Chapter 155
ရွှီဇီယန်သည် ထိုစကားကိုကြားပြီးနောက် နှုတ်ဆိတ်သွားပြီး အချိန်အတော်ကြာပြီးမှ ပြောလာခဲ့သည်။
"တောင်းပန်ပါတယ်…"
"ကိုကိုက ဘာလို့တောင်းပန်ရတာလဲ?" ရွှီဇီရုန်က သူ့အစ်ကို၏နှုတ်ခမ်းထောင့်ကို နမ်းလိုက်ပြီး "ကိုကိုက အဲဒါတွေကို လုပ်ထားတာမှမဟုတ်တာ…"
ရွှီဇီယန်က သက်ပြင်းချလိုက်သည်။
"မင်းရဲ့အရင်ဘဝက အဲဒါတွေကို ငါမလုပ်ခဲ့တာမှန်ပေမယ့် ဒီဘဝအတွက်တော့… အဲဒါက ငါနဲ့ တစ်နည်းနည်း သက်ဆိုင်နေတယ်…"
ရွှီဇီရုန်က ပြုံးလိုက်သည်။
"ကျွန်တော့်ကိုကိုက အဲဒါနဲ့ ဘာမှမဆိုင်ပါဘူး… အရူးအဘိုးကြီးတစ်ယောက်က ကျွန်တော့်ကို ထွက်သွားခိုင်းစေချင်နေတာ…"
ရွှီဇီယန်က အံ့အားသင့်စွာ ခေါင်းမော့လာပြီး
"ကောလဟာလတွေက ဘယ်ကလာတယ်ဆိုတာကို မင်းသိနေတာလား?"
ရွှီဇီရုန်က ခေါင်းငြိမ့်လိုက်ပြီး
"အင်း… အဲဒါက ရွှီစွန်းလို့ခေါ်တဲ့ အကြီးအကဲဆီက…"
"အကြီးအကဲရွှီစွန်းလား?"
ရွှီဇီယန်က မျက်မှောင်ကြုတ်သွားကာ ထွားကြိုင်းပြီး ရိုးသားသောပုံစံရှိသည့် အကြီးအကဲကို ချက်ချင်း တွေးလိုက်မိသည်။ သူက ထိတ်လန့်သွားပြီး
"အဲဒါက သူလား? သူဘာလို့ ဒီလိုလုပ်ရတာလဲ?"
ရွှီဇီရုန်က သူ့လက်တွေကို ဖြန့်လိုက်ပြီး
"အဲဒါက ကိုကိုကြောင့်ဖြစ်နိုင်တယ်… ကိုကို အဲဒါကိုမသိသေးဘူးလို့ ကျွန်တော်ထင်တယ်… သူ့သမီးက အသက် ၁၇ နှစ်အရွယ်ရှိပြီး သစ်သားဒြပ်စင်နဲ့ မြေကြီးဒြပ်စင် စိတ်ဝိညာဉ်သွေးကြောတွေ ပါတယ်လေ… ကိုကိုက လျှိုကွမ်းဂိုဏ်းမှာ တောက်ပတဲ့အနာဂတ်ရှိမယ်လို့ အဲဒီအရူးအဘိုးကြီးက တွေးပြီး သူ့သမီးကို ကိုကိုနောက်ကို လိုက်စေဖို့ စီစဉ်ခဲ့တယ်…"
"သူက သူ့သမီးကို ငါနဲ့ လက်ထပ်ခိုင်းစေချင်တယ်ဆိုရင်တောင် အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ?"
ရွှီဇီယန်က အံ့သြသွားသည်။
ရွှီဇီရုန်က ပြုံးကာ ရွှီဇီယန်၏နဖူးနဲ့ နဖူးချင်းထိကပ်လိုက်သည်။
"ဘာလို့လဲဆိုတော့ ကိုကိုက ကျွန်တော့်အပေါ် အရမ်းကောင်းတာကြောင့် သူ့သမီးက မနာလိုဖြစ်ပြီး သူ့အဖေကို အကူအညီတောင်းလိုက်တာ…"
ရွှီဇီယန် မှင်တက်သွား၏။ ဒီအကြောင်းကို တစ်နေကုန်မေးပြီးနောက် အဓိပ္ပါယ်မရှိသောကိစ္စတစ်ခု ဖြစ်နေခဲ့သည်။
သူက တစ်စုံတစ်ခုကို ပြောချင်ပေမယ့် တစ်ခုခုမှားယွင်းနေပြီဆိုတာကို သူသိလိုက်ရသည်။ သူက ရွှီဇီရုန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး
"ဒါကို မင်း ဘယ်တုန်းက သိတာလဲ?"
ရွှီဇီရုန်က အဝေးကို ပေါ့ပေါ့ပါးပါး ကြည့်ကာ မျက်နှာကျက်ကို ကြည့်လိုက်သည်။
ရွှီဇီယန်က သူ့မျက်နှာကို ငုံ့ထားပြီး
"မင်းက ဘာမှမလုပ်ဘဲ ဒါကို မင်းသိထားပြီးသားဆိုတော့ ငါ့ရှေ့မှာ သနားစရာကောင်းအောင်လုပ်ချင်လို့ပေါ့!"
ရွှီဇီရုန်က ဘယ်ညာကြည့်ပြီး ရွှီဇီယန်၏မျက်လုံးကို မကြည့်ရဲပေ…
ရွှီဇီယန်၏နားထင်တွင် အပြာရောင်သွေးကြောတွေ ရှိနေပြီး ရွှီဇီရုန်၏ခေါင်းကို ခေါက်လိုက်သည်။
"အရူးကောင်! သနားစရာကောင်းအောင်လုပ်ဖို့ ဒါမျိုး မင်းလုပ်ဖို့ မလိုဘူးမဟုတ်လား?"
"သေချာပေါက် လိုတာပေါ့!"
ရွှီဇီရုန်က နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။ သူက လေးနက်သောပုံစံဖြင့် ပြောသည်။
"ကျွန်တော်သာ သနားစရာပုံမပေါက်နေရင် ကိုကိုက ကျွန်တော်လုပ်ချင်တာကို လုပ်ခွင့်ပေးမှာလား?"
ရွှီဇီယန်: "..."
အိပ်ရာပေါ်တက်ရဖို့အတွက် ကိုယ့်ဂုဏ်သိက္ခာကိုတောင် စွန့်လွှတ်နိုင်သော ဘာမဆိုလုပ်မည့် ဒီညီလေးအတွက် သူစိတ်ပျက်လက်ပျက်ဖြစ်သလို ခံစားခဲ့ရသည်။
"ကိုကို… ကျွန်တော် စိတ်ထိခိုက်ပြီး အရမ်းကြေကွဲနေရတယ်… ကိုကို ကျွန်တော့်အတွက် ဖြေရှင်းပေးရမယ်…"
ရွှီဇီရုန်က သူ့အစ်ကို၏ရင်ခွင်ထဲသို့ ပစ်ဝင်ကာ နူးညံ့စွာ ပြောလိုက်သည်။
ရွှီဇီယန်သည် အလွန်သရုပ်ဆောင်ကောင်းသော သရုပ်ဆောင်မင်းသားကို ကြည့်ကာ မှုန်ကုပ်ကုန်ပြုံးလိုက်သည်။
"ကောင်းပြီ! ငါမင်းအတွက် ဖြေရှင်းပေးမယ်… မင်း အိပ်ရာပေါ် တစ်လတိတိ မတက်ရဘူး!"
တစ်စုံတစ်ခုကို လိုချင်တာကြောင့် ပို၍ဆုံးရှုံးလိုက်ရသော ရွှီဇီရုန်: "…"
"ပြီးတော့!"
ရွှီဇီယန်က ရွှီဇီရုန်ကို အခန်းထဲကနေ ကန်ထုတ်လိုက်ပြီးချိန်တွင် တစ်ခုခုကို ရုတ်တရက် တွေးလိုက်မိသည်။ သူက ရွှီဇီရုန်ကို ပြတ်ပြတ်သားသား စိုက်ကြည့်ပြီး
"မင်း ဘယ်သူ့ကိုမှ မသတ်ရဘူး! သူတို့ မကောင်းဘူးဆိုပေမယ့် သေဖို့လောက်ထိတော့ မထိုက်တန်ဘူး… မင်း ကလဲ့စားချေချင်ရင်တော့ အပေါ်ယံလေးပဲလုပ်!"
သူစကားပြောပြီးတာနဲ့ တံခါးကိုပိတ်လိုက်သည်။ တံခါးနောက်တွင်ရှိနေသည့် ရွှီဇီရုန်က ခဏလောက် မတ်တတ်ရပ်နေပြီး သူ့နှုတ်ခမ်းက အနည်းငယ်တွန့်ကွေးသွားကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"ကိုကိုအတွက်ကြောင့်သာ ကျွန်တော် သည်းခံတာနော်… ကိုကို ကျွန်တော့်အတွက် ဖြေရှင်းပေးရမယ်…"
ဒီအဖြစ်အပျက်က ရွှီဇီယန်သည် လေ့ကျင့်ရေးကွင်းမှာ ထိုလူတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။
ကလဲ့စားချေရန် ထိုလူများ၏ ဖခင်များသည် မည်သူမျှ ရွှီဇီယန်ထံ မလာရဲကြပေ။ ရွှီရှောင်ကို တရားမျှတမှုအတွက် သီးသန့်တောင်းဆိုခဲ့ပေမယ့် ရွှီရှောင်က သူ့သားကို ဒီလိုမျိုးကိစ္စတွေအတွက် ဘယ်လိုလုပ်အပြစ်တင်မှာလဲ?
ထို့အပြင် သူသည် ရွှီဇီရုန်ကို ဂရုမစိုက်သော်လည်း ရွှီဇီယန်၏ ကာကွယ်မှုကို ခံနေရသောသူဖြစ်သည်။ အကယ်၍ ထိုတပည့်ငယ်များက ရွှီဇီရုန်အကြောင်းကို နောက်ကွယ်တွင်ပြောရဲပါက ရွှီဇီယန်ကို မလေးစားခြင်းဟု အဓိပ္ပါယ်ရသည်။
ဒါကို ရွှီရှောင်က သေချာပေါက် ခွင့်မပြုပေ။
သူ့ကို တိတ်တဆိတ် တိုင်ကြားသူတွေအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး သူတို့ကလေးတွေကို ပြန်ပြီး ဂရုစိုက်ဖို့ အမိန့်ပေးလိုက်သည်။ မူလက သူသည် ဤအသေးအဖွဲကိစ္စများကို လုံးဝဂရုမစိုက်သော်လည်း သူတို့သည် သူ့ထံသို့ တက်ကြွစွာရောက်လာသောကြောင့် သင်ခန်းစာတစ်ခု သင်ပေးခဲ့ရပါသည်။
သူတို့က အကြီးအကဲတွေဖြစ်တာကြောင့်ပင် သူ့ထံသို့ မရောက်လာသင့်ပေ။ သူသည် ရွှီဇီယန်ကို သခင်အသစ်အဖြစ် ခံယူထားပြီးဖြစ်ကာ ဘယ်သူမှ သူ့ကို အပြစ်တင်ရန် အရည်အချင်းမပြည့်မီပေ။ ထို့အပြင် သူတို့သည် အစကတည်းက မှားယွင်းခဲ့ကြသည်။
လူအနည်းငယ်သည် ရွှီရှောင်၏စာကြည့်ခန်းထဲမှ ဝမ်းနည်းစွာ ထွက်လာခဲ့သည်။ ခဏလောက်စဉ်းစားပြီးမှ ရွှီရှောင်သည် တစ်ခုခုမှားနေပြီဟု တွေးလိုက်မိသည်။
ထိုလူများရှေ့တွင် သူသည် ရွှီဇီယန်၏ဂုဏ်သိက္ခာကို ကာကွယ်လိုသော်လည်း ဇီယန်သည် ဇီယန်အပေါ် အလွန်ကောင်းလွန်းနေသည် မဟုတ်ပါလား? ရွှီရှောင်သည် ထိုကောလဟာလများနှင့် ရွှီဇီရုန်၏ လှပသောမျက်နှာကို တွေးလိုက်သောအခါ အနည်းငယ် စိတ်မသက်မသာဖြစ်မိသွားသည်။
"အန့်ရှား!"
ရွှီရှောင်က အသံတိုးတိုးဖြင့် အော်လိုက်သည်။
သူ့နောက်မှ အနက်ရောင်အသွင်အပြင် ထွက်ပေါ်လာသည်။
"ဒီရက်ပိုင်းတွေ မင်း ဇီယန်ကို သွားတွေ့ခဲ့လား?"
ရွှီရှောင်က မေးသည်။
"အင်း…"
အန့်ရှား၏အသံက ဩရှရှဖြစ်နေသည်။
ရွှီရှောင်က မျက်ခုံးပင့်လိုက်သည်။ ဒီအဖြေကို သူလုံးဝမအံ့ဩမိပေ။ ဇီယန်သည် မိသားစုမှ ထွက်သွားပြီး လျှိုကွမ်းဂိုဏ်းသို့ ဦးတည်သွားပြီးနောက် အန့်ရှားက သူ့နောက်သို့ မလိုက်နိုင်တော့ပေ။
"မင်းသွားတုန်းက ဇီယန်နဲ့ ဇီရုန်က အရမ်းနီးကပ်နေတယ်လို့ မင်းခံစားမိလား?"
အန့်ရှား၏မျက်တောင်များက လှုပ်ရှားသွားကာ သူ၏မျက်လုံးများကို ပင့်ပြီး ရွှီရှောင်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် ကြည်နူးမှု အရိပ်အယောင်များ ရှိနေသည်။ ထို့နောက် သူက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
ရွှီရှောင်သည် အန့်ရှားက သူ့ကို လှည့်စားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့အမြင်မှာတော့ ဒီရုပ်အသွင်အပြင်က သူ့လက်ထဲမှာ ချုပ်ကိုင်ထားသော ရုပ်သေးရုပ်လိုပဲဖြစ်သည်။ ရွှီဇီယန်ဆိုသော နာမည်ကိုပြောလိုက်တိုင်းမှသာ သူသည် လူသားစိတ်ခံစားမှုကို အနည်းငယ်ပြသလေသည်။ ဒီလိုလူက သူ့သခင်ကို လှည့်စားရန် ဘယ်လိုလုပ်တွေးနေမှာလဲ?
"ရပြီ… မင်းထွက်သွားတော့…"
ရွှီရှောင်သည် ခဏလောက်စဉ်းစားပြီး သူအစိုးရိမ်လွန်သွားသလို ခံစားလိုက်ရသည်။ အန့်ရှားက ရွှီဇီယန်ဆီ သွားသောအခါ ရွှီဇီယန်ကို သူရှိနေကြောင်း ဘယ်တော့မှ အသိပေးမည်မဟုတ်ပေ။ ရွှီညီအစ်ကိုတွေကြားမှာ ထူးဆန်းတာတစ်ခုခုရှိလျှင် အန့်ရှားက သေချာပေါက်သိလိမ့်မည်။ အန့်ရှားက သူတို့သည် ပုံမှန်အတိုင်း ပြုမူသည်ဟု ပြောထားပြီးဖြစ်တာကြောင့် ထိုကောလဟာလများက ဇီရုန်၏ဂုဏ်သိက္ခာကို ဖျက်ဆီးရန်သက်သက်သာ ပြုလုပ်ထားပုံရသည်။
စဉ်းစားကြည့်လိုက်မှ သူသည် ဇီရုန်နှင့် အဆက်အဆံ သိပ်မရှိသော်လည်း ထိုကလေးက မည်မျှ မာနကြီးသည်ကို သူသိတာကြောင့် နိမ့်ချစွာပြုမူရန်မှာ မဖြစ်နိုင်ပေ။
အန့်ရှားက မှောင်ရိပ်ထဲသို့ ဖြည်းဖြည်းချင်း ပုန်းအောင်းသွားသည်။ ရွှီရှောင် ထွက်ခွာသွားပြီးနောက်တွင် ကျေနပ်မှုက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
မင်း ဇီယောင်ကို ပိုင်တော့ရော ဘာဖြစ်လဲ? မင်း ဇီယောင်ကို အရမ်းဒေါသထွက်အောင်လုပ်တုန်းက မင်းရဲ့သားတွေက အတူတူနေကြမယ်လို့ မင်းတွေးဖူးလား?
အန့်ရှားက ဆိုးသွမ်းသော အတွေးဖြင့် လှောင်ပြောင်ခဲ့သည်။
တကယ်တော့ သူသည် ရွှီဇီယန်အပေါ် မတူညီသောစိတ်သဘောထားများ ရှိနေခဲ့သည်။ တစ်ဖက်တွင် သူသည် သူချစ်ရသောအမျိုးသမီး၏ သားဖြစ်ပြီး အခြားတစ်ဖက်တွင် သူသည် သူအမုန်းဆုံးလူ၏ သားဖြစ်နေသည်။
ဒီခံစားချက်တွေ ရောထွေးသွားသောအခါ သူက ဇီယန်ကို ကောင်းကောင်းမွန်းမွန် နေစေချင်ပေမယ့် အလွန်ကောင်းမွန်စေချင်တာတော့ မဟုတ်ပေ။
ဒါပေမယ့် ယခုအခါမှာတော့ ဒီပြဿနာကို ဖြေရှင်းပြီးသွားလေသည်။
သူနဲ့ ရွှီဇီရုန်က ချစ်နေကြတယ်ဆိုတာ သေချာသည်။
ဤနည်းဖြင့် သူပျော်ရွှင်စွာနေထိုင်နေရသည့်အတွက် အန့်ရှားက စိတ်သက်သာရာရသွားပြီး ရွှီမိသားစုတွင် မျိုးဆက်ရှိတော့မည်မဟုတ်သည့်အတွက်လည်း သူပီတိဖြစ်မိသည်။
အန့်ရှားသည် ရွှီရှောင်၏ လျှို့ဝှက်ကိုယ်ရံတော်ဖြစ်ပြီးနောက် ဒါက အပျော်ရွှင်ဆုံးနေ့ဖြစ်ကြောင်း ခံစားခဲ့ရသည်။
အန့်ရှား၏တည်ရှိမှုသည် ရွှီရှောင်၏သံသယများကို ဖယ်ရှားပေးခဲ့ပြီး ရွှီဇီယန်သည်လည်း လူတိုင်း၏စိတ်တွင် သူ၏ပုံရိပ်ကို ပြင်းထန်စွာ ပြောင်းလဲရန်အတွက် ထိုနေ့တွင် သိုင်းပညာခန်းမ၌ သူ၏စွမ်းဆောင်ရည်ကို အားကိုးခဲ့သည်။
ယခုအခါ ရွှီမိသားစုမှ တပည့်ငယ်များသည် ရွှီဇီယန်ကို အမှန်တကယ်ပင် ကြောက်ရွံ့လေးစားသွားကြသည်။
ထိုနေ့မှစ၍ သူတို့သည် ရွှီဇီရုန်နှင့် ပတ်သက်၍ ကောလာဟာလများ မဖြန့်ဝံ့တော့ပေ။ သူသည် ရွှီရှောင်၏တရားမ၀င်ကလေးဖြစ်သည်ကို မည်သူမျှမပြောကြတော့ပေ။
ရွှီဇီရုန်သည် ရွှီဇီယန်၏ အချစ်ကို မဆုံးရှုံးသ၍ ရွှီဇီယန်၏ရင်ထဲက သူ၏နေရာကို မည်သူမျှ လုယူလို့မရဘူးဆိုတာ လူတိုင်း နားလည်သွားကြသည်။
နောက်တစ်နေ့တွင် ရွှီမိသားစုမှ အကြီးအကဲတစ်ဦး၏သမီးသည် ကျင့်ကြံသူဖြစ်တာတောင် အပြင်ထွက်ရင်း ခလုတ်တိုက်သွားသည်။ ဒါက အလွန်ထူးဆန်းသောကိစ္စဖြစ်နေပြီး ဒါပေမယ့် ထိုအမျိုးသမီးက လဲကျရုံတင်မကဘဲ သွားနှစ်ချောင်းလည်း ကျိုးသွားကာ ဒါက လူတိုင်း၏မေးရိုးကိုတောင် ပြုတ်ကျသွားစေခဲ့သည်။
ထိုအမျိုးသမီးသည် ဆိုင်ကနေ ထွက်သွားချိန် လဲကျခဲ့ပြီး သူမပါးစပ်က သွေးတွေဖြင့်ပြည့်နေကာ ဘယ်လောက်မိုက်မဲသောပုံပေါက်နေသလဲဆိုတာကို လူတိုင်းတွေ့လိုက်ကြသည်။
ဤအဖြစ်အပျက်ပြီးနောက် ရွှီမိသားစုမှ ထိုအမျိုးသမီးငယ်သည် ရွှီအိမ်တော်မှ မထွက်သည်မှာ နှစ်ဝက်ကျော်လောက်ရှိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အလွန်ရှက်လွန်းသောကြောင့်ဖြစ်သည်။ အခြားအရာတစ်ခုခုနဲ့ ဖုံးကွယ်ပြီးမှသာ သူမ အပြင်ထွက်ရန် သတ္တိရှိခဲ့သည်။
"မင်းက သိပ်ရက်စက်တာပဲ…"
ရွှီဇီယန်က ရွှီဇီရုန်၏ခေါင်းကို အကူအညီမဲ့စွာ ခေါက်လိုက်သည်။ ဒါက တစ်စုံတစ်ယောက်ချထားသော ထောက်ချောက်တစ်ခုဆိုတာ တွေးနေစရာတောင် မလိုပေ။
ရွှီဇီယန်သည် ဤအမျိုးသမီး၏ပင်ကိုစရိုက်ကို မသိသော်လည်း မကြာသေးမီက သူမသည် ရွှီဇီရုန်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားခဲ့သည်။
"ကျွန်တော်က ကိုကိုအတွက် ဒေါသကို ထိန်းခဲ့တာပါနော်…"
ရွှီဇီရုန်က မျက်တောင်ကို ပေကလပ်ပေကလပ်လုပ်လိုက်သည်။
ရွှီဇီယန်က မျက်လုံးစောင်းထိုးကာ မိန်းမပျိုလေးကို လူအများကြီးရှေ့မှာ ခလုတ်တိုက်ခိုင်းလိုက်တာက ‘သူ့ဒေါသကို ထိန်းချုပ်ထားတာ’လို့ ဘယ်လိုကြောင့်ယူဆလို့ရမှာလဲ?
ဟင်း… ကဲပါလေ… ဒါက ရွှီဇီရုန်ဆိုတော့ သူ့ရဲ့ကန့်သတ်ချက်နားကို ရောက်နေပါပြီ…
"ဟုတ်ပြီ… အပြစ်မရှိသလို ဟန်ဆောင်မနေနဲ့တော့!"
ရွှီဇီယန်က သူ့ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ချစ်ခင်ရင်းနှီးစွာ ပြောလိုက်သည်။
"ကျန်ရင်းတို့ကို အထုပ်အပိုးတွေပြင်ဖို့ သွားပြောလိုက်တော့… ငါတို့ မနက်ဖြန် လျှိုကွမ်းဂိုဏ်းကို ပြန်ကြမယ်…"
ရွှီဇီရုန်၏မျက်လုံးများက အနည်းငယ် တောက်ပလာသည်။ သူက ရွှီမိသားစုကနေ ထွက်သွားချင်တာ ကြာလှပြီ။ ဒီဘဝ၏ရွှီမိသားစုက သိပ်မဆိုးပေမယ့် သူ့အရင်ဘဝက အမှတ်တရတွေသည် အလွန်နက်ရှိုင်းလှ၏။ ဒီနေရာတွင် သူ့အတွက် ကောင်းမွန်သောခံစားချက်တွေရှိဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ပေ။
အခြားနည်းဖြင့်ပြောရလျှင် အစ်ကိုဖြစ်သူ၏အကာအကွယ်ဖြင့်သာ ရွှီအိမ်တော်မှာ အလွယ်တကူနေထိုင်နိုင်ကြောင်း သူကောင်းကောင်းသိသည်။ ထို့ကြောင့် သူ့အစ်ကိုပြုလုပ်ခဲ့သည်အရာအတွက် ကျေးဇူးရှိခဲ့သည်။
(ရွှီဇီရုန်က တွေးနေသည်: "အမ်… နောက်တစ်ခါမှ ကိုကို့ကို ထပ်ပြီးကျေးဇူးဆပ်ရမယ်… ဆုံးဖြတ်လိုက်ပြီ!)
"ကျွန်တော် အခု သွားလိုက်မယ်…"
ရွှီဇီရုန်က ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့အား အသိပေးရန် ထွက်သွားစဉ် ရွှီဇီယန်သည် ကုဗတုံးအတွင်းရှိအရာကို ရှာဖွေဖော်ထုတ်ရန် ဤအချိန်ကို အခွင့်ကောင်းယူခဲ့သည်။
ယခုအခါ ကုဗတုံးသည် ယွီမော်ဆီမှ ကောင်းကင်နှစ်ခြမ်းခွဲခြင်းကို ယူပြီးနောက် ၎င်းက အနည်းငယ်ပြောင်းလဲသွားပုံပေါ်သော်လည်း ရွှီဇီယန်သည် မည်သည့်လုပ်ဆောင်ချက်အသစ်ကိုမျှ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပေ။
ရွှီဇီယန်က ဒါကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ကုဗတုံးသည် အာကာသမန္တန်များကို မျိုချနိုင်သောကြောင့် သူ့အလိုလို ရတနာတစ်ခုဖြစ်နေပြီဖြစ်သည်။
အထဲက ရှုပ်ပွနေသော ပစ္စည်းများကို သပ်ရပ်အောင်ပြုလုပ်ပြီးနောက် ရွှီဇီယန်သည် သူ၏လက်ရှိချမ်းသာကြွယ်ဝမှုဟာ သနားစရာကောင်းနေသေးတာကို တွေ့ရတော့ အံ့ဩသွားခဲ့သည်။
ဒြပ်စင်ငါးမျိုးသလင်းကျောက်၏ ဆက်စပ်သတ္တုရိုင်းများကို ရောင်းချပြီးနောက် သူသည် တစ်ချိန်က အလွန်ချမ်းသာသူတစ်ဦးဖြစ်ခဲ့သော်လည်း ယွီဟော်ကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ ကို ပေးခဲ့သည်။
ဒါတွေအားလုံးဟာ အစောပိုင်းအဆင့် ရင်းနှီးမြုပ်နှံမှုတွေဖြစ်ပြီး နောက်ပိုင်းမှာ အမြတ်အစွန်းတွေ ရနိုင်ပေမယ့် ရွှီဇီယန်သည် ဗလာဖြစ်နေသောကုဗတုံးကို ကြည့်လိုက်သောအခါ သနားစရာကောင်းသလို ခံစားရသည်…
ဆင်းရဲခြင်းဆိုတာ ကြောက်စရာပဲ...
ရွှီဇီယန်သည် လွန်လွန်ကဲကဲ ဖြုန်းတီးမှုမှ ချွေတာမှုသို့ ပြောင်းလဲရန် ခက်ခဲကြောင်း နောက်ဆုံးတွင် သဘောပေါက်လိုက်သည်။ ချမ်းသာလာပြီးနောက်တွင် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်ဖြင့်သာ နေရခြင်းက ဝမ်းနည်းစရာပင်။
မဖြစ်ဘူး! ဝင်ငွေရဖို့ နည်းလမ်းကို တွေးရမယ်!
ရွှီဇီယန်သည် ဟိုကြည့်ဒီကြည့်လုပ်ကာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများအပြားရှိရာ သို့မဟုတ် စိတ်ဝိညာဉ်ကျောက်တုံးတွေအဖြစ် ရောင်းချနိုင်သည့် ရတနာများစွာသည် ဘယ်မှာရှိနိုင်သလဲဆိုတာကို တွေးတောခဲ့သည်။
ကံမကောင်းစွာပဲ အချိန်အတော်ကြာစဉ်းစားပြီးနောက် သူအရင်ဝယ်ခဲ့သော ရတနာမြေပုံမှာ ဖော်ပြထားသည့် နေရာများတွင် အဖိုးအတန်ဆုံးရတနာတွေကို ဝှက်ထားခဲ့တယ်လို့ တွေးလိုက်မိပေမယ့် ကြောက်စရာကောင်းသော ကန့်သတ်ချက်တစ်ခု ရှိနေသည် — အမတဝိညာဉ်အခြေတည်စအဆင့် ဖြစ်ရမည်…
ရွှီဇီယန်သည် ထိုအဆင့်အထိ မအောင်မြင်နိုင်သဖြင့် ထောင့်တစ်နေရာတွင် ငိုချင်နေသည်…
"ကိုကို ဘာလုပ်နေတာလဲ?"
ရွှီဇီရုန်က ကျန်ရင်းတို့ကို အထုပ်အပိုးတွေပြင်ရန် အကြောင်းကြားခဲ့ပြီး မကြာမီ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူပြန်လာတော့ သူ့အစ်ကိုက ထောင့်တစ်နေရာမှာ ငုတ်တုတ်ထိုင်နေတာကို မြင်လိုက်ရသည်။
"အာ? ဘာမှမဟုတ်ပါဘူး… ငါတို့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်မရှိတော့ဘူးလို့ ငါခံစားလို့ပါ…"
ရွှီဇီယန်သည် ဘာမှတွေးမနေဘဲ ဇီရုန်ကို သူဘာတွေစိတ်ပူနေတယ်ဆိုတာ ပြောပြလိုက်သည်။
ရွှီဇီရုန်က မျက်ခုံးပင့်ကာ
"ရွှီမိသားစုရဲ့ လျှို့ဝှက်ခန်းရဲ့ တည်နေရာကို ကိုကိုသိထားပြီးပြီမဟုတ်ဘူးလား? အဖေကလည်း အဲဒီထဲကပစ္စည်းတွေကို ကိုကို့ကို သုံးခိုင်းတာပဲလေ…"
ရွှီဇီယန်က စိတ်ညစ်နေပုံပေါ်နေသေးသည်။
"အဖေက အဲလိုပြောခဲ့ပေမယ့် အတွင်းပစ္စည်းတွေကို ရောင်းတာကတော့ မတူဘူးလေ… ငါရောင်းချင်ရင် လျှော့ဈေးနဲ့ပဲ ရောင်းလို့ရပြီးတော့ အခြားသူတွေကို ပေးလိုက်ရမှာ…"
ရွှီဇီရုန်က သူ့စကားကိုကြားတော့ ပြုံးလိုက်ပြီး
"ဒါဆို သွေးမိစ္ဆာကျန်ခဲ့တဲ့ ရတနာတွေကို ယူလိုက်ကြရအောင်…"
ရွှီဇီယန်က ဇီရုန်ကို အံ့ဩစွာ ကြည့်လိုက်သည်။ ထို့နောက် ဇီရုန်၏ဆိုလိုရင်းကို သူနားလည်ခဲ့သည် — ဇီရုန်ပြောလိုက်သည့် သွေးမိစ္ဆာက ယခင်မျိုးဆက်မှဖြစ်သည်။ ထိုသွေးမိစ္ဆာသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ရွှမ်းယွိနယ်မြေတွင် သွေးသံတရဲရဲသတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်းတွင် သွေးပင်လယ်နှလုံးကျင့်စဉ်၏ သွေးဆာမှုကို မခုခံနိုင်သောကြောင့် မကောင်းဆိုးရွားတစ်ကောင် ဖြစ်လာခဲ့သည်။ ထိုသူက နောက်ဆုံးတွင် တရားမျှတသောကျင့်ကြံသူနှင့် မိစ္ဆာကျင့်ကြံသူများကြောင့် ရှုံးနိမ့်သွားခဲ့သည်။
ထိုတိုက်ပွဲတွင် သွေးမိစ္ဆာသည် ဒဏ်ရာအပြင်းအထန်ရခဲ့သော်လည်း မသေဆုံးမီတွင် သူသည် သတိပြန်လည်လာခဲ့သည်။
သူသည် ကျင့်ကြံခြင်းလမ်းကြောင်းနှစ်ခု၏ လည်ပတ်မှူကို ဖြတ်ကျော်ရန် အခွင့်အရေးကို ရယူခဲ့သော်လည်း သူ့ဘဝ၏ နိဂုံးချုပ်သွားကာ ရက်အနည်းငယ်ကြာအောင်သာ ရှင်သန်နိုင်ခဲ့သည်။ နောက်ဆုံးတွင် မော့ရှင်းမြို့အနီးရှိ မြွေတောင်ကြားတွင် သေဆုံးသွားခဲ့သည်။
ရွှီဇီရုန်သည် ဆယ်နှစ်သားအရွယ်တွင် သွေးမိစ္ဆာ၏ရတနာကို ရယူနိုင်ခဲ့ပြီး သွေးမိစ္ဆာက မသေဆုံးမီ ထိုနေရာသို့သွား၍ သူ့အတွက်သူ တွင်းတူးပြီး သေဆုံးသွားခဲ့သည်။
မဟုတ်ပါက ကျင့်ကြံသူများသေဆုံးသည့်နေရာများ၌ များသောအားဖြင့် ထောင်ချောက်များစွာ ရှိထားလေ့ရှိပြီး ထိုအချိန်က ရွှီဇီရုန်၏ကျင့်ကြံခြင်းအဆင့်အရ သေလုမြောပါးကျင့်ကြံသူမှ ကျန်ရစ်ခဲ့သော ရတနာများကိုပင် မရနိုင်တော့ပေ။
ရွှီဇီရုန်က ဒါကိုပြောသောအခါ ရွှီဇီယန်လည်း တစ်ခုခုကို သဘောပေါက်သွားသည်။ သူတို့နှစ်ယောက်က ရွှီဇီရုန်၏ အမည်ရဆရာကို ကောင်းကောင်းမြှုပ်နှံဖို့ ချက်ချင်းသွားကြသည်။
ယခုတော့ သူတို့နှစ်ဦး၏ကျင့်ကြံခြင်းအဆင့်က မော့ရှင်းမြို့တစ်ခုလုံးကို ထိန်းထားနိုင်လောက်အောင် မြင့်မားနေပြီး ကုဗတုံး၏ အကာအကွယ်ဖြင့် ရွှီညီအစ်ကိုတွေက ညဉ့်နက်သန်းခေါက်တွင် အပြင်ခိုးထွက်သွားတာကို ရွှီမိသားစုမှ မည်သူမျှ သတိမပြုမိသွားပေ…
မြွေတောင်ကြားသို့ရောက်ပြီးနောက် ရွှီဇီရုန်က တည်နေရာကို အလွန်ကျွမ်းကျင်စွာ တွေ့ရှိခဲ့သည်။ သူ၏ယခင်ဘဝက ကံကြမ္မာကို ပြောင်းလဲစေသော အရိုးစုသည် မြေပြင်ပေါ်တွင် တစ်ယောက်တည်း လဲလျောင်းနေသေးတာကို မြင်လိုက်ရသဖြင့် ရွှီဇီရုန်သည် နားလည်ရခက်အောင် ခံစားသွားရသည်။
ထိုအချိန်တုန်းက သူသည် ငယ်ရွယ်သေးပြီး ရွှီမိသားစုတစ်ခုလုံးကို လက်စားချေရန် အခွင့်အရေးကို ရှာလိုသောကြောင့် အရိုးစုဘေးရှိ ချန်ခွင်အိတ်ကို မြင်သောအခါ မတုံ့ဆိုင်းဘဲ ကိုင်လိုက်သည်။
နောက်ပိုင်းတွင် ချန်ခွင်အိတ်ထဲ၌ သွေးပင်လယ်နှလုံးကျင့်စဉ် မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားတစ်ခုကို တွေ့ရှိခဲ့သည်။ စိတ်ကြွဆေးများက သူ့အား လွှမ်းမိုးလုမတတ်ဖြစ်ခဲ့သည်။ သူသည် သည်းမခံနိုင်သောအခါတွင် ချက်ချင်းပင် ကျင့်ကြံခဲ့ရသည်။
နောက်ရက်အနည်းငယ်တွင် သူသည် ကျင့်ကြံခြင်း၌သာ တစ်နေကုန် နှစ်မြှုပ်နေပြီး အရိုးစုကို လျစ်လျူရှုခဲ့သည်။ သူမထွက်ခွာခင်မှာ အရိုးစုကို မြှုပ်နှံဖို့ တွင်းတစ်ခုကို တူးခဲ့သည်။
ဆယ်နှစ်သားကလေးက ဘာမှစဉ်းစားနေမှာ မဟုတ်ပေ။ သို့သော်လည်း ရွှီဇီရုန်သည် ရင့်ကျက်လာခဲ့ပြီး ရွှီဇီယန်က သူ့ကိုပြောင်းလဲရန် ကြိုးစားခဲ့ကာ ယခုအခါ အရိုးစုကို ထပ်မံမြင်ရသောအခါ အပြစ်ရှိသလို အနည်းငယ်ခံစားလာရသည်။
သူတို့မရောက်ခင် ဒီအရိုးစုကို သင်္ဂြိုဟ်ဖို့ စဉ်းစားထားပေမယ့် ရွှီဇီရုန်သည် ဒီအရိုးစုကို အကြွေးတင်နေတယ်လို့ ခံစားမိနေတုန်းပဲဖြစ်သည်။
သူသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်လိုက်ပြီး အရိုးစုရှေ့တွင် တလေးတစား ဒူးထောက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"ဆရာက ဒီမှာရှိနေတာကြောင့် တပည့်တစ်ယောက်အနေနဲ့ ကျွန်တော် ဂါရဝပြုပါတယ်…"
သူက သုံးကြိမ်ဦးညွှတ်ဂါရဝပြုလိုက်သည်။
သူ မတ်တတ်ရပ်လိုက်သောအခါ ရွှီဇီယန်က သူ့ကို ပြုံးပြုံးလေး ကြည့်နေသည်။
ရွှီဇီယန်က ဒီပုံစံကို သိပ်ဂရုမစိုက်သော်လည်း ရွှီဇီရုန်၏ လုပ်ရပ်ကို အမှန်တကယ် သဘောတူခဲ့သည်။
သူ့အမြင်အရ ဒါဟာ သူ၏စိတ်နေသဘောထားကို ညွှန်ပြနေတာဖြစ်ပြီး ဇီရုန်၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော အရိုးစုကို ကျေးဇူးတင်နေခြင်းဖြစ်သည်။
ဘယ်လိုလူပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က ကိုယ့်ကံကြမ္မာကို ထာဝရပြောင်းလဲပေးနိုင်ရင် ထိုသူက မင်းရဲ့လေးစားမှုနဲ့ ထိုက်တန်တယ်မဟုတ်ဘူးလား?
ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်နေချိန်တွင် အရိုးစုသည် ထူးထူးခြားခြား ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။
ပါးစပ်က ဖြည်းညှင်းစွာပွင့်လာပြီး ကြောက်စရာကောင်းသော အသံတစ်ခုထွက်လာသည်။
ရွှီဇီရုန်က အရိုးစုကို အံ့သြစွာ ကြည့်လိုက်သည်။ အရင်ဘဝတုန်းက အရိုးစုထဲရှိ လျှို့ဝှက်ချက်တွေကို သူ ဘယ်တုန်းကမှ မတွေ့ခဲ့ရပေမယ့် ဒီဘဝမှာတော့ သူ့ခွင့်ပြုချက်ရခဲ့သည်။
အရိုးစု၏ပါးစပ်ထဲမှ အနီရောင်တောက်တောက် ပုတီးစေ့လေး ပြုတ်ကျပြီး ပြတ်သားသော အသံထွက်လာသည်။
ရွှီဇီရုန်သည် အနီရောင်ပုတီးစေ့ကိုမြင်သောအခါ သူ၏မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားပြီး ရှုပ်ထွေးသောအမူအရာဖြင့် အရိုးစုကို စိုက်ကြည့်နေသည်။
"ဘာဖြစ်တာလဲ? ဒါကဘာလဲ?"
ရွှီဇီယန်က ရွှီဇီရုန်၏ရှုပ်ထွေးသောအမူအရာကို မမြင်ဘဲ မေးလိုက်သည်။
ရွှီဇီရုန်သည် အရိုးစုရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အနီရောင်ပုတီးစေ့ကို မကောက်ယူမီ အရိုးစုကို တလေးတစား နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။
"ဒါကို… သွေးစုဆောင်းခြင်းပုတီးစေ့လို့ ခေါ်တယ်…"
ရွှီဇီရုန်သည် ပုတီးစေ့ကို သူ့လက်ထဲမှာ ကိုင်ထားပြီး သူ့လက်ဖဝါးထဲတွင် သွေးပုတီးစေ့က လှည့်ပတ်နေပြီး သူ၏ဖြူစင်သော အသားအရေကို ပြည့်စုံစေသည်။
"ဟမ်? ဒီပုတီးစေ့က ဘာအတွက်သုံးတာလဲ?"
ရွှီဇီရုန်က အရိုးစုကို ကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။
"ဒီပုတီးစေ့က သွေးပင်လယ်နှလုံးကျင့်စဉ် ကျင့်ကြံသူရဲ့ အနှစ်သာရသွေးနဲ့ သန့်စင်ထားတာ… တကယ်လို့ အရင်တုန်းက ဒီပုတီးစေ့ကိုမြင်ပြီး စားခဲ့ရင် ချီသန့်စင်ခြင်းကနေ ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ချက်ချင်း ရောက်သွားလိမ့်မယ်…"
ရွှီဇီယန်သည် အရိုးစုကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ
"ဆရာ၊ ခင်ဗျားက သိပ်သဘောကောင်းတာပဲ…"
ရွှီဇီရုန်က တိတ်ဆိတ်နေပေမယ့် သူလည်း တိတ်တဆိတ် သဘောတူခဲ့သည်။ တကယ်တော့ သူ့မှာ အခြားပြောစရာရှိသည်။ ဒါက လူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကို ကျော်လွန်သွားစေနိုင်သည့်အပြင် ဤသွေးစုဆောင်ခြင်းပုတီးစေ့ကို သွေးပင်လယ်နှလုံးကျင့်စဉ်၏ သွေးဆာမှုကို တွန်းလှန်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ ပြောရလျှင် ဒါကို သူမျိုချလိုက်ပါက သွေးဆာလာမှာကို သူစိုးရိမ်နေစရာမလိုတော့ပေ။
ဒါက…
ဒါက လုံးဝမဖြစ်နိုင်ဘူး!
သွေးပင်လယ်နှလုံးကျင့်စဉ်၏ သွေးဆာမှုက သူ့အတွက် လုံးဝအန္တရာယ်မရှိသလို သူ့အစ်ကိုထံမှ နှီးနှောမှုတောင်းရန် သူ့အတွက် အကောင်းဆုံး အကြောင်းပြချက်ပင် ဖြစ်သည်။ ဒါကိုကြုံလာတိုင်း ရွှီဇီယန်ဆီမှ သူတောင်းဆိုနိုင်သည်။ ဆိုတော့ ဒီအကြောင်းပြချက်ကို သူဘယ်လိုလုပ် လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာလဲ? ထို့ကြောင့် သူသည် ပုတီးစေ့၏ အကြီးဆုံးအကျိုးသက်ရောက်မှုကို အရှက်မဲ့စွာ ဖုံးကွယ်ထားခဲ့သည်...။
(အစ်ကိုဖြစ်သူအတွက် အမွှေးတိုင်ထွန်းပေးခြင်း…)
တွင်းနက်ကြီးတစ်ခုတူးပြီး အရိုးစုကို မြှုပ်နှံပြီးနောက် ရွှီဇီရုန်သည် ချောက်နံရံမှ ကြီးမားသော ကျောက်တုံးကြီးကို တူးထုတ်ပြီး ယခင်သွေးမိစ္ဆာအတွက် စကားမဲ့အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကိုလည်း တည်ဆောက်ခဲ့သည်။
အထိမ်းအမှတ်ကျောက်တိုင်မှာ နာမည်မထားခဲ့ချင်တာ မဟုတ်ပေမယ့် ဒီမြွေတောင်ကြားဟာ အထူးအန္တရာယ်များသော နေရာမဟုတ်သလို ဒီသွေးမိစ္ဆာက အရင်မျိုးဆက်မှာ နာမည်ဆိုးနဲ့ကျော်ကြားလွန်းသည်။ အဲဒီမှာ ထိုသူအား သင်္ဂြိုဟ်တာကို အခြားလူတွေသိသွားပါက သူ့ရတနာတွေကို စိတ်ဝင်စားပြီး ပတ်ပတ်လည်ကို စတင်တူးဆွနိုင်သည်..။
သွေးမိစ္ဆာ၏ အရိုးစုကို ဖြေရှင်းပြီးနောက် ညီအစ်ကိုနှစ်ယောက်သည် သွေးမိစ္ဆာ၏ချန်ခွင်အိတ်ကိုယူကာ ရွှီအိမ်တော်သို့ ပြန်ခဲ့ကြသည်။
သွေးမိစ္ဆာ၏ အမွေအနှစ်များကို ရိတ်သိမ်းပြီးနောက် ရွှီဇီယန်သည် သူ့ကိုယ်သူ ချမ်းသာလာသလို ခံစားရပြန်သည်။ သူချမ်းသာလာရုံသာမက ယွီဟော်ကိုလည်း အရင်းအနှီးပိုပေးနိုင်သည်။
မနက်စောစော ရွှီဇီယန်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး သူ့အိတ်ကပ်ထဲတွင် ပစ္စည်းအလုံအလောက်ရှိသဖြင့် ရုတ်တရက် ပိုသက်တောင့်သက်သာရှိသလို ခံစားရလေသည်။ ကုဗတုံးထဲရှိ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများ ပမာဏကို ကြည့်ရှုခြင်းဖြင့် မယုံနိုင်လောက်အောင် ကျေနပ်မိသည်။
"သွားကြရအောင်…"
ရွှီဇီယန်သည် နေရာကူးပြောင်းခြင်းအခင်းအကျင်းထဲသို့ ဦးဆောင်ဝင်သွားပြီး ရွှီဇီရုန်၊ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့က သူ့နောက်သို့ လိုက်သွားကြသည်။
သူခေါင်းကိုလှည့်ပြီး ရွှီရှောင်နှင့် အကြီးအကဲလော်တို့အား နှုတ်ဆက်ပြီးနောက် ရွှီဇီယန်သည် နေရာကူးပြောင်းခြင်းအခင်းအကျင်းကို ထိန်းချုပ်ထားသူအား အချက်ပြခဲ့သည်။ အဖြူရောင်အလင်းတစ်ခုပေါ်လာသောအခါ လူလေးယောက်က အခင်းအကျင်းထဲတွင် ပျောက်ကွယ်သွားသည်။
တိတ်ဆိတ်နေပြီးနောက် ရွှီဇီယန်က ရင်းနှီးသော ဆူညံသံကို ထပ်မံကြားလိုက်ရသည်။
လျှိုကွမ်းဂိုဏ်း၏ တောင်ထိပ်တံခါးနှင့် အနီးဆုံးဖြစ်သော ဖာအန့်မြို့သည် တက်ကြွစွာဖြင့် စည်ကားနေဆဲဖြစ်သည်။ မရေမတွက်နိုင်သော သာမန်ပြည်သူများနှင့် ကျင့်ကြံသူများသည် ထိုနေရာတွင် နေထိုင်ပြီး သူတို့၏အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေကြသည်။
ရွှီဇီယန်သည် ဂိုဏ်းသို့သွားရန် စိတ်အားထက်သန်နေပြီး ဖာအန့်မြို့၌ လည်ပတ်ရန်ပင် ရည်ရွယ်ချက်မရှိပေ။ သူသည် ဂိတ်ပေါက်မှ တိုက်ရိုက်ထွက်သွားပြီး သူ၏ချွမ်းယွင်စောကို ထိန်းချုပ်ကာ လျှိုကွမ်းဂိုဏ်းဆီသို့ ပျံသန်းသွားခဲ့သည်။
သူတို့က လျှိုကွမ်းဂိုဏ်း၏ နယ်မြေထဲမှာ ရှိနေပြီဖြစ်၍ တစ်စုံတစ်ယောက်က သူတို့ကို လုယက်ရန် ကြိုးစားပါက ကိုယ့်ဒုက္ခကိုယ်ရှာနေသလို ဖြစ်သွားလိမ့်မည်။
#TK