဇီရုန်၏ခန္ဓာကိုယ်ကလည်း အရွယ်ရောက်သည့်အချိန်ကာလသို့ ဝင်ရောက်လာသည်။ သူပထမဆုံး ညစ်ညမ်းတဲ့အိမ်မက်,မက်ကတည်းက သူတစ်ခါမြင်ဖူးသည့်'ရွံစရာကောင်းသည့်'ထိုမြင်ကွင်းကို သူပြန်လည်ခံစားကြည့်ရန် အစီအစဉ်ဆွဲခဲ့သည်။ ထို့နောက် သူကညစ်ညမ်းတဲ့စာအုပ်တွေ အတော်များများကို စတင်ဖတ်ခဲ့သည်။


ရွှီဇီရုန်၏လုပ်ဆောင်ချက်တွေဟာ လက်တွေ့ဘဝ၌ အကဲဖြတ်နိုင်ဖို့ လိုအပ်နေသေးပေမယ့် အနည်းဆုံးတော့ သူကဒီနည်းလမ်းတွေနဲ့ ကျွမ်းကျင်အဆင့်ရောက်ရှိနေပြီးဖြစ်သည်…


သူ့ကိုကို၏ခန္ဓာကိုယ်က အသားအရေတွေ အရသာခံကြည့်ပြီးနောက် ရွှီဇီရုန် သူ၏စွမ်းအင်တွေအားလုံးကိုသုံးကာ သူ့ကိုယ်သူဖိနှိပ်ထားရသည်။


မဖြစ်သေးဘူး…အခုကအချိန်မကျသေးဘူး…


သူ့ကိုယ်သူမထိန်းချုပ်နိုင်လိုက်ရုံနဲ့ သူ့ကိုကိုနဲ့ သူမဝေးသွားချင်ဘူး။ ဒီအချိန်မှာ သူ့ကိုကိုက သူနဲ့နေချင်ရဲ့လားဆိုတာကို သေချာမသိသေးဘူး။


သက်ပြင်းအနည်းငယ်ချလိုက်ရင်း သူ၏ရင်ထဲက လောင်ကျွမ်းနေသည့်ဆန္ဒတွေကို ဖိနှိပ်ကာ သူ့ကိုကိုရဲ့အပေါ်ဝတ်ရုံကို ချွတ်ပေးဖို့ ရွှီဇီရုန် အားစိုက်ထုတ်လိုက်ပြီးမှ သူပြန်တည်ငြိမ်သွားတော့သည်။


သူ့ကိုကိုအရက်မူးနေတာက သူ့အတွက်အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ သူမထင်မိခဲ့ပေ။ ထိုအစား သူက သူ့ကိုကိုနဲ့အတူ သွေးစာချုပ် ချုပ်ဆိုထားချင်သည်။


သွေးစာချုပ်ဟာ သွေးပင်လယ်နှလုံးကျင့်စဉ်ထဲမှာ တစ်စိတ်တစ်ဒေသပါဝင်ပြီး ထိုအရာ၏အသုံးပြုပုံက အလွန်ရိုးရှင်းလှသည်။ လူနှစ်ယောက်ကြားမှာ သွေးစာချုပ် ချုပ်ဆိုလိုက်ပါက ထိုနှစ်ယောက်၏ဆက်သွယ်မှုကို ခွဲခြားလို့မရအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။


သွေးနဲ့ဒီလိုဆက်သွယ်မှုကို ပြုလုပ်နိုင်ဖို့ သူတို့နှစ်ဦးစလုံးဟာ သူတို့ခန္ဓာကိုယ်၏သဘာဝ သွေးအနှစ်သာရ၏ထက်ဝက်နီးပါးကို လဲလှယ်ရန်လိုအပ်သည်။


ကျင့်ကြံသူတွေ၏သွေးဟာ အလွန်တန်ဖိုးကြီးပြီး သူတို့တွေ၏သွေးအနှစ်သာရတွေဆိုရင် ပိုပြီးတော့တောင် တန်ဖိုးကြီးသေးသည်။ ခန္ဓာကိုယ်ထဲကနေ သွေးအနှစ်သာရ တစ်ဝက်တောင်ထုတ်ပစ်ရမှာက အလွန်ကိုအန္တရာယ်များလှသည်။ အကယ်၍ ရွှီဇီရုန်သာ အရင်ဘဝတုန်းက သွေးစာချုပ်အကြောင်းကို နက်နက်ရှိုင်းရှိုင်း မလေ့လာထားပါက ဒီအစီအရင်မျိုးကို သူ့ကိုကိုအပေါ်၌ လွယ်ကူစွာ သူပြုလုပ်လိမ့်မည်မဟုတ်ပေ။


သူအရင်ဘဝတုန်းက သူ၏တစ်ချို့‌သောသစ္စာခံလက်အောက်ငယ်သားတွေအပေါ် အသုံးပြုဖို့အတွက် ထိုသွေးစာချုပ်ကို သူလေ့လာခဲ့ခြင်းဖြစ်ပေမယ့် သူဘယ်လောက်ပဲ လေ့လာခဲ့ပါစေ သူ၏သွေးအနှစ်သာရတစ်ဝက်ကို အခြားလူတွေဆီပေးဖို့ သူ့ကိုယ်သူ သိမ်းသွင်းမစည်းရုံနိုင်ခဲ့ဘူး။ 


ထိုအရာက သူ့အသက်ကို တစုံတယောက်ထံ အပ်နှင်းလိုက်တာနဲ့ တူမနေဘူးလား?


သူအဲ့ဒီလိုလုပ်ဆောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ထိုအရာကို လေ့လာတာ သူရပ်လိုက်သည်။


ဒါပေမယ့် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုယ်တစ်ယောက် မယုံနိုင်စရာ ဘာအကြောင်းမှမရှိတာကြောင့် ဒီအရာနဲ့ ရွှီဇီယန်ကို ဖြေရှင်းလို့ရပေလိမ့်မည်။


အဲ့ဒီကြီးမားသည့်စွန့်စားမှုကို ကျော်လွှားပြီးနောက် သွေးစာချုပ်ဟာ သူတို့နှစ်ယောက်ကြားမှာ ထာဝရခိုင်မြဲစွာ ဆက်သွယ်နေတော့မည်။


အဲ့ဒါက သူနဲ့ရွှီဇီယန်ကြားက အနှောင်အဖွဲ့ပင်ဖြစ်သည်။


သူကရွှီဇီယန်ရဲ့ညီအရင်းမဟုတ်ဘူးဆိုတာ သူကလွဲပြီး ဘယ်သူမှမသိပါ။ သူ့အမေကအလွန်ဉာဏ်ပြေးတာကြောင့် ရွှီရှောင်ကို လိမ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် အတုအယောင်ကတော့ အမြဲတမ်း အတုအယောင်ပဲဖြစ်နေမှာဖြစ်ပြီး ထိုအရာကိုဖော်ထုတ်ဖို့ အလွန်စွန့်စားရာကျလိမ့်မည်။


လက်ရှိမှာတော့ သွေးစာချုပ်ကိုပြုလုပ်ပြီးပြီမို့ သူတို့နှစ်ယောက်ကြားက ဆက်သွယ်မှုကို ဖြတ်တောက်လို့မရတော့ဘူး။ သူ့ကိုကိုဘယ်ပဲသွားသွား ရွှီဇီရုန် ဒီသွေးစာချုပ်နဲ့ လိုက်ရှာလို့ရလေသည်။ 


ထိုအစီအရင်ဟာ ချောမွေ့စွာပြီးဆုံးသွားပြီး သူတို့နှစ်ယောက်၏သွေးအနှစ်သာရတွေ ပြောင်းလဲသို့ အချိန်ခဏသာ ယူလိုက်ရသည်။ ထိုကိစ္စပြီးဆုံးသွားသည့်နောက်မှာလည်း သူတို့နှစ်ယောက်ဟာ ကြီးကြီးမားမား ဘာမှပြောင်းလဲသွားပုံမပေါ်ပါ။


သွေးအမှတ်အသားဟာ ရွှီဇီရုန်၏လက်မောင်း၌ ပေါ်လာပြီး ရွှီဇီယန်၏အမှတ်အသားကိုတော့ သူ၏နောက်ကျောက ခါးဘက်၌ထားလိုက်သည်။


ဘာမှထူးခြားတာ မဖြစ်ဘူးဆိုရင် ထိုအမှတ်အသားဟာ အချိန်အတော်ကြာတဲ့အထိ ဖုံးကွယ်နေလိမ့်မည်။ ရွှီဇီယန်၏စရိုက်အရ အကယ်၍ သူရှာတွေ့သွားတယ်ဆိုရင်တောင် သူကဒီအမှတ်အသားနဲ့ မွေးဖွားလာတယ်လို့သာ သူထင်မိလိမ့်မည်။


ထိုကိစ္စတွေလုပ်ဆောင်ပြီးနောက် ရွှီဇီရုန် အလွန်ပင်ပန်းနွမ်းနယ်လာကာ သူ့ကိုကိုအားဖက်ကာအိပ်ပျော်သွားတော့သည်။ ရွှီဇီယန်နိုးလာသည့်အခါ သူ၏လက်တွေကို လွတ်ပေးဖို့ တွန့်ဆုတ်နေတော့သည်။


ဝူတျီမြို့ကို ခရီးဆက်ဖို့ သူတို့တွေ အချိန်လုံလောက်ပါသေးသည်။ အကယ်၍ ရွှီဇီယန် သုံးရက်လောက် အိပ်ပျော်နေရင်တောင် ချွမ်းယွင်စောနဲ့ဆိုရင် လက်မထပ်ခင်အချိန်မှီ သူတို့တွေရောက်ရှိလာတော့သည်။


ကျန်မိသားစု၏ခေါင်းဆောင် ကျန်ထျန်းရှင်ကတော့ သူတို့တွေကို စိတ်အားထက်သန်စွာ ကြိုဆိုလေသည်။ သူကသဘာဝရှုခင်းအကောင်းဆုံး အဆောင်ကို သန့်ရှင်းခိုင်းလိုက်ပြီး သူတို့တွေကို နေခိုင်းသည်။


ရွှီဇီယန်ကတော့ အဆောင်ထဲမှာ မနေချင်ပေ။ ထိုအစား သူကအစေခံတစ်ယောက်ကိုရှာလိုက်ကာ ဝူတျီမြို့အနှံ့ကို သူတို့အားလိုက်ပြခိုင်းလိုက်လေသည်။ သူဒီလောကကြီးကို ရောက်လာပြီးနောက် ရွှီဇီယန် တတိယမြောက် ရောက်ရှိလာဖူးသည့် မြို့ပင်ဖြစ်သည်။


#TK