Chapter 115
Viewers 23k

Chapter 115


သူအရာအားလုံးကို သဘောပေါက်သွားတာကြောင့် စိတ်ညစ်သွားသည်။ သူတို့တွေက လက်ရှိမှာ စစ်မြေပြင်၌ ရှိနေဆဲဖြစ်တာကြောင့် သူတို့တွေ စိတ်ပျံ့လွင့်လို့လည်းမရသလို သူလျှိုနဲ့ပတ်သက်ပြီးတော့လည်း စတင်စုံးစမ်းရမည်။ မဟုတ်ရင် ကျန်ထျန်းရဲက တောကောင်တွေတိုက်ခိုက်မှုအတွက် ကြားကနေခံရသူဖြစ်သွားလိမ့်မည်…

ထျယ်ရှီး၏တိုက်ခိုက်မှုတွေဟာ စိတ်ဝိညာဉ်စွမ်းအင်အများအပြား သုံးစွဲရသည်။ ကံမကောင်းစွာ အချိန်ခဏလောက် စောင့်ဆိုင်းနေသည့်တိုင်အောင် သူကအကူအညီမရသေးပေ။ ကျန်မိသားစုက သစ္စာဖောက်ဟာ အသတ်ခံလိုက်ရမှန်း သူနောင်တရစွာ သဘောပေါက်လိုက်သည်။ ကြံရာမရဖြစ်တာကြောင့် စစ်မြေပြင်က တောကောင်တွေအားလုံးကို သူပြန်ဆုတ်ခိုင်းရုံသာတတ်နိုင်တော့သည်။

အနောက်ဘက်ဂိတ်က စစ်ပွဲဟာ မကြာခင် အဆုံးသတ်သွားတော့သည်။ ကျန်ထျန်းရှင်ဟာ အဝေးက ထျယ်ရှီးအားစိုက်ကြည့်နေရင်း တမင်ဆွပေးသည့် မာန်ဖီတဲ့အသံမျိုးထွက်လာပြီး တောကောင်များစွာနဲ့ ထွက်ခွာသွားတော့သည်။

ကျန်ထျန်းရှင် အကူအညီမဲ့စွာ မျက်မှောင်ကြုတ်လိုက်သည်။ ဒီတစ်ကြိမ်တိုက်ခိုက်မှုဟာ ဂိတ်လေးခုတစ်လုံးကို တစ်ပြိုင်နက်တည်းတိုက်ခိုက်တာကြောင့် သူ၏ရန်သူဟာ ဒီလိုဝိုင်းအုံဖို့ အချိန်အကြာကြီး အစီအစဉ်ဆွဲထားတယ်ဆိုတာ ပြသနေသည်။ သူ၏ရန်သူဟာ နောက်သုံးရက်လောက်နေတာနဲ့ ဝူတျီမြို့ကို လာကယ်မယ့်သူတွေ ရောက်လာတော့မယ်ဆိုတာ သတိထားမိပုံရတယ်လို့ ကျန်ထျန်းရှင်ယုံကြည်သည်။ တိုက်ခိုက်တာက တစ်ရက်နဲ့တစ်ညသာရှိသေးသည် — ရန်သူက မြို့ကိုတိုက်ခိုက်တာ လွယ်လွယ်နဲ့အလျော့ပေးသွားပြီလား?

အဖြေကတော့ သေချာပေါက် မဟုတ်ဘူးတာဖြစ်နိုင်ပြီး ဖြစ်နိုင်ချေအရှိဆုံးကတော့ သူတို့တွေကရှိသမျှ အင်အား,အားလုံးကို အသုံးပြုကာ မြို့ဂိတ်ကိုတိုက်ခိုက်ဖို့ရည်ရွယ်ထားလိမ့်မည်။

ယခင်တောကောင်တွေ၏ဝိုင်းရံမှုဟာ အနောက်ဘက်ဂိတ်ကို ချိုးဖျက်ဖို့အတွက်ပင်ဖြစ်သည်။ လက်ရှိမှာ အကြီးအကဲချီကလည်း သေသွားပြီဆိုတော့ ကျန်မိသားစုဟာ မြို့ဂိတ်ကို ပိုပြီးတော့နီးကပ်စွာ စောင့်ကြပ်ရမည်။ မြို့ဂိတ်ကိုချိုးဖျက်ဖို့ ဘာအခွင့်အရေးမှမရပါက သူတို့တွေ ကာကွယ်ရေးအခင်းအကျင်း‌ကို ချိုးဖျက်ချင်ရင်တောင် တောကောင်များစွာသေဆုံးရမည်။ ဒီနေရာမှာအချိန်ဖြုန်းနေမယ့်အစား သူတို့တွေ၏ကြိုးစားအားထုတ်မှုကို အာရုံစိုက်သင့်သည်။ အကယ်၍ ဒီတိုက်ခိုက်မှုသာ အလုပ်မလုပ်ပါက သူတို့တွေပြန်လည်ဆုတ်ခွာလိမ့်မည်။ ထို့အပြင် ဒီနယ်မြေက လူသားကျင့်ကြံသူတွေ၏ပိုင်နက်ဖြစ်တာကြောင့် သူတို့တွေဟာ ပြောင်ပြောင်တင်းတင်းမနေရဲကြပေ။

ကျန်ထျန်းရှင်ဟာ သူ၏ဘက်က တောကောင်တွေ ဆုတ်ခွာသွားပြီဆိုတာ အခြားမိသားစုတွေဆီသို့ တစ်စုံတစ်ယောက်အား ချက်ချင်းအကြောင်းကြားခိုင်းလိုက်ပြီး တစ်ယောက်ယောက်ကတော့ ပိုပြီးဖိအားပေးခံရတော့မည်ဖြစ်သည်။

သိပ်မကြာခင်မှာပင် သတင်းရောက်ရှိလာပြီး ဖန့်မိသားစုနဲ့ယွီမိသားစုဘက်က တောကောင်တွေလည်း ဆုတ်ခွာသွားပြီဖြစ်ပြီး ပူမိသားစုတစ်ခုတည်းကသာ ဒုက္ခရောက်နေကြောင့် အချက်ပြမှုများ မကြာခဏပို့လာသည်။

ကျန်ထျန်းရှင်ဟာ အခြားမိသားစုက အကြီးအကဲတွေနဲ့ ဆွေးနွေးလိုက်ပြီး သိပ်မကြာခင်မှာပင် ပူမိသားစုအား ကူညီရန်ဆုံးဖြတ်လိုက်ကြသည်။ သူတို့တွေထွက်သွားပြီးနောက် သေချာအောင် လူအင်အား အများအပြားကိုလည်း ထားရှိခဲ့ကြပြီး အကယ်၍ တိုက်ခိုက်ခံရရင်တောင် မြို့ဂိတ်က ချက်ချင်းကြီး မရှုံးနိမ့်နိုင်ပေ။ သူကမိသားစုထဲက ကျင့်ကြံသူအများအပြားနဲ့ မြောက်ဘက်ဂိတ်သို့ ထွက်လာခဲ့သည်။

သူတို့တွေ လမ်းတစ်ဝက်သာ ရောက်ရှိနေသေးသည့်အချိန်၌ မြောက်ဘက်ဂိတ်ကနေ အနီရောင်အလင်းတန်းပေါ်လာတာကို သူတို့တွေမြင်လိုက်ရသည်။ ကျန်ထျန်းရှင်၏မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး အဆင့်နိမ့်ကျင့်ကြံသူတွေကို သူလျစ်လျူထားရင်း ချီစွမ်းအင်စုဆောင်းမှုထက်မြင့်သည့် ကျင့်ကြံသူတွေနဲ့ မြောက်ဘက်ဂိတ်သို့ ချက်ချင်းပြေးသွားသည်။

အနီရောင်၏အချက်ပြမှုက ပူမိသားစုဟာ လုံးဝရှုံးနိမ့်သွားပြီဖြစ်ပြီး မြို့ဂိတ်ကပျက်စီးသွားပြီလို့ ဆိုလိုခြင်းပင်ဖြစ်သည်။ အကယ်၍ တောကောင်တွေသာ မြို့ထဲကို ဝင်ရောက်လာပါက သာမန်ဒေသခံအနည်းငယ်သာ လွတ်မြောက်လိမ့်မည်။

ရွှီဇီယန်၏အကြည့်တွေက လေးလံနေသည်။ သူ၏ကြားဝင်သတိပေးချက်ကြောင့် အနောက်ဘက်ဂိတ်ကို ကာကွယ်နိုင်လိုက်ပေမယ့် မြောက်ဘက်ဂိတ်က ပူမိသားစုအတိုက်ခိုက်ခံရတာက သူမျှော်လင့်ထားတာနဲ့ ကွဲထွက်နေသည်။

သူတို့တွေ မြောက်ဘက်ဂိတ်သို့ ပြေးသွားသည့်အချိန်၌ အဲ့ဒီနေရာဟာ ကမ္ဘာမြေပြင်က ငရဲခန်းအဖြစ်သို့ ပြောင်းလဲနေပြီးဖြစ်သည်——

မြောက်ဘက်ဂိတ်ဟာ ကျိုးပျက်နေပြီဖြစ်ပြီး သွေးတွေနဲ့ အလောင်းတွေကလည်း နေရာတိုင်းမှာရှိနေကာ လေထုထဲမှာလည်း လောင်နေသည့်အနံ့ 
တစ်ခုခုထွက်နေပြီး ကောင်းကင်တစ်ခုလုံးကလည်း လောင်ကျွမ်းနေသည့်မီးခိုးတွေနဲ့ ဖုံးအုပ်လုနီးပါးဖြစ်သေည်။

"ဘာဖြစ်သွားတာလဲ?!" ကျန်ထျန်းရှင်အော်လိုက်ပြီး ဘေးသို့ကျုံ့သွားသော တစ်ကိုယ်တည်းကျင့်ကြံသူအား ဖမ်းကိုင်လိုက်သည်။

သူ့ကိုအလွန်အမင်းဒေါသထွက်စေတာက မြောက်ဘက်ဂိတ်ကျိုးပျက်သွားပြီး မြို့ထဲကိုတောကောင်တွေ ဝင်ရောက်သည့်အချက်ကို မဟုတ်ပဲ တောကောင်တွေကိုတိုက်ခိုက်ဖို့ စောင့်ကြပ်နေကြသည့် ကျင့်ကြံသူတွေအများကြီးဟာ အဲ့ဒီတောကောင်တွေကြောင့် သတ်ဖြတ်ခံလိုက်ရတာကို ဒေါသထွက်နေခြင်းဖြစ်သည်!

တစ်ကိုယ်တည်းကျင့်ကြံသူ၏လက်မောင်းဟာ အဖြတ်ခံထားရပြီဖြစ်ပြီး သူ၏စွမ်းအားတွေလည်း ဆုံးရှုံးသွားပြီးဖြစ်သည်။ အကယ်၍ သူသာကံကောင်းပြီး ထောင့်နားမှာ မပုန်းနေပါက သူအသတ်ခံရပြီးသာ ကြာလှပြီ။

အဲ့ဒီချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူက ကျန်ထျန်းရှင်အား တုန်ရီစွာကြည့်နေသည်။ ‌ကျန်ထျန်းရှင် ဒေါသထွက်နေတာကြောင့် သူကစကားတောင် မပြောရဲပေ။

"ကျန်ခေါင်းဆောင် အဲ့ဒီအဆင့်မြင့်တောကောင်တွေကို အရင်တားသင့်တယ် သူ့ကိုကျွန်တော်မေးလိုက်ပါ့မယ်" ထိုကျင့်ကြံသူဟာ ကြောက်ရွံ့နေတာကို ရွှီဇီယန်မြင်လိုက်တာကြောင့် ကျန်ထျန်းရှင်၏စစ်မေးမှုကို သူလျင်မြန်စွာ တားလိုက်သည်။

ကျန်ထျန်းရှင်ဟာ အဆင့်မြင့်တောကောင်တစ်ချို့နဲ့ များပြားသည့်လူသားကျင့်ကြံသူတွေ မြို့ထဲဝင်လာတာကို မြင်လိုက်ရသည်။ အကယ်၍ သူသာအဲ့ဒီအဆင့်မြင့်တောကောင်တွေကို သတ်လိုက်ပါက သူတို့တွေကို မောင်းထုတ်စရာပင်မလိုတော့ပေ။

"ကောင်းပြီ ငါမင်းဆီအပ်ထားခဲ့လိုက်မယ်!" ကျန်ထျန်းရှင်လျင်မြန်စွာ ထိုကျင့်ကြံသူအားလွတ်ပေးလိုက်ပြီး တောကောင်တွေထဲက ကျင့်ကြံခြင်း အဆင့်မြင့်ဆုံးဖြစ်သည့် တစ်ကောင်ဆီသို့ ပြေးသွားသည်။ ကျန်ရှိနေသည့်ကျန်မိသားစုက လူတွေကလည်း သူတို့တွေ၏ပြိုင်ဘက်တွေကိုရှာကာ သူတို့တွေက တစ်ယောက်ချင်းတစ်ယောက် တိုက်ခိုက်နေကြတော့သည်။

ရွှီဇီယန်က ထိုကျင့်ကြံသူအား ကူညီပေးမည့်အချိန်၌ အတားခံလိုက်ရသည်။ ရွှီဇီရုန်က နူးညံ့စွာပြုံးလိုက်ပြီး "ကိုကို ကျွန်တော်ပဲ သူ့ကိုမေးလိုက်ပါ့မယ်" ထိုသို့ပြောပြီးနောက် သူလက်ဦးမှုယူကာ ကျင့်ကြံသူအား ထောင့်နားသို့ခေါ်သွားသည်။

ရွှီဇီယန်၏လက်ကို တိတ်တဆိတ် ပြန်ရုပ်လိုက်ပြီး ရွှီဇီရုန်၏နောက်ကျောကိုကြည့်ကာ သူ့ရင်ထဲ၌ သူ့ကိုယ်သူကြိမ်းမောင်းနေတော့သည်။

ဒီမနက်ကအဖြစ်အပျက်ကြောင့် ဇီရုန်ကိုသူတည့်တည့်တောင် မကြည့်နိုင်တော့ဘူး!!!

ရွှီဇီရုန်ကို ဒီကိစ္စအား ထပ်မပြောဖို့ သူသတိပေးခဲ့ပေမယ့် ပြဿနာက — ဒီလိုအဖြစ်အပျက်ကြီးဟာ အလွယ်အတူ မေ့လိုက်လို့ရတဲ့အရာမှမဟုတ်တာ။

စိတ်ပျက်စွာဖြင့် သူ၏ခေါင်းကိုကုတ်ကာ ရွှီဇီယန်လျစ်လျူရှုရန် ဆုံးဖြတ်လိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအဖြစ်အပျက်မျိုးက နောက်တစ်ခါ ထပ်ဖြစ်တော့မှာမဟုတ်ဘူး။ အနှေးနဲ့အမြန် သူဒီအကြောင်းကို မေ့သွားလိမ့်မည်!

ရွှီဇီယန်ဟာ သူ၏ရင်ထဲက ‌ဒေါသတွေကိုဖိနှိပ်နေသည့်အချိန်၌ ရွှီဇီရုန်ကတော့ အဲ့ဒီမှာနှိပ်စက်နေပြီးဖြစ်သည်…အာ မဟုတ်ပါဘူး မေးခွန်းနေခြင်းကို ဆိုလိုတာဖြစ်သည်။

ထိုကျင့်ကြံသူ၏အသက်ရှူသံတွေက အလွန်ငြိမ်သက်နေတာကြောင့် သူသေဆုံးသွားပြီဆိုတာ ရွှီဇီယန် သိလိုက်တာကြောင့် ထိုကျင့်ကြံသူဆီကနေ သူအာရုံလွဲလိုက်သည်။

"ဘယ်လိုလဲ?" 

"ပူမိသားစုကသစ္စာဖောက်တာတဲ့" ရွှီဇီရုန်ဟာ လက်ရှိအခြေအနေကို ရိုးရှင်းသည့်စကားလုံးတွေနဲ့ ရှင်းပြလိုက်သည်။

ရွှီဇီယန်၏စိတ်ထဲ၌ အလင်းတန်းတွေလင်းလက်သွားပြီး သံသယဖြစ်စရာ အချက်တွေအားလုံးကို ချက်ချင်းဆက်စပ်မိလိုက်သည်။

ပူမိသားစုက ဝူတျီမြို့၏မိသားစုလေးစုထဲ၌ ပါဝင်ပေမယ့် ဒီမိသားစု၏တည်ဆောက်ပုံက အခြားမိသားစုသုံးခုထက် အဆင့်အတန်းပိုနိမ့်ကျသည်။ သူ၏မူလမှတ်ဉာဏ်အတိုင်းဆိုရင် အရင်ဘဝတုန်းက ပူမိသားစုဟာ တောကောင်တွေလာရောက်တိုက်ခိုက်ရာ၌ အကောင်းဆုံးလုပ်ဆောင်ခဲ့သည့်အတွက် ဝူတျီမြို့၏အဓိကမိသားစုလေးစုထဲ၌ ပထမဆုံးမိသားစုဖြစ်ခဲ့သည်။ နောက်ပိုင်းမှာတော့ သူတို့တွေက ဝူတျီမြို့ကနေ ထွက်သွားပြီး ထျန်းယွီဂိုဏ်းထဲသို့ ဝင်သွားသည်။ သူတို့တွေဟာ ထျန်းယွီဂိုဏ်းကြောင့် ကြီးမားသည့်မိသားစုအဖြစ်သို့ ဖြစ်လာခဲ့သည်။

လက်ရှိအခြေအနေကိုကြည့်ရရင်တော့ အရင်ဘဝတုန်းက ပူမိသားစုဟာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းခဲ့ခြင်းဖြစ်လိမ့်မည်။ နတ်ဆိုးကျင့်ကြံသူတွေ၏အကူအညီသာမပါရင် သူတို့တွေ ဒီလောက်မြန်မြန် တိုးတက်လိမ့်မည်မဟုတ်ပေ။

ပြီးတော့ ကျန်မိသားစုက ကံမကောင်းစွာ ပူမိသားစု၏အသုံးချခြင်းခံရကာ ကြားထဲကနေအပြစ်ခံလိုက်ရခြင်းဖြစ်သည်။ အကယ်၍ ရွှီဇီယန်သာ ကာကွယ်ရေးအခင်းအကျင်းကို သူတို့တွေ ပရိယာယ်သုံးထားမှန်း ရှာမတွေ့သွားပါက အကြီးအကဲချီက သစ္စာဖောက်ဆိုတာ သူရှာတွေ့သွားမည်မဟုတ်သလို အဲ့ဒီနတ်ဆိုးတွေ၏အစီအစဉ်ကလည်း အလုပ်လုပ်အုန်းမည်ဖြစ်သည်။

အခင်းအကျင်းဖျက်ဆီးခံထားရသည့် သဲလွန်စနှစ်ခုကို ရွှီဇီယန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ကြမ်းတမ်းလှသည့်တစ်ခုက အကြီးအကဲလုပ်ထားတာဖြစ်နိုင်ပြီး သေသပ်စွာပြုလုပ်ထားပြီး ဝှက်ထားသည့်တစ်ခုက ပူမိသားစုက လုပ်ထားတာဖြစ်လိမ့်မည်။ ဖန့်ခေါင်းဆောင်က တစ်ခါပြောဖူးသည် ပူမိသားစု၏အဆင့်အတန်းဟာ သူတို့တွေခေါင်းဆောင်၏စွမ်းအားပေါ်မူတည်ပြီး ပူခေါင်းဆောင်ဟာ အခင်းအကျင်းတွေနဲ့ပတ်သက်ပြီး တော်တာကြောင့် သူတို့တွေသာမန်စွမ်းရည်ပဲရှိတာတောင် ဝူတျီမြို့၏ အဓိကမိသားစုလေးစုထဲပါဝင်လာခြင်းဖြစ်သည်။

"မကောင်းတော့ဘူး!" ရွှီဇီယန်ထိတ်လန့်သွားသည်။ အစတုန်းက မြို့ထဲကို နတ်ဆိုးကျင့်ကြံသူတွေ ကျူးကျော်ဝင်ရောက်လာရင် တားဆီဖို့အတွက် သူတို့တွေက လမ်းတွေမှာ များစွာသောအခင်းအကျင်းတွေကို တပ်ဆင်ထားခဲ့သည်။ အဲ့ဒီအခင်းအကျင်းတွေကို တပ်ဆင်ရာတွင် ပူမိသားစုကအကျွမ်းကျင်ဆုံးဖြစ်လိမ့်မည်။ လက်ရှိမှာ ထိုမိသားစုက သစ္စာဖောက်သွားပြီဆိုတော့ အဲ့ဒီအခင်းအကျင်းတွေက အသုံးမဝင်တော့ဘူးလို့ ဆိုလိုတာပဲမဟုတ်ဘူးလား?

"ပူမိသားစုကလူတိုင်းက သစ္စာဖောက်တာမဟုတ်ဘူး ခေါင်းဆောင်တစ်ယောက်တည်းကပဲ သစ္စာဖောက်တာ ဖြစ်လိမ့်မယ် အခြားသောခေါင်းဆောင်သုံးယောက်အနက် နှစ်ယောက်ကတော့ ဒီ‌အကြောင်းကို သိအုန်းမှာမဟုတ်သေးဘူး" အဲ့ဒီတစ်ကိုယ်တည်းကျင့်ကြံသူက အတော်လေးကံကောင်းတယ်လို့ ရွှီဇီရုန်ရှင်းပြလိုက်သည်။ ပူမိသားစုသစ္စာဖောက်ပြီး မြို့ဂိတ်ကိုဖွင့်ပေးလိုက်ချိန်၌ သူကအဲ့ဒီနေရာမှာ ရှိနေခဲ့တာကြောင့် ထိုမိသားစု၏အတွင်းလူသစ္စာဖောက်ကို နီးကပ်စွာမြင်လိုက်ရသည်။

ထို့နောက်နှစ်ဖက်စလုံးက စတင်တိုက်ခိုက်ကြတော့သည်။ အကြီးအကဲနှစ်ယောက်က သူတို့တွေကို တားဖို့ကြိုးစားပေမယ့်လည်း ပူခေါင်းဆောင်က မြောက်ဘက်ဂိတ်ကို အောင်မြင်စွာဖျက်စီးလိုက်နိုင်သည်။

ရွှီဇီယန်ဆုံးဖြတ်ချချက်ကာ ချက်ချင်း ကျန်ထျန်းရှင်အား အခြေအနေကို တင်ပြလိုက်သည်။ ကျန်ထျန်းရှင်၏ရင်ထဲ အနည်းငယ် လှုပ်ခတ်သွားသည်။ တောကောင်တွေကြားထဲ ရောပါနေတဲ့ကျင့်ကြံသူတွေက အနည်းငယ် ရင်းနှီးတယ်လို့ သူခံစားမိပေမယ့် သူတို့တွေကို သူမသိပေ။ ပူမိသားစုကို သူလာချင်ခဲ့ပေမယ့် ပူမိသားစုက တစ်ချိန်လုံးအလေးအနက်မထားတာကြောင့် ထိုမိသားစုကကျင်ကြံသူ‌တွေလည်း သူ့ကိုဒီလိုခံစားချက်မျိုးပေးသည်။

ပြောရရင် ပူခေါင်းဆောင်ဟာ ကောင်းမွန်စွာ တွက်ချက်နိုင်သည်။ အကယ်၍ အကြီးအကဲချီသာအောင်မြင်သွားပါက ကျန်မိသားစုဟာ သစ္စာဖောက်တွေအဖြစ် သေချာပေါက် စွပ်စွဲခံရမည်ဖြစ်ပြီး ဖန့်မိသားစုကလည်း မိသားစုလေးစု၏ခေါင်းဆောင်အနေနဲ့ ဝူတျီမြို့ထဲကပြည်သူတွေနဲ့ သတ်ဖြတ်ခံရမှုနဲ့ ကျရှုံးမှုအတွက် အပြစ်တင်ခံရလိမ့်မည်။ ယွီမိသားစုကလည်း ပူမိသားစုထက် အင်အားပိုကြီးတယ်ဆိုပေမယ့် ဒီလိုစစ်ပွဲကြီးမှာမြို့ကကျရှုံးသွားပြီးနောက် ထိုမိသားစုကလည်း ကြီးမားသည့် ဆုံးရှုံးမှုတွေ ဖြစ်သွားလိမ့်မည်။

ပူမိသားစုကတော့ သံသယဖြစ်စရာမရှိပဲ ကြီးမားသည့် အကျိုးအမြတ်တွေရရှိသွားပြီး မြို့၏ခုခံကာကွယ်သူအဖြစ် အမည်တွင်သွားမည်ဖြစ်သည်။ သူတို့မိသားစုတစ်ခုလုံး၏အဆင့်အတန်းကလည်း ကြီးမားစွာတိုးတက်သွားလိမ့်မည်။

ပူခေါင်းဆောင်က အရာအားလုံးကို စေ့စေ့စပ်စပ်တွက်ချက်ထားပေမယ့် မတော်တဆဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့သည်။ ပထမဆုံးအနေနဲ့ ဂိတ်ကိုချိုးဖျက်ရာတွင် အကြီးအကဲချီကျရှုံးသွားပြီး တောကောင်တွေဟာ အနောက်ဘက်ဂိတ်ကို တိုက်ခိုက်ရာတွင်လည်း မြို့ထဲသို့မဝင်ရောက်နိုင်ခဲ့ပေ။ နတ်ဆိုးကျင့်ကြံသူတွေဟာ ဂိတ်တစ်ခုကိုတော့ ချိုးဖျက်ဖို့လိုပေသည်။

ဝူတျီမြို့၏အရပ်လေးမျက်နှာ၌ ဂိတ်တွေရှိထားကြပြီး ထိုဂိတ်တွေထဲကမှ မြောက်ဘက်ဂိတ်ဟာ အခြားဂိတ်တွေထက်ပိုပြီး ချိုးဖျက်ရလွယ်ကူသွားမှတော့ ထိုဂိတ်ကိုစောင့်ကြပ်နေသည့် ပူမိသားစုဟာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ အပေးအယူလုပ်ထားလို့ပဲ မဟုတ်ဘူးလား? ထို့အပြင် နတ်ဆိုးကျင့်ကြံသူတွေဟာ ပူခေါင်းဆောင်၏အတွေးအမြင်နဲ့ပတ်သက်ပြီး လုံးဝဂရုမစိုက်ပေ။

သူတို့တွေက တောကောင်တွေ၏များပြားသည့် အမြုတေတွေကိုပေးမည်ဆိုပြီး ပူခေါင်းဆောင်နဲ့အပေးအယူလုပ်ခဲ့သည်။ အဲ့ဒီအမြုတေ‌တွေကို ဆေးဝါးအဖြစ်မွမ်းမံနိုင်ပြီး ပူမိသားစု၏သာမန်စွမ်းအားတွေကို မြှင့်တင်ပေးနိုင်သည်။ ပူမိသားစုဟာ သူတို့တွေ၏စစ်ဆင်ရေးဖြစ်သည့် မြို့ထဲသို့ချိုးဖျက်ဝင်ရောက်မည့် အစီအစဉ်၌ ပူးပေါင်းပါဝင်ခဲ့သည်။ အဲ့ဒီနောက်မှာ ပူမိသားစုကရော ဘယ်လိုလုပ်မှာလဲ? ထိုအကြောင်းအရာက ပူခေါင်းဆောင် တွေးသင့်သည့်အရာပင်ဖြစ်ပြီး ထျယ်ရှီးကတော့ သူ့အတွက်နဲ့ စိတ်ရှုပ်ခံပြီးတွေးတောနေမည်မဟုတ်ပေ။ 

သူကလည်းဖိအားပေးခံရပြီး ပူခေါင်းဆောင်ဟာ ရက်စက်သည့်တောကောင်တွေနဲ့ ပူးပေါင်းရုံသာတတ်နိုင်တော့သည်။ မြို့ဂိတ်ကျိုးပျက်သွားပြီးဖြစ်သည့် အခြေအနေကို သိထားကြသည့် တစ်ကိုယ်တည်းကျင့်ကြံသူတွေအားလုံးကို သတ်ပစ်ဖို့ သူ့ဆီမှာထိုအကြံသာရှိထားပြီး ပူမိသားစုက ကျင့်ကြံသူတွေဟာ သူ့ကိုဆန့်ကျင်ကြတော့သည်။ မမျှော်လင့်ပဲ သူ့ကိုဆန့်ကျင်သည့် အကြီးအကဲက မသေခင် အချက်ပြလိုက်တာကြောင့် လာကယ်ကြသည့် ကျန်မိသားစုကလူတွေဟာ အချိန်ကိုက် ရောက်ရှိလာကြသည်။

ကံမကောင်းတာကြောင့် ပူခေါင်းဆောင်ဟာ ဒီလိုခြေလှမ်းသို့ လျှောက်လှမ်းလိုက်ရတော့သည်။ ဒါပေမယ့် နတ်ဆိုးကျင့်ကြံသူတွေ မြို့ထဲသို့ ဝင်ရောက်လို့မပြီးသေးခင် ကျန်မိသားစုက ကျင့်ကြံသူအတော်များများဟာ ရောက်ရှိနေကြပြီးဖြစ်သည်။

သူ့ကိုအကူအညီပေးသည့် ကျင့်ကြံသူတွေက အခုပဋိပက္ခ၌ တော်တော်များများ ကျဆုံးသွားပြီဖြစ်တာကြောင့် လက်ရှိမှာတော့ သူ့ကိုအကူအညီပေးနေသည့် ကျင့်ကြံသူငါးဆယ်လောက်သာ အသက်ရှင်ကျန်တော့သည်။

"သတ်ကြ!" ကျန်ထျန်းရှင်ဟာ သူ၏ဓားရှည်ကို ‌ဝှေ့ယမ်းလိုက်ပြီး အော်လိုက်ကာ သူ့ကိုလာတားသည့် ကျင့်ကြံသူကို ချက်ချင်းထက်ခြမ်းပိုင်းလိုက်သည်။

"သတ်ကြ!" ကျန်မိသားစုက အခြားသောကျင့်ကြံသူတွေဟာလည်း အော်ဟစ်လိုက်ပြီး သူတို့လက်ထဲက မန္တန်အားလုံးကို ထုတ်လွှတ်ကျတော့သည်။ တစ်ဖက်လူတွေ အဆင့်သင့်မဖြစ်သေးတာကို အခွင့်ကောင်းယူပြီး သူတို့တွေက ချက်ချင်းတိုက်ခိုက်ကြတော့သည်။ အနီးနားက ပူမိသားစုကျင့်ကြံသူတစ်ဝက်လောက်ဟာ ‌ဒဏ်ရာရသွားကြသည်။

ရွှီဇီယန်ကတော့ အဲ့ဒီကျင့်ကြံသူတေ‌ွနဲ့ မတိုက်ပေ။ သူကထိုပူမိသားစုနဲ့ လုံးဝမရင်းနှီးဘူး။ လူကောင်းတွေနဲ့ သူလျှို‌တွေကို ခွဲခြားနေမည့်အစား တောကောင်တွေကို အာရုံထားတာက ပိုကောင်းလိမ့်မည်။

ရွှီဇီယန်ဟာသူ၏လေးဖြင့် လှုပ်ရှားလိုက်ပြီး သူ၏ခရမ်းရောင်မိုးကြိုးသွားမြှားတွေက တောကောင်တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့သို့ ကျရောက်သွားသည်။ မြှားတစ်ချောင်းချင်းစီက တောကောင်တွေကို ထိမိပြီး သေဆုံးသွားကြသည်။ ရွှီဇီယန်က တမင်တကာ ခုခံခြင်းစွမ်းအားနိမ့်သည့် တောကောင်တွေကိုသာရွေးချယ်ပြီး သူတို့တွေအား မလွဲစေရန် သူရည်ရွယ်ထားခြင်းဖြစ်သည်။

#TK