Chapter 154
ရွှီဇီရုန်၏ အကြောင်းအရာရွေးချယ်မှုက ဤမျှကျယ်ပြန့်လိမ့်မည်ကို ရွှီဇီယန် မသိခဲ့ပေ။ ရုတ်တရက် သူသည် သူ၏နာကျင်စရာကောင်းသောမှတ်ဉာဏ်မှ ညစ်ညမ်းစာဖတ်သူအဖြစ်သို့ ပြောင်းလဲသွားသည်။ ခဏတာ ထိတ်လန့်သွားပြီးနောက် ရွှီဇီရုန်က သူ့ကို လိုချင်တာဟုတ်၊မဟုတ်ကို အဓိကသိချင်တာမှန်း သိလိုက်ရတော့ ရွှီဇီယန် ရှက်သွားသည်။
ဇီရုန်ကို သူလိုချင်တာလား?
ရွှီဇီယန် သူ့ကိုယ်သူ အမှန်အတိုင်း မေးလိုက်သည်။
သေချာပေါက် သူလိုချင်တာပေါ့!
သူက ယောင်္ကျားလေးဖြစ်နေသ၍ သူ့ချစ်သူအပေါ် ဘယ်သူက ခံစားချက်မရှိဘဲ နေမှာလဲ?
ယခင်က ရွှီဇီရုန်ကို သူ့ညီလေးအဖြစ်သာ မှတ်ယူခဲ့မယ်ဆိုလျှင်တောင် အရာအားလုံးက ပို၍ရှင်းလင်းလာသည်နှင့်အမျှ အထူးသဖြင့် ဤအဖြစ်အပျက်တွေအပြီးမှာ သူတို့က ညီအစ်ကိုတွေပါလို့ လူတွေကိုပြောရတာ ရယ်စရာဖြစ်နေလိမ့်မည်။
သို့သော် ရွှီဇီရုန်၏ အပေါ်ကိုတက်ရန် စဉ်းစားလိုက်သောအခါတွင် ရွှီဇီယန် အနည်းငယ်ရှက်သွားသည်။
ယောင်္ကျားတစ်ယောက်ကို သူ့ချစ်သူအဖြစ်ရှိစေရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့တာကြောင့် ဇီရုန်က သူ့ကို ပထမဆုံးအကြိမ်လုပ်တုန်းက သူအလွန်စိတ်ထိခိုက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် သူက ဇီရုန်ကို လိုချင်လျှင်ပင် အပေါ်အောက်နေရာပြောင်းတာမျိုး မဟုတ်ဘဲ ဇီရုန်ကို သူ့ထဲသို့ ပို၍ဝင်ရောက်စေလိုသည်။
"အဟန့်… အဟန့်… ငါမင်းကို လိုချင်တာ အမှန်ပဲ…"
ရွှီဇီယန်၏စကားက ရွှီဇီရုန်ကို ရုတ်တရက် တုန်လှုပ်သွားစေပြီး တင်းမာသွားစေသော်လည်း သူနောက်ထပ်ပြောသည့်စကားကြောင့် ဇီရုတ်က ချက်ချင်းပင် သက်သာရာရသွားခဲ့သည်။
"ဒါပေမယ့် မင်းထင်သလိုမဟုတ်ဘူး…"
ရွှီဇီယန်က ရွှီဇီရုန်ကို မကြည့်ရဲတာကြောင့် မျက်လုံးများက ဟိုကြည့်ဒီကြည့်ဖြစ်နေကာ ကိုးရိုးကားရားနိုင်စွာ မျက်နှာကို လက်ချောင်းများဖြင့် ကုတ်လိုက်သည်။
ဇီရုန်က သူ့အား ဖိနှိပ်ခြင်းကို နှစ်သက်ကြောင်း ရှက်စရာကောင်းသော အကြောင်းအရာတစ်ခုကို ဝန်ခံခြင်းအားဖြင့် သူ၏အခြေခံစံနှုန်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။
ရွှီဇီယန်သည် သူတို့နှစ်ယောက်အတူရှိကတည်းက သူ၏အခြေခံစံနှုန်းတွေအကုန်လုံး ပျက်စီးသွားပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဒါကတကယ့်ကို ကြေကွဲစရာတစ်ခုပဲဖြစ်သည်။
"ကိုကို?"
ရွှီဇီရုန်သည် အံ့အားသင့်စွာ ခေါင်းမော့လိုက်ပြီး ရှက်သွေးဖြာပြီး ချောမောသောသူ့အစ်ကိုကို ကြည့်ကာ ချက်ချင်း နမ်းလိုက်တော့သည်။
ရွှီဇီယန်က ထိုအနမ်းကို မငြင်းဆန်ခဲ့ပေ။ ဤအချိန်တွင် ရွှီဇီရုန်သည် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေကြောင်းနှင့် တစ်စုံတစ်ခုကို သက်သေပြရန် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတချို့ လိုအပ်နေကြောင်း သူသိသည်။
သူက ရွှီဇီရုန်၏နှုတ်ခမ်းကို ပွတ်လိုက်ပြီး အခြားသူများမမြင်နိုင်သော ထောင့်တစ်ခုကို လိမ္မာပါးနပ်စွာ ရွေးချယ်ခဲ့သည်။
ဤနည်းအားဖြင့် တစ်စုံတစ်ဦးက သူတို့ကို မြင်သွားလျှင်တောင် သူသည် ရှင်းပြရန် အခွင့်အရေးရှိသေးသည်၊ သို့မဟုတ်ပါက သူတို့ကြားတွင် ဘာမှဖြစ်မလာကြောင်းကို အခြားသူများအား စည်းရုံးရန် ခက်ခဲလိမ့်မည်။
"ကိုကိုက ကျွန်တော့်အတွက် အကောင်းဆုံးပဲ…"
ရွှီဇီရုန်က ကျေနပ်နေပြီး သူ့မျက်နှာပေါ်တွင် ချိုမြသော အပြုံးတစ်ခုကို ပြသလိုက်ကာ တစ်ရက်တာ စုပုံထားသော မကျေနပ်ချက်များက ဤအခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။
ရွှီဇီယန်က သူ့ဆံပင်တွေကို သဘောကျစွာ ပွတ်သပ်လိုက်ပြီး နွေးထွေးသော အထိအတွေ့က သူ့နှလုံးသားကို လွှမ်းခြုံသွားသည်။
သူ ညစ်ညမ်းစာအုပ်တချို့ကို ဖတ်ကြည့်ချင်သည်… အဘယ်ကြောင့်ဆိုသော ဇီရုန်ကို သူက ကျေနပ်အောင် မဖြည့်ဆည်းပေးနိုင်မှာ ကြောက်လို့ဖြစ်သည်။ ဇီရုန်က မွေးရာပါတစ်ခုခုပါတာကြောင့်လား ဒါမှမဟုတ် သူက အကြောင်းအရာတွေ အများကြီး လေ့လာဖူးတာကြောင့်လား၊ ရွှီဇီရုန်၏ မတူညီသောအနေအထားများက သူ့ကို လွှမ်းခြုံသွားသည်။
ရွှီဇီယန်က စိတ်ကစဉ့်ကလျားဖြစ်တတ်သောသူ မဟုတ်ပေ။ သူ့အတွက် အိပ်ရာခန်းထဲတွင် ပျော်ရွှင်မှုက စုံတွဲတစ်တွဲ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ခေတ်ဘက်ကမ္ဘာကြီးတွင် စုံတွဲများသည် ယင်းအရာမရှိခြင်းကြောင့် ငြင်းခုံလေ့ရှိကြပြီး ၎င်းကြောင့် ရွှီဇီရုန်နဲ့ သူ မည်သည့်အခါမျှ ငြင်းခုံလိုခြင်းမရှိပေ။
သူသည် အတွေ့အကြုံမရှိသောကြောင့် ညစ်ညမ်းစာဖတ်ခြင်းဖြင့်သာ ပိုမိုလေ့လာနိုင်ခဲ့သည်။ သူက တကယ်ကို လေးနက်သောပုံစံဖြင့် ဖတ်နေပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ သူ့စိတ်ထဲတောင် စွဲနေခဲ့သည်။
ရွှီညီအစ်ကိုတွေက တစ်ယောက်ကိုတစ်ယောက် နမ်းနေကြပြီး ရွှီဇီယန်သည် ဇီရုန်၏စိတ်ကို အောင်မြင်စွာ ငြိမ်သက်သွားစေခဲ့သည်။
ရွှီဇီယန်သည် မတည်ရှိသော ချွေးများကို တိတ်တဆိတ် သုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ရွှီဇီရုန်က ဘယ်လိုကြောင့် အရင်ကထက် ပိုပြီးတွယ်ကပ်လာရတာလဲ?
ရွှီဇီရုန်က အမှန်တကယ် လူသားဖြစ်ကြောင်းကို သူအတည်မပြုထားပါက သူသည် လူပြန်ဝင်စားသော မြွေဝိညာဉ်ဖြစ်မည်ဟု သံသယရှိနိုင်သည်။
ရွှီအိမ်တော်တွင် ခုနစ်ရက်ကြာ အနားယူပြီးနောက် ရွှီဇီယန်သည် တချို့အရာများကို ဖြေရှင်းရန် ရွှီရှောင်ကို ကူညီခဲ့ပြီး အကြီးအကဲများကြားတွင် သူ့ရောက်ရှိနေကြောင်း အတည်ပြုပြီးနောက် သူ၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးကာ လျှိုကွမ်းဂိုဏ်းသို့ ပြန်သွားရန် အသင့်ဖြစ်နေခဲ့သည်။
လျှိုကွမ်းဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် သူ၏အထောက်အထားသည် ရွှီမိသားစု၏ သာယာဝပြောရေးအတွက် အရေးကြီးဆုံးသော အာမခံချက်ဖြစ်သည်။
ကျင့်ကြံခြင်းလောက၏ အခြေအနေနှင့် ပတ်သက်၍ လျှိုကွမ်းဂိုဏ်းကို မည်သူမှရန်စရန် သတ္တိမရှိပေ။ ရွှီဇီယန်၏ အဆင့်အတန်း မပြောင်းလဲသေးသ၍ ရွှီမိသားစုသည် သူ၏ အကာအကွယ်အောက်တွင် ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။ ယွမ်မိသားစု၏ ဘိုးဘေးလို အရူးတစ်ယောက်မှ မရှိဘူးဆိုလျှင် ရွှီမိသားစုကို ဘယ်သူကမှ ရန်စရဲမှာ မဟုတ်ပေ။
ဤခုနစ်ရက်အတွင်းတွင် ရွှီဇီယန်သည် ရွှီရှောင်နှင့် တိတ်တဆိတ်စကားပြောရန် တစ်ရက်အချိန်ယူခဲ့ရသည်။ ဤနေ့တွင် ရွှီရှောင်သည် နှစ်ပေါင်းများစွာ ဝှက်ထားခဲ့သော ရွှီမိသားစု၏ လျှို့ဝှက်ချက်အချို့နှင့် ရွှီမိသားစုရှိ လျှို့ဝှက်ခန်း၏ အနေအထားကို ပြောပြခဲ့သည်။
အရင်ဘဝတုန်းက ရွှီဇီယန်၏ မူလခန္ဓာကိုယ်က ရွှီရှောင်၏စာကြည့်ခန်းကနေ လျှို့ဝှက်ခန်းတည်နေရာကို ရခဲ့ပေမယ့် ဒီဘဝမှာတော့ ရွှီရှောင်က ဒီလျှို့ဝှက်ချက်ကို ရွှီဇီယန်အား ပြောပြခဲ့သည်။
တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် ရွှီရှောင်သည် ရွှီဇီယန်ကို ရွှီမိသားစု၏ သခင်အဖြစ် အသိအမှတ်ပြုကြောင်း သက်သေပြခဲ့သည်။ ခြုံပြောရလျှင် ရွှီရှောင်သည် ရွှေအမြုတေ အစောပိုင်းအဆင့်သို့သာ ရောက်ရှိသေးပြီး ရွှီဇီယန်က သူ၏လက်ရှိ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို အချိန်မရွေး ဖြတ်ကျော်သွားနိုင်သည်။
"ဒါတွေက ရွှီမိသားစုရဲ့ လျှို့ဝှက်ချက်တွေပဲ… ဒါပေမယ့် ဒီလျှို့ဝှက်ချက်တွေကြားမှာ တချို့က အစစ်တွေဖြစ်ပြီး တချို့က အတုတွေ… အဲဒါက သူတို့ကို ပိုရှုပ်ထွေးသွားစေတယ်… လွန်ခဲ့တဲ့ မျိုးဆက်အနည်းငယ်က သခင်တစ်ဦးက အပြင်မှာ ကျင့်ကြံနေစဉ် ရူးသွပ်သွားခဲ့တာက စိတ်မကောင်းရာဖြစ်ပြီး အဲဒီအချိန်ကစလို့ ဒီလျှို့ဝှက်ချက်တွေက အစစ်အမှန်ဟုတ်၊မဟုတ်ကို ဘယ်သူမှ မပြောနိုင်ခဲ့ဘူး… ရွှီမိသားစုဝင်တွေတောင် မပြောနိုင်ဘူး…"
ရွှီရှောင်က ထိုအဖြစ်အပျက်ကို ပြောသောအခါ စိတ်မကောင်းဖြစ်ပုံရသည်။
ရွှီဇီယန်က ရွှီရှောင်ထက် ဤလျှို့ဝှက်ချက်များကို ပိုသိသောကြောင့် ခေါင်းငြိမ့်သည်။ ရွှီရှောင်သည် နောက်ဆုံးမိသားစု၏သခင်ထံမှ ဤအရာများကိုသာ သင်ယူခဲ့ရပေမယ့် ရွှီဇီယန်သည် ထိုအရာများအကြောင်းအရာများအပြင် ရွှီမိသားစု၏ အမွေအနှစ် အစစ်အမှန်ဖြစ်သော ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုအကြောင်းကို ကျောက်စိမ်းစာအုပ်ကနေလည်း သင်ယူခဲ့သည်။
ဒီအကြောင်းကို ရွှီရှောင်အား သူမပြောပြချင်လို့သာဖြစ်သည်။ များများလုပ်တာထက် လျော့လုပ်တာက ပိုကောင်းသည်။ ကျောက်စိမ်းစာအုပ်၏ အမွေအနှစ်ကို အကဲဖြတ်ကြည့်ကာ ရွှီမိသားစု၏ ဘိုးဘေးက ရွှီမိသားစုကနေ အတင်းနှင်ထုတ်ခံရသောအခါ ပစ္စည်းအများအပြားကို လုယူသွားခဲ့သည်။ သူက ရွှီရှောင်အား ရွှမ်းယွိနယ်မြေတွင် မိသားစုခွဲတည်ရှိကြောင်းကို သိခိုင်းလိုက်ပါက မမှန်းဆနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။
ရွှီမိသားစုသည် မော့ရှင်းမြို့၌ အရေးပါသော အနေအထားတစ်ခုရှိခဲ့ပြီး ၎င်း၏အခြေအနေမှာ အတော်လေးတည်ငြိမ်သည်။
ထို့အပြင် အနာဂတ်တွင် ရွှီဇီယန်၏ ပံ့ပိုးကူညီမှုဖြင့် ရွှီမိသားစုသည် မော့ရှင်းမြို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ၎င်း၏ဧရိယာကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။ ၎င်း၏ကြွယ်ဝသောအရင်းအမြစ်များဖြင့် ဂရုတစိုက်ဖန်တီးနေသ၍ ရွှီမိသားစုက မိသားစုကြီးဖြစ်လာနိုင်သည်။
ရွှီရှောင်က ရွှီဇီယန်ကို လျှို့ဝှက်ခန်း၏ တည်နေရာကို ပြောပြခဲ့ပြီး တကယ်တော့ သူက ရွှီဇီယန်ကို အဲဒီမှာရှိသည့် ရတနာတွေအား အသုံးပြုစေချင်သည်။
ရွှီမိသားစု အန္တရာယ်ကြုံလာသောအခါမှသာ ဤရတနာများကို သုံးနိုင်သည်ဟု ပြောခဲ့သော်လည်း ရွှီရှောင်က စည်းမျဉ်းဟောင်းများကို လိုက်နာသူမဟုတ်ခဲ့ပေ။
သူ့တွင် ထက်မြက်သော ထိုးထွင်းဉာဏ်ရှိပြီး ရွှီဇီယန်၏ အရည်အချင်းတွေကို တစ်ချက်တည်း ပြောနိုင်သည်။ ရွှေအမြုတေအဆင့်က သူ၏နောက်ဆုံးအဆင့်မဟုတ်ဘဲ ရွှီဇီယန်၏ ကျင့်ကြံခြင်းအဆင့်အရ သူသည် အနှစ်တစ်ရာအတွင်း အမတဝိညာဥ်အခြေတည်စအဆင့်ကို ကောင်းစွာရောက်ရှိနိုင်သည်။
အဲဒါက အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူဖြစ်မှာ ဖြစ်သည်။
၎င်းသည် ရွှမ်းယိနယ်မြေ၏ အရေးကြီးဆုံးအဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားဖြစ်သည်။ အမတဝိညာဉ်အခြေတည်စအဆင့်၏ ကာကွယ်မှုအောက်တွင် မည်သည့်မိသားစုမဆို မြို့များစွာကိုထိန်းချုပ်နိုင်သည့် တစ်မြို့အဖြစ် ကောင်းစွာဖွံ့ဖြိုးတိုးတက်နိုင်သည်။
ရွှီရှောင်တွင် ကျယ်ပြန့်သောအမြင်ရှိသော်လည်း ရွှီမိသားစုတွင် ရွှီဇီယန်ကို ထောက်ပံ့ရန် လုံလောက်သော အရင်းအမြစ်မရှိပေ။
ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်မှ အမတဝိညာဉ်အခြေတည်စအဆင့်အထိ ကျင့်ကြံသူသည် စိတ်ဝိညာဉ်စွမ်းအားများစွာ စုဆောင်းရုံသာမက အရင်းအမြစ်များစွာလည်း လိုအပ်ပါသည်။
ရွှီမိသားစုသည် သေးငယ်သော မိသားစုတစ်ခုသာဖြစ်ပြီး မိသားစုတွင် အရင်းအမြစ်များအကန့်အသတ်ရှိကာ ရွှီဇီယန်ကို ထောက်ပံ့ရန်အတွက် ၎င်းတို့အားလုံးကို အသုံးပြုမည်ဆိုပါက ရွှီရှောင်သည် ထိုသို့သောစွန့်စားမှုမျိုးကို မလုပ်လိုပေ။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် အန္တရာယ်များစွာရှိသည်မှာ အမှန်ပင်ဖြစ်ပြီး အဆုံးတိုင်အောင် သူ၏ဘေးကင်းမှုကို မည်သူမျှ အာမခံနိုင်မည်မဟုတ်ပေ။ အကယ်၍ ရွှီမိသားစုသည် ရွှီဇီယန်ကို ထောက်ပံ့ရန် အရင်းအမြစ်အားလုံးကို အသုံးပြုရန် စွန့်စားခဲ့ပါက ရွှီဇီယန်သည် မတော်တဆ တစ်ခုခုဖြစ်ခဲ့လျှင် ရွှီမိသားစုတစ်ခုလုံး၏ အနာဂတ်က ရေစုန်မျှောသွားလိမ့်မည်။
တာဝန်ရှိသောခေါင်းဆောင်တစ်ဦးအနေဖြင့် ရွှီရှောင်သည် မိသားစု၏အနာဂတ်ကို အလောင်းအစားမလုပ်ရဲပေမယ့် ထိုသို့သောအခွင့်အရေးမျိုးကြုံလာရင် အလောင်းအစားမပြုလုပ်တာက နှမြောစရာဖြစ်နေလိမ့်မည်။
အကျပ်အတည်းတစ်ခုတွင် ရွှီရှောင်သည် မိသားစု၏လျှို့ဝှက်အခန်းအကြောင်း ရွှီဇီယန်ကို ရိုးရိုးရှင်းရှင်းပြောပြခဲ့ပြီး လျှို့ဝှက်ခန်းရှိ ရတနာများကို အသုံးပြုကာ သူ၏ကျင့်ကြံခြင်းကို ပံ့ပိုးပေးခဲ့သည်။ ပထမအချက်မှာ မိသားစု၏ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်မည်မဟုတ်ပေ။ ဒုတိယအနေနဲ့ ရွှီဇီယန်က မတော်တဆ ကျရှုံးခဲ့လျှင်တောင် ရွှီမိသားစုဟာ သူတို့တွင်ရှိသော အရည်အချင်းရှိသူများထံမှ အရင်းအမြစ်တွေကို နောက်ပိုင်းမှာ ပိုရနိုင်ပါသေးသည်။
ထိုလျှို့ဝှက်ခန်းထဲတွင် ရှားပါးသောရတနာများစွာရှိတာကြောင့် ရွှီဇီယန်က ရွှီရှောင်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်လိမ့်မည်မဟုတ်ပေ။
ယခု သူ့ပခုံးပေါ်တွင် လေးလံသော ဝန်နှစ်ခုရှိသည်။ သူသည် ပိုင်ဟွ၏ခြိမ်းခြောက်မှုနှင့် ဖန်မောင်နှင့် ရွှယ်ထွမ်တို့၏ လျှို့ဝှက်ချက်ကြောင့် လေးလံသောဖိအားကို ခံစားခဲ့ရသည်။
သူ့တွင် အိတ်အလွတ်များဖြစ်နေတာက အဆင်မပြေချေ…
ရွှီဇီယန်သည် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ထိုဝတ္ထုအကြောင်း တွေးကြည့်သောအခါတွင် ပိုင်ဟွ၌ မှော်လက်နက်များစွာရှိသည်။ သူ နဂါးစီးတုန်းက သူ့ကို အနိုင်ယူနိုင်သော အရာတစ်ခုမှ မရှိပေ။ ရွှီဇီယန်သည် အထူးဂုဏ်သတင်းကြီးတစ်ခုမှ မတွေ့ခဲ့ရသော်လည်း ထိုအချိန်က ပိုင်ဟွသည် အမှန်တကယ် ချမ်းသာနေပြီး ရတနာများဖြင့် ကစားလို့တောင်ရသည်။
အနာဂတ်မှာ ချမ်းသာလာသောအခါ သူလိုချင်သလောက် ရတနာတွေ အများကြီးနဲ့ ကစားမည်ဟု ကတိပြုခဲ့သည်...
ခရမ်းရောင်မိုးကြိုးသွားနဲ့ ပျော်ရွှင်စွာ ကစားနေသော ကျီကွမ်းကိုကြည့်ပြီး သူ့နောက်ကျောပေါ်က ရွှေရောင်ချိုလေးကို တွေးကြည့်လိုက်တော့ ရွှီဇီယန် မနာလိုဖြစ်သွားသည်…
…မဖြစ်ဘူး! သူ အဆုံးထိ လုပ်ရမယ်! ပိုင်ဟွရဲ့ အိတ်ကပ်တွေလို သူလည်း အလွတ်မဟုတ်ဘူးဆိုရင် သူ့အတွက် လုံခြုံမှုမရှိဘူးဆိုတာ မဖြစ်နိုင်တော့ဘူး!
ရွှီရှောင်နှင့် ရွှီမိသားစု၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဆွေးနွေးပြီးနောက် ရွှီဇီယန်သည် သူ့ဖခင်၏ အသိအမှတ်ပြုသောအကြည့်ကို ရရှိခဲ့သည်။
တာဝန်ရှိသူတစ်ဦးအနေဖြင့် ရွှီရှောင်သည် ရွှီဇီယန်ကို အလွန်ကျေနပ်ခဲ့သည်။ သူ့သားက ကောင်းမွန်ပြီး အားကိုးရသောသူလို့ သူအမြဲတွေးထားပေမယ့် ရွှီဇီယန်၏အပြုအမူနဲ့ ကျင့်ကြံခြင်းအဆင့်က မိသားစု၏ သခင်ကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတာကို သက်သေပြခဲ့သည်။
တစ်ခုတည်းသော အားနည်းချက်မှာ ရွှီဇီရုန်ကို မည်ကဲ့သို့ ဆက်ဆံရမည်ကို သဘောမတူသောကြောင့်သာ ဖြစ်ပြီး ဒါပေမယ့်လည်း အဲဒါက သေးငယ်သော ကိစ္စသာဖြစ်သည်။ ရွှီရှောင်သည် ရွှီဇီယန်နှင့် သူ၏ဆက်ဆံရေးကို တတ်နိုင်သမျှ ထိခိုက်စေမည်မဟုတ်ပေ။
သူတို့နှစ်ဦးကြား အပိတ်စကားပြောဆိုမှုအတွင်း ရွှီရှောင်သည် ရွှီဇီယန်၏ နှစ်ကိုယ်တူကျင့်ကြံခြင်းအကြောင်းကိစ္စရပ်ကိုလည်း ပြောကြားခဲ့သော်လည်း တိကျသောလူများကိုမူ အဆိုမတင်ခဲ့ပေ။ အခုဆိုလျှင် သူ့သား၏အဆင့်အတန်း အလွန်မြင့်နေပြီး ရွှီရှောင်၏မျက်လုံးထဲတွင် လူများစွာက ရွှီဇီယန်နဲ့ လိုက်ဖက်မညီတော့ပေ။
သူတို့စကားစမြည်ပြောသည့်အကြောင်းအရာသည် နောက်တစ်နေ့တွင် ရွှီဇီရုန်၏နားထဲသို့ ရောက်သွားသည်။ ရွှီဇီရုန်နှင့် ရင်ဆိုင်ရသောအခါ ရွှီဇီယန်က အလွန်ပြတ်သားသောသဘောထားကို ရွေးချယ်ခဲ့သည်။
ရွှီဇီရုန်က သံသယနှင့် မလုံခြုံမှုကို ခံစားနေရကြောင်း သူသိသည်။ သူ့ကို ပိုပြီးသံသယဖြစ်စေမည့် ဘယ်အရာကိုမှ မလုပ်မိရန် သူကြိုးစားမှာဖြစ်သည်။ ဇီရုန်ကို တကယ့်ဗီလိန်အဖြစ် သူမပြောင်းလဲစေချင်ပေ…
ရွှီရှောင်နှင့် စကားစမြည်ပြောသည့်နေ့မှလွဲ၍ ရွှီဇီယန်သည် ကျန်အချိန်များကို ရွှီမိသားစု၏ တပည့်ငယ်များထံတွင် ကုန်ဆုံးခဲ့သည်။
ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူအနေဖြင့် သူ၏ကျင့်ကြံခြင်းအပေါ် နားလည်သဘောပေါက်မှုက ထိုတပည့်ငယ်များအတွက် များစွာအထောက်အကူဖြစ်စေပါသည်။ ပုံမှန်အားဖြင့် ရွှီမိသားစုရှိ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူအများစုသည် သူတို့၏ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် အလုပ်များနေပါသည်။ သူတို့အားလပ်ချိန်များတွင် ဒီတပည့်တွေကို ကျင့်ကြံခြင်းအကြောင်းရှင်းပြရန် သိုင်းပညာခန်းမသို့ ပြန်လာခဲ့ကြပေမယ့် ဘယ်သူကမှ ရွှီမိသားစု၏ သခင်လေးလောက် ချောမောခြင်း၊ ရှင်းပြနိုင်ခြင်း မရှိကြပေ။
ထိုနေ့တွင် ယွမ်မိသားစုနှင့် တိုက်ပွဲပြီးကတည်းက ရွှီဇီယန်၏ကျော်ကြားမှုသည် ရွှီမိသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါးဖြစ်ခဲ့သည်။ သူသည် ရွှီအိမ်တော်နဲ့ ဆယ်နှစ်လောက်ဝေးကွာနေခဲ့ပြီး ဒီလူတွေ၏စိတ်ထဲမှာတော့ သခင်လေးရွှီဇီယန်က စိတ်ကူးယဉ်မှုဖြစ်လာသည်။ သူ၏အသွင်အပြင်က လူတိုင်းကို စိတ်အားထက်သန်မှု ဖြစ်စေခဲ့ပြီး သူ့ကို စံပြပုဂ္ဂိုလ်အဖြစ်တောင် ခေါ်ဆိုကြသည်။
မိုးကြိုးအမျိုးအစားစိတ်ဝိညာဉ်သွေးကြောများနှင့်အတူ ရွှီဇီယန်သည် သူ၏ အသက် ၂၀ အရွယ်တွင် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်၏ နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ငယ်ရွယ်သောအသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်ဖြင့် ရွှီဇီယန်သည် သူတို့၏ စံပြုပုဂ္ဂိုလ်ဖြစ်လာရန် အရည်အချင်းပြည့်မီခဲ့သည်။ လျှိုကွမ်းဂိုဏ်းတွင် သူသည် သူ၏စွမ်းဆောင်မှုဖြင့် ထိပ်တန်းသုံးယောက်တွင်ပင် အဆင့်သတ်မှတ်ခံရနိုင်သည်။
ရွှီဇီရုန်အတွက်ကတော့…
ရွှီဇီယန်သည် ရွှီမိသားစုရှိ တပည့်ငယ်များ၏ စံပြုပုဂ္ဂိုလ်ဖြစ်လာသောအခါ ရွှီဇီရုန်က သူတို့ကြားတွင် စိတ်အနှောင့်အယှက်အဖြစ်ဆုံးလူဖြစ်လာခဲ့သည်။
ရွှီ၏မိသားစုတွင် ရွှီဇီရုန်၏အထောက်အထားသည် ဘယ်သောအခါမှ လျှို့ဝှက်ခြင်းမရှိခဲ့သော်ငြားလည်း ရွှီဇီယန်၏ပြင်းထန်သောခြိမ်းခြောက်မှုအောက်တွင် ဤကိစ္စကိုမည်သူမျှ သူ့ရှေ့တွင်မပြောရဲကြပေ။
သို့သော် အဲဒါကို သီးသန့် မဆွေးနွေးဘူးလို့ မဆိုလိုပေ။ ဤတစ်ကြိမ်တွင် ရွှီဇီယန်သည် ဂုဏ်ယူစွာဖြင့် အိမ်သို့ပြန်လာသောအခါတွင် သူ့အား မနာလိုသူ အများအပြားရှိခဲ့သည်။
သူတို့သည် သူတို့၏သခင်လေးနှင့် လျှိုကွမ်းဂိုဏ်းသို့ လိုက်ခဲ့လျှင် သူတို့ကိုယ်တိုင်လည်း ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်လာမလားဟု တွေးတောလာကြသည်။
ရွှီဇီရုန်သည် သူတို့၏သခင်လေးနောက်သို့ တနေကုန်လိုက်နေသောကြောင့် အလွန်အရှက်မရှိတာကို တွေ့ရှိခဲ့ကြသည်။
ရွှီဇီရုန်သည် ဆွဲဆောင်မှုရှိသောမျက်နှာရှိပြီး သူသည် အခြားတပည့်များအတွက် အလွန်အေးစက်လေ့ရှိသော်လည်း သူ့အစ်ကိုရှေ့တွင် ချစ်ခင်ကြင်နာစွာပြုမူခဲ့သည်။ ရွှီဇီရုန်သည် သူတို့၏သခင်လေးအိပ်ရာပေါ်သို့ တက်နေပြီလားဟု တွေးတောလာကြသည်။
ဤအတွေးများစွာသည် ရွှီမိသားစု၏ တပည့်ငယ်များတွင် အမြစ်တွယ်နေပြီး အထူးသဖြင့် ပထမအတွေးဖြစ်သည်။ သူတို့၏အမြင်အရ ရွှီဇီရုန်၏အရည်အချင်းများသည် သာလွန်သည်မဟုတ်သော်လည်း အချိန်တိုတိုအတွင်း ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်လာနိုင်ခဲ့သည်။ သခင်လေးထံမှ သူမည်မျှ အကျိုးအမြတ်တွေ ရရှိထားသလဲဟု တွေးတောလာကြသည်။
ရွှီဇီရုန်သည် တရားမ၀င်ကလေးဖြစ်သော်လည်း ရွှီဇီယန်က ပြုစုစောင့်ရှောက်ပေးခဲ့တာကြောင့် လူအများစုက မနာလိုဖြစ်ခဲ့ကြသည်။ ဘယ်ခေတ်ပဲဖြစ်ဖြစ် မနာလိုစိတ်က လူတွေ၏စိတ်ထဲမှာ အမြဲဖုံးကွယ်နေတတ်သော မကောင်းဆိုးရွားတစ်ကောင်ဖြစ်သည်။
သို့သော် ဤလူများသည် မနာလိုလျှင်ပင် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူကို ရန်စဖို့လောက်တော့ သူတို့က တုံးအမှာမဟုတ်ပေ။
သို့သော်လည်း ရွှီမိသားစုတွင် ဆိုးရွားသော ကောလဟာလ အမျိုးမျိုး ပျံ့နှံ့လာခဲ့သည်။
ရွှီဇီရုန်က သူ၏လှပသောမျက်နှာဖြင့် လျှိုကွမ်းဂိုဏ်းမှ အကြီးအကဲတချို့ မျက်နှာချိုသွေးတာကြောင့် သူ၏လက်ရှိအဆင့်သို့ ရောက်ရှိလာသည်ဟု သူတို့ကပြောဆိုကြသည်။ အခြားတပည့်တချို့ကလည်း သူသည် သူ၏ကျင့်ကြံခြင်းအဆင့်ကိုမြင့်တင်ရန် ဆေးဝါးတွေရယူဖို့ ရွှီဇီယန်၏ကြင်နာမှုကို အခွင့်ကောင်းယူနေသည်ဟုဆိုသည်။
ကောလဟာလ အမျိုးမျိုးရှိခဲ့သော်လည်း အများစုမှာ ရွှီဇီရုန်၏ ဂုဏ်သတင်းကို အပုပ်ချနေကြသည်။
ဒီကောလဟာလတွေက ဘယ်လိုဖြစ်ပေါ်လာသလဲ၊ အချိန်တိုတိုအတွင်းမှာ လူအများအပြားကို ဘယ်လိုပျံ့နှံ့သွားသလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြပေ။ ရွှီဇီယန်သည် အိမ်တော်တွင်ငါးရက်ကြာနေထိုင်ပြီးနောက် တချို့သောလူများက သူတို့ကို လျှိုကွမ်းဂိုဏ်းသို့ခေါ်ဆောင်ရန် ရွှီဇီယန်အား အရိပ်အမြွက်ပြောလာကာ သူ၏အစေခံများအဖြစ်ပင် ဆန္ဒရှိနေခဲ့ကြသည်။
ရွှီဇီယန်သည် ဤအကြောင်းအရာကို သူ့အား တစ်စုံတစ်ယောက်ကပြောလာတာကို ပထမဆုံးကြားလိုက်ရသောအခါ သူအံ့အားသင့်သွားသည်။
လျှိုကွမ်းဂိုဏ်းတွင် အလွန်တင်းကျပ်သော စီမံခန့်ခွဲမှုစည်းမျဉ်းများရှိပြီး အစေခံများကို လုံးဝခွင့်မပြုဘဲ ကျန်ရင်းသည်ပင် တပည့်တစ်ဦးအဖြစ် အမည်ခံယူထားရလေသည်။
ဒီလူတွေ ဘယ်လိုလုပ်များ ဒီလောက် ယုံကြည်မှုရှိနေရတာလဲ? ဇီရုန်ကို သူထားခဲ့ပြီး သူတို့ကို ဂိုဏ်းထဲသို့ ခေါ်ဆောင်သွားမယ်လို့ ဘာကများ ထင်စေလိုက်တာလဲ?
"သခင်လေးဇီယန်…" သူ့ရှေ့က လှပသောအမျိုးသမီးသည် ရွှီဇီယန်၏ဝမ်းကွမ်းဖြစ်၏။ သို့သော် ရွှီမိသားစုသည် ကြီးလွန်းသဖြင့် သူတို့သည် အများအားဖြင့် အချင်းချင်း နာမည်သာခေါ်ဝေါ်လေ့ရှိကြပြီး ရွှီဇီယန်ကဲ့သို့သော လူများကိုသာ "သခင်လေး" ဟု ခေါ်ဝေါ်ကြသည်။
"ကျွန်… ကျွန်မ သခင်လေးဆီမှာ ကောင်းကောင်း တာဝန်ထမ်းဆောင်ပါ့မယ်…"
မိန်းကလေးက လှပပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ ဒီစကားကိုပြောသောအခါ သူမလက်ထဲက လက်ကိုင်ပုဝါကို လိမ်နေသည်။ ရံဖန်ရံခါ သူမသည် ရွှီဇီယန်ကို တိတ်တဆိတ် ကြည့်လာကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားခဲ့သည်။
ရွှီဇီယန်သည် အနည်းငယ် ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် မကျေမနပ်ဖြစ်ခဲ့ရသည်။ သူသည် အိမ်မှ ထွက်သွားသည်မှာ ကြာခဲ့ပြီဖြစ်တာကြောင့် မိသားစုအပေါ် ထိန်းချုပ်မှု အားနည်းသွားခဲ့သည်။
ရွှီဇီရုန်က အလွန်ဆိုးသည်ဟု သူသိပ်မသိသော ညီမဝမ်းကွဲထံမှ ကြားပြီးနောက် ရွှီဇီယန်ဟာ မယုံနိုင်လောက်အောင် ဒေါသထွက်ပြီး စိတ်ပျက်သွားသည်။
သူ၏သြဇာလွှမ်းမိုးမှုနယ်ပယ်တွင် ထိုသို့သောကောလဟာလများက မည်သို့ဖြစ်လာနိုင်သနည်း။ သူ သိပ်ဂရုမစိုက်နိုင်လို့လား၊ ဒါမှမဟုတ် ရွှီဇီရုန်ကို ရည်ရွယ်ချက်ရှိရှိ ကောလဟာလတွေ ထုတ်နေသောသူတစ်ယောက်ရှိနေလို့လား?
ရွှီဇီယန်၏မျက်လုံးများက အနည်းငယ်ကျဥ်းမြောင်းသွားပြီး သူ့အကြည့်က အလွန်သတိရှိလာသည်။ သူ့အရှေ့က မိန်းကလေးသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်မသက်မသာနဲ့ ကြည့်နေသည်။
ရွှီမိသားစု၏ တပည့်တစ်ဦးအနေဖြင့် သူမသည် အလွန်အကန့်အသတ်ရှိသော အကျိုးခံစားခွင့်များကိုသာ ရရှိနိုင်သည်။ ယွမ်မိသားစုနှင့် တိုက်ပွဲတွင် သူမသည် သခင်လေးကို မြင်မြင်ချင်း ချစ်မိလုနီးပါးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ရွှီဇီရုန်နှင့်ပတ်သက်သည့် ကောလာဟလများစွာကိုကြားပြီးနောက်တွင် သူမသည် တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့သည်။
အကယ်၍ သူမသည် သခင်လေးဇီယန်၏နောက်သို့ လိုက်နိုင်ခဲ့ပါက သူမသည် အစွမ်းထက်သော ကျင့်ကြံသူဖြစ်လာနိုင်မည်မလား? အခြားမိသားစုမှ တစ်စုံတစ်ဦးနှင့် လက်ထပ်ခြင်း ကံကြမ္မာကိုလည်း သူမရှောင်နိုင်မည်မလား?
မူလက သူမသည် ထိုအကြောင်းကို တွေးရုံမျှသာဖြစ်သည်။ သို့သော် ရွှီဇီရုန်နှင့်ပတ်သက်သည့် ကောလာဟလများ ပြင်းထန်လာသည်နှင့်အမျှ သူမသည် သခင်လေး၏ ပြုစုစောင့်ရှောက်မှုကို ရနိုင်မည်ဟု သူမ တွေးတောလာခဲ့သည်…
"ဒီစကားတွေက ဘယ်ကလာတာလဲ?"
ရွှီဇီယန်၏ အေးစက်စက်အသံထွက်ပေါ်လာပြီး ရွှင်လန်းသောအပြုံးက သူ့မျက်နှာပေါ်တွင် ပျောက်ကွယ်သွားသည်။
မိန်းကလေးက အဖြစ်အပျက်ကို နားမလည်သလို အံ့ဩသွားသည်။
"ငါပြောနေတယ်၊ ရွှီဇီရုန်နဲ့ ပတ်သတ်တဲ့ ကောလာဟလတွေကို ဘယ်သူဖြန့်တာလဲလို့?"
ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ မိန်းကလေးက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
"ငါမင်းကို တတိယအကြိမ် မေးစရာလိုသေးလား?"
ရွှီဇီယန်၏မျက်လုံးများက ဓားသွားများကဲ့သို့ဖြစ်နေပြီး မိန်းကလေးသည် သူမ၏နှလုံးခုန်ထွက်လုမတတ် ခံစားခဲ့ရသည်။ သူမ အကြောက်လွန်သွားသည်။
"ကျွန်… ကျွန်မက အစ်မဝမ်းကွဲဇီလျန်ဆီက ကြားခဲ့တာပါ…"
မိန်းကလေးက တုန်ယင်နေပြီး သူမသိသမျှအကြောင်း ရွှီဇီယန်ကို ပြောပြလိုက်သည်။
မိန်းကလေးက သူ့အား အားလုံးပြောပြပြီးသောအခါ ရွှီဇီယန်က ကြောက်စရာကောင်းသောအကြည့်ကို အနည်းငယ်သာ လျှော့လိုက်သည်။
"ဇီရုန်က ငါ့ညီဖြစ်ပြီး သူ့ကို ဘယ်သူမှ စော်ကားလို့မရဘူး! မင်း— ပြစ်ဒဏ်ခန်းမမှာ သုံးနာရီကြာ ဒူးထောက်နေ!"
ရွှီဇီယန် ပြောလိုက်ပြီးနောက် ထွက်သွားကာ မိန်းကလေးသည် မြေပြင်ပေါ်တွင်ထိုင်ပြီး အရပ်ရှည်ရှည်ဖြင့် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
လျှိုရှန့်အဆောင်သို့ ပြန်ရောက်ပြီးနောက် ရွှီဇီယန် ဒေါသထွက်နေခဲ့သည်။ တစ်စုံတစ်ယောက်က ရွှီဇီရုန်ကို သူ့နောက်တွင် စော်ကားနေခဲ့သည်။ ဒါက သူလုံးဝ သည်းမခံနိုင်သောအရာပဲဖြစ်သည်။
လော့ဟွကို သူခေါ်ပြီးနောက် ဘာစကားမှမပြောဘဲ သူ့အရှေ့မှာ ဒူးထောက်ခိုင်းလိုက်သည်။
လော့ဟွက သခင်လေးကို ကြောက်လန့်တကြားကြည့်ကာ ဘာတွေဖြစ်နေမှန်း သူမ မသိပေ…
"လော့ဟွ၊ ငါ မင်းကို ဘယ်လိုခေါ်လာခဲ့သလဲ?"
ရွှီဇီယန်က စားပွဲဘေးမှာ ထိုင်ပြီး စားပွဲကို ပေါ့ပေါ့ပါးပါး ခေါက်နေသည်။
ရုတ်တရက် ခေါက်သံ မရှိတော့သဖြင့် လော့ဟွက မယုံနိုင်လောက်အောင် ထိတ်လန့်သွားသည်။
"သခင်းလေးက လော့ဟွကို ကောင်းကောင်းဆက်ဆံခဲ့ပြီး အဲဒါကို လော့ဟွ ဘယ်တော့မှ မမေ့ပါဘူး… လော့ဟွက သခင်လေးအပေါ် အမြဲသစ္စာစောင့်သိပါတယ်!"
လော့ဟွသည် ထိုစကားကိုပြောပြီးနောက် သူမသည် သေမလောက်ကြောက်နေသောပုံစံဖြင့် သစ္စာရှိမှုကို အလျင်အမြန်ပြသခဲ့သည်။
"အိုး?"
ရွှီဇီယန်၏နှုတ်ခမ်းက လှုပ်ယမ်းသွားသော်လည်း သူက ပြုံးမနေခဲ့ပေ။
"မင်းငါ့အပေါ် သိပ်ပြီးသစ္စာစောင့်သိတယ်ဆိုရင် ရွှီဇီရုန်နဲ့ ပတ်သက်တဲ့ ဒီကောလဟာလတွေအားလုံးကို ငါ ဘာလို့ မသိရတာလဲ? ‘ယုတ်ညံ့ပြီး အကျင့်မကောင်းတဲ့ တရားမဝင်ကလေး’ကို ဖယ်ရှားသင့်တယ်လို့ တစ်ယောက်ယောက်ကသာ ငါ့ကို မပြောခဲ့ဘူးဆိုရင် ငါ ဒီအကြောင်းကို သိမှာကိုမဟုတ်တော့ဘူး!"
လော့ဟွ၏နှလုံးခုန်သံက ရုတ်တရက် မြန်လာပြီး ခေါင်းငုံ့ကာ
"သခင်လေး… အဲဒါက လော့ဟွက သခင်လေးကို မပြောချင်လို့ မဟုတ်ပါဘူး…သခင်လေးဇီရုန်က မပြောခိုင်းတာပါ…"
"ဇီရုန်ကလား?"
ရွှီဇီယန်က ခဏလောက် အံ့အားသင့်သွားပြီး လက်ဝှေ့ယမ်းကာ သူမကို အရင်ထွက်သွားခိုင်းလိုက်သည်။
"ကိုကို ဘာတွေတွေးနေတာလဲ?"
လော့ဟွထွက်သွားပြီးနောက် ရွှီဇီရုန်က အခန်းထဲတွင် ပေါ်လာပြီး သူ့အစ်ကိုကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။
"ဒီအကြောင်းကို မင်းဘာလို့ ငါ့ကိုမပြောခဲ့တာလဲ?"
ရွှီဇီယန်က လေးနက်သောအသံဖြင့် ပြောသည်။
ရွှီဇီရုန်က သူ့ပခုံးတွေကို ညင်သာစွာ နှိပ်နယ်ပေးပြီး အပြုံးဖြင့်ပြောသည်။
"ဒါက အသေးအဖွဲကိစ္စပဲကို၊ ကိုကိုက ဘာလို့ ဒီကိစ္စလေးနဲ့ ဒေါသထွက်နေတာလဲ?"
"ဒါက အသေးအဖွဲကိစ္စလား?!"
ရွှီဇီယန်၏ မျက်နှာအမူအရာက မည်းမှောင်လာပြီး ရွှီဇီရုန်ကို သူ့ရှေ့သို့ ဆွဲလိုက်ကာ
"ဒါက အသေးအဖွဲလို့ မင်းဘယ်လိုလုပ်ခံစားရတာလဲ? မင်းကို သူတို့တွေ ဘယ်လိုပြောနေကြသလဲ မင်းမကြားဘူးလား?"
ရွှီဇီရုန်က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
"အရင်ဘဝက ကျွန်တော် ဒီထက်ကြမ်းတမ်းတဲ့ အကြောင်းအရာတွေ အများကြီးကြားခဲ့ရဖူးပါတယ်… ဒီတစ်ခါတော့ ကျွန်တော် ကောင်းကောင်းသည်းခံနိုင်ပါတယ်…"
#TK