Chapter 145
"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါမှတ်ထားမယ်၊ ရုန်ချင်းယွင် … မင်း ကောင်းကောင် အသက်ရှင်နေတယ်၊ ငါ ပြန်ကောင်းလာတဲ့အချိန် …"
"Meh!"
အကြီးအကဲမိစ္ဆာ စကားမဆုံးခင်မှာပင် အခုလေးတင် အကြီးအကဲမိစ္ဆာကို စိုက်ကြည့်နေသည့်ရွှယ်ထွမ်ဟာ ရုတ်တရက်ထခုန်လိုက်၏။
ချွန်ထက်သောသွားများပြသနေသည့် ပါးစပ်ကြီးတစ်ခုရှိနေပြီး အကြီးအကဲမိစ္ဆာသည် အမတဝိညာဉ်အခြေတည်စအဆင့်ရှိသော်လည်း ရှောင်တိမ်းရန်စွမ်းအင်ပင်မရှိတော့တာကြောင့် ၎င်းကိုရွှယ်ထွမ်ဟာ တစ်ကိုယ်လုံးမျိုချလိုက်တော့သည်။
Ba ji Ba ji …
ရွှယ်ထွမ်ဟာ နှစ်ကြိမ်လောက်ဝါးပြီး အနည်းငယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြည့်ကို ပြသခဲ့သည်- ဤအမတဝိညာဉ်အခြေတည်စအဆင့်၏ အရှိန်အဝါသည် အလွန်ညစ်ညမ်း၏။ ၎င်းဟာ သန့်စင်ခြင်းဖြင့် ဖြစ်ပေါ်လာသည်မှာ သိသာထင်ရှားပါသည် ... ၎င်းဟာ အရသာလုံးဝမရှိဘူး။ အော့!
မုန်လာဥကို ပျော်ပျော်ကြီးစားနေဆဲ ဖန်မောင်မှလွဲ၍ မြေခွေးဖြူအပါအဝင် ကျန်လူများအားလုံးဟာ အံ့အားသင့်သွားသည့်အကြည့်များ ဖြစ်သွားကြသည်။
အသွင်ပြောင်းထားသော မြေခွေးဖြူ ရုန်ချင်းယွင်သည်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ်လွတ်မြောက်ရန် အသည်းအသန် လှုပ်ရှားလိုက်၏။
ဖန်မောင်က ရွှယ်ထွမ်ကို ကြည့်ကာ သရော်လိုက်သည်။
"Puff!"(မင်းစားနိုင်ရင် သူ့ကိုလည်း စားလိုက်လေ! မင်းက မြေခွေးကင်ကို အကြိုက်ဆုံး မဟုတ်ဘူးလား။)
"Meh!" ရွှယ်ထွမ်၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ရုတ်တရက် ခေါင်းလှည့်ကာ ရွှီဇီယန်ကို မျှော်လင့်ချက်အချို့ဖြင့် ကြည့်နေလေသည်။
ရွှီဇီယန်လက်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေ စီးဆင်းတာရပ်တန့်သွားပြီး အဆောင်ကလည်း လှုံ့ဆော်ခြင်းမရှိတော့ဘူး။ သူကျိန်ဆဲနေသည့်ပုံစံဖြင့် ရွှယ်ထွမ်ကို မျက်နှာသေစိုက်ကြည့်လိုက်သည်။
"ချီးပဲ! တကယ်ကြီးရော ဟုတ်ရဲ့လား?"
"Meh!" ရွှယ်ထွမ်က ရွှီဇီယန်ခြေထောက်၏ ဘေးတစ်ဖက်သို့ ခုန်ပေါက်သွားပြီး သူ့ကိုပွတ်သပ်ကာ မျက်နှာချိုသွေးနေ၏။
ဖန်မောင်ကတော့ သူ့ကို တည့်တည့်တောင် မကြည့်ချင်တော့ဘူး။ အစားအသောက်အတွက်နဲ့ ကိုယ့်သိက္ခာကိုတောင်ချနိုင်တာ အရမ်းကိုအရှက်မရှိတာဘဲ…
"ဟူး …" ရွှီဇီယန်ဟာ အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူကို မျိုချပြီးနောက် ချစ်စရာပုံစံဟန်ဆောင်နေသည့် ရွှယ်ထွမ်ကို မှုန်ကုပ်ကုပ်ကြည့်နေကာ ခဏတာ စကားမပြောနိုင်တော့ပါ။
"Meh!" ရွှယ်ထွမ်က နှစ်ကြိမ်လောက်ပွတ်သပ်လိုက်ပြီး ၎င်း၏ခေါင်းကို လျင်မြန်စွာလှည့်ကာ ထွက်ပြေးတော့မည့် မြေခွေးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
မြေခွေးဖြူလည်း တုန်ရီသွားပြီး ပြတ်သွားသော ရှေ့ခြေထောက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ မလှုပ်ရဲတော့ပေ။
"Meh!" ရွှယ်ထွမ်ဟာ အရှိန်ပြင်းပြင်းဖြင့် နူးညံ့စွာ အော်ဟစ်လိုက်၏။
မြေခွေးဖြူသည် ခြေထောက်ကိုချပြီး လျင်မြန်စွာ ထွက်ပြေးသွားတော့၏။
ရွှီဇီယန်နှင့်ရွှီဇီရုန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အနည်းငယ်ထူးဆန်သွားကာ သူတို့တွေလည်း ဘာမှမတုံ့ပြန်နိုင်ခဲ့ပါ။
"Meh!" ရွှယ်ထွမ်က ၎င်း၏ ခြေထောက်တိုလေးချောင်းဖြင့် ပျော်ရွှင်စွာခုန်လိုက်ပြီး မြေခွေးပစ်သွားသည့် ရှေ့ခြေထောက်ကို ဆွဲယူလိုက်သည်။
ရွှီဇီယန်က မြေခွေး၏ခြေထောက်ကို ဆုပ်ကိုင်ထားပြီး သူဒါကြီးကို ဘာလုပ်ရမလဲဆိုတာ တွေးတောနေသည်။
"Puff!"(မင်းရဲ့ငတုံးသခင်ကိုလည်း ကြည့်လိုက်ဦး!) ဖန်မောင်က ရွှီဇီယန်၏ငတုံးအကြည့်တွေကို ကြည့်လိုက်သည်။
"Meh!" ရွှယ်ထွမ်က သူ့အားစောင်းကြည့်လာပြီး ထင်းတစ်ချို့ကိုကောက်ကာ မီးပုံဖိုလိုက်သည်။
ခဏအကြာတွင်—
ရွှီဇီယန်ဟာ မျက်နှာသေဖြင့် ကင်ပြီးသော မြေခွေးခြေထောက်တစ်ဖက်ကို လှန်လိုက်ရင်း မြေခွေးဖြူဟာအသွင်ပြောင်းပြီးနောက် အလွန်ကြီးမားလာပြီး ခြေထောက်တစ်ဖက်သည် ကီလို ၂၀ ကျော် အလေးချိန်ရှိသည်။
ရွှယ်ထွမ်က မီးပုံဘေးတွင် ထိုင်ချလိုက်ပြီး မြေခွေးခြေထောက်မှ ထွက်ပေါ်လာသည့် အနံ့ပြင်းပြင်းကို ကြည့်နေကာ ၎င်း၏ပါးစပ်သည် အနည်းငယ်ပွင့်နေပြီး ချွန်ထက်သောသွားများသာမက တံတွေးအချိုကိုပါ မြင်နေရသည်…
"Puff puff!"(ကောင်းလိုက်တာ!) ဖန်မောင်က ဘေးနားတွင် မထီမဲ့မြင်ပြုကာထိုင်နေပြီး ဒီလိုအိမ်မွေးတိရိစ္ဆာန်မျိုးနဲ့ ညီအကိုတွေဖြစ်ရတာ တကယ့်ကို ရှက်စရာပင်။
ရွှီဇီရုန်ကတော့ မလှမ်းမကမ်းတွင် ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ကို ဂရုစိုက်ပေးနေ၏။ သူတို့နှစ်ယောက်ဟာ ရွှီညီအစ်ကိုတွေလောက် ရတနာတွေမရှိပါဘူး။ သူတို့သည် အကြီးအကဲမိစ္ဆာ၏ တိုက်ခိုက်ခြင်းကိုခံရပြီး ပြင်းထန်သော ဒဏ်ရာများရရှိကာ မေ့မြောနေဆဲဖြစ်သည်။
"ရပြီ …" ရွှီဇီယန်က မြေခွေးခြေထောက်ကို ပန်းကန်ပြားတစ်ခုပေါ် တင်လိုက်ပြီး ရွှယ်ထွမ်ကို ပေးလိုက်သည်။
ရွှယ်ထွမ်က ရုတ်တရက်ခုန်လာပြီး ၎င်း၏ရှေ့ခွာကိုမြှောက်ကာ မြေခွေးခြေထောက်ပေါ်တင်လိုက်သည်။ ကျယ်လောင်သောအသံနှင့်အတူ ခွာများကြားတွင် ချွန်ထက်သောလက်သည်းများ ထွက်ပေါ်လာပြီး လျှပ်တစ်ပြတ်အတွင်း မြေခွေး၏ခြေထောက်ကို အပိုင်းသုံးပိုင်း,ပိုင်းလိုက်သည်။
သုံးပိုင်းထဲကတစ်ခုက လေးပုံငါးပုံကျော်ရှိပြီး ကျန်နှစ်ခုမှာ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။
ရွှီဇီယန်၏မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ရွှယ်ထွမ်၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ပတ်သက်၍ သူဘာပြောရမှန်းမသိ ဖြစ်နေသည်...
ရွှယ်ထွမ် မျှဝေပေးသော မြေခွေးအသားကို တစ်ချက်ကြည့်လိုက်ပြီး သူတကယ်မစားနိုင်ပါ။
သူက အသားကို ပြန်တွန်းလိုက်ပြီး
"မင်းရဲ့ကြင်နာမှုကို ငါတန်ဖိုးထားပါတယ်၊ ဒါပေမယ့် မင်းဟာမင်းပဲ ဒီအသားကို ပျော်ရွှင်စွာ သုံးဆောင်လိုက်တော့ …"
"Meh!" ရွှယ်ထွမ်ဟာ ရွှီဇီယန် အဘယ်ကြောင့် မစားရတာလဲဆိုတာကို နားမလည်ပါ။ ဒါကအလွန်အရသာရှိသည့် မြေခွေးအသားဖြစ်ပြီး ရွှေအမြုတေအဆင့် မြေခွေးဖြစ်ပါသည်။ ခြေထောက်တစ်ချောင်းတည်းမှာတောင် အလွန်ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များပါရှိသည်။ ၎င်းကိုစားပြီးနောက် ကျင့်ကြံခြင်းအဆင့်ကိုတောင် ကျော်ဖြတ်သွားနိုင်သည်။
ရွှီဇီယန်၏ အလွန်ခိုင်မာသော သဘောထားကို မြင်လိုက်ရသောအခါ ရွှယ်ထွမ်ဟာ သူ့အား အတင်းအကြပ် မတိုက်တွန်းတော့ဘဲ ၎င်း၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ မြေခွေးအသားအားလုံးကို မျိုချလိုက်ပြီး သဘာဝတရားစည်းမျဥ်းဥပဒေများကို လိုက်နာခြင်းလည်းမရှိပါ။
ရွှယ်ထွမ်စားသောက်ပြီးနောက် ကျေနပ်စွာသမ်းလိုက်၏။ မြေခွေးခြေထောက်သည် ဖီးနစ်ငှက်၏အတောင်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း မိစ္ဆာမီးလျှံနယ်မြေထဲရှိ တောကောင်ခြောက်အသားများနှင့် နှိုင်းယှဉ်ပါက အလွန်ကောင်းမွန်ပါသည်။
"ငါတို့တွေ နေရောင်မရှိသောမြို့ကို ပြန်သွားလို့ မဖြစ်တော့ဘူး။" ရွှီဇီယန် ခဏတာညည်းတွားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
အကြီးအကဲမိစ္ဆာက သေသွားပြီ။ ဟယ်ဟွမ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေဖြင့်၊ သူဟာဂိုဏ်းတွင် အရေးကြီးသော သဲလွန်စအချို့ကို ချန်ထားခဲ့လိမ့်မည်။ အမတဝိညာဉ်အခြေတည်စအဆင့် အကြီးအကဲတစ်ဦးအနေဖြင့် ကျဆုံးသွားပါက ဂိုဏ်းအတွင်းကြီးမားသောဖြစ်ရပ်တစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။ သူတို့ကို ရှာဖွေလို့မရရင်တောင် အရင်ဆုံးထွက်သွားတာက ပိုကောင်းပါသေးသည်။
ထိုအကြောင်းကိုပြောရင်း ရွှီဇီယန်လည်း ထူးဆန်းသလို ခံစားလိုက်ရ၏။ ငိုကြွေးနာကြည်းနေသောအသီးကိုရသောအခါ သူတို့တွေ သဲလွန်စအားလုံးကို ရှင်းလင်းစွာ ရှင်းပစ်ခဲ့သည်။ ဒါဆိုအကြီးအကဲမိစ္ဆာက သူတို့ကို ဘယ်လိုရှာတွေ့သွားတာလဲ။
အကြီးအကဲမိစ္ဆာဟာ ဘယ်သဲလွန်စအသေးအဖွဲ့ကိုမျှ စွန့်ပစ်မည်မဟုတ်ကြောင်းကို သူမသိခဲ့ပါ။ သူတို့ကို ကြားဖြတ်မဖမ်းမီ၊ ၎င်းမိစ္ဆာသည် သရဲတောင်တန်းများကို ဖြတ်ကျော်သွားသော ကျင့်ကြံသူအုပ်စုပေါင်းများစွာကို သတ်ခဲ့ပြီးဖြစ်ပြီး ရွှီဇီယန်တို့သည်လည်း ပစ်မှတ်ထားခံရသောအုပ်စုများထဲမှ တစ်ခုဖြစ်ခဲ့သည်...
ချွမ်းယွင်စောကို မောင်းနှင်ပြီး ရွှီဇီယန်ဟာ အလွန်ရှုပ်ထွေးသောလမ်းကြောင်းကို ရွေးချယ်ကာ မိစ္ဆာကျင့်ကြံရေးဂိုဏ်းခွဲအများစုကို တတ်နိုင်သမျှရှောင်ရှားခဲ့သည်။ သူတို့ကံကောင်းသွားပြီး လမ်းခရီးတွင် ရွှေအမြုတေအဆင့်မိစ္ဆာကျင့်ကြံသူနဲ့ပင် မတွေ့ခဲ့ရပါ။
သာယာသောနေ့ရက်များ၌ ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့အား ကောင်းမွန်စွာကုသနိုင်ခဲ့သည်။ ထို့အပြင် ချီလျန်လေလံအိမ်၌ သူတို့ဝယ်ခဲ့သော ဆေးဝါးကောင်းအချို့လည်း ရှိပါသေးသည်။
တစ်လကျော်ကြာခရီးရှည်ပြီးနောက် နောက်ဆုံး၌ သူတို့ဟာ တရားမျှတသည့်ကျင့်ကြံခြင်းနှင့် မိစ္ဆာကျင့်ကြံခြင်း၏ လမ်းဆုံးဖြစ်သည့် ရင့်ရွဲ့မြို့သို့ ရောက်ရှိလာကြသည်။
"နောက်ဆုံးတော့ ငါတို့ လုံခြုံသွားပြီ…" ရွှီဇီယန်ဟာ ရင့်ရွဲ့မြို့၏တည်းခိုခန်းက ကုတင်ကြီးပေါ်တွင် လဲလျောင်းပြီးနောက် ပင်ပန်းနွမ်းနယ်မှုကိုသာ ခံစားနေရသည်။ ချွမ်းယွင်စောဖြင့် တစ်လလုံးမောင်းနှင်ပြီးနောက်၊ ရွှီဇီရုန်ဟာ သူနဲ့အတူ အလှည့်ကျမောင်းနှင်လာခဲ့ပြီး သူ၏စွမ်းအင်ကိုပြန်လည်ဖြည့်တင်းရန် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေခဲ့သော်လည်း၊ သူဟာအလွန်ပင် ပင်ပန်းနွမ်းနယ်နေသေး၏။
အကြီးအကဲမိစ္ဆာသေဆုံးခြင်း၏ ပြင်းထန်သောအကျိုးဆက်များကို သူသိသောကြောင့် လမ်းတစ်လျှောက်၌ မနားခဲ့ကြပါ။ ဟယ်ဟွမ်ဂိုဏ်းဟာ စုံစမ်းစစ်ဆေးပြီးနောက် ရလဒ်တစ်စုံတစ်ရာ မရရှိနိုင်သော်လည်း သူဟာမည်သည့်အန္တရာယ်ကိုမှ မစွန့်စားဝံ့ပေ။
ရင့်ရွဲ့မြို့သို့ရောက်ပြီးနောက်တွင် သူတို့ဟာ နောက်ဆုံး၌ ဘေးကင်းလုံခြုံသွားခဲ့သည်။ မိစ္ဆာကျင့်ကြံသူများသည် တရားမျှတသည့်ကျင့်ကြံသူများနှင့် ရန်ပွဲစတင်ချင်ရင်တောင် ဒီလိုနေရာမျိုး၌ ဘယ်သူမှလှုပ်ရှားရဲမှာမဟုတ်ပါ။
ဤမြို့ထဲ၌ အမတဝိညာဉ်ဖွံ့ဖြိုးပြီးအဆင့် ကျင့်ကြံသူရှိကြောင်း တစ်စုံတစ်ယောက်က သူတို့ကိုပြောပြခဲ့ပြီး ဤမြို့ထဲတွင် တိုက်ခိုက်ရဲသူသည် ထိုကျင့်ကြံသူအား စိန်ခေါ်သည်ဟု သတ်မှတ်ခံရမည်ဖြစ်ကာ ထိုလူ၏ဂိုဏ်းဝင်အားလုံးက သူ၏လက်စားချေခြင်းကို ခံကြရပေမည်။
ထို့ကြောင့် တရားမျှတသူနှင့် မိစ္ဆာကျင့်ကြံသူ နှစ်ဦးစလုံးသည် သူတို့၏တပည့်များအား ရင့်ရွဲ့မြို့၌ ပြဿနာတစ်စုံတစ်ရာမဖြစ်စေရန် တင်းကြပ်စွာတားမြစ်ထားပြီး မဟုတ်လျှင် ဂိုဏ်းမှနှင်ထုတ်ခံရမည်ဖြစ်သည်။
သမ်းဝေပြီးနောက် ရွှီဇီယန်ဟာဇီရုန်အား အိပ်ရာပေါ်မှကန်ထုတ်လိုက်ပြီး ပုံမှန်မဟုတ်သည့် စူးရှသောမျက်လုံးများဖြင့်အိပ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြသခဲ့သည်။
ရွှီဇီရုန်ကတော့ သူ့ကိုကိုက စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တာကြောင့် ချစ်စရာအမူအရာများမှာ အသုံးမဝင်တော့မှန်းသိလိုက်ပြီး သူ၏နားရွက်များနှင့် အမြီးများကို တိတ်တဆိတ် ဖယ်ရှားလိုက်သည်…
လုံလောက်စွာအိပ်စက်ပြီးနောက် ရွှီဇီယန်ဟာ သူ၏မျက်လုံးများကိုဖွင့်၍ ပြန်လည်အသက်ရှင်နေပြီဟု ခံစားလိုက်ရသည်။
ဇီရုန်ကတော့ သူ၏ခန္ဓာကိုယ်ကို တင်းကျပ်စွာရစ်ပစ်ထားပြီး သူထမလို့ရှိသေးသည့်အချိန်၌ သူ၏ခါးကို ဖျော့ဖျော့နှင့် သွယ်လျသောလက်တစ်စုံက ပြန်လည်ရစ်ပတ်ပြီး ညင်သာစွာပြန်ဆွဲသွားသည်။
"မင်္ဂလာနံနက်ခင်းပါ ကိုကို…" ရွှီဇီရုန်၏အသံသည် နိုးတစ်ဝက် အိပ်တစ်ဝက်နှင့် ခပ်ဩဩအသံဖြစ်နေ၏။
"အဟမ်း … အခုက မစောတော့ဘူးလေ … ညနေစောင်းနေပြီ။ ဒါပေမယ့် အဆင်ပြေပါတယ်၊ မင်း ခဏလောက် အိပ်ချင်ရင် အိပ်နေလိုက်ဦး။" ရွှီဇီယန်က သူ့လက်မောင်းကိုပုတ်ပြီး ထလိုက်သည်။
"မထနဲ့။" ရွှီဇီရုန်ဟာ ရွှီဇီယန်ကို မလွှတ်ပေးဘဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူ့ကိုကို,ကို သူ၏ကိုယ်ပိုင်အစိတ်အပိုင်းဖြင့် တွန်းထားသည်။
ရွှီဇီယန် မှင်တက်သွားပြီး — ဒီကလေးက ဘာကြောင့်များ မကုန်နိုင်မခန်းနိုင်တဲ့ စွမ်းအင်တွေရှိနေရတာလဲ။ ဒါကြီးကို အလွန်အကျွံလုပ်လို့ သူသေသွားမှာ မကြောက်ဘူးလား။
"ကိုကို…" ရွှီဇီရုန်က ချိုချိုသာသာ ညည်းတွားလိုက်ရင်း သူ့ကိုကို၏ရင်ဘတ်ကို စတင်ပွတ်သပ်လေသည်။
ရွှီဇီယန် နှစ်ကြိမ်လောက် ညည်းညူလိုက်ပြီး သူခဏတာတွန်းထုတ်ပြီးနောက် သဘောတူလိုက်တော့သည်။
သူဟာ သာမန်လူတစ်ယောက်သာဖြစ်၏။ နှီးနှောမှုကို အချိန်အတော်ကြာအောင်ရှောင်ဖို့ တောင်းဆိုတာက တကယ့်ကိုလူမဆန်ဘူး...
…………
ရွှီဇီယန် နောက်တစ်ကြိမ်ပြန်နိုးလာတော့ နောက်တစ်နေ့မနက်ရောက်နေပါပြီ။
ပြုစုစောင့်ရှောက်ခံရပြီးနောက် သက်သာလာသလိုနှင့် နာကျင်ခံစားရသည့် အစိတ်အပိုင်းအချို့မှလွဲ၍ အခြေအနေကောင်းမွန်နေပါသည်။
နာကျင်ပြီးအားနည်းနေသောခါးကို ထိလိုက်ပြီးနောက် ရွှီဇီယန်ထထိုင်လိုက်သည်။
ကျင့်ကြံသူများဟာ လိုက်လျောညီထွေဖြစ်အောင် ကြံ့ခိုင်နိုင်စွမ်းရှိပြီး သို့မဟုတ်လျှင် ရွှီဇီရုန်က ရိုးရိုးရှင်းရှင်းအိပ်ရာထဲတွင် ကောင်းမွန်လွန်းနေသော်လည်း ဇီယန်ဟာ သူ၏ပထမဆုံးအကြိမ်တွင် အနည်းငယ်စိတ်မသက်မသာခံစားခဲ့ရပြီး နောက်ပိုင်းတွင် သူသတိလစ်သွားမတတ် အရမ်းကိုကျေနပ်သည်ဟု ခံစားခဲ့ရသည်…
ရွှီဇီယန်ဟာ ကောင်းကင်အား လက်ခလယ်ထောင်ပြလိုက်ပြီး — မိုးနတ်မင်းကြီးက သူ့ကို homo ဖြစ်အောင် တမင်ဖိအားနေတာလား။
"ကိုကို နိုးပြီလား။" ရွှီဇီရုန်တံခါးဖွင့်ကာဝင်လာပြီး ကြောင်တောင်တောင်ထိုင်နေသည့် သူ့ကိုကို,ကိုမြင်တော့ ရုတ်တရက်ပြုံးလိုက်သည်။
သူ၏သန်မာသောရင်ဘတ်ပေါ်ရှိ အမှတ်အသားများကို ရွှီဇီရုန်ဖြတ်ကြည့်လိုက်ရာ သူပို၍ပင်ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။
သင်္ကေတတစ်ခုဖန်တီးရသလို ခံစားရသည့်အတွက် သူ့ကိုကို၏ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်သည့် အမှတ်အသားတွေ ချန်ထားခဲ့ရတာကို သဘောကျပြီး ဤအရာတွေက သူ့ကိုကိုဟာအမြဲတမ်း သူ့အတွက်သာ ဖြစ်သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
"ဇီရုန်!" ရွှီဇီယန် ရုတ်တရက် အော်လိုက်၏။
"ဟင်?" ဇီရုန် သူ့ကို မော့ကြည့်လာသည်။
"ဘာမှမဟုတ်ပါဘူး။" ရွှီဇီယန် ဘာမှပြန်မပြောဘဲ အိပ်ရာဘေးက အဝတ်အစားတွေကိုယူရန် ထလိုက်သည်။
ကိုကို၏ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါတွင် ရွှီဇီရုန်၏မျက်လုံးများ မှိန်ဖျော့သွားကာ တိတ်တဆိတ် လျှောက်သွားကာ သူ့ကိုကိုဖြစ်သူ၏ တင်းကျပ်နေသော ဗိုက်ကို ထိလိုက်သည်။
ဖတ်!
ရွှီဇီယန်ဟာ သူ့လက်ကို ချက်ချင်းပုတ်ထုတ်လိုက်သည်။
"ကိုကိုက ကျွန်တော့်ကို ငြင်းတယ်။" ရွှီဇီရုန်က ဝမ်းနည်းစွာဖြင့် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
"အင်း … ငါအဝတ်အစားလဲချင်လို့ ထွက်သွား" ရွှီဇီယန်ကတော့ သတိရှိနေဆဲပင်။
"မသွားဘူး!" ရွှီဇီရုန်ဟာ သူ၏အခွင့်အရေးကို ပြတ်ပြတ်သားသား ကာကွယ်ခဲ့သည်။
ရွှီဇီယန်သည် သူ့ကိုမျက်နှာသေဖြင့် ကြည့်လိုက်ပြီး နောက်ဆုံး၌ ရွှီဇီရုန်လက်လျော့လိုက်တော့သည်။ သူခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး လက်ကို မြှောက်လိုက်ကာ သူကြည့်ပဲကြည့်နေမယ်ဆိုတာကို ညွှန်ပြလိုက်သည်။
ဆယ်ခါမြောက် အသက်ကိုရှူထုတ်ပြီးနောက်…
ရွှီဇီယန်ဟာ ရွှီဇီရုန်အား ပြင်းထန်စွာ စိုက်ကြည့်နေသည်။
ရွှီဇီရုန်သည် သူ့လက်များကို ပြင်းပြင်းထန်ထန် မြှောက်လိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်ကာ လုံးဝမထိကြောင်းညွှန်ပြလိုက်သည်။
ရွှီဇီယန် ခဏတာမှင်တက်သွားပြီး ရွှီဇီရုန် ဘာမှမလုပ်ပေမယ့် သူ့အကြည့်တွေက အလွန်စူးရှလွန်းနေသည်။ ထိုကဲ့သို့စိုက်ကြည့်နေခြင်းဟာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်အား နေရာအနှံ့လျှာဖြင့် နမ်းလိုက်သလိုပင်။ သူ့တစ်ကိုယ်လုံးပူထူလာပြီး အောက်ပိုင်းကတောင် တုံ့ပြန်မှုအနည်းငယ်ရှိနေသည်။
ရွှီဇီရုန်က အပြင်ထွက်ရန် ငြင်းဆိုခဲ့ပြီး ရွှီဇီယန်သည် ရှက်ရွံ့သောအကြည့်ဖြင့် ရွှီဇီရုန်၏အကြည့်ကို သည်းခံကာ သူ့အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။
ဟူး... အတန်ကြာအောင် အသက်ကိုရှူထုတ်လိုက်ပြီးနောက် နောက်ဆုံးတော့ သူအဝတ်လဲလို့ပြီးသွားသည်။
သူအဝတ်အစားဝတ်နေစဉ် ဖိအားတွေများနေမယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးမယ်ဆိုရင် အရင်တုန်းကဆိုရင်တော့ သူရယ်မောမိမှာ သေချာပေမယ့် အခုတော့ ……_(:3∠)_
"သွားရအောင်၊ ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့ကိုခေါ်ပြီး ငါတို့ အပြင်ထွက်မယ်။ ဒီရင့်ရွဲ့မြို့က ကြားနေမြို့ဖြစ်ပြီး မမျှော်လင့်ထားတဲ့ အမြတ်အစွန်းတွေ ရှိကောင်းရှိလိမ့်မယ်။"
"ကောင်းပြီ။" ရွှီဇီရုန် ပြုံးလိုက်၏။ သူမနေ့ညက အစားအသောက်တွေ အပြည့်အဝစားထားရပြီး သူ၏ကောင်းမွန်တဲ့စိတ်နေစိတ်ထားက အချိန်အတော်ကြာအောင် တည်တံ့နေခဲ့ပါသည်။
လေးယောက်အဖွဲ့သည် ရင့်ရွဲ့မြို့၏လမ်းပေါ်၌ လျှောက်လာခဲ့ကြပြီး ရွှီဇီယန်က လမ်းဘေးရှိဈေးဆိုင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာနေသည်။
ရင့်ရွဲ့မြို့နှင့်နေရောင်မရှိသောမြို့၏ ပုံစံများသည် လုံးဝကွဲပြားပါသည်။ နေရောင်မရှိသောမြို့သည် ကြီးမားသောကုန်ပစ္စည်းများ ဖြန့်ဖြူးရာနေရာဖြစ်သည်။ တစ်မြို့လုံးမှာ လမ်းတိုင်းလိုလို ဈေးဆိုင်တွေရှိသည်။
ရင့်ရွဲ့မြို့ကတော့ အလွန်ပြင်းထန်သော ကျင့်ကြံရေးအငွေ့အသက်ရှိသည်။ အမတဝိညာဉ်ဖွံ့ဖြိုးပြီးအဆင့် ကျင့်ကြံသူ၏ လွှမ်းမိုးမှုအောက်တွင်ရှိနေပြီး၊ မှော်လက်နက်များ၊ မှော်အတတ်များနှင့် အခြားလိုအပ်သည့်ပစ္စည်းများ ရောင်းချသည့်ဆိုင်များ၊ လေ့ကျင့်ရေးကွင်းနှင့် တိုက်ခိုက်ရေးစင်မြင့်များကိုလည်း ထိုနေရာ၌ တွေ့ရလေ့ရှိသည်။
တစ်မြို့တည်းတွင် တည်ဆောက်ထားသော တိုက်ခိုက်ရေးစင်မြင့် ၃ ခုရှိပြီး အခြားမြို့များ၌ လုံးဝမမြင်နိုင်ပါ။
တိုက်ခိုက်ရေးစင်မြင့်များဟုခေါ်သည့် နေရာများသည် ကျင့်ကြံရေးသမားများ ယှဉ်ပြိုင်ရာနေရာဖြစ်သည်မှာ ထင်ရှားသည်။ တိုက်ခိုက်ရေးစင်မြင့် နှစ်မျိုးရှိကာ တစ်မျိုးမှာ ဝိဇ္ဇာအတတ်ပညာ၏ တိုက်ခိုက်ရေးစင်မြင့်ဟု ခေါ်ဆိုကြပြီး နောက်တစ်မျိုးကို ကိုယ်ခံအတတ်ပညာ၏ တိုက်ခိုက်ရေးစင်မြင့်ဟု ခေါ်ဆိုကြသည်။ ယခင်က ပြိုင်ဆိုင်မှုစွမ်းရည်အတွက်ဖြစ်ပြီး နောက်ဆုံးမှာတော့ သေခြင်း၊ရှင်ခြင်းကြားက တိုက်ခိုက်မှုများဖြစ်လာကြသည်။
နောက်တစ်ခုကတော့ လူတွေရှိသည့်အခါ ရန်ပွဲတွေလည်းရှိမည်။ ရင့်ရွဲ့မြို့တွင် သီးသန့်ရန်ပွဲများကို ခွင့်မပြုဘဲ တိုက်ခိုက်ရေးစင်မြင့်များသည် အငြင်းပွားမှုများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်လာခဲ့သည်။
ရွှီဇီယန်နှင့် အခြားသူများဟာ လမ်းတစ်လျှောက် လျှောက်သွားနေကြပြီး ရှေးဟောင်းကွင်းတစ်ခုလို အဝိုင်းပတ်သည့်နေရာကို ရောက်လာကြသည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူအများအပြားသည် စိတ်အားထက်သန်စွာဖြင့် တစ်စုံတစ်ခုကို ဆွေးနွေးနေကြရာ ရွှီဇီယန်ကလည်း ခဏတာနားထောင်ပြီးနောက် ထူးဆန်းသောအပြုံးကို ပြသလိုက်သည်။
ကျင့်ကြံသူအားလုံးဟာ စိတ်နှလုံးဖြူစင်သည်ဟု မည်သူက ပြောသနည်း။ အဲဒါက လုံးဝကို အဓိပ္ပါယ်မရှိတာဘဲ!
သူတို့တွေသာ အလွန်ဖြူစင်ဖြောင့်မတ်ပါက အငြင်းပွားမှုများမရှိနိုင်၊ သဘာဝရတနာများကို ဓားပြတိုက်ခြင်းလည်းမရှိနိုင်သလို၊ တိုက်ခိုက်ရေးစင်မြင့်အပြင်ဘက်တွင်လည်း လောင်းကစားများ ရှိမည်မဟုတ်ပေ။
ကောင်းပြီ ဤသည်မှာ ကျင့်ကြံရေးနယ်ပယ်က တရားဝင်လောင်းကစားလုပ်ငန်းဖြစ်သည်။
"ကိုကို စိတ်ဝင်စားလား။" ရွှီဇီရုန်က ရွှီဇီယန်၏ အမူအရာကွဲပြားသွားသည်ကို သတိပြုမိပြီး စပ်စုကာ မေးလိုက်သည်။
"ဟင်? တိုက်ခိုက်ရေးစင်မြင့်ကို ဆိုလိုတာလား။"
"ဟုတ်တယ်။ ကိုကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ဘာမှလုပ်စရာမရှိဘူးဆိုတော့ ကျွန်တော်တို့လည်း စောင့်ကြည့်ကြရအောင်လေ။"
"အိုး…" ရွှီဇီယန်က ဤအရာမျိုးကို အမှန်တကယ် စိတ်မဝင်စားသော်လည်း ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့၏ စိတ်အားထက်သန်မှုကို သတိပြုမိသောအခါတွင် သူလည်းစိတ်သဘောထားပြောင်းသွားကာ "ဒါဆိုလည်း … အပျော်သဘောအနေနဲ့ ကြည့်ကြမယ်လေ။"
"ကောင်းပြီ၊ ကိုကို လောင်းချင်သေးလား။"
"အင်း … ငါတို့ ဘယ်လိုလောင်းရမယ်မှန်းမသိဘူးလေ မဟုတ်ဘူးလား။" ရွှီဇီယန် ပခုံးတွန့်လိုက်၏။
ဤတိုက်ခိုက်ရေးစင်မြင့်ပေါ်ရှိ ကျင့်ကြံသူအများစုသည် တစ်နှစ်ပတ်လုံး ထိုနေရာ၌နေလာခဲ့ကြသည်။ ၎င်းတို့သည် လုံလောက်သော အစွမ်းထက်ပါက၊ ဤနေရာသည် စိတ်ဝိညာဉ်ကျောက်တုံးများရရှိရန် အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်သည်။ မတော်တဆမဖြစ်ရင် ဝိဇ္ဇာအတတ်ပညာနယ်ပယ်၌ အသက်အန္တရာယ်ရှိမှာမဟုတ်ပါ။ ထို့အပြင် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြီးမားပါက၊ အချင်းချင်း တိုက်ခိုက်ရန် စီစဉ်မည်မဟုတ်ပါ။
ရွှီဇီရုန် ခပ်ရေးရေးပြုံးလိုက်ပြီး သူ့ကိုကို,ကို စင်မြင့်အပြင်ဘက် လမ်းကြားလေးဆီသို့ခေါ်သွားသည်။ သူ၏အရင်ဘဝတုန်းက အဲဒီကိုသွားတုန်းက တိုက်ပွဲတစ်ခုစီရဲ့ရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာသည့်ဒီလမ်းကျဉ်းလေး၌ ကျင့်ကြံရေးသမားတစ်ယောက်ရှိမယ်ဆိုတာကို သူမှတ်မိသေးသည်။
အဲဒီတုန်းက သူ၏ကျင့်ကြံခြင်းအဆင့်ဟာ နိမ့်ပါးနေပြီး လမ်းလျှောက်နေတာမို့ ဂရုမစိုက်ခဲ့မိဘူး။ ထိုအကြောင်းကို ပြန်သတိရသောအခါတွင် ၎င်းကျင့်ကြံသူ၏ခွဲခြမ်းစိတ်ဖြာမှုမှာ မည်မျှတိကျသည်ကို သတိရပြီး လူတိုင်းဟာ သူ၏ခွဲခြမ်းစိတ်ဖြာမှုအရ လောင်းကစားလုပ်ကြမည်ဖြစ်သည်။ သူတို့အနိုင်ရရင် သူလည်း ရှယ်ယာတစ်ခုရလိမ့်မည်။
ထိုလူသည် အချိန်တိုလေးအတွင်း စိတ်ဝိညာဉ်ကျောက်တုံးများ အမြောက်အမြားရနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်ဒီကိစ္စကြောင့် စင်မြင့်၏တကယ့်သူဌေးကို စော်ကားခဲ့တယ်ဆိုပြီး နောက်တစ်ကြိမ်မတွေ့ရတော့ပါ။
ရွှီဇီရုန်ဟာ ဒီနေ့တွင် ထိုလူကို ပြန်တွေ့နိုင်မလားဟု တွေးနေမိသည်။
"ဟွမ်ချီက အခြေခံကျင့်ကြံခြင်း အလယ်အလတ်အဆင့်ကို ရောက်နေပေမယ့် သူ့မှာရေဒြပ်စင်ရှိကြောင်း တွေ့ရတာမို့ ခုခံအား အတော်လေး အားနည်းနေတယ်။ သူ့ပြိုင်ဘက်က ဓားကျင့်ကြံရေးသမားဖြစ်ပြီး တိုက်ရခိုက်ရတာကောင်းတယ်။ ယှဉ်ပြိုင်ဖြစ်ရင် ဘယ်သူအနိုင်ရမယ်ဆိုတာ ခန့်မှန်းရခက်တယ်။" လမ်းကြားထဲမှ ပြင်းထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ရွှီဇီယန်၏ခြေသံတွေ နှေးကွေးသွား၏ … ဒီအသံကို ဘာကြောင့် ဒီလောက် ရင်းနှီးရတာလဲ။
"ကောင်းပြီ၊ မင်းက အချိန်တိုင်း ဒီလိုပဲ အရေးမပါတာတွေ လာလာပြောနေတယ်။ ဒဲ့ပြောလိုက်၊ ငါတို့တွေ လောင်းကြေးထပ်ရဦးမှာ ဖြစ်တာကြောင့် ပိုပြီးသေချာအောင် ခွဲခြမ်းစိတ်ဖြာပေ" အက်ရှရှယောင်္ကျားအသံက ညည်းညူလိုက်သည်။
"ဟီးဟီး… ငါခွဲခြမ်းစိတ်ဖြာလို့ အဆင်ပြေပေမယ့် စည်းမျဉ်းဟောင်းတွေကိုတော့ ကျင့်သုံးဆဲပါ။ မင်းအနိုင်ရရင် မင်းရဲ့စိတ်ဝိညာဉ်ကျောက်တုံးရဲ့ ၅၀% ငါ့ကိုပေးရုံကလွဲလို့ မင်းဆက်လုပ်ဖို့လိုသေး..."
"ငါတို့လည်း မင်းကို လူသိရှင်ကြားဖြစ်အောင် ကူညီဖို့ လိုမယ်။ ဘာကြောင့်လဲဆိုတော့ မင်းမှာ အကောင်းဆုံးသတင်းတွေရှိပြီး မင်းမှာအာမခံချက်ရှိသော ဂုဏ်သတင်းကြောင့်ဖြစ်တယ်။ ငါတို့ သတင်းဝယ်ချင်ရင် ကြွက်ဆိုတဲ့မင်းကိုရှာရမယ်။ ကောင်းပြီ၊ ဆက်ပြီးအရေးမပါတာတွေ ပြောမနေနဲ့၊ မင်း ဒါကို အကြိမ်ကြိမ်ပြောပြီးပြီ။" အက်ရှရှ ယောင်္ကျားအသံရှိသူဟာ စည်းမျဥ်းစည်းကမ်းများနှင့် အလွန်ရင်းနှီးပုံပေါက်ပြီး စာသားကို ပြီးဆုံးအောင် ပြောသွားသည်။
"ဟေး မင်းသိထားတာ ကောင်းပါတယ်။ ဒါက စည်းကမ်းဟောင်းပါ။ မင်းစည်းကမ်းတွေမလိုက်နာရင် ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့နော်။ မင်းရဲ့မောင်းမမိဿံတွေကို ဖွက်ထားတဲ့နေရာကို မင်းရဲ့ဇနီးလောင်းကို ငါပြောပြလိုက်မှာနော်၊ ဟီးဟီး။" ကြွက်လို့ခေါ်တဲ့လူက ရယ်လိုက်၏။
ပတ်ဝန်းကျင်က လူတွေ၏ရယ်မောသံတွေထွက်ပေါ်လာပြီး လူတိုင်းကသူနောက်နေတာလို့ ထင်နေကြသည်။
အဝေးမှာရပ်နေသည့် ရွှီဇီယန်ဟာ မျက်ခုံးပင့်သွား၏။ ဒီလူတွေက သူ့စကားတွေကို အလေးအနက်မထားရင် နောက်ပိုင်းမှာ အကျိုးဆက်တွေရှိလာလိမ့်မည်။
"ဟင်? မင်း ဒီမှာ ဘာလုပ်နေတာလဲ။" ရွှီဇီယန်က ရှေ့ကိုလှမ်းပြီး လမ်းကြားဘက်ကို လှည့်လိုက်သည်။ လူတိုင်းက သူ၏အရပ်ရှည်ရှည်နဲ့အသွင်အပြင်ကို မြင်လိုက်သည့်အခါ ချက်ချင်းဆိုသလို အာရုံစူးစိုက်မှုအများအပြားကို ရရှိခဲ့သည်။
ပိုသတိထားရမိသည့်သူတွေထဲက တစ်ယောက်ဟာ တခြားသူတွေကို အချက်ပြပြီး သူ့လက်တွေကို ခုံးခွက်ပုံစံလုပ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ မေးလာသည်။
"ဒီကကျင့်ကြံသူ၊ ငါတို့ မင်းကို ဘာများကူညီပေးရမလဲ။"
သူ့ပတ်ဝန်းကျင်က လူတွေက ဒါကိုမြင်တော့ ပါးစပ်ပိတ်ထားကြသည်။ အဲဒီအထဲက သူတွေထဲမှာမှ ယခုစကားပြောသည့်လူက ကျင့်ကြံခြင်းအမြင့်ဆုံးအဆင့်ရှိသည်။ ထိုသူကိုယ်တိုင်က ဤလူကို အလွန်ယဉ်ကျေးနေသောကြောင့် အခြားသူများက မည်သို့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူကြမည်နည်း။
"ဘာမှမဟုတ်ပါဘူး၊ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ မတော်တဆတွေ့လိုက်လို့၊ အဲ့ဒါကြောင့် ငါဒီကိုရောက်လာတာပါ။" ရွှီဇီယန် တောက်ပစွာ ပြုံးလိုက်၏။ ဒီနေရာမှာ "ကြွက်" ကိုတွေ့လိမ့်မယ်လို့ သူမမျှော်လင့်ထားမိဘူး၊ အံ့သြစရာပဲ။
အရင်ကတော့ ဝူတျီမြို့မှာရှိသည့်ခေါင်းဆောင်ပူက မိစ္ဆာဘုံထဲကို အတင်းဆွဲသွင်းခံသွားသည့်အခါ ယွီဟော်ကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ တွေးထားခဲ့သည်။ ထိုအချိန်က ပိုင်ဟွဟာ ဝူတျီမြို့တွင်ရှိနေပြီး ယွီဟော်ကလည်း မကြာမီပြန်လာတော့မည်ဖြစ်သည်။ သူသာမရှိလျှင် ယွီဟော်၏မိခင်ကိုကယ်တင်ခြင်း၏ ကုသိုလ်သည် ပိုင်ဟွ၏လုပ်ငန်းစဉ်သာဖြစ်ပြီး ယွီဟော်သည်လည်း သူ့နောက်ကို ထာဝစဉ်လိုက်သွားမည်ဖြစ်သည်။
တကယ်တော့ ယွီဟော်ဟာ ပိုင်ဟွစကားကို နားထောင်ပြီး သူ့အတွက် ချန်းဝမ်အဆောက်အအုံဆောက်မယ်လို့ ကတိပြုထားခဲ့သလားဆိုတာ မသေချာသေးပါဘူး။ သို့သော် သူယွီဟော်ကို ကြိုပြီးတွေ့ခဲ့တာက ကောင်းနေတုန်းပါပဲ၊ အနည်းဆုံးတော့ ယွီဟော်ကို သူ့အဖွဲ့ထဲဝင်ရန်စည်းရုံးဖို့ နည်းနည်းတော့ ကြိုးစားနိုင်ပါသေးသည်။
"ရွှီတောက်ရုန်" ယွီဟော်က ရွှီဇီယန်နှင့် ရင်ဆိုင်တွေ့လိုက်သောအခါတွင် သူ့မျက်နှာဟာ အလွန်အေးစက်သွားပြီး သူ့လက်တွေကို ခုံးခွက်ပုံစံ ခပ်ရေးရေးသာပြုလုပ်လိုက်သည်။
ရွှီဇီယန်၏ရင်ထဲ၌ ရုတ်တရက် တင်းကျပ်သွားခဲ့သော်လည်း နောက်ပိုင်းတွင် သူပြန်လည်ဖြေလျော့လိုက်သည်။ တခြားသူတွေ သတိမထားမိခင် ယွီဟော်က သူ့ကိုတိတ်တဆိတ် မျက်ခုံးပင့်ပြကာ အချက်ပြလိုက်သည်။
ရွှီဇီယန်၏နှလုံးခုန်သံနှင့်အတူ သူ့မျက်နှာပေါ်ရှိ အပြုံးကို ဖယ်ထုတ်လိုက်ပြီး "ယွီတောက်ရုန်၊ မတွေ့တာကြာပြီနော်။"
ယွီဟော်ဟာ ပို၍အေးစက်သွားကာ "ကျေးဇူးပါ၊ ငါအသက်ရှင်နေပါသေးတယ်။"
ရွှီဇီယန် ပြန်မဖြေခင်မှာပင် ရွှီဇီရုန်က သူ့ကိုကိုရှေ့၌ရပ်လိုက်ပြီး ယွီဟော်ကို စူးစူးရှရှ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း "ပြီးခဲ့တဲ့အခေါက်တုန်းက ငါမင်းကို လွတ်ပေးခဲ့ပြီးသားပဲ၊ မင်းကများ ငါ့ကိုကိုအရှေ့မှာ ထပ်ပြီးပေါ်လာရဲသေးတယ်?"
ယွီဟော်ဟာ ရွှီဇီရုန်အား ဒူးထောက်လုနီးပါးဖြစ်သွားရသည်။ ရွှီဇီရုန်က သရုပ်ဆောင်နေမှန်း သူသိပေမယ့် ရွှီဇီရုန်ဆီက ထုတ်လွှတ်လိုက်သည့် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်၏ အရှိန်အဟုန်ကတော့ တကယ့်ကိုအစစ်အမှန်ပင်ဖြစ်သည်။ ဒါ့ပြင် ယွီဟော်ဟာ အခြေခံကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး ဒီလိုခြိမ်းခြောက်မှုကို မခံနိုင်ပါ။ သူ့နဖူးတစ်ပြင်လုံးမှာ ချွေးအေးတွေရှိနေပြီး ရွှီညီအစ်ကိုတွေကို ကြောက်လန့်တကြားကြည့်နေသည်။
"ထားလိုက်ပါ ဇီရုန်၊ ပြီးတော့ ငါတို့တွေလည်း တစ်ခေါက်တော့ ဆုံဖူးကြပြီးပြီမို့ အဲ့ကိစ္စကို မေ့လိုက်ကြရအောင်။" ရွှီဇီယန်က ပေါ့ပေါ့ပါးပါးပြောလိုက်ပြီးနောက် လှည့်ထွက်သွားသော်လည်း မထွက်ခင်မှာ သူတို့တည်းခိုနေသည့် တည်းခိုခန်းအမည်ကိုပြောပြကာ ယွီဟော်ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်သည်။
ယွီဟော်က အရိတ်အမြွတ်မပြပဲ ခေါင်းညိတ်လိုက်ပြီး "မင်းတို့တွေက ရင့်ရွဲ့မြို့မှာ ရှိနေတာနော်၊ ဘာမှမလုပ်ခင် မင်းတို့တွေ နှစ်ခါလောက်ဖြစ်ဖြစ် စဉ်းစားသင့်တယ်။"
ရွှီဇီရုန်ဟာ သူ့ကိုအေးစက်စွာ စိုက်ကြည့်နေသော်လည်း သူ့ကိုကို၏မျက်နှာကြောင့် ဘာမှတော့မလုပ်ပါ။
ယွီဟော်က သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်နေပြီးနောက် နောက်ပြန်လှည့်လိုက်ပြီး ပတ်ပတ်လည်က လူအုပ်စုကိုကြည့်ကာ "တောင်းပန်ပါတယ်၊ ပြဿနာ နည်းနည်းရှိသွားလို့"
ပတ်ဝန်းကျင်လူတွေက အရမ်းကြီးတော့မှတ်ချက်မပေးကြပေမယ့် တချို့လူတွေကပြဿနာထဲကို ဆွဲသွင်းခံရမှာစိုးရိမ်သောကြောင့် သူ့ဆီကနေ မသိမသာခပ်ခွာခွာနေကြတော့သည်။
#TK