Chapter 117
အဲ့ဒီရှေးကျသည့်အခင်းအကျင်းက အလွန်စွမ်းအားကြီးတယ်ဆိုပေမယ့် ခေါင်းဆောင်အပါအဝင် ပူမိသားစုက လူအနည်းစု၏စွမ်းအားဟာ ထိုအခင်းအကျင်းကို ချုပ်ကိုင်ရန် မမြင့်မားတာကြောင့် ထိုအခင်းအကျင်းကို ပြင်ဆင်ဖို့အဆင့်ထိ ရောက်ရှိရုံလောက်သာရှိသည်။ ထိုအခင်းအကျင်းဖြင့် ပရိယာယ်သုံးကာ တိုက်ခိုက်ဖို့လွယ်ကူပေမယ့် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကလည်း ဖိအားပေးနေပြီး အတွင်းရော၊အပြင်ရောတိုက်ခိုက်မှုတွေကြောင့် မကြာခင်ကျိုးပျက်တော့မည်ဖြစ်သည်။
အဆင့်မြင့်ကျင်ကြံသူတွေအရှေ့၌ ပူမိသားစု၏ကျင့်ကြံသူတွေဟာ ခုခံဖို့စွမ်းအင်လုံလောက်စွာမရှိပေ။ သူတို့တွေက ကြီးမားသည့်အခင်းအကျင်းကြောင့်သာ အခုချိန်မှာခုခံနိုင်တာဖြစ်ပြီး အကယ်၍ ထိုအရာသာကျိုးပျက်သွားပါက ရွှေအမြုတေကျင့်ကြံသူတွေ၏ဖိအားကို သူတို့တွေရင်ဆိုင်ရလိမ့်မည်။
တံတိုင်းအပြင်ဘက်က ထျယ်ရှီးဟာ ရွှေအမြုတေကျင့်ကြံသူတွေ ရောက်ရှိလာတယ်ဆိုတာ သတိထားမိလိုက်တာကြောင့် အခြားသောတောကောင်တွေနဲ့ ချက်ချင်ပြန်ဆုတ်ကြတော့သည်။ အဲ့ဒီဝိုင်းအုံတိုက်ခိုက်မှုက လုံးဝကျရှုံးသွားပြီဆိုတာ သူသဘောပေါက်လိုက်ပြီဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ ရွှေအမြုတေကျင့်ကြံသူတစ်ယောက် ဖြတ်သန်းလာလို့ပင်ဖြစ်သည်။
ထျယ်ရှီးဟာပြန်ဆုတ်ခွာသွားပြီး ပူမိသားစုဘာဖြစ်မလဲဆိုတာကို လျစ်လျူရှုလိုက်တော့သည်။ နတ်ဆိုးကျင့်ကြံသူတွေ၏မျက်လုံးထဲ၌ ပူမိသားစုဟာ အသုံးချခံသက်သက်သာဖြစ်သည်။ တစ်ချို့သောအသုံးမဝင်သည့် လူသားတွေအတွက် အသက်အန္တရာယ်စွန့်စားဖို့ မထိုက်တန်ပေ။
အလွန်စွမ်းအားကြီးသည့်ဖိအားကြောင့် ပူခေါင်းဆောင်ဟာ မြေပြင်ထက်၌ မလှုပ်မယှက်ပဲရှိနေပြီး တောကောင်တွေမျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားတာကို ကြည့်လို့နေသည်။ သူ့မျက်လုံးတွေထဲက အလင်းရောင်တွေ မှေးမှိန်သွားပြီး နောက်ဆုံးမှာတော့ စိတ်ပျက်စရာ တိတ်ဆိတ်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်…
"ကျွန်တော် ဦးလေးရဲ့ကွေးကိုတွေ့ဖူးပါတယ်" ရွှီဇီယန်လေးစားသမှုဖြင့် ဦးညွတ်လိုက်သည်။
အမဲရောင်ဝတ်ရုံနဲ့ကျင့်ကြံသူက လေပေါ်ကနေဆင်းသက်လာပြီး ရွှီဇီယန်၏ပခုံးကို ပုတ်လိုက်သည်။
"ကောင်လေး အဲ့လောက်တောင်ပဲ တိုက်ဆိုင်တာလား"
"ဟုတ်ပါတယ် ဦးလေးရဲ့ကွေး ကျွန်တော်က ကျွန်တော့်ဆရာသခင်ရဲ့အမိန့်နဲ့ ဒီကိုလာခဲ့ရင်း အဲ့ဒီတောကောင်ကို ဖမ်းဆီးဖို့ အကြောင်းဖန်သွားတာ"
"အင်း မင်းကအခု အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီးပြီပဲ" ရဲ့ကွေးကအသိအမှတ်ပြုကာ ရယ်မောလိုက်ရင်း "မင်းညီနဲ့အတူ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်" သူပြောလို့ပြီးသည်နှင့် အကူအညီမဲ့စွာ သူကရယ်မောနေပြီး "အထူးသဖြင့် အခုငါပြေးလာတာ အတော်လေးမြန်သွားတယ်…"
ရွှီဇီယန်ရုတ်တရက်မှင်တက်သွားပြီး ဦးလေးရဲ့ကွေးက ဒီမြင်ကွင်းတွေအားလုံးကို မြင်ပြီးသွားပြီလို့တော့ သူမထင်ဘူး။
"ဦးလေးရဲ့ကွေး ကျွန်တော်တို့ကို လာကယ်တာက သတင်းတစ်ခုခုကြားခဲ့လို့လား?" ရွှီဇီယန်မေးလိုက်သည်။
"မဟုတ်ဘူး ငါဒီအတိုင်းဖြတ်သွားတာ ထျယ်ရှီးကျယ်လောင်စွာ အော်ဟစ်တာကိုကြားလိုက်ပြီး ငါတစ်ချက်လောက်ဆင်းကြည့်မလို့ လာခဲ့တာ ဒီလိုအရာမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ ငါလည်းမထင်ထားဘူး ဟားဟား…" ရဲ့ကွေးဟာနောက်တစ်ခါ ရယ်မောပြန်သည်။
သိပ်မဝေးလှသည့်နေရာ၌ ကျားသစ်နက်ဟာ ဦးချိုနှစ်ခုနဲ့ ကြီးမားသည့်တောဆိတ်ကို သတ်ပစ်လိုက်ပြီး တောဆိတ်အလောင်းကိုကိုက်ပြီး ကြော့မော့စွာလမ်းလျှောက်လာသည်။
ကျားသစ်နက်ဟာ တောဆိတ်၏အလောင်းကို ရွှီဇီယန်၏အရှေ့၌ ပစ်ချလိုက်ပြီး သူ့ကိုပွတ်သပ်ပြီး ကျားသစ်နက်ဟာဖားနေသည်။ ဘေးနားက ရဲ့ကွေးနဲ့ရွှီဇီရုန်၏နားထင်ကြောတွေဟာ ထောင်နေတော့သည်…
"ဟားဟား ကိစ္စမရှိပါဘူး ငါတို့အတွက် အချိန်ခဏလောက် စားဖို့အသားရတာပေါ့!" ရွှီဇီယန်ပြုံးကာ ကျားသစ်နက်၏ခေါင်းကို အားတက်သရောပွတ်သပ်ပေးလိုက်သည်။ နောက်ဆုံးအကြိမ်တုန်းက ထျန်လော်တောင်ထွတ်၏တောင်အနောက်ဘက်၌ သူအသားကင်လုပ်စားနေတာကို ကျားသစ်နက်သတိထားမိသွားပြီး ရွှီဇီယန်အသားကင်မည်ဆိုရင် သူဟာရွှီဇီယန်အတွက် အမြဲတမ်းသားကောင်တွေ လိုက်ရှာပေးလေ့ရှိသည်။
ရွှီဇီယန်က အစားအစာပိုချက်ပြုတ်ရလို့လည်း စိတ်မရှိတာကြောင့် ဒီကျားသစ်နက်နဲ့ သူလျင်မြန်စွာ မိတ်ဆွေတွေဖြစ်လာတော့သည်။ သူကကျားသစ်နက်ကို ခေါ်ဖို့ရောက်လာသည့် ဦးလေးရဲ့ကွေးကိုပါ ခေါ်လိုက်ေတာ့သည်။
"ကျင့်ကြံသူရွှီ!"
အဝေးကနေ တစ်ယောက်ယောက်၏အော်သံကို ကြားလိုက်တာကြောင့် ရွှီဇီယန်၏နောက်ကျော ရုတ်တရက် ထုံသွားသလို ခံစားလိုက်ရသည်။ အဲ့ဒီရင်းနှီးနေသည့်အသံမျိုးက ပိုင်ဟွပဲဆိုတာ သံသယဖြစ်စရာပင်မလိုပေ။
တစ်ခါတစ်လေကျရင် ရွှီဇီယန် နားမလည်နိုင်အောင် ဖြစ်ရသည်။ သူကပိုင်ဟွနဲ့ စကားများထားတာမဟုတ်ပေမယ့် သူ၏အေးစက်သည့်သဘောထားတွေက မလုံလောက်သေးလို့လား? ဘယ်အရာကများ သူ့(ပိုင်ဟွ)အား ထပ်တလဲလဲ သူ့ဆီကပ်လာအောင် လုပ်နေတာလဲ? သူကမူလဝတ္ထုရဲ့လွှမ်းမိုးမှုအောက်သို့ ကျရောက်မှဖြစ်မှာလား?
"ကျင့်ကြံသူရွှီ မင်းထိခိုက်မိသွားသေးလား?" ပိုင်ဟွဟာအလွန်စိုးရိမ်စွာအသံဖြင့်မေးလိုက်သည်။
ရွှီဇီယန်လှည့်လိုက်ပြီး သူ့အားလျစ်လျူရှုလိုက်ဖို့ကလည်း မသင့်လျော်ပေ။ မမျှော်လင့်ပဲ ပိုင်ဟွ၏ကြည်လင်နေသည့်မျက်လုံးတွေက တကယ်တော့ ရွှီဇီရုန်အား စိုးရိမ်စွာကြည့်နေခြင်းဖြစ်သည်။
ရွှီဇီယန်တစ်ခဏလောက် တိတ်ဆိတ်သွားပြီး ပိုင်ဟွက သူ၏ပစ်မှတ်ပြောင်းသွားတာလား?
သူကရွှီဇီရုန်ကို စိတ်ဝင်စားသွားတာလား??? အဲ့ဒါလုံးဝမဖြစ်နိုင်ဘူး!!!
ရွှီဇီယန် စားပွဲခုံအား မှောက်ပစ်ချင်နေပြီး အဲ့ဒီပိုင်ဟွက ဘာဖြစ်သွားတာလဲ? ဇီရုန်က သူ့ကိုစကားမပြောတာတောင် ဘယ်လိုလုပ်ပြီး သူကပစ်မှတ်ဖြစ်သွားရတာလဲ?
ရွှီဇီရုန်ကတော့ ပိုင်ဟွအား လုံးလုံးကိုလျစ်လျူရှုထား၏။ ရွှီဇီရုန်က သူ့အားလှည့်တောင်မကြည့်ဘဲ သူ၏နောက်ကျောကိုသာ ပေးထားသည်။
ရွှီဇီယန်တိတ်တဆိတ် သူ၏နားထင်ကိုပွတ်လိုက်သည်။ ဇီရုန်ကဘာလို့များ ပိုင်ဟွကို ဒီလောက်အေးစက်ပြီး ရွံရှာနေလည်းဆိုတာ သူလုံးဝမသိပေ။ သူဖတ်ထားသည့်ဝတ္ထုနဲ့ မူလခန္ဓာကိုယ်၏မှတ်ဉာဏ်တွေရှိထားပေမယ့် ဇီရုန်ဟာ ပိုင်ဟွနဲ့အကြိမ်အနည်းငယ်လောက်သာ တွေ့ဆုံဖူးတာကြောင့် သူကဘယ်လိုလုပ်ပြီး ပိုင်ဟွကိုဒီလောက်ထိ မုန်းနေရတာလဲ?
ပိုင်ဟွအလွန်စိတ်ပျက်သွားပြီး နာကျင်စွာ သူ၏နှုတ်ခမ်းကို အသာလေးကိုက်လိုက်သည်။
သူကကန်းနေသည့်လူတစ်ယောက်ကိုမှ သွားကြည့်မိတာသနားစရာပင်။ ရွှီဇီရုန်က သူ၏နှစ်ဘဝလုံး ပိုင်ဟွကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သလို ပိုင်ဟွငိုကြွေးနေရင်တောင် သူဘယ်တော့မှသိမှာမဟုတ်ဘူး။
တချို့သောအကြောင်းတွေကြောင့် ရွှီဇီရုန်ရုတ်တရက် ရယ်ချင်သလိုဖြစ်လာသည်။ သူဘာကြောင့်ရယ်ချင်လည်းဆိုတာ သူမသိပေမယ့် မထိန်းချုပ်နိုင်ပဲ သူ၏နှုတ်ခမ်းထောင့်တွေ မြှင့်တက်သွားသည်။
"ကိုကို" ရွှီဇီရုန် တစ်ခုခုကို ပြောလိုက်ချင်ပေမယ့် ရုတ်တရက် သူ၏မျက်လုံးအိမ်တွေ ပြူးကျယ်သွားပြီး "သတိထား!" သူရုတ်တရက်ခုန်အုပ်လိုက်ပြီး ရွှီဇီယန်အား သူလက်မောင်းတွေဖြင့် ဖက်လိုက်ရင်း မြေပြင်ပေါ်၌လှိမ့်ချလိုက်သည်။
ရဲ့ကွေး၏မျက်နှာအမူအရာဟာ ပြင်းထန်စွာပြောင်းလဲသွား၏။ သူ၏လက်ကိုမြှောက်လိုက်ပြီး ပူခေါင်းဆောင်ဆီသို့ အနီရောင်အလင်းတန်း ပစ်လွှတ်လိုက်သည်။
"ကျင့်ကြံသူရွှီ!" ပိုင်ဟွအော်ဟစ်လိုက်ပြီး ရွှီဇီရုန်ဆီသို့ ပြေးသွားသည်။
"ဟားဟားဟားဟား! အဲ့ဒါအားလုံးကမင်းအပြစ်တွေပဲ! မင်းသေသွားသင့်တယ်!" ပူခေါင်းဆောင်၏မျက်လုံးတွေက သွေးနီရောင်ဖြစ်နေပြီး ပြင်းထန်ရယ်မောလိုက်ရင်း ငွေရောင်အဆောင်ကို သူ၏လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ထိုအဆောင်ပေါ်ကအလင်းတန်းဟာ ရွှီဇီယန်အားချိန်ရွယ်ထားသည်။
ရွှီဇီရုန်က သူ့ကိုကိုအားဖက်ကာ မြေပြင်ပေါ်၌ အကြိမ်အနည်းငယ် လှိမ့်နေပေမယ့် အဆောင်ပေါ်ကငွေရောင်အလင်းတန်းဟာ နေရာယူပြီးပြီဖြစ်တာကြောင့် သူတို့အနောက်သို့ အချိန်ကြာမြင့်စွာလိုက်နေတော့သည်။
ရဲ့ကွေး၏အနီရောင်အလင်းတန်းဟာ ပူခေါင်းဆောင်၏ခန္ဓာကိုယ်ကို ထိမှန်သွားပြီး သူ့အားမီးလုံးကဲ့သို့လောင်ကျွမ်းသွားစေပေမယ့် အဆောင်ကတော့ ဘာသက်ရောက်မှုမှမရှိပေ။ ထိုအစား အဆောင်ဟာ ရွှီညီအကိုတွေဆီသို့ ပို၍လျင်မြန်စွာရောက်ရှိသွားပြီး သူတို့ပတ်ပတ်လည်၌ အပန်းရောင်အလင်းတန်းတွေ ပေါ်ထွက်လာသည်။
နောက်ဆုံးမှာတော့ ပိုင်ဟွ၏ခြေလှမ်းတွေ နှေးကွေးသွားပြီး ရွှီဇီရုန်ချက်ချင်းပျောက်ကွယ်သွားတာကို ကြည့်နေရုံသာတတ်နိုင်တော့သည်။ သူကအကူအညီမဲ့စွာ မြေပြင်ကို လက်သီးဖြင့်ထိုးချလိုက်သည်။
တစ်ချိန်တည်းမှာပင် အနောက်ဘက်ဂိတ်၌ စောင့်ကြပ်နေသည့် ကျန်ရင်း(က)လည်း ရုတ်တရက်ပျောက်သွားတာကြောင့် အားလုံး၏အကြည့်တွေဟာ ထိတ်လန့်သွားတော့သည်။ ငွေရောင်အလင်းတန်းနဲ့အတူ ဖျားနေလို့အိမ်တော်၌ အနားယူနေသည့် ဖန့်ထျန်းရွေ့ပါခေါ်သွားခံရသည်…
"ချီးပဲ!" ရဲ့ကွေးဒေါသထွက်စွာအော်လိုက်ပြီး ပူခေါင်းဆောင်၏လောင်ကျွမ်းသွားသည့် အလောင်းဆီသို့ မျက်စိတစ်မှိတ်အတွင်း သူရောက်ရှိလာသည်။ သူ၏လက်ကိုထုတ်လိုက်ပြီး လက်ဖဝါးကို အလောင်းပေါ်၌တင်လိုက်သည်။ အသာလေးဆွဲထုတ်လိုက်ပြီး ခရမ်းရောင်ဝိညာဉ်ဟာ ထွက်ပေါ်လာသည်။
အနီးနားကကျင့်ကြံသူတွေဟာ အံ့ဩပြီးကြောက်ရွံနေကြပေမယ့် ရဲ့ကွေး၏အပြုအမူနဲ့ပတ်သက်ပြီး ဘယ်သူမှမှတ်ချက်မပြုရဲကြပေ။ အခြားလူတွေက သူ့အားဘယ်လိုတွေးနေမလဲဆိုတာ ရဲ့ကွေးဂရုမစိုက်တာကြောင့် သူ၏မျက်လုံးတွေကိုမှိတ်ကာ ပူခေါင်းဆောင်၏ဝိညာဉ်ကို ရှာဖွေနေတော့သည်။
"လူယုတ်မာ!" ဝိညာဉ်ရှာဖွေပြီးဆုံးသွားပြီးနောက် ရဲ့ကွေးစတင်ဆဲတော့သည်။
ပူခေါင်းဆောင်ဟာ သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေ ပိတ်ဆို့ခံထားရချိန်၌ အဆောင်ကိုအသက်သွင်းဖို့ သူ၏ကျင်းလော့ကို ဖောက်ခွဲလိမ့်မယ်လို့ ရဲ့ကွေးမထင်ထားခဲ့ဘူး။ တစ်နည်းဆိုရရင် အကယ်၍ရဲ့ကွေး သူ့ကိုမတိုက်ခိုက်ရင်တောင် သူဘယ်နည်းနဲ့မှ အသက်ရှင်မည်မဟုတ်တော့ပေ။ ဒါပေမယ့် သတိမထားမိလိုက်ပဲ ရွှီဇီယန်နဲ့ရွှီဇီရုန်တို့သာ အန္တရာယ်ထဲသို့ ဆွဲသွင်းခံလိုက်ရတော့သည်။
ပူခေါင်းဆောင်၏အဆောင်ဟာ တစ်ခါသာအသုံးပြုလို့ရသည့် အဖိုးတန်ရတနာဖြစ်ပြီး ထိုအဆောင်က မိစ္ဆာနယ်မြေ၏ဝင်ပေါက် လမ်းညွှန်ထားခြင်းသည်။ မိစ္ဆာနယ်မြေဟာ လျှို့ဝှက်နယ်မြေတွေနဲ့ ကွဲပြားသည်။ လျှို့ဝှက်နယ်မြေအများစုဟာ တချို့သောအဖိုးတန်ရတနာတွေနဲ့ ကျင့်စဉ်အမွေအနှစ်တွေသာ ရှိတာဖြစ်ပေမယ့် မိစ္ဆာနယ်မြေကတော့ အရမ်းကိုလွတ်လပ်သည့် နယ်မြေသာဖြစ်သည်။
အဲ့ဒီလိုနယ်မြေမျိုးက များစွာသောရန်သူတွေကို မွေးထုတ်ပေးလေ့ရှိပြီး ကျင့်ကြံခြင်းအလွန်ကို ကောင်းမွန်သည့်နေရာပင်ဖြစ်သည်။ ဒါကြောင့် အဲ့ဒီလိုမိစ္ဆာနယ်မြေတွေ ရှာတွေ့သွားပြီးနောက် တချို့သောကျင့်ကြံသူတွေက လမ်းညွှန်သည့်အဆောင်တွေကို ပြုလုပ်ထားကြပြီး တချို့သောအတွေ့အကြုံတွေ ရရှိလာစေရန် သူတို့တွေ၏တပည့်တွေကို ဝင်ခိုင်းကြသည်။
အကယ်၍ မိစ္ဆာနယ်မြေက သူတို့တွေ၏ကိုယ်ပိုင်စွမ်းရည်တွေကို မြှင့်တင်ပေးပြီး ကျင့်ကြံသူတွေအတွက် ကြီးမားသည့်အကျိုးအမြတ်တွေ ဖြစ်စေတယ်ဆိုပေမယ့် ရွှီဇီယန်နဲ့အခြားလူတွေ အတင်းအကျပ်သွပ်သွင်းခံလိုက်ရသည့် မိစ္ဆာနယ်မြေက ချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိလူတွေသာ ဝင်ရောက်ခွင့်ရှိလေသည်။ ရွှီညီအကိုတွေလို အခြေခံကျင့်ကြံခြင်းအဆင့်ရှိလူတွေအတွက်တော့ အဖိုးတန်ဆုံးအခွင့်အရေးပင်ဖြစ်လိမ့်မည်။
ပူခေါင်းဆောင်ဟာ ရွှီညီအကိုတွေအား လျှို့ဝှက်နယ်မြေထဲသို့ အတင်းအကျပ်ပို့လိုက်၏။ လမ်းညွှန်သည့် အဆောင်ကလည်း လုံးဝပျက်စီးသွားပြီးဖြစ်သည်။ လက်ရှိမှာ ဘာအဆောင်မှမရှိတော့တာကြောင့် အကယ်၍ ရဲ့ကွေး သူတို့တွေကို ပြန်ခေါ်ချင်တယ်ဆိုရင်တောင် သူလုပ်ပေးလို့မရပေ။
"ဒီမှာဘာတွေဖြစ်သွားတာလဲ?" ကျန်ထျန်းရှင် ထိတ်လန့်စွာကြည့်နေပြီး မေးလိုက်သည်။
စစ်ပွဲကပြီးဆုံးသွားပြီဖြစ်ပေမယ့် ရွှီဇီယန်ကတော့ ပူခေါင်းဆောင်၏လုပ်ကြံတာကို ခံလိုက်ရသည်။ လျှိုကွမ်းဂိုဏ်းကဒီကျင့်ကြံသူအတွက် ဘာလုပ်ရမလဲဆိုတာ ကျန်ထျန်းရှင်းမတွေးတတ်တော့ဘူး။
ရဲ့ကွေးကအခြေအနေကို လေးနက်သည့်အကြည့်တွေဖြင့် တင်ပြလိုက်ပြီး ကျန်ထျန်းရှင်ဘာမှမတတ်နိုင်တော့ပေ။
သေးငယ်သည့်မိသားစုအနေနဲ့ မိစ္ဆာနယ်မြေထဲသို့ လမ်းညွှန်နိုင်သည့် အဆောင်တွေလိုမျိုး သူတို့တွေမရရှိနိုင်ပေမယ့် တချို့လျှို့ဝှက်ချက်တွေက အရင်ခေါင်းဆောင်တွေဆီကနေ ဆင်းသက်လာတယ်ဆိုတာကိုသာ သူသိထားသည်။
ကျန်ထျန်းရှင်ကလည်း ဘာမှရွေးချယ်စရာမရှိသလို ရဲ့ကွေးကလည်း ဒီနေရာ၌ အချိန်မဖြုန်းချင်တော့ပေ။ ခရီးထွက်လာသည့် သူ၏မူလအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး လျှိုကွမ်းဂိုဏ်းသို့ ဖြစ်နိုင်သမျှ လျင်မြန်စွာ သူပြန်သွားချင်တော့သည်။
သူ့ဆီမှာတော့ ဘာနည်းလမ်းမှမရှိပေမယ့် အခြားလူတွေဆီမှာတော့ မရှိနိုင်ဘူးလို့မဆိုလိုပေ အထူးသဖြင့် လော့ယွင်တောက်ကျွင်းလိုလူမျိုးပေါ့။ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်အနေနဲ့ အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူ ဘာလုပ်နိုင်လည်းဆိုတာ နားလည်နိုင်မည်မဟုတ်ပါ။ အကယ်၍ သူတို့တွေသာ ရွှီညီအကိုနှစ်ယောက် ဝင်ရောက်သွားသည့် မိစ္ဆာနယ်မြေကို အချိန်တိုအတွင်းခြေရာခံနိုင်ပါက သူတို့ကိုလည်းပြန်လည်ခေါ်ထုတ်လို့ ရပေလိမ့်မည်။
ရဲ့ကွေးဟာလျင်မြန်စွာထွက်သွားပြီး သူ၏လောကဝတ်စကားတွေ ပြောဆိုဖို့အတွက် အချိန်မရှိဘူးဆိုတာ ကျန်ထျန်းရှင်ကလည်း သဘောပေါက်သည်။ သူ့အားအနည်းငယ်စိတ်ပျက်စေသည့် တစ်ခုတည်းသောအရာကတော့ ရွှီညီအကိုတွေက သူ့သားအား ကာကွယ်ပေးနိုင်မည်ဖြစ်ပေမယ့် ဒီအဖြစ်အပျက်ကြောင့် သူ၏အစီအစဉ်တွေအားလုံးကို ပျက်စီးသွားတော့သည်။
"ခေါင်းဆောင် ခေါင်းဆောင် မကောင်းတော့ဘူး!" ကျန်မိသားစုကကျင့်ကြံသူတစ်ယောက်ဟာ အနောက်ဘက်ဂိတ်ကနေ ထိတ်လန့်စွာ ပြေးလာပြီး အနောက်၌ရပ်နေသည်။
ကျန်ထျန်းရှင်၏ရင်ထဲလှုပ်ခတ်သွားပြီး ခံစားချက်တွေမကောင်းတော့ပေ။
"ခေါင်းဆောင် အဲ့ဒီကျန်ပင်လေ အခုလေးတင် ရုတ်တရက်ကြီး ပျောက်သွားတယ်!"
"ဘာ!!!"
အဲ့ဒီညမှာတော့ ဖန့်မိသားစု၏အစေခံကလည်း ဖန့်ခေါင်းဆောင်အား လျင်မြန်စွာ တင်ပြလေသည်။
"အကြီးဆုံးသခင်လေးက အခန်းထဲကနေ ပျောက်သွားပြီ!"
**********
ကောင်းကင်ကလည်း မဲနက်နေသည့်တိမ်ထုတွေဖြစ်ပေါ်နေပြီး အောက်ဘက်မြေပြင်ကလည်း ကြီးမားသည့် အက်ကြောင်းတွေနဲ့ ပြည့်နက်နေသည်။ အက်ကြောင်းတွေထဲကနေ လင်းထိန်နေသည့် အနီရောင်ချော်ရည်တွေဟာ ပွက်ပွက်ဆူနေပြီး စီးဆင်းနေသည့်ချော်ရည်ပူတွေဟာ မြေကြီးအောက်သို့ ပျံ့နှံ့သွားသည်။
နီမဲရောင်ပုတ်သင်ညိုဟာ ချော်ရည်ထဲ၌ပေါ်ထွက်လာပြီး ထိုအကောင်၌ ကြီးမားသည့် နက်ပြာရောင်မျက်လုံးသုံးလုံးရှိနေပြီး အကျည်းတန်လှသည့်မျက်နှာပင်ဖြစ်သည်။ သူ၏နဖူးထက်က မျက်လုံးတစ်လုံးကို မဖွင့်ထားပဲ အောက်ဘက်ကမျက်လုံးနှစ်လုံးကိုသာ ပုံမှန်အတိုင်းအသုံးပြုသည်။
သူကချော်ရည်ဘေးနား၌ အစာရှာဖွေနေသည့် သားကောင်ကို စိုက်ကြည့်နေပြီး တိတ်တဆိတ်ချဉ်းကပ်သွားသည်။
"အား!" တစုံတယောက် အော်ဟစ်လိုက်သည်။
မိုးကြိုးပစ်သံဟာ ကောင်းကင်ထက်၌ ရုတ်တရက်ထွက်ပေါ်လာပြီး သေးငယ်သည့်အက်ကွဲကြောင်းဟာ လေထုအလယ်၌ပေါ်ထွက်လာသည်။ လူနှစ်ယောက်ဟာ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီး သွေးနွယ်ပင်တချို့တွေနဲ့ ရစ်ပတ်ထားသည့် အနီရောင်ဘောလုံးကြီးရှိနေသည်။
ဘုန်း!
ဘောလုံးပုံစံဖြင့် ကြီးမားသည့်သွေးနွယ်ပင်တွေဟာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး ကြီးမားသည့်အသံထွက်ပေါ်လာကာ အစာရှာနေသည့် တောဆိတ်အားချက်ချင်း သတိပေးလိုက်သလိုဖြစ်သွားသည်။ သူ၏ဦးခေါင်းကို သတိရှိစွာမော့လိုက်ပြီး သူ၏ဦးချိုနှစ်ခုကြား၌ မမြင်နိုင်သည့် အတွန့်လေးတွေပေါ်ထွက်လာသည်။ သူကအမှောင်ထဲမှာပုန်းနေသည့် ပုတ်သင်ညိုကိုတွေ့လိုက်တာကြောင့် လျင်မြန်စွာထွက်သွားတော့သည်။
သူ၏အစာလွတ်သွားတာကြောင့် ပုတ်သင်ညိုဟာ အလွန်စိတ်ပျက်သွားတော့သည်။ သူကချော်ရည်ထဲသို့ တိတ်တဆိတ် ထိုးဆင်းလိုက်ပြီး သူ၏အစာကိုနှောင့်ယှက်လိုက်သည့် မဖိတ်ခေါ်ပဲရောက်ရှိလာသော ဧည့်သည်တွေအား ပြင်းထန်စွာစိုက်ကြည့်နေတော့သည်။
ဖန့်ထျန်းရွေ့ကတော့ ကံမကောင်းရှာပေ။ သူ၏ဒဏ်ရာကိုတောင် ကုသပေးလို့မပြီးသေးပဲနဲ့ ငရဲခန်းထဲသို့ ထပ်ပြီးဆွဲခေါ်ခံသွားရပြန်သည်။
『TK: ခေါ်သွားတာတော့ ရွှီဇီယန်တစ်ယောက်တည်းပါပဲ၊ ရွှီဇီရုန်ကတော့ သူ့ကိုကိုပါသွားတာကြောင့် သူပါလိုက်သွားတာ၊ ကျန်ရင်းက သူ့သခင်နဲ့ သခင်/အခြွေအရံ ကတိစာချုပ်ချုပ်ထားတာကြောင့်ပါသွားတာ၊ ဖန့်ထျန်းရွေ့ကလည်း ကျန်ရင်းနဲ့အမှတ်အသား လုပ်ထားတာကြောင့် ပါသွားပြန်ရော၊ Buy One, Get Three ပေါ့』
#TK