Chapter 107
ဒုတိယအသုတ် ချီစွမ်းအင်စုဆောင်းမှုအဆင့်၌ ကျန်ရင်း(မ)၊ကျန်ပင်း၊ကျန်လင်တို့ပါဝင်သည်။ ဒီအချိန်တွင် ကျန်မိသားစု၏ဒုတိယမျိုးဆက်ထဲက အရည်အချင်းပြည့်မှီဆုံးသူတွေ တံတိုင်းပေါ်၌ရပ်ထားကြသည်။ ပြီးတာ့ ကျန်မိသားစု၏အခြေခံကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေကလည်း တောကောင်တွေကို အနီးကပ်တိုက်ခိုက်ရာတွင်ပါဝင်ကြသည်။ ဒီအချိန်မှာ ကျန်မိသားစုက ဥပမာအနေနဲ့ ဦးဆောင်ခြင်းမပြုလုပ်ပါက ဝူတျီမြို့ပေါ်က ကျင့်ကြံသူတွေကလည်း ကြိုးစားအားထုတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။
"အား!" ကျယ်လောင်လှသည့် အော်သံနဲ့အတူ ပထမဆုံးကျင့်ကြံသူတစ်ယောက်ဟာ တောကောင်တွေလက်ထဲ၌ သေဆုံးသွားပြီး မြေပြင်ပေါ်သို့လဲကျသွားကာ အဲ့ဒီတောကောင်တွေ၏ အပိုင်းပိုင်းဆုတ်ဖြဲခြင်းကိုခံလိုက်ရသည်။
အဲ့ဒီအရာကအချက်ပြသဘောမျိုးအဖြစ် ယူဆနိုင်ပြီး ခဏလောက်အကြာမှာတော့ အခြားသောကျင့်ကြံသူတွေဟာလည်း တောကောင်တွေလက်ထဲ၌ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြသည်။
တိုက်ခိုက်နေကြသည့် ကျင့်ကြံသူတွေ၏မျက်နှာအမူအရာတွေဟာ ချက်ချင်းပြောင်းလဲသွားပြီး ကြောက်ရွံနေသည့်ကျန်မိသားစုက တပည့်တွေဟာလည်း လွတ်မြောက်ဖို့အတွက် အခင်းအကျင်းထဲကို ဝင်ရောက်နေကြပေမယ့် ချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူတွေဟာ သတ်ခံသည်။
ကျန်ထျန်းရှင်က အောက်ဘက်က အစုလိုက်အပြုံလိုက်ကိုကြည့်ပြီး အေးစက်စွာကြည့်လိုက်သည်။
"နတ်ဆိုးကျင့်ကြံသူတွေကို မုန်းတီးတာနဲ့ပတ်သက်ပြီး ငါတို့တွေမှာ သမိုင်းကြောင်းရှိခဲ့တယ် သူတို့တွေသာ ဝင်ရောက်လာပါက ဒီမြို့ထဲကနေ ဘယ်သူမှမလွတ်မြောက်နိုင်ဘူး ကျန်မိသားစုကတပည့်တွေအနေနဲ့ မင်းတို့တွေက ဝူတျီမြို့ကပြည်သူတွေကို ကာကွယ်ပေးရမယ် ထွက်ပြေးတဲ့ဘယ်သူမဆို သူ့လိုမျိုးသေရမယ်!"
ကျန်ထျန်းရှင်ဟာ ကျယ်လောင်သည့်အသံဖြင့် ပြင်းထန်စွာ သတိပေးလိုက်သည်။ ကျန်မိသားစု၏တပည့်တစ်ယောက်သေသွားပြီး ကျင့်ကြံသူအားလုံးက တုန်လှုပ်နေကြသည်။ အများစုက လွတ်မြောက်ဖို့အတွေးကို လက်လျော့လိုက်ကြတော့သည်။ ဝူတျီမြို့ထဲကို ဝင်ရောက်နိုင်ဖို့ ဘာအရိပ်အယောင်မှမတွေ့သေးတာကြောင့် ဘယ်သူကမှလည်း ထွက်မပြေးရဲတော့ပေ။
ကျန်ထျန်းရှင်၏အကြည့်တွေ့က သူဘေးနားက ငယ်ရွယ်သည့်တပည့်တွေ၏မျက်နှာဆီကျရောက်သွားပြီး သူတို့တွေက အပြစ်ရှိတဲ့ပုံစံဖြင့် ခေါင်းတွေကိုငုံ့ထားကြသည်။ ကျန်မိသားစု၏နောက်ထပ်မျိုးဆက်တွေက ခက်ခဲသည့်အတွေ့အကြုံတွေ မရှိထားတာကြောင့် ဒီစစ်ပွဲမျိုးက သူတို့တွေကို ထိတ်လန့်တုန်လှုပ်စေသည်။
လက်ရှိမှာတော့ သူ၏လက်အောက်တပည့်ကို သတ်လိုက်ပြီး လွတ်မြောက်ဖို့ကြိုးစားနေသူတွေကို သူဖိအားပေးလိုက်သည်။ သာမန်ကျင့်ကြံသူတွေကလည်း ဝူတျီမြို့၏မြို့တံတိုင်းကို ကာကွယ်ဖို့ရန် တာဝန်ရှိတာကြောင့် တောင့်ခံလျက်ရှိသည်။ ဝူတျီမြို့ကို အဓိကမိသားစုလေးစုက ဦးဆောင်ထားပေမယ့် ထိုမိသားစုလေးစု၏ တပည့်တွေကိုပဲ မှီခိုလို့မရဘူး။ အကယ်၍ ကျန်မိသားစုက တပည့်တွေလွတ်မြောက်သွားရင်တောင် အခြားသောကျင့်ကြံသူတွေက မထွက်ပြေးခင် ရှင်းခံလိုက်ရမည်ဖြစ်သည်။
ဒီစစ်ပွဲပြီးရင် ကျန်မိသားစု၏အင်အား ကြီးမားစွာလျော့သွားလိမ့်မည်။ တစ်ဖက်မှာတော့ လက်ရွေးစင်တွေက ကျန်ရှိနေနိုင်သေးပြီး ကျန်ရှိနေသေးသည့်လူတွေကို ကောင်းမွန်စွာသင်ကြားရမည်လို့ ကျန်ထျန်းရှင်တွေးတောလိုက်ပြီး နောက်ငါးနှစ်လောက်အကြာဆိုရင် မိသားစုကိုအားပြန်ပြည့်နိုင်ပြီး ပြန်လည်အင်အားကြီးအောင် သူလုပ်နိုင်လိမ့်မည်။
ကျန်ထျန်းရှင် အောက်ဘက်က စစ်ပွဲကိုတည်ငြိမ်စွာကြည့်နေပြီး သိပ်မဝေးလှသည့်နေရာက လူအိုကြီးဟာ နောင်တရနေသည့်အကြည့်တွေရှိနေမှန်း သူသတိထားမိသည်။
သူအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သူအခုလေးတင်သတ်လိုက်သည့် ကျန်မိသားစုကတပည့်ဟာ ဒီလူအိုကြီး၏အမျိုးဖြစ်ပုံပေါ်သည်။ သူ၏မျက်လုံးမဲမှောင်သွားပြီး သူ၏ခေါင်းကိုငုံ့ကာ သူ့အနောက်က အသတ်အလယ်အလတ်နဲ့လူအား တစ်ခုခုပြောလိုက်သည်။ အသတ်အလယ်အလတ်နဲ့လူက ထွက်သွားပြီး စစ်ပွဲပိုပြီးရက်စက်ပြင်းထန်လာကာ စစ်ပွဲ၌ပါဝင်လာသည့် ကျင့်ကြံသူတွေကလည်း ပိုမိုများပြားလာပြီး ထိုလူအိုကြီးက ငါးယောက်အဖွဲ့ဖြင့် ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့် တောကောင်တွေကို သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။
ထိုတောကောင်တွေက အလွန်စွမ်းအားကြီးပြီး ကြီးမားသည့်စပါးကြီးမြွေတွေဖြစ်ကာ သူတို့ခန္ဓာကိုယ်က ပေသုံးဆယ်လောက်ရှည်လျားပြီး သူတို့တွေ၏ခေါင်းပေါ်၌ ဝါကြင့်ကြင့်အသားပိုရှိနေသည်။ ထိုအသားပိုဟာ အချိန်မရွေးကွဲထွက်တော့မလို တဒုတ်ဒုတ်ခုန်နေသည်။
ကြီးမားသည့်စပါးကြီးမြွေ၏ အရည်ခွံဟာ အလွန်ကိုမာကျောတာကြောင့် သာမန်တိုက်ခိုက်မှုတွေက သူ့အရေပြားကို ယားယံရုံလောက်သာဖြစ်စေသည်။ ထိုအကောင်ကြီးဟာ သူ၏အဆိပ်ကိုထုတ်ပြီးတိုက်ခိုက်ပါက အနည်းဆုံး ကျင်ကြံသူဒါဇင်လောက် သေဆုံးနိုင်သည်။
ကျန်ထျန်းရှင်က ကျင့်ကြံသူအဖွဲ့ကို ထိုတောကောင်အား သတ်ရန်အမိန့်ပေးလိုက်ပြီး ထိုတောကောင်က သူ့အပေါ်ပြဿနာတွေလည်း ကျရောက်လာနိုင်စေကာ သူ၏ကြီးမားသည့်ကိုယ်ထည်နဲ့ တိုက်ခိုက်စွမ်းအားကလည်း ကြောက်စရာကောင်းလှသည်။ ထိုတောကောင်သာ မြို့တံတိုင်းနား ရောက်ရှိလာပါက ကာကွယ်ရေးအခင်းအကျင်းအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မည်။
ထိုလူအိုကြီးနဲ့ အခြားသောကျင့်ကြံသူလေးယောက်ဟာ ချီစွမ်းအင်စုဆောင်းမှု အစောပိုင်းအဆင့် ရှိကြသူဖြစ်ပြီး ထိုစပါးကြီးမြွေအား တိုက်ခိုက်ကာ ဖိအားပေးကြပေမယ့် စပါးကြီးမြွေဟာ သူတို့တွေ၏ထောင်ချောက်အောက်သို့ မကျရောက်သွားပေ။ ထိုအစား စပါးကြီးမြွေဟာ သူ့ကိုသူငါးစာချကာ ကျင့်ကြံသူငါးယောက်စလုံးကို သတ်ပစ်လိုက်သည်။
နောက်ဆုံးကျင့်ကြံသူကို မြိုလိုက်ပြီးနောက် ကြီးမားသည့်စပါးကြီးမြွေဟာ သူ၏ဦးခေါင်းကိုမော့ကာ မြို့တံတိုင်းပေါ်က ကျန်ထျန်းရှင်အားကြည့်လိုက်ရင်း သူ၏ကြီးမားသည့်အမြှီးက မြေပြင်ကိုရိုက်ခတ်နေပြီး ရုပ်ဆိုးလှသည့်မြွေ၏ခေါင်းဟာ တမင်ဆွပေးသည့်အပြုံးမျိုးရှိနေသည်။
"ခေါင်းဆောင်! လက်အောက်ငယ်သားတွေကို ကျေးဇူးပြုပြီး တိုက်ခိုင်းပါ!" သန်မာလှသည့်ယောင်္ကျားက ထိုမြွေအား အေးစက်စွာသရော်လိုက်ပြီး ကျန်ထျန်းရှင်အား လေးစားစွာပြောလိုက်သည်။
ကျန်ထျန်းရှင်တစ်ခဏလောက် ညည်းညူလိုက်ပြီး သူ၏ခေါင်းခါရမ်းရုံသာတတ်နိုင်သည်။ ဒီသန်မာလှသည့်ယောင်္ကျားက ကျန်မိသားစု၏ကျင့်ကြံသူသုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ရောက်ရှိထားသူဖြစ်သည်။ ကြီးမားသည့်စပါးကြီးမြွေက စွမ်းအားအလွန်ရှိတယ်ဆိုပေမယ့် ဒီတောကောင်တွေရဲ့ခေါင်းဆောင်မဟုတ်ဘူး။
တောကောင်တွေ ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ နတ်ဆိုးကျင့်ကြံသူတွေ၏ ဉာဏ်ရည်ထက်မြက်မှုတွေကိုတော့ သွားယှဉ်လိုက်လို့မရဘူး။ အကယ်၍ သူတို့တွေက အခုချိန်မှာ ထိုသန်မာသည့်ယောင်္ကျားကို တိုက်ခိုက်လိုက်ပြီး နတ်ဆိုးကျင့်ကြံသူတွေက ဒီအခွင့်အရေးကိုယူကာ လာရောက်တိုက်ခိုက်ပါက သူနဲ့အခြားသော ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ရောက်ရှိနေသည့် ကျင့်ကြံသူတွေဟာ ဒီမြို့တံတိုင်းအား စောင့်ကြပ်နိုင်ပါ့မလားဆိုတာ မသေချာပေ။
ဘယ်အရာကစိတ်ပျက်စရာ အကောင်းဆုံးလည်းဆိုတော့ — ကျန်မိသားစု၏အိမ်တော်ထဲမှာ အတွင်းလူရှိနေခြင်းဖြစ်သည်။ သို့ပေမယ့် ကျန်ထျန်းရှင်က မြို့ဂိတ်ကို စောင့်ကြပ်ရမှာဖြစ်တာကြောင့် သူထွက်သွားလို့မရသေးဘူး။
သန်မာလှသည့်ယောင်္ကျားဟာ စိတ်ပျက်စွာ သူ၏လက်သီးကို တင်းတင်းဆုပ်ထားရင်း အံကြိတ်ကာ တောကောင်တွေကြား၌ ဖြည်းညင်းစွာ တွားသွားနေသည့် ကြီးမားသည့်စပါးကြီးမြွေအား ကြည့်နေသည်။ ထိုစပါးကြီးမြွေ၏လမ်း၌ လာရောက်ပိတ်ထားသည့် တောင်ကောင်တွေရော ကျင့်ကြံသူတွေကိုပါ အကုန်မြိုချပစ်လေသည်။
ကျန်ထျန်းရင်ဟာ တမင်တကာ ဖြည်းညင်းစွာ သွားနေသည့်စပါးကြီးမြွေအား စိုက်ကြည့်လိုက်ရင်း သူအလွန်ကိုဒေါသထွက်လာတော့သည်။ သူ့ဆီမှာ လူအင်အားက အကန့်အသတ်သာရှိသည်။ အကယ်၍ ဒီစပါးကြီးမြွေကို သူအမြန်ဆုံးမရှင်းနိုင်ပါက ထိုတောကောင်ဟာ မြို့တံတိုင်းနဲ့နီးကပ်လာရင် အတွင်းလူကမြို့တံခါးကို ဖွင့်ပေးလိုက်တာထက် အခြေအနေက ပိုဆိုးသွားလိမ့်မည်။
"ကျန်ခေါင်းဆောင် ဘာလို့ကျွန်တော့်တို့ကို မစမ်းကြည့်ခိုင်းရတာလဲ?"
သူအလွန်ကိုဒေါသထွက်နေပြီး ဘယ်သူများ စပါးကြီးမြွေကို သတ်နိုင်မလဲဆိုတာ တွေးတောနေစဉ် သူ့အနောက်ဘက်ကနေ ပြတ်သားသည့်အသံထွက်ပေါ်လာသည်။
"မင်းတို့ကို?" ရွှီဇီယန်က တောကောင်တွေအား တိုက်ခိုက်ရန် အရိပ်အယောင်တွေပေါ်နေတာကြောင့် ကျန်ထျန်းရှင်ဟာမှင်တက်သွားသည်။
သူကပိုပြီးတော့ မျက်မှောင်ကြုတ်သွားပြီး သူသဘောမတူချင်ဘူး။ သူတို့တွေက လျှိုကွမ်းဂိုဏ်းက အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏တပည့်တွေဖြစ်သည်။ သူကတောင်ကောင်တွေအား တိုက်ခိုက်ချင်နေရင်တောင် ရွှီဇီယန်အား စစ်မြေပြင်ကို ပို့လိုက်ရမည့် အတွေးမျိုးကို ကျန်ထျန်းရှင် ဘယ်တော့မှမတွေးပေ။
သူနောက်နေတာမလား?
အကယ်၍သူသာ ရွှီဇီယန်ကို စစ်မြေပြင်သို့ပို့လိုက်ပြီး ပြဿနာဖြစ်လာပါက အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူက သေချာပေါက် ကလဲ့စားချေဖို့အတွက် လိုက်ရှာလိမ့်မည်ဖြစ်ပြီး ကျန်မိသားစုဟာ အသက်အန္တရာယ်နဲ့စွန့်စားနေရလိမ့်မည်။
အဲ့ဒီအမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူတွေက အလွန်ကြင်နာတတ်တယ်ဆိုတာ ကျန်ထျန်းရှင်သိပေမယ့် သူတို့နဲ့ရင်းနှီးသူတွေ၏ အသက်အန္တရာယ်နဲ့ ကြုံလာပါက သူတို့တွေက ဖော်ရွေစွာဆက်ဆံမည်မဟုတ်တော့ပေ။
သူက လော့ယွင်တောက်ကျွင်းနဲ့ သိပ်ပြီးအဆက်အဆံမရှိတာကြောင့် ထိုသူ၏စိတ်နေသဘောထားကို သူသေချာမသိဘူး။ လုံခြုံဖို့အတွက် သူ၏စိတ်ထဲ၌ ဆုံးဖြတ်ချက် ခပ်စောစောချလိုက်ကာ ဒီတပည့်နှစ်ယောက်ကို ဝူတျီမြို့ကနေ လုံခြုံစွာထွက်သွားခိုင်းရမည်လို့ သူဆုံးဖြတ်လိုက်သည်။
အကယ်၍ ဒီမြို့ကြီးပျက်စီးသွားရင်တောင် ဒီတပည့်နှစ်ယောက်လွတ်မြောက်ဖို့အတွက် သူ၏အသက်ကိုစွန့်လွှတ်လိုက်ပြီး ကျန်မိသားစုက နောက်မျိုးဆက်တွေကို လျှို့ဝှက်လမ်းကနေ ထွက်သွားခိုင်းလိုက်မည်။
"ကျင့်ကြံသူရွှီ အောက်ဘက်စစ်မြေပြင်အခြေအနေက ပိုပြီးတော့ပရမ်းပတာဖြစ်လာပြီ ကြီးမားတဲ့စပါးကြီးမြွေကလည်း ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ကို ရောက်ပြီးသားတောကောင်ပါ အဲ့ဒါကမင်းတို့အတွက် အရမ်းအန္တရာယ်များလွန်းပါတယ် အကယ်၍ မင်းတောကောင်တွေ သတ်ချင်တယ်ဆိုရင် မင်းသန်မာလာတဲ့အထိ စောင့်ပြီးတော့မှ အနောက်ဘက်နယ်မြေဆီသို့ မင်းသွားလိုက်ပါ ဒီနေရာမှာတော့ စွန့်စားစရာမလိုပါဘူး"
ရွှီဇီယန်က သူ့အားပြုံးပြလိုက်ပြီး "ကျန်ခေါင်းဆောင် ခင်ဗျားကအရမ်းကြီး စိတ်ပူနေလို့ပါ အကယ်၍ ကျွန်တော်သာ အဲ့ဒီတောကောင်ကို သတ်ချင်တယ်ဆိုရင် ဒီမြို့ဂိတ်ကနေ ကျွန်တော်ထွက်သွားဖို့မှမလိုတာ"
"အိုး?" ကျန်ထျန်းရှင်က ရွှီဇီယန်အနောက်က လေးကိုသံသယဖြစ်စွာ ကြည့်လိုက်သည်။ ထိုလေးက ထူးခြားတဲ့လက်နက်ဆိုတာ သူသိလိုက်ပေမယ့် အဲ့ဒီလက်နက်က အဆင့်နိမ့်ပြီး ချီစွမ်းအင်စုဆောင်းမှုအဆင့် တပည့်တွေနဲ့သာ သင့်တော်သည်။
သို့ပေမယ့် လျှိုယွင်အဆောက်အအုံမှာတုန်းက ရွှီဇီယန်က ဒီလေးကိုအသုံးမပြုခဲ့ဘူး။ သူကဒီလိုလက်နက်တွေကို အသုံးပြုရတာသဘောကျပြီး ထိုလက်နက်တွေနဲ့ သုံးလိုက်ရင် ပိုစွမ်းအားကြီးလိမ့်မယ်လို့ ကျန်ထျန်းရှင်ထင်လိုက်သည်။
"ဒါဆိုလည်း…စမ်းကြည့်လေ" ကျန်ထျန်းရှင်အင်တင်တင်ဖြင့် သဘောတူလိုက်တော့သည်။ ရွှီဇီယန်ကို ကာကွယ်ရေးအခင်းအကျင်းနဲ့ ကာကွယ်ထားတာကြောင့် ဘာပြဿနာမှမရှိပေ။
ရွှီဇီယန် ရိုးရှင်းတဲ့အပြုံးမျိုး ပြသလိုက်ပြီး လေးကိုထုတ်ကာ သူ၏လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ သူက လေးနဲ့အတူ မတ်မတ်ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေကနေ ပြတ်သားသည့်အသံမျိုး ထွက်ပေါ်လာပြီး လေး၏အပြင်ဘက်အလွှာကတိုက်ရိုက်ပေါ်လာကာ အတွင်းဘက်အလွှာက တောက်ပသောသတ္တုဟာပေါ်ထွက်လာသည်။
"ရွှေရောင်စုံပဲ!" ကျန်ထျန်းရှင်ဘေးနားက သန်မာသည့်ယောင်္ကျားဟာ အံ့ဩစွာပြောလိုက်သည်။
ရွှီဇီယန် ခပ်ရေးရေးပြုံးကာ သူ၏ဘယ်လက်ဖြင့် လေးကိုဆုပ်ကိုင်ထားကာ သူ၏ညာလက်ဖြင့် လေးကြိုးကိုဆွဲလိုက်သည်။ သူ၏လက်ချောင်းတွေကြား၌ ခရမ်းရင့်ရောင်မြှားဟာ တဖြည်းဖြည်းချင်း ပုံစံပေါ်လာပြီး စူးရှတောက်ပသည့် မိုးကြိုးသွားဖြစ်ပေါ်လာသည်။
ရွှီဇီယန်၏လှုပ်ရှားပုံကြောင့် ကျန်ထျန်းရှင် အနည်းငယ်အံ့ဩသွားပေမယ့် သူကံကောင်းသွားတယ်လို့သာ တွေးလိုက်သည်။
ကျန်မိသားစု၏အဖိုးတန်ရတနာအဆောက်အအုံထဲက ပိုကောင်းသည့်လေးကို ရွေးချယ်ပြီး ရွှီဇီယန်ကိုပေးကာ သူတို့ကြားက ဆက်ဆံရေးကို တိုးတက်စေရန် သူတွေးတောလိုက်သည်။ သူ့အမြင်အရဆိုရင်တော့ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏တပည့်တစ်ယောက်အနေနဲ့ ဒီလိုဈေးပေါတဲ့လေးမျိုးကို မသုံးသင့်ဘဲ ထိုလေးက တန်ဆာဆင်လို့ပင် မရတော့ဘူး။
သူဒီအတွေးကို တွေးတောနေစဉ်အချိန်၌ မြို့နားမှာ အုံကြွနေသည့် တောကောင်တွေအား ရွှီဇီယန်၏အပြုအမူကြောင့် အတော်လေးထိတ်လန့်သွားကာ အဲ့ဒီအတွေးကို သူပြန်ရုပ်သိမ်းလိုက်ပြီး မဟုတ်ရင် သူသေလောက်အောင် အရှက်ကွဲရလိမ့်မည်။
ရွှေရောင်စုံဟာ အလွန်ရှားပါးသော သတ္တုနဲ့ပြုလုပ်ထားတာဖြစ်ပြီး တိုက်ခိုက်စွမ်းအားအတွက် ထိုအရာက ကြီးမားသည့်အကျိုးသက်ရောက်မှုကို ပိုကောင်းမွန်စေသည်။
ရွှေရောင်စုံ၏ထောက်ပံ့မှုဖြင့် တစုံတယောက်၏ စိတ်ဝိညာဉ်စွမ်းအားဟာ ပိုမိုတိုးပွားလာနိုင်သည်။ ရွှီဇီယန်လိုမျိုး ကြမ်းတမ်းစွာတိုက်ခိုက်ကြသည့် ကျင့်ကြံသူတွေအတွက် ဒီလိုဆန်းကျယ်သည့် လက်နက်တွေက အသင့်တော်ဆုံးပင်ဖြစ်သည်။
မူလအစတုန်းကတော့ သူကရွှေရောင်စုံကို မထုတ်ဖော်ချင်တာကြောင့် လေး၏အရှည်ကို ရွှီဇီယန် တမင်တကာ ပြုလုပ်ထားခြင်းဖြစ်သည်။ ရှေးစကားတွေအတိုင်း ကိုယ့်ရဲ့ချမ်းသာမှုကို ဘယ်တော့မှမဖော်ထုတ်နဲ့။ အရင်တုန်းကတော့ သူကအခြေခံ အရည်အချင်းတွေနဲ့ နောက်ခံမတောင်းတင်းသည့် ကလေးတစ်ယောက်သာဖြစ်သည်။ ရွှေရောင်စုံနဲ့ပြုလုပ်ထားသည့် လေးအရှည်ကြီးကို နေရာတိုင်းသူယူသွားနေပါက သေခြင်းတရားကို ရှာဖွေနေသလိုဖြစ်နေလိမ့်မည်။
ဒါပေမယ့် လက်ရှိမှာတော့ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ သူကအခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ရောက်ရှိထားသူဖြစ်ပြီး လျှိုကွမ်းဂိုဏ်က အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏တပည့်လည်းဖြစ်သည်။ အကယ်၍ သူသာဆက်လက်ပြီး ခပ်လျှိုလျှိုသာပြုမူလိုက်ပါက ဟာသတစ်ခုဖြစ်သွားလိမ့်မည်။
အခြားလူတွေဘာပဲပြောပြော သူဂရုမစိုက်ပေမယ့် သူ့ဆရာသခင်အပြစ်တင်မှာကိုတော့ သူမလိုချင်တာကြောင့် ဒီလိုအခြေအနေမျိုးမှာ ဒီလက်နက်မျိုးကို သူထုတ်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ဒီလေးကိုခိုးယူချင်တယ်ဆိုရင်တောင် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူကို သွားမစမိစေရန် သူတို့တွေ နှစ်ကြိမ်လောက် တွေးတောရလိမ့်မည်။
အချက်အလက်များစွာရှိကြပေမယ့် ခဏလေးအတွင်း ရွှီဇီယန်မြှားကိုဖန်တီးလိုက်ပြီး ထိုမြှားထဲသို့ များပြားသည့်စိတ်ဝိညာဉ်စွမ်းအင်တွေ သွင်းပေးနေသည်။ မြှားဟာ တစ်ဖြည်းဖြည်းနက်လာပြီး မဲနက်သည့်ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ မြှား၌ထူထပ်သည့် မိုးကြိုးသွားဟာရစ်ပတ်နေပြီး ထိုမြှား၌ ဟာကွက်တစ်ခုမှကိုမရှိပေ။
ရွှီဇီယန်၏မြှားကြောင့် ကျန်ထျန်းရှင်တကယ့်ကို ထိတ်လန့်သွားသည်။ ရွှီဇီယန်၏ကျင့်ကြံခြင်းအဆင့်က ဘယ်အထိရောက်နေလဲဆိုတာ သူသိစရာတောင်မလိုတော့ပဲ သူ၏မြှားရဲ့တိုက်ခိုက်ခြင်းစွမ်းအင်ကပင် အနည်းဆုံး ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ကို ရောက်ရှိထားလောက်ပြီးဖြစ်တာကြောင့် ထိုအရာနဲ့ပင် ထိတ်လန့်တုန်လှုပ်စေနိုင်သည်။
#TK