Chapter 120
Viewers 23k

Chapter 120


"နောက်တစ်ခါ…အရမ်းမကြိုးစားပါနဲ့" ရွှီဇီယန် သူ၏‌ခေါင်းအား အသာလေးပွတ်ပေးလိုက်ပြီး နူးညံ့စွာပြောလိုက်၏။

ရွှီဇီရုန်ကဖြေသိမ့်သည့် အပြုံးမျိုးပြရန်လိုလားပေမယ့် သူတစ်ခုခုအား ချက်ချင်းသဘောပေါက်သွားပြီး သူ၏အမူအရာဟာ သိသာစွာ ပြောင်းလဲသွားတော့သည်။

ရွှီဇီယန်၏လက်တွေတောင့်တင်းသွားပြီး ရွှီဇီရုန်ချက်ချင်း သူ၏ပုံစံကိုလျော့ချဖို့ ကြိုးစားလိုက်ရင်း သူ၏မျက်ခုံးတွေက အနည်းငယ်ပျော့ပျောင်းသွားသည်။

"ကိုကိုသိသွားပြီလား?" 

"အင်း" ရွှီဇီယန် အနည်းငယ်အပြစ်ရှိသလို ခံစားနေရသည်။

"ကိုကိုစိတ်ပျက်သွားပြီလား?" 

"အဟမ်း…အဲ့ဒါကျင့်စဉ်တစ်ခုပါပဲ ကောင်းတယ်၊မကောင်းဘူးဆိုတာက အသုံးပြုသူပေါ်မှာပဲမူတည်တာလေ"

"အင်း ကျွန်တော်နားလည်ပါပြီ" ရွှီဇီရုန် သူမျက်လုံးတွေကို နိမ့်လိုက်ပြီး သူ၏မျက်တောင်ရှည်တွေက သူ့မျက်လုံးတွေထဲက ပီတိဖြစ်မှုတွေကိုဖုံးကွယ်ထားသည်။

ဒီအချိန်၌ ရွှီဇီရုန်က အလွန်ကိုနုနယ်သေးတယ်လို့ ရွှီဇီယန်ခံစားမိတာကြောင့် သူ၏လက်မောင်းတွေကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ကိုကို ဇီရုန်ရဲ့လျှို့ဝှက်ချက်တွေကို မမေးပါဘူး ဒါပေမယ့် ဇီရုန်အပြစ်မဲ့တဲ့လူတွေကို မသတ်ပါဘူးလို့ ကိုကို့,ကိုတော့ကတိပေးရမယ်"

ရွှီဇီရုန် သူ၏ခေါင်းကို ဖြည်းညင်းစွာမော့လာပြီး သူ၏မျက်လုံးတွေ ကြယ်လေးတွေလို တောက်ပနေသည်။ သူ၏နှုတ်‌ခမ်းထောင့်တွေက မြင့်တက်သွားပြီး နူးညံ့စွာပြုံးလိုက်ရင်း "ကျွန်တော်ဘယ်တော့မှ အပြစ်မဲ့တဲ့လူတွေကိုမသတ်ပါဘူးလို့ ကျွန်တော် ကိုကို့,ကိုကျိန်ပြောရဲပါတယ်" သူကသူ့ကိုကိုအား ကတိပေးချင်တာကြောင့် 'အပြစ်မဲ့'ဆိုသည့်စကားလုံးကို ဖိပြောလိုက်သည်။

ရွှီဇီယန်သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ့ညီလေးက ယုံကြည်အားထားရသည့် လူတစ်ယောက်အဖြစ်ရှိနေတယ်ဆိုရင် လုံလောက်ပြီဖြစ်ပြီး သူဟာသူ၏အကို,ကိုချစ်နေတာကလွဲရင် ကောင်းမွန်သည့် ညီတစ်ယောက်အဖြစ် ဘေးနားမှာရှိနေဆဲဖြစ်သည်။

ရွှီဇီယန်၏အခြေအနေက ပိုမိုကောင်းမွန်သွားပြီး ရွှီဇီရုန်၏အခြေအနေကလည်း သိပ်ပြီးမဆိုးလှပေ။

အပြစ်မဲ့တဲ့လူတွေကို မသတ်ရဘူးဆိုတာက အလွန်ကိုပြောင်းလဲလွယ်သည့် စည်းမျဉ်းပင်ဖြစ်သည်။ ရွှီဇီရုန်က သွေးဆာသည့်လူမျိုးမဟုတ်တာကြောင့် ထိုစည်းမျဉ်းက သူ့အတွက်ဘာပြဿနာမှမရှိပေ။

သူသတ်မည့်စာရင်းတွေထဲက ပစ်မှတ်တွေဟာ ဘယ်‌တော့မှ'အပြစ်မဲ့'သည့်လူတွေမဟုတ်ဘဲ သူ့ကိုကိုအား စိတ်ဝင်စားမိလို့ သူ့ကိုလိပ်မပြာလုံအောင် လာလုပ်သည့် ထျန်းယွီဂိုဏ်းက ပိုင်ဟွလိုလူမျိုးပေါ့။

ကျန်ရင်းဟာတိတ်တဆိတ် ဘေးဘက်သို့ သူ၏ခေါင်းကိုလှည့်လိုက်သည်။ သူ့သခင်၏အကိုက အရမ်းတုံးလွန်းလို့ သူတည့်တည့်တောင်မကြည့်ရဲတော့ဘူး…ဒါပေမယ့် အဲ့ဒါကအခြေအနေကို ပိုမိုကောင်းမွန်သွားစေပြီး အကယ်၍ သူ့သခင်၏အကိုက တော်တဲ့လူဖြစ်ပြီး သူဆက်ပြီးအတွေးများနေရင်တောင် သူတို့တွေကြားမှာ ကောင်းသည့်အရာတွေဖြစ်လာမှာမဟုတ်ဘူး။

သူနဲ့ဖန့်ထျန်းရွေ့လိုပဲပေါ့ အကယ်၍ ဖန့်ထျန်းရွေ့သာ ရိုးသားစွာပြတ်ပြတ်သားသား မရှိခဲ့ဘူးဆိုရင် နူးညံ့သည့်ကျန်ရင်းရော၊ နတ်ဆိုးကျန်ရင်းပါ သူ၏အာရုံကိုဆွဲဆောင်နိုင်ဖို့ နည်းလမ်းရှိမည်မဟုတ်တော့ပေ။

ကျန်ရင်း ထိုသူ့အား သူ၏လက်မောင်းတွေထဲ၌ တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ခါးသပ်စွာပြုံးလိုက်သည်။ နတ်ဆိုးကျန်ရင်းက ရူးရူးမိုက်မိုက်တွေ မပြုလုပ်ပေမယ့် ထိုနေ့ကအကြောင်းအရာကိုတော့ သူဖြေရှင်းဖို့လိုသေးသည်။ ဖန့်ထျန်းရွေ့မေ့မြောနေချိန်၌ ဘာလုပ်ရမလဲဆိုတာ သူသိနေသေးပေမယ့် အကယ်၍ သူနိုးလာခဲ့ရင် ထိုနေ့ကအကြောင်းအရာနဲ့ပတ်သက်ပြီး သူဘယ်လိုရှင်းပြရမလဲဆိုတာ ကျန်ရင်းတကယ်မသိတော့ပေ။ ထို့အပြင် သူတို့တွေက နှစ်ကိုယ်တူသွေးစာချုပ်ကို ပုံဖော်ထားပြီးဖြစ်တာကို ရှင်းပြဖို့ကလွဲရင် သူ့အတွက်ဘာနည်းလမ်းမှမရှိတော့ဘူး။

ကံကောင်းစွာ ဒီလိုအခြေအနေတွေ၌ ဖန့်ထျန်းရွေ့ထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့ရမည်မဟုတ်ပေ။ ဒီအချိန်ကိုအသုံးချပြီး သူတို့တွေ၏ဆက်ဆံရေး ပိုပြီးတိုးတက်လာအောင် ကျန်ရင်းပြုလုပ်ရမည်။

အဲ့ဒီအကြံကိုတွေးကြည့်လိုက်ပြီးနောက် မိစ္ဆာ‌နယ်မြေထဲသို့ ဆွဲခေါ်ခံလာရတာလည်း အရမ်းကြီးမဆိုးလှဘူးပဲလို့ ကျန်ရင်းရုတ်တရက်တွေးလိုက်သည်…

**********

သူတို့တွေက ဒီလိုထူးခြားတဲ့ပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီး အချိန်မရွေး အန္တရာယ်နဲ့ရင်ဆိုင်တွေ့နိုင်တာကြောင့် ရွှီဇီရုန်အား ရွှီဇီယန်အံ့အားသင့်စွာ သည်းခံလေသည်။ ရွှီဇီရုန်က သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံထားပြီး သူ့အားချစ်နေတာကိုတောင် ရွှီဇီယန်ဟာ သဘောထားကြီးကြီးဖြင့် လက်ခံထားပေးသည်။

အဲ့ဒီအကြောင်းအရင်းတွေက ပတ်ဝန်းကျင်ကြောင့်ဆိုပေမယ့် ထိုအရာက ရွှီဇီရုန်အားပျော်ရွှင်သွားစေသည်။

ဒီအချိန်၌ သူကလည်းကျန်ရင်းလိုမျိုးပဲ တူညီသည့်အကြံမျိုးရှိနေသည်။ ပူခေါင်းဆောင် သူတို့တွေကို ဒီနေရာသို့ပို့လိုက်တာက ကံကောင်းသွားသည်။ အကယ်၍ သူတို့တွေသာအပြင်မှာဆိုရင် သူဘာတွေးနေလည်းဆိုတာ သိသွားပြီးနောက် သူ့ကိုကိုကတစ်ခါတည်း ထွက်ပြေးသွားလိမ့်မည်။

ဒါပေမယ့် ဒီလိုအန္တရာယ်များသည့်နယ်မြေမှာတော့ သူတို့တွေလေးယောက်သာ တစ်ကြိမ်လောက် လူကွဲသွားပါက ချက်ချင်းအန္တရာယ်ကျရောက်လာနိုင်တာကြောင့် သူ့ကိုကိုက သူ့အနားမှာ နေရုံကလွဲရင် ဘာနည်းလမ်းမှမရှိဘူး။

ရွှီဇီရုန်၏ပုံစံက အလွန်ကိုကောင်းမွန်နေပြီး သူပြန်လည်သက်သာလာပြီးနောက် သူ့ကိုကိုအား ပိုပြီးတော့ကြင်နာစွာ ဆက်ဆံလာတော့သည်။ သူတို့နေထိုင်သည့်ဂူထဲ၌ ရွှီဇီရုန် ကာကွယ်ရေးအခင်းအကျင်းတွေ အလွှာများစွာထားရှိထားသည်။ ရက်အနည်းငယ်လောက် ကြာသွားပြီးနောက် ထိုအရာဟာ ခိုင်ခံ့သည့်ကာကွယ်ရေးအနေအထားသို့ ပြောင်းလဲသွားသည်။

မိစ္ဆာနယ်မြေနဲ့ပတ်သက်ပြီး ရွှီဇီယန်ဘာမှမသိပေမယ့် ရွှီဇီရုန်ကတော့ ကျွမ်းကျင်စွာသိသည်။ သူတို့တွေက တစုံတယောက်၏အဆောင်ကြောင့် မိစ္ဆာနယ်မြေထဲသို့ အတင်းအကျပ်ဆွဲခေါ်ခံလာခြင်းဖြစ်သည်။ လမ်းညွှန်သည့်အဆောင်မရှိပါက သူတို့တွေဟာ မိစ္ဆာနယ်မြေနဲ့ အခြားသောနယ်မြေတွေကလမ်းတွေကို ဖြတ်သန်းပြီးသာ သွားရလိမ့်မည်။

မိစ္ဆာနယ်မြေတိုင်းမှာ များစွာသောလမ်းဆုံတွေရှိပေမယ့် အဲ့ဒီလမ်းဆုံတွေက ပုံသေမရှိတာကြောင့် သူတို့တွေကံကိုသာ အားကိုးရလိမ့်မည်။

မိစ္ဆာနယ်မြေ၌ တောကောင်တွေ၏ကျင့်ကြံခြင်းအဆင့်ဟာ အနိမ့်ဆုံး ချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိတာကြောင့် အကယ်၍ ရွှီဇီယန် နယ်မြေထဲကလမ်းဆုံတွေကို ရှာဖွေချင်ပါက သူ့ဆီမှာမယှဉ်နိုင်သည့် စွမ်းအားမျိုးရှိနေမှရမည်။

လက်ရှိမှာ သူနဲ့ရွှီဇီရုန်က အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့် ရောက်ရှိနေပြီးဖြစ်တာကြောင့် သူတို့‌တွေပိုပြီးကြိုးစားလိုက်ပါက ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို ရောက်ရှိသွားလိမ့်မည်။ အဲ့ဒီကျင့်ကြံခြင်းအဆင့်နဲ့သာဆိုရင် မိစ္ဆာနယ်မြေထဲ၌ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ စွမ်းအားရှိသွားလိမ့်မည်ဖြစ်သည်။

သုံးယောက်သာဆွေးနွေးပြီး နောက်ထပ်အစီအစဉ်အတွက် လျင်မြန်စွာဆုံးဖြတ်ချက်ချလိုက်သည်။ စွမ်းအားတိုးတက်လာဖို့က သူတို့တွေ၏ပထမဆုံးဦးစားပေးဖြစ်ပြီး သုံးယောက်သားစတင်ပြီး မိစ္ဆာနယ်မြေထဲ၌ တောကောင်တွေကို အမဲလိုက်ကြတော့သည်။

ဖန့်ထျန်းရွေ့နိုးလာခဲ့ပြီဖြစ်ပေမယ့် သူဟာအတော်လေးကို တိတ်ဆိတ်နေသည်။ သူဘာလို့ ဒီလိုအန္တရာယ်များသည့် ပတ်ဝန်းကျင်သို့ရောက်လာလဲဆိုတာ သူမေး‌မြန်းခြင်းမရှိပေ။

ရွှီဇီယန်ကလည်း အဲ့ဒီနှစ်ယောက်၏ကိစ္စတွေကို မမေးချင်သလို ရွှီဇီရုန်ကလည်း ဂရုမစိုက်ပေ။ ဖန့်ထျန်းရွေ့၏ကျန်းမာရေး ကောင်းမွန်သွားပြီဆိုတာ အတည်ပြုလိုက်ပြီးနောက် ရွှီဇီရုန်တွန့်ဆုတ်ခြင်းမရှိဘဲ သူတို့နှစ်ယောက်အား အပြင်သို့နှင်ထုတ်လိုက်သည်။

ရွှီဇီရုန်အနေနဲ့ သူ၏အခြွေအရံအား သေခိုင်းလိုက်ဖို့ မဖြစ်နိုင်ပေ။ ဒါကြောင့် ကျန်ရင်းကသူ၏ကိုယ်ပိုင်ဂူကို တူးဖော်ပြီးနောက် ရွှီဇီရုန်က သူတို့အတွက် ကာကွယ်ရေးအခင်းအကျင်းတွေ လုံလောက်ပြင်ဆင်ထားပေးသည်။

ရွှီဇီရုန်နဲ့နှစ်ယောက်တည်း ဖြစ်သွားသည့်အချိန်၌ ရွှီဇီယန် ကြီးမားသည့်ဖိအားကို ရုတ်တရက်ခံစားမိလိုက်သည်။ သူကဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ချင်ပေမယ့် ရွှီဇီရုန်က ‌သူ့အားရှောင်ရှားခွင့်မပေးပေ။

ရွှီဇီရုန် နောက်တစ်ခါ အတူတူပြန်အိပ်ဖို့ ကြိုးပမ်းသည့်အချိန်၌ ရွှီဇီယန်ပြင်းထန်စွာ ငြင်းဆန်လိုက်တော့သည်။

လာနောက်မနေနဲ့! အရင်တုန်းကတော့ သူ့ညီဖြစ်သူက သူ့အားချစ်နေတာကို ရွှီဇီယန်မသိသေးတာကြောင့် အဲ့ဒါကအဆင်ပြေခဲ့ပေမယ့် လက်ရှိမှာတော့ သူသိသွားပြီဖြစ်ပြီး သူတို့တွေအတူတူသာအိပ်ပါက သူတို့‌တွေ၏ချုပ်ထိန်းမှုက ကြီးမားသည့်စမ်းသပ်မှုဖြစ်လိမ့်မည်။

ရွှီဇီယန်အနေနဲ့ သူ့ညီဖြစ်သူက ရုတ်တရက်ကြီးလှုပ်ရှားသွားသည့် ထိုအပြုအမူကြောင့် သူထူးဆန်းစွာခံစားနေရဆဲဖြစ်ပြီး အကယ်၍ ဇီရုန်သာဒီလိုမျိုး ထပ်လုပ်ခဲ့ပါက သူ၏လူပျိုရည်ပျက်သွားလိမ့်မည်။

ရွှီဇီရုန်ကလည်း သူ့ကိုကိုအား ကြီးမားသည့်ဖိအားတွေမပေးချင်တာကြောင့် သူ့ကိုကို သူ့အားပြင်းထန်စွာ ငြင်းဆန်သည့်အချိန်၌ ရွှီဇီရုန်ဒေါသထွက်ခြင်းမရှိပေ။ သူကအရာအားလုံးကို ရှင်းလင်းအောင်ပြုလုပ်ထားပြီးဖြစ်ပေမယ့် သူ့ကိုယ်သူထိန်းချုပ်နိုင်ပါ့မလားဆိုတာတော့ မသေချာဘူး။

သူအရွယ်ရောက်သည့်အထိ အဲ့ဒီလိုအရာမျိုးတွေ မပြုလုပ်ရဘူးလို့ သူ့ကိုကိုပြောခဲ့တာကို သူမှတ်မိနေဆဲဖြစ်သည်။ သူ့ကိုကိုသာ သူ့အားနိုးကြွစေသည့်အရာတွေ မပြုလုပ်ဘူးဆိုရင် နှစ်လလောက်ကတော့ သူ၏ပြင်းပြတဲ့ဆန္ဒတွေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ သူယုံကြည်ချက်ရှိသည်။

သူ့ကိုကိုက သူသွေးပင်လယ်နှလုံးကျင့်စဉ်အား ကျင့်ကြံနေမှန်း သိထားပြီးဖြစ်တာကြောင့် သူတို့အမဲလိုက်ထွက်ချိန်၌ သွေးနွယ်ပင်တွေနဲ့ အကာအကွယ်ပြုလုပ်တာကို ရွှီဇီရုန်လက်လျော့လိုက်တော့သည်။

သွေးနွယ်ပင်တွေက သွေးပင်လယ်နှလုံးကျင့်စဉ်ကြောင့် ပြောင်းလဲသွားတယ်ဆိုပေမယ့် သူကအလယ်အလတ်မျိုးစေ့တွေကို လိုအပ်သေးသည်။ ဒီလိုမျိုးမီးနယ်မြေ၌ ရေဓာတ်ကရှားပါးတာကြောင့် သစ်သားကျင့်စဉ်အမျိုးအစားဟာ အလွန်ကိုတင်းကျပ်လှတာကြောင့် ရွှီဇီရုန် သူ၏စွမ်းရည်တွေကို ဖိနှိပ်ထားရသည်။

သွေးနွယ်ပင်တွေအား သယ်ဆောင်ပေးသူအဖြစ်ကို စွန့်လွှတ်လိုက်ပြီးနောက် သူကျင့်ကြံထားသည့် သွေးပင်နှလုံးကျင့်စဉ်၏စွမ်းအားရဲ့ အံ့အားသင့်စရာကောင်းသည့် တိုက်ခိုက်မှုကို စတင်အသုံးပြုလေတော့သည်။

မီးလျှံပုတ်သင်ညို သူတို့တွေလိုက်ခဲ့တာကို ဥပမာအနေနဲ့မှတ်ယူလိုက်ပြီး ဒီတစ်ကြိမ်မှာတော့ ရွှီဇီယန်နဲ့ရွှီဇီရုန် ပူးပေါင်းပြီးတိုက်ခိုက်တာကြောင့် ထိုအကောင်အား အချိန်ခဏလေးအတွင်း သတ်နိုင်သွားသည်။ ဒါပေမယ့် ရွှီဇီရုန်တိုက်ခိုက်မှုကို တစ်ခါလောက်သာ ထုတ်လွှတ်လိုက်ပြီးနောက် မီးလျှံပုတ်သင်ညိုဟာ တစ်ခဏအတွင်း သေဆုံးသွားပြီး ခြောက်သွေ့နေသည့် အလောင်းကောင်အဖြစ်သို့ စုပ်ယူခံလိုက်ရသည်။

မံမီပုတ်သင်ညိုအား ကြည့်လိုက်ရင်း ရွှီဇီယန်၏မျက်လုံးတွေ တွန့်သွားသည်။ ဝိညာဉ်ကူးပြောင်းလာပြီးနောက် သူ၏ခန္ဓာကိုယ်ဟာကောင်းမွန်တာကြောင့် ပါရမီရှိတဲ့အထဲမှာမှ ပါရမီအရှိဆုံးလို့ သူတွေးခဲ့ပေမယ့် ရွှီဇီရုန်၏တိုက်ခိုက်မှုကို မြင်လိုက်ပြီးနောက် ဇီရုန်ဟာသူ့ထက်ပိုပြီး အလွန်စွမ်းအားကြီးပါလားဆိုသည့် ရုတ်တရက် ပြင်းထန်သည့် အကျပ်အတည်းတစ်ခုကို သူခံစားလိုက်ရသည်…

အချိန်ကုန်လွန်လာသည်နှင့်အမျှ ဇီရုန်၏မျက်လုံးတွေထဲက နူးညံ့သည့်ချစ်ခင်ရင်းနှီးမှုဟာ ကြီးမားသည့်ပိုင်ဆိုင်လိုစိတ်အဖြစ်သို့ ကူးပြောင်းလာတော့သည်။ အရင်တုန်းကတော့ အဲ့ဒါဟာသူ့ညီ၏ပိုင်ဆိုင်လိုစိတ်အဖြစ်လို့သာ သူမှတ်ယူထားပေမယ့် လက်ရှိမှာတော့ ဇီရုန်၏ခံစားချက်အမှန်ကို သူနားလည်သွားပြီးဖြစ်တာကြောင့် အမျိုးသမီးကျင့်ကြံသူတွေနဲ့ ဇီရုန်အားမိတ်ဆက်ပေးရင်တောင် ဇီရုန်ကစိတ်ဝင်စားမှာမဟုတ်ဘူးဆိုတာကို သူသေချာသိသွားပြီးဖြစ်သည်။

သူ၏ခံစားချက်အာရုံက မယုံကြည်နိုင်လောက်အောင် နိမ့်ကျတယ်ဆိုပေမယ့် တစုံတယောက်၏ချစ်ခြင်းမေတ္တာတွေကို အမြစ်ဖြတ်စေချင်ရင် ထိုအရာကအ‌စပိုင်းမှသာ ဖြစ်နိုင်လိမ့်မယ်လို့ ရွှီဇီယန်သေချာသိသည်။ ဒါပေမယ့် ရွှီဇီယန်ထိုအချက်ကို သဘောပေါက်သွားချိန်၌ သူအဲ့ဒီကာလကို လွန်သွားပြီဖြစ်သည်။ သူကအမျိုးသမီးကျင့်ကြံသူတွေနဲ့ ရွှီဇီရုန်အားမိတ်ဆက်ပေးရင်တောင် သူ့အကိုပေါ်ထားသည့် ရွှီဇီရုန်၏ခံစားချက်တွေက ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးဆိုတာကို သူသိနေသည်။

_(:З」∠) _ပင်ပန်းလိုက်တာ…သူဘာလုပ်ရမလဲ?

"ကိုကို" နူးညံ့သည့်အသံကို ကြားလိုက်ပြီးနောက် ရွှီဇီယန်၏ဦးရေပြားတွေ ထုံကျဉ်သွားသည်။ သူတောင့်တင်းစွာ လှည့်ကြည့်လိုက်၏။

လက်ရှိမှာတော့ ရွှီဇီရုန်အနေနဲ့ သူ့ကိုကိုအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာတွေကို ဖုံးကွယ်ထားစရာမလိုတော့‌ပေ။ ‌ကမ္ဘာပေါ်၌ စွမ်းအားကြီးမားသည့်လူတွေက ပိုပြီးတော့အရှက်မရှိဘူးဆိုသည့်စကားအတိုင်း သူ့အားရွှီဇီယန် မတွေးတတ်တော့ဘူး။

သူဂရုမစိုက်ဟန်ပြုမူလိုက်ပြီးဆိုရင် ဇီရုန်ကဝမ်းနည်းအကြည့်ဖြင့်ကြည့်လာပြီး နှစ်ပေါင်းများစွာ စွဲနေသည့်အကျင့်တွေကြောင့် ဇီရုန်အားသူနှစ်သိမ့်ပေးလိမ့်မယ်ဆိုတာ ရွှီဇီယန်သိသည်။ နောက်ပိုင်းသူ့ကိုယ်သူရိုက်ချင်လာပေမယ့် အဲ့ဒါကအလေ့အကျင့်တစ်ခုလို ဖြစ်နေပြီးဖြစ်တာကြောင့် သူပြောင်းလဲလို့မရတော့ဘူး။

အကယ်၍ ရွှီဇီရုန်က ပိုပြီးချစ်စိတ်ပြင်းပြစွာ ပြုမူပြီဆိုရင် သူပိုပြီးတော့ စိတ်မသက်မသာဖြစ်သလို ခံစားရလိမ့်မည်။ အကယ်၍ သူ့ညီဖြစ်သူက သူ့ကိုချစ်နေတာကို သိနေပေမယ့် သူ့ညီအားသူကောင်းမွန်စွာ ပြုမူဆက်ဆံနေပါက — ထိုအရာက ရွှီဇီရုန်အား ပိုပြီးမနှစ်မြှုပ်သွားစေဘူးလား?

အရှုံးနဲ့ဘေးကျပ်နံကျပ်အချိန်၌ ရွှီဇီယန်၏စစ်မှန်သည့် စိတ်သဘောထားကိုပြသလေသည်။

တစ်ဖက်၌ ရွှီဇီရုန်၏ချစ်ခြင်းမေတ္တာတွေကို သူလက်မခံသင့်ဘူးလို့ ခံစားနေရပေမယ့် အခြားတစ်ဖက်၌လည်း သူအေးစက်စက်ကြီး မငြင်းရက်ဘူး။

ထားလိုက်ပါတော့…သူတတ်နိုင်သလောက်ဆွဲခေါ်ခံသွားလိုက်တော့မယ်…ထို့အပြင် သူတို့တွေ မိစ္ဆာနယ်မြေထဲကနေ အသက်ရှင်လျက်တောင် ထွက်နိုင်ရဲ့လားဆိုတာ‌ သူသေချာမသိသေးတာကြောင့် ဘာများတတ်နိုင်တာရှိသေးလို့လဲ?

ရွှီဇီယန် သူ၏ခေါင်းထဲ၌ တွင်းအသစ်တစ်ခုကိုရှာလိုက်ပြီး ဆက်လက်ပြီး မျက်စိစုံမှိတ်မျက်ကွယ်ပြုထားလိုက်တော့သည်။ ရွှီဇီရုန်၏စိတ်ကို ပြောင်းလဲနိုင်ဖို့ဆိုတာ မလွယ်ကူမှန်း သူသဘောပေါက်ထားပြီးဖြစ်တာကြောင့် သူ၏စွမ်းအင်တွေကို အကုန်ခံမနေတော့ဘူး။

နောက်ထပ်တစ်လလုံး အမဲလိုက်ပြီးအဆင့်နိမ့်တောကောင်တွေအား သတ်ဖြတ်တာနဲ့ အချိန်ကုန်သွားတော့သည်။ ဒီလိုနိမ့်ကျသည့်ကျင့်ကြံခြင်းအဆင့်မျိုး၌ သူတို့တွေက ချီစွမ်းအင်စုဆောင်းမှု အစောပိုင်းအဆင့်‌ တောကောင်တွေကိုသာ ရွေးချယ်နိုင်သည်။

သူတို့တွေက တောကောင်တွေ၏အမြုတေကို စုပ်ယူပြီး ဒီနယ်မြေကပေါများသည့်အရှိန်အဝါတွေကြောင့် တစ်လလောက်ကြာတော့ ရွှီဇီယန်နဲ့ရွှီဇီရုန်ဟာ အခြေခံကျင့်ကြံခြင်း ထိပ်ဆုံးသို့ရောက်ရှိသွားပြီဖြစ်ပြီး အချိန်မရွေး ကျော်ဖြတ်နိုင်ဖို့အဆင့်သင့်ဖြစ်နေကြသည်။

ကျန်ရင်းက ဖန့်ထျန်းရွေ့အား ဂရုစိုက်ပေးနေရတာကြောင့် နှေးကွေးပေမယ့် သူကလည်း အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည်။

ဖန့်ထျန်းရွေ့အကြောင်းပြောရရင် သူကတော့အတိုးတက်ဆုံးသူဖြစ်လိမ့်မည်။ တောကောင်တွေ၏အမြုတေတွေက သူ့အတွက်များပြားစွာဖြည့်တင်းပေးသည်။ အမြုတေတစ်ခုကိုစုပ်ယူပြီးနောက် သူ၏ကျင်းလော့က တန်ဖိုးအဖြစ် တချို့သောနာကျင်မှုတွေခံစားရပေမယ့် အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး အခြေခံကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

ဖန့်ထျန်းရွေ့ကျော်ဖြတ်နိုင်သွားမှန်း ကျန်ရင်းမသိပေ။ ကျန်ရင်းပြန်လာချိန်၌ မြေပြင်ပေါ်တွင်လဲနေပြီး သူ၏ပါးစပ်ထဲကနေ သွေးတွေစီး‌ကျနေသည့် ဖန့်ထျန်းရွေ့အားမြင်လိုက်ပြီး သူ၏ဝိညာဉ်တွေလွင့်ထွက်သွားမတတ် ကြောက်လန့်သွားရသည်။

#TK