Chapter 141
အခုလေးတင် လှုပ်ရှားမှုက ဒီလိုတုံ့ပြန်မှု ထပ်ဖြစ်သည့်အခါ သူ့အား ဒီအဖြေကို သတိပြုမိစေ၏။ ဤတုံ့ပြန်မှုသည် ကျင့်ကြံသူ မည်မျှ ခေါင်းမာသည့်အပေါ် မူတည်ကြောင်း ထွက်ပေါ်လာခဲ့သည်။ သူပို၍ ခေါင်းမာလေ၊ တုံ့ပြန်မှု ကြီးမားလေဖြစ်သည်။
ရွှီဇီရုန်အတွက် ရွှီဇီယန်ကို ရယူရန် စွဲလမ်းမှုဖြစ်ပြီး တုံ့ပြန်မှုသည် ဤစွဲလမ်းမှုအပေါ် အခြေခံသည်။
အကယ်၍ သူ၏စွဲလမ်းမှုသည် တစ်နေ့တွင် မရှိတော့ပါက၊ ၎င်းဟာ ၎င်း၏ဖြစ်တည်မှု ရည်ရွယ်ချက် ပျောက်ဆုံးသွားမည်ဖြစ်ပြီး တုံ့ပြန်မှုမှာလည်း ထိုနေရာတွင် ရှိတော့မည်မဟုတ်ပါ။
ရွှီဇီရုန် တကယ် ကံကောင်းသည်ဟု ဆိုနိုင်သည်။ ခေါင်းမာသူတွေဟာ သဘာဝအတိုင်း ဆန္ဒမပြည့်ဝကြပေမယ့် သူ့ကိစ္စမှာတော့ သူ့ရဲ့အဆုံးစွန်သော ဆန္ဒတွေ ပြည့်စုံခဲ့ပါသည်။ သူ့ကိုကိုအတွက် သံသယတွေ အနည်းနှင့်အများ ရှိနေသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သိသာထင်ရှားလာကာ တစ်နေ့တွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ နောက်ဆုံးတွင် သူ့ကိုကိုဟာ သူ၏အပိုင်ဖြစ်ကြောင့် လုံးလုံးလျားလျား သူယုံကြည်ခဲ့မယ်ဆိုရင်၊ သွေးပင်လယ်နှလုံးကျင့်စဥ်၏ တုံ့ပြန်မှု ပျောက်ကွယ်သွားသည့် အခိုက်အတန့်ပင် ဖြစ်လိမ့်မည်။
သူ့ကိုကိုအား သူသင်ယူခဲ့သမျှကို ပြောပြပြီးနောက် ရွှီဇီယန် ရယ်ချင်သလို ခံစားလိုက်ရသည်။ သူဟာ ရွှီဇီရုန်၏ စွဲလမ်းမှု ဖြစ်လာတော့မည်မှာ ရယ်စရာကောင်းနေပြီဖြစ်သော်လည်း သူသည် ၎င်း၏တုံ့ပြန်မှုနှင့် ပတ်သက်နေသေးသည်။
ဒါကိုစဉ်းစားပြီးနောက် ရွှီဇီယန်ဟာ သူ့တွင် "တာဝန်များ" ကြီးကြီးမားမားရထားသည်ကို သဘောပေါက်လိုက်သည်... သူသာ ရွှီဇီရုန်ကို မထားသွားရင် သူ့ကိုယ်သူ မခံမရပ်နိုင်ဖြစ်ပြီး ဤတုံ့ပြန်မှုအား လုံးလုံးလျားလျား ထိန်းချုပ်ခံထားရသည့် စိတ်ကြွရူးသွပ်သူအဖြစ်ကနေ အနည်းဆုံးတော့ ထိန်းချုပ်နိုင်သေးသည်။
_(:3∠)_ ချီးပဲ၊ အဲ့ဒါအားလုံးက သူအရမ်းပျော့ညံ့ခဲ့လို့ပဲ။
ရွှီဇီယန် ခဏတာ စိတ်ဓာတ်ကျခဲ့သော်လည်း သဘာဝအားဖြင့် အကောင်းမြင်ကာ အမြန်ဘေးဖယ်ထားလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဇီရုန်နှင့် အတူနေရန် ဆုံးဖြတ်ထားပြီးဖြစ်ပြီး သူသစ္စာဖောက်ခံရပါက ဇီရုန်ကို ထားသွားမှာဖြစ်သည်။
ရွှီဇီယန်ဟာ ဤတာဝန်ကိုထမ်းဆောင်ပြီးနောက် အလွန်လေးလံသည်ကို မတွေ့ခဲ့ရပေ။ ခြုံပြောရရင် ရွှီဇီရုန်က သူနဲ့ မချစ်နေဘူးဆိုရင်တောင် ဇီရုန်ကို စိတ်ပူနေမှာ မဟုတ်ပါဘူး၊ လူတစ်ဦး၏ အကျင့်စရိုက်က သူ၏ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်ဆိုတာ သူကောင်းကောင်းသိပါသည်။
"သွားကြရအောင်။" ရွှီဇီယန်က ဇီရုန်ရဲ့ခေါင်းကို ပုတ်လိုက်ပြီး ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့တို့ဆီ အမီလိုက်ဖို့ ပြောလိုက်၏။ ဘာပဲဖြစ်ဖြစ် သူဒေါသပြေသွားပြီး ဖြစ်တာကြောင့် စိတ်ဓာတ်ကျသည့် ခံစားချက်တွေ ပျောက်ကုန်ပါပြီ။
လှပပြီး သွယ်လျသော ရွှီဇီရုန်အောက်တွင် ဖိခံထားရပြီး သူ့ကန့်သတ်ချက်တွေက အနောက်ကိုရောက်နေပြီဖြစ်ပြီး ဒီအဖြစ်အပျက်အတွင်း သူတကယ် သည်းမခံနိုင်တော့ပဲ မူးလဲသွားခဲ့ရသည်။
ဒါဟာ ယောင်္ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်တာမို့ ဇီရုန်ကို နည်းနည်းလောက်တော့ ပညာပေးရမည်။
ဒါပေမယ့် တကယ့်လူတစ်ယောက်အနေနဲ့ သူလည်း ခွင့်လွှတ်တတ်ဖို့ သင်ယူခဲ့ရပါသည်။ ဒါဟာ ဇီရုန်က မတောင်းဆိုခဲ့သည့် အရာမို့ သူ့ကို ခွင့်လွှတ်လိုက်တာပေါ့။
သူတို့လေးယောက် စကားစမြည်ပြောပြီး ရယ်မောနေကြကာ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့က သက်ပြင်းတစ်ချက်ချလိုက်၏။
ရွှီဇီရုန်ဟာ လွယ်ကူသည့်လူမဟုတ်ကြောင်း သူတို့သိသည်။ သူ့အစ်ကိုရှေ့မှာသာ မခို့တရို့ဟန်ဆောင်ပြီး ဖိအားမပေးတတ်ပေမယ့် တခြားသူတွေကိုတော့ အမြဲအေးစက်နေပြီး လူတွေက သူ့ကို စကားပြောရမှာတောင် ကြောက်ကြသည်။
ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ကို ဆိုးဆိုးရွားရွား မဆက်ဆံခဲ့သော်လည်း ရွှီဇီရုန်မှာ ဆိုးရွားသော စိတ်အခြေအနေများ ရှိနေချိန်တွင် ဖိအားကြီးစွာ ခံစားခဲ့ရပါသည်။
"ဟင် … အလှလေး၊ ကိုယ်တို့ အရင်ကတွေ့ဖူးသလိုမျိုး ဘာကြောင့်ခံစားမိနေတာပါလိမ့်။ ကိုယ်တို့တွေ အိမ်မက်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖူးခဲ့တာလား။" ကျန်ရင်း၏ နောက်ကျောမှ အသံထွက်ပေါ်လာပြီး သူ့ကို ရုတ်တရတ် ကြောက်လန့်သွားစေသည်။
သူ့သခင်ကို ဘယ်သူက နောက်ပြောင်ဖို့ သတ္တိရှိတာလဲဆိုတာကို သူမြင်ချင်သည်။ မထင်မှတ်ပဲ ခေါင်းကို မော့ကြည့်လိုက်တော့ အနက်ရောင်အဝတ်အစားဝတ်ထားသည့် လူတစ်ယောက်က ရယ်မောနေတာကို တွေ့လိုက်ရသည်။
ကျန်ရင်း၊ဖန့်ထျန်းရွေ့: =口=
"ထွက်သွားစမ်း!" ရွှီဇီရုန်၏အသံဟာ တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်နေပုံရသော်လည်း ထိုကောင်လေးကတော့ ရွှီဇီရုန်ကို မျက်လုံးပေကလက်၊ပေကလက်ဖြင့် ကြည့်နေ၏။
ရွှီဇီယန်ဟာ သူ့ရှေ့က ကောင်လေးကို ကြည့်လိုက်၏။ သူကရုပ်ရည်ကြည့်ကောင်းတယ်ပေမယ့် ဒီလူက သူ့ထက် ပိုလှနေပုံပါပဲ။ ဒီတော့ … သူ့ကို "အလှလေး" လို့ ခေါ်လိုက်သည့် အခါမှာတော့ ထူးဆန်းတာကို တွေ့လိုက်ရသည်။
နောက်ပြီး သူ့ရှေ့ကလူက မျက်စပစ်ပြနေတာကြောင့် သူတကယ်ပဲ ကောင်းကင်ကြီးကို အော်ဟစ်ချင်သည်။
'ကိုလူချော၊ မင်း လူမှားခေါ်နေတာလား။ အခု ငါ့ဘေးကလူကမှ တကယ့် အလှလေးလေ။'
သူပြောတာက အမှန်ပင်။ သူ့ရှေ့တွင်ရှိသောလူ၏အသွင်အပြင်သည် ဇီရုန်ထက်အနည်းငယ်နိမ့်ကျသော်လည်း၊ သူဟာ ချောမောသောလူဟုခေါ်ဆိုခြင်းခံရမည်မှာ သေချာပါသည်။ ဇီရုန်၏ အေးစက်ပြီး သဘာဝအလှ သို့မဟုတ် ပိုင်ဟွ၏ ရည်မွန်ကြော့ရှင်းသည့် အလှမျိုးနဲ့ မတူဘဲ အနက်ရောင်အဝတ်အစားဝတ်ထားသည့် ဤလူအပေါ်တွင် နားမလည်နိုင်သော စိတ်သဘောထားတစ်ခုရှိနေသည်။
သူ့မျက်ခုံးတွေက ရှည်လျားကျဉ်းမြောင်းပြီး နှာခေါင်းက ပါးလွှာပြီး နှုတ်ခမ်းတွေက မြင့်သည်။ အညိုဖျော့ဖျော့မျက်လုံးတွေက ရင်ခုန်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းနေပုံရသည်။ သို့သော်…ထိုသူဟာ လူကောင်းတစ်ယောက်လိုပုံစံမျိုး မဟုတ်ပါ။
ရွှီဇီယန်ဟာ အနက်ရောင်အဝတ်အစားဝတ်ထားသော ကောင်လေးရှေ့တွင် စကားတစ်ခွန်းမှ မပြောခဲ့ပါ။
အခုလေးတင် ဒီလူကို သူတော်တော်လေးရင်းနှီးနေတယ်လို့ ခံစားရ၏။ တစ်စုံတစ်ခုကို သတိရဖို့ကြိုးစားပြီးနောက်၊ သူဟာ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲတွင် ဇီရုန်နှင့်အတူတွေ့ဆုံခဲ့သည့် မိစ္ဆာကျင့်ကြံသူဖြစ်ကြောင့် သူသဘောပေါက်လိုက်သည်။
ထိုအချိန်တုန်းက ထိုသူဟာမထွက်ခွာမီ တစ်စုံတစ်ခုပြောခဲ့ပြီး ရွှီဇီယန်ဟာ အမူအကျင့်ပျက်ပြားနေသည့်ကောင် ဆိုပြီး သူ့စိတ်ထဲတွင် ကျိန်ဆဲခဲ့သေးသည်။ ထိုအချိန်တုန်းက ထိုသူ အမှန်တကယ် ခေါ်ခဲ့တာက ရွှီဇီယန်မှန်း ဘယ်သူက မျှော်လင့်ထားမည်နည်း။
ရွှီဇီယန်ဟာ ဤအန္တရာယ်ရှိသောကမ္ဘာအတွက် မျှော်လင့်ချက်မဲ့သွားသည်။ ဒီကမ္ဘာမှာ သူဘာကြောင့် ဂေးတွေနဲ့ပဲ တွေ့နေရတာလဲ။ မိုးနတ်မင်းကြီးက သူ့ကို အတင်းအကြပ်ခိုင်းစေချင်တာလား။
"ဟေး အလှလေး၊ ကိုယ် မင်းကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။" အနက်ရောင်အဝတ်အစားဝတ်ထားသည့် သွမ့်မုနင်က သူ့မေးစေ့သူကိုင်ပြီး ရွှီဇီယန်နဲ့ ရွှီဇီယန်ဘေးက တကယ့်အလှလေးကို ငုံ့ကြည့်နေသည်။
အိပ်မက်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ဖူးတယ်လို့ ပြောဖို့ အကောင်းဆုံး ဆင်ခြေတွေ ရှိပေမယ့် သွမ့်မုနင်က ဒီလူနှစ်ယောက်ကို တစ်နေရာရာမှာ ဆုံဖူးသလို ခံစားခဲ့ရ၏။
"အဝေးကို ထွက်သွားစမ်း!" ရွှီဇီရုန်ဟာ သူ၏ပိုင်နက်ကို တိုက်ရိုက်ပြသလိုက်ပြီး သွမ့်မုနင် နောက်ဆုတ်သွား၏။
သွမ့်မုနင် အနည်းငယ် အံ့သြသွားရသည်။ သူ့ရှေ့ကထူးချွန်သော လူငယ်လေးသည် သူ့ထက် နှစ်အနည်းငယ် ငယ်ပုံရသည်။ ကျင့်ကြံခြင်းလောကတွင် သူ၏အသွင်အပြင်ဖြင့် မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ မခန့်မှန်းနိုင်သော်လည်း သူ၏ “ပညာမျက်စိ” ဖြင့် ဒီလူသည် အသက်မည်မျှရှိပြီဟု အမြဲပြောနိုင်သည်။
သွမ့်မုနင်၏ စိတ်ဝိညာဉ်သွေးကြောများနှင့် သူ၏စိတ်ဝိညာဉ်ကျောက်တုံးများကို အကန့်အသတ်မရှိ ထောက်ပံ့ပေးခြင်းဖြင့်၊ သူဟာ ဝိညာဉ်ကြောချဲ့ထွင်ခြင်း အလယ်အလတ်အဆင့်သို့ရောက်ရှိသွားခဲ့သည်။ ဤအမြန်နှုန်းသည် မိစ္ဆာကျင့်ကြံသူ မျိုးဆက်သစ်လူငယ်များကြားတွင် အံ့မခန်းဖြစ်နေပြီဖြစ်သော်လည်း သူ့ထက်ငယ်သည့် ထိုသူက ပို၍တောင် အစွမ်းထက်သေးတယ်လား။
ငယ်ရွယ်စဉ်တုန်းက ရွှီဇီရုန်ဟာ သူနှင့်တူညီသောအဆင့်တွင်ရှိနိုင်ပြီး စိတ်ဝိညာဉ်စွမ်းအင်အရ သူ့ကိုပင် အနည်းငယ် ဖိနှိပ်နိုင်ခဲ့သည်။ တစ်နည်းဆိုရသော် ရွှီဇီရုန်ဟာ ဝိညာဉ်ကြောချဲ့ထွင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ အချိန်မရွေး ဖြတ်ကျော်သွားနိုင်သည်။
သွမ့်မုနင်ဟာ လျင်မြန်စွာ တွေးတောမိလိုက်သော်လည်း သူ့မျက်နှာတွင် မထီမဲ့မြင်ပြုသော အပြုံးလေး ရှိနေသေးသည်။
"ဟေး ညီလေး၊ အလှလေး တစ်ယောက်အနေနဲ့ မင်းက ငါ့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီပေမယ့် မင်း ဒေါသထွက်ရင် အလွယ်တကူ အရေးအကြောင်းတွေ ဖြစ်လာလိမ့်မယ်နော်။"
ရွှီဇီရုန်ဟာ သူ့မျက်လုံးများအား မှိတ်လိုက်ဖို့ရန်တောင် စိတ်မချပါ။ သွမ့်မုနင်ဟာ စိတ်မချရ၊ ညစ်ညမ်းသော အမူအကျင့်ပျက်ပြားသူတစ်ဦးဖြစ်ကြောင်း သူ့အတိတ်ဘဝက သိခဲ့သော်လည်း၊ ရွှီဇီရုန်ကို သူလိုသလို ဆက်ဆံလို့ရသည့် အခြားအမျိုးသမီးကျင့်ကြံသူများလို ပြုမူနေသည့်က ရယ်စရာကောင်းသည် မဟုတ်ပါလား။
ထိုအချိန်က သွမ့်မုနင်၏ မိစ္ဆာကျင့်ကြံရေးလုပ်ငန်းစဥ်မှာလည်း ရန်ပွဲဖြစ်ခဲ့ပြီး ပါဝင်ခဲ့ကြသူများမှာ မနာလိုသော တပည့်ယောင်္ကျားများသာဖြစ်ပြီး သူတို့ထဲက မည်သူကမှ သွမ့်မုနင်ကို မဆွဲဆောင်နိုင်ခဲ့ကြပါ။ နောက်ဆုံးတွင် တရားမျှတသော ကျင့်ကြံသူတစ်ဦးဟာ သူ၏နှလုံးသားကို ခိုးယူသွားနိုင်ခဲ့သည်။
တကယ်တော့ ရယ်စရာကောင်းပါသည်။ သွမ့်မုနင်ဟာ သူ့ဘဝတစ်လျှောက်လုံး နေရာတိုင်းတွင် ချစ်သူ၊ရည်းစား ဆက်ဆံရေးကို စတင်ခဲ့သော ယောင်္ကျားတစ်ယောက်အဖြစ် ကုန်ဆုံးခဲ့သော်လည်း နောက်ဆုံးတွင် တရားမျှတသော ကျင့်ကြံသူတစ်ဦးကို ချစ်မိသွားခဲ့သည်။
ထို့အပြင် ဤတရားမျှသော ကျင့်ကြံသူကို သွမ့်မုနင်၏ ချိုမြိန်သော စကားလုံးများဖြင့် ဆွဲဆောင်လို့မရခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူလည်း သွမ့်မုနင်နှင့် အဆုံးသတ်ခဲ့ရသည်။ ဘယ်သူကမှ ဘယ်လိုအဆုံးသတ်သွားမှန်း မသိပေမယ့် ရွှီဇီရုန်ရဲ့သတင်းအရ ဒါဟာ ပျော်ရွှင်စရာကောင်းသည့် အဆုံးသတ်တစ်ခုတော့ မဟုတ်နိုင်ဘူး။
ဒါပေမယ့်…
အဲ့ဒါက သူနဲ့ ဘာဆိုင်လို့လဲ။
သွမ့်မုနင် အဆုံးသတ်ပုံနဲ့ ပတ်သက်ပြီး သူနဲ့ ဘာဆိုင်လို့လဲ။
ခဏလေး၊ မဟုတ်သေးဘူး။ သွမ့်မုနင်သာ သူ့ကိုကိုအားဆက်ပြီး ကျီစယ်နေမယ်ဆိုရင် ၎င်းအတွက် အနာဂတ်ဆိုတာ ရှိမှာမဟုတ်တော့ဘူး။
ရွှီဇီရုန်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့မျက်ခုံးများကြားတွင် စိတ်မရှည်မှု အရိပ်အယောင် ပေါ်လာသည်။ နေရောင်မရှိသောမြို့မှာ လှုပ်ရှားဖို့က တကယ့်ကို မသင့်တော်ပါ၊ မဟုတ်ရင် သူ ဒီလူယုတ်မာကို ရှင်းပြီးပြီ။
"အဟန့် … ဇီရုန် သွားကြစို့၊ သူနဲ့ စကားပြောနေစရာ မလိုဘူး။" ရွှီဇီယန်သည် သွမ့်မုနင်အပေါ် ဆိုးရွားသောခံစားချက်မျိုးမရှိပါ။ သူ့ကို ကျီစယ်နေခြင်းဖြစ်ကြောင်း သိလိုက်ရပြီဖြစ်သောကြောင့် သူ့အပေါ်ထားသည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော "အကျင့်ပျက်မှု" ခေါင်းစဉ်ကို ဖယ်ရှားလိုက်သည်။
သွမ့်မုနင် ပြောသည့်စကားများသည် ပရောပရည်လုပ်နေခြင်း ဖြစ်သော်လည်း ရွှီဇီယန် ထပ်တူမခံစားရသောကြောင့် သွမ့်မုနင် နောက်နေတယ်လို့သာ တွေးလိုက်မိသည်။
ဒါပေမယ့် ဟာသတစ်ခုဆိုရင်တောင် သွမ့်မုနင်ကို ပိုသိကျွမ်းဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သွမ့်မုနင်သည် ကိုယ်ထိလက်ရောက်လှုပ်ရှားမှု တစ်စုံတစ်ရာကို မလုပ်ခဲ့သော်လည်း ရွှီဇီယန်ဟာ သူ့မျက်လုံးများထဲမှ အကြည့်မျိုးကို မကြိုက်ပါ။
စစ်မှန်သည့်လှုပ်ရှားမှုမရှိသရွေ့ ယောင်္ကျားတော်တော်များများက အနည်းငယ်ပရောပရည်လုပ်တာကို လက်ခံနိုင်ဖွယ်ရှိပေမယ့် ရွှီဇီယန်ကတော့ မိန်းမပဲဖြစ်ဖြစ်၊ ယောင်္ကျားပဲဖြစ်ဖြစ် ဆက်ဆံရေးတစ်ခုမှာ ကစားဖို့ မသင့်တော်ဘူးလို့ထင်မိသည်။
လူတွေကို မင်းနှလုံးသားနဲ့သာ ဆက်ဆံခြင်းမရှိရင် အနှေးနဲ့အမြန်ဆိုသလို စွန့်ပစ်ခံရလိမ့်မည်။
သွမ့်မုနင်၏အသွင်အပြင်ကြောင့် ဆက်ဆံရေးတစ်ခုတွင် အလေးအနက်ထားသူတစ်ဦးမဟုတ်ကြောင်း ရွှီဇီယန် သိထားပြီးဖြစ်သည်။ ပြီးတော့ သူ့ညီကလေးလေးကို ဆိုးဆိုးရွားရွား လွှမ်းမိုးသွားမှာ သူမလိုချင်ဘူး။
"ဟေး အလှလေး၊ မသွားနဲ့ဦး။ ကိုယ့်နာမည်က သွမ့်မုနင်ပါ။ ကိုယ်တို့ အရင်က တစ်နေရာရာမှာ တွေ့ဖူးကြလား။" ရွှီဇီယန် ခြေလှမ်းကြီးလှမ်းလိုက်ပြီး သွမ့်မုနင်၏မျက်လုံးတွေ အရောင်လက်သွား၏။ သူက ရွှီဇီယန်၏လမ်းတွင် ပိတ်ရပ်လိုက်သည်။
"ငါ မင်းကိုလည်း မတွေ့ဖူးဘူး! ငါတို့ ဘယ်တော့မှ ပြန်မဆုံတာ အကောင်းဆုံးပဲ!" ရွှီဇီယန် ခေါင်းတောင် မမော့လာပေ။ သူက ရွှီဇီရုန်ကိုဆွဲကာ ဘေးသို့ထွက်သွား၏။ နေရောင်မရှိသောမြို့ရဲ့ လမ်းတွေမှာ သူ ဖြည်းဖြည်းချင်း ဘယ်လိုလုပ် လမ်းလျှောက်ရဲမှာလဲ။
"အယ်? အဲ့လိုမျိုး အရမ်းကြီး မရက်စက်ပါနဲ့၊ ငါတို့ အရင်က တွေ့ဖူးပါတယ်။" သွမ့်မုနင်ဟာ ရွှီဇီယန်ကို စိတ်ဝင်တစားနှင့် လိုက်လာခဲ့၏။ သူ့မှတ်ဉာဏ်ကောင်းတယ်ဆိုတာ သိတာကြောင့် အရင်က ဆုံဖူးတာ သေချာပါတယ်၊ ဒါပေမယ့် အဲ့ဒီအချိန်ကို မမှတ်မိနိုင်လောက်အောင်ပါပဲ။ ရွှီဇီယန်ကို ခဏခဏ မတွေ့ဖူးတာ ဒါမှမဟုတ် တစ်ကြိမ်လောက်ပဲ တွေ့ဖူးတာမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ရွှီဇီယန်၏လျစ်လျူရှုမှုက သူ၏စိတ်ဝင်စားမှုကို နှိုးဆွခဲ့သည်။
ရွှီဇီယန် အံ့အားသင့်သွားရသည်။ သွမ့်မုနင်ဟာ သူငြင်းပယ်ပြီးသည့် နောက်မှာတောင် ဘာကြောင့်အခုထိ မလျှော့တမ်းလိုက်လာနေရတာလဲ။ ယောင်္ကျားတစ်ယောက်အနေနဲ့ မျက်နှာပျက်ရမယ့်ကိစ္စဖြစ်သည်။ ထို့အပြင် သွမ့်မုနင်သည် အလွန်ကြည့်ကောင်းသောကြောင့် နှစ်ကိုယ်တူကျင့်ကြံခြင်းအတွက် အဖော်ရှာရန် ပြဿနာမရှိပါ။ အဲ့ဒါကို ဘာကြောင့် ရွှီဇီယန်အနောက်ကို လိုက်နေသေးတာလဲ။
ရွှီဇီယန် အံ့အားသင့်သလို ခံစားလိုက်ရပြီး ရွှီဇီရုန်ကတော့ အလွန်ရွံရှာသွား၏။ သူဟာ သွမ့်မုနင်ကိုကြည့်လိုက်ပြီး အရမ်းကို ဂုဏ်ယူနေသည်။ ရွှီဇီရုန် တွေးလိုက်သည်က 'မင်း စကားကို ဘယ်လို ချိုသာအောင် ပြောရမလဲဆိုတာ သိထားတော့ရော ဘာဖြစ်လဲ။ ငါ့ကိုကိုရဲ့မျက်လုံးထဲမှာတော့ မင်းက ဘာမှမဟုတ်ဘူး။'
သူ့ကိုကိုရဲ့ သဘောထားပြောင်းလာတာကို တွေ့လိုက်တာကြောင့် ဒီအချိန်၌ ရွှီဇီရုန်ရဲ့ ဒေါသတွေ ပျောက်သွားသည်။
သူဟာ တစ်ချိန်က ရွှီဇီရုန်ကို မိသားစုဝင်တစ်ဦးအဖြစ် အလိုလိုက်ခဲ့ပြီး ယခုအခါ သူ့ကို ချစ်သူအဖြစ်လည်း ကာကွယ်ပေးထားသည်။
ကိုကိုက အဲဒါကို သတိမထားမိသေးပေမယ့် အထူးသဖြင့် ရည်ရွယ်ချက်ဆိုးတွေ ရှိသည့်သူတွေနဲ့ ခပ်ဝေးဝေးနေဖို့ကိုတော့ သင်ယူထားပြီးသားဖြစ်သည်။
ရွှီဇီရုန် အတွက် အရမ်းကောင်းသည့် ခံစားချက်တစ်ခုပါ...
ရွှီဇီရုန်ဟာ သူ့ကိုကိုက သူ့ကို အလေးအနက်ထားမှန်း သိသဖြင့် ပြုံးလိုက်၏။
ရွှီဇီရုန်ဟာ သူ့နှလုံးသားထဲတွင် မွှေးရနံ့များ တစ်စတစ်စ ပျံ့နှံ့သွားသလို ခံစားလိုက်ရပြီး သူ့ကိုကို၏အတွေးတွေဟာ ဤအခိုက်အတန့်တွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာသည်။
သူ့မျက်လုံးများ တောက်ပလာကာ သူ့ကိုကိုထံသို့ ချဉ်းကပ်ပြီး သူ့လက်ကိုဆွဲကာ သွမ့်မုနင်ကို ခြိမ်းခြောက်သည့် အကြည့်တစ်ချက် ပေးလိုက်၏။
သူ့အားဆက်နှောင့်ယှက်ဖို့ စီစဉ်နေသည့် သွမ့်မုနင်က ရုတ်တရက် ရပ်သွားပြီး အဲ့ဒီအချိန်မှာ အရာအားလုံးကို နားလည်သွားပြီး ပုံမှန်မဟုတ်သော “ရင်းနှီးတဲ့” ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်သည်။
"ကျွတ် ကျွတ်၊ ဘယ်လိုဖြစ်လို့ အလှလေးတွေအားလုံးက ပိုင်ရှင်ရှိနေကြတာလဲ။" သွမ့်မုနင်ဟာ ဝမ်းနည်းစွာဖြင့် ခေါင်းယမ်းကာ ရွှီဇီယန်ကိုလိုက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်တော့သည်။ ရွှီဇီယန်ဟာ သူနဲ့တကယ်ကို လိုက်ဖက်ပေမယ့် သူ့အတွက်အဓိကအချက်တွေကတော့ ပိုင်ရှင်နေသည့်သူတွေကို သူဘယ်တော့မှ မလိုက်ဘူး။
ဒါ့အပြင် အခုပဲလိုက်နေသည့် အဖြစ်အပျက်တစ်ခုမှာ သူသည် ဒီလူနှစ်ယောက်အား တွေ့ဖူးသည့် နေရာကို မှတ်မိသွားပါပြီ။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေမှ မထွက်ခွာမီ ဖျတ်ခနဲမြင်လိုက်သည့်အရာက သူ့ကို လေးလေးနက်နက် စွဲမှတ်သွားစေခဲ့သည်။ ရွှီဇီယန်ဟာ ထိုအချိန်က ချောမောပုံပေါက်သော်လည်း ယခုကဲ့သို့ ရင့်ကျက်သောပုံစံမျိုးမရှိသေးပါ။
သူ့နှုတ်ခမ်းပါးတွေကို ပေါ့ပေါ့ပါးပါး လျှာဖြင့်လျက်လိုက်ပြီး သွမ့်မုနင်ရဲ့မျက်နှာဟာ နောင်တရနေသည့် အရိပ်အယောင်တွေ ပြသနေသည်။ တကယ်တော့ အရွယ်ရောက်ပြီးထားသည့် အမျိုးသားတွေဟာ ဆွဲဆောင်မှုအရှိဆုံးဖြစ်ပြီး သူထိုအခွင့်အရေးကို ဘယ်တော့မှမရတော့တာ သနားစရာပင်။
သို့သော်…သူမျက်လုံးမှိတ်လိုက်ပြီး ရုတ်တရက် အတွေးတစ်ခုဝင်လာသည်- မိစ္ဆာကျင့်ကြံသူအများစုဟာ ဆွဲဆောင်မှုရှိသော်လည်း ရှေးယခင်က ယန်ကိုလဲလှယ်ရန် သင့်တော်သောပစ်မှတ်ကို သူရှာမတွေ့သေးပါ။ သို့သော် ယခုမြင်တွေ့ခဲ့ရသည့် တရားမျှတသည့်ကျင့်ကြံသူကြောင့် ကွဲပြားစွာတွေးတောသွားစေခဲ့သည်။
တရားမျှတသည့်ကျင့်ကြံသူအားလုံးသည် အတုအယောင်များဟု အမြဲထင်နေသော်လည်း ဖြောင့်မတ်သောအကြည့်က အမှန်ပင် သူ့အာရုံကို ဖမ်းစားခဲ့သည်။
ဒီလိုလူမျိုးကို သူ့အောက်မှာထားနိုင်ပြီး သူလိုချင်တာမှန်သမျှ လုပ်နိုင်ရင် ဘာဖြစ်သွားမလဲ ဆိုတာကို သူတကယ်သိချင်မိသည်...။
သွမ့်မုနင်၏နှလုံးသားသည် လှုပ်ရှားသွားပြီး တရားမျှတသည့် ကျင့်ကြံသူများ ထိန်းချုပ်ထားသော နယ်မြေများဆီသို့ ချက်ချင်းသွားရန် ကြံရွယ်လိုက်သည်။
ရွှီဇီယန်ကတော့ သူ၏သေးငယ်သော အပြုအမူဟာ တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲသွားစေခဲ့ပြီဆိုတာ မသိခဲ့ပေ...။
သူတို့လေးယောက်သည် ချီလျန်မိသားစု၏ လေလံပွဲသို့ ရောက်လာကြသည်။ ရွှီဇီယန်က ဘဏ္ဍာစိုးအား ဒြပ်စင်ငါးမျိုးသလင်းကျောက်နှင့် ဆက်စပ်သတ္တုရိုင်းအချို့ကို ပြသခဲ့ပြီး ဘဏ္ဍာစိုးသည် သူတို့အား ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုသို့ ချက်ချင်းခေါ်ဆောင်သွားသည်။
ထိုနေ့တွင် လေလံပွဲကြီးကြီးမားမားမရှိသဖြင့် သူတို့၏ဆက်စပ်သတ္တုရိုင်းများကို လေလံတင်ရန် တန်းစီစောင့်ဆိုင်းနေရသည်။ ရွှီဇီယန်ဟာ ရေ၊ သစ်သားနှင့် မီးဂုဏ်သတ္တိများမှလွဲ၍ ဆက်စပ်သတ္တုရိုင်းအားလုံးကို ပေးလိုက်သည်။
သူတို့လေးယောက်ထဲက တစ်ယောက်မှ ချီကိုသန့်စင်ရာတွင် မကျွမ်းကျင်သည့်အတွက် အဲဒီပစ္စည်းတွေကို သိမ်းထားဖို့က အသုံးမဝင်ပါဘူး။ ရွှီဇီယန်ဟာ စိတ်ဝိညာဉ်သလင်းကျောက်သုံးခုကို သီးခြားစီထားခဲ့သည်။
ထိုကဲ့သို့သော အရည်အသွေးမြင့်ပစ္စည်းများသည် မှော်လက်နက်၏ အဓိကပစ္စည်းအဖြစ် အသုံးဝင်နိုင်ပြီး ၎င်းတို့ကို ၎င်းတို့၏ကိုယ်ပိုင်လူများအတွက် သီးသန့်ထားရမည်ဖြစ်သည်။
သတ္တုရိုင်းတွေ ရောင်းကုန်ပြီး သူတို့ရဲ့ အိတ်ကပ်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပိုများလာတာကို တွေ့လိုက်ရတော့ ရွှီဇီယန် တစ်ညတည်းနဲ့ ချမ်းသာသွားသလို ခံစားလိုက်ရသည်။
ဆက်စပ်သတ္တုရိုင်းများအိတ်ကို စိတ်ဝိညာဉ်ကျောက်တုံး အဆင့်မြင့်ကျောက်များ စုစုပေါင်း ၆၂၃ လုံးဖြင့် ရောင်းချခဲ့သည်။ လွန်ခဲ့သောလက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀ ကို နှိုင်းယှဉ်ကြည့်သောအခါ ကြီးမားသော ကွာခြားချက်ဖြစ်သည်။
"ဟင်၊ ဒီငွေတွေ အများကြီးနဲ့ ရောင်းလို့ရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။" ရွှီဇီယန် စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိသွားသည့်မြင်ကွင်းကို တွေးကြည့်ကာ ပြုံးနေတာမရပ်နိုင်တော့ပေ။
ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့သည် မျက်နှာပေါ်တွင် ငြိမ်သက်နေပုံရသော်လည်း သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှုတွေရှိနေသည်မှာ သိသာထင်ရှားလှသည်။
ဝူတျီမြို့တွင် ကျန်နှင့် ဖန့်မိသားစု နှစ်ခုလုံးကို မိသားစုငယ်အဖြစ် သတ်မှတ်ခံရပြီး ဖန့်ထျန်းရွေ့ကဲ့သို့သော အမွေဆက်ခံမည့် ခေါင်းဆောင်စာရင်းထဲတွင် ပါဝင်သူတစ်ယောက်အနေနဲ့ အိတ်ကပ်ထဲတွင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးမှ ခြောက်တုံးအထိရှိနေလျှင်ပင် ချမ်းသာသည်ဟု ယူဆထားပြီးဖြစ်သည်။
"ဒီတစ်ခါတော့ ငါတကယ် ကံကောင်းခဲ့တာပဲ။" ကျန်ရင်းက သူ့ကိုယ်သူ တိုးတိုးပြောလိုက်၏။ တစ်ချိန်ချိန်မှာတော့ နတ်ဆိုးကျန်ရင်း ပေါ်လာသည်။ ခန်းမတွင်းရှိ သတ္တုရိုင်းများ၏ စျေးနှုန်းများကို ကြားပြီးနောက်၊ သူ့မျက်လုံးများတွင် စိတ်ဝိညာဉ်ကျောက်တုံးများ၏ သင်္ကေတများ ရှိနေပုံပေါ်သည်...
ဖန့်ထျန်းရွေ့ ခပ်ရေးရေး ပြုံးလိုက်၏။ သူက ရွှီဇီယန်နဲ့ တခြားသူတွေနဲ့ ချည်နှောင်ထားပြီးသား။ ဤလူနှစ်ယောက်အပေါ် နားလည်မှုကိုအခြေခံ၍ ရွှီဇီယန်သာ အကျိုးအမြတ်တစ်စုံတစ်ရာရခဲ့ပါက သူနှင့် ကျန်ရင်းလည်း အကျိုးရှိမည်ဖြစ်သည်။
"ကိုကို၊ ပြန်ကြရအောင်။" ဆက်စပ်သတ္တုရိုင်းများ အကုန်ရောင်းကုန်ပြီဟု မြင်သောအခါ ရွှီဇီရုန်တည်းခိုခန်းသို့ ပြန်ရန် စီစဉ်လိုက်သည်။
ဒါပေမယ့် ရွှီဇီယန်က ထွက်သွားဖို့ ရည်ရွယ်မရှိသေးပါဘူး။ ထိုအစား အောက်ဘက်က လေလံပွဲကို အာရုံစိုက်ကြည့်ရှုနေသည်။
လကုန်တိုင်းတွင် လေလံပွဲကြီးများနှင့် ပင်ကိုပစ္စည်းများအပြင်၊ ချီလျန်မိသားစုဟာ တစ်ခါတစ်ရံတွင် အပိုပစ္စည်းများကို ထည့်ပေးသည်။ အဲဒီတုန်းက သတ္တုရိုင်းတွေ ထပ်ထည့်လိုက်သလိုပဲ သတင်းတွေ မြန်မြန်ရရင် ဈေးကပိုတောင်မြင့်လာနိုင်သည်။ သို့သော်လည်း ရွှီဇီယန်ဟာ အခြားသူများ၏ အာရုံစိုက်မှုကို မဆွဲဆောင်လိုသောကြောင့် ဆက်စပ်သတ္တုရိုင်းများကို ယခုလကုန်တွင် လေလံတင်ရောင်းချရန် စိတ်ကူးမရှိခဲ့ပေ။
ဤဆက်စပ်သတ္တုရိုင်းများကြားတွင် တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ရာကို သတိပြုမိသွားနိုင်တာကြောင့် မိစ္ဆာကျင့်ကြံသူများ၏ နယ်မြေများတွင် လုံခြုံစွာကစားရန်၊ ၎င်းကို ဘေးကင်းစွာ ကစားလိုသည်ဟု သူထင်သည်။
"နောက်တစ်ခုကတော့ လူတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။" စင်ပေါ်မှာ ကောင်မလေးက ပြုံးပြီး သူမလေသံမှာ အနည်းငယ် အကူအညီမဲ့နေပုံပေါ်နေ၏။
ခန်းမအတွင်းရှိ ကျင့်ကြံသူများသည် ရယ်မောခြင်း မပြုနိုင်ဘဲ နောက်တွင်ပြသမည့်အရာများကို အားလုံးသိပုံရသည်။
ကောင်မလေးကို အပြစ်တင်နေသော ကျင့်ကြံရေးသမားတစ်ယောက်တောင် ရှိသေး၏: "မင်းရောင်းဖို့ ကြိုးစားနေတာ တစ်လလောက်ရှိပြီ၊ အခုထိ မရောင်းရသေးဘူး။ ဘာကြောင့် စိတ်အရှုပ်ခံပြီး အကြိမ်တိုင်း မေးနေရတာလဲ။ ဒါက လူတိုင်းရဲ့ အချိန်ကိုဖြုန်းတာပဲ။"
ကောင်မလေးက အားကိုးရာမဲ့စွာ ပြုံးလိုက်ပြီး "အားလုံးသိတဲ့အတိုင်းပဲ၊ ကျွန်မတို့လေလံအိမ်ရဲ့ စည်းမျဉ်းတွေက အမြဲအတူတူပါပဲ။ တစ်လအတွင်း ဘယ်သူကမှ ဂရုမစိုက်ရင် လုံးဝရောင်းမကုန်ပါဘူး။ ယနေ့သည် ၂၉ ရက်မြောက်နေ့ဖြစ်ပြီး၊ ၎င်းကိုနောက်ထပ်တစ်ရက်ပြီးရင် အဲ့ဒီပစ္စည်းကို မရောင်းချရသေးတဲ့ ပစ္စည်းအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ ဒါ့ပြင်...ဒီနေ့ ဒီပစ္စည်းကို တန်ဖိုးထားတတ်တဲ့ ဉာဏ်ပညာရှိတဲ့သူလည်း ရှိကောင်းရှိပါလိမ့်မယ်။"
"တော်စမ်းပါ" ကျင့်ကြံသူသည် အသံနိမ့်နိမ့်ဖြင့် အပြစ်တင်လိုက်၏ – "အဲ့ဒါက အပျက်အစီး သင်္ကေတတွေပါတဲ့ အဝတ်စတစ်ခုပဲ။ ငါက ဉာဏ်ပညာရှိတဲ့သူတစ်ယောက်မဟုတ်ရင်တောင် အဲ့ဒါဟာ ကလေးတစ် ယောက်ရဲ့ပန်းချီကားတစ်ချပ်ပဲဆိုတာ ငါသိပါတယ်။"
ဒီစကားကြားတော့ မိန်းကလေးဖြစ်သူဟာ ဒေါသမထွက်ဘူး။ တကယ်တော့ ဒီပစ္စည်းကို လေလံတင်ဖို့ သူမလက်ထဲမှာ တစ်လနီးပါးရှိနေပါပြီ။ သူမအတွက် ဤပစ္စည်းကို မကြာခဏ လေလံတင်ရောင်းချရခြင်းမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိပါသည်။ သို့သော် လေလံအိမ်၏ဂုဏ်သတင်းကို ဂရုစိုက်ရသည့်အတွက် သူမသည် ထိုကျင့်ကြံသူကဲ့သို့ စကားမပြောနိုင်ပါ။
ပြုံးရုံသာပြုံးလိုက်ပြီး သူမရှေ့ကောင်တာမှ အထည်တစ်ထည်ကို ထုတ်လိုက်သည်။
ဟုတ်ပါတယ်၊ အဲဒါက တကယ့်ကို စုတ်ပြတ်နေသည့် အထည်ပါပဲ။
ဘယ်လိုပဲကြည့်ကြည့်၊ ရှုပ်ပွနေသည့် သင်္ကေတတွေပါသော စုတ်ပြတ်နေသည့် အဝတ်တစ်ထည်ပါပဲ။
ကောင်မလေးက အသံထွက်ပြီး "ဒီပစ္စည်းပိုင်ရှင်ရဲ့ အဆိုအရ ဒီပစ္စည်းဟာ 'ကွေးဝူရွှီး' က ဆင်းသက်လာတာဖြစ်ပြီး ကံကောင်းစွာနဲ့ ရရှိခဲ့တာပါ။ ဤအဝတ်ကို ရေ သို့မဟုတ် မီးဖြင့် မဖျက်ဆီးနိုင်ပါဘူး၊ အာရုံဖြန့်ကျက်ခြင်း စွမ်းအားနဲ့လည်း မကျူးကျော်နိုင်ပါဘူး။ ဒါပေမယ့် ဒီအထည်ပေါ်က ရှုပ်ပွနေသည့် အရာတွေကလွဲရင် သူဟာ ထိုအရာရဲ့ လျှို့ဝှက်ချက်ကို ရှာမတွေ့သေးပါဘူး။"
ကောင်မလေးက အထည်အကြောင်းပြောသည့်အခါ ပါးစပ်အနည်းငယ်လှုပ်သွားသည်။ သို့သော်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ သူမသည် မကြာမီ ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိကာ ရွှင်လန်းသောအပြုံးကို ထပ်မံပြသခဲ့သည်။
"ဒီအထည်တစ်ထည်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဖြင့် ဈေးဖွင့်ပြီး လေလံပွဲ အခုစတော့မှာပါ။" ထို့နောက် ကောင်မလေးသည် ပျက်စီးနေသောအ၀တ်ကို မကာ ခန်းမရှိလူတိုင်းအား ပြသခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမသည် အစွမ်းတချို့ကို အသုံးချ၍၊ အထည်ကို မီးရှို့ရန်အတွက် မီးအချို့ကို အသုံးပြုကာ၊ သန့်ရှင်းသော ရေဇလုံကို ယူကာ ရေစိမ်လိုက်ပြီး၊ အထည်ကို အမှန်စင်စစ် ရေ၊မီးမလွှမ်းမိုးကြောင်း သက်သေပြရန် အချက်အလက်များကို အသုံးပြုခဲ့သည်။
ခန်းမထဲက ဧည့်သည် ထက်ဝက်ကျော်ဟာ လေလံပွဲကို မကြာခဏ သွားလေ့ရှိပြီး ဒီအထည်နဲ့ပတ်သက်သည့် အရာအားလုံးကို သူတို့ နားလည်ပြီးသားပါ။ မိန်းကလေးက အထည်ကို ခက်ခက်ခဲခဲရောင်းဖို့ ကြိုးစားခဲ့ပေမယ့် ဖောက်သည်ဟောင်းတွေက သူမကို လုံးဝလျစ်လျူရှုခဲ့ပြီး သူတို့အချင်းချင်း ဆက်ဆံရေးတည်ဆောက်ဖို့ ဒီအခွင့်အရေးကိုတောင် အသုံးပြုခဲ့ပါသည်။
ဖောက်သည်သစ်တွေအတွက်တော့ ဒီစုတ်ပြတ်နေသည့် အထည်အကြောင်းကို တခြားသူတွေနီးပါး သိထားပြီးသားပါ။ လူအနည်းငယ်ကသာ သူတို့၏ အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို အသုံးပြု၍ ၎င်းကိုအမှန်တကယ် ပိတ်ဆို့ထားနိုင်ခြင်းရှိတာကြောင့် နောက်တော့ သူတို့ကြည့်ရှုတာကို ရပ်လိုက်သည်။
အမှန်တော့ အဲဒါက အရမ်းကောင်းသည့် ပစ္စည်းတစ်ခုဖြစ်ပေမယ့် အထည်သေးသေးလေးပါပဲ၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ က ဈေးကြီးလွန်းသည်။ ဒါကို လူတွေက မယုံကြည်ခဲ့ကြဘူး။
"ချင်းနင် ငါမေးပါရစေ၊ ဒီပစ္စည်းကို လျှော့ပေးလို့မရဘူးလား။ စျေးသက်သာရင် ဝယ်ပြီး ငါကောင်းကောင်း လေ့လာနိုင်လောက်တယ်။" ဆံပင်ဖြူဖြူ အဘိုးအိုတစ်ယောက်က သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး သည်းညူလိုက်သည်။
ချင်းနင်ဟုခေါ်သော မိန်းကလေးသည်လည်း ကူကယ်ရာမဲ့ ပြုံးကာ "စျေးနှုန်းကို ပိုင်ရှင်က ဆုံးဖြတ်ထားတာကြောင့် ကျွန်မတို့က မပြောင်းနိုင်ပါဘူး။"
အဘိုးအိုသည် သက်ပြင်းသာသာချကာ ခေါင်းယမ်းလိုက်သည်။ အလယ်အလတ်တန်းစား စိတ်ဝိညာဥ်ကျောက်တုံး ၁၀၀၀ ပိုင်ဆိုင်သူများသည် အာရုံဖြန့်ကျက်ခြင်းစွမ်းအားကနေ ခွဲထွက်နိုင်ရန် သာလွန်ကောင်းမွန်သော မှော်လက်နက်ကို ဝယ်ယူနိုင်သည်၊ ထိုကဲ့သို့သော ပျက်စီးနေသောအထည်ကိုဝယ်ရန် ဘာကြောင့် အနှောင့်အယှက်အဖြစ်ခံနေမှာလဲ။
ကောင်မလေးလည်း အားကိုးရာမဲ့ပုံပေါက်နေ၏။ အကယ်၍ သူမသာ ဈေးနှုန်းဆုံးဖြတ်ရသူဆိုရင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးတောင်မှ ဈေးအမြင့်ဆုံးဖြစ်လိမ့်မည်ဟု သူမထင်မိလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းသည် အာရုံဖြန့်ကျက်ခြင်းစွမ်းအားကနေ ခွဲထွက်နိုင်ခြင်း အကြောင်းတစ်ခုတည်းကြောင့်သာဖြစ်သည်။
#TK