Chapter 130
Viewers 23k

Chapter 130


“ မင်းကဘာလို့ဒီကိုရောက်နေတာလဲ? ” ဖန်မောင်ကစကားပြောမတတ်သော်လည်း ဤစကား၌ရွံမုန်းဖွယ်ရာအပြည့်ပါနေမှန်းသိသာလှသည်။

ရွှယ်ထွမ်ကသရော်လိုက်ပြီး တူညီသည့်ပုံစံအတိုင်း‌ပြန်တုံ့ပြန်လေသည်။
“ မင်းကိစ္စမဟုတ်ဘူး ”

ဖန်မောင်ဟာအလွန်ဒေါသထွက်သွားပြီး ရွှယ်ထွမ်နှင့်အဆုံးသတ်သည်အထိ‌တိုက်ခိုက်သလို ၎င်း၏ခန္ဓာကိုယ်ပေါ်ကအမွှေးတွေထောင်လာသည်။

ရွှယ်ထွမ်ကလည်းအားနည်းသည့်လက္ခဏာမျိုးမပြပေ။ ၎င်းဟာ၎င်း၏ခန္ဓာကိုယ်ရှိအရှိန်အဟုန်အားလုံးကိုထုတ်လွှတ်လိုက်ပြီး ဖန်မောင်နှင့်တူညီသောအဆင့်နီးပါးရှိသည်။

“ မင်းကမင်းရဲ့မူလပုံစံကိုပြနေတာလား? တိုက်ပွဲကဒီမှာဖြစ်မယ်ဆိုတာသေချာလား? ” ရွှယ်ထွမ်ကလုံးဝအလျင်စလိုမဖြစ်ခဲ့ချေ။ ၎င်းကအလွန်စိတ်သက်သာရာရနေသည်။

ဖန်မောင်ကလည်းအရူးတစ်ယောက်မဟုတ်‌ချေ။ ရွှီဇီရုန်၏အနီးတွင်ပုန်းအောင်းရန်ရွေးချယ်ရခြင်းအကြောင်းအရင်းမှာ ၎င်းဟာ၎င်း၏ခန္ဓာကိုယ်ပေါ်တွင်သွေးစွန်းပြီးလွမ်းဆွေးသောခံစားချက်အမြဲရှိနေသောကြောင့်ဖြစ်သည်။ အခြားသူများကဤအငွေ့အသက်ကိုမခံစားနိုင်ပဲ သတ်ဖြတ်တာကိုနှစ်သက်သောတောကောင်တွေအတွက်အလွန်ဆွဲဆောင်မှုရှိသည်။

ကံမကောင်းစွာ ရွှီဇီရုန်၏အစွမ်းသတ္တိက ၎င်းကိုထိန်းချုပ်ရန်လုံလောက်ခြင်းမရှိပေ။ ၎င်းကကူကယ်ရာမဲ့သလိုခံစားခဲ့ရပြီး ရွှီဇီရုန်က၎င်းအားထိန်းချုပ်နိုင်သည်အထိကြီးထွားလာရန်သာစောင့်ဆိုင်း‌နိုင်တော့သည်။

အေးစက်သောသရော်သံနှင့်အတူ ဖန်မောင်ကလှည့်ပြီးဂူထဲသို့ဝင်သွားသည်။ မတိုက်နိုင်ပါကထိုသူနှင့်အတူငြိမ်းချမ်းစွာအတူနေရန်ကြိုးစားကောင်းကြိုးစားနိုင်သည်။ အချုပ်အားဖြင့်ဆိုရသော် ဤအစားကြူးသူတောကောင်ဟာ သူ့ထက်ပိုဆိုးနိုင်တာ‌ကြောင့်၊ သူအနိုင်ရနိုင်၊မရနိုင်ဆိုတာမသေချာပေ…

“ ဟေ့၊ သတိထားနော်၊ ငါတို့ကအနာဂတ်မှာတစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြရမှာလေ ” ရွှယ်ထွမ်ကသူ၏အမြှီးကိုခါယမ်းရင်းအော်ပြောလိုက်သည်။

ဖန်မောင်ကထိုသူအားကြည့်ကာ
“ အစားကြူးသူ! မင်းကိုယ်မင်းသာအရင်ဂရုစိုက်လိုက်! မင်းငါ့အတွက်စိတ်ပူစရာမလိုဘူး! ”

ရွှယ်ထွမ်ကပခုံးတွန့်ပြလိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဤတောကောင်ကပိုမိုကောင်းမွန်စွာဒေါသထွက်လာလိမ့်မည်ဟုမမျှော်လင့်ခဲ့ဘူး။ ယခင်က၎င်းဟာကျိုးကြောင်းဆီလျော်သော ဆွေးနွေးမှုတစ်ခုခုမတိုင်မီ တိုက်ရမယ်လို့ထင်ခဲ့သည်။

၎င်း၏မေးစေ့အား ၎င်း၏ခွာဖြင့်ပွတ်လိုက်ပြီး အစားကြူးသူဟာတစ်ခုခုကိုတွေးနေပုံရသည်။ ဒါဟာနှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တဲ့သင်ခန်းစာတစ်ခုပဲမဟုတ်ဘူး၊ အကြမ်းတမ်းဆုံးအရာက အကောင်းနဲ့အဆိုးကိုဘယ်လိုခွဲခြားသိနိုင်မလဲဆိုတဲ့ အထီးကျန်ခြင်းကတကယ့်အကောင်းဆုံးဆရာပင်ဖြစ်သည်။

ဖန်မောင်ဟာ၎င်း၏ဦးနှောက်ကို ဘယ်တော့မှအသုံးမပြုချေ။ အချိန်တိုင်း၎င်းဟာကံမကောင်းစွာ အရင်ဆုံးထောင်ချောက်မိလေ့ရှိသည်…

သို့သော်သူတို့ကညီအစ်ကိုနှစ်‌ယောက်ကို သူတို့၏သခင်များအဖြစ်ရွေးချယ်ဖြစ်ခဲ့ကြခြင်းမှာ တကယ့်တိုက်ဆိုင်မှုပင် ...

အစားကြူးသူကသူ့မျက်လုံးတွေကိုစောင်းကြည့်ပြီး ရွှီဇီယန်ချက်ပြုတ်ခဲ့သည့်ကြက်ကင်ကိုပြန်သတိရနေသည်။ ရုတ်တရက်ထိန်းမနိုင်သိမ်းမရမျက်ရည်ကျလာသည်ကိုခံစားလိုက်ရသည်။

ထားလိုက်ပါတော့၊ ဘာကြောင့်ဒီလောက်အများကြီးတွေးနေတာလဲ? သူ့အတွက် အစာစားတာကသာ ပိုအရေးကြီးပြီး သူကအစာရွေးတဲ့သူမှမဟုတ်တာ!

နောက်တစ်နေ့မနက်စောစော၌

လေးယောက်အဖွဲ့ သူတို့ဟာ ဓားပျံများဖြင့် တောင်ဘက်လမ်းဆုံသို့ပျံသန်းသွားကြသည်။

မလှုပ်ရှားနိုင်သေးသောရွှီဇီယန်က ရွှီဇီရုန်၏ကျောတွင်တင်းကျပ်စွာရစ်ပတ်ခံထားရသည်။ ဒါကရုန်းကန်ပြီးနောက်မှာအကောင်းဆုံးရလဒ်ဖြစ်ခဲ့သည်။ အဲ့လိုမှမဟုတ်ရင် ရွှီဇီရုန်ကသူ့ကိုမင်းသမီးလေးတစ်ယောက်လိုပွေ့ဖက်ခြင်းကိုပြုလုပ်နိုင်သည်!

ရွှီဇီရုန်ထက်သူအရပ်ပိုရှည်ပြီး၊ခန္ဓာကိုယ်ပိုကြီးလာရမည်။ အကယ်၍သူသာမင်းသမီးတစ်ယောက်လိုအပွေ့ခံရမယ်ဆိုရင် ဘယ်သူကများဒီလိုပုံစံမျိုးကိုသည်းခံနိုင်မှာလဲ?

ဖန့်ထျန်းရွေ့ကလည်းကံမကောင်းစွာပဲ အလားတူအတွေ့အကြုံရှိသူဖြစ်သည်။ သူ့ကိုခေါ်သွားပြီးနောက် ကျန်ရင်းကသူနဲ့ဘာလုပ်နေလဲဆိုတာ ဘယ်သူမှမသိကြချေ။ ထိုနေ့နံနက်တွင် ကျန်ရင်းထွက်သွားသောအခါ ဖန့်ထျန်းရွေ့ကအိပ်မောကျနေဆဲဖြစ်သည်။

ယုတ္တိဗေဒအရပြောရင် ကျင့်ကြံသူတစ်ယောက်၏ရုပ်ပိုင်းဆိုင်ရာခွန်အားကအရမ်းကြီးမဆိုးဝါး‌ပေ။ ဒါကြောင့် ... ကျန်ရင်းကပဲမွေးရာပါအရည်အချင်းပြည့်ဝနေတာလား?

ရွှီဇီယန်ကဤမိုက်မဲသောမေးခွန်းကိုပျင်းရိစွာတွေးခဲ့ပြီး တစ်ဖက်လူ၏ဆွဲဆောင်မှုရှိသောအကြည့်များကသူ့အားရှက်သွေးဖြာစေသည်။

ရွှီဇီယန်ဟာ ဇီရုန်နဲ့ကျန်ရင်းတို့က ကျင့်ကြံသူနှင့်အ‌ခြွေအရံဖြစ်သည်ကိုသိပြီးသားဖြစ်သော်လည်း ဤကဲ့သို့အတော်လေးရှက်စရာကောင်းတဲ့လျှို့ဝှက်ချက်က အခြားသူများ၏မျက်လုံးများတွင်ဆိုးဝါးနေဆဲဖြစ်သည် … အကယ်၍ကျန်ရင်းကရွှီဇီရုန်အတွက် အနာဂတ်မှာကြီးမားသည့်အထောက်အပံ့ဖြစ်စေတယ်ဆိုရင်တောင် သူကကျန်ရင်းကိုသတ်ချင်တုန်းပဲ ...

ဆုံမှတ်ဆီသို့ခရီးသည်မမျှော်လင့်ပဲချောမွေ့ခဲ့သည်။ သူတို့ဟာမည်သည့်တောကောင်ကိုမျှမတွေ့ခဲ့ရုံသာမက ထိုနေရာ၌စောင့်ဆိုင်းနေသောကြံ့တောကောင်ကိုလည်းမမြင်ခဲ့ရပေ။

“ အစာရှာဖို့အပြင်ထွက်သွားတာဖြစ်နိုင်တယ် ” ရွှီဇီယန်ကမသေချာမရေရာတဲ့ခန့်မှန်းချက်တစ်ခုကိုသာ‌ပေးလိုက်သည်။ အမည်းရောင်ကြံ့ကိုအစအဆုံးသူမမြင်ဖူးဘူး။ ဒါပေမယ့်တောကောင်မရှိနေတာက ပိုကောင်းသည်။ မတိုက်ဘဲနဲ့သူတို့ကအခြားတောကောင်တွေကိုသတိမပြုမိစေပဲအသံမထွက်ဘဲ ဆုံမှတ်ကိုရောက်နိုင်ရင် သူတို့အတွက်ပိုတောင်ကောင်းသေးသည်။

ဖန်မောင်ကရွှီဇီရုန်၏ပခုံးပေါ်တွင်ထိုင်ပြီး ရွှယ်ထွမ်ကိုကြည့်လိုက်သည်။

ရွှယ်ထွမ်ကခေါင်းကိုမော့လိုက်ကာပြုံးပြလိုက်ပြီး ဖန်မောင်ကချက်ချင်းသ‌ရော်လိုက်ပြီးပြန်လှည့်သွားသည်။

ရွှယ်ထွမ်ကလျှို့ဝှက်စွာသက်ပြင်းချလိုက်ရင်း ဖန်မောင်နှင့်အတူနေရန်အလွန်ပင်ခဲယဉ်းလှသည်။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းအနည်းငယ်က ဖန်မောင်ဆီကနေတောင်ပံတစ်ခုခိုးယူခဲ့တာကို ၎င်းကအခုထိဘယ်လိုလုပ်အမှတ်သညာထားနေသေးတာလဲ? ဒါပေမယ့် ... ဒီတောင်ပံကတကယ်အရသာရှိသည်။ အဲဒီလိုအတောင်ပံတွေကိုရှာမတွေ့တော့တာကဝမ်းနည်းစရာပင်။

ရွှယ်ထွမ်က၎င်း၏တံတွေးကိုမျိုချလိုက်ပြီး အရသာရှိသောခံစားချက်ကို၎င်း၏မှတ်ဥာဏ်၌သာတွေးတောနေတော့သည်။

ဖန်မောင်ကထိုရင်းနှီးသောစုပ်ယူနေသည့်အသံကိုကြားသောအခါ ရုတ်တရတ်ကြည့်လိုက်မိသည်။ ဘယ်လိုအစားကြူးသူလဲ၊ မိစ္ဆာနယ်‌မြေကနေထွက်ပြီးပြီးချင်း ချက်ချင်းအစာစားရဲတယ်လား? အဲ့ဒီလိုတောကောင်မျိုးက ဒီညီအကိုတွေထဲကတစ်ယောက်၏တောကောင်လို့တွေးလိုက်မိတိုင်း ၎င်းအားစိတ်ဆင်းရဲစေသည်။ 

(ကြံ့သည်ထောင့်တစ်နေရာ၌တုန်ယင်လျက် “ ဘုရားရေ၊ မင်းငါ့ကိုအဝေးကနေဘယ်လိုတောင်ကြောက်အောင်လုပ်နိုင်ရတာလဲ? ပြီးတော့မင်းကဘာကြောင့် ဒီလောက်ထိမာနထောင်လွှားတာလဲ? မင်းကဒီအတိုင်းဖြတ်သွားချင်တာပဲမဟုတ်ဘူးလား? ”) 

သူတို့သည်အခက်အခဲမရှိဘဲ ဆုံမှတ်ကိုဖြတ်ကျော်သွားနိုင်တာက အံ့သြစရာပင်။ ရွှီဇီယန်ကသူ၏ခန္ဓာကိုယ်၌ထိုဆွဲငင်အားကိုတစ်ဖန်ပြန်လည်ခံစားရသည်။ ကုဗတုံးဟာဆုံမှတ်ကိုဖြတ်သွားသောအခါ ၎င်းကစွမ်းအင်များစွာစုပ်ယူတယ်လို့ခံစားခဲ့ရသည်။

သူမျက်လုံးဖွင့်ကြည့်တော့ကောင်းကင်ကပြာနေပြီး နေရာတိုင်းမှာစိမ်းလန်းစိုပြေနေတာကိုသူမြင်လိုက်သည်။ ဝါးပင်များကလည်း လေနှင့်အတူယိမ်းယိုင်‌နေပြီး အသံအချို့ထွက်ပေါ်လာသည်။ ဒါကသူ့ကိုအရမ်းလန်းဆန်းစေခဲ့သည်။

သူကအသက်ပြင်းပြင်းရှူလိုက်ပြီး သူ့နှာခေါင်းထဲမှာလတ်ဆတ်တဲ့အနံ့နဲ့ပြည့်နေသည်။

“ ဒီနေရာကဘယ်နေရာလဲ? ” ရွှီဇီယန်ကတိုးညှင်းစွာမေးလိုက်သည်။

ရွှီဇီရုန်ခေါင်းခါလိုက်၏။ မိစ္ဆာနယ်မြေနှင့်အပြင်လောကကြီး၏ဆုံမှတ်တွေသည်ပုံမှန်မရှိချေ။ သူတို့သည်လမ်းပြအဆောင်ကြောင့် ငရဲမီးလျှံမိစ္ဆာနယ်မြေသို့အတင်းဆွဲခေါ်သွားခြင်းခံရသော်လည်း ဤဆုံမှတ်ကရွှမ်းယွိနှင့်ဆက်သွယ်မှုရှိ၊မရှိဆိုတာပြောရန်ခက်သည်။

ဤလောက၌မရေမတွက်နိုင်သောကြီးမားသော၊ အလယ်အလတ်နှင့်သေးငယ်သောနယ်‌မြေများရှိခဲ့ပြီး ရွှမ်းယွိနယ်မြေကအတော်လေးဝေးလံသောအလယ်အလတ်နယ်မြေတစ်ခုအဖြစ်သာမှတ်ယူနိုင်သည်။ ကွဲပြားခြားနားသောနယ်မြေများအချင်းချင်း ဆက်သွယ်မှုကိုအဓိကအားဖြင့် တယ်လီပို့အခင်းအကျင်းဖြင့်ထိန်းသိမ်းထားသည်။ ဒါပေမယ့်တယ်လီပို့ခေါ်ရန်အလွန်စျေးကြီး၏။ သူတို့အတွက်မတတ်နိုင်သေးချေ။

“ ငါတို့ဘယ်နေရာရောက်နေလဲဆိုတာ တစ်ယောက်ယောက်ကိုရှာပြီးမေးကြည့်လိုက် ” ရွှီဇီယန်ပြောလိုက်သည်။

“ ကောင်းပြီ ” ရွှီဇီရုန်ကပြန်လည်တုံ့ပြန်လိုက်ပြီး သူ၏ကျောပေါ်ကသူ့ကိုကိုနှင့်အတူ ဝါးရုံတောထဲကနေထွက်သွားသည်။

ခြေလှမ်းအနည်းငယ်မျှလျှောက်ပြီးနောက် ရွှီဇီရုန်ရုတ်တရက်ရပ်တန့်သွားသည်။

“ ဘာဖြစ်လို့လဲ? ” ရွှီဇီယန်မေးလိုက်သည်။

“ အခင်းအကျင်းတစ်ခုရှိတယ် ” ရွှီဇီရုန်ကဖြည်းညင်းစွာပြန်ဖြေသည်။

ရွှီဇီယန်မျက်မှောင်ကြုတ်လိုက်ပြီး “ အဲ့ဒါကငါတို့ရန်သူလား၊ ငါတို့မိတ်‌ဆွေလား? ”

ရွှီဇီရုန်ခေါင်းကိုအနည်းငယ်ယမ်းလိုက်သည်။ ဆုံမှတ်မှထွက်လာသောအခါ သူတို့ကအခင်းအကျင်း၌ဖမ်းမိနေပြီဖြစ်သော်လည်း တစ်ဖက်လူကသူတို့ကိုပစ်မှတ်အဖြစ်မှတ်ယူပုံမ‌ပေါ်ပေ။ မိစ္ဆာနယ်မြေ၏ဆုံမှတ်က ကျင့်ကြံသူတစ်ယောက်၏နယ်မြေတစ်ခုနှင့် ချိတ်ဆက်ထားခြင်းဖြစ်နိုင်သည်။

သို့သော်အခင်းအကျင်းအရခန့်မှန်းမည်ဆိုရင် ဤကျင့်ကြံသူကအတော်လေးနိမ့်သောကျင့်ကြံခြင်းအဆင့်မှာရှိနိုင်သည် (ဒါမှမဟုတ်) ထိုသူကအခင်းအကျင်းနှင့်ပတ်သက်ပြီး အကျွမ်းတဝင်မရှိတာဖြစ်နိုင်သည်။ ဤအခင်းအကျင်း၏ရည်ရွယ်ချက်မှာ လူများအားထောင်ချောက်ဆင်ရန်ဖြစ်ပြီး သူတို့အတွက်‌တော့အကန့်အသတ်ရှိသောပျက်စီးမှုများကိုသာဖန်တီးပေးနိုင်သည်။

“ ကျန်ရင်း သတိထားနော် ” ရွှီဇီယန်ပြောလိုက်သည်။

ကျန်ရင်းခေါင်းညိတ်ပြီးသူ့ကျောပေါ်မှာအိပ်နေသောဖန့်ထျန်းရွေ့ကိုတင်းကျပ်လိုက်သည်။

ရွှီဇီယန်ကအကူအညီမဲ့စွာ သူ၏မျက်လုံးထောင့်စွန်းတွင်တွန့်ကွေးသွားသည်။ ဖန့်ထျန်းရွေ့ဟာသူ၏မျက်လုံးများကိုမဖွင့်နိုင်‌အောင် ကျန်ရင်းမနေ့ညကသူ့ကိုဘာလုပ်ခဲ့တာလဲ? သူကဖန့်ထျန်း‌ရွေ့ကိုဒီလိုမျိုးဖြစ်အောင်ဘယ်လို‌တောင်နှိပ်စက်နိုင်ရတာလဲ?

“ သွားကြရအောင် ” ခဏလောက်ဂရုတစိုက်ကြည့်ပြီးနောက် သူကအခင်းအကျင်းထဲမှာထူးခြားတဲ့အပြောင်းအလဲတွေမရှိတာကိုသူတွေ့လိုက်သည်။ ရွှီဇီရုန်ခဏစဉ်းစားလိုက်ပြီး ကျန်ရင်းကိုအရှေ့ကနေဦးဆောင်ခိုင်းလိုက်သည်။ 

ဤခင်းကျင်းမှုကအလွန်အခြေခံကျသည်။ သူ့အတွက်၎င်းကိုချိုးဖျက်ရန် အချိန်များစွာမယူခဲ့ရ‌ချေ။

ပုံစံအမျိုးမျိုးဖြင့်လှည့်၍ကွေ့ပတ်လိုက်ပြီးနောက် ရွှီဇီယန်ဟာ ရွှီဇီရုန်၏လုပ်ဆောင်ချက်များကအလွန်ရှုပ်ထွေးနေသည်ကိုတွေ့သော်လည်း မကြာမီဝါးရုံတောမှထွက်လာခဲ့သည်။

“ ဟားဟား၊ ငါ့ဆီလာလည်တဲ့သူတွေရှားတယ်၊ မိတ်ဆွေတို့ မင်းတို့တွေလက်ဖက်ရည်တစ်ခွက်လောက်သောက်ကြမလား? ” အသံနိမ့်ပြီးမာကြောသည့်လေသံမျိုးထွက်ပေါ်လာသည်။ လူတိုင်းကအဲ့ဒီအသံဘယ်ကလာလည်းဆိုတာရှာဖွေကြသည်။

ရွှီဇီရုန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး‌ ရွှတ်နောက်နောက်အပြုံးမျိုးဖြင့် “ ဒါဆိုငါတို့ဝင်ခဲ့မယ် ” ဟုကျယ်လောင်စွာပြောလိုက်သည်။ ထို့နောက်သူဟာထိုဦးတည်ရာသို့လျှောက်သွားသည်။

ကျန်ရင်းကအံ့အားသင့်သွားပြီး သူ၏မျက်လုံးများတောက်ပသွားကာ ရွှီဇီရုန်နှင့်နီးကပ်စွာလိုက်သွားသည်။

ရွှီဇီယန်ဟာ ဇီရုန်အား သူမသိသောလူတစ်ဦးထံမှဖိတ်ကြားချက်ကို ဘာကြောင့်လက်ခံခဲ့တာလဲဆိုတာကိုနားမလည်သော်လည်း ခိုင်လုံသောအကြောင်းပြချက်ရှိရမယ်ဟုယုံကြည်သည်။

ထိုလူစကားစ‌ပြောသောအခါ ဖန့်ထျန်းရွေ့က အိပ်ပျော်‌နေရာမှနိုးထလာသည်။ သူကသတိကြီးစွာလှည့်ပတ်ကြည့်လိုက်ပြီး သူအသယ်ခံထားရတယ်ဆိုတာကိုတွေ့သောအခါ ထိတ်လန့်သွားသည်။ ထို့နောက်သူဟာမဆိုင်းမတွခုန်ချလိုက်သည်။

ကျန်ရင်းကဝမ်းနည်းစွာသူ၏နှုတ်ခမ်းစူသွားပြီး ဖန့်ထျန်းရွေးကအလွန်ဒေါသထွက်ကာ ကျန်ရင်းကိုထိုးလိုက်သည်။ ဒါပေမယ့်သူတို့ကနောက်ပြောင်ပြီး စကားစမြည်ပြောနေကြပေမယ့် သူတို့ပတ်ဝန်းကျင်ကအလားအလာရှိသည့်ရန်သူတွေကို စစ်ဆေးဖို့မမေ့နေချေ။

မိစ္ဆာနယ်မြေထဲ‌၌ကျင့်ကြံခြင်း၏အခြားအားသာချက်တစ်ခုကတော့ သူတို့၏သတိရှိမှုအဆင့်က အလွန်မြင့်တက်လာခဲ့သည်။ ဤနယ်မြေ၌သူတို့၏ရန်သူများစွာဟာ အလွန်အစွမ်းထက်ပြီး သူတို့လှမ်းနေသောကျောက်တုံးက ရုတ်တရက်ထကိုက်လိမ့်မလားဆိုတာ သူတို့မသိနိုင်ချေ။

လူတိုင်းခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူတို့ရှေ့မှမြင်ကွင်းကရုတ်တရက်ပြောင်းသွားသည်။ ဝါးရုံတောသည်ရုတ်တရက်ပျောက်ကွယ်သွားပြီး စိမ်းလန်းသောဝါးအိမ်ငယ်လေးတစ်လုံးသာကျန်ရစ်‌တော့သည်။

ဝါးအိမ်လေးရဲ့ရှေ့ကဘာလဲဆိုတော့အိမ်ခြံဝင်းသေးသေးလေးတစ်ခုရှိပြီး ခြံဝင်းလေးထဲမှာပန်းတွေ၊ အပင်တွေနဲ့မြက်ခင်းတွေရှိသည်။ ပန်းပင်စိုက်သူတွေဟာ၎င်းတို့ကိုအရမ်းဂရုစိုက်ကြသည်။ ပန်းအများစုဟာပွင့်နေပြီ၊ တစ်ပွင့်စီတိုင်းကသူတို့ရဲ့အလှဆုံးကိုယ်ဟန်အနေအထားကိုပြသနေသည်။

ခရမ်းရင့်ရောင်ပန်းတစ်ပွင့်က အိမ်ခြံဝင်းအလယ်၌ပွင့်‌နေသည်။ ဤပန်းကအလွန်လှပပြီး ပွင့်ချပ်များဟာ အပြန်ပြန်အလှန်လှန်ဖျော့ဖျော့လင်းနေပုံရသည်။

ရွှီဇီယန်ကထိုပန်းကိုမြင်သောအခါ အာမေဋိတ်အသံထွက်သွားမိသည်။ သူ့ဘ၀တစ်လျှောက်မှာဒီလောက်လှပတဲ့ခရမ်းရင့်ရောင်ပန်းကိုသူတစ်ခါမှမမြင်ဖူးဘူး!

အိမ်ခြံဝင်းအပြင်ဘက်မှာအကိုင်းအခတ်တွေညွတ်ကြနေသည့်မိုးမခပင်တစ်ပင်ရှိသည်။ ၎င်း၏ပုံပန်းသွင်ပြင်ကိုကြည့်လျှင် အနည်းဆုံးအသက်တစ်ရာခန့်ရှိ‌လောက်သည်။ သစ်ပင်အောက်၌ကျောက်စားပွဲတစ်လုံးနှင့် ပတ်ပတ်လည်၌ကျောက်ခုံများစွာရှိသည်။ မုတ်ဆိတ်ဖြူနှင့်ဆံပင်ဖြူရှိသောအဖိုးအိုက ကျောက်ခုံတန်းရှည်တစ်ခုပေါ်တွင်ထိုင်ပြီး သူတို့ကိုလက်ယပ်ခေါ်လိုက်သည်။

ရွှီဇီရုန်ဟာပန်းကိုပထမဆုံးအကြိမ်မြင်သည်နှင့် သူ၏ဝေဝါးဝါးမျက်လုံးများကလေးနက်လာသည်။ သူ၏အကြည့်ကအနည်းငယ်တောက်ပသွားပြီး အဖိုးအိုအားပြုံးပြလိုက်သည်။

အဖိုးအိုကအံ့သြသွားသည်။ ဘယ်လိုတောင်လှပတဲ့ရွှီဇီရုန်လဲ! ယခုသူသာလှပတဲ့ပန်းတွေအနား၌ ပြုံးပြလိုက်ပါက ထိုပန်းတွေကလှပတော့မှာမဟုတ်ဘူး! 

ရွှီဇီရုန်၏အပြုံးကိုမြင်သောအခါ ကျန်ရင်းနှေးကွေးသွား၏။ သူဟာသနားသောစိတ်ဖြင့် အဖိုးအိုကိုတစ်ချက်ကြည့်လိုက်ပြီး သူတွေးနေသည်က ‘ငါ့သခင်ကပြုံးနေတယ်၊ သူပြုံးနေတယ်!’

ကျန်ရင်းကဒီအဖိုးအိုဘာအမှားလုပ်မိမှန်းမသိပေမယ့် သူ့သခင်ကိုတောက်ပအောင်ပြုံးစေနိုင်တာက ကောင်းတဲ့အရာတစ်ခုတော့မဟုတ်တာသေချာသည်။

ရွှီဇီရုန်၏ပခုံးပေါ်တွင်လဲလျောင်းနေသောဖန်မောင်က မုန်လာဥဝါးနေတာကိုရပ်လိုက်သည်။ ၎င်း၏စူးရှသောမျက်လုံးများဖြင့်လှည့်ပတ်ကြည့်လာသည်။

ရွှယ်ထွမ်ကလည်း၎င်း၏နှာခေါင်းဖြင့်ရှူရှိုက်လိုက်ပြီး အတော်လေးစက်ဆုပ်သောအမူအရာကိုပြနေသည်။

“ ဟားဟား၊ ငါ့မိတ်‌ဆွေလေးတွေ၊ ကျေးဇူးပြုပြီးဒီကိုလာပါ ” မုတ်ဆိတ်ဖြူရှိသောလူကြီးကကြင်နာစွာလက်ယပ်ခေါ်လိုက်ပြီး ကျောက်စားပွဲပေါ်ရှိလက်ဖက်ရည်အိုးဟာလေပေါ်ပျံသွားပြီး ပတ်ပတ်လည်ကလက်ဖက်ရည်ခွက်ကို ရေနွေးကြမ်းတွေဖြည့်ပေးလိုက်သည်။

ရွှီဇီယန်၏မျက်လုံးများကတောက်ပလာပြီး ဤအဖိုးအို၏အစွမ်းအစကို သူ၏ကျင့်ကြံခြင်းအဆင့်နှင့်ပင်မသိနိုင်တာကြောင့် ပိုပြီးတော့သတိထားလာတော့သည်။

ရွှီဇီရုန်ကသူ၏ပုံမှန်သတိကို လုံးဝဆုံးရှုံးလိုက်ပုံရသည်။ သူကကြီးမားသောခြေလှမ်းများဖြင့်ရှေ့တိုးကာ သူ့ကိုကို,ကိုကျောက်ခုံထိုင်ပေါ်တွင်ထိုင်‌စေပြီး သူ၏လက်မောင်းထဲ၌ပြန်လည်ပွေ့ထားလိုက်သည်။

ဒီလိုပွေ့ဖက်ထားသည့်နည်းလမ်းက ရွှီဇီယန်အားအရှက်ရသွားစေသည်။ အဖိုးအို၏ထူးဆန်းသောအကြည့်ကသူ့ကိုပိုရှက်သွားစေသည်။

ရွှီဇီရုန်၊ မင်းငါ့ကိုကျောက်ခုံထိုင်ပေါ်မှာပဲ ဘာလို့မထားတာလဲ?

ရွှီဇီရုန်ကသူ့ကိုကိုပြောသည့်စကားကိုကြားသွားပုံရပြီး သူ၏ခေါင်းလှည့်လာပြီးပြုံးကာ
“ ကိုကိုနေရတာမသက်မသာဖြစ်မှာစိုးလို့ ကျွန်တော် ကိုကို့,ကိုပွေ့ထားတာကပိုကောင်းလိမ့်မယ် ”

ရွှီဇီယန်ခဏမျှတိတ်ဆိတ်သွားပြီး … သူလက်ခံလိုက်ရုံသာတတ်နိုင်တော့သည်!

အခြားနည်းလမ်းမရှိ၊ လက်ရှိမှာသူကအကြောသေနေသည့်လူနာဖြစ်သည်!

ယခုအခြေအနေမှာမရှင်းလင်းသေးတာ‌ကြောင့် ဤအဖိုးအိုကဆိုးဝါးသောတင်းမာမှုများရှိနေလျှင် ရွှီဇီရုန်အနားမှာရှိနေတာကပိုလုံခြုံလိမ့်မည်။

“ ဟားဟား၊ ဒီကမိတ်ဆွေလေး၊ ဒီတစ်ယောက်က… ” အဖိုးအိုကလက်ဖက်ရည်တစ်ခွက်ယူလိုက်ပြီး ဖြည်းညှင်းစွာမေးလိုက်သည်။

“ ငါ့ရဲ့အကို ” ရွှီဇီရုန်ကလျင်မြန်စွာပြန်ပြောလိုက်သည်။

အဖိုးအိုအံ့အားသင့်သွား၏။ အလွန်ရင်းနှီးစွာပြုမူနေသောလူနှစ်ယောက်က ညီအစ်ကိုများဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပုံရသည်။

သူထင်ထားတာကသူတို့တွေက ...

အဖိုးအိုကအာရုံစိုက်ပြီးပြန်လည်တုံ့ပြန်လိုက်သည်။
“ ဒီကကျင့်ကြံသူလေးကဒဏ်ရာရနေပုံပဲ၊ ငါကဆေးပညာမှာကျွမ်းကျင်တာကြောင့် မင်းဘာလို့ငါ့ကိုမစမ်းသပ်ခိုင်းရတာလဲ? ”

ရွှီဇီရုန်ပြုံးလိုက်ပြီး “ မလိုဘူး၊ ငါ့အကိုက‌နေကောင်းပြီးသား ရက်အနည်းငယ်လောက်ကြာရင် သူလှုပ်ရှားလာနိုင်လိမ့်မယ် ”

အဖိုးအိုကပြုံးပြီးထိုအကြောင်းအရာကိုဆက်မပြောတော့ချေ။ အဲဒီအစားသူကသူတို့နဲ့စိတ်ပါလက်ပါစကားပြောလာသည်။

အဖိုးအိုကသူ့ကိုယ်သူ ကျင့်ကြံသူဝူ့ယွမ်ဖြစ်ကြောင်းမိတ်ဆက်ခဲ့သည်။ သူ့အပြောအရဒီနေရာက ရွှမ်းယွိနယ်မြေက ကျောက်စိမ်းဝါးပင်လယ်လို့ခေါ်တဲ့နေရာတစ်ခုဖြစ်ပြီး သူကဒီမှာတစ်ကိုယ်တည်းနေထိုင်သည့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဒီနေရာကဝေးလံခေါင်ဖျားနေရာတစ်ခုဖြစ်သောကြောင့် နှစ်ပေါင်းများစွာကြာအောင်လူတွေကိုမတွေ့ရပေ။

သူတို့ကရွှမ်းယွိနယ်‌မြေထဲမှာရှိနေမှန်းသိလိုက်ပြီးနောက် ရွှီဇီယန်သက်ပြင်းချလိုက်သည်။ သူတို့ကအခြားနယ်ပယ်တစ်ခုမှာရှိနေရင်တောင်ပြန်လာနိုင်သေးပေမယ့် ရင်းနှီးတဲ့ပတ်ဝန်းကျင်ကိုပြန်ရောက်တာကပိုသက်သာသေးသည်…

ဤအဖိုးအိုကဗဟုသုတရှိပြီး သူကအကြောင်းအရာများစွာကိုအသေးစိတ်ပြောပြနိုင်လိမ့်မည်။ ရွှီဇီယန်ကထိုအ‌ကြောင်းတွေကို သူ၏မူလမှတ်ဥာဏ်နှင့်ပေါင်းစပ်ရန်ကြိုးစားသောအခါ လူအများက၎င်းတို့ဟာအမှန်ဟုတ်၊မဟုတ်ကိုမသိနိုင်သော်လည်း လျှို့ဝှက်နယ်မြေများနှင့်ပတ်သက်သောကောလာဟလများကတော့ အစစ်အမှန်ဖြစ်ကြောင်းသူသေချာသွားသည်။

ဤအချက်ကိုအတည်ပြုပြီးနောက် ရွှီဇီယန်နှင့်အဖိုးအိုတို့ဟာပိုမိုပျော်ရွှင်စွာစကားပြော‌နေကြသည်။ သူတို့ကဆက်လက်ဆွေးနွေးနေကြပြီး နှစ်ယောက်စလုံးတစ်ယောက်ကိုတစ်ယောက်သိတာနောက်ကျသွားတယ်လို့ခံစားနေရသည်။

“ ဟိုးဟိုး၊ ဖြည်းဖြည်း … ဖြည်းဖြည်း၊ ငါမင်းလောက်မြန်မြန်မပြောနိုင်ဘူး လူငယ်လေး ” အချိန်အတော်ကြာစကားပြောပြီးနောက် အဖိုးအိုကလက်ဖက်ရည်တစ်ခွက်ကိုသောက်လိုက်သည်။

ရွှီဇီယန်ရုတ်တရက်ရေဆာသလိုခံစားလိုက်ရသည်။ သို့သော်သူမလှုပ်ရှားနိုင်တာ‌ကြောင့် ရွှီဇီရုန်အားသူ့မျက်လုံးများနှင့်လက်ဖက်ရည်တိုက်ရန်ညွှန်ပြလိုက်သည်။

မမျှော်လင့်ပဲ ရွှီဇီရုန်သည်ခရမ်းရောင်ပန်းတစ်ပွင့်ကိုသာစိုက်ကြည့်နေပြီး ရွှီဇီယန်၏တောင်းဆိုမှုကိုလျစ်လျူရှုထားသည်။

ရွှီဇီယန်အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ အခုသူဘယ်လိုလုပ်လျစ်လျူရှုခံနေရတာလဲ? အရူးကောင်၊ မင်းအကိုကအခုတစ်ခုခုလိုနေတယ်ဆိုတာမင်းသတိမထားမိဘူးလား? မင်းကများအာရုံမစိုက်ဘဲနေရဲတယ်လား?

“ အဟမ်း၊ ဇီရုန်? ”

“ ဟင်? ကိုကို ဘာကိစ္စရှိလို့လဲ? ”

“ ငါရေနည်းနည်းသောက်ချင်လို့ ” ရွှီဇီယန်ကစားပွဲပေါ်ရှိလက်ဖက်ရည်ကိုမျက်လုံးများနှင့်ကြည့်လိုက်သည်။

ရွှီဇီရုန်၏မျက်လုံးများကဖြည်းဖြည်းချင်းလှည့်လာပြီး အနည်းငယ်ဩရှရှအသံဖြင့် “ ကိုကိုက … ရေနည်းနည်းသောက်ချင်လို့လား? ”

ရွှီဇီယန်ကတစ်ခုခုမှားနေပြီဟုရုတ်တရက်ခံစားလိုက်ရပြီး “ မဟုတ်ဘူး! ငါရေမဆာတော့ဘူး! ”

“ တကယ်လား? ကိုကိုက … တကယ်ပဲ … ရေမဆာတော့ဘူးလား? ” ရွှီဇီရုန်ကရှေ့ကိုကိုင်းလိုက်ပြီး ရွှီဇီယန်ရဲ့နားရွက်ကို သူ့နှုတ်ခမ်းဖြင့်ဆက်ပြီးပွတ်နေသည်။

“ ငါမသောက်ချင်တော့ဘူးလို့! ” ရွှီဇီယန်မှင်တက်မိသည်။ ဒီကောင်စုတ်လေးကသူ့ကိုရေတိုက်တဲ့အခါတိုင်း အခွင့်ကောင်းယူနေတာကိုသူရုတ်တရက်ပြန်လည်တွေးတောမိလိုက်သည်။ 

သူတို့နှစ်ယောက်တည်းရှိနေချိန်ဆိုရင်တော့ အဆင်ပြေသည်။ မည်သို့ပင်ဖြစ်စေသူတို့၏ပထမဆုံးအနမ်းမဟုတ်တော့ပေမယ့် ‌ဒီနေရာမှာကလူများစွာရှိ‌နေသည်! ရွှီဇီယန်သာဇီရုန်ကိုရေတိုက်ခွင့်ပြုလိုက်ပါက ဇီရုန်သူ့အားနမ်းလာနိုင်ပြီး ရွှီဇီယန်အတွက်လုံးဝရှက်စရာအတိဖြစ်သွားလိမ့်မည်။ 

“ ဒါဆိုရင်လည်း ကောင်းပြီလေ… ” ရွှီဇီရုန်ကစိတ်မကောင်းစွာခေါင်းညိတ်လိုက်ပြီး အဖိုးအိုကိုအမှတ်တမဲ့ကြည့်လိုက်သည်။

အဖိုးအိုကဘာမှအရေးမပါသလိုကြည့်‌နေဆဲဖြစ်ပေမယ့် သူ့မျက်လုံးတွေအောက်၌ ဝမ်းနည်းတဲ့ခံစားချက်ရှိနေသည်။

ရွှီဇီရုန်ကသူ၏ရင်ထဲကနေသရော်လိုက်သည်။ ထိုသူကချောမွေ့လုနီးပါးဖုံးကွယ်ထားပြီး ကောင်းမွန်သည့်အလုပ်တစ်ခုကိုလုပ်ခဲ့တာပဲ။ အဖိုးအိုကသူနဲ့အမှတ်မထင်တွေ့လောက်အောင်ကံမကောင်းချေ။ ဝူ့ယွမ်ကျင့်ကြံသူတဲ့လား? ကောင်းပြီလေ၊ တကယ်ပဲအမတဝိညာဉ်အခြေတည်စအဆင့်ကိုရောက်ထားသူလို့ သူ့ကိုယ်သူများထင်နေတာလား?

ရွှီဇီရုန်၏အနှောင့်အယှက်ကြောင့် ရွှီဇီယန်ဟာသူရေငတ်ပြန်တယ်လို့ဘယ်တော့မှထပ်မပြောလာတော့ပေ။ ရွှီဇီရုန်နှင့်နှစ်ပေါင်းများစွာလက်တွဲခဲ့ပြီးနောက် ရွှီဇီယန်ကအဖိုးအို၏ပုံမှန်မဟုတ်သည့်အရာတစ်ခုကိုတောင်သတိမပြုမိခဲ့သော်လည်း သူကစွန့်စားရန်လည်းမရည်ရွယ်ဘူး။

ကျန်ရင်းနှင့်ဖန့်ထျန်း‌ရွေ့တို့ကလည်းရေကိုတစ်ငုံမျှမသောက်ခဲ့ကြပေ။ အစကတည်းကကျန်ရင်းဟာ အဖိုးအိုကိုမကြည့်ဘဲ ဖန့်ထျန်းရွေ့အနား၌သာစောင့်ကြည့်နေသည်။

ဖန့်ထျန်းရွေ့က ကျန်ရင်းဟာတစ်ဖက်လူအား စိုက်ကြည့်နေသည်ကိုမြင်သောအခါ အတော်လေးမျှော်လင့်ချက်မဲ့နေသော်လည်း နူးညံ့သိမ်မွေ့သောကျန်ရင်း၌ မချေပနိုင်သောအကြောင်းပြချက်များအမြဲရှိသည်။ သို့ပေမယ့်အရှက်မရှိတဲ့လူတစ်ယောက်ဖြစ်လာသည့်အခါ နတ်ဆိုးကျန်ရင်းကသာအမြဲတမ်းအနိုင်ရလိမ့်မည်…

သူကနတ်ဆိုးကျန်ရင်းနဲ့ငြင်းခုံသည့်အခါတိုင်း ခုတင်ပေါ်၌သာအဆုံးသတ်ရမည်ဖြစ်တာကြောင့် ဖန့်ထျန်းရွေ့ကနတ်ဆိုးကျန်ရင်းနဲ့ဆက်ဆံပြေပြစ်ရန်လက်လျော့လိုက်ပြီးဖြစ်သည်။

“ ကျင့်ကြံသူဝူ့ယွမ်၊ အဲ့ဒီမှာရှိနေတဲ့အပင်တွေကဘာပင်တွေလဲ? ငါသေချာမသိလို့၊ အဲ့ဒါတွေကိုငါတစ်ခါမှမမြင်ဖူးသလိုပဲ ” ခြံထဲမှာပန်းတွေကိုကြည့်နေသည့်ရွှီဇီရုန်ကရုတ်တရက်မေးလိုက်သည်။

အဖိုးအို၏မျက်လုံးများကတောက်ပသွားပြီး “ မင်းမှာအမြင်အာရုံကောင်းကောင်းရှိတာပဲ၊ အဲဒါကနှစ်တစ်ရာမှာတစ်ခါလောက်သာမြင်ရတာ၊ မင်းစိတ်ဝင်စားရင် အဲ့ဒါတွေကိုပိုပြီးနီးနီးကပ်ကပ်ကြည့်ချင်လား? ”

ရွှီဇီရုန်အနည်းငယ်ပြုံးပြီး “ ကောင်းပြီ ” ထို့နောက်သူကထလိုက်ပြီး သူ၏ကိုကို,ကိုပွေ့ထားရင်းအဘိုးအိုနောက်သို့လိုက်သွားသည်။

ရွှီဇီယန်ဟာဇီရုန်၏မင်းသမီးကဲ့သို့ပွေ့ဖက်ခံရခြင်းနှင့်ပတ်သက်၍မှင်တက်နေသည်။ ရွှီဇီရုန်၏ဤမျှသေးငယ်သည့်အမူအရာများကိုပင် သူလုံးဝမဆန့်ကျင်နိုင်ချေ၊ အထူးသဖြင့်ရွှီဇီရုန်ကကြည့်လာပြီး “ ကိုကိုကအရမ်းအတွေးလွန်နေတာပါ၊ ကျွန်တော်ကကိုကို့,ကိုအဆင်ပြေသလိုပွေ့ထားရုံလေးပါ ”

ရွှီဇီယန်၏မျက်နှာဟာအမူအရာမဲ့သွားပြီး ကျန်ရင်း၏တုန်ယင်နေသောပုခုံးများနှင့် ဖန့်ထျန်းရွေ့၏အပြုံးမျက်လုံးများကိုစိုက်ကြည့်နေခဲ့သည်။ သူ၏ရင်ထဲ၌အော်ဟစ်နေပြီး ‘ ကောင်စုတ်လေး၊ အနှေးနဲ့အမြန် ငါလည်းမင်းကိုမင်းသမီးလိုပွေ့ပြမယ်! အဲ့ဒီအခါကြမှယောက်ျားတစ်ယောက်အ‌နေနဲ့အပွေ့ခံရတာက ဘယ်လိုခံစားရလဲဆိုတာမင်းမြင်ရလိမ့်မယ်! ’
(ခဏလေးနေပါဦး၊ ဒီလိုကိစ္စမျိုးတွေက ချစ်သူတွေကြားမှာမှဖြစ်တာမဟုတ်ဘူးလား? ရွှီဇီယန်၊ မင်းရဲ့အနေအထားလုံးဝကိုမှားနေပြီ!)

အဖိုးအိုကအိမ်ဝင်း၏သစ်သားတံခါးကိုသွက်သွက်လက်လက်တွန်းလိုက်ပြီး သူတို့ကိုဥယျာဉ်ထဲသို့ခေါ်ဆောင်သွားသည်။ ရွှီဇီယန်ကတော့ဇီရုန်ဟာ အဖိုးအို၏အနောက်ကနေ ဂရုတစိုက်လိုက်နေသလို သူ၏လမ်းလျှောက်ပုံကပိုပြီးနှေးကွေးနေပုံရသည်။

ကျန်ရင်းကလည်းတုံးအသူမဟုတ်ချေ။ ရွှီဇီရုန်၏အပြုအမူ‌တွေဟာ အစပိုင်းကတည်းကပုံမှန်အတိုင်းမဟုတ်ဘူး။ ထုံးစံအတိုင်းသူကပိုသတိထားဖို့ကြိုးစားပြီး ဖန့်ထျန်းရွေ့ကိုလည်းသတိထားဖို့သတိပေးလိုက်သည်။

သူတို့လေးယောက်က အဖိုးအိုနောက်သို့လိုက်သွားကြသည်။ သူတို့ကလမ်းတစ်လျှောက်ကပန်းများကိုဖြတ်ကျော်ကာ လမ်းလျှောက်လာခဲ့ပြီး နောက်ဆုံးတွင်အလှဆုံးခရမ်းရောင်ပန်းပွင့်ဆီကိုရောက်ရှိလာခဲ့သည်။

“ ကြည့်ကြည့်လိုက်၊ ဒါကငါ့ရဲ့အကောင်းဆုံးလက်ရာဖြစ်တဲ့ နှစ်တစ်ထောင်ခရမ်းရောင်ချည်မျှင်နတ်သမီးပန်းလေ ” အဖိုးအိုကခရမ်းရောင်ပန်းပွင့်ကိုညွှန်ပြပြီးဂုဏ်ယူစွာဖြင့် “ ဒီပန်းကိုငါလွန်ခဲ့တဲ့နှစ်တစ်ရာကတွေ့ခဲ့တာ၊ နှစ်ပေါင်းတစ်ရာကျင့်ကြံပြီးနောက် ဒီပန်းကအခုစိတ်ဝိညာဉ်စွမ်းအင်ရှိလာပြီလေ၊ ဒီပန်းကမင်းရဲ့စိတ်ကိုအာဟာရပြည့်စေပြီး မင်းရဲ့အသက်ကိုကယ်တင်ပေးနိုင်တယ်၊ မင်းအနီးကပ်ကြည့်ချင်လား? ”

ရွှီဇီရုန်ကအဖိုးအိုအားမပြောဘဲချဉ်းကပ်လာသည်။ အဲဒီ့အစားသူကခဏလောက်ဂရုတစိုက်ကြည့်လိုက်ပြီးရုတ်တရက်ပြုံးလိုက်ရင်း “ ကျင့်ကြံသူဝူ့ယွမ်၊ မင်းရဲ့နှစ်တစ်ထောင်ခရမ်းရောင်ချည်မျှင်နတ်သမီးပန်းက ငါအရင်ကမြင်ခဲ့ဖူးတဲ့ ငိုကြွေးနာကြည်းနေသောသွေးပန်းနဲ့တူနေရတာလဲ? ”

ငိုကြွေးနာကြည်းနေသောသွေးပန်းဟူသည့်အမည်ကိုကြားရသောအခါ အဖိုးအို၏မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်။ သူ့လက်ကိုဝှေ့ယမ်းပြီးတိုက်ခိုက်လိုက်၏။ ဒါပေမယ့် ရွှီဇီရုန်ကဒီအတွက်ပြင်ဆင်ထားပြီးဖြစ်နေပြီ။ သူကဒီအခွင့်အရေးကိုသုံးကာ သူ၏ကိုကိုအား သူ၏ကျောပေါ်၌ချည်လိုက်သည်။

“ ငိုကြွေးနာကြည်းနေသောသွေးပန်း! ” ကျန်ရင်းဟာထိုစကားကိုကြားရသောအခါအံ့သြသွားသည်။ သူဟာအပြင်ထွက်ပြီးကျင့်ကြံဖို့အခွင့်အလမ်းသိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့်အကျဉ်းချခံရသည့်အခါ စာတွေအများကြီးဖတ်ဖို့အချိန်တွေရှိခဲ့သည်။ အဲဒီစာအုပ်တွေထဲမှာတောင်ရှားပါးလွန်းသည့်စာအုပ်တွေပါ၀င်ခဲ့သည်။ ငိုကြွေးနာကြည်းနေသောသွေးပန်းက တွေ့ရခဲသောစာအုပ်များထဲမှ တစ်မူထူးခြားသောပန်းဖြစ်သည်။

ဤပန်းမျိုးကိုမကျေနပ်သောဝိညာဉ်များနှင့်မွေးမြူရမည်။ ထိုသူတွေဟာသူတို့၏ဘဝတစ်လျှောက်နှိပ်စက်ညှဉ်းပန်းခံရပြီး သေပြီးသည့်နောက်နာကြည်းနေဆဲပင်ဖြစ်ရမည်။ ထိုကဲ့သို့သောနာကျည်းမှုဝိညာဉ်များနှင့်တွေ့ရန်မှာခက်ခဲလှပြီး ပန်းပွင့်ကိုကျွေးရန်ပိုမိုနာကြည်းမှုဝိညာဉ်များကိုအသုံးပြုခဲ့လျှင် ပန်းပွင့်ကပိုမိုကြီးထွားလာလိမ့်မည်။

ငိုကြွေးနာကြည်းနေသောသွေးပန်းတစ်ပွင့်ဖြစ်ရန်အနည်းဆုံးနှစ်ပေါင်းထောင်ချီကြာလိမ့်မည်။ ဤပန်းကလှပပြီးတောက်ပသောအရောင်များရှိသည်။ ရွှီဇီရုန်သာဒီစကားကိုမပြောခဲ့ရင် ဤပန်းပွင့်ဖူးဖို့အရိုးစုပေါင်းဘယ်လောက်တောင်ပေးခဲ့ရလည်းဆိုတာ ဘယ်သူမှသိနိုင်မည်မဟုတ်ချေ။

『TK: စကားမစပ် ဒါနဲ့ ဖန်မောင်နဲ့ရွှမ်ထွမ်က အထီးတွေပါနော်၊ ပန်းရောင်နဲ့အဖြူဆိုပြီး အမတွေထင်နေမှာစိုးလို့>.< 』


#TK