Chapter 140
"အဟွတ် အဟွတ် … ငါ့မှာ ဒီလိုအကျင့်မျိုး ရှိလို့ပါ …" ရွှီဇီယန် သူ့လက်ကို ကိုးယိုးကားယားနိုင်စွာ ပြန်လည်ရုပ်သိမ်းလိုက်၏။ တကယ်တော့ သူက သူ့အမြှီးကို ထိချင်နေသေးပေမယ့် ဇီရုန်ကိုကြည့်လိုက်ပြီးနောက်၊ ဒီနားဟာ ထင်ယောင်ထင်မှားနဲ့မတူပဲ တကယ့်အစစ်လိုပင်။ သူ့နားကို ဒီလိုပုံစံဖြစ်အောင် တကယ်လုပ်ထားတာပဲ။
နားကို မပြောနဲ့ဦး၊ ဒါပေမယ့် အဲ့ဒီအမြှီးဖြစ်လာတာကြောင့် … ရွှီဇီယန် အသံထွက်ပြောဖို့ ခက်ခဲသည်။ ဒီအနေအထားကနေ အဆုံးအဖြတ်ပေးရင် ရှက်စရာကောင်းသည့် အနေအထားတစ်ခုလို့ ထင်ရတာမို့ … အဲ့ဒါကို မစဉ်းစားပါနဲ့တော့ …
ရွှီဇီရုန် မျက်တောင်ခတ်လိုက်ပြီး သူ၏နက်မှောင်သော မျက်လုံးများသည် ထူးထူးခြားခြား တောက်ပလာနေသည်။ သူဟာ ရွှီဇီယန်၏နံဘေးသို့ တမင်တကာ လမ်းလျှောက်လာပြီး သူ့လက်ကို အမြီးဖြင့်ပွတ်တိုက်လိုက်သည်။
ရွှီဇီယန်သည် နူးညံ့သောအထိအတွေ့က သူ့နှလုံးသားအား လွှမ်းခြုံသွားသလို ခံစားလိုက်ရပြီး အနည်းငယ် ယားယံလာသည်။
"ဒါဆို ကိုကိုက ဒီလိုမျိုးကို သဘောကျတာလား။" ရွှီဇီရုန်က သူ့ကိုယ်သူ လေးလေးနက်နက်ဖြင့် ရေရွတ်လိုက်သည်။ သူ့ကိုကိုအား ပိုင်ဆိုင်ဖို့အတွက် သူ့မှာ ရမ္မက်နိုးဆွစေသည့် မှတ်တမ်းတွေ အများကြီး စုဆောင်းထားပြီး တချို့အထူးမှတ်တမ်းတွေက ဝတ်ပြီးရင် နှစ်ကိုယ်တူကျင့်ကြံခြင်းကို ကြိုက်လာတယ် ဆိုထားတာဆိုတော့ သူ့ကိုကိုလည်း အဲဒီအတိုင်းပဲလို့ ဆိုလိုတာလား။
"ကိုကို … ဒါဆိုရင် နောင်အခါ နှစ်ကိုယ်တူကျင့်ကြံတဲ့အခါ ကျွန်တော် ဒီလိုဖြစ်လာမယ်ဆိုရင် အဲ့ဒါ အကြံကောင်းလို့ ထင်လား။" ရွှီဇီရုန်က သူ့ကိုကိုအား ပြုံးပြုံးလေး ကြည့်လိုက်၏။
ထို့နောက် =口=
အဟွတ် … ဟုတ်ပါပြီ။ သူသည် ရွှီဇီရုန်ကို ချစ်သူအဖြစ် သဘောတူပြီးကတည်းက နှစ်ကိုယ်တူကျင့်ကြံခြင်းအတွက် ပုံမှန်အတိုင်း ပြင်ဆင်ခဲ့သည်။ သာမာန်လူတစ်ယောက်အနေနဲ့ ပုံစံအမျိုးမျိုးကို သူတကယ်စိတ်ဝင်စားခဲ့ပါတယ် ... ဇီရုန်ကဝတ်ပြီးရင် အရမ်းချစ်စရာကောင်းလာတာကြောင့် သူ့ကိုမငြင်းချင်ပါဘူး ...
ညီအစ်ကိုနှစ်ယောက်ဟာ ဤအကြောင်းကို အပြန်အလှန်နားလည်လာခဲ့ကြပြီး ရွှီဇီယန်သည် သူတို့၏နောက်ထပ် နှစ်ကိုယ်တူကျင့်ကြံခြင်းကို စတင်စောင့်မျှော်နေခဲ့သည်။
ရွှီဇီရုန်ဟာ သူ့ကိုကို၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသည့်အတွက် ဝမ်းသာစွာ အံ့အားသင့်သွားပြီး မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားရန် မမေ့ပါ။
'ငါ နေရောင်မရှိသောမြို့ကို ပြန်ရောက်တဲ့အခါ မြို့ထဲက စာအုပ်ဆိုင်ဆီ သွားကြည့်ရမယ်။ နှစ်ကိုယ်တူကျင့်ကြံခြင်းဟာ တစ်ချိန်လုံး မိစ္ဆာကျင့်ကြံသူများရဲ့ နယ်မြေ၏ စိတ်ဝင်စားမှုတစ်ခုဖြစ်ပြီး ငါတို့စမ်းကြည့်နိုင်တဲ့ ပုံစံများစွာရှိလိမ့်မယ်။ ကိုကို အကြိုက်တွေ့မယ့် အရာတွေ ငါသွားရှာရမယ်။'
ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့၏ ကျင့်ကြံခြင်းအဆင့်သည် ရွှီဇီယန်ထက်နိမ့်ကျသောကြောင့် သူတို့တွေဟာ တူညီသောအရှိန်အဝါကို ဆယ်ရက်ကြာစုပ်ယူခဲ့သည်။ သူတို့နိုးလာသောအခါတွင် သူတို့နှစ်ဦးလုံးသည် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီး ကျန်ရင်းသည် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်၏ အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။
သက်ပြင်းရှည်ကြီးဖြင့် ရွှီဇီယန် သက်သာရာရသွားသည်။ ဤဂူ၏တည်နေရာသည် အတော်လေးသတိထားရပြီး ရွှီဇီရုန်စီစဉ်ထားသော အခင်းအကျင်းများရှိနေသော်လည်း လည်ပတ်သွားလာနေသူများစွာ ရှိနေဆဲဖြစ်တာကြောင့် ဒြပ်စင်ငါးမျိုးသလင်းကျောက် အကြောင်းကိုတစ်စုံတစ်ဦးမှသိရှိပါက သူတို့တွေ ဒုက္ခရောက်သွားနိုင်သည်။
ကံကောင်းထောက်မစွာပဲ အရာအားလုံး ချောမွေ့သွားခဲ့သည်။ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် ဤအတွေ့အကြုံကို အဆုံးသတ်ခဲ့ပြီး၊ ဒြပ်စပ်ငါးမျိုးသလင်းကျောက်သည်လည်း သူတို့၏စွမ်းအင်ကို နောက်ထပ်မမြှင့်တင်နိုင်တော့ပါ။ ရွှီဇီရုန်ဟာ သူ၏ကိုကိုဖြစ်သူအား ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ကုဗတုံးထဲသို့ ပြန်ထည့်ရန် တုံ့ဆိုင်းမနေခဲ့ပေ။
ထည့်လိုက်ပြီးနောက် ရွှီဇီယန်သည် ကုဗတုံး၏တုံ့ပြန်ပုံကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။
သို့သော် ကုဗတုံးသည် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို စိတ်ဝင်စားပုံမပေါ်ဘဲ၊ ၎င်းဟာ အလွတ်ခန်းထဲတွင် ထားထားသကဲ့သို့ အတွင်းပိုင်းရှိ ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များကို ဖြည်းညှင်းစွာ စီးဆင်းစေသော သလင်းကျောက်ကို ထုတ်လွှတ်နိုင်စေခဲ့သည်။
ရွှီဇီယန်သည် ၎င်း၏ ကောက်ကျစ်မှုနှင့်ပတ်သက်၍ ပြောစရာပင်မရှိတော့ပါ။ ယခုအချိန်အထိ ကုဗတုံးကို ပျော်ရွှင်စွာ စားသုံးနိုင်စေမည့် တစ်ခုတည်းသော အရာမှာ အာကာသကို ဖြတ်သန်းသွားလာစဉ်တွင် သူတို့ရရှိခဲ့သည့် ထူးဆန်းသော စွမ်းအင်များပင် ဖြစ်သည်။
ကံကောင်းထောက်မစွာ ကုဗတုံးဟာ ယခင်ကကဲ့သို့ လွတ်လပ်နေသော်လည်း ရွှီဇီယန်သည် အတွင်းမှာ ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ထည့်သွင်းနိုင်သည့်အတွက် အလွန်ကျေနပ်ခဲ့သည်။ အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်နိုင်သည့် ဤရတနာမရှိလျှင် သူတို့သည် အပြင်ဘက်သို့ လမ်းလျှောက်သည့်အခါ သဘာဝအားဖြင့် ပို၍လုံခြုံမည်ဖြစ်သည်။
ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့နိုးလာသောအခါ နေ့ခင်းဘက်ရောက်နေပြီဖြစ်၍ နေရောင်မရှိသောမြို့သို့ မပြန်မီ နာရီအနည်းငယ်သာကြာသည်။
ဤတစ်ကြိမ်တွင် သူတို့သည် ချီလျန်မိသားစု၏ တည်းခိုခန်းသို့ မပြန်ခဲ့ကြပေ။ ညံ့ဖျင်းသောအဖွဲ့တစ်ခုအနေဖြင့် ရွှီဇီယန်သည် မြို့တံခါးအနီးတွင် တိတ်ဆိတ်ငြိမ်သက်သော တည်းခိုခန်းတစ်ခုကို ရှာဖွေရန် ဦးဆောင်ခဲ့သည်။
လဝက်ကြာအောင်တည်းခိုရန် သေးငယ်သည့်ခြံဝင်းနှစ်ခုကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် ငှားယူခဲ့ရာ ရွှီဇီယန်ဟာ အားလုံး၏စျေးနှုန်းကို ပေးချေနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ဤရိုးရှင်းသော ခြံဝင်းသည် ချီလျန်မိသားစု၏ အထူးဇိမ်ခံအခန်းနှင့် ယှဉ်၍မရနိုင်ပါ။
ကံကောင်းထောက်မစွာ အဲဒီမှာ အိပ်ရာက တော်တော်ကောင်းသည်။ တစ်လကြာ မရပ်မနား တူးဖော်လို့အပြီးနောက် ရွှီဇီယန် ချက်ချင်း အိပ်ပျော်သွားခဲ့သည်။
"ကိုကို……"
"အိုး … မင်းဘာလုပ်နေတာလဲ။" ရွှီဇီယန် မျက်လုံးများကိုပင် မဖွင့်ဘဲ ရွှီဇီရုန် အနားသို့ ဆွဲခေါ်တာကို လက်ခံလိုက်သည်။
သူလိုကျင့်ကြံသူတစ်ယောက်ဟာ အိပ်ဖို့ မလိုအပ်ပေမယ့် အိပ်တာက ရွှီဇီယန်ရဲ့ဝါသနာပင်။
သူအိပ်ချင်နေရင်တောင် ရွှီဇီရုန် သဘောတူမှရမည်။ အနည်းဆုံး တစ်ယောက်ယောက်က သူ့အဝတ်အစားတွေကို အမြန်ချွတ်နေရင် ရွှီဇီယန် အိပ်လို့မပျော်တော့ပါ။
ရွှီဇီယန် (မျက်လုံးပြူးလျက်) "အိပ်ချင်လိုက်တာ!"
ရွှီဇီရုန် ခဏရပ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် အမွှေးပွာပွာအမြှီးဟာ ရွှီဇီယန်၏ဝမ်းဗိုက်ကို ပွတ်သပ်နေသည် …
"ကိုကို …" ရွှီဇီရုန်၏ မျက်လုံးထောင့်များသည် အနည်းငယ်နီလာပြီး ရမ္မက်ပြင်းပြနေသည့် ပုံစံနှင့်တူသည်။
ရွှီဇီယန်ဟာ သူ့မျက်နှာကို တိတ်တဆိတ် ကာလိုက်၏။ ဝန်မခံချင်ပေမယ့် ယောင်္ကျားတွေက တကယ်ကို အမြင်အာရုံရှိသည့် တိရစ္ဆာန်တွေပါ။ ရွှီဇီရုန်၏ လက်ရာမြောက်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာသည် ချစ်စရာနားရွက်နှစ်ခုနှင့် တွဲလျက် မယုံနိုင်လောက်အောင် ချစ်စရာကောင်းနေသည်။ ထို့အပြင် သူ၏မျက်လုံးများတွင် ဖော်ပြနေသော ကာမဂုဏ်အာရုံသည် ရွှီဇီယန်အား နှလုံးခုန်မြန်ပြီး အာခြောက်လာစေသည်။
"ကိုကို …" ရွှီဇီရုန်သည် သူ့ကိုကို၏ ရင်ခွင်ထဲသို့ လှဲချလိုက်ပြီး ရွှီဇီယန်၏ရင်ဘတ်ပေါ်ရှိ သူ၏နားရွက်နှစ်ဖက်သည် ညင်သာစွာ တုန်ခါနေသည်။
နူးညံ့သောအမွှေးပွာပွာ၏ ပွတ်သပ်မှုသည် အရေပြားအနှံ့ပျံ့လွင့်သွားသည့် ခံစားချက်က ရွှီဇီယန်၏တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေပြီး ဒီအခြေအနေမျိုးဆက်ဖြစ်နေပါက နောက်တစ်ကြိမ် ထပ်စားခံရဦးမည်ဟု သူကိုယ်သူ ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။ သို့သော် ဇီရုန်က အရမ်းကို ကျော်လွန်သွားပါပြီ။ ရွှီဇီယန်ဟာ ဇီရုန်အရမ်းချစ်ဖို့ကောင်းလွန်းတာကို တွေ့လိုက်ရပြီး သူလုံးဝမငြင်းဆန်ချင်တော့ပါ။
"ကျွန်တော့်ဆီမှာပဲ အရာအားလုံး ပုံအပ်ထားလိုက်ပါ …" ရွှီဇီရုန်သည် သူ့ကိုကိုဟာ ဤအရာမျိုးကို အနည်းနှင့်အများ ခံနိုင်ရည်ရှိကြောင်း သိသော်လည်း လက်လျော့ရန် ဘယ်သောအခါမှ မတွေးခဲ့ပါ။
ထိုသို့သော စင်ကြယ်သော နှစ်ကိုယ်တူကျင့်ကြံခြင်းမျိုးကို သူဘယ်သောအခါမှ ပြုလုပ်မည်မဟုတ်ပါ။ သူ့ကိုကိုဟာ သူ့ကိုအရင်ကတည်းက လက်ခံခဲ့မယ်ဆိုရင် သူဒီလိုစိတ်ပိုင်းဆိုင်ရာ ချစ်ခြင်းမျိုးမှာပဲ ဆက်ရှိနေနိုင်ပေမယ့် အခုချိန်မှာတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ချစ်ခြင်းမေတ္တာနှစ်ခုစလုံးကို ပေါင်းစပ်ခံစားပြီးပြီဖြစ်လို့ သူ့ကို “ဖြူစင်” လာအောင် ထပ်မံဆွဲဆောင်တာက ရူးချင်စရာပါပဲ။
ရွှီဇီယန်သည် မျက်လုံးများကို တိတ်တိတ်လေးမှိတ်ထားလိုက်၏။ ရွှီဇီရုန်ကို သူလက်ခံလိုက်သောအခါတွင် ဤအရာသည် ရှောင်လွှဲ၍မရမှန်း သူသိသည်။ ကံကောင်းထောက်မစွာ၊ ရွှီဇီရုန်မှာ အရည်အချင်းကောင်းရှိပုံရပြီး အနည်းဆုံးတော့ သူ့*** သွေးထွက်အောင် ထိန်းမနိုင်သိမ်းမရတော့ မလုပ်ပါ။ သူ့ညီက သူ့ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီးသားဆိုတာ ရွှီဇီယန်ဝန်ခံရမည်။
ရွှီဇီရုန်က သူ့ကိုကိုအား သာယာအောင်ပြုလုပ်ရာမှာ ကျရှုံးသွားပါက သူ့ကုတင်ပေါ်တက်ဖို့ ဘယ်တော့မှ ခွင့်မပြုဘူးဆိုတာ သိသာပါသည်။
"ကိုကို…" အက်ရှရှအသံ တိုးတိုးလေးသည် နှစ်ယောက်သား နှုတ်ခမ်းများကြားမှ တိုးတိုးတိတ်တိတ်လေး ပျောက်ကွယ်သွားပြီး ရွှီဇီရုန်သည် အိပ်ယာအပေါ်ရှိခြင်ထောင်ကို သပ်သပ်ရပ်ရပ်ချလိုက်ပြီး အတွင်း၌ ဖြစ်မည့်အရာများကို ဖုံးကွယ်ထားလိုက်သည်။
နောက်တစ်နေ့နံနက်စောစောတွင် တစ်ညတာလုံး နှစ်ကိုယ်တူကျင့်ကြံခြင်းအပြီးနောက် ရွှီဇီယန်ဟာ အလွန်ဒေါသထွက်နေပုံရသည်။
အေးစက်သောအကြည့်ဖြင့် သူဟာ ချီလျန်မိသားစု၏လေလံပွဲသို့ ဦးဆောင်သွားခဲ့သည်။ ရွှီဇီရုန်မည်မျှပင် မခို့တရို့ ပြုမူနေပါစေ ရွှီဇီယန်ကို ပိုစိတ်ကြည်အောင် ပြုလုပ်ရန် မအောင်မြင်ခဲ့ပါ။
ရွှီဇီယန် အရမ်းစိတ်ဆိုးသွားခဲ့ပြီး ချစ်စရာကောင်းသည့် ချစ်စဖွယ်တွေအားလုံးက လှည့်စားဖို့သက်သက်ပါပဲ။ ရွှီဇီရုန်ဟာ လိမ်လည်လှည့်ဖြားသူသာဖြစ်သည်။
ဇီရုန်၏အလှကို ငြင်းပယ်နိုင်ခြင်းမရှိဘဲ သူစိတ်မကြည်လင်သောအခါတွင်တောင် ၎င်း၏တောင်းဆိုမှုကို လက်ခံခဲ့သည်။
သူက ရွှီဇီရုန်ကို မည်းမှောင်နေသောအမူအရာဖြင့် ကြည့်နေပြီး အပြစ်ကင်းပြီး စိတ်ဆိုးနေပုံရသည်။
ရွှီဇီယန် မည်သူမျှမရှိသော နေရာကိုရှာပြီး ရွှီဇီရုန်ကို ရိုက်ပစ်ချင်သည်။ အခုအချိန်မှာ သူတကယ်ပဲ ရွှီဇီရုန်ကို သည်းမခံနိုင်တော့ဘူး။ သူတို့နှစ်ယောက်လုံး တစ်နေရာစီ ခွဲထွက်သွားပါက ဘာဖြစ်သွားမလဲ သူမသိဘူး ...
"ကိုကို… စိတ်မဆိုးပါနဲ့၊ ကျွန်တော် မလုပ်တော့ပါဘူး။" ရွှီဇီရုန် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး တောင်းပန်ရင်း သူ၏အင်္ကျီစကိုလက်လှမ်းဆွဲလိုက်သည်။
ရွှီဇီယန်ကတော့ အေးစက်နေပြီး ဘာမှ မတုံ့ပြန်သေးပါ။ သူကရှေ့ကို ခြေလှမ်းကြီးလှမ်းပြီး ရွှီဇီရုန်ကိုတောင် မကြည့်ဘူး။
ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ဟာ သူတို့နောက်မှ လိုက်လာကြပြီး အသက်ပင်မရှူဝံ့ကြပေ။ ဝင်ရောက်စွက်ဖက်ပါက သူတို့ကိုယ်သူတို့ ပြဿနာကြားထဲ ဆွဲခေါ်သွားမည်မှာ ထင်ရှားပါသည်။ မနက်မိုးလင်းကတည်းက လေထုကမမှန်ဘူးလို့ ထင်ရသည်။ ကံကောင်းထောက်မစွာ ဖန့်ထျန်းရွေ့သည် ကျန်ရင်းကို သတိပေးထားပြီးဖြစ်သောကြောင့် သူဘာမှရူးမိုက်စွာ မပြောခဲ့ပေ။ သို့သော်လည်း ဤအငွေ့အသက်များ ဆက်လက်ရှိနေပါက လာမည့် လုပ်ဆောင်ချက်များအတွက် အဆင်မပြေပါ။
ဖန့်ထျန်းရွေ့က ကျန်ရင်းကို တိတ်တဆိတ် မျက်တောင်ခတ်ပြလိုက်၏။ ကျန်ရင်းက ရွှီဇီရုန်ဆီ တိတ်တဆိတ်ကြည့်ကာ အချက်ပြလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူဘာမှမလုပ်သင့်ဘူးဆိုတာ သိလိုက်ရသည် ...
ရွှီဇီရုန်ဟာ သူ့ကိုကို၏အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ်ဆွဲထားသည်ကို မြင်လိုက်ရ၏။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေဝဲလာသည်။ စကားမပြောသော်လည်း လက်မလွှတ်ခဲ့ပါ။
ထိုအချိန်တွင် နူးညံ့သိမ်မွေ့သောကျန်ရင်းက ပြန်ပေါ်လာ၏။ သူသည် ရွှီဇီရုန်၏ ထိုအမူအရာမျိုးကို မြင်လိုက်ရပြီး သူ့မျက်လုံးတွေကိုတောင် ဖောက်ထုတ်ချင်သွားသည်။
သူသည် သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချကာ နတ်ဆိုးကျန်ရင်းကိုပဲ အမှန်တကယ် အစားထိုးချင်ပြီး အရာအားလုံးကို မြင်အောင်ကြည့်ခွင့်ပေးလိုက်ချင်သည်။ သို့သော် နတ်ဆိုးကျန်ရင်းသည် မည်မျှမဆင်မခြင် ပြုမူနိုင်သည်ကို စဉ်းစားပြီးနောက် ဤရည်ရွယ်ချက်ကို ရပ်တန့်လိုက်၏။
နူးညံ့သိမ်မွေ့သောကျန်ရင်းသည် ရွှီညီအစ်ကိုများကိုကျော်ကာ ဖန့်ထျန်းရွေ့ကို ခြေလှမ်းအနည်းငယ် မြန်မြန်လျှောက်ရန် ပြတ်ပြတ်သားသား တွန်းအားပေးခဲ့သည်။ ဒီအချိန်မှာ ဘာကိုမှမမြင်ချင်ယောင်ဆောင်တာ ပိုကောင်းလိမ့်မည်။
"လွတ်စမ်း" ရွှီဇီယန် မျက်နှာသေဖြင့် ပြောလိုက်၏။
"မလွတ်ဘူး" ရွှီဇီရုန်မျက်မှောင်ကြုတ်ကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
ရွှီဇီယန်ကလည်း မျက်မှောင်ကြုတ်နေပြီး ရွှီဇီရုန်မည်မျှရန်လိုနေသည်ကိုကြည့်ရင်း သူစိတ်ဓာတ်ကျသွားရသည်။
ပြီးတော့ မင်းမှားတယ်လို့ ခံစားမိသေးတယ်ပေါ့။
မနေ့ညကရပ်ဖို့ပြောတုန်းက မင်းဘာလို့မခံစားရတာလဲ။
ဒီလောက်ဆို လုံလောက်ပြီလို့ ငါမင်းကိုပြောခဲ့တုန်းက မင်းဘာကြောင့် မခံစားရတာလဲ။
ငါ ... အဲ့လိုဖြစ်တုန်းက ဘာလို့ဒီလိုမခံစားခဲ့ရတာလဲ။
ငါဒေါသထွက်တဲ့အခါ ဘာကြောင့် ငါပဲမှားတယ်လို့ ခံစားရတာလဲ။ မင်းတကယ်ခံစားရတယ်ဆိုရင် မင်းအဲ့လိုလုပ်ခဲ့မှာမဟုတ်ဘူး …
မနေ့က ဖြစ်ပျက်ခဲ့တာကို တွေးရင်း ရွှီဇီယန် မရှက်နိုင်တော့ပါ။ အစတုန်းကတော့ ရွှီဇီရုန်၏အလှမှာ သူမှင်တက်သွားပြီး မငြင်းဆန်နိုင်ခဲ့ပေမယ့် သူရပ်ပေးဖို့ ပြောနေတုန်းပါပဲ။
မထင်မှတ်ပဲ ထိုအချိန်တွင် ရွှီဇီရုန်ဟာ မြင်းထီးတစ်ကောင်နှင့်တူသည်။ ထိန်းချုပ်မှုဆိုတာ ဘာလဲသူမသိတော့ဘူး။ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ရွှီဇီယန် မူးမေ့လဲသွားကာ ကျင့်ကြံခြင်းလောက၏ စံချိန်ကိုပင် ချိုးဖျက်နိုင်ခဲ့သည်။
ပုံမှန်အားဖြင့် တရားမျှတသည့်ကျင့်ကြံသူများသည် ထိုကဏ္ဍတွင် အလွန်ငတ်မွတ်မှုမရှိကြသလို၊ သူ၏အရင်ဘဝတုန်းက ရွှီဇီရုန်ကဲ့သို့ပင်၊ ဆယ်စုနှစ်များစွာ နှီးနှောမှုမရှိတာတောင် ပြဿနာမရှိခဲ့ပေ။ အချို့က အလားတူ စိတ်ဝိညာဉ်သွေးကြောရှိသည့် တစ်စုံတစ်ဦးအဖြစ် ထားရှိရန် တစ်စုံတစ်ဦးဖြင့် နှစ်ကိုယ်တူကျင့်ကြံရန်ပင် ရှာဖွေကြသည်။ အဆင့်တစ်ခုကို ဖြတ်ကျော်သွားရုံမှလွဲ၍ သာမန်နေ့များတွင် နှစ်ယောက်သား ဆုံတွေ့မှုမှာ ရှားရှားပါးပါးပင်ဖြစ်သည်။
အမှန်မှာ ကျင့်ကြံသူ၏ အသက်သည် ရှည်လျားပြီး သူတို့ဟာ တံခါးပိတ်ကျင့်ကြံရသည့်အခါတိုင်း နှစ်အတော်ကြာကြာ ဖြစ်လိမ့်မည်။ မယုံနိုင်လောက်အောင်ကို ခေါင်းမာခြင်းကို ပိုင်ဆိုင်ထားသော ရွှီဇီရုန်မှလွဲ၍ နှစ်ကိုယ်တူကျင့်ကြံခြင်း၏ စုံတွဲတိုင်း တစ်ယောက်ကိုတစ်ယောက် အမှန်တကယ် မှီဝဲခြင်းမရှိပါ။
"မင်းမလွတ်ဘူးလား" ရွှီဇီယန် ဒေါသထွက်လာ၏။
"မလွတ်ဘူး! ကျွန်တော် ဘယ်တော့မှ ကိုကို့ကို လက်မလွတ်ဘူး!" ဇီရုန်ရဲ့မျက်လုံးအောက်မှာ ပျော်ရွှင်မှု ခံစားချက်တွေ ရှိနေပေမယ့် သူကတော့ မြဲမြံသည့်အသံမျိုး ထွက်နေပါသည်။
ရွှီဇီယန်: " ... "
ချီးပဲ၊ ဒီကလေးနဲ့ သူတကယ်ကို ဘာမှမလုပ်နိုင်ဘူး! လူတိုင်းရဲ့အရှေ့မှာ သူ့ကို ပါးရိုက်လို့ရတာလည်း မဟုတ်ဘူး။
မည်သို့ပင်ဆိုစေကာမူ ဇီရုန်သည် သူ့ညီဖြစ်သည် … အတိအကျပြောရလျှင် ချစ်သူ … ။ ယောင်္ကျားတစ်ယောက်အနေနဲ့ သူ့ဂုဏ်သိက္ခာကို ကာကွယ်ရမည်။
"ကိုကို ... ကျွန်တော် မှားမှန်းသိပြီမလို့ ခွင့်လွှတ်ပေးနိုင်မလား" ရွှီဇီယန် ပျော့ပြောင်းလာတာကိုမြင်တော့ ရွှီဇီရုန်က သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
"အိုး?" ရွှီဇီယန်က အေးဆေးတည်ငြိမ်စွာပြောလာသည်။
"မင်းမှားနေတာ မင်းသိတယ်လား… ဘာမှားတာလဲ ပြောပြပါဦး"
"ကိုကို့ကို ထိန်းမနိုင်သိမ်းမရ တောင်းဆိုမိတာ ကျွန်တော် မှားသွားတယ် …" ရွှီဇီရုန် ခေါင်းငုံ့ပြီး စိတ်မကောင်းစွာဖြင့် "ဒါပေမယ့် ကျွန်တော် …"
ရွှီဇီယန်၏နှလုံးသား တုန်လှုပ်သွားပြီး "အိုး? မင်းကရော?"
"မနေ့ညက ဘာဖြစ်သွားလဲမသိဘူး…" ရွှီဇီရုန်က တိုးညှင်းသောလေသံဖြင့် "ကျွန်တော် ကိုကို့အပေါ် နူးညံ့သိမ့်မွေ့ချင်ခဲ့တာ ရှင်းရှင်းလေးပဲ၊ ဒါပေမယ့် ကျွန်တော် တစ်စုံတစ်ယောက်ကို သတ်ချင်သလိုမျိုး ရုတ်တရက် ရက်စက်ချင်လာတယ် …"
"ဘာ?" ရွှီဇီယန် အံ့သြသွားရ၏။
"ဒါပေမယ့် ကိုကိုက ကျွန်တော့်ကို အကြောင်းပြချက်မရှိဘဲ မသတ်စေချင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် ကျွန်တော်သည်းခံခဲ့တယ်။ နောက်တော့ ကိုကိုနဲ့ အတူတူလုပ်နေရင် သတ်ဖြတ်ဖို့ စိတ်ဆန္ဒတွေ ရှင်းမပြနိုင်လောက်အောင် ပျောက်ကွယ်သွားတာကို သိလိုက်ရတော့ အဲ့ဒါကြောင့် ကျွန်တော် … ကျွန်တော် တောင်းပန်ပါတယ် …" ရွှီဇီရုန်၏ ပုခုံးများ တုန်ယင်နေပြီး ငိုတော့မည့်ပုံပေါ်၏။
စင်စစ် ရွှီဇီယန်ဟာ ကျင့်ကြံသူတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာပြီးနောက် ဤသေးငယ်သော အရာများအတွက် ငိုကြွေးမည်ကို မယုံကြည်ခဲ့ပါ။ ရွှီဇီရုန် ဒီလိုပုံစံမျိုးလုပ်တာ သူအကြိမ်ပေါင်းများစွာ မြင်ခဲ့ပြီးပြီ၊ သူလွယ်လွယ်နဲ့ ကျရှုံးမှာမဟုတ်ဘူး ...
ဒါပေမယ့် ……
လူသတ်ချင်သည့် တိုက်တွန်းမှုဟာ ရွှီဇီယန်နှင့် အတော်လေးရင်းနှီးခဲ့ပြီး ကုဗတုံးထဲရှိဝတ္ထုတွင် ထိုအကြောင်းအားဖတ်ဖူးသည်ကို သတိရမိသည်။
ပိုင်ဟွဟာ ထိုဝတ္ထုတွင် ဇာတ်လိုက်ဖြစ်သော်လည်း၊ ရွှီဇီရုန်အကြောင်းကို ဗီလိန်အဖြစ် အများအပြားပါဝင်ပြီး သွေးပင်လယ်နှလုံးကျင့်စဉ် ကျင့်ကြံခြင်း၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ဖော်ပြခဲ့သည်။
သွေးပင်လယ်နှလုံးကျင်စဉ်ကဲ့သို့ အလွန်အကျွံ ကျင့်ကြံခြင်းအတွက်၊ ၎င်းကို စိတ်ဝိညာဉ်သွေးကြောများဖြင့် အကန့်အသတ်မရှိ ကျင့်ကြံရပြီး ၎င်းကို ကျင့်ကြံသူ မည်သူမဆို လျင်မြန်စွာ တိုးတက်လာနိုင်သည်။ သို့သော် ဘယ်အရာမှ ပြည့်စုံမှုမရှိပါ။
ဤသွေးပင်လယ်နှလုံးကျင့်စဉ်၏ အကြီးမားဆုံး ချို့ယွင်းချက်မှာ ကျင့်ကြံသူ စုပ်ယူသန့်စင်သည့်သွေးတွင် သတ္တဝါများ မသေဆုံးမီ နာကြည်းမှုတွေ မကြာခဏ ပါဝင်နေခြင်းဖြစ်သည်။ ဤနာကြည်းမှုသည် မပြင်းထန်သော်လည်း စုပေါင်းလာပါက အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်လာနိုင်သည်။ စိတ်နှလုံးကို အေးချမ်းစေသော ရတနာများမရှိလျှင် ကျင့်ကြံသူသည် ဤရက်စက်ကြမ်းကြုတ်မှု၏ တွန်းအားကြောင့် အလွယ်တကူ လွှမ်းမိုးခံရသွားနိုင်ပြီး သတ်ဖြတ်ခြင်းကိုသာသိသော တောကောင်ပုံစံဖြစ်သွားနိုင်သည်။
ဤအကြောင်းကြောင့် ကျင့်ကြံဖူးသူတိုင်းကို သွေးမိစ္ဆာဟု ခေါ်ဆိုလေ့ရှိသည်။ ထို့အပြင် သတ်ဖြတ်ခြင်းအကြောင်းကိုသာ သိသူသည် တရားမျှတသည့်ကျင့်ကြံသူနှင့် မိစ္ဆာကျင့်ကြံသူများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်မည်မှာ သေချာပါသည်။
ရွှီဇီရုန်ဟာ သူ၏ယခင်ဘဝက တောကောင်များ၏သွေးကို အများစုစုပ်ယူခဲ့သော်လည်း၊ သူ့ခန္ဓာကိုယ်အတွင်း၌ သတ်ဖြတ်ခြင်း၏တွန်းအားက သူ့ကိုရူးသွပ်စေခြင်းမရှိသေးပါ။ ထိုကဲ့သို့ ဆက်လက်ကျင့်ကြံနေပါက အန္တရာယ်ရှိနေဦးမည်ဖြစ်သည်။
ပိုင်ဟွနှင့် အခြားလူများက ရွှီဇီရုန်ကိုသတ်လိုက်သောအခါတွင် မိစ္ဆာကျင့်ကြံသူအများစုမှာ ရပ်ကြည့်နေခဲ့ကြသည်။ တစ်ဖက်တွင်လည်း ရွှီဇီရုန်ဟာ အခြားသူများနှင့် ခင်မင်ရင်းနှီးရာတွင် ညံ့ဖျင်းပြီး ဘယ်သူမှ သူ့ကိုကူညီလိုစိတ်မရှိခဲ့ပါ။ တစ်ဖက်တွင်မူ ထိုလူများသည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်မှ လွတ်မြောက်လိုကြသည်။
ယခု ရွှီဇီရုန်ဟာ ဝိညာဉ်ကြောချဲ့ထွင်ခြင်း၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ဝတ္ထုတွင် ပါရှိသည့်အတိုင်းသာဆိုရင်၊ ယခု သူသည် သတ်ဖြတ်ခြင်း၏တွန်းအားကို စတင်ခံစားလာရသည်မှာ အမှန်တကယ်ပင်ဖြစ်သော်လည်း...
—— ဘယ်လိုလုပ် ဒီတွန်းအားကို xxx လုပ်ခြင်းဖြင့် ဖယ်ရှားနိုင်ရတာလဲ။
ရွှီဇီယန် အလွန်ရှက်ရွံ့သွားရ၏။ အတူတူအိပ်တာက ရွှီဇီရုန်ရဲ့နှလုံးသားကိုတောင် အေးချမ်းစေနိုင်တယ်ဆိုတာ သူဘယ်တုန်းကမှ မသိခဲ့ပါ။
သူ့မျက်နှာကို ပြင်းပြင်းထန်ထန် သုတ်လိုက်၏။ သူသည် ဤလောကသို့ ဝိညာဉ်ကူးပြောင်းလာချိန်မှစ၍ သူ၏အခြေခံတန်ဖိုးများကို အချိန်အခါမရွေး စိန်ခေါ်နေခဲ့သည်။ လိင်တူဆက်ဆံမှုကို လက်ခံဖို့ အချိန်ယူခဲ့ပြီး၊ အခု နောက်ထပ် အကြောင်းအရာတစ်ခုကို ထပ်ထည့်လိုက်သည့်အခါ ပိုစိတ်ပျက်သွားသလို ခံစားလိုက်ရပြီး — အဲဒါက သွေးပင်လယ်နှလုံးကျင့်စဉ်ပင် ဖြစ်သည်။
သူသည် မှားယွင်းသောလောကသို့ ဝိညာဉ်ကူးပြောင်းသွားခြင်း ဖြစ်ပေလိမ့်မည်။
ဒီကမ္ဘာကြီးမှာ လိင်တူဆက်ဆံမှုဟာ ပင်မရေစီးကြောင်း မဟုတ်ဘူးဆိုတာ သိသာပေမယ့် သူ့ပတ်ဝန်းကျင်မှာ လိင်တူဆက်ဆံသူတွေကြီးပဲ ဘာကြောင့်များ ရှိနေကြတာလဲ။
ရွှီဇီယန်ဟာ ဤအန္တရာယ်ရှိသောကမ္ဘာကို ဒူးထောက်နေရသလို ခံစားလိုက်ရသည် ...
သူ့စိတ်ထဲက အပိုအတွေးတွေအားလုံးကို ဖယ်ရှားပြီးနောက် ရွှီဇီယန် မျက်နှာထားတင်းတင်းဖြင့် "သွေးပင်လယ်နှလုံးကျင့်စဉ်က မင်းကို စတင်ထိခိုက်လာပြီလား။"
ရွှီဇီရုန်ဟာ သူ့ကိုကိုက သူ၏မူလခန္ဓာကိုယ်ထဲက ထိုအရာကို မြင်သွားတာဖြစ်လိမ့်မည်ဟု ယူဆကာ သိပ်ပြီးတွေးတောမနေတော့ဘဲ သူကညင်သာစွာ ခေါင်းညိတ်လိုက်၏။
ရွှီဇီယန် ခဏမျှ စဉ်းစားနေသည်။ ဒီလိုဖြစ်ရပ်မျိုးအတွက် သူပျော်ရမလား၊ ဒေါသပဲဖြစ်ရမလား။ ရွှီဇီရုန်၏ဖြစ်နိုင်ချေရှိသည့် အန္တရာယ်ကိုဖယ်ရှားဖို့ နည်းလမ်းရှာရတာ ကောင်းပါတယ်၊ ဒါပေမယ့် ဘာလို့ သူ့ရဲ့ပုဂ္ဂလိကအစိတ်အပိုင်း ဖြစ်ရတာလဲ!!!
သူ့ပုဂ္ဂလိကအစိတ်အပိုင်းကို အကြိမ်ကြိမ်စတေးပြီးပြီ!!!
ကျေးဇူးပြုပြီး ငါ့ကို သနားပါ။
ခေါင်းငုံ့ထားဆဲ ရွှီဇီရုန်ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ရွှီဇီယန် ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပြီ၊ ဟန်ဆောင်နေစရာမလိုတော့ဘူး။ မင်းကိုခွင့်လွတ်တယ်။"
"ဟမ် ... ကိုကိုက အကောင်းဆုံးပဲ။" ရွှီဇီရုန်သည် မော့မကြည့်သေးဘဲ ရွှီဇီယန်၏လက်မောင်းတွေထဲသို့ ပစ်ဝင်လိုက်ပြီး လှုပ်ယမ်းနေသည်။
"ဟွန့်" ရွှီဇီယန် သရော်လိုက်ပြီး အနည်းငယ် စိတ်မသက်မသာ ခံစားနေရဆဲဖြစ်သည်။ ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းသွားသည်ကို သူသတိပြုမိပြီး ရွှီဇီရုန်၏မေးစေ့ကို အမြန်ဆွဲကာ ခေါင်းကိုမော့ခိုင်းလိုက်သည်။
"ကိုကို!" ရွှီဇီရုန် အော်လိုက်ပြီး အမြန်လှည့်ထွက်သွား၏။ ရွှီဇီယန်က ရုတ်တရက် ဒီလိုအပြုအမူမျိုး လုပ်လာမယ်လို့ သူမမျှော်လင့်ထားဘူး။
သို့သော် ထိုအချိန်တွင် ရွှီဇီယန် သူ၏သွေးရောင်မျက်လုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး - ၎င်းတို့သည် အမှန်တကယ်ပင် သတ်ဖြတ်ခြင်းနှင့် ကြောက်လန့်မှုမျိုးတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ခဏလေး၊ ရက်စက်ကြမ်းကြုတ်ခြင်းကို ထားလိုက်ပါဦး — ဒါပေမယ့် ဇီရုန်ရဲ့မျက်လုံးတွေထဲမှာ ဒီကြောက်လန့်နေသည့် ရူးသွမ်းမှုကို ဘာကြောင့် သူမြင်လိုက်မိတာလဲ။
ရွှီဇီယန် သူမြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားရသည်။ မှားယွင်းစွာ မမြင်မိကြောင်း သူသေချာနေပေမယ့် ဒါဟာ သူ့ဦးနှောက်ထဲမှာ အားနည်းသည့်ဗီဇတစ်ခုပါပဲ။
ဤသတိပေးချက်ကို ပေးပို့နေသည့် သူ၏ဗီဇကြောင့် ဖြစ်နိုင်ပါသလား။
ရွှီဇီယန်သည် တုံးအစွာ မေးလိုက်ချင်သည်။ အမှန်တော့ သူသည် သူ၏ပင်ကိုယ်ဗီဇကို ယုံကြည်သည့် တောကောင်ကဲ့သို့ပင် သူ့ဗီဇကို အမြဲယုံကြည်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဤ 'ပင်ကိုယ်ဗီဇ' သည် သူ့ထံမှာလာပုံမပေါ်ဟု ယောင်ဝါးဝါး ခံစားခဲ့ရသည်။ သူ့ဟာသူမဟုတ်ဘဲ တခြားအစိတ်အပိုင်းတွေကနေ သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားသည်။
( မစ္စတာ သွေးစာချုပ်က လက်ကိုင်ပုဝါသေးသေးလေးကို ဝှေ့ယမ်းနေသည်: "ချစ်သား၊ မင်းကိုသတိပေးနေတာ ငါပါ~ ငါ ချိတ်ပိတ်ထားတာကို ဖွင့်ပြီး မင်းရဲ့စိတ်ကို လွှမ်းမိုးလိုက်တာ! ဒါပေမယ့် ငါ့အဆင့်က မမြင့်သေးပါဘူး၊ မင်းတတ်နိုင်သမျှ ငါ့ကို မြန်မြန် အဆင့်မြှင့်ပါတော့!" )
"ဟုတ်ပါပြီ၊ ဘာကို ဖုံးကွယ်နေတာလဲ။ မင်းမျက်လုံးတွေ နည်းနည်းနီနေပြီမဟုတ်လား။ မင်းက ငါမြင်သွားမှာကို ကြောက်နေတာလား။" ရွှီဇီယန် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်ရင်း၊ ဤသတ်ဖြတ်ခြင်းတွန်းအားသည် သူ၏မသိနားမလည်မှုကနေ ရွှီဇီရုန်ထံ ရောက်ရှိလာသည်ကို သူသိသည်။
သွေးပင်လယ်နှလုံးကျင့်စဥ်၏ တုံ့ပြန်မှုက အနည်းငယ် ရယ်စရာကောင်းသည်ဟု သူခံစားရသော်လည်း ထိုကျင့်စဉ်ကို အကျိုးသင့်အကြောင်းသင့် ဆွေးနွေးရန်လည်း နည်းလမ်းမရှိပါ။ သူသည် ရွှီဇီရုန်အား အတတ်နိုင်ဆုံး နှစ်သိမ့်ပေးနိုင်ရုံသာ ရှိတော့သည်။
"ကိုကို မကြည့်နဲ့…" ရွှီဇီရုန်က သူ့ကိုကိုအား သွေးရောင်မျက်လုံးတွေကို မကြည့်စေချင်တာကြောင့် မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်သည်။
ပြင်းထန်သော တုံ့ပြန်မှုဖြစ်သောအခါတွင် သူမည်ကဲ့သို့ပုံစံဖြစ်သွားသည်ကို မှန်ထဲတွင်လည်း မြင်ဖူးသည်။ ထိုသွေးရောင်မျက်လုံးတစ်စုံသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေကာ မြင်ဖူးသူတိုင်းက ဓားရှရာကဲ့သို့ ရဲရဲနီနေသည်ဟု ချက်ခြင်းပင် တွေးလိုက်မိလိမ့်မည်။
သူ့ကိုကိုရဲ့စိတ်ထဲမှာ အဲဒီလို ရွံမုန်းစရာကောင်းသည့် ခံစားချက်မျိုး မထားခဲ့ဖို့ သူမျှော်လင့်ထားသည်။ ဒါကြောင့် သူ့ကိုကိုရှေ့မှာ ဒီသွေးရောင်မျက်လုံးတစ်စုံကို တစ်ခါမှ မပြဖူးပါ။
"ဟုတ်ပါပြီ၊ ကောင်လေး၊ ငါဒီကိုမလာခင် ငါ့ရဲ့အရင်ကမ္ဘာမှာကတည်းက အရာအားလုံးကို မြင်ဖူးပြီးသား။ ဒီမျက်လုံးလေးတွေက ငါ့အတွက် ဘာမှမဟုတ်ဘူး။" ရွှီဇီယန်က ဇီရုန်ရဲ့ခေါင်းကို ထပ်မှန်ပုတ်လိုက်ကာ မှောင်မဲနေသည့်လမ်းကြားထဲကနေ ဆွဲထုတ်လိုက်သည်။
"မင်းမျက်လုံးကိုဖွင့်ပြီး မင်းကို ကယ်တင်လို့ ရသေးမလားဆိုတာ ငါကြည့်ပါရစေ" ရွှီဇီယန် နောက်ပြောင်နေပုံရ၏။
ရွှီဇီရုန်က သူ့ကိုကိုသည် သူ၏အရာအားလုံးကို လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် သူ့ကိုကို၏မျက်လုံးတွေထဲ၌ ရွံရှာနေသည့်အရာမျိုး တစ်ခုခုကို သတိပြုမိမှာကိုလည်း စိုးရိမ်နေခဲ့သည်။
ခဏတာ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် သူ့ကိုကိုအပေါ်ယုံကြည်မှုက အခြားအရာအားလုံးကို လွှမ်းမိုးသွားခဲ့သည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ရွှီဇီယန်ကိုထိတ်လန့်စွာ စိုက်ကြည့်နေသည်။
ရိုးရိုးသားသားပြောရရင် ရွှီဇီယန်သာ ဒီမျက်လုံးတွေက ဆွဲဆောင်မှုရှိတယ်လို့ ပြောရင် သူလိမ်ရာကျသွားလိမ့်မည်။ သို့သော် ၎င်းတို့သည် ထူးထူးခြားခြား ကြောက်မက်ဖွယ်ကောင်းသည်ကို မတွေ့ခဲ့ရပေ။
တစ်ညလောက်မအိပ်ပဲနေရင် ဒီလိုသွေးရောင်မျက်လုံးတွေ ဖြစ်ကြတာများပေမယ့် ဇီရုန်၏မျက်လုံးတွေက တစ်ပတ်လောက် မအိပ်ထားပုံနှင့်တူသည် …
ထားပါ၊ ရွှီဇီယန် စိတ်မရှိပါဘူး။
ရွှီဇီယန်ဟာ ထိုအနီရောင်မျက်လုံးများကို မချီးမွမ်းသော်လည်း ရွံရှာဖွယ်အကြည့်ကိုလည်း မပြခဲ့ပါ။
သူဟာ အလွန်ငြိမ်သက်နေပုံရပြီး၊ ထိုမျက်လုံးများကို ဂရုတစိုက်ကြည့်ကာ စူးရှသောအကြည့်တစ်ခုကဲ့သို့ပင် ရွှီဇီရုန် ချက်ချင်းငြိမ်သက်သွားလေသည်။ ထို့နောက် မျက်လုံးတွေထဲက သွေးရောင်များသည် နွေဦးရာသီထဲက နှင်းများကဲ့သို့ ပျောက်ကွယ်သွားသည်။
ရွှီဇီယန် အံသြသွားရသည်။ သွေးပင်လယ်နှလုံးကျင့်စဥ်၏ တုံ့ပြန်မှုပေါ်လာပြီးသည်နှင့် ဒေါသနဲ့ပေါက်ကွဲခြင်းမရှိပဲ မပျောက်သွားဘူးဆိုတာကို ဝတ္ထုထဲ၌ ဖော်ပြထားသည်ကို သူသတိရလိုက်၏။ ဒါဆို ရွှီဇီရုန်ရဲ့မျက်လုံးတွေက ဘာအနှောင့်အယှက်မှ မရှိပဲ ဘယ်လိုလုပ် ပုံမှန်ပြန်ဖြစ်သွားရတာလဲ။
"ကိုကို ဘာဖြစ်နေတာလဲ။" ရွှီဇီရုန်ဟာ ရွှီဇီယန်၏အမူအရာပြောင်းလဲမှုကို သတိပြုမိပြီး မေးလိုက်သည်။
"မင်းမျက်လုံးတွေထဲက သွေးရောင်တွေ ပျောက်သွားပြီ။" ရွှီဇီယန်ပြောလိုက်၏။
#TK