Chapter 119
Viewers 23k

Chapter 119


ရွှီဇီယန် တိတ်တဆိတ်ပဲ ခေါင်းညိတ်လိုက်ပြီး မိစ္ဆာနယ်မြေက ဘယ်လိုနေရာမျိုးလည်း သူမသိပေမယ့် ပတ်ဝန်းကျင်အနေအထားကို ကြည့်ရရင်တော့ အေးချမ်းသည့်ကောင်းကင်ဘုံတော့ မဖြစ်နိုင်ပေ။


ဇီရုန်၏ခံစားချက်တွေကို နောက်ကျမှသာ သူဆွေးနွေးရမည်ဖြစ်တာကြောင့် ဒီလိုနေရာမျိုးမှာ သူတို့အသက်တွေကို စွန့်လွှတ်လိုက်ပါက ဘာမှအသုံးဝင်မှာမဟုတ်ဘူး။


"ဝေါ်!" သူ၏သားကောင်လွတ်သွားမှန်း သဘောပေါက်လိုက်တာကြောင့် မျက်စိသုံးလုံးနဲ့ ပုတ်သင်ညိုဟာ ချော်ရည်ထဲကနေ သူ၏ခေါင်းကိုမော့လိုက်ပြီး ကြီးမားသည့်မီးလုံးကို ပစ်လိုက်သည်။


ရွှီဇီရုန်၏အမူအရာကမပြောင်းလဲပဲ မြေကြီးထဲကနေ သွေးနွယ်ပင်တွေပေါ်ထွက်လာပေမယ့် ပတ်ဝန်းကျင်အနေအထား၏အကျိုးသက်ရောက်မှုကြောင့် ဒီအချိန်မှာတော့ သွေးနွယ်ပင်တွေဟာ တစ်ဝက်လောက်သာထူလှသည်။


ကြီးမားသည့်မီးလုံးဟာ သူတို့နှစ်ယောက်အရှေ့သို့ လျင်မြန်စွာရွေ့လျားလာပြီး မီးလျှံပုတ်သင်ညိုဟာ များပြားသည့်မီးလုံးတွေကို အဆက်မပြတ်ပစ်ကာ ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့အား သူ၏တိုက်ခိုက်မှုထဲသို့ ဆွဲသွင်းလိုက်သည်။


ရွှီဇီရုန်၏သွေးနွယ်ပင်တွေက မီးလုံးအားအဝေးသို့ ဖယ်ထုတ်လို့မရပဲ ပြာအဖြစ်လို့လောင်ကျွမ်းသွားသည်။ ရွှီဇီရုန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး နောက်ထပ် သွေးနွယ်ပင်တွေကို ထုတ်လိုက်ပေမယ့် မီးလုံး၏ပထမဆုံးတိုက်ခိုက်မှုကို ခုခံရုံသာတတ်နိုင်လိုက်သည်။


"ဒီနေရာက တောကောင်တွေရဲ့တိုက်ခိုက်မှုက အရမ်းကိုစွမ်းအားကြီးတယ် အားလုံးပဲဂရုစိုက်ကြ" သွေးနွယ်ပင်တွေ အလွယ်တကူလောင်ကျွမ်းသွားတာကို ရွှီဇီယန်မြင်လိုက်ပြီးနောက် ကျန်ရင်းအားဂရုစိုက်ရန် လျင်မြန်စွာသတိပေးလိုက်သည်။


ကျန်ရင်းမျက်လုံးတွေလင်းလက်သွားပြီး မေ့မြောနေသည့်ဖန့်ထျန်းရွေ့အား သူ၏ကျောပေါ်၌တင်လိုက်ရင်း မပြုတ်ကျစေရန် ဖန့်ထျန်းရွေ့အား ခါးပတ်နဲ့ချည်ထားလိုက်သည်။ သူ၏ကြာပွတ်ကို လှုပ်ခါလိုက်ပြီး မီးလုံးတွေဆီသို့ လျင်မြန်စွာရိုက်လိုက်သည်။


ရွှီဇီယန် သူ၏လေးကိုထုတ်လိုက်ပြီး သူ၏အပြာရောင်မိုးကြိုးသွားမြှားတွေကို အသုံးပြုကာ မီးလျှံပုတ်သင်ညိုကိုပစ်လိုက်ပေမယ့် အားနည်းသွားခြင်းမရှိပေ။ ကျယ်လောင်သည့်အသံထွက်ပေါ်လာပြီး သူတို့တွေဆီသို့ သူပြေးလာပြီး သူ၏အမြှီးဖြင့်လှုပ်ယမ်းလိုက်သည်။


သူတို့တွေက မီးလျှံပုတ်သင်ညိုအား သေချာမမြင်ရသေးပေမယ့် ထိုအကောင် ၁၀မီတာကျော်ရှည်လျားပြီး သူ၏နောက်ကျောဘက်က ဖန်ကဲ့သို့ကြေးခွံတွေဟာ ခပ်ရေးရေးအနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


မီးလျှံပုတ်သင်ညို၏တိုက်ခိုက်စွမ်းရည်ဟာ အထင်ကြီးစရာကောင်းလှပြီး သူ၏ချွန်ထက်လှသည့်သွားတွေကလည်း အလွန်အန္တရာယ်များလှသည်။ သူ၏ထူလှပြီးကြီးမားသည့်အမြှီးဖြင့် မြေပြင်အားရိုက်လိုက်သည့်အချိန်၌ မြေပြင်ဟာချက်ချင်း အက်ကြောင်းအနည်းငယ်ဖြစ်ပေါ်လာတော့သည်။


ရွှီဇီယန်၏မိုးကြိုးသွားမြှားတွေ၏အကျိုးသက်ရောက်မှုဟာ အရေးနိမ့်နေပြီး မီးလျှံပုတ်သင်ညို၏ထူလှသည့်ချပ်ဝတ်တန်‌ဆာဟာ အတော်လေးကောင်းမွန်လှသည်။


"ငါတိုက်ခိုက်ဖို့လုပ်လိုက်မယ်!" ရွှီဇီယန်အော်လိုက်ပြီး သူလက်ထဲကမြှားတွေကို တစ်ချောင်းပြီးတစ်ချောင်းပစ်တော့သည်။ မီးလျှံပုတ်သင်ညိုကို သူတို့တွေ ထိခိုက်အောင်မလုပ်နိုင်ပေမယ့် သူ၏ဒေါသကိုတော့ သူတို့တွေအောင်မြင်စွာ နိုးဆွနိုင်လိုက်သည်။


‌ဒီလိုအခြေအနေမျိုး၌ ရွှီဇီရုန် သူ၏သွေးနွယ်ပင်တွေကို အသုံးပြုဖို့မသင့်တော်ပေ။ ရွှီဇီယန်၏အနောက်သို့ ပြန်ဆုတ်ရန်သာတတ်နိုင်ပြီး ရွှီဇီယန်အားကာကွယ်ပေးထားသည်။


မီးလျှံပုတ်သင်ညိုဟာ မြေပြင်အား သူ၏လက်သည်းတွေဖြင့် ကုတ်ခြစ်လိုက်ပြီး ရွှီဇီယန်ဆီသို့ ချက်ချင်းပြေးထွက်သွားသည်။ ရွှီဇီယန်လျင်မြန်စွာ အနောက်ဘက်သို့ဆုတ်လိုက်ပြီး သူ၏ကြီးမားသည့်ပါးစပ်ထဲက ချွန်ထက်လှသည့်သွားတွေကို ရှောင်ရှားလိုက်သည်။


"သတိထား!" ကျန်ရင်းအော်လိုက်ပြီး ရွှီဇီယန်အား တိတ်တဆိတ်တိုက်ခိုက်လာသည့် များပြားသည့်မီးလုံးတွေကို သူ၏ကြာပွတ်ဖြင့်ရိုက်ထုတ်လိုက်သည်။


ထိုအရာကိုမြင်ပြီးချိန်၌ ရွှီဇီယန်၏အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ မီးလျှံပုတ်သင်ညိုက ဘာမန္တန်မှမသုံးပဲနဲ့တောင် သူ့အားအကျပ်အတည်းဖြစ်စေနိုင်တယ်ဆိုတော့ အဲ့ဒီအဓိပ္ပါယ်က…


"မြန်မြန်ပြန်ဆုတ်ကြ!" ချော်ရည်ထဲကနေ ထွက်ပေါ်နေသည့် မျက်စိသုံးလုံးနဲ့ခေါင်းတွေအား ရွှီဇီယန်ကြည့်လိုက်ရင်း မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။ ဒီမနက်က‌မှ သူအပြင်းအထန်တိုက်ပွဲဝင်ခဲ့တာကြောင့် ဆုံးရှုံးသွားသည့်စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ရယူဖို့အချိန်မရှိတော့ဘူး


အကယ်၍ ဒီနေရာမှာ မီးလျှံပုတ်သင်ညိုတစ်ကောင်တည်းသာဆိုရင် ဇီရုန် ဒါမှမဟုတ် ကျန်ရင်းနဲ့ ပူပေါင်းကာ သူသတ်နိုင်လိမ့်မည်ဖြစ်ပေမယ့် လက်ရှိမှာတော့ သူ၏မြင်ကွင်းထဲ၌ မီးလျှံပုတ်သင်ညို အကောင်၂၀လောက်ရှိနေသည်။


မြန်မြန်ဆုတ်ခွာရန် ရွှီဇီယန်ဆုံးဖြတ်လိုက်သည်။ ဖန့်ထျန်းရွေ့ကလည်းမေ့မြောနေတာဖြစ်ပြီး သူတို့သုံးယောက်ဟာ မီးလျှံပုတ်သင်ညိုတွေကို သွားရင်ဆိုင်ပါက သူတို့၏အသက်တွေပေးရလိမ့်မည်။


ကံကောင်းစွာ မီးလျှံပုတ်သင်ညိုတွေက လျင်မြန်စွာမလှုပ်ရှားပဲ သူတို့တွေက စုဝေးနေထိုင်သည့် တိရိစ္ဆာန်တွေမဟုတ်ပဲ အမဲလိုက်ဖို့အတွက် တစ်ကောင်နဲ့တစ်ကောင်ပူးပေါင်းခြင်းသာဖြစ်တာကြောင့် ပုတ်သင်ညိုတွေ‌ဆီကနေ သူတို့တွေလွယ်ကူစွာ လွတ်မြောက်သွားတော့သည်။ ရွှီဇီယန်တောင်မှ မီးလျှံပုတ်သင်ညိုကို သတ်ဖြတ်ဖို့ ရုတ်တရက် တန်ပြန်တိုက်ခိုက်မှုကိုသာ အသုံးပြုလိုက်ရသည်။


အချိန်အကြာကြီးပျံသန်းလာပြီးနောက် ‌ဓားပျံပေါ်မှသူတို့တွေ၏စွမ်းရည်တွေက ဆုတ်ယု‌တ်နေပြီး ပင်ပန်းနွမ်းနယ်နေကြသည်။


သူတို့တွေကတကယ့်ကို ကံဆိုးကြပြီး မီးလျှံပုတ်သင်ညိုအား ရှင်းပစ်ရန် သူတို့တွေအချိန်အကြာကြီးယူခဲ့ရပြီးနောက် ပျံသန်းလာသည့်အချိန်၌ သူတို့တွေဟာ ဇီးကွက်အုပ်စုနဲ့ အမှတ်မထင်တွေ့ကြပြန်သည်။


အဲ့ဒီဇီးကွက်အုပ်စုတွေက အပေးအယူလုပ်ဖို့ အတော်ခက်ခဲလှသည်။ သူတို့ကစွမ်းအားမကြီးဘူးဆိုပေမယ့် ပျံသန်းရာတွင်အလွန်မြန်ဆန်လှသည်။ သူတို့တွေ ရွှီဇီယန်နောက်သို့ လိုက်နေချိန်၌ အုပ်စုပိုကြီးမားအောင် သူတို့တွေ၏သူငယ်ချင်းတွေအား ခေါ်ကြလေသည်။


နောက်ပိုင်းမှာတော့ ရွှီဇီရုန်ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် သူတိတ်တဆိတ် မမြင်နိုင်သည့် သွေးပင့်ကူအိမ်ကို ဖွင့်လိုက်သည်။ အဲ့ဒီသွေးတွေနဲ့ဖွဲ့စည်းထားသည့် စိတ်ဝိညာဉ်စွမ်းအင်တွေက ကောင်းမွန်ပြီးတော့ခိုင်ခံ့သည်။ သွေးအနည်းငယ်ဖြင့် သူထိုပိုက်ကွန်အား သူဖန်တီးနိုင်သည်။ ပျံသန်းလာသည့်ဇီးကွက်အားလုံးဟာ အပိုင်းပိုင်းတွေဖြစ်အောင် ဖြတ်တောက်ခံလိုက်ရပြီး နုပ်နုပ်စဉ်းခံရသည့်အသားတုံးတွေ ဖြစ်သွားသည်။


အမြန်ဆုံးပျံသန်းလာသည့် ဇီးကွက်ငါးကောင်လောက်က ကံမကောင်းဆုံးပင်ဖြစ်သည်။ သူတို့တွေက သူတို့၏ခန္ဓာကိုယ်တွေကိုအသုံးပြုကာ အရေပြားဆီသို့သတိပေးလိုက်သည်။ ကျန်ရှိနေသေးသည့် ဇီးကွက်တွေကလည်း ရွှီဇီယန်နဲ့အခြားလူ‌ေတွဆီသို့မကပ်ရဲတော့တာကြောင့် သူတို့တွေအား သွားခွင့်ပြုလိုက်တော့သည်။


"ဟူး ဟူး ငါမောသွားပြီ…" ကျန်ရင်းဟာ ယာယီဂူလေးထဲ၌ ပစ်လှဲလိုက်ရင်း အမောတကောပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း ချွေးတွေဖြင့်ရွှဲနေသည်။ ဖန့်ထျန်းရွေ့ကိုကတော့ သူ့လက်မောင်းတွေထဲထည့်ပြီး ကာကွယ်ထားခဲ့တာကြောင့် ဘာဒဏ်ရာမှမရ‌သွားပေ။


ရွှီဇီယန်ကလည်း ချွေးတွေနဲ့စိုရွှဲနေပြီး သူ၏ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေ အားလုံးကိုအသုံးပြုလိုက်ပြီး သူ၏အလွန်အကျွံသုံးစွဲမှုကြောင့် သူ၏ခန္ဓာကိုယ်ထဲကကျင်းလော့ပင် နာကျင်နေပြီဖြစ်သည်။


ရွှီဇီရုန်၏အခြေအနေကတော့ သူ့ထက်ပိုပြီးဆိုးဝါးနေပြီး သူကလွတ်မြောက်ခဲ့တယ်ဆိုပေမယ့် ရွှီဇီရုန်၏နောက်ဆုံးပေါက်ကွဲမှုက သူ၏ခန္ဓာကိုယ်ထဲက သွေး၏သုံးပုံတစ်ပုံကို အသုံးပြုလိုက်ရသည်။ သွေးပင်လယ်နှလုံးကျင့်စဉ်ကို အသုံးပြုပြီး သွေးပိုက်ကွန်ကို ဖန်တီးဖို့မခက်ခဲပေမယ့် ဇီးကွက်တွေ၏ထူလှသည့်အသားအရေတွေကို ဖြတ်တောက်နိုင်ဖို့ သူ၏စွမ်းအင်တွေအားလုံးကို အသုံးပြုခဲ့ရသည်။


ဇီးကွက်တွေက ချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိတာကြောင့် ဘယ်သူမှထိုတောကောင်တွေအား အထင်သေးလို့မရပေ။ ရွှီဇီရုန်မှာဘယ်လောက်ပဲ ပရိယာယ်တွေရှိနေပါစေ သူဘယ်လောက်ပဲသန်မာနေပါစေ စိန်ခေါ်ဖို့အတွက် တန်ဖိုးမပေးဆပ်ရပဲ ဘယ်လိုမှမဖြစ်နိုင်ဘူး။


"ဇီရုန် မင်းအဆင်ပြေရဲ့လား?" ရွှီဇီယန်မတ်တပ်ရပ်လိုက်ပြီး ရွှီဇီရုန်ဘေး၌ ဒူးထောက်ထိုင်လိုက်သည်။


ရွှီဇီရုန်ဟာသူ၏ချီပင်လယ်ထဲက စူးရှသည့်နာကျင်မှုကို တောင့်ခံလိုက်ပြီး သူ၏ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်ရင်း "ကျွန်တော်အဆင်ပြေပါတယ်"


ရွှီဇီရုန်အား ရွှီဇီယန်စိုးရိမ်စွာကြည့်လိုက်ပြီး အကယ်၍ ဇီရုန်ကမပြောဘူးဆိုရင်တောင် သူဒီလောက်ထိအားနည်းနေတာ ရွှီဇီယန် ဘယ်လိုလုပ်မသိပဲနေမှာလဲ? သူ၏လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး မျှော်လင့်ချက်မရှိသလို ခံစားနေရကာ နံရံအားလက်သီးဖြင့်ထိုးလိုက်ချင်တော့သည်။


မီးခိုးရောင်တောင်မျက်နှာကျောက်တုံးပေါ်က ဂူလေးထဲ၌ သူတို့တွေယာယီပုန်းအောင်းနေကြသည်။ ဝင်ပေါက်အား လွယ်ကူစွာရှာဖွေလို့မတွေ့နိုင်အောင် ပါးနပ်စွာထိုဂူအားရွေးချယ်ထားခြင်းဖြစ်သည်။ လိုက်ခံရပြီး အခုလေးတင်လွတ်မြောက်သွားပြီးနောက် ဒီမိစ္ဆာနယ်မြေ၏ပတ်ဝန်းကျင်ဟာ ကြမ်းတမ်းလှပေမယ့် ဒီနေရာ၌ များပြားသည့်အရှိန်အဝါတွေရှိပြီး ချီလင်မျှော်စင်နဲ့တူညီတယ်ဆိုတာ ရွှီဇီယန်တွေ့ရှိသွားသည်။


ရုတ်တရက် သူ၏စိတ်ထဲ၌ အစီအစဉ်တစ်ခုစဉ်းစားမိလိုက်သည်။ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ရောက်ရှိရန် သူဘယ်လောက်မှမလိုတော့ပေ။ လက်ရှိမှာသူတို့တွေက ဘာအကူအညီမှမရှိပဲ ဒီနေရာ၌ပိတ်မိနေပြီဖြစ်သည်။ တစုံတယောက်လာကယ်မှာကို မျှော်လင့်စောင့်ဆိုင်းနေမယ့်အစား ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ထိရောက်အောင် သူကျင့်ကြံလိုက်တာပိုကောင်းသေးသည်။


ရွှီဇီရုန်ဟာ ဂူဝင်ပေါက်၌ ယာယီအခင်းအကျင်း အသေးစိတ်ပြင်ဆင်ထားပေမယ့် အကျိုးသက်ရောက်မှုက သာမန်အနေအထားသာရှိသည်။ လူသားကျင့်ကြံသူတွေမရှိတာကြောင့် တောကောင်တွေအား လှည့်စားရန်ပို၍အဆင်ပြေလေသည်။


ဇီရုန်၏ယုန်ကလည်း အစကနေအဆုံး လှုပ်ရှားခြင်းမရှိတော့ပဲ ဇီရုန်၏ပခုံးတွေ၌ လဲလျောင်းနေပြီး မုန်လာဥကိုသာ စားနေဆဲဖြစ်သည်။ ရွှီဇီယန်စိတ်ဓာတ်ကျနေပေမယ့် သူဘာအကူအညီမှမပေးနိုင်ပေ။


ရွှီဇီရုန်အား သူ၏ဒဏ်ရာတွေကုသဖို့အတွက် ဆေးတိုက်လိုက်ပြီးနောက် သူအိပ်ပျော်သွားတာကြည့်နေရင်း ရွှီဇီယန်၏နှုတ်ခမ်းတွေတင်းကျပ်သွားပြီး ရွှီဇီရုန်၏သွေးပြန်ကြောတွေကို လေးနက်စွာကြည့်နေပြီး သူ၏လက်တွေဖြင့်ထိကြည့်လိုက်သည်။


ထိုအရာကိုမြင်လိုက်ပြီးနောက် ကျန်ရင်း၏မျက်ခုံးတွေ ပင့်တက်သွားပြီး ထို့နောက်သူ၏မျက်လုံးတွေကို အောက်သို့ပြန်နိမ့်ချလိုက်ရင်း သူဘာမှမမြင်သလိုသာ ပြုမူလိုက်သည်။ 


ရွှီညီအကိုတွေကြားက ကိစ္စတွေနဲ့ပတ်သက်ပြီး သူဝင်ပါလို့မရပေ။ ဘယ်လိုအကျိုးရလဒ်ပဲထွက်ပေါ်လာပါစေ အခြွေအရံတစ်ယောက်အနေနဲ့ သူဝင်ရောက်စွက်ဖက်လို့မရပေ။


ရွှီဇီယန်၏အပြုအမူကြောင့် ဖန်မောင်ကအနည်းငယ်အံ့ဩသွားပေမယ့် ရွှီဇီယန်အားတားဆီးတာမျိုး သူဘာမှမလုပ်ပဲ မုန်လာဥကိုသာ တည်ငြိမ်စွာစားနေသည်။


ရွှီဇီယန်အနည်းငယ်မလွယ်ကူသလို ခံစားနေရသည်။ ဇီရုန်၏အသားအရေကို သူ၏လက်ချောင်းတွေနဲ့ ထိကြည့်လိုက်ပေမယ့် စိတ်ဝိညာဉ်စွမ်းအင်တွေကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်အား စူးစမ်းရှာဖွေရန် သူ့စိတ်ထဲ၌ ဆုံးဖြတ်ချက်မချနိုင်သေးပေ။


ခဏလောက်အကြာမှာတော့ သူ၏လက်ကိုပြန်ရုပ်လိုက်ပြီး ရွှီဇီရုန်အားကြည့်နေသည့် သူ၏အကြည့်တွေက အလွန်ကိုရှုပ်ထွေးနေသည်။


အကယ်၍ ရွှီဇီရုန်နိုးနေပါက သူ၏ခန္ဓာကိုယ်ထဲက မူမမှန်မှုကို ဖုံးကွယ်လိမ့်မယ်ဖြစ်ပေမယ့် လက်ရှိမှာ သူကအိပ်ပျော်နေပြီဖြစ်တာကြောင့် သူ၏ခန္ဓာကိုယ်ထဲက သွေး၏မူမမှန်မှုကို ရွှီဇီယန်ချက်ချင်းသတိထားမိလိုက်သည်။


အတွင်းထဲမှာ ရွှီဇီယန်ရုန်းကန်နေရပြီး ဘာလုပ်ရမလဲဆိုတာ သူမသိတော့ပေ။ ဇီရုန်၏ကံကြမ္မာကို သူပြောင်းလဲခဲ့တာတောင် ဇီရုန်ကဘာလို့များ သွေးပင်လယ်နှလုံးကျင့်စဉ်အား ကျင့်နေသေးလည်းဆိုတာ သူနားမလည်နိုင်တော့ဘူး။


ရွှီဇီယန်တုံးတာတော့မဟုတ်ပေမယ့် ဇီရုန်ကသူ့အားလိမ်ထားမယ်လို့ သူဘယ်တုန်းကမှမတွေးခဲ့မိတာကြောင့်ဖြစ်သည်။ ထို့အပြင် သူနားမလည်သေးတာက ဇီရုန်ဟာမြွေတွင်းထဲသို့ မပြုတ်ကျခဲ့‌တာတောင် သူဘယ်နေရာကနေ သွေးပင်လယ်နှလုံးကျင့်စဉ်အားရရှိခဲ့တာလဲ?


သက်ပြင်းရှည်ချလိုက်ရင်း ဇီရုန်အပေါ်၌ ရွှီဇီယန်၏ခံစားချက်တွေ ပိုပြီးရှုပ်ထွေးလာတော့သည်။ သူကံကောင်းတယ်ခံစားမိသည့် တစ်ခုတည်းသောအရာကတော့ ဇီရုန်ကသွေးပင်လယ်နှလုံးကျင့်စဉ်အား ကျင့်ကြံပြီးတာတောင် သူဘယ်တော့မှ အပြစ်မဲ့လူတွေကိုမသတ်ခဲ့ပေ။


ဒီတော့ဇီရုန်က မိစ္ဆာကျင့်ကြံသူမဖြစ်သေးဘူးလို့ ဆိုလိုတာပဲမဟုတ်ဘူးလား?


လော့တကျောင် သူ့အားပြောပြခဲ့တာကို ပြန်လည်တွေးတောပြီးနောက် သူမကျရှုံးသေးပါဘူးဆိုပြီးတော့ ရွှီဇီယန် သူ့ကိုယ်သူဖြေသိမ့်နေသည်။


သူသတိမထားမိစဉ်မှာပင် သူ့ညီလေးက မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေပြီဖြစ်ပြီး သူ့ညီလေးက သူ၏စိတ်‌သဘောထားတွေပြောင်းလဲသွားပြီး သူ့အားချစ်နေသည်…


(ノ`⌒´)ノ┫:・┻┻ငါကိုယ်တိုင်ပျိုးထောင်လိုက်မှ ငါ့ညီက ပိုပြီးကျရှုံးသွားတယ်လို့ ခံစားနေရတယ်!!!


ဘေးနားကကျန်ရင်း၏ထိတ်လန့်နေသည့် အမူအရာတွေကို ရွှီဇီယန်လျစ်လျူရှုလိုက်ရင်း မခံမရပ်နိုင်ဖြစ်ပြီး သူ၏ခေါင်းနဲ့နံရံကို အကြိမ်အနည်းငယ်လောက် တိုက်ဆောင့်လေတော့သည်။ ထို့နောက်မှာတော့ သူ၏မျက်နှာကို အားတက်သရောသုတ်လိုက်ပြီး သူတွေးလိုက်ကာ — ဒီလိုဂေးလောကကြီးကို ဝိညာဉ်ကူးပြောင်းလာပြီးနောက် သူအရာအားလုံးကိုလျစ်လျူရှုနိုင်သေးတာပဲ ဒီလျှို့ဝှက်ချက်လောက်ကတော့ သူဘယ်လိုလုပ် လျစ်လျူမရှုပေးနိုင်ရမှာလဲ?


အဲ့ဒါကသွေးပင်လယ်နှလုံးကျင့်စဉ်လေးပဲ မဟုတ်ဘူးလား? သူအဲ့ကျင့်စဉ်ကို သင်ကြားထားတယ်ဆိုရင်လည်း ကိစ္စမရှိဘူး! လက်နက်တစ်ခု၏ဖြစ်တည်မှုဟာ ထိန်းချုပ်သူအပေါ်၌သာ မူတည်တာကြောင့် ‌ဇီရုန်ကလည်း နတ်ဆိုးဆန်သည့်လုပ်ရပ်တွေ ဘာမှမပြုလုပ်ရသေးတာကြောင့် သူကသွေးပင်လယ်နှလုံးကျင့်စဉ်အား ကျင့်ကြံထားတယ်ဆိုရင်တောင် ဘာဘေးအန္တရာယ်မှ ဖြစ်လာမှာမဟုတ်ဘူး။


ဇီရုန်၏စိတ်သဘောထားအတွက်ကတော့ ဇီရုန်၏ခံစားချက်တွေက ရှုပ်ထွေးနေတယ်ဆိုတာ သူ‌ဆုံးဖြတ်ခဲ့ပြီးပြီမဟုတ်ဘူးလား? အနှေးနဲ့အမြန် မိန်းကလေးတွေ ပိုကောင်းတယ်ဆိုတာ သူသဘောပေါက်သွားမည်ဖြစ်ပြီး သူလမ်းမှန်သို့ပြန်ရောက်သွားလိမ့်မည်။


မိုးနတ်မင်းကြီးရယ် ခင်ဗျားကြီး ကျွန်တော့်ကို အရူးလုပ်လို့မရဘူးနော်! ကျွန်တော် ခင်ဗျားရဲ့ဇာတ်ညွှန်းအတိုင်းမသွားဘူး ဒီတော့ဘာဖြစ်လဲ?


ရွှီဇီယန်ကောင်းကင်ပေါ်သို့ ဒေါသထွက်စွာ လက်ခလယ်ထောင်ပြလိုက်ပြီး သူ၏ဘဝကို ဆက်လက်လျှောက်လှမ်းဖို့ ကြီးမားသည့်ဆုံးဖြတ်ချက်ချလိုက်သလို သူခံစားရသည်။


"ဟင်း…" ရွှီဇီရုန်သောက်လိုက်သည့်ဆေးက လော့တကျောင်ပြင်ပေးထားခြင်းဖြစ်သည်။ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ ဖော်စပ်ထားတာဖြစ်တာကြောင့် ထိုဆေးက သာမန်ဆေးမဟုတ်ပေ။ ခပ်ရေးရေးညည်းညူလိုက်ပြီး ရွှီဇီရုန် သူ၏အိမ်မက်ထဲကနေ ဖြည်းညင်းစွာ နိုးထလာသည်။ ဒီလောက်အချိန်အတွင်း သူ၏သွေးတွေကို ပြန်လည်ဖြည့်တင်းဖို့ သူမလုပ်နိုင်ပေမယ့် အနည်းဆုံး သူ၏ကျင်းလော့ကိုတော့ သူပြန်လည်ပြုပြင်နိုင်လိုက်သည်။


"ဇီရုန် မင်းဘယ်လိုခံစားရသေးလဲ?" ရွှီဇီရုန်နိုးလာသည့်အချိန်၌ ရွှီဇီယန်ချက်ချင်းပြေးသွားသည်။ သူ့ညီဖြစ်သူနဲ့ သူခပ်ဝေးဝေးနေချင်ပေမယ့် တစ်ချို့သောအကျင့်ဟောင်းတွေက ဖျောက်ဖျက်ရခက်ခဲလှသည်။


"ဟင်း…ကျွန်တော်အဆင်ပြေသွားပါပြီ" ရွှီဇီရုန်၏မျက်နှာက ဖြူရော်နေသေးပေမယ့် ရွှီဇီယန်၏စွမ်းရည်က သူ့ညီလေးအားလွှမ်းမိုးသွားအောင် အောင်မြင်လှုံ့ဆော်နိုင်ခဲ့သည့်ပုံစံဖြင့် ရွှီဇီရုန်ရုန်းကန်ပြီး အပြုံးတစ်ခုကိုဖန်တီး‌လိုက်သည်။


#TK