Chapter 108
ငယ်ရွယ်သည့်တပည့်တွေအားလုံး၏ပုံစံဟာ ဖြူရော်သွားပြီး ဒီမိုးကြိုးသွားမြှား၏ဖိအားဟာ သူတို့တွေ၏သွားတွေကို ခိုက်ခိုက်တုန်သွားစေသည်။ အဲ့ဒီမြှား၏ဖျက်ဆီးနိုင်ခြင်းစွမ်းအားဟာ သူတို့တွေ တစ်ခါမှမတွေ့ကြုံဖူးတာကြောင့် အောက်ဘက်စစ်မြေပြင်ရဲ့ သွေးသံတရဲရဲအခြေအနေကထက်ပင် ပိုပြီးထိတ်လန့်စရာကောင်းလှသည်။
——တကယ်တော့ သူတို့တွေက နားလည်မှုလွဲနေကြခြင်းဖြစ်သည်။
အောက်ဘက်စစ်မြေပြင်ဟာ ရက်စက်ပြင်းထန်လှပြီး သူတို့တွေ၏မျက်လုံးတွေထဲမှာတော့ ထိုအခြေအနေကိုသာ မြင်ရသည်။ ကာကွယ်ရေးအခင်းအကျင်းထဲကနေ ထိတ်လန့်စရာကောင်းသည့်အခြေအနေတွေက လျော့နည်းလှသည်။ ဒါပေမယ့် ရွှီဇီယန်၏မိုးကြိုးသွားမြှားဟာ သူတို့တွေနဲ့ နီးကပ်နေတာကြောင့် အကွာအဝေးခြားနားလှသည့် ဖြစ်စဉ်နှစ်မျိုးဟာ သူတို့တွေ၏ခံစားချက်ကို ကွဲပြားသွားစေသည်။
"ဇီရုန်!" ရွှီဇီယန်ရွှေရောင်လေးကြိုးတစ်ခုလုံးကို ဆွဲလို့ပြီးသွားချိန်၌ သူရုတ်တရက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။
ကျန်ခေါင်းဆောင်မှင်တက်သွားသည်။ ဒီအချိန်မှာ ရွှီဇီယန်က ဘာလို့များ သူ့ညီဖြစ်သူကို ခေါ်လိုက်ရလည်းဆိုတာ သူနားမလည်ပေ။ သူကမြှားပစ်ဖို့အတွက် အကူအညီများလိုလို့လား?
ဒါပေမယ့် ရွှီဇီရုန်၏အပြုအမူက သူ့ကိုပိုပြီးမှင်တက်သွားစေကာ အဲ့ဒီဆွဲဆောင်မှုရှိသည့် လူငယ်လေးက ရွှီဇီယန်၏အနောက်မှာရပ်နေကာ သူ့ကိုဖက်ထားသည်။ သူတို့နှစ်ယောက်၏ခန္ဓာကိုယ်ချင်းက ကပ်လျက်ရှိနေပြီး စုံတွဲနဲ့တောင်တူလှသည်။
ထိုနေရာမှာရှိနေကြသည့် လူတိုင်းဟာ မှင်တက်ပြီးထိတ်လန့်သွားကြသည်။ သိုသိုသိပ်သိပ်နေသည့် ယောင်္ကျားလေးက သူ၏နဖူးကိုထောက်ကာ စောင်း၍ကြည့်နေသည်။ နူးညံ့သည့်ကျန်ရင်း(က)ဟာ သူမျက်နှာကနေ မျက်ရည်တွေထွက်လုနီးနီးဖြစ်သွားရသည်။ သူ့ရဲ့သခင်အသစ်က သူ့အကိုဖြစ်သူကို လူပုံအလယ်ကြီးမှာ ချစ်ပြနေတာဟာ လူအားလုံးရဲ့ရှုထောင့်အမြင်တွေကို စိန်ခေါ်နေသလိုပင်ဖြစ်နေသည်။
မြှားပုံစံမျှော်စင်မှာ လက်ရှိမှာတော့ အတော်လေးကို တိတ်ဆိတ်နေပြီး စစ်မြေပြင်က တိုက်ခိုက်သံတွေတောင် သူတို့တွေမကြားရတော့ပေ။ ကျန်ထျန်းရှင် ဘယ်လိုပြောရမလဲတောင် မတွေးတတ်တော့သလို သူတစ်ခုခုတော့ နားလည်မှုလွဲနေတယ်လို့ ခံစားမိနေသည်။ ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့အရာတွေကလည်း သူနားလည်မှုလွဲနေတယ်လို့ ပြနေရတာပဲမဟုတ်ဘူးလား…
ရွှီဇီရုန်က ရွှီဇီယန်ကို ဖက်ထားပြီးနောက် ရွှီဇီရုန်ချက်ချင်း အလိုက်သင့်လေးပြုမူလိုက်ကာ အသက်ကိုပြင်းပြင်းရှူလိုက်သည်။ သူတို့တွေက အချိန်အကြာကြီး အတူတူနေထိုင်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားက နီးကပ်မှုတွေကို ဘယ်သူမှနားလည်မည်မဟုတ်ပေ။
အသက်ပြင်းပြင်းထက်ရှူလိုက်ရင်း သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်အတက်အကျတွေဟာ တဖြည်းဖြည်းချင်း နီးကပ်လာသည်။ အနီးကပ်ဆုံးဆုံမှတ်သို့ ရောက်ရှိလာပြီးနောက် ရွှီဇီရုန်ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ မိုးကြိုးသွားနဲ့ပြုလုပ်ထားသည့် မြှားတံကို ပေါ့ပါးစွာထိလိုက်သည်။ အစိမ်းရင့်ရောင် အရောင်လေးဟာ မြှားတံ၏ထိပ်သို့ ပေါင်းစပ်သွားသည်။
ပြီးတာနဲ့—
ညီအကိုနှစ်ယောက်က နီးကပ်စွာနေပြီးတော့ ပူပေါင်းတိုက်ခိုက်တာလား?
အိုး…
ရွှီဇီရုန်၏အပြုအမူနဲ့ ပတ်သက်ပြီး အမှန်တရားကိုသိရှိသွားပြီးနောက် အားလုံး၏ထိတ်လန့်သွားကြပြီး မျက်စိတစ်မှိတ်အတွင်း သူတို့တွေ၏ရူးနှမ်းသည့်အတွေးတွေဟာ ချောင်ထိုးခံလိုက်ရသည်။
နူးညံ့သည့်ကျန်ရင်း၏မျက်လုံးတွေ တန်းသွားပြီး သူ့သခင်က ဒီလိုအပြုအမူကို ရည်ရွယ်ရှိရှိလုပ်တယ်ဆိုတာ သူလုံးဝအာမခံနိုင်သည်!
ရွှီဇီယန်၏အကြည့်တွေက အေးစက်ပြီးခက်ထန်နေကာ သူ၏လက်ချောင်းထဲက လေးကြိုးကို လျော့လိုက်တော့သည်—
ငယ်ရွယ်သည့်တပည့်တွေက သူတို့တွေ၏နှလုံးခုန်နှုန်းတွေ ရပ်တန့်သွားသလိုတောင် ခံစားလိုက်ရသည်။ အဲ့ဒီမြှား၏စွမ်းအားက အရမ်းကိုစွမ်းအားကြီးတာကြောင့် စပါးကြီးမြွေက ကိုင်တွယ်နိုင်ပါ့မလား?
အကယ်၍မြှားသာ ရန်သူကိုပစ်ရာတွင် မအောင်မြင်သွားပါက ထိုအရာက အဓိပ္ပါယ်မဲ့သွားလိမ့်မည်။ ရွှီဇီယန်ပစ်လွှတ်လိုက်သည့် အဲ့ဒီမြှားက ထိုတောကောင်ကို အကျိုးသက်ရောက်နိုင်ပါ့မလား?
လူတွေဟာ သူတို့နှလုံးတွေခုန်ထွက်တော့မလို အလွန်ကိုစိတ်လှုပ်ရှားနေကြသည်။ မြှားဟာ ကာကွယ်ရေးအခင်းအကျင်းကို ထွက်သွားပြီး စပါးကြီးမြွေအရှေ့တည့်တည့်သို့ ပျံသန်းသွားတာကို သူတို့တွေစိုက်ကြည့်နေကြသည်။
"ပြန်လာခဲ့!" ထိုအမဲရောင်မြှားကြောင့် ကျန်ထျန်းရှင်ဟာ သူ၏အာရုံကို မထိန်းချုပ်နိုင်သလိုဖြစ်သွားရသည်။ သူဟာအရိပ်နှစ်ခုကို မြင်လိုက်သည့်အချိန် ရွှီညီအကိုနှစ်ယောက်က ကာကွယ်ရေးအခင်းအကျင်းထဲကနေ ထွက်သွားကြပြီး သူတို့လမ်းကို ဘယ်သူမှတားဆီးလို့မရတော့ပေ။
ရွှီဇီယန်နဲ့ရွှီဇီရုန်ဟာ ကာကွယ်ရေးအခင်းအကျင်းကို ဖြတ်ပြီးသွားတာနဲ့ မြို့တံတိုင်းအောက်က တောကောင်တွေဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။ ကံကောင်းစွာ သူတို့နှစ်ယောက်ဟာ မဆင်မခြင် ပြေးသွားချင်းမရှိပဲ အခင်းအကျင်းနဲ့ မဝေးလှသည့်နေရာ၌သာ တိုက်ခိုက်ကြသည်။ ထိုနေရာ၌ အန္တရာယ်တစ်ခုခုကြုံလာပါက သူတို့တွေ နောက်သို့ပြန်ဆုတ်ကာ အခင်းအကျင်းဖြင့် အကာအကွယ်ယူလို့ရပေသည်။
ကျန်ထျန်းရှင် သက်ပြင်းရှည်ချလိုက်ပြီး ရွှီညီအကိုနှစ်ယောက်ကို ဒီလိုအန္တရာယ်ထဲ မသွားစေချင်ပေ။ အကယ်၍ ဝူတျီမြို့ကပျက်စီးသွားရင်တောင် ကျန်မိသားစုဟာ အခြားတစ်နေရာရာ၌ ပြန်လည်ရှင်သန်လို့ရသေးသည် အကယ်၍များ သူတို့နှစ်ယောက်သေသွားရင် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူက အသက်ရှင်ဆဲမို့ ကျန်မိသားစုဟာ သူတို့ဘဝကို အခြားသောနာမည်တစ်ခုဖြင့် အသက်ဆက်ရှင်ရလိမ့်မည်။ လက်ရှိမှာတော့ ဒီညီအကိုနှစ်ယောက်ကို ဖမ်းခေါ်ပြီး သူတို့တွေကိုခေါက်ကာ အဝေးသို့ပို့လိုက်ရမယ်လို့ သူတွေးနေမိသည်။ ကံကောင်းစွာ ရွှီညီအကိုနှစ်ယောက်၏လုပ်ဆောင်ပုံတွေက တော်လှပြီး ကျန်ထျန်းရှင်ကို ခက်ခဲသည့်အခြေအနေမျိုး မပြုလုပ်ပေ။
"ဝိုး…!!!" ကျန်ထျန်းရှင် ရွှီညီအကိုနှစ်ယောက်အား အာရုံစိုက်နေသာ့်အချိန်၌ အမဲရောင်မြှားဟာ စပါးကြီးမြွေကို ထိသွားပြီဖြစ်သည်။
"ဝိုး! အဲ့ဒါဘာကြီးလဲ!!"
"ချီး! သစ်သားမန္တန်က အဲ့လောက်တောင်ပဲ စွမ်းအားကြီးတာလား?"
"အာ အဲ့ဒါတွေက သွေးနွယ်ပင်တွေပဲ! ထိုအရာတွေက ဒီလောက်ထိ စွမ်းအားကြီးမယ်လို့မထင်ထားခဲ့မိဘူး!"
"ဘုရားရေ! အဲ့ဒါကတားမြစ်ထားတဲ့အရာကြီးမဟုတ်ဘူးလား?"
မြှားဟာစပါးကြီးမြွေအားထိသွားပြီး ပြင်းထန်သည့်အလင်းရောင် ရုတ်တရက် ပေါ်ထွက်လာတာကို သူတို့တွေကမြင်လိုက်တာကြောင့် ကျန်မိသားစုက ကျင့်ကြံသူအများစုက မှင်တက်သွားကြသည်။ ထို့နောက်မှာတော့ များပြားပြီးတုတ်ခိုင်လှသည့် အစိမ်းရောင်နွယ်ပင်တွေဟာ လေထဲကနေပေါ်လာပြီး ထိုအရာတွေဟာ စပါးကြီးမြွေအားချည်နှောင်လိုက်သည်။
စပါးကြီးမြွေဟာ ချုပ်နှောင်ခံလိုက်ရတာကြောင့် လွတ်မြောက်ဖို့လမ်းမရှိတော့ပေ။ အမဲရောင်မြှားဟာ စပါးကြီးမြွေ၏ခေါင်းပေါ်က အသားပိုတည့်တည့်သို့ ထိမှန်သွားသည်။
ဘမ်းကနဲဆိုသည့်အသံနဲ့အတူ အသားပိုဟာ ပွင့်ထွက်သွားပြီး များပြားသည့် ရွှေရောင်အရည်တွေ ထွက်ကျလာသည်။ စပါးကြီးမြွေဟာ ချက်ချင်း ဆွဲဆွဲငင်ငင်ငိုကြွေးပြီး သွေးနွယ်ပင်တွေက သူ့အားချည်နှောင်ထားတာကြောင့် ယူကျုံးမရဖြစ်ကာ မြေပြင်ပေါ်၌လဲနေတော့သည်။ အဲ့ဒီနွယ်ပင်တွေထဲကနေ မိုးကြိုးသွားစွမ်းအင်ကြောင့်သာ ထွက်ပေါ်လာတာဖြစ်ပြီး သူတို့တွေက အချိန်ခဏလောက်သာ ဖိအားပေးထားနိုင်ပြီး ဘယ်လိုအရာတွေမျိုးတွေပဲဖြစ်လာဖြစ်လာ ထိုနွယ်ပင်တွေက ပျက်စီးမှာဖြစ်သည်။
စပါးကြီးမြွေဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီးနောက် သူ့အနားကတောကောင်တွေဟာ သူအပေါ်သို့ စတင်ပြီးတက်နင်းကျတော့သည်။ စပါးကြီးမြွေ၏ခေါင်းပေါ်က ရွှေရောင်အရည်တွေဟာ များစွာသောတောကောင်တွေကို အင်အားဖြစ်စေသည်။ ပုံမှန်အတိုင်းဆိုရင် စပါးကြီးမြွေဟာ အလွန်စွမ်းအားကြီးတာကြောင့် ဘယ်တောကောင်မှ သူ့ကိုအပြစ်မလုပ်ရဲကြပေမယ့် လက်ရှိမှာတော့ သူကသေတော့မလိုကို အပြင်းအထန် ဒဏ်ရာရထားတာကြောင့် အားနည်းသည့်တောကောင်တွေက သူ့အားတိုက်ခိုက်ကြတော့သည်။
ခဏအကြာမှာတော့ စပါးကြီးမြွေဟာ အခြားသောတောကောင်တွေ၏ရိုက်နှက်မှုကြောင့် သေဆုံးသွားတော့သည်။ သူ၏ခေါင်းပေါ်က ရွှေရောင်အရည်တွေကို အမြီးသုံးချောင်းမြေခွေးက ရရှိသွားလေသည်။ ထိုအရည်အားလုံးကို သောက်သုံးပြီးနောက် မြေခွေးဟာချက်ချင်း ထိုတိုက်ပွဲကနေ အမြန်ဆုံးနည်းဖြင့် ထွက်ခွာသွားတော့သည်။ အဆင့်မြင့်စွမ်းအင်ကို သောက်သုံးပြီးပါက မြေခွေးဟာ အဆင့်မြင့်တင်ဖို့ လုံခြုံသည့်နေရာကို ရှာဖွေရန်လိုအပ်ပေသည်။
တောကောင်တွေအားလုံးဟာ အဆင့်မြင့်တင်ရန် စိတ်အားထက်သန်နေကြပြီး နတ်ဆိုးကျင့်ကြံသူတွေက သူတို့တွေကို နောက်ကွယ်ကနေ ကြိုးကိုင်ထားတယ်ဆိုရင်တောင် ဒီလိုဆွဲဆောင်မှုမျိုးနဲ့ တွေ့ကြုံရသည့်အချိန်မှာတော့ သူတို့တွေက ဒီအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
တောကောင်တွေ၏သဘာဝအလျောက် တုံ့ပြန်မှုတွေကြောင့် ထျယ်ရှီးဟာ ဒီအခြေအနေကို အကူအညီမဲ့သလို ခံစားနေရသည်။ အကယ်၍ သူသာအဆင့်မြင့်တင်ဖို့ အခွင့်အရေးပေးလိုက်ပါက စစ်ပွဲကိုသူချက်ချင်း လက်လွတ်ရလိမ့်မည်။
ထိုရွှေရောင်အရည်အတွက်နဲ့ တိုက်ခိုက်တာကြောင့် ချီစွမ်းအင်စုဆောင်းမှုအဆင့် တောကောင်သုံးကောင်လောက်ဟာ သေမလိုဖြစ်သွားကြရသည်။ ထို့အပြင် မြေခွေးကလည်း ထွက်သွားပြီးဖြစ်တာကြောင့် အနောက်ဘက်ဂိတ်အနားက အဆင့်မြင့်တောကောင်တွေ၏သက်ရောက်မှုဟာ ချက်ချင်းကျဆင်းလာတော့သည်။
စပါးကြီးမြွေဟာ သေခြင်းတရားကြားကနေ ရုန်းကန်နေတာကို ကြည့်နေရင်း ကျန်ထျန်းရှင်၏မျက်လုံးတွေ တွန့်သွားကာ…နောက်ဆုံးတော့ သေခြင်းတရား ဝါးမျိုတာခံလိုက်ရတော့သည်။ သူ့ရင်ထဲမှာ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူရဲ့တပည့်တွေက တကယ့်ကို တော်ကြတာပဲ! ဂိုဏ်းကြီးကတပည့်တွေဆိုတာ ပီသပေသည်!
ဒီလိုအရာမျိုးတွေကြောင့် မိသားစုငယ်လေးတွေက အဲ့ဒီဂိုဏ်းကြီးတွေကို ဘယ်တော့မှမယှဉ်နိုင်တာ ဖြစ်လိမ့်မည်! အခြားသောဂိုဏ်းက တပည့်တွေဟာ အသက်၂၀အရွယ်တည်းနဲ့ သူတို့တွေက အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့် ရောက်ရှိထားပြီးဖြစ်သည်။ သူ၏ချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူငါးယောက်အား သတ်ပြစ်လိုက်သည့် တောကောင်ကိုသူတို့တွေက မြှားတစ်ချောင်းတည်းနဲ့ သတ်လိုက်နိုင်သည်။ စွမ်းအားချင်းက တကယ့်ကို ကွာခြားလှသည်။
အခြေခံကျင့်ကြံခြင်းအဆင့်နဲ့သာဆိုရင် သူတို့ပစ်လိုက်သည့်မြှားက ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ဖြစ်နိုင်တာကြောင့် ဘယ်လိုမွေးရာပါစွမ်းရည်တွေနဲ့များ မွေးဖွားလာရတာလဲ? ပြီးတော့ ဘယ်လိုဆရာသခင်မျိုးကများ ဒီလောက်တော်အောင် တပည့်ဖြစ်သူကို သင်ကြားပေးလိုက်တာလဲ?
ကျန်ထျန်းရှင်ဟာ နောင်ကျရင် လျှိုကွမ်းဂိုဏ်း၏ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ ကျန်ပင်းနဲ့ကျန်လင်နှစ်ယောက်စလုံးကို ပို့ရမယ်လို့ သူ၏စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့တွေက ထျန်းယွီဂိုဏ်းနဲ့ ပိုနီးတယ်ဆိုပေမယ့် ထျန်းယွီဂိုဏ်းကပိုင်ဟွဟာ ရွှီညီအကိုနှစ်ယောက်ထက်ပိုပြီး အားနည်းလိမ့်မည်။
"ကျန်ခေါင်းဆောင်"
သူပြောလိုက်တိုင်း၊ သူတွေးလိုက်တိုင်း ထိုသူတွေဟာ အမြဲတမ်း ပေါ်လာလေ့ရှိကြသည်။ ကျန်ထျန်းရှင်ဟာ ရုတ်တရက် ပိုင်ဟွ၏အသံကို ကြားလိုက်ရသည်။
"ဘာဖြစ်လို့လဲ?" ကျန်ထျန်းရှင်က ထျန်းယွီကတပည့်ဖြစ်သူအား အလွန်ယှဉ်ကျေးစွာဆက်ဆံပြီး သို့ပေမယ့် အဲ့ဒီဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းမွန်ချင်ရုံသာဖြစ်သည်။
"ကျန်ခေါင်းဆောင်၊ ဖန့်ခေါင်းဆောင်က တောင်ဂိတ်ဘက်က တောင်ကောင်တွေရှုံးနိမ့်သွားပြီဆိုတာ ကျွန်တော့်ကိုအကြောင်းကြားခိုင်းလိုက်လို့ပါ အနောက်ဘက်ဂိတ်က အခြေအနေရော ဘယ်လိုရှိလဲခင်ဗျ?" ပိုင်ဟွကသူ့ကိုလက်တွေကို ခုံးခုံးလေးပုံစံပြုလုပ်ကာ ကျန်ထျန်းရှင်အားပြောလိုက်ပြီး သူ၏အနောက်ဘက်က ငယ်ရွယ်သည့်လူတွေကိုလိုက်ကြည့်နေကာ တစုံတခုကို ရှာနေပုံပေါ်သည်။
ကျန်ထျန်းရှင်ကခေါင်းညိတ်ကာ "လျှိုကွမ်းဂိုဏ်းက ကျင့်ကြံသူနှစ်ယောက်ကြောင့် ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ရှိတဲ့ တောကောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လေ အဲ့ဒီတောကောင်တွေကလည်း သူတို့ဟာနဲ့သူတို့တွေ ရှုပ်ထွေးနေကြပြီ နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့ နတ်ဆိုးကျင့်ကြံသူတွေက အရင်ဆုံးဆုတ်ခွာဖို့ အမိန့်ပေးမယ်လို့ ငါထင်မိတယ်"
သူ၏စကားမဆုံးခင်မှာပင် စစ်မြေပြင်ကနေ ငြိမ့်ညောင်းသည့်အသံထွက်ပေါ်လာသည်။ အပြာရောင်ငှက်ဟာ စစ်မြေပြင်၌ ပတ်ချာလည်နေသည်။ မြို့တံတိုင်းနားက တောကောင်တွေဟာ ရေစီးကြောင်းပုံစံလိုမျိုး ဆုတ်ခွာသွားကြပြီး မြေပြင်ပေါ်၌ အပျက်အစီးတွေသာ ကျန်ရှိနေတော့သည်။
ကျန်ထျန်းရှင် လက်မြှောက်လိုက်သည့်အခါ သန်မာသည့်ယောင်္ကျားက စည်ကြီးကို စတင်တီးပြန်လေသည်။ ထိုစည်သံကို ကြားလိုက်ပြီးနောက် တိုက်ခိုက်နေကြသည့် ကျင့်ကြံသူတွေဟာ ပိုပြီးတော့သတိဝင်သွားကြသည်။ သူတို့တွေက ဒဏ်ရာရနေသည့် အဖွဲ့သားတွေကို တွဲလာပြီး ကာကွယ်ရေးအခင်းအကျင်းထဲသို့ ဝင်လာကြသည်။
ရွှီဇီယန်၏အဝတ်အစားတွေဟာ ချွေးတွေသွေးတွေနဲ့ စွန်းထင်းနေပေမယ့် သူ၏မျက်နှာပေါ်မှာတော့ လှိုက်လှဲပျူငှာသည့် အပြုံးမျိုးရှိနေသည်။
ဒီလိုသွေးသံတရဲရဲတိုက်ခိုက်တာက လူသားတွေ၏စွမ်းအားတွေကို စစ်မှန်စွာစစ်ဆေးခြင်းပင်ဖြစ်သည်။ တိုက်ခိုက်ချင်သည့်စိတ်ဟာ သူ၏ဗီဇပဲလား၊ သူ၏ခန္ဓာကိုယ်ကြောင့်ပဲလား ဆိုတာကတော့ ရွှီဇီယန်လည်း သေချာမသိပေမယ့် သူတိုက်ခိုက်ဖို့အတွက် အရမ်းကိုစိတ်အားတက်ကြွနေသည်။
အစတုန်းကတော့ သူ၏ခန္ဓာကိုယ်ကို သွေးတွေစင်သွားသည့်အချိန်၌ သူအနည်းငယ် ရွံရှာသလိုခံစားရသည်။ ဒါပေမယ့် နောက်ကျတော့ ဒီခံစားချက်ကြီးကို သူချက်ချင်းသဘောကျသွားသည်။ ရွှီဇီရုန်နဲ့အတူ တိုက်ခိုက်ရတာက သူ့ကိုပိုပြီးပျော်ရွှင်စေပြီး ရွှီဇီရုန်က သူ၏အတွေးတွေအားလုံးကို သိနေပြီး ဒီလိုပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုက သူ့ကိုအရသာတွေ့သွားစေသည်။
"ဟားဟား ဒီခံစားချက်က စောက်ရမ်းမိုက်တာပဲ!" ရွှီဇီယန်က ရွှီဇီရုန်၏ပခုံးအား ပုတ်လိုက်သည်။ စွမ်းရည်ခြင်းပေါင်းစပ် အသုံးမပြုမှီ ရွှီဇီရုန် တင်းကျပ်စွာ လာဖက်ထားတာက သူ၏သံသယတွေ အားလုံးကိုပျောက်ရှသွားစေသည်…
ရွှီဇီရုန်လှပသည့်မျက်နှာကြောင့် ယောင်္ကျားဆန်ဆန် မကြီးထွားလာမှာကို ရွှီဇီယန်တစ်ချိန်က သူစိုးရိမ်ခဲ့ပေမယ့် လက်ရှိမှာတော့ စိုးရိမ်စရာမလိုဘဲ သူသိလိုက်ရသည်။
ရွှီဇီရုန်၏အကြည့်တွေဟာ တုန်လှုပ်ခြင်းမရှိဘဲ လျင်မြန်စွာ တိုက်ခိုက်သည်။ ရွှီဇီယန်က သူ့အားအချိန်ကြာမြင့်စွာ ကြည့်ရှုနေပြီး ဇီရုန်ဟာ ရူးနှမ်းသွားသည့် အရိပ်အယောင်မျိုးရှိမနေပေ။
သူတိတ်တဆိတ် သက်ပြင်းရှည်ကြီးချလိုက်သည်။ သွေးဆာတယ်ဆိုတာက ယောင်္ကျားတွေအတွက် သဘာဝသာဖြစ်သည်။ ရွှီဇီရုန်က ဒီလောက်သွေးတွေ မြင်နေရတာတောင် ရူးနှမ်းတာမျိုးမဖြစ်သွားတာကို ကြည့်လိုက်ရင်း သူကသွေးတွေကို ငမ်းငမ်းတက်သဘောကျနေတာမျိုး မဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ မဟုတ်ဘူးလား!
(တကယ်တော့ ရွှီဇီရုန်ဟာ အရည်အသွေးကောင်းမွန်တဲ့သွေးတွေကိုသာ သဘောကျတဲ့ ဂျီးများတဲ့သူတစ်ယောက်ဖြစ်နေလို့ပါ…ကံကောင်းသွားတယ်!)
ညီအကိုနှစ်ယောက်ဟာ အချင်းချင်းနားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။ သူတို့တွေက အနီးကပ်တိုက်ပွဲမှာတော့ ရွှေရောင်စုံမြှား၏သက်ရောက်မှုကို အသုံးမပြုပေမယ့် ရွှီဇီယန်၏အနီးကပ်တိုက်ပွဲကလည်း နူးညံသည့်အထဲတော့ မပါဝင်ပေ။ ထို့အပြင် ရွှီဇီရုန်၏သွေးမန္တန်ကလည်း ကွယ်ဝှက်ထားပြီး နေရာတိုင်းမှာရှိနေတာကြောင့် ရွှီဇီယန်က အစအဆုံး ဘာဒဏ်ရာမှမရရှိသွားပါ။
ဒါပေမယ့် စစ်မြေပြင်သို့ဝင်ရောက်ချိန်၌ စစ်မြေပြင်၏အငွေ့အသက်ကို သူခံစားရသည်။
ဒီလောက်ကြီးမားသည့်စစ်မြေပြင်၌ တောကောင်တွေကို တိုက်ခိုက်နေကြသည့် သူတို့တွေဘက်၌ လူတွေအများကြီးသိပ်မရှိပေ။ အဖွဲ့တစ်ဖွဲ့ဟာ ဘယ်လောက်ပဲကြီးမားပါစေ သူတို့တွေဟာ တောကောင်တွေကို မနှိမ်နင်းနိုင်တာကြောင့် သေးငယ်သည့်အဖွဲ့ကသာ ကျင့်ကြံသူတွေ၏စွမ်းအားတွေကို အစစ်အမှန်ထုတ်ပေးနိုင်သည်။
#TK