Chapter 104
Viewers 23k

Chapter 104


သူမဟာ ဝူတျီမြို့ကပြဿနာတွေမှာ ဘယ်တော့မှ ဝင်မပါဘူးဟု ယောင်္ကျားလေး‌အား ကျိန်ပြောနေတာနဲ့ အလုပ်ရှုပ်နေသည်။ သူမအရှေ့မှာ သေဆုံးနေသူက လူသားဖြစ်ဖြစ် နတ်‌ဆိုးကျင့်ကြံသူဖြစ်ဖြစ် သူမကဘာတုံ့ပြန်မှုမှမရှိသလို နေမည်လို့သာ ခံစားနေရသည်။


ထိုစကားကိုပြောပြီးနောက် သူမက ယောင်္ကျားလေးကို သတိထားစွာကြည့်လိုက်ပြီး

"အကို အကယ်၍ တစုံတယောက်က ညီမကို လာတိုက်ခိုက်လာရင်ရော?"


ယောင်္ကျားလေးကသူမအား ဒေါသထွက်စွာကြည့်လိုက်ပြီး "တည်းခိုခန်းထဲမှာပဲနေပြီး အပြင်လုံးဝမထွက်နဲ့ တစ်ယောက်ယောက်က ငါတို့ဆီလာလိမ့်မယ်လို့တော့ ငါမထင်ဘူး!"


မိန်းကလေးဟာ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ ဒီပွဲမျိုးမှာ သူမ,မပါဝင်ရပဲ စိတ်လှုပ်ရှားစွာ ကြည့်နေရမှာက ပျင်းစရာကောင်းလှသည်။ ကံမကောင်းစွာ သူမဘယ်လောက်ပဲ သတ္တိရှိနေပါစေ သူမအကို၏စကားကို မလိုက်နာပဲ မနေရဲပေ။ 


သိပ်မကြာခင်မှာပင် ဖန့်ထျန်းယွင်ဦးဆောင်သည့် ကြိုဆိုမည့်အဖွဲ့ဟာ ဝူတျီမြို့တစ်ဝက်လောက်ကို လှည့်ပတ်လိုက်ပြီး ကျန်မိသားစု၏အိမ်တော်ဆီသို့ ရောက်ရှိလာကြသည်။


ကျန်ပင်းနဲ့ကျန်လင်ကို ကျော်ဖြတ်ကာ ဖန့်ထျန်းယွင်က သူယူလာသည့် လျှင်ယွိကျာကို ပေးလိုက်သည်။ တခဏအတွင်းမှာပင် သတို့သမီးကျန်ရင်းဟာ တံခါးဝသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။ သူမက အနီရောင်ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားသည်။


ကျန်မိသားစု၏ ဒုတိယမျိုးဆက်အနေနဲ့ သန်မာသည့်စွမ်းရည်တွေရှိကြပြီး ကျန်ရင်းကလည်း ဖန့်ထျန်းယွင်နဲ့ တူညီသည့် ကျင့်ကြံခြင်းအဆင့်ရှိသည်။ ကျင့်ကြံသူတွေ၏ရာထူးဂုဏ်သိမ်အဆင့်ဆင့်အရ ယောင်္ကျားတွေနဲ့မိန်းမတွေကြားမှာ ကွဲပြားခြားနားခြင်း မရှိပေ။ အကယ်၍ မင်းသာ ကျင့်ကြံခြင်းအဆင့်ကို အခြေခံထိရှိပါက ထိုအဆင့်နဲ့ညီမျှသည့် ဆက်ဆံမှုကို ခံစားရလိမ့်မည်။


ကျန်ရင်းက မိန်းကလေးဖြစ်ပေမယ့် သူမဟာ ဝေါယာဉ်ပေါ်မှာမထိုင်ပေ။ ထိုအစား ဖန့်ထျန်းယွင်က သူမအား သူနဲ့အတူ မြင်းပေါ်မှာထိုင်ရန် ဖိတ်ခေါ်လေသည်။ 


ကျန်ရင်းမြင်းပေါ်ရောက်သွားပြီးနောက် ဖန့်ထျန်းယွင်ကလည်း သူမနဲ့အတူထိုင်လိုက်သည်။ သူတို့တွေက အတူတူမြင်းပေါ်၌ ထိုင်နေတာက သူတို့တွေ၏အဆင့်အတန်းဟာ တူညီတယ်လို့ ကိုယ်စားပြုခြင်းဖြစ်သည်။


အနီးနားကလူတွေကလည်း သူတို့တွေကို ကောင်းချီးပေးကြသည်။ ကျန်ရင်းက ဝူတျီမြို့၌ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်ပြီး သူမကအလွန်ကြင်နာပြီး ဖော်ရွေသည်။ သူမကမြို့မှာ အလွန်နာမည်ကြီးသည်။


လက်ရှိမှာတော့ ဒီလောက်လှပသည့်မိန်းကလေးက ဖန့်ထျန်းယွင်ကိုရွေးသွားတာကြောင့် ကျန်ရင်းဟာ ဖန့်ထျန်းယွင်‌ဆိုသည့် လူမရှိရင်တောင် သူတို့တွေကို ရွေးချယ်မှာမဟုတ်မှန်း လူအများစုကသိထားကြပေမယ့် သူတို့တွေက အတော်လေးမနာလိုနေဆဲဖြစ်ကြသည်။


ဖန့်ထျန်းယွင်ဟာ စိတ်အားထက်သန်စွာ ကျန်ရင်းကို ဖန်အိမ်တော်သို့ ခေါ်ဆောင်သွားရန် မြို့တစ်ဝက်ကို ပြန်လှည့်ပတ်လေသည်။ ပုံမှန်အတိုင်း ကျန်မိသားစုက သူငယ်ချင်းတွေနဲ့ ဧည့်သည်တွေကလည်း သူတို့အနောက်ကနေ လိုက်ပါလာကြပြီး ရွှီညီအကိုနှစ်ယောက်နဲ့ ကောင်းမွန်စွာဖုံးကွယ်ထားသည့် ကျန်ရင်း(က)တောင် ပါဝင်သေးသည်။


ဒီလက်ထပ်ပွဲအခမ်းအနားမှာ ဖန့်ထျန်းရွေ့က ပေါ်လာခြင်းမရှိပေ။ ကျန်ရင်း(က)က အရမ်းကိုဒေါသထွက်နေသည်။ ဖန့်ထျန်းရွေ့ ဘာဖြစ်နေလဲ သူမသိရဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖန့်ထျန်းရွေ့ဟာ နှုတ်ဆက်စကားတောင် မပြောသွားပဲ ထွက်သွားပြီးနောက် သူတို့တွေ ပြန်တွေ့ကြဖို့ အခွင့်အရေး ဘယ်တော့မှမရခဲ့တော့ဘူး။


ထို့အပြင် ဖန့်ထျန်းရွေ့က ဒီနေ့ရဲ့လက်ထပ်ပွဲမှာ မပေါ်လာတာကြောင့် နတ်ဆိုးကျန်ရင်းဟာ သူ၏ရင်ထဲက ဒေါသတွေကို မဖိနှိပ်ထားနိုင်တော့ပေ။ ရွှီဇီရုန်၏အေးစက်စက်အကြည့်တွေကြောင့် သူတည်ငြိမ်သလိုသာ နေနေရသည်။ ဒီလိုနေ့ထူးနေ့မြတ်မျိုးမှာ သူကြားဖြတ်နှောင့်ယှက်ဖို့ စီစဉ်လိုက်တာက ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုမျိုး မဖြစ်စေနိုင်မှန်း သူသိသည်။


မြို့တစ်ဝက်ကိုပတ်ပြီးနောက် ဖန့်မိသားစု၏ကြိုဆိုသည့်အဖွဲ့ဟာ ဖန့်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။


မြို့မှာနေထိုင်ကြသည့် ဒေသခံတစ်ဝက်ကျော်လောက်ဟာ လမ်းတွေထဲကနေ စုရုံးပြီး ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။


ဖန့်ထျန်းယွင်မျက်နှာထက်၌ အပြုံးလေးရှိနေပြီး ကျန်ရင်း၏ခါးကို ဖက်ထားကာ ကြည့်လိုက်ရင်တော့ မြင်းပေါ်မှာသူကအရမ်းကိုပျော်ရွှင်နေသည်။ ဒါပေမယ့် နီးကပ်စွာကြည့်လိုက်ပါက သူ၏မျက်လုံးတွေထဲမှာ စိုးရိမ်သည့်အရိပ်အယောင်တွေကို ရှာတွေ့လိမ့်မည်။


ကံကောင်းစွာ ကြိုဆိုသည့်အဖွဲ့ ဖန့်အိမ်တော်ကို ရောက်သည့်အထိ ဘာပြဿနာမှမဖြစ်သွားပေ။ ဖန့်ထျန်းယွင် သက်ပြင်းရှည်ချလိုက်ပြီး ကျန်ရင်းနဲ့အတူ ဖန့်အိမ်တော်၏တံခါးဆီသို့ လျှောက်လာသည်။ 


သူတို့နှစ်ယောက်၏အခမ်းအနား ပြီးဆုံးသွားသည့် အချိန်မှာပင် ကြီးမားသည့်စိတ်ဝိညာဉ်မတည်မငြိမ်ဟာ အိမ်တော်၏ဂိတ်၌ ရုတ်တရက်ပေါ်လာသည်။


"ဒီနေ့ငါတို့ရဲ့ဖန့်အိမ်တော်ကို ဘယ်ပြဿနာဖန်တီးတာလဲ?!" ဖန့်ချင်ကစူးရှတဲ့မျက်လုံးတွေဖြင့် အပြင်သို့ထွက်လာသည်။ သူ၏လက်တွေထဲကနေ ကြီးမားသည့် မီးလုံးတွေကို တစ်ချိန်တည်း ပစ်လွှတ်လိုက်ပြီး ပြင်းထန်လှသည်လေသံနဲ့အတူ ဂိတ်၏အပြင်ဘက်သို့ ပျံထွက်သွားသည်။


ဖန့်ချင်ထွက်သွားပြီးနောက် ဖန့်မျန့်ကလည်း တစ်ချိန်တည်း လှုပ်ရှားလိုက်ကာ သူ၏ဖန့်အိမ်တော်၏ အကာအကွယ်အခင်းအကျင်းကို ဖွင့်လိုက်သည်။


"ဟားဟားဟား…ငါတို့တွေက ဒီနေရာကို ပြဿနာရှာဖို့လာတာမဟုတ်ဘူး မင်းတို့အသက်တွေယူဖို့လာတာ!" ကျယ်လောင်လှသည့်အသံဟာ တစ်နေရာရာကနေ ထွက်ပေါ်လာပြီး ဖောက်ခနဲဆိုသည့် အသံနှစ်ခုမြည်သွားကာ ခန်းမထဲကဧည့်သည်နှစ်ယောက်၏ လည်ပင်းတွေဖြတ်ခံလိုက်ရပြီး သွေးတွေပန်းထွက်လာတော့သည်။ 


"အား!"


"ဘယ်သူလဲ?!"


ကျင့်ကြံသူနှစ်ယောက်ဟာ သူတို့၏လည်ပင်းတွေ အဖြတ်ခံလိုက်ရတာကြောင့် ခန်းမတစ်ခုလုံးဟာ ရှုပ်ထွေးသွားတော့သည်။ ဒီလူနှစ်ယောက် ဘယ်လိုသေသွားလဲ ဘယ်သူမှမသိကြပေ။ အမည်မသိသည့်အကြောက်တရားက သူတို့တွေအားလုံးကို အန္တရာယ်ထဲစွန့်စားနေရသလို ခံစားသွားရစေသည်။


ကျင့်ကြံသူအားလုံးဟာ သူတို့တွေ၏အကာအကွယ်မန္တန်တွေကို အသက်သွင်းလိုက်ပေမယ့် ထိုကျယ်လောင်သည့် အသံအောက်မှာပင် အဲ့ဒီအကာအကွယ်တွေဟာ ကွဲအက်လုနီးပါးဖြစ်သွားရသည်။ မျက်စိတစ်မှိတ်အတွင်း ဧည့်သည်နှစ်ယောက်ဟာ လည်ပင်းအဖြတ်ခံလိုက်ရကာ ခန်းမတစ်ဝက်လောက်ဟာ နီရဲနေသည့်သွေးတွေဖြင့် ညစ်နွမ်းသွားပြီး အားလုံးဟာ ထိတ်လန့်တုန်လှုပ်သွားကြသည်။


"စိတ်လျော့ထားကြပါ အားလုံးပဲ မတုန်လှုပ်ကြပါနဲ့ မင်းတို့တွေ သတိလက်လွတ်ပြုမူလိုက်ရင် လူသတ်သမားက အခွင့်အရေးရယူဖို့ ပိုလွယ်သွားပါလိမ့်မယ်" ခန်းမထဲက ကျင့်ကြံသူတွေဟာ သူတို့အနီးနား စတင်တိုက်ခိုက်ခံရတာကို မြင်လိုက်ပြီး ကြောက်လန့်နေကြတာကြောင့် ဖန့်မျန့်ကချက်ချင်း သူတို့တွေကို သတိပေးလိုက်သည်။ 


"ဟီးဟီး…မင်းတို့တွေထိတ်လန့်တာလွဲရင် ဘာများလုပ်နိုင်ကြသေးလို့လဲ? ငါအခုလေးတင် ဒီလူနှစ်ယောက်ကို သတ်လိုက်ပြီးပြီ!" ထိုစူးရှသည့်အသံဟာ နေရာတိုင်းကနေ ပေါ်ထွက်နေပြီး ခန်းမထဲက လေထဲမှာ ပျံနှံ့လျက်ရှိသည်။


"ကြွက်တွေကသာ အမှောင်ထဲကနေ တိုက်ခိုက်ကြတာ မင်းကများ ငါတို့ဖန့်မိသားစုကို ပြဿနာရှာရဲတယ်လား?!" ဖန့်မျန့်ကအော်လိုက်ပြီး သူ၏ဧည့်သည့်တွေထဲက အရိပ်ကိုချက်ချင်းဖမ်းကိုင်လိုက်သည်။ သူကထိုအရာကို ကြီးမားသည့်ဖိအားဖြင့် ဆွဲလိုက်ကာ အရိပ်ဟာဆွဲထုတ်ခံရပြီး ရွှေဖရုံသီးလောက် ကြီးလာသည်။


"အား!"


အမဲရောင်အရိပ်ဟာ သူ၏ပုံရိပ်ကို ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားတာကြောင့် သူသတိလက်လွတ်ဖြစ်သွားပြီး ထွက်ပြေးဖို့အချိန်မရှိတော့ပေ။


ဖန့်မျန့်၏မျက်နှာမှာ ဘာခံစားချက်မှရှိမနေပေ။ သူကသူ၏လက်တွေဖြင့် အပြင်းအထန် ဖျစ်ညစ်လိုက်ပြီး ထိုအရိပ်ဟာ သွေးတွေထွက်လာကာ ဆုတ်ဖြဲခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။


"အိုး…" ထွက်ပြေးချင်နေသည့် ကျင့်ကြံသူတစ်ယောက်ဟာ ထိုနေရာနဲ့အတော်လေး နီးကပ်နေပြီး သွေးတစ်ဝက်လောက်ဟာ သူ၏ခန္ဓာကိုယ်အား စင်သွားကာ သူ၏မီးခိုရောင်အင်္ကျီပေါ်မှာ လတ်ဆတ်သည့်သွေးတွေဖြစ်သွားတော့သည်။ သူကအခုမှ တတိယ ချီစွမ်းအင်စုဆောင်မှုအဆင့်သာ ရောက်ရှိသေးသူဖြစ်ပြီး ကျင့်ကြံသူတွေ၏တိုက်ခိုက်ခြင်းကို ဘယ်တုန်းကမှမမြင်ဘူးသေးပေ။ ဒီလိုရက်စက်လှသည့် မြင်ကွင်းကို အနီးကပ်မြင်လိုက်ရပြီးနောက် သူဟာအော့အန်ဖို့ ထောင့်တစ်ထောင့်ကို ရှာလိုက်ချင်တော့သည်။


ဖန့်မျန့်၏ပုံစံဟာ အေးစက်နေပြီး သူ၏လက်ကောက်ဝတ်ကို အသာအယာဝှေ့ယမ်းလိုက်ကာ သူ၏လက်တွေထဲက ကျန်ရှိနေသေးသည့် လတ်ဆတ်သည့်သွေးတွေဟာ မြေပြင်ပေါ်သို့ ကျသွားတော့သည်။ သူကအနီးနားကို ‌ဖြည်းညင်းစွာ ကြည့်လိုက်သည်။ သူအခုလေးတင် ဖမ်းမိလိုက်သည့် အရိပ်ကြောင်ကလွဲရင် ကျန်ရှိနေသေးသည့် အခြားသော အရိပ်ကြောင်လေးကောင်ဟာ အခြားသော ကျင့်ကြံသူတွေကို ရက်စက်စွာ သတ်ဖြတ်ကြလေသည်။


ခန်းမ၏အခင်းအကျင်းအပြင်ဘက်၌ ဖန့်ချင်၏ပုံစံဟာ တစ်သမတ်တည်းရှိမနေပဲ သူ၏အင်္ကျီလက်တွေထဲကနေ ကြီးမားသည့်မီးလုံးတွေဟာ မီးနဂါးအတိုင်း ပျံထွက်လာကြသည်။ အပြင်ဘက်တံခါး၌ ဆူညံသည့်အသံကို ပြုလုပ်နေသည့်ရန်သူအား နိမ်နင်းနိုင်လိုက်တာကြောင့် ဖန့်မျန့်အတော်လေး ကျေနပ်သွားသည်။ သူခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းကာ သူ၏တစ်ချို့သောသက်တော်စောင့်အား ထိုအရိပ်ကြောင်တွေကို သတ်ရန်စေလွတ်လိုက်သည်။


အရိပ်ကြောင်တွေက လူတွေ၏အရိပ်တွေမှာ ပုန်းထားနိုင်ပြီး သူတို့တွေ၏လက်သည်းတွေက အလွန်ထက်တာကြောင့် ကျင့်ကြံသူတွေ၏အသားတွေကို ဖြတ်တောက်ဖို့ အလွန်လွယ်ကူလှသည်။


အဲ့ဒီသေးငယ်တဲ့တောကောင်တွေက အကောင်းဆုံးလူသတ်လက်နက်တွေဖြစ်ပေမယ့် သူတို့တွေ၏ခုခံအားရဲ့ အားနည်းမှုက သူတို့တွေအား သေလောက်အောင်ကို အားနည်စေသည်။ ဖန့်မျန့်ကဒီအချက်ကို သဘောပေါက်တာကြောင့် သူကအလွန်ရက်စက်သည့် နည်းလမ်းကိုအသုံးပြုလိုက်တာက ခန်းမအတွင်းက ကျင့်ကြံသူတွေက တည်ငြိမ်ပြီး ယုံကြည်သွားရှိ‌သွားစေရန်ဖြစ်သည်။ မဟုတ်ရင် ခန်းမအတွင်းက လူတိုင်းဟာ အနီးနားမှာ ပြေးလွှားနေကြပါက ဒီအရိပ်ကြောင်တွေက သူတို့တွေ၏အရိပ်၌ လွယ်ကူစွာပုန်းနေနိုင်ပြီး သူတို့တွေကို သတ်လို့ရသွားလိမ့်မည်။


အမည်မသိသည့်အရာက အကြောက်တရားကို ဖြစ်ပေါ်စေသည်။ အဲ့ဒီသတ်ဖြတ်သူတွေက အရိပ်ကြောင်တွေမှန်း သိရှိသွားပြီးနောက်မှာတော့ သတ္တမနဲ့အဋ္ဌမ ချီစွမ်းအင်စုဆောင်းမှု ကျင့်ကြံသူတွေဟာ ပြန်လည်တိုက်စစ်ဆင်ရန် စတင်ဆောင်ရွက်လေသည်။ လူအားလုံး၏ကြိုးစားအားထုတ်မှုကြောင့် အရိပ်ကြောင်လေးကောင်ဟာ လျင်မြန်စွာ အလောင်းတွေအဖြစ်သို့ ပြောင်းလဲသွားပြီး ဖန့်ချင်ကလည်း ဖြူကောင်နဲ့ဆင်တူသည့် တောကောင်နှစ်ကောင်ကို ယူလာကာ အပြင်ကနေ ပြန်လာခဲ့သည်။


"ဘယ်လိုလုပ်ပြီး တောကောင်တွေက ချောင်းမြောင်းတိုက်ခိုက်လာရတာလဲ?" ဒီလူသတ်သမားအလောင်းတွေကို မြင်လိုက်ပြီးနောက် ခန်းမအတွင်းက ဧည့်သည်အများစုက အံ့ဩသွားကြသည်။


တစ်ချို့သောဧည့်သည်တွေက အရိပ်ကြောင်နဲ့ ရက်ကွန်းဝက်ဝံလို တော်ကြသည်။ အဆင့်မြင့် နတ်ဆိုးကျင့်ကြံသူတွေ၏ ထိန်းချုပ်မှုတွေနဲ့မဟုတ်ရင် မြို့ထဲကိုလာပြီး ချောင်းမြောင်းသတ်ဖြတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ဒီအကောင်တွေ၏တည်ရှိမှုက‌ပင် ခိုင်လုံသည့်သက်သေဖြစ်သည်။ ဝူတျီမြို့ထဲမှာ အဆင်မြင့်သည့် နတ်ဆိုးကျင့်ကြံသူတွေရှိနေပြီဖြစ်သည်။


ခန်းမအတွင်းက ဧည့်သည်အများစုက အံ့ဩပြီး သံသယဖြစ်စွာ ကြည့်နေကြတာကို ဖန့်မျန့်မြင်လိုက်ရသည်။ သူကတိတ်တဆိတ် ကျန်ထျန်းရှင်ဆီ အကြည့်လွဲလိုက်ပြီး သူ၏ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။


သူကအမှန်တရားတစ်ခုလုံးကို မပြောထားပေမယ့် အရင်တုန်းကစေလွတ်ထားသည့် တချို့သောကျင့်ကြံသူတွေဆီကနေ သတင်းအသစ်တွေကို ရရှိထားတယ်လို့သာ ဖော်ပြလိုက်သည်။


ဝူတျီမြို့၏အနီးနားက တောအုပ်တွေထဲမှာ တောကောင်အရိပ်အယောင်တွေ မရှိတော့ဘူးဆိုတာ သူတို့တွေ ကြားသိလိုက်ရပြီးနောက် အားလုံးဟာ သံသယဖြစ်စွာ အံ့ဩသွားကြသည်။


တောကောင်တွေက လေထုထဲမှာ ဒီအတိုင်းပျောက်သွားတာ မဖြစ်နိုင်ပေ! တစုံတယောက်ကသာ သူတို့တွေကို စုစည်းနိုင်ပြီး ထိုအရာမျိုးကိုလည်း အဆင့်မြင့် နတ်ဆိုးကျင့်ကြံသူကသာ ပြုလုပ်နိုင်သည်!


အဲ့ဒီနတ်‌ဆိုးကျင့်ကြံသူက တောကောင်အများကြီးကို စုစည်းပြီး ဘာလုပ်မှာလဲ? ထိုအကြောင်းပြချက်ကိုတော့ လူတိုင်းနီးပါး သိထားကြပြီးဖြစ်သည်။


"‌ဖန့်ခေါင်းဆောင် ဒီနတ်‌ဆိုးကျင့်ကြံသူကို ဖျက်ဆီးဖို့ လူတိုင်းမှာတာဝန်ရှိပါတယ် ယွိကျန့်ဂိုဏ်းက ဒီကိစ္စအတွက် လိုလိုလားလားကြိုးစားပေးပါ့မယ်!" အစောပိုင်း ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ရှိထားသည့် လူအိုကြီးတစ်ယောက် အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ ယွိကျန့်ဂိုဏ်းက ဂိုဏ်းငယ်လေးဆိုပေမယ့် ဒီလူအိုကြီးက အနောက်ဘက်နယ်မြေ၌ သွားရောက်တိုက်ခိုက်ဖူးသူဖြစ်သည်။


ကျင့်ကြံသူအများစုကလည်း နတ်ဆိုးကျင့်ကြံသူတွေကို သူတိုတွေ၏အဓိကဘုံရန်သူအဖြစ်သာ သတ်မှတ်ထားကြပြီး အကယ်၍ ဝူတျီမြို့သာကျဆုံးသွားပါက အနီးနားက ဂိုဏ်းငယ်လေးတွေအတွက် အန္တရာယ်ရှိပြီး ဖျက်ဆီးခံရနိုင်သည်။ ဘယ်ရှုထောင့်မျိုးကနေပဲဖြစ်ပါစေ သူတို့တွေက ဝူတျီမြို့ကို ကာကွယ်ဖို့အတွက် ပါဝင်ကြရမည်ဖြစ်သည်။


ဂိုဏ်းငယ်လေးတွေက အကြီးအကဲတွေကလည်း ဖန့်မိသားစုအား သူတို့တွေ၏သစ္စာရှိမှုကို ပြသတာကြောင့် ဖန့်မိသားစုကလည်း လျင်မြန်စွာ များပြားသည့် ဧည့်သည်တွေကို ကြိုဆိုကြသည်။


ယွီမိသားစုနဲ့ပူမိသားစု၏လူတွေကလည်း တစ်ချို့သောဒဏ်ရာရထားသည့် အလောင်းကောင်တွေဖြင့် ဖန့်အိမ်တော်၏ဂိတ်ဆီသို့ ဝင်ရောက်လာကြသည်။


ထိုခေါင်းဆောင်နှစ်ယောက်က အတော်လေး ဒေါသထွက်နေကြသည်။ ဒီနေ့မတိုင်ခင်ကတည်းက အစည်းအဝေးမှာပင် သူတို့တွေစိစစ်ခဲ့ကြပြီးဖြစ်ပြီး အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေက ဝူတျီမြို့၏အဓိက မိသားစုလေးစုကို ချောင်းမြောင်းတိုက်ခိုက်လိမ့်မယ်လို့ ကောက်ချက်ချခဲ့ကြသည်။ ဒါပေမယ့် ပြင်ဆင်ထားသည့်အချိန်မှာပင် သူတို့တွေမမျှော်လင့်ထားပဲ အောင်မြင်စွာ ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရသည်။ ထိုမိသားစုနှစ်စု၏ခေါင်းဆောင်တွေက ဘာမှမဖြစ်သွားပေမယ့် သူတို့တွေနှစ်ဖက်စလုံး၏ ဒုတိယမျိုးဆက်က သူတို့တွေတပည့်တွေ တစ်ယောက်စီဆုံးရှုံးလိုက်ရသည်။


မိသားစုထဲကလက်ရွေးစင်တွေအနေဖြင့် ဒီစစ်ဆင်ရေးမှာ ပါဝင်ရမှာဖြစ်သည်။ မိသားစုထဲက တပည့်တစ်ယောက်စီ ဆုံးရှုံးလိုက်ရတာကြောင့် ခေါင်းဆောင်နှစ်ယောက်ဟာ ပျော်ရွှင်မနေပေ။


ယွီမိသားစုနဲ့ပူမိသားစုတိုက်ခိုက်ခံရပြီး အစောင့်တွေက သတိပေးချက်တီးလိုက်ကာ ကျင့်ကြံသူတွေဟာ နတ်ဆိုးကျင့်ကြံသူတွေ ဝင်ရောက်လာမှန်းကို သဘောမပေါက်သေးပါက သူတို့တွေနှစ်ပေါင်းစွာ ကျင့်ကြံခဲ့သည့် ပညာတွေက အလကားသာဖြစ်သွားလိမ့်မည်။


မြို့ထဲကိုတောကောင်တွေ လာရောက်တိုက်ခိုက်မှန်း သိရှိသွားပြီးနောက် သူတို့တွေကလည်း ဆက်လက်ပြီးပုန်းအောင်းမနေတော့ပေ။ ဖန့်မိသားစုက သူတို့ရင်ထဲမှာ သံသယတွေကို ဖိနှိပ်ချင်လို့ သွေးထိုးတာလားဆိုပြီးတော့ အဲ့ဒီကျင့်ကြံသူတွေက မသင်္ကာဖွယ်ဖြစ်လာသည်။ သို့ပေမယ့် လူသားကျင့်ကြံသူတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေကြားက အခြေအနေကိုတော့ ညှိနှိုင်းဖို့မဖြစ်နိုင်ပေ။ ဒီတိုက်ပွဲမျိုးနဲ့ ကြုံတွေ့လာရင် မင်းအသက်ရှင်ချင်လား သေချင်လား အဲ့ဒီနှစ်မျိုးသာရှိသည်။


မိသားစုလေးစုက ဦးဆောင်ပြီး အားလုံးစုရုံးကာ ဆွေးနွေးကြပြီးနောက် သူတို့တွေလျင်မြန်စွာ ပြီးပြည့်စုံသည့်ခုခံကာကွယ်ရေး အစီအစဉ်ကိုချမှတ်နိုင်လိုက်သည်။


ရွှီဇီယန်၏မူလမှတ်ဉာဏ်ထဲကနဲ့ဆင်တူစွာ မိသားစုလေးစုဟာ မြို့ဂိတ်အသီးသီးကို ခုခံကာကွယ်ကြမည်ဖြစ်သည်။ ဒါပေမယ့် သူ၏ပါးနပ်သည့်သတိပေးချက်ကြောင့် မိသားစုလေးစုဟာ တုန်လှုပ်ခြင်းရှိမနေပဲ ဒီအချိန်မှာတော့ သူတို့တွေက ပိုကောင်းစွာပြင်ဆင်လိုက်နိုင်သည်။ သူတို့တွေက လျင်မြန်စွာ ဆေးဝါးတွေရရှိကြပြီး အစောင့်တွေ၏လက်ထဲကို ထည့်ပေးလိုက်ကြသည်။ အားလုံးဟာ လာမည့်တိုက်ပွဲအတွက် အဆင့်သင့်ဖြစ်နေကြပြီးဖြစ်သည်။


#TK