Chapter 114
အမှန်တော့ ကျန်ထျန်းရှင်က ကျန်ရင်းအား လျှို့ဝှက်ကာကွယ်ထားတာက အဓိပ္ပါယ်များစွာရှိသည်။ သူကနတ်ဆိုးအမြုတေကို ပိုဆိုင်ထားတာဟာ တရားမျှတသည့်ကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုပင်ဖြစ်သည်။
ကျန်ထျန်းရှင်၏အမြော်အမြင်အရဆိုရင် ကျန်ရင်းအတွက် အလုံခြုံဆုံးနည်းလမ်းက သူတို့အနောက်ကိုလိုက်ခိုင်းဖို့ဆိုတာ သူမြင်နိုင်လိမ့်မယ်လို့ ရွှီဇီယန်ယုံကြည်သည်။ ထို့အပြင် ကျန်မိသားစုက အတော်လေးသေးငယ်သည်။ အကယ်၍ ကျန်ရင်း၏သရုပ်မှန်သာပေါ်သွားပါက ကျန်မိသားစု၏စွမ်းအားနဲ့ သူ့ကိုကာကွယ်ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
အချက်အလက်ကလည်း အတိအကျတူညီပြီး မကြာခင်မှာပင် အသံလုံမန္တန်ကိုဖွင့်လိုက်သည်။ ကျန်ထျန်းရှင်က စစ်မြေပြင်က သူ၏လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ချီးကျူးလိုက်ကာ 'ကျန်ပင်'က ရွှီဇီရုန်အနောက်သို့ လိုက်သွားရမည်ဖြစ်ပြီး ရွှီဇီရုန်၏အခြွေအရံကျင့်ကြံသူအဖြစ် ငါးနှစ်နေရလိမ့်မည်။
အခြွေအရံကျင့်ကြံသူက တကယ်တော့ သက်တော်စောင့်ကျင့်ကြံသူပင်ဖြစ်သည်။ ဒီလိုအမှုထမ်းဖို့က သူ၏သခင်ဖြစ်သူနဲ့ စာချုပ်,ချုပ်ဆိုဖို့လိုသည်။ အခြွေအရံမသေမချင်း ဘယ်သူမှ သူ့သခင်၏အသက်ကို မခြိမ်းခြောက်နိုင်ပေ။ ဒါကသတ်မှတ်ချက်တစ်ခုနဲ့ညီမျှပြီး ကျန်ပင်အတွက် အလွန်ကိုမတရားသည့်ပုံစံပေါ်သည်။
ဒါပေမယ့် ဒီနေရာ၌ ကျန်ပင်ကို မနာလိုအားကျနေကြသည့် ငယ်ရွယ်တဲ့တပည့်များစွာလည်း ရှိနေကြသည်။ ထို့အပြင် အခြွေအရံကျင့်ကြံသူက သူ့သခင်အနောက်သို့ လိုက်ရမှာဖြစ်တာကြောင့် သူ့သခင်က သူကျင့်ကြံခြင်းအတွက် လိုအပ်သည့် ဆေးဝါးတွေနဲ့အရင်းအနှီးတွေအားလုံးကို ခွဲဝေပေးရမှာဖြစ်သည်။
အကယ်၍ သာမန်ကျင့်ကြံသူသာဆိုရင်တော့ သူတို့တွေ၏အခြွေအရံကျင့်ကြံသူက အကျိုးအမြတ်တွေကို အကန့်အသတ်ဖြင့်သာရရှိလိမ့်မည်။ ဒါပေမယ့် ရွှီဇီရုန်က အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏အနီးကပ်ဆုံးတပည့်ဖြစ်သည်။ သူ၏အနေအထားမျိုးနဲ့ဆိုရင် အခြွေအရံကျင့်ကြံသူက များပြားသည့်အရင်းအနှီးတွေကို ရရှိလိမ့်မည်။ ရွှီညီအကိုတွေ၏စွမ်းရည်တွေနဲ့ဆိုရင် သူတို့အနောက်ကိုလိုက်တာက အကောင်းဆုံးအကြံဖြစ်ပြီး သူ့ဘဝ၏အချိန်ငါးနှစ်ကိုသာ ပေးဆပ်ရမှာဖြစ်သည်။
အနားယူနေကြသည့် ကျန်မိသားစုဝင်တွေဟာ ကျန်ပင်၏ကံကောင်းမှုကို မနာလိုအားကျနေကြပေမယ့် ကျန်ထျန်းရှင်ကတော့ ရွှီဇီယန် ဘယ်လိုလုပ်ပြီး ကျန်ရင်းကို ရှာတွေ့သွားတာလဲ…ဒါမှမဟုတ် ကျန်ရင်းက ရွှီဇီယန်ကို ဘယ်လိုလုပ်ပြီး ဖမ်းမိသွားတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ထိတ်လန့်နေသည်။
သားဖြစ်သူ ကျန်ရင်းနဲ့ပတ်သက်ပြီး ကျန်ထျန်းရှင်၏ရင်ထဲ၌ ဆန့်ကျင်မှုတွေနဲ့ ပြည့်နက်နေသည်။ ကျန်မိသားစု၏ခေါင်ဆောင်အနေနဲ့ ကျန်ရင်းဟာ နတ်ဆိုးအမြုတေကို ပိုင်ဆိုင်ထားသည်ဆိုသည့်အချက်ကြောင့် သတ်ပစ်ရမှာဖြစ်သည်။ ဒါပေမယ့် အဖေတစ်ယောက်အနေနဲ့ ကျန်ထျန်းရှင် ဘယ်လိုလုပ်ပြီး သူ့သားကိုသတ်ပစ်ရက်မှာလဲ?
သူ့သားဖြစ်သူကို လက်လွတ်မခံနိုင်သလို သူ့ကိုလမ်းမှန်သို့လည်း မပို့ဆောင်ပေးနိုင်တာကြောင့် ကျန်ထျန်းရှင် အလွန်အမင်း နာကျင်သလိုခံစားရသည်။ ကံကောင်းစွာ ကျန်ရင်းမှာစိတ်ဝိညာဉ်နှစ်ခုရှိပြီး သူ့ဘဝတစ်လျှောက်လုံး အကျဉ်းချခံထားရတာပေမယ့် သူ့ဆီမှာ ခါးသီးတဲ့ခံစားချက်တွေမရှိပေ။ ကြည့်ရသလောက်ကတော့ သူကကျန်မိသားစုအပေါ် ဘာသံယောဇဉ်မှမရှိဘူး။ သူ့သားကိုအခုချိန်ထိ ထိန်းသိမ်းခဲ့တာက ကောင်းမွန်သည့်နည်းလမ်းဖြစ်မည်ဖြစ်ပြီး ကျန်ရင်းက ရွှီညီအကိုတွေအနောက်သို့ လိုက်သွားတော့မည်ဖြစ်သည်။
အခြွေအရံကျင့်ကြံသူအဖြစ် ခန့်အပ်လိုက်သည့် ကျန်ရင်းဟာ ဒီစစ်မြေပြင်မှာ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ သိပ်မကြာခင်မှာပင် တောကောင်တွေဟာ တတိယအသုတ်ကို စတင်ဖြန့်ဖြူးလိုက်သည်။
ဒီတစ်ကြိမ်မှာတော့ တိုက်ခိုက်မှုကို ကြီးမားသည့်အမဲရောင်ထျယ်ရှီးက ဦးဆောင်လာသည်။ သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ အနည်းငယ် တောက်ပနေသည့် သတ္တုရောင်ထွက်နေပြီး ထျယ်ရှီး၏နှာခေါင်းပေါ်က ဦးချိုဟာလည်း ပို၍ပင်တောက်ပနေသည်။
"တိုက်ခိုက်မှုကို အာရုံစိုက်ကြ!" ကျန်ထျန်းရှင်ဟာ ကြီးမားသည့်တောကောင်ကို တွေ့ရှိသွားသည်။ သူဟာလေးလံလှသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေပြီး ထိုတောကောင်၏ခန္ဓာကိုယ်ဟာ ဘေးကျပ်နံကျပ်ဖြစ်စေသည်။
မြို့တံတိုင်းပေါ်ကကျင့်ကြံသူတွေဟာ သူတို့တွေ၏တိုက်ခိုက်မှုတွေကို အမဲရောင်ထျယ်ရှီးဆီ၌သာ အာရုံထားထားသည်။ အရောင်မျိုးစုံဖြင့် မန္တန်တွေဟာ သူ၏အသားအရည်ကို လာထိပေမယ့် သူတို့တွေက ဒဏ်ရာသေးသေးလေးတောင် ရအောင်မလုပ်နိုင်ပေ။
ကျန်ထျန်းရှင်၏မျက်လုံးအိမ်တွေ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏လက်မောင်းတွေကို မြင့်မြင့်မြောက်လိုက်သည်။ ပထမတစ်ကြိမ်၌ ချီစွမ်းအင်စုဆောင်းမှု အစောပိုင်းအဆင့် ကျင့်ကြံသူအဖွဲ့ဟာ မြို့တံတိုင်း၏အရှေ့တန်း၌ရပ်ကာ သူတို့တွေ၏မန္တန်တွေကို အောက်ဘက်သို့ပစ်လွှတ်လေသည်။
သူတို့တွေ၏မန္တန်တွေနဲ့ ရင်ဆိုင်ရသည့်အချိန်၌ ထျယ်ရှီးဟာ မလှုပ်ရှားရဲတော့ပေ။ သူ၏ခန္ဓာကိုယ်က အမဲရောင်အလင်း,လင်းလက်လာပြီး သူအရေပြားပေါ်က သတ္တုရောင်ဟာ ပိုပြီးတော့တောက်ပလာသည်။ ထျယ်ရှီး၏ဦးချိုပေါ်၌ နားနေသည့် အပြာရောင်ငှက်ကလေးဟာ ရုတ်တရက်ထပျံသန်းသွားပြီးနောက် သူဟာစူးရှစွာအော်ဟစ်လိုက်သည်။
အိုး——
အဲ့ဒီအသံလှိုင်း၏တိုက်ခိုက်မှုကြောင့် အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူအားလုံးဟာ သူတို့ခန္ဓာကိုယ်က စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ အဆက်အသွယ်ပြတ်သွားသည်။ ထိုအသံကအချိန်ခဏလောက်သာ ကြာသွားပေမယ့် မန္တန်တွေနဲ့တိုက်ခိုက်ကြသည့် ကျင့်ကြံသူတွေဟာ ထိန်းချုပ်မှုတွေ လွတ်ထွက်ကုန်သည်။ ကျင့်ကြံသူတစ်ဝက်လောက်ဟာ ညည်းညူနေရင်း သူတို့တွေ၏နှုတ်ခမ်းထောင့်ကနေ သွေးတွေလျှံထွက်လာသည်။
အပြာရောင်ငှက်၏တိုက်ခိုက်မှုကြောင့် အလယ်ဗဟိုမှာရှိနေသည့် ချီစွမ်းအင်စုဆောင်းမှု ကျင့်ကြံသူတွေဟာ ရုတ်တရက် ဆယ်ယောက်ထဲမှ ခြောက်ယောက်လောက် ဒဏ်ရာရသွားကြသည်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် သူတို့တွေက အရမ်းကြီးဒဏ်ရာမရသွားကြပေမယ့် အကျိုးသက်ရောက်မှုတွေကတော့ အံ့ဩစရာကောင်းလှသည်။
အပြာရောင်ငှက်အော်ဟစ်ပြီးတာနဲ့ ထျယ်ရှီးက ထိုအခွင့်အရေးကိုယူကာ အရှိန်ထပ်မြင့်လိုက်ပြန်သည်။ သူ၏လေးလံလှသည့်ခန္ဓာကိုယ်ဖြင့် မြို့ဂိတ်ကို ပြင်းထန်စွာဝင်တိုက်လိုက်ကာ မျှော်စင်တစ်ခုလုံးတုန်လှုပ်သွားပြီး ကာကွယ်ရေးအခင်းအကျင်းဟာ ရိတ်ခနဲလှုပ်ရှားသွားကာ ကွဲအက်တော့မလိုဖြစ်သွားသည်။
"ဂရုစိုက်ကြ!" အဲ့ဒီထျယ်ရှီး၏တိုက်ဆောင့်မှုက ကြီးမားသည့် အကျိုးသက်ရောက်မှုဖြစ်စေလိမ့်မယ်လို့ ကျန်ထျန်းရှင် ဘယ်တော့မှမထင်ထားခဲ့ပေ။ တစ်ချက်တည်းနဲ့ မြို့ဂိတ်ကြီး ကျိုးပျက်တော့မလိုဖြစ်သွားရပြီး ကာကွယ်ရေးအခင်းအကျင်းက နောက်ထပ်တစ်ချက်ကို တောင့်ခံနိုင်သေးရဲ့လားဆိုတာ သူစိုးရိမ်နေသည့်အချိန်၌ ရုတ်တရက် ပုံရိပ်တစ်ခုပေါ်လာသည်။ အဲ့ဒီပုံရိပ်ဟာ မြို့ဂိတ်၏အစွန်းဘက်က ပေါ်လာပြီး သူ၏လက်ထဲကနေ အနီရောင်အလင်းတန်းကိုလွတ်လိုက်ပြီး ထိုအရာက မြို့ဂိတ်ဆီသို့ ပျံသန်းသွားသည်။
"ဟန့်!" မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အဖွားအိုက နဂါးခေါင်းတုတ်ကိုကိုင်ထားရင်း အေးစက်စက် သရော်လိုက်ပြီး သူမဟာမြေပြင်ပေါ်သို့ နဂါးခေါင်းတုတ်ကို ဆောင့်ချလိုက်သည်။
သာမန်မျက်စိဖြင့် မြင်နိုင်သည့်လှိုင်းသည် မြေပြင်ပေါ်ကနေ မြို့ဂိတ်၏အောက်ခြေဆီသို့ ပျံ့နှံ့သွားသည်။
"ဟေး အရမ်းနောက်ကျသွားပြီ!" ထိုလူက အားရပါးရ ရယ်မောလိုက်ပြီး ထွက်ပြေးချင်နေသည်။ ရယ်မောနေသည့်သူဟာ ကျန်မိသားစုက အကြီးအကဲချီပင်ဖြစ်သည်။
အဖွားအိုဟာ အေးစက်စက် သရော်လိုက်ပြီး သူမလက်ထဲက နဂါးခေါင်းတုတ်ကို မြှောက်လိုက်သည်။ သူမ၏နဂါးခေါင်းတုတ်ကနေ သေးငယ်သည့်အမဲရောင်အရိပ် ထွက်ပေါ်လာပြီး အကြီးအကဲချီ၏ခန္ဓာကိုယ်ထဲသို့ ပစ်ဝင်သွားသည်။
အကြီးအကဲချီဟာထိတ်လန့်သွားသည်။ ဒီအချိန်မှာ သူကအောင်မြင်မှု လိုချင်တာကြောင့် ထျယ်ရှီးနဲ့သူပူးပေါင်းဆောင်ရွက်ပြီး မြို့ဂိတ်ကို တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုမစခင် ကျင့်ကြံသူတွေ လာရောက်ဝိုင်းအုံလာမှာအတွက် သူပြင်ဆင်ထားပြီး အဲ့ဒါကြောင့် သူအနည်းဆုံး ကာကွယ်ရေးအခင်းအကျင်း သုံးခုလောက်ကို ပြင်ဆင်ထားခဲ့သည်။ သူစက္ကန့်အနည်းငယ်လောက်သာ တောင့်ခံနိုင်မှာ ဖြစ်သည့်အတွက် မိုင်ထောင်ချီအကွာအဝေးချုံ့ခြင်းဖြင့် ချောမွေ့စွာလွတ်မြောက်နိုင်ပေမယ့် အဖွားအိုတစ်ယောက် တိုက်ခိုက်တာကို သူ့ကိုယ်သူတောင် မကာကွယ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အမဲရောင်အရိပ် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတာတောင် ဘာအကျိုးသက်ရောက်မှုမှမပြပေမယ့် အဖွားအို၏အမူအရာကို ကြည့်လိုက်ရုံနဲ့ ဘာအန္တရာယ်မှမရှိဘူးဆိုတာ သိနိုင်သည်။
မီးခိုးရောင်ဝတ်စုံနဲ့အဖွားအိုဟာ အကြီးအကဲချီအနောက်သို့ လိုက်နေချိန်၌ ရွှီဇီယန်ကတော့ မြို့ဂိတ်၏အပျက်အစီးကိုသာ ပိုပြီးတော့ အာရုံစိုက်နေသည်။ မြို့ဂိတ်သာပျက်စီးသွားပြီး သူတို့တွေဟာ တောကောင်တွေကို တိုက်ထုတ်ချင်တယ်ဆိုရင်တော့ သေဆုံးမှုက သုံးကြိမ်တိုင်တိုင် စစ်မြေပြင်၌ သေဆုံးခဲ့ကြသည့် ကျင့်ကြံသူအရေအတွက်ထက် ပိုများလိမ့်မည်။ ဒီမနက်စောစော၌ မြို့ထဲမှာ အခင်းအကျင်းများစွာ ချထားပေမယ့် တောကောင်တွေက အရပ်သားတွေအား သတ်ဖြတ်မှာကိုတော့ သူတို့တွေရပ်တန့်နိုင်မည်မဟုတ်ပေ။
"ရား!"
အဖွားအိုဟာ နဂါးခေါင်းတုတ်အပေါ်ကို ပထမဆုံးအကြိမ် ခေါက်လိုက်ပြီး အလွန်လျင်မြန်လှသည့် လှိုင်းတွေထွက်ပေါ်လာသည်။ထိုလှိုင်းတွေဟာ အနီရောင်အလင်းတန်းထက်တောင် မြန်ဆန်စွာ မြို့ဂိတ်ဆီသို့ ရောက်ရှိသွားသည်။ မြေပြင်ပေါ်က လှိုင်းတွေ လင်းလက်သွားပြီးနောက် ကြီးမားသည့် စိတ်ဝိညာဉ်ကျားဟာ မြေပြင်ပေါ်ကနေ ပေါ်ထွက်လာပြီး သူ၏ပါးစပ်ကိုဖွင့်ကာ ကျယ်လောင်စွာ ဟိန်းလိုက်ရင်း သူ၏ပါးစပ်ထဲကနေ အပြာရောင်အလင်းတန်းထွက်လာပြီး အနီရောင်အလင်းတန်းကို ပိတ်ဆို့လိုက်သည်။
အနီရောင်အလင်းတန်းဟာ အလွန်စွမ်းအားကြီးတာကြောင့် စိတ်ဝိညာဉ်ကျား၏ပါးစပ်ထဲက အပြာရောင်အလင်းတန်းဟာ လျင်မြန်စွာအားလျော့သွားပေမယ့် ကျားဟာတိုက်ခိုက်ဖို့အတွက် ရှိနေတာမဟုတ်ပဲ — ခဏလောက်သာ အချိန်ဆွဲချင်တာဖြစ်ပြီး ရွှီဇီယန်၏မိုးကြိုးသွားမြှားနဲ့ ရွှီဇီရုန်၏သွေးနွယ်ပင်ကလည်း အဲ့ဒီနေရာမှာ ရှိနေတာကြောင့် အနီရောင်အလင်းတန်းနဲ့ ရောထွေးသွားတော့သည်။
စိတ်ဝိညာဉ်ကျားဟာ အလွန်ဉာဏ်ပြေးသည်။ အနီရောင်အလင်တန်းဟာ ရွှီဇီယန်၏မိုးကြိုးသွားမြှားနဲ့ ရွှီဇီရုန်၏သွေးနွယ်ပင်နဲ့ ရောထွေးနေတာကို သူမြင်လိုက်တာကြောင့် သူ၏ပါးစပ်ထဲက အပြာရောင်အလင်းတန်းကို ရုတ်သိမ်းရန်ဆုံးဖြတ်လိုက်သည်။ အဲ့ဒီအပြာရောင်အလင်းတန်းဟာ သူ၏သဘာဝအလျောက်တုံ့ပြန်မှုဖြစ်ပြီး ထိုအလင်းတန်းဟာ စွမ်းအားကြီးတယ်ဆိုပေမယ့် သူ့ကိုလည်း ကြီးမားသည့် ထိခိုက်မှုမျိုး ဖြစ်ပေါ်စေသည်…
သူ၏မိုးကြိုးသွားမြှားတွေနဲ့အတူ ရွှီဇီယန်၏အဆက်မပြတ် တိုက်ခိုက်မှုကြောင့် အနီရောင်အလင်းတန်းဟာ ကွဲထွက်သွားသည်။ စစ်မြေပြင်၏အခြားတစ်ဖက်၌ အကြီးအကဲချီဟာ မြေပြင်ပေါ်သို့လဲကျနေပြီး သူ၏ဦးနှောက်မှာ ကြီးမားသည့်အပေါက်ကြီးရှိနေပြီး သွေးတွေစီးထွက်နေသည်။ သူ၏ဦးခေါင်းထဲမှာ လက်မလောက်အရွယ်အစားသာရှိသည့် သေးငယ်တဲ့မြွေလေးရှိနေသည်။
ထိုသေးငယ်တဲ့မြွေကို ရွှီဇီယန်မြင်လိုက်ချိန်၌ အန္တရာယ်အငွေ့အသက်လို သူရုတ်တရက် ခံစားလိုက်ရသည်။ ထိုမြွေက သေးငယ်တယ်ဆိုပေမယ့် ချီစွမ်းအင်စုဆောင်းမှု နောက်ဆုံးအဆင့်ရောက်ရှိထားသည့် တောကောင်တွေထက်တောင် ထိုမြွေကကြီးမားသည့် ထိခိုက်မှုမျိုးပြုလုပ်နိုင်သည်။
အဖွားအိုဟာ သူမ၏လက်ကို အေးစက်စက် ဝှေ့ယမ်းလိုက်ပြီး သေးငယ်တဲ့မြွေဟာ အမဲရောင်အရိပ်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။
အဖွားအို၏အနီးနားမှာ ရပ်နေကြသည့် တောကောင်တွေဟာ အနောက်သို့ဆုတ်သွားကြသည်။ အကြီးအကဲချီ၏ရွံရှာစရာ ခန္ဓာကိုယ်ကတော့ မြေပြင်ပေါ်၌ လဲနေဆဲဖြစ်သည်။ ထိုသေးငယ်သည့်မြွေလေးကြောင့် သူတို့တွေရင်ထဲမှာ အကြောက်တရားတွေခံစားနေရသည်။
အဖွားအိုဟာ ဘာမှမလှုပ်ရှားပဲ မြို့ဂိတ်နားသို့ ဖြည်းညင်းစွာလျှောက်သွားပြီး ထိုင်လိုက်ကာ စိတ်ဝိညာဉ်ကျားကလည်း ကျိုးနွံစွာ သူမ၏ဘေးနား၌ ဆောင့်ကြောင့်ထိုင်နေသည်။ ထိုမြင်ကွင်းကြောင့် ဘယ်သူမဆို မြို့ဂိတ်ကိုဖျက်ဆီးချင်ပါက သူတို့တွေဟာ အဖွားအိုနဲ့ ပထမဆုံးရင်ဆိုင်ရမယ်ဆိုတာ အားလုံးသဘောပေါက်သွားသည်။
ထျယ်ရှီး၏တိုက်ခိုက်မှုက အနောက်ဘက်ဂိတ်ကို ကြီးမားသည့် အကျပ်အတည်းဖြစ်ပေါ်စေသည်။ အကယ်၍ ကျန်ထျန်းရှင်းသာ အဖွားအိုကို ထိုနေရာ၌ မနက်စောကတည်းက မထိုင်ခိုင်းထားဘူးဆိုရင် တောကောင်တွေဟာ မြို့ဂိတ်ကို ချိုးဖျက်ပြီးဖြစ်သည်။
ထိုအကြောင်းအရာကို တွေးနေချိန်၌ ကျန်ထျန်းရှင် အနည်းငယ်တော့ ကြောက်စိတ်ဝင်မိသည်။ အကြီးအကဲချီဟာ ကျန်မိသားစုက ဧည့်သည်ဖြစ်သည်။ အကယ်၍ သူကသစ္စာဖောက်ဆိုရင် အနောက်ဘက်ဂိတ် ကျိုးပျက်သွားတာနဲ့ ကျန်မိသားစုက ဖျက်ဆီးခံရမယ်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ အကယ်၍ သူတို့တွေသာ ဝှက်ထားသည့် ကျန်ရင်းကိုရှာတွေ့သွားပါက ကျန်မိသားစုက နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းတယ်လို့ ထင်မြင်သွားကြမည်ဖြစ်ပြီး ကျန်မိသားစု၏အဆုံးသတ်ဖြစ်သွားလိမ့်မည်။
သူထိုအကြောင်းကို ပိုပြီးတွေးလိုက်လေ ပိုပြီးကံကောင်းတယ်လို့ ကျန်ထျန်းရှင် ခံစားမိလေသည်။ ရွှီဇီယန်က သူ့အတွက် ကံကောင်းတဲ့ကြယ်လေးပဲလို့ သူချက်ချင်းမှတ်ယူမိလိုက်သည်။ အကယ်၍ ရွှီဇီယန်သာ အကြီးအကဲချီက တစ်ခုခုထူးဆန်းတယ်လို့သာ သူ့ကိုသတိမပေးခဲ့ဘူးဆိုရင် ဝူတျီမြို့၏ဒေသခံတစ်ဝက်လောက်ဟာ အသတ်ခံရပြီးပြီဖြစ်သည်။
သူ၏မျက်နှာဖြူရော်သွားကာ အကြီးအကဲချီ၏အလောင်းကို သူစိုက်ကြည့်လိုက်ပြီး ထိုအလောင်းကို သူအပိုင်းပိုင်းလုပ်ပစ်လိုက်ချင်ပေမယ့် ထိုအကြောင်းကိုတွေးပြီးနောက် ကျန်ထျန်းရဲအား သူရုတ်တရက် ကြည့်လိုက်သည်။
ကျန်ထျန်းရဲအပါအဝင် ကျန်မိသားစုက လူအများစုဟာ အကြီးအကဲချီ၏တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားကြသည်။ သူဟာအကြီးအကဲချီ၏အလောင်းကို အံ့အားသင့်စွာကြည့်နေပြီး အကြီးအကဲချီက နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းလိမ့်မယ်လို့ သူဘယ်လိုမှမယုံနိုင်ပေ။
ကျန်ထျန်းရှင်ဟာ ကျန်ထျန်းရဲအား အေးစက်စွာကြည့်နေသည်။ သူ၏အကိုကြီးက သူ့အားသံသယဖြစ်စွာ ကြည့်နေမှန်း မြင်လိုက်တာကြောင့် ကျန်ထျန်းရဲထိတ်လန့်နေတာကို ဖုံးကွယ်လိုက်သည်။
သူ၏ဦးနှောက်ဟာ တတီတီနဲ့မြည်နေပြီး ပေါက်ကွဲတော့မလိုခံစားနေရသည်။ သူဟာဘယ်တော့မှ သူ၏ဒီအဖေတူအမေကွဲအကိုဖြစ်သူကို သဘောမကျသလို ခေါင်းဆောင်နေရာကနေ ဖြုတ်ချဖို့ သူလျှို့ဝှက်စွာ အကြိမ်များစွာကြိုးစားခဲ့ပေမယ့် သူဘယ်တော့မှ နတ်ဆိုးကျင့်ကြံသူတွေနဲ့ လျှို့ဝှက်စွာ ပူးပေါင်းမှာမဟုတ်ဘူး။
သူတို့တွေ၏အဖေဖြစ်သူဟာ အနောက်ဘက်နယ်မြေမှာ နတ်ဆိုးကျင့်ကြံသူတွေ၏လက်ထဲ၌ သေခဲ့ရသည်။ သူဘယ်လောက်ပဲ ရည်မှန်းချက်ကြီးပါစေ သူ့အဖေဖြစ်သူကို သတ်ခဲ့တဲ့ရန်သူတွေနဲ့ သူဘယ်တော့မှ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ပေ။
ကျန်ထျန်းရဲ၏မျက်နှာဟာနီရဲနေပြီး သူ၏နားထင်၌ အပြာရောင်သွေးကြောတွေ ထောင်ထနေကာ သူ၏မျက်လုံးတွေဟာ သွေးသံတရဲရဲဖြစ်သည်။ ကျန်ထျန်းရှင်က သူ့ရင်ဘတ်ကို ဓားနဲ့ထိုးလိုက်သည့် ပုံစံပေါက်နေသည်။
ကျန်ထျန်းရှင်က အသာလေး စောင်းကြည့်လိုက်ပြီး ကျန်ထျန်းရဲ၏အမူအရာကြောင့် သူစိတ်အေးသွားသည်။ သူ၏တစ်ဦးတည်းသော ညီလေးဖြစ်ပြီး အကယ်၍ သူတို့တွေက အမေမတူရင်တောင် သူတို့တွေက နှစ်ပေါင်းများစွာ အတူတူနေလာတာကြောင့် သံယောဇဉ်တစ်ချို့တော့ ရှိနေဆဲဖြစ်သည်။ ကျန်ထျန်းရဲ၏ရည်မှန်းချက်တွေကို ကျန်ထျန်းရှင်သိပေမယ့် ထိုအရာတွေကို သူဖိနှိပ်နိုင်တယ်လို့ သူ့ကိုယ်သူယုံကြည်မှုရှိတာကြောင့် သူဘယ်တော့မှ ကျန်ထျန်းရဲ၏အရေးမပါသည့် အပြုအမူတွေကို ဂရုမစိုက်ခြင်းဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ ကျန်မိသားစုက တစ်စုံတစ်ယောက်ဟာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းခဲ့ပြီး အကြီးအကဲချီဟာ ကျန်ထျန်းရဲ၏သစ္စာရှိအခြွေအရံဖြစ်ကာ အကယ်၍ သူ့ညီဖြစ်သူက ဒီကိစ္စထဲမှာ ပါဝင်နေခဲ့ရင်ဆိုသည့် အတွေးမျိုးကို ကျန်ထျန်းရှင်တွေးကြည့်ခဲ့မိသည်။ ကံကောင်းစွာ ကျန်ထျန်းရဲက ဆန့်ကျင်ဘက်ဖြစ်မှန်း တွေ့ရှိလိုက်ရသည်။
အချိန်ကြာမြင့်စွာ ကျန်ထျန်းရဲအား အဓိပ္ပါယ်ပါပါကြည့်နေပြီးနောက် ကျန်ထျန်းရှင် သူ၏အကြည့်တွေကို ရုတ်သိမ်းလိုက်သည်။ ကျန်ထျန်းရဲဟာ သွေးတွေအန်ထွက်လုမတတ် ဒေါသထွက်နေပေမယ့် သူ၏ခံစားချက်တွေကိုတော့ မထုတ်ဖော်ထားပေ။အကြီးအကဲချီက သူ၏နောက်လိုက်ဖြစ်တာကြောင့် သူ့ကိုသံသယဖြစ်တယ်ဆိုတာ သာမန်အခြေအနေပင်ဖြစ်သည်။
#TK