Chapter 129
Viewers 23k

Chapter 129


ကံကောင်းထောက်မစွာ ဒီနေ့သူမကံကောင်းသွားသည်။ အစားကြူးသူကသူမကိုသတ်ချင်ပုံမပေါ်ချေ။ ခြေလှမ်းအနည်းငယ်လှမ်းပြီး ထပ်ပြီးခြေလှမ်းမလှမ်းခင်မှာဘဲ ဒီပင့်ကူအမျိုးသမီးကချက်ချင်းထွက်သွားတော့သည်…

"အိုး ... အဲဒါကစားလို့မရဘူး!" အမျိုးသမီးပင့်ကူကြီးပျောက်သွားပြီးနောက် အစားကြူးသူကချက်ချင်းဆိုသလိုသိုးငယ်လေးအသွင်သို့ပြန်ပြောင်းသွားပြီး အန်နေတော့သည်။

တောကောင်အများစုဟာ ၎င်းတို့အတွင်း၌အဆိပ်ရှိသဖြင့် ထိုအရာဟာ ဤအက်ကွဲကြောင်း၏အားနည်းချက်ပင်ဖြစ်သည်။ သူတို့တွေအားလုံးအဆိပ်ပြင်းတဲ့အတွက် သူတို့ဘယ်လိုအရသာရှိမလဲဆိုတာတွေးကြည့်လို့ရသည်။ အဲဒါကြောင့် ရွှီဇီယန်ကြက်ကင်က သိုးလေးကိုအလွယ်တကူဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရွှီဇီယန်၏ကြက်ကင်သည်အလွန်အရေးကြီးသောအကျိုးသက်ရောက်မှုရှိခြင်း၊ ဒါမှမဟုတ် အစားကြူးသူသည် ရွှီဇီယန်၏သဘောတူညီချက်မပါပဲ သူ့ဟာသူအမှတ်အသားစာချုပ်ချုပ်ဆိုရလေသည်၊ ထိုသို့သောအကြောင်းပြချက်တစ်ချို့ကြောင့် အစားကြူးသူကအဲ့ဒီနေရာမှာနေထိုင်ရတာ အရမ်းကိုပျင်းစရာကောင်းမှန်းသိရှိလိုက်ပြီး အပြင်သို့ထွက်လာခြင်းပင်ဖြစ်သည်။ ၎င်း၏ကျင့်ကြံခြင်းအဆင့်အရ ဥယျာဉ်ထဲ၌လမ်းလျှောက်နေပါက ရွှီဇီယန်အားဖိအားပေးသလိုဖြစ်လိမ့်မည်။

အကြိမ်အနည်းငယ်အန်ပြီးနောက် နောက်ဆုံးတွင် ၎င်းသည်ပင့်ကူ၏ခါးသီးသောအနံ့အားလုံးကိုဖယ်ရှားပစ်လိုက်သည်။ အစားကြူးသူကရွှီဇီယန်၏ပခုံးအားစိတ်မချမ်းသာစွာကန်ပစ်လိုက်သည်။ ၎င်းသည်၎င်း၏သခင်အသစ်ကြောင့် ပင့်ကူများစွာကိုစားခဲ့ရသည်။ သခင်ရေ… အနာဂတ်မှာမင်းငါ့ကိုကောင်းကောင်းဆက်ဆံရမယ်နော်!

"ကိုကို!"

ရွှီဇီယန်ကမြေပြင်ထက်၌လဲလျောင်းနေသည်ကို ရွှီဇီရုန်မြင်လိုက်ရပြီး သူ့ဝိညာဉ်လွင့်ထွက်သွားမတတ်ကြောက်ရွံ့သွားသည်။ သူ၏ပျံဝဲနေသောဓားကိုရပ်တန့်ရန်ပင်မစောင့်နိုင်တော့ပဲ လေထုအလယ်မှတိုက်ရိုက်ဆင်းလာသည်။

စိုးရိမ်တကြီးဖြင့်ထပ်ကာထပ်ကာစစ်ဆေးပြီးနောက် သူ၏ကိုကိုဟာပင်ပန်းနွမ်းနယ်မှုကြောင့်သတိလစ်သွားကြောင်းအတည်ပြုပြီးနောက်မှ ရွှီဇီရုန်သည်သက်ပြင်းချလိုက်သည်။ သူသည်အနီးပတ်ဝန်းကျင်ကိုစတင်စစ်ဆေးလိုက်သည်။

"Meh!" အစားကြူးသူကမသက်မသာအော်သည်။ ရွှီဇီရုန်သည်ခင်းကျင်းမှုကြောင့်၎င်းကိုသတိမပြုမိခဲ့ပဲ၊ ဒီကောင်လေးဆီမှာဒီလောက်ရွံမုန်းစရာကောင်းတဲ့အနံ့မျိုးရှိနေတာလဲ? ဒီအနံ့ကိုသူအရမ်းရင်းနှီးပြီးနှစ်ထောင်ပေါင်းများစွာကြာရင်တောင်သူမေ့မှာမဟုတ်ဘူး။

ရွှီဇီရုန်သည်သိုးငယ်ကိုဂရုတစိုက်,စိုက်ကြည့်နေပြီး သူ့ကိုကိုဖြစ်သူကိုသူ့လက်မောင်းထဲတွင်ပို၍တင်းကျပ်စွာပွေ့ဖက်ထားသည်။ ဒီသိုးငယ်လေးကသူ့ကိုအရမ်းထူးဆန်းတဲ့ခံစားချက်တစ်ခုပေးသည်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာရှိနေတာ ၎င်းကအရမ်းကိုသံသယရှိစရာကောင်းသည်။

သို့သော်သူကရူးရူးမိုက်မိုက်မလုပ်ခဲ့ပဲ၊ သူစောင့်ကြည့်နေခဲ့သည်။ ဒါဟာသူ့ရဲ့ထင်ယောင်ထင်မှားဖြစ်ကောင်းဖြစ်နိုင်သည်၊ ဒါပေမယ့်ဒီသိုးကသူ၏ပန်းရောင်ယုန်နဲ့ဆင်တူတယ်လို့အမြဲခံစားရသည်။

"ကိုကို? ကိုကို? " အကြိမ်အနည်းငယ်တီးတိုးခေါ်လိုက်သော်လည်း ရွှီဇီယန်မနိုးလာသေးတာကြောင်း ရွှီဇီရုန်လည်းထိုနေရာတွင်စောင့်ဆိုင်းရန်အစီအစဉ်မရှိတော့ချေ။ သူသည်ထင်ယောင်ထင်မှားအခင်းအကျင်းကို အလွန်ခက်ခဲစွာကျော်ဖြတ်ခဲ့ပြီး သူ့ပတ်ပတ်လည်ရှိအပျက်အစီးများကိုကြည့်ပြီးနောက် အချိန်မရွေးပေါက်ထွက်နိုင်သော ပို၍ အစွမ်းထက်သည့်တောကောင်များရှိနေနိုင်သည်ဟုသူတွေးလိုက်သည်။

သူ့ကိုကို,ကိုကျောပေါ်တင်ပြီးနောက် ရွှီဇီရုန်သည်သူ၏ဓားပျံပေါ်သို့တက်လိုက်သည်။ သူမပျံခင်မှာဓားကတော်တော်လေးလေးလံလာတယ်လို့သူခံစားရသည်။

သူအနောက်ကိုပြန်ကြည့်လိုက်သည် ...

"Meh!" သိုးငယ်လေးကသူ့ရဲ့အနက်ရောင်မျက်လုံးကြီးတွေဖြင့်ပေကလက်ပေကလက်လုပ်ကာ အပြစ်ကင်းစင်သည့်အကြည့်နဲ့ဓားရှည်ပေါ်မှာထိုင်ချလိုက်သည်။

ရွှီဇီရုန်သည်ခဏမျှတိတ်ဆိတ်သွားပြီး ဦးချိုတွေပါသည့်ယုန်ဖြစ်ဖြစ်သိုးဖြစ်ဖြစ်တောကောင်တွေက လွယ်ကူသည့်အရာမျိုးတွေမဟုတ်မှန်း နောက်ထပ်တစ်ကြိမ်အတည်ပြုလိုက်သည်။ စိတ်ဝိညာဉ်တောကောင်အဖြစ် သိုး ဒါမှမဟုတ် ယုန်ဖြစ်လိမ့်မယ်လို့ သူ၏နောက်ဆုံးဘဝမှာသူ့ကိုဘယ်သူကမှမပြောခဲ့သလို သူကလည်းတော်တော်စိတ်ရှုပ်ထွေးခဲ့သည်။ သူတို့အားလုံးကဒီလက်ရှိဘ၀မှာဘယ်လိုပေါ်ပေါက်လာတာလဲ?

ဒါဟာဘယ်သူကမှမခုခံနိုင်တဲ့စာချုပ်မျိုးပါ…

ရွှီဇီရုန်ကခေါင်းကိုပြန်လှည့်ပြီး ဓားကိုမြှင့်လိုက်ကာ ရွှီဇီရုန်ကသိုးငယ်လေးကိုလျစ်လျူရှုဖို့ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ်သူ့ရဲ့ယုန်ကလည်းဒီလိုပဲသရုပ်ဆောင်လေ့ရှိသလို၊ ဒီသိုးငယ်လေးပေါ်လာပြီးရုတ်တရက်ပြန်ပျောက်သွားမလားဆိုတာဘယ်သူသိနိုင်မှာလဲ?

အစားကြူးသူလည်းမရှိတော့တာကြောင့် ရွှီဇီရုန်ဟာအောက်သို့ဆွဲငင်ခြင်းကိုမခံစားခဲ့ရပဲ အပေါ်သို့ပျံတက်လိုက်သောအခါ လေပြင်းသူတို့အားအရှိန်မြှင့်တင်ရန်ကူညီပေးနေပုံရသည်။ သူတက်သွားတဲ့အကွာအဝေးက သူပြုတ်ကျသွားပြီလို့ရွှီဇီယန်ထင်တဲ့အကွာအဝေးထက်အများကြီးပိုတိုသည်။ သူအက်ကွဲကြောင်းမှပျံထွက်သည့်အချိန်ဟာ လက်ဖက်ရည်တစ်ခွက်စာအချိန်ထက်တောင်နည်းသေးသည်။

ဂူသို့အမြန်ဆုံးပြန်ရောက်ပြီးနောက် ရွှီဇီရုန်က သူ၏သတိလစ်နေသောကိုကိုအား ကျောက်တုံးပေါ်တွင်ဂရုတစိုက်ချလိုက်သည်။

ဒီအချိန်အတောအတွင်းမှာ သူ့ကိုကိုကသူဘယ်လိုတွေးမယ်ဆိုတာသိပြီး အကွာအဝေးကိုထိန်းဖို့ဆုံးဖြတ်လိုက်တဲ့အခါ ရွှီဇီရုန်ကသူ့ကိုကိုဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာကိုနားလည်ပေမယ့် သူ့အားပိုပြီးတော့စိတ်လှုပ်ရှားစေသည်။

သူကသူ့ကိုကို၏ပါးကိုညင်သာစွာပွတ်သပ်လိုက်ပြီး သူ့ကိုကိုဖြစ်သူ၏ချောမောပြီးပြတ်သားသော မျက်နှာကိုစွဲလမ်းနေပြီးဖြစ်သည်။ သူ၏လက်ချောင်းများဟာ ရွှီဇီယန်၏နှုတ်ခမ်းအစုံအား စက်ဝိုင်းလိုလှည့်နေပြီး နူးညံ့သိမ်မွေ့သောထိတွေ့မှုကသူ့ကိုချက်ချင်းနှိုးဆွလိုက်သည်။

ရွှီဇီရုန်ရဲ့မျက်လုံးတွေကပိုမိုမည်းနက်လာ၏။ သူကခေါင်းကိုငုံ့လိုက်ပြီး သူ့ကိုကို၏နှုတ်ခမ်းကိုညင်သာစွာတို့ထိလိုက်သည်။ သူကနမ်းရုံနဲ့မလုံလောက်တော့ပေ။ ဒါကြောင့်သူ၏လျှာဖြင့်အထဲသို့တိုးဝင်လိုက်သည်။

သူ့ကိုကို၏ပါးစပ်ထဲ၌ သူ၏လျှာဖြင့်ပြည့်နေပြီး အတွင်းထဲကအရေပြားတစ်ခုစီနေရာမလပ်အောင်လျက်နေသည်။

ရွှီဇီယန်၏လျှာအားဒီလိုမျိုးပြုမူသည့်အခါ သူသတိမေ့နေသော်လည်းမျက်မှောင်ကြုတ်ကာအနည်းငယ်ညည်းလိုက်သည်။

ဤညည်းတွားသံဟာ ဤချိုမြိန်သောအနမ်းနှင့်အတူရစ်မူးနေသောရွှီဇီရုန်ကိုနိုးထသွားစေသည်။ သူဟာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး သူ၏မျက်လုံးမှသွေးရောင်များတဖြည်းဖြည်းမှေးမှိန်သွားသည်။ အသက်ပြင်းပြင်းရှုပြီးနောက် လှုပ်ရှားနေသည့်သူ၏အောက်ပိုင်းကိုကြည့်ကာ အရွယ်ရောက်ရန် အချိန်တစ်လလောက်တောင်မလိုတော့ဘူးဆိုတာသူသိပေမယ့် ဒီတစ်လကသူ့အတွက်တစ်သက်တာအချိန်လောက်တောင်ကြာသည်…

သူ့ကိုကို၏တစ်ကိုယ်လုံးအခြေအနေကိုပြန်လည်စစ်ဆေးပြီးနောက် သူဟာစွမ်းအင်ဆုံးရှုံးမှုကြောင့်အမှန်ပင်သတိလစ်နေကြောင်း အတည်ပြုပြီးနောက် သူအနောက်ကိုလှည့်ကာထွက်သွားရန်ပြင်လိုက်သည်။

ဒီသိုးလေးကိုသူလည်းသိပ်မကြိုက်တဲ့အတွက် သူ့ကိုကိုဘေးမှာမထားဝံ့ပေ။ ဒါကြောင့်သူဟာဂူအပြင်၌သာပစ်ချရန်ဆုံးဖြတ်လိုက်သည်။ အားလုံးကိုခြုံကြည့်ရင် သူတို့တွေဟာသူ့ပတ်လည်မှာရှိတဲ့တောကောင်တွေကိုသတ်ပြီးပြီဖြစ်တာကြောင့် အပြင်မှာပစ်ထားရင်တောင်သိုးလေးအတွက်အန္တရာယ်ကြီးကြီးမားမားရှိမှာမဟုတ်ဘူး။

ဝေယျာဝစ္စတစ်ချို့ကိုပြုလုပ်ပေးပြီးနောက် ဖန့်ထျန်းရွေ့နဲ့ကျန်ရင်းတို့ကို သူ့အစ်ကို၏အခြေအနေအားအသိပေးပြီးနောက် ရွှီဇီရုန်ဟာသူ့ကိုကို၏အိပ်ခန်းဆီသို့တစ်ဖန်ပြန်လာပြီး သူ့ကိုကိုနိုးလာရန်ဘေးနား၌စောင့်ဆိုင်းနေသည်။

ရွှီဇီယန်ဟာဤမေ့မြောနေရာမှနိုးရန်နှစ်ရက်ကြာသွားသည်။ သူသတိလစ်နေစဉ်မှာတစုံတယောက်က သူ့ကိုအကြိမ်များစွာအစာကျွေးခဲ့တယ်လို့သူခံစားနေမိသည်။ အေးမြတဲ့စမ်းရေကသူ၏ပင်ပန်းနွမ်းနယ်မှုကိုကောင်းကောင်းသက်သာစေပေမယ့် သူသောက်ပြီးတဲ့နောက်ဘာကြောင့်လျှာအတွင်းပိုင်းကမွှေနောက်ခံထားရသလိုဖြစ်နေရတာလဲ ???

မေ့မြောနေသည့်တိုင်တစုံတယောက်ကတော့ သူ့အားအခွင့်ကောင်းယူနေဆဲဖြစ်သည်။ ရွှီဇီယန်ဟာသူသေကောင်းသေသွားနိုင်တယ်လို့ခံစားမိသည်…

"ကိုကို…နိုးပြီလား?"

သူ၏မျက်ခွံများအနည်းငယ်လှုပ်သွားပြီး ရွှီဇီရုန်၏အံ့သြအော်ဟစ်သံကိုသူ၏နားထဲတွင်ကြားလိုက်ရသည်။

ရွှီဇီရုန်ဟာသူ၏အနားမှာတစ်ချိန်လုံးရှိနေပြီး သူ့ကိုတချိန်လုံးဂရုစိုက်ပေးနေသည်။

ဒီအချက်ကရွှီဇီယန်ရဲ့နှလုံးသားကိုချက်ချင်းရိုက်ခတ်သွားသည်။ သူ၏နှလုံးသားကကျောက်တုံးနဲ့ပြုလုပ်ထားတာမဟုတ်သလို အချစ်နှင့်ဂရုစိုက်မှုဖြင့်ဆက်ဆံခံရပြီးနောက် ရွှီဇီရုန်ကိုသူတကယ်မမုန်းနိုင်တော့ဘူး။ အထူးသဖြင့်ထိုသူဟာသူအချိန်တော်တော်ကြာဂရုစိုက်ပြီး ချစ်ခဲ့ရသည့်သူ၏ညီလေးဖြစ်ပြီး… သူအရမ်းကိုစိတ်ရှုပ်ပြီးဘယ်ရွေးချယ်မှုကမှန်မလဲဆိုတာမသိတော့ချေ။

သူကဇီရုန်ကိုမိန်းကလေးတွေအား ပြန်သဘောကျသွားအောင်ပဲကြိုးစားပြီး၊ အခြားအမျိုးသမီးကျင့်ကြံသူတွေကိုပဲရွေးချယ်ခွင့်ပြုခိုင်းသင့်သလား၊ ဒါမှမဟုတ် သူ ဇီရုန်နဲ့အတူနေကာ သူ့ဆန္ဒအတိုင်းလုပ်ခိုင်းလိုက်ရမလား?

သူကသက်ပြင်းချလိုက်ပြီးသူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူကဇီရုန်ကိုခပ်ရေးရေးပြုံးပြလိုက်ပြီး
"မင်းစိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတယ်"

ရွှီဇီရုန်ဟာသူ့စိတ်ထဲတွင်သံသယအချို့နှင့်အံ့သြဖွယ်ရာများဖြင့်အံ့အားသင့်သွားသည်။ သို့သော်သူကအနည်းငယ်ဖြေလျော့သောအကြည့်ကိုသာပြသလိုက်ပြီး
 "ကိုကိုနေကောင်းရင်အဆင်ပြေပါပြီ" 

သူ့ကိုကို၏အပြုံးသည်အနည်းငယ်ထူးဆန်းသည်ဟု သူခံစားခဲ့ရပြီး စိတ်သက်သာရာရသည့်အပြုံးဖြစ်ပုံရသည်။ သို့သော်ဤသက်သာမှုက မည်သည့်နေရာမှရောက်လာတယ်ဆိုတာကိုသူသေချာမသိချေ။

ရွှီဇီယန်ရုတ်တရက်ခါးသီးတဲ့အပြုံးတစ်ခုကိုပြလိုက်တယ် "ငါကြောက်နေခဲ့တာ ... အဲဒါကဘာမှမဖြစ်သွားလို့"

"ဘာကိုလဲ?" ရွှီဇီရုန်လန့်သွားပြီး သူ့ကိုကိုရဲ့လက်ကောက်ဝတ်ပေါ်တင်ဖို့ သူ့လက်ကိုမြှောက်လိုက်သည်။ သို့သော်သွေးခုန်နှုန်းက အခြားနေ့ကနှင့်အတူတူပင်ဖြစ်သည်။

သူကရွှီဇီယန်ကိုမသင်္ကာစွာကြည့်လိုက်သည်။ ရွှီဇီယန်ကသူ၏လက်ချောင်းများကိုလှုပ်ရှားရန်ပင်အလွန်ကိုခက်ခဲနေပြီး တုန်လှုပ်ခြောက်ခြားစွာကြည့်ရင်းပြောလိုက်သည် "ငါမနာပါဘူး၊ ခရမ်းရောင်မိုးကြိုးသွားကနေစိတ်ဝိညာဉ်စွမ်းအားတွေအများကြီးကိုငါစုပ်ယူလိုက်ရုံပါ၊ ဒါကြောင့်ငါ့ရဲ့ကျင်းလော့ကအရမ်းကိုပြည့်နေသလိုခံစားနေရတာကြောင့် ငါ့ခန္ဓာကိုယ်လှုပ်လို့မရတာ"

"!!!" ရွှီဇီရုန်လန့်ဖျပ်သွားပြီး "ကိုကိုကခရမ်းရောင်မိုးကြိုးသွားကိုစုပ်ယူခဲ့တာလား?"

"အင်း၊ အဲဒီတုန်းကတခြားရွေးစရာလမ်းမရှိခဲ့ဘူးလေ၊ ငါသာမစုပ်ယူရင်ငါသေသွားလိမ့်မယ်"

"ကိုကို၊ အဲ့ဒါအားလုံးကကျွန်တော့်အမှားပါ၊ အကယ်၍ ကျွန်တော်သာမသွားခိုင်း…"

"မင်းဘာလို့အဲ့ဒီလိုပြောရတာလဲ!" ရွှီဇီယန်သူ့မျက်လုံးတွေကိုလှည့်လိုက်သည်။ သူသာလှုပ်ရှားနိုင်ရင် ရွှီဇီရုန်ရဲ့ခေါင်းကိုသေချာပေါက်ခေါက်လိမ့်သည်။ "ဒါကမတော်တဆမှုတစ်ခုပါ၊ ငါကမင်းကိုဘာကြောင့်အပြစ်တင်ရမှာလဲ?"

ရွှီဇီရုန်စိတ်သက်သာရာမရတာကြောင့် နှုတ်ဆိတ်နေလိုက်တော့သည်။ ရွှီဇီယန်သည်ကူကယ်ရာမဲ့သလိုခံစားခဲ့ရပြီး၊ အဆိုးဘက်ကိုပဲတွေးလေ့ရှိသောညီတစ်ယောက်ရှိထားသည်ကတကယ့်ကိုခက်ခဲလှသည်။

အထူးသဖြင့်သူသည်လက်ရှိမှာလုံလောက်သောအင်အားမရှိသောကြောင့် ဖိအားပေး၍သူ့ကိုနားလည်အောင်ပြုလုပ်တာကပြဿနာဖြစ်သွားလိမ့်မည်။

အကြောသေနေသောလူတစ်ယောက်က တစုံတယောက်ကိုခုခံရန်တကယ့်ကိုခက်ခဲလှသည်…

"အဟမ်း…ငါအဆင်ပြေပါတယ်၊ မင်းကြောင့်သာမဟုတ်ရင် ငါဆုံမှတ်ကိုရှာတွေ့ခဲ့မှာမဟုတ်ဘူး" ရွှီဇီယန်သည်ရွှီဇီရုန်အားစိတ်ဓာတ်မကျစေချင်သောကြောင့် သူကအကြောင်းအရာကိုချက်ချင်းပြောင်းလိုက်သည်။

သေချာတာပေါ့၊ ဆုံမှတ်၏ပုံသဏ္ဍာန်ကချက်ချင်း ရွှီဇီရုန်ရဲ့စိတ်ဝင်စားမှုကိုနှိုးဆွပေးလိုက်သည်။

ဒီမိစ္ဆာနယ်မြေကအရမ်းကိုအန္တရာယ်များလွန်းသည်။ အဲ့ဒီတောကောင်တွေကိုမပြောနဲ့ဦး၊ ရွှီဇီယန်တောင်လွန်ခဲ့တဲ့နှစ်ရက်အကြာက အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူနဲ့ဆုံခဲ့သည်…

ပထမတစ်ယောက်တောင်ရှိနေမှတော့ ဒုတိယတစ်ယောက်လည်းရှိနေလိမ့်မည်။ အကယ်၍များ အမတဝိညာဉ်အခြေတည်စအဆင့်နတ်ဆိုးကျင့်ကြံသူနဲ့သာထပ်ပြီးဆုံပါက သူတို့တွေလွတ်မြောက်လိမ့်မယ်လို့ ဘယ်သူကများအာမခံနိုင်မှာလဲ?

မူလကရွှီဇီယန်သည်သူတို့၏အခြေအနေများအတွက်အမြဲစိုးရိမ်ပူပန်နေခဲ့သည်။ သို့မဟုတ်လျှင်သူသည်ဒီနယ်မြေထဲကနေကျော်ဖြတ်ရန်ဤလောက်ခိုင်မာသောမျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်ပေ။

ယခုအခါသူသည်နောက်တစ်ဆင့်ကိုဖြတ်ကျော်ပြီဖြစ်သော်လည်း သူ၏တိုက်ခိုက်စွမ်းအားသည်သုညသို့ပြန်ရောက်သွားခဲ့သည်။ အကြောသေနေသူတစ်ဦးအနေနှင့် သူကအန္တရာယ်ရှိသောအခြေအနေကိုဆွဲချမည့်သူနဲ့တူသည်။

ကံကောင်းထောက်မစွာ သူကအက်ကွဲကြောင်းထဲ၌ဆုံမှတ်ကိုရှာတွေ့ခဲ့၏။ မဟုတ်ရင်သူအိပ်ယာပေါ်မှာဘယ်လောက်ကြာအောင်နေရမလဲတောင်မသိချေ။

သူ၏ချီပင်လယ်အတွင်းရှိအစိမ်းရောင်မိုးကြိုးသွားသည် ခရမ်းရောင်မိုးကြိုးသွား၏မူလစွမ်းအားကိုမျိုချလိုက်ပြီးနောက် ဆင့်ကဲဖြစ်စဉ်အတွက်နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။ တစ်ဖန်ပြန်နိုးလာသောအခါ ၎င်းအားခရမ်းရောင်မိုးကြိုးသွားလို့ခေါ်နိုင်လိမ့်မည်။ သို့ရာတွင် အစိမ်းရောင်လေး(ရွှီဇီယန်ပေးထားသည့်နာမည်)မပါဘဲ ချီပင်လယ်စွမ်းအားကိုသန့်စင်အောင်ကူညီရန် သူ၏ကျင်းလော့များကိုလောင်ကျွမ်းစေသောစိတ်ဝိညာဉ်စွမ်းအားအတွက် အချိန်မည်မျှယူရမည်ကိုမသိချေ။

သူ၏ခန့်မှန်းချက်အရအနည်းဆုံးရက် ၂၀ ကြာလိမ့်မည်။

"အာ…ဒါနဲ့…ငါ့ရဲ့ရွှယ်ထွမ်ဘယ်မှာလဲ" အတန်ကြာပြီးနောက် ရွှီဇီယန်သည်သူ၏စိတ်ဝိညာဉ်တောကောင်ကိုသတိရလိုက်သည်။

"ရွှယ်ထွမ်?" ရွှီဇီရုန်သည်အံ့အားသင့်သွားပြီးသိုးငယ်လေးကိုချက်ချင်းစဉ်းစားမိသည်။ သူကမပျော်ရွှင်စွာပြန်ပြောလိုက်သည်။
"အပြင်မှာရှိတယ်"

အဲဒီသိုးငယ်လေးကရိုးရှင်းပုံမပေါ်ဘူး၊ သူကသူ့ကိုကိုအနားမှာဒီလိုခန့်မှန်းလို့မရတဲ့အရာတစ်ခုကိုမထားချင်ပေ။ ပန်းရောင်ယုန်လေးတစ်ကောင်ရှိတာနဲ့လုံလောက်ပြီးမဟုတ်ဘူးလား၊ ဒါဆိုအဲဒီသိုးငယ်ကကော?

"အပြင်မှာလား? အိုး…ဒါဆိုအဲဒါကိုအပြင်မှာထားထားလိုက်ပါ၊ ရွှယ်ထွမ်ကအရမ်းရိုးရှင်းတာမဟုတ်ဘူးလို့ ငါတွေးမိတယ်၊ ဒါကမင်းရဲ့ဖန်မောင်နဲ့မနည်းမများတူတယ်လို့ငါထင်မိတယ်" ရွှီဇီယန်အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

"ဟုတ်တယ်" ရွှီဇီယန်သည်သူ့ကိုကို၏အဖြေကိုကြားရသောအခါ သူ၏အမူအရာမှာများစွာပျော့ပျောင်းသွားသည်။ သူကသူ့ကိုကို၏စိတ်အာရုံကိုဆွဲဆောင်စေမယ့်ဘယ်အရာကိုမဆိုမုန်းသည်။ သူ့ကိုကိုကဒီစိတ်ဝိညာဉ်တောကောင်ကိုဂရုမစိုက်တဲ့အတွက် သူကအဲဒါကိုမရှိတဲ့အရာအဖြစ်မှတ်ယူနိုင်သည်။ အားလုံးကိုခြုံကြည့်လျှင်ဖန်မောင်ကမည်သည့်အချိန်မဆို ပေါ်လာလိုက်၊ပျောက်ကွယ်လိုက်လုပ်နိုင်ပြီး၊ သူ့ကိုသခင်အဖြစ်သတ်မှတ်ထားဖြစ်စေ၊ မသတ်မှတ်ထားသည့်ဖြစ်စေ ၎င်းအတွက်ကိစ္စမရှိဘူး။

ဆုံမှတ်နေရာကိုရှာဖွေတွေ့ရှိပြီးနောက် လေးယောက်လုံးဟာဒီနေရာမျိုးမှာဆက်မနေချင်တော့ပေ။ အထူးသဖြင့် ရွှီဇီယန်အကြောသေနေပြီးနောက် သူ၏ခုခံနိုင်စွမ်းကအနိမ့်ဆုံးမှာရှိနေတာကြောင့် တတ်နိုင်သမျှအမြန်ဆုံးထွက်သွားချင်သည်။

ရွှီဇီရုန်ဟာအက်ကွဲကြောင်းအားစူးစမ်းရှာဖွေဖို့အတွက် ကျန်ရင်းကိုခေါ်လာခဲ့သည်။ ဤလွန်ခဲ့သောရက်များအတွင်းတိုက်ပွဲများစွာပြီးနောက် ဖန့်ထျန်းရွေ့နဲ့ကျန်ရင်းတို့ဟာပိုမိုနီးကပ်လာသည်။ သူတို့ကဒီမိစ္ဆာနယ်မြေမှာ သေခြင်း၊ရှင်ခြင်းအခြေအနေကို အတူတူကြုံတွေ့ခဲ့ကတည်းက ဒါဟာသူတို့ရဲ့ကံကြမ္မာဖြစ်နိုင်လိမ့်မည်။

သူတို့နှစ်ယောက်ဟာတိုက်ပွဲမှာပိုရင်းနှီးလာ၏။ ကျန်ရင်း၏အစောပိုင်းလှည့်စားမှုဟာ နူးညံ့သိမ်မွေ့သောကျန်ရင်း၏လှည့်စားမှုအောက်တွင် အကူအညီမဲ့ခြင်းတစ်မျိုးဖြစ်လာသည်။ သူဟာငယ်စဉ်ကတည်းကအိမ်တွင်အကျဉ်းချခံထားရပြီး သူ၏ညီမဖြစ်သူအဖြစ်ဟန်ဆောင်ပြီးမှသာအပြင်ထွက်နိုင်သဖြင့် နူးညံ့သိမ်မွေ့သောကျန်ရင်းဟာ အန္တရာယ်ကင်းစေရန် မိမိကိုယ်ကိုကောင်းစွာဖုံးကွယ်ထားရခြင်းဖြစ်သည်။

ဖန့်ထျန်းရွေ့က ကျန်ရင်း၏အဓိပ္ပါယ်မရှိတဲ့စကားကိုမယုံခဲ့ပေမယ့် ကျန်ရင်း(မ)ကိုအလွန်ချစ်မြတ်နိုးသူတစ်ဦးအနေနှင့် ထိုရင်းနှီးသောမျက်နှာနှင့်ရင်ဆိုင်ရသောအခါမုန်းဖို့လွန်စွာခက်ခဲသည်။

ကျန်ရင်း(မ)ပုံစံကနေကျန်ရင်း(က)ဖြစ်လာသည်နှင့်တပြိုင်နက် နူးညံ့သိမ်မွေ့ပြီးနာခံတတ်သောအမျိုးသမီးဟာ သူ့ကိုယ်သူအပြည့်အဝထိန်းချုပ်နိုင်သောယောင်္ကျားတစ်ယောက်ဖြစ်လာသည်…

ဖန့်ထျန်းရွေ့: "…"

"မင်းဘာတွေစဉ်းစားနေတာလဲ" ရွှီဇီယန်ကဖန့်ထျန်းရွေ့အားစူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူကအဖြောင့်တစ်ယောက်အနေနဲ့ တူညီသောလိင်တူတစ်ယောက်၏မျက်နှာကို အနီးကပ်မကြည့်ဖူးသောကြောင့် သူကကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့အကြားကဆက်ဆံရေးကို အတော်လေးစပ်စုချင်မိသည်။

ဖန့်ထျန်းရွေ့ခဏမျှတိတ်ဆိတ်သွားသည်။ သူဟာကျန်ရင်းမှတစ်ဆင့် ဝူတျီမြို့ကကိစ္စအားလုံးနဲ့ လျှိုကွမ်းဂိုဏ်း၏တပည့်တွေအကြောင်းကိုပါ သူနားလည်ထားပြီးဖြစ်သည်။ 

ကျန်ရင်းအပေါ်သူ၏ခံစားချက်က ရှုပ်ထွေးပြီးရင်းရှုပ်ထွေးနေသော်လည်း ရွှီဇီယန်နှင့်ရင်ဆိုင်ရသောအခါပိုမိုလွယ်ကူသည်ဟုခံစားခဲ့ရသည်။ ရွှီဇီရုန်မသွားခင် ဖန့်ထျန်းရွေ့အားသူ့ကိုကို,ကိုဂရုစိုက်ပေးရန် တမင်တကာတောင်းဆိုခဲ့သော်လည်း သူကငြင်းမည်မဟုတ်ပေ။

"ဘာမှမဟုတ်ပါဘူး" ဖန့်ထျန်းရွေ့ကလေသံမာမာဖြင့်ပြောလိုက်၏။ ကျန်ရင်းနှင့်သူ၏ဆက်ဆံရေးကရှုပ်ထွေးနေသည်။ အခုတော့ဒါဟာဟန်ချက်ညီတဲ့ဆက်ဆံရေးတစ်ခုဖြစ်နေပုံရသည်။ ဒါပေမယ့်ဒီပတ်ဝန်းကျင်ကထွက်ခွာသွားပြီးတဲ့နောက် သူတို့နှစ်ယောက်အတူတူရှိနေနိုင်မလားဆိုတာကတော့သူမသေချာဘူး။

ရွှီဇီယန်ကစပ်စုချင်ပေမယ့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအကြောင်းကို သူဆက်မမေးနိုင်ခဲ့ပေ။ သူကနှစ်ကြိမ်လောက်ချောင်းဟန့်လိုက်ပြီး အကြောင်းအရာကိုပြောင်းလဲလိုက်သည်။

သူတို့နှစ်ဦးဟာကျင့်ကြံခြင်းအကြောင်းတစ်ခုခုဆွေးနွေးခဲ့ပြီး ရွှီဇီယန်ကမိုးကြိုးသွားအမျိုးအစားကိုသုံးရန် ဖန့်ထျန်းရွေ့ကိုပင်ညွှန်ကြားခဲ့သည်။ ခဏကြာ မှောင်စပြုလာသည့်အခါ ရွှီဇီရုန်နဲ့ကျန်ရင်းတို့ပြန်လာကြသည် ...

"ကိုကို…" ရွှီဇီရုန်ပြန်ရောက်လာသောအခါ သူကဖန့်ထျန်းရွေ့နေရာကိုတိုးဝှေ့ထိုင်လိုက်ပြီး ရွှီဇီယန်၏လက်ကိုဆုပ်ကိုင်ကာ အပြုံးလေးဖြင်း
"ကိုကိုတို့ဘာတွေပြောနေကြတာလဲ?"

အခြေအနေကိုသိသည့်ကျန်ရင်းက ဘေးနားမှာထိုင်နေသည့်ဖန့်ထျန်းရွေ့အားဆွဲလိုက်ပြီး "ထျန်းရွေ့…ငါအရမ်းပင်ပန်းနေလို့ မင်းငါ့ကိုခဏလောက်လာနှစ်သိမ့်ပေးပါလား?"

ရွှီဇီယန်၊ဖန့်ထျန်းရွေ့: "…"

ရွှီဇီယန်ဟာ ရွှီဇီရုန်အားဒေါသတကြီးဖြင့်ကြည့်လိုက်သည်။ ရွှီဇီရုန်ဘာတွေးနေတယ်ဆိုတာကို သူလုံးဝဥဿုံသိသော်လည်း ရွှီဇီရုန်ပြသသောပုံစံက အခြားကိစ္စတစ်ခုကိုဖြစ်သွားစေသည်။ အထူးသဖြင့်ယခုအချိန်တွင်“ အပြင်လူ” အချို့ရှိနေသောကြောင့် သူသာလှုပ်ရှားနိုင်လျှင် ရွှီဇီရုန်ကိုအကြိမ်အနည်းငယ်ရိုက်ချင်မိသည်။

မင်းကမကောင်းတဲ့ကောင်ပဲ၊ မင်းငါ့ကိုချစ်နေတယ်ဆိုတာ အခြားသူတွေသိမှာမကြောက်ဘူးလား။ ဒီလိုကိစ္စမျိုးကိုလူတိုင်းကိုကြေငြာချင်နေတာလား။

ရွှီဇီရုန်ဟာသူ့ကိုကို၏အကြည့်ကြောင့်နဲ့ အရှုံးမပေးခဲ့ချေ။ သူကကိုကို၏လက်ဖဝါးကိုအပြစ်ကင်းစွာပွတ်သပ်နေပြီး စက်ဝိုင်းပုံရေးဆွဲနေသည်။

ရွှီဇီယန်ဟာအရေထူသောရွှီဇီရုန်၏အခြေအနေနှင့် ပတ်သက်၍ အကူအညီမဲ့စွာခံစားရသည်။ သူကရွှီဇီရုန်ကိုမနိုင်တဲ့အတွက် သူဘာလုပ်နိုင်တော့မှာလဲ ...

ညီအစ်ကိုနှစ်ဦးဟာ သူတို့၏မျက်လုံးများဖြင့်တိတ်တဆိတ်ပြောဆိုခဲ့ကြပြီး အခြားတစ်ဖက်တွင်လည်းကျန်ရင်းကဖန့်ထျန်းရွေ့ကိုအဝေးသို့ခေါ်သွားပြီးဖြစ်သည်။

တိတ်ဆိတ်သောအိပ်ခန်းတွင် သူတို့နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ ရွှီဇီယန်၏ဒီလောက်စူးရှတဲ့မျက်လုံးတွေသာမရှိထားရင် သူတို့ကတစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြင်နာစွာကြည့်နေသလိုပင်။

"ကောင်းပါပြီ…" နောက်ဆုံးတွင် ရွှီဇီရုန်နောက်ဆုတ်သွားသည်။ သူကသူ့ကိုကိုရဲ့လက်ကိုယူပြီးနမ်းလိုက်ကာ စိတ်မပါစွာပြန်လွတ်နေလိုက်ပြီး "အခြားသူတွေအရှေ့မှာဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော်ထိန်းချုပ်ထားပါ့မယ်၊ ဒါပေမယ့် ကိုကို ကျွန်တော်ကိုဆုတစ်ခုလောက်ပြန်ပေးတာကို ကျွန်တော်လိုချင်တယ်" 

ရွှီဇီယန်ကသူ၏လေးနက်သောအမူအရာကိုဖြေလျှော့လိုက်ပြီး ရုတ်တရက်တစ်ခုခုမှားနေပြီဟုရုတ်တရက်ခံစားလိုက်ရသည်။

ခဏလေး! ဇီရုန်အသံကဘာလို့များ ငါတို့တွေအတူတူနေပြီးကြသလိုပုံစံကြီးပေါက်နေရတာလဲ? ငါသူ့ကိုဒီလိုအတွေးမှားဘယ်တုန်းပေးလိုက်မိတာလဲ?

"ငါမပေး…" သူ၏စကားမဆုံးခင်မှာပင် ရွှီဇီယန်ဟာ ရွှီဇီရုန်သူ့အားချစ်ခင်စွာနမ်းလိုက်ပုံကိုကြည့်ရင်း သူ၏မျက်လုံးများပြူးကျယ်သွားသည်။

ရွှီဇီယန်သူ့အားမော့ကြည့်လိုက်၏။ သူတစ်ခုခုပြောရန်ကြိုးစားသော်လည်း ဇီရုန်၏အကြည့်ကြောင့်သူပါးစပ်ကိုပိတ်ထားလိုက်တော့သည်။

ရွှီဇီရုန်ကအလုံအလောက်မရသလို သူ့နှုတ်ခမ်းသူလျက်ကြည့်လိုက်သည်။ သူကတောက်ပသောမျက်လုံးများဖြင့်သူ့ကိုကို,ကိုကြည့်လိုက်ပြီး "အဲဒါကိုနောက်မှပြောကြရအောင်…"

ရွှီဇီယန်ဒီအချိန်မှာအော်ဟစ်ချင်လာသည်။ ဒီကလေးကသူ့ကိုဘာကြောင့်ရုတ်တရက်ကြီးလာနမ်းရတာလဲ။ ဒါ့အပြင်သူကနမ်းတာနဲ့တင်ဘာကြောင့်မလုံလောက်နေရတာလဲ။ အခုသူကဘယ်လိုလုပ်ပြီးအရမ်းကိုညှာတာမှုကင်းမဲ့လာရတာလဲ။

သူ့ကိုကိုကစကားမပြောချင်ဘူးဆိုတာသိတာနဲ့ ရွှီဇီရုန်ဝမ်းနည်းစွာနဲ့မျက်မှောင်ကြုတ်လိုက်သည်။ သူ့မွေးနေ့နီးလာလေလေ သူ့စိတ်ထဲမှာချစ်ခင်မှုကိုထိန်းချုပ်နိုင်စွမ်းနည်းလာလေလေဖြစ်သည်။ သူကသူ့ကိုကိုရဲ့နေ့စဉ်ဘ၀၌မထိမနမ်းနိုင်ရင် အခုထက်ပိုပြီး ထိတ်လန့်စရာတစ်ခုခုလုပ်ကောင်းလုပ်နိုင်လိမ့်မည်။

ဒါပေမယ့် ... အက်ကွဲကြောင်းကိုခရီးစကတည်းက သူ့ကိုကိုရဲ့သဘောထားကနည်းနည်းပြောင်းသွားတာကိုသူသိလိုက်သည်။ သူ့ကိုကိုကအဲဒါကိုရှာမတွေ့ခဲ့ပေမယ့် သူ့ကိုကို,ကိုအမြဲဂရုစိုက်တဲ့သူတစ်ယောက်အတွက် အဲဒီအပြောင်းအလဲတွေကသူ့ကိုစိတ်လှုပ်ရှားစေခဲ့သည်။

မြေအောက်အက်ကွဲကြောင်းတွင် ရွှီဇီယန်မည်သို့ခံစားခဲ့ရတယ်ဆိုတာကိုသူမသိချေ။ သို့သော်သူ့ကိုကိုက သူ၏သည်းခံစွမ်းကိုနောက်ဆုတ်ပေးလိုက်တယ်ဆိုတာကိုတော့ သူရှင်းရှင်းလင်းလင်းသိလိုက်၏။ ရွှီဇီယန်ကသူ့ကိုလက်ခံနိုင်လုနီးပါးဖြစ်နေပြီလို့ စိတ်ခံစားမှုအရပြောလို့ရသည်။

အကယ်၍များသူတို့ဆီမှာ “ ညီအကိုအရင်း ” ဆိုသည့်စည်းသာမရှိပါက သူတို့တွေအတူတူနေပြီးသွားပြီဖြစ်သည်။

ရွှီဇီရုန်တုံ့ဆိုင်းသွား၏။ သူတို့ဟာညီအစ်ကိုအရင်းမဟုတ်ကြောင်း သူ့ကိုကိုအားပြောသင့်သလားဆိုတာမသေချာပေ။ နောက်ဆုံးတော့သူကအဲဒါကိုလျှို့ဝှက်ထားဖို့သာဆုံးဖြတ်လိုက်သည်။ တစ်ဖက်တွင်လည်း သူတို့ကညီအစ်ကိုအရင်းမဟုတ်ကြောင်း သိစေချင်ပြီး သူ့ကိုလက်ခံစေချင်သလို၊ အခြားတစ်ဖက်တွင်လည်း ရွှီဇီယန်နှင့်ဤ “ ညီအကိုအရင်း ” ဆိုသည့်ပတ်သက်မှုမျိုးကိုမဆုံးရှုံးချင်ပေ။

ရွှီဇီရုန်ဟာသူ၏ကိုကိုအားထပ်မံမလှုံ့ဆော်တော့ပဲ အက်ကွဲကြောင်းသို့ခရီးစဉ်အကြောင်းကို သူ့ကိုကိုအားရိုးသားစွာပြောပြလိုက်သည်။

ဒီတစ်ခါတော့အက်ကွဲကြောင်းထဲမှာမှောင်နေပေမယ့် သိုးငယ်လေးထွက်ခွာသွားတာကြောင့်ဖိအားတွေမခံစားရတော့ပေ။ ရွှီဇီရုန်နဲ့ကျန်ရင်းတို့သည်ထိုဆုံမှတ်နေရာကိုအလျင်အမြန်တွေ့လိုက်ရသည်။ ခဏစောင့်ကြည့်ပြီးနောက် ဘေးမှာအမည်းရောင်ကြံ့တစ်ကောင်စောင့်ကြပ်နေတာကို သူတို့ရှာတွေ့သွားသည်။

ထိုကြံ့သည်ချီစွမ်းအင်စုဆောင်းမှုနှောင်းပိုင်းအဆင့်သာရှိအုန်းမည်။ ရွှီဇီရုန်အတွက်၎င်းကိုဖြေရှင်းရန်အားထုတ်မှုအနည်းငယ်သာလိုသည်။ သို့သော်ကြံ့အားသတ်လိုက်ပါက ဒီနေရာကိုလာသည့်အခြားသောတောကောင်တွေအားတားဆီးဖို့မရှိတော့တာကြောင့် ရွှီဇီရုန်ထိုကြံအားဘာမှမလုပ်ခဲ့ပေ။

အက်ကွဲကြောင်း၏အခြေအနေကိုသူ့ကိုကိုအားပြောပြပြီးနောက် ရွှီဇီယန်လျင်မြန်စွာလုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။ သူဟာနောက်နေ့ဆုံမှတ်ဆီသို့သွားရန်ဆုံးဖြတ်လိုက်သည်။

ရွှီဇီရုန်လည်းမကန့်ကွက်ချေ။ သူကသူ့ကိုကိုတစ်ယောက်သာရှိသည့် ပတ်ဝန်းကျင်တစ်ခုမှာနေရတာကိုတကယ်ကြိုက်ပေမယ့် (ရွှီဇီယန်နဲ့ရွှီဇီရုန်အား ဘယ်တော့မှမနှောက်ယှက်သည့် ဖန့်ထျန်းရွေ့နဲ့ကျန်ရင်းအားဖယ်ထားခြင်းဖြစ်သည်) ဒီလိုစက်ဆုပ်ဖွယ်နေရာမျိုးကြီးမှာ သူ့ကိုကိုနဲ့အတူ သူ့ရဲ့ပထမဆုံးအကြိမ်ကို ဒီလိုနေရာမျိုးမှာမဖြစ်ချင်ဘူး။

ရွှီဇီရုန်ကသူ၏နှုတ်ခမ်းကိုနမ်းလိုက်ပြီးနောက် ရွှီဇီယန်ကိုလွှတ်ပေးရန်ငြင်းဆန်သောအကြည့်ဖြင့်ကြည့်နေဆဲဖြစ်သည်။

"မင်းချက်ချင်းသွားအိပ်တော့!" ရွှီဇီယန်ဆိုးဝါးသလိုခံစားရပြီး ရွှီဇီရုန်ကိုပြတ်ပြတ်သားသားမောင်းထုတ်လိုက်သည်။

ရွှီဇီရုန်ကစိတ်မပါပေမယ့် နာခံစွာပြုမူနေဆဲဖြစ်သည်။ ရွှီဇီယန်ဟာသူ၏ညီငယ်လေးက အတော်လေးလိမ်မာနေသေးသည်ဟုထင်နေသော်လည်း ရွှီဇီရုန်ကတော့သူ၏အရသာရှိသောကိုကိုနှင့် ပျော်ရွှင်ရမည့်အချိန်ကိုသာတွေးတောနေသည်။

သူကအချစ်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိဘူး။ သို့သော် လျှိုကွမ်းဂိုဏ်း၌သူ၏နှစ်ပေါင်းများစွာအတွင်း သူ၏ရှစ်ရှုန်းများကမည်သို့ပြုမူကြတယ်ဆိုတာကိုသူမြင်ခဲ့သည်။

သူအရွယ်ရောက်သည့်လက်ဆောင်အဖြစ် သူ့ကိုကိုကသူ၏ပထမဆုံးကို သူ့အားပေးလိမ့်မယ်လို့ယုံကြည်ထားသလို သူ့ကိုကို,ကိုလည်းကောင်းမွန်သည့်ခံစားမျိုးသူထားခဲ့ရမည်။

ရွှီဇီယန်ဟာသူ့ညီငယ်လေးဘာကိုတွေးနေမှန်းမသိဘဲ သူမျိုချလိုက်သောစိတ်ဝိညာဉ်စွမ်းအားကိုချေဖျက်ရန်သာကြိုးစားနေသည်။

ထိုကျင့်ကြံသူ၏နည်းစနစ်သည်ခရမ်းရောင်မိုးကြိုးသွား၏မိုးကြိုးသွားအမျိုးအစားစွမ်းအင်ကိုချုံခြင်းမရှိပဲစုပ်ယူနိုင်ပြီး စုပ်ယူလိုက်တိုင်းသူ့ကိုယ်သူပိုမိုအင်အားကြီးလာစေသည်။ ထို့နောက်စုပ်ယူမှုနှုန်းသည်တစ်စတစ်စမြင့်တက်လာကာ ကောင်းမွန်တဲ့စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပေါ်လာမည်။

သို့သော် ရွှီဇီယန်၏ခန္ဓာကိုယ်ရှိစိတ်ဝိညာဉ်စွမ်းအားသည် ခရမ်းရောင်မိုးကြိုးသွား၏ကြီးမားသောစွမ်းအားနှင့်နှိုင်းယှဉ်လျှင်သေးငယ်လွန်းနေသော်လည်း သူသည်ပင်ပန်းနေသေးသောကြောင့်အနည်းဆုံး ၁၅ ရက် သို့မဟုတ် ထိုထက်ပိုလိုသေးသည်။

ရွှီဇီယန်ကသူဘာအတွက် ဒီလောက်အသည်းအသန်လုပ်နေတာလည်းဆိုတာနားမလည်နိုင်ဘူး။ ဆယ့်ငါးရက်နှင့်ရက်နှစ်ဆယ်က များစွာကွာခြားလိမ့်မည်မဟုတ်သည်မှာသိသာထင်ရှားသည်။ ဒါပေမယ့်သူ့စိတ်ထဲကအသံကမြန်မြန်လုပ်ရမယ်လို့ သူ့အားသတိပေးသလိုမျိုး၊ ဒါမှမဟုတ်လျှင်အရမ်းဆိုးတဲ့အရာတွေဖြစ်လာလိမ့်ဆိုသည့်ပုံစံလိုမျိုးပင် ...

ဂူအပြင်ဘက်၌ပြန်လာသောဖန်မောင်က ရွှယ်ထွမ်ကိုအံ့သြစွာကြည့်လိုက်ပြီး ၎င်း၏မျက်လုံးများထဲ၌ ရွံမုန်းဖွယ်အပြည့်ဖြင့်…

ရွှယ်ထွမ်၏မျက်နှာထက်၌လည်း တူညီသည့်အမူအရာမျိုးရှိနေ၏။ သို့သော်သိုးငယ်လေးက ဖန်မောင်၏တည်ရှိမှုကိုသဘောပေါက်ထားပုံရသည်။

#TK