Chapter 118
Viewers 23k

Chapter 118


"ကိုကို အဆင်ပြေရဲ့လား?" သွေးနွယ်ပင်တွေကို ဖယ်ရှားပြီးနောက် ရွှီဇီရုန် သူ့ကိုကိုအား မြေပြင်ပေါ်ကဆွဲထူပေးလိုက်သည်။

တိုက်ခိုက်မှုက ရုတ်တရက်ကြီး ကျရောက်လာတာကြောင့် အခြားမန္တန်တွေအသုံးပြုဖို့ အလွန်နောက်ကျသွားပြီဖြစ်ပြီး သူ့ကိုကိုနဲ့သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ သွေးနွယ်ပင်တွေကိုသာ အသုံးပြုနိုင်လိုက်သည်။

"အဆင်ပြေပါတယ် အဟွတ် အဟွတ် ဒီနေရာကလေထုက မွန်းကျပ်‌စေလို့" ဒီပတ်ဝန်းကျင်ပူနွေးသောရာသီဥတုကို ရွှီဇီယန်ပထမဆုံး ခံစားဖူးခြင်းဖြစ်သည်။ ဝိညာဉ်ကူးပြောင်းလာပြီးနောက် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သည့်အချိန်တုန်းကလို သူထပ်တူခံစားနေရပြီး သူတို့တွေအခြားသောနယ်မြေတစ်ခုဆီသို့ ‌ဝင်ရောက်လာတယ်ဆိုတာ လွယ်ကူစွာဆုံးဖြတ်လို့ရသည်။

သူဝင်ရောက်လာပြီး ဘယ်အရာက သူ့ကိုအံ့အားသင့်စေဆုံးလည်းဆိုတော့ သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအားတွေဝင်ရောက်နေသလို ထပ်ပြီးခံစားနေရပြန်သည်။ ‌တွေးတောစရာမလိုပဲ သူ့အရှေ့မှာရှိသည့် ကုဗတုံးလေးဆီသို့ အကြည့်ပြောင်းလိုက်သည်။

နောက်ဆုံးအကြိမ်ဆုံးက အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေ၌ စွမ်းရည်ကူးပြောင်းသွားတာကြောင့် ကုဗတုံးလေးက ကြီးထွားလာခဲ့သည်။ သူက၁မီတာထက်ပိုပြီး အဝေးမှာနေလို့မရဘူးဆိုပေမယ့် အနည်းဆုံးတော့ သူကရွှီဇီယန်အရှေ့၌ တစ်ချိန်လုံးတော့ နေစရာမလိုပေ။

သူ၏အရွယ်အစားသေးနေသည့်အချိန်တုန်းကတော့ အဆင်ပြေပေမယ့် လက်ရှိမှာတော့ ကုဗတုံးလေးက ၁မီတာလောက် ကြီးမားနေသည့်အရာက သူ့မျက်စိရှေ့၌ရှိနေတာအဆင်မပြေလှပေ။

သူ၏ခေါင်းထက်၌ အမြဲတမ်းရှိနေသည့် ကုဗတုံးကို အရှေ့ဘက်သို့ အနေအထားပြောင်းလဲလိုက်သည်။ သူကထိုအရာအား ရှင်းလင်းစွာမကြည့်ရသေးခင် ထူးဆန်းစွာရင်းနှီးသည့်အသံကို သူထပ်ပြီးကြားလိုက်ရသည်…

Ka Cha, Ka Cha
Ka Cha, Ka Cha

ရွှီဇီယန် သူ၏ခေါင်းကိုလှည့်လိုက်ပြီး သူ၏မျက်လုံးထောင့်တွေ တန်းသွားကာ မျှော်လင့်ထားသည့်အတိုင်း လျှိုယွင်အဆောက်အအုံ၌ ပေါ်လာပြီးနောက် ပုန်းအောင်းနေသည့် ယုန်ဟာထပ်ပြီးပြန်ပေါ်လာခြင်းဖြစ်သည်။

Ka Cha, Ka Cha…ဖန်မောင်ဟာ ရွှီဇီရုန်၏ပခုံးတွေပေါ်၌ လဲလျောင်းနေပြီး တည်ငြိမ်စွာ မုန်လာဥကို ကိုက်စားနေသည်။ သူကရွှီဇီယန်အား စိုက်ကြည့်နေသည်။

အိုး?

ရွှီဇီယန်အံ့အားသင့်သွားပြီး ဒီယုန်က ကုဗတုံးကို ကြည့်နေတာလား?

စမ်းသပ်ချင်တာကြောင့် သူကကုဗတုံးအား သူ၏ခန္ဓာကိုယ်ဘေးသို့ ထပ်ရွေ့လိုက်ပြီး ဖန်မောင်ကလည်း တကယ့်ကိုလိုက်ကြည့်လေသည်။ ထိုအကောင်လေးက တစ်ခုခုအားရှာတွေ့သွားပေမယ့် သိပ်မသေချာတာကြောင့် သူကနားမလည်စွာကြည့်နေသည်။

ရွှီဇီယန်က ဂရုမစိုက်ဟန်ဖြင့် သူ၏ခေါင်းကိုလှည့်လိုက်သည်။ ပုန်းနေရတာကို သဘောကျသည့် ဒီယုန်အား သူရန်မစချင်တော့ပေ။ သူဘယ်လောက်ပဲ ဗဟုသုတနည်းပါစေ အမျိုးသမီးကျင့်ကြံသူတွေ သဘောကျသည့် ဒီလိုအသုံးမဝင်တဲ့ ဖန်‌မောင်လိုအိမ်မွေးတိရိစ္ဆာန်မျိုးကို သူ‌မလေ့လာချင်ဘူး

သူဆက်လက်ပြီးတော့ ကုဗတုံးလေးကို ပိုလေ့လာကောင်းလိမ့်မည်!

"ဘယ်နေရာကိုရောက်လာတာလဲ…?" ကျန်ရင်း(က)က ပတ်ဝန်းကျင်အနေအထားအား အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ဘယ်ကိစ္စမဆို သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ နည်းလမ်းမရှိပေ။ သူဝူတျီမြို့အနီးမှာရှိနေခဲ့တာဖြစ်သည်။

သူပြုတ်ကျလာသည့်အချိန်၌ သူ၏အခြေအနေက ရွှီဇီယန်ထက်ပိုဆိုးသည်။ သူဘာမှပြင်ဆင်ချိန်မရှိလိုက်ပဲ ရွှီဇီရုန်၏အခြွေအရံအနေနဲ့ ချက်ချင်းသူဆွဲခေါ်ခံသွားရသည်။

"ဟင်း…" ခပ်တိုးတိုးညည်းညူသံက ကျန်ရင်းတစ်ကိုယ်လုံးကို အေးခဲသွားစေသည်။ သူ၏ခေါင်းကိုရုတ်တရက် ငုံ့လိုက်ပြီး အောက်ဘက်ကနူးညံ့သည့်မြေပြင်ဟာ လူသားခန္ဓာကိုယ်ထွက်ပေါ်လာမှန်း သဘောပေါက်လိုက်သည်။

"ထျန်းရွေ့!" ကျန်ရင်းထိတ်လန့်စွာ ကြည့်လိုက်ပြီး မေ့မြောနေသည့် ဖန့်ထျန်းရွေ့အား ကူညီပေးလေသည်။ ဖန့်ထျန်းရွေ့ပါ ဒီနေရာကို ရောက်လိမ့်မယ်လို့ သူမထင်ထားခဲ့မိဘူး!

ရွှီဇီရုန် ကျန်ရင်းအားကြည့်လိုက်ရင်း သူ၏မျက်ခုံးတွေ အနည်းငယ်ပင့်တက်သွားသည်။ ဒီကျန်ရင်း၏အပြုအမူတွေက တကယ့်ကိုလျင်မြန်လှပြီး သူကဖန့်ထျန်းရွေ့နဲ့ နှစ်ကိုယ်တူသွေးစာချုပ်ကိုပုံဖော်ထားပြီးဖြစ်သည်။ အဲ့ဒီသွေးစာချုပ်နဲ့ဆိုရင် အကယ်၍ တစ်ယောက်ယောက်က အန္တရာယ်ထဲသို့ကျရောက်သွားပါက ကျန်တစ်ယောက်က ကူညီပြီးဆွဲခေါ်ပေးလို့ရပေသည်။

ဒီအကြောင်းပြချက်ကြောင့် ကံမကောင်းသည့် ဖန့်ထျန်းရွေ့ကတော့ ဒီနေရာသို့ ‌ဆွဲခေါ်ခံလာရခြင်းဖြစ်သည်…

"သူဖျားနေတာ" ဖန့်ထျန်းရွေ့၏မျက်နှာက မူမမှန်စွာ နီမြန်းနေတာကို ရွှီဇီယန်သတိထားမိလိုက်ပြီး သူ၏ခန္ဓာကိုယ်အပူချိန်ကို စမ်းကြည့်လိုက်ရင်း သံသယဖြစ်စွာ မေးလိုက်သည် "ကျင့်ကြံသူတွေ ဖျားလို့လား?"

ရွှီဇီရုန်၏နှုတ်ခမ်းတွေမဲ့သွားပြီး
"ကျင့်ကြံသူတွေက တော်ရုံနဲ့မဖျားတတ်ပေမယ့် အကယ်၍ ကျွန်တော်တို့တွေသာ ကျွန်တော်တို့ရဲ့ဒဏ်ရာတွေကို မကုသဘူးဆိုရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေဖြစ်လာလိမ့်မယ် ဒီအပြင် သူကအခြေခံကျင့်ကြံခြင်းအဆင့်ကို မရောက်ရှိသေးတာကြောင့် သူကသေမျိုးဖြစ်နေဆဲပဲ"

ဖန့်ထျန်းရွေ့က ဘာလို့များ ဒဏ်ရာကိုမကုသတာလည်းလို့ ရွှီဇီယန်မေးလိုက်ချင်ပေမယ့် ရွှီဇီရုန်၏ထူးဆန်းသည့် မျက်နှာအမူအရာက သူမေးမည့်အရာကို ရပ်တန့်သွားစေသည်။

အကယ်၍သူသာမေးလိုက်ရင် ဆိုးဝါးသည့်အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ သူခံစားမိနေတာကြောင့် ဒီအတိုင်းသာ ထားလိုက်တော့သည်…

သူ့ကိုကိုက သူ၏လမ်းညွှန်မှုတွေကို တမင်တကာရှောင်နေတာကို မြင်လိုက်ပြီးနောက် ရွှီဇီရုန်သိပ်ပြီးအလျင်မလိုပေ။ သူ၁၈နှစ်ပြည့်ဖို့ နှစ်လတောင်လိုသေးတာဖြစ်ပြီး သူအရွယ်ရောက်လာသည့်အချိန်မှ အဲ့ဒီလိုအရာမျိုးတွေကသူလုပ်လို့ရတယ်လို့ သူ့ကိုကိုကပြောထားတာကြောင့် ဒီအချိန်မှာအလျင်မလိုပါ။

ဘာလို့ဖန့်ထျန်းရွေ့ဖျားနေလဲဆိုတာ ရွှီဇီယန်တောင်မသိတာ ကျန်ရင်းကရော ဘယ်လိုလုပ်သိမှာလဲ? သိပ်ပြီးတော့တွေးတောမနေဘဲ ဖန့်ထျန်းရွေ့က သူ၏ဒဏ်ရာတွေကို ကုသဖို့မတွေးတောခဲ့မှန်း သူသဘောပေါက်လိုက်သည်။

အဲ့ဒီနေ့ကသွေးတွေနဲ့မြင်ကွင်းဟာ သူ၏စိတ်ထဲမှာ ထင်ရှားစွာရှိနေဆဲဖြစ်ပြီး ဖန့်ထျန်းရွေ့ဟာ ဒေါသအရှိန်နဲ့ ထိတ်လန့်မှုတွေကြောင့် သူ့ဆီ၌ဒဏ်ရာရှိတယ်ဆိုတာကို သိရင်တောင် ပျောက်ကင်းအောင်ကုသဖို့မဖြစ်နိုင်ပေ။
『K- ရွေ့ရွေ့က အဲ့နေ့ကကိစ္စကြောင့် အပြင်ဒဏ်ရာရော၊ စိတ်ဒဏ်ရာပါရသွားတာကြောင့် စိတ်ဒဏ်ရာမပျောက်မချင်း အပြင်ဒဏ်ရာကလည်း ပျောက်မှာမဟုတ်ဘူးလို့ဆိုလိုတာပါ』

နူးညံ့သည့်ကျန်ရင်းရော နတ်ဆိုးကျန်ရင်းပါ အပြစ်ရှိသလိုခံစားနေရပြီး သူတို့တွေက ထိန်းချုပ်မှုကင်းမဲ့ပြီး ပြင်းထန်စွာဆက်ဆံမိသလို သူတို့တွေက ဖန့်ထျန်းရွေ့အား ဒီလိုအန္တရာယ်များသည့်နေရာသို့ ဆွဲခေါ်လာခဲ့မိသည်။

ဖန့်ထျန်းရွေ့၏မျက်နှာကို နူးညံ့စွာအနမ်းခြွေလိုက်ရင်း အကယ်၍ သူဒီနေရာကိုရောက်လာရင်တောင် ဖန့်ထျန်းရွေ့ဘေးကင်းစွာ ထွက်သွားနိုင်အောင် သူလုပ်ဆောင်ရမယ်လို့ ကျန်ရင်းတိတ်တဆိတ်ကတိပြုလိုက်သည်!

ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့၏ရင်းနှီးသည့် အပြုအမူကို ရွှီဇီရုန်တွေ့လိုက်တာကြောင့် သူ၏ခေါင်းကိုမော့ကာ သူ့ကိုကိုအား ပျော်ရွှင်စွာကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရွှီဇီယန်အံ့အားသင့်သွားပြီး ဘာတုံ့ပြန်မှုမှမရှိဘဲ ထိုနေရာ၌သာ တောင့်တောင့်ကြီးရပ်နေသည်။

ယောင်္ကျားလေးနှစ်ယောက်၏ရင်းနှီးသည့် အပြုအမူတွေကို ရွှီဇီယန်မျက်မြင်တွေ့လိုက်ပြီး သူ၏စိတ်တွေ ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်…

သူ၏နားထင်ကိုတိတ်တဆိတ်ပွတ်လိုက်ပြီး တော်လောက်ပြီ၊ ဒီဝတ္ထုရဲ့လောကကြီးထဲမှာ နေရာတိုင်း၌ ယောင်္ကျားချင်းကြိုက်တဲ့အတွဲတွေကြီးပဲ ဘာလို့များ သာမန်အတွဲတွေ မရှိရတာလဲ?!

အဖြောင့်တစ်ယောက်အနေနဲ့ သူသေလိုက်ချင်တော့သည်!!

"ကိုကို…" ဇီရုန်၏နွေးထွေးစွာခေါ်သံကို သူ၏နားထဲတွင်ကြားလိုက်ရသည်…

ရွှီဇီယန်ပြင်းထန်စွာ ထိတ်လန့်သွားပြီး သတိရှိစွာမေးလိုက်၏။
"ဘာလဲ?!"

သူ၏ခံစားမှုအာရုံက အရမ်းကြီးမမြင့်မားပေမယ့် သူကငတုံးတော့မဟုတ်ဘူး။ အဲ့ဒီယောင်္ကျားလေးနှစ်ယောက် ဘာလုပ်နေကြလဲဆိုတာ မြင်လိုက်ချိန်၌ သူ့ညီဖြစ်သူ၏လက်ရှိအပြုအမူတွေကို သဘောမပေါက်သေးပါက သူသွားသေသင့်ပေသည်…

အဲ့လိုသာဆိုရင်…

ဘယ်လိုလုပ်ပြီး ဇီရုန်ကယောင်္ကျားတွေကို ကြိုက်သွားရတာလဲ?

ဘယ်အရာက ရွှီဇီယန်ကို ပိုပြီးမှင်တက်သွားစေလည်းဆိုတော့ ရွှီဇီရုန်တကယ်စိတ်ဝင်စားနေတာက သူ့အကိုအရင်းဖြစ်တဲ့ သူ့ကိုဖြစ်ပြီး…သူတကယ်ကို အော်ဟစ်လိုက်ချင်တော့သည် 'ငါ့ဝိညာဉ်က မင်းအကိုအရင်းမဟုတ်ရင်တောင် ငါ့ခန္ဓာကိုယ်က…"

(ခဏလေးနေပါဦး မင်း‌ယောင်္ကျားတွေကို သဘောမကျဘူးဆိုတာက — အဓိကအချက်ဖြစ်ရမှာမဟုတ်ဘူးလား??!!!)

ရွှီဇီယန်အလွန်ကိုစိတ်ဓာတ်ကျသွားသည်။ သူ့ဘဝကြီးဟာ တစ်ခုခုတော့မှားယွင်းနေသလို ခံစားနေရသည်။

လီးပဲ! သူတို့တွေအားလုံးက ဘယ်လိုလုပ်ပြီး ယောင်္ကျားချင်းကြိုက်ကုန်ရတာလဲ? ဇီယွိကမွေးကတည်းကကို ကွေးနေတာကြောင့် သူနားလည်ပေးနိုင်ပေမယ့် သူ့အရင်ဘဝတုန်းက ဇီရုန်ကယောင်္ကျားချင်းကြိုက်ခဲ့လို့လား?

ဒီတော့ အရာအားလုံးက သူ့အမှားတွေပဲလား?

တစ်ခုခုမှားနေတာပဲဖြစ်ရမယ်!

"ကိုကို?" ရွှီဇီယန်ကျောက်ရုပ်ဖြစ်နေတာကို ရွှီဇီရုန်ကြည့်နေရင်း သူလိပ်ပြာမလုံသလို ခံစားလာရသည်။ ယောင်္ကျားနှစ်ယောက်၏ရင်းနှီးသည့် အပြုအမူတွေကို မြင်လိုက်ပြီးနောက် သူ့ကိုကို၏တုံ့ပြန်မှုတွေကို သူမခန့်မှန်းနိုင်ပေ။ သူ့ကိုကိုက သူ့အပေါ်အရမ်းသည်းခံတယ်ဆိုပေမယ့် သူကယောင်္ကျားချင်းကြိုက်တယ်လို့တော့ မဆိုလိုဘူး။

ဒီကျင့်ကြံခြင်းလောကကြီးမှာ ယောင်္ကျားချင်းစိတ်ဝင်စားတာက နှစ်ကိုယ်တူကျင့်ကြံဖို့အတွက်သာဆိုပြီး လူတွေတွေးနေတာက လုံးဝကိုမှားယွင်းနေပြီး သူ့ကိုကိုက အဲ့လိုမျိုးတွေးတောမှာကို သူမလိုချင်ဘူး။

"အဆင်ပြေပါတယ်" ရွှီဇီယန်သူ၏နားထင်ကို အကူအညီမဲ့စွာ ပွတ်သပ်လိုက်ရင်း ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့၏အပြုအမူတွေက သူ့ကိုအရမ်းကြီးမထိတ်လန့်စေပေ။ ထို့အပြင် ဇီယွိ၏စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကို လေ့လာရန်အတွက် သူGV(Gay Video)တွေကို ကြည့်ဖူးခဲ့ပြီးဖြစ်သည်။ သူထိတ်လန့်သွားသည့် အကြောင်းကတော့ ဇီရုန်၏အပြုအမူတွေကြောင့်သာဖြစ်သည်။

သူငယ်စဉ်ကတည်းက ဇီရုန်အပေါ်၌ အလွန်ကောင်း‌တာကြောင့် ကောင်းမွန်သည့်အကိုတစ်ယောက်အဖြစ် တာဝန်ကျေပွန်ခဲ့တယ်ဆိုတာ သူအမြဲတမ်းယုံကြည်သည်။ ဒီတော့…ဇီရုန် သူ့ကိုချစ်သွားရတဲ့ အဓိကအကြောင်းပြချက်က ဘာဖြစ်မလဲ?

သူရေးတေးတေး ပြန်လည်တွေးတောကြည့်လိုက်ပြီး ဇီရုန်ဟာအရင်ကတည်းက သူ့အပေါ်အလွန်ကိုပိုင်ဆိုင်လိုစိတ်ကြီးမားတယ်ဆိုတာ ရွှီဇီယန်သဘောပေါက်သွားပြီး အထူးသဖြင့် လဲ့ဟူနဲ့ဝေ့ချင်တို့အရှေ့ဆိုရင် သူပြုမူတတ်သည်။

ပြီးတော့ အဲ့ဒီလိုပိုင်ဆိုင်လိုစိတ်ဟာ အခုတလော၌ ပိုမို၍ကြီးမားလာသည်။ သူငါးနှစ်လောက် တံခါးပိတ်ကျင့်ကြံပြီးနောက် ဇီရုန်၏စိတ်မချတဲ့ပုံစံဟာ အမြင့်ဆုံးအမှတ်သို့ရောက်ရှိသွားပုံပေါ်သည်။

လက်ရှိအချိန်မှာတော့ရွှီဇီယန် သူကိုယ်သူ တိုင်နဲ့ခေါင်းနဲ့သာ ဆောင့်သေလိုက်ချင်တော့သည်။ ဒီအကြောင်းအရာတွေအတိုင်းသာဆိုရင် ဇီရုန်ကိုသူ့ကိုချစ်သွားတာ သူ့အမှားကြောင့်မဟုတ်ဘူးလား?

ဒီကမ္ဘာကြီးရဲ့ဆိုးယုတ်မှုကို သူအထင်သေးမိသွားသည်!

"ကိုကို အဆင်ပြေရဲ့လား?" ရွှီဇီရုန်နှစ်ကြိမ်တိုင်တိုင်ခေါ်လိုက်ပေမယ့် ရွှီဇီယန်ကတုံ့ပြန်ခြင်းမရှိတာကြောင့် ထိုအရာကသူ၏နှလုံးသားကို နှစ်မြှုပ်အောင်ပြုလုပ်နေသည်။

သူကမဝံ့မရဲဖြင့် ရွှီဇီယန်ကိုထိတော့မည့်အချိန်၌ ရွှီဇီယန်က သူ့အားပြင်းထန်စွာ အဝေးသို့တွန်းထုတ်လိုက်၏။ ထိုနေရာ၌ နှစ်ယောက်သားဟာ စိတ်ကသိကအောက်ဖြစ်စွာ ရပ်နေကြပြီး နှစ်ယောက်လုံးကမှင်တက်နေကြသည်။

သူ၏စိတ်ထဲ၌ရုန်းကန်နေရတာကို ရွှီဇီယန်စကားလုံးနဲ့တောင် ဖော်ပြလို့မရပေ။ သူ၏ညီအရင်းက သူ့အားချစ်နေတယ်ဆိုရင် ဘယ်သူမဆို ဒီအတိုင်းခံစားရမှာပဲဖြစ်သည်။ အခုလေးတင် ရွှီဇီရုန်ဟာ သူ၏လက်ကိုလှမ်းမလိုလုပ်တာကြောင့် ရွှီဇီယန်ပြန်လည်ဆင်ခြင်သုံးသပ်လိုက်ပြီး ရှောင်တိမ်းလိုက်ခြင်းဖြစ်သည်။ တကယ်တော့ ရွှီဇီရုန်သူ့အားချစ်နေတာကို သူရွံရှာတာမဟုတ်ပေမယ့် ဒီအတိုင်း…အဟန့် အဟန့် အနည်းငယ် ရှက်လို့သာဖြစ်သည်။

သူ့ကိုကိုက ထိခွင့်တောင်မပေးတော့တာကြောင့် ရွှီဇီရုန်၏မျက်နှာအမူအရာဟာ ပိုပိုပြီးမည်းမှောင်လာပြီး…သူ၏မဲနက်နေသည့်မျက်လုံးတွေဟာ သွေးရောင်သန်းလာပြီး သူ၏ခန္ဓာကိုယ်ထဲကသွေးတွေ ဆူပွက်နေတာကို ခံစားလို့ရသည်…

"အဟမ်း အဲ့ဒါကလေ…ဇီရုန်…တကယ်တော့လေ…တကယ်တော့လေ…" ဇီရုန်ကိုသူနာကျင်အောင် လုပ်လိုက်မိမှန်း သူသိလိုက်တာကြောင့် ဇီရုန်ပခုံးတွေကို သူလျင်မြန်စွာပွတ်သပ်ပေးလိုက်သည်။ ဒါပေမယ့် ဇီရုန်ပျော်ရွှင်သွားအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ သူမတွေးတတ်ဘူး။

ဇီရုန်ကိုသူဆူလိုက်ရမလား? ဆူလိုက်ပြန်ရင်လည်း သူကဘယ်တော့မှနောင်တရမှာမဟုတ်တာကြောင့် အဲ့ဒါကလည်းအသုံးမဝင်ပြန်ဘူး!

သူ့ကိုပဲရိုက်လိုက်ရမလား? တစုံတယောက်ကိုချစ်တာက အမှားတစ်ခုမဟုတ်ပေ။ သူချစ်မိသွားတဲ့လူက မသင့်လျော်ဘူးဆိုပေမယ့် ထိုအကြောင်းပြချက်တစ်ခုတည်းနဲ့ ဇီရုန်ကိုသူမရိုက်နိုင်ဘူး။

ဇီရုန်အားသူဖျောင်းဖျဖို့သာ တတ်နိုင်ပေမယ့် ဇီရုန်ကဘယ်လောက်ခေါင်းမာလည်းဆိုတာ သိထားတာကြောင့် ဇီရုန်အားသူဖျောင်းဖျနိုင်မယ်လို့လည်း မထင်မိဘူး။

ခဏလောက်တွေးတောပြီးနောက် ဒီကိစ္စကြီးကို ရွှီဇီယန် လျစ်လျူရှုရန်သာတတ်နိုင်တော့သည်။

သူ့အပေါ်ထားသည့် ရွှီဇီရုန်၏ခံစားချက်တွေက ဘာမှမဟုတ်ဘဲ အထီးကျန်ဆန်လို့သာ ဒီလိုခင်တွယ်မှုတွေဖြစ်ပေါ်လာတယ်လို့ သူယုံကြည်သည်။ သူကလည်းသူ့ညီလေးကို အရမ်းအလိုလိုက်ထားတာကြောင့် နားလည်မှုလွဲသွားတာဖြစ်လိမ့်မည်။

သူ့အရင်ဘဝတုန်းကတောင် ရွှီဇီရုန်က ပိုင်ဟွကိုတောင် မချစ်ခဲ့တာကြောင့် သူကယောင်္ကျားတွေကို စိတ်မဝင်စားဘူးလို့ လက္ခဏာပြနေခြင်းပင်ဖြစ်သည်။ အကယ်၍ သူသာနူးညံ့ပြီးသိမ့်မွေ့သည့်မိန်းကလေးတစ်ယောက်ကိုရှာပြီး ရွှီဇီရုန်နဲ့တွေ့ပေးလိုက်ပါက ဇီရုန်ဟာသူ၏အာရုံတွေကို သူ့ဆီကနေဆုတ်ခွာသွားမယ်မဟုတ်ဘူးလား?

ရွှီဇီယန်သေချာတော့မပြောနိုင်ပေမယ့် ရွှီဇီရုန်က၁၇နှစ်အရွယ်သာရှိသေးတာကြောင့် အချစ်ဆိုတာဘယ်လိုလဲဆိုတာကို သူရှင်းလင်းစွာမသိဘူးလို့ ရွှီဇီယန်တွေးမိလိုက်သည်။ သူကသူ့အကိုအပေါ်ထားသည့်၅၂၈အချစ်ကို ၁၅၀၀အချစ်အဖြစ် မှတ်ယူလိုက်တာဖြစ်လိမ့်မည်။ အဲ့ဒီထင်ယောင်ထင်မှားတွေက မကြာခင်ပျောက်ကွယ်သွားလိမ့်မည်။

ထို့နောက်မှာတော့ ရွှီဇီယန်ဘာမှမလုပ်လိုက်ပေမယ့် ရွှီဇီရုန်၏ပခုံးတွေကို ပွတ်ပေးလိုက်တာကြောင့် ရွှီဇီရုန်၏ရင်ထဲက ဒေါသတွေကိုငြိမ်းသွားစေသည်။

သူ့ကိုကို၏လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ရွှီဇီရုန်အမြဲတမ်းစိတ်ရှည်သည်။ သူ့ကိုကိုက ထိုအရာကိုပေါ့ပေါ့တန်တန်သာ သဘော‌ထားဖို့ကြိုးစားနေတယ်ဆိုတာ သူသိပြီး အနှေးနဲ့အမြန် သူ၏ခံစားချက်တွေက ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာ သူ့ကိုကိုသဘောပေါက်လာလိမ့်မည်။

သူ၁၈နှစ်ပြည့်ဖို့ နှစ်လလောက်လိုသေးပေမယ့် သူကအရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီးပြီဖြစ်သည်။ ဒီနှစ်လအတွင်း သူ့ကိုကိုက သူ၏လေးနက်သည့်ချစ်ခြင်းမေတ္တာတွေကို ခံစားရလိမ့်မယ်ဆိုတာ သူသေချာသိသည်။

"ကိုကို သွားကြစို့လေ အခြေချဖို့ အရင်ဆုံးနေရာသွားရှာရအောင် ဒီနေရာက မိစ္ဆာနယ်မြေဖြစ်တာကြောင့် ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် အန္တရာယ်ဖြစ်လာနိုင်တယ်" သူ၏အတွေးတွေကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်ပြီး နူးညံ့ပြီးအန္တရာယ်မပြုသည့် ညီတစ်ယောက်အဖြစ် ရွှီဇီရုန်ပြန်လည်ဟန်ဆောင်လိုက်သည်။

#TK