Chapter 153
Viewers 23k

Chapter 153


"ထားလိုက်ပြီး လွတ်ပေးလိုက်တော့မယ်…"
ရွှီဇီယန်က ပခုံးတွန့်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

လောကကြီးမှာ သူမထိန်းချုပ်နိုင်သည့် အရာတွေ အများကြီးရှိပြီး အရာအားလုံးကို နဂိုအတိုင်းဖြစ်အောင် ထားရန်သာ သူကြိုးစားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ကံဆိုးခြင်းမှ သူမလွတ်မြောက်နိုင်ပေ။ ဤအချိန်တိုင်း သူ့နောက်လိုက်နေသည့် ကုဗတုံးကို ကောင်းကင်နှစ်ခွဲခြင်းက အလွယ်တကူ အနိုင်ယူမည်မဟုတ်ဟု သူယုံကြည်ခဲ့သည်။

"ကိုကို အရမ်းပင်ပန်းနေမှာပေါ့၊ အခု အိပ်တော့မလား?"
ရွှီဇီရုန်သည် သူ့အစ်ကို၏ခါးကို ရစ်ပတ်ရန် သူ့လက်ကိုဆန့်လိုက်ပြီး ပခုံးကို သူ့ပါးဖြင့် ပွတ်လိုက်သည်။

ရွှီဇီယန်၏နောက်ကျောက အေးစက်သွားပြီး ခေါင်းလှည့်ကာ ရွှီဇီရုန်အား ထိတ်လန့်စွာ စိုက်ကြည့်လိုက်သည်။
"အဲ… အဲဒါကို ဆိုလိုတာ မဟုတ်ဘူးမလား!"

ရွှီဇီရုန်က မျက်တောင်ခတ်ကာ သူ့နှုတ်ခမ်းကို တွန့်ကွေးပြီး အသာလေး ခေါင်းငြိမ့်လိုက်သည်။
"အင်း… ကျွန်တော်ဆိုလိုတာ အဲဒါပဲ!"

ရွှီဇီယန်က ဇီရုန်၏ခေါင်းကို ခေါ်ကာ တိုးတိုးပြောလိုက်သည်။
"မင်းဘာတွေ တွေးနေတာလဲ? မင်းငါ့ကို ခဏလောက် အနားယူခွင့်မပေးနိုင်ဘူးလား?"

ရွှီဇီရုန်က သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး အသံပြာပြာဖြင့် ပြောသည်။
"ကိုကို၊ ကျွန်တော် သည်းခံထားတာ တစ်လတောင်ရှိနေပြီ…"

"ဒါဆို ဆက်ပြီးသည်းခံနေလိုက်!"
ရွှီဇီယန်၏နဖူးတွင် အပြာရောင်သွေးကြောများ ပေါ်လာသည်။ သူက ရွှီရှောင်၏ ကြီးကြပ်မှုအောက်တွင် ရှိနေတာကို သိလျက်နဲ့ ဤကလေးက ဒီနေရာမှာ နှီးနှောမှုရယူရန် သတ္တိရှိရှိ တောင်းဆိုခဲ့သည်။ သူတို့ ညီအစ်ကိုနှစ်ယောက်က ချစ်သူတွေဖြစ်နေကြောင်းကို ရွှီရှောင် ရှာတွေ့သွားနိုင်သည်။ 

"ကိုကို… ကျွန်တော် မထိန်းနိုင်တော့ဘူး…"
ရွှီဇီရုန်သည် သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူ့အစ်ကို၏ခွကြားကို သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြင့် ပွတ်တိုက်နေသည်။

ရွှီဇီယန်သည် ဇီရုန်၏ခေါင်းကို ထပ်မံခေါက်ချင်သော်လည်း ရုတ်တရက် တစ်ခုခုကို တွေးနေပုံရသည်။ ဇီရွန်၏မျက်နှာကို သူလှည့်ကြည့်လိုက်သည်။

ရွှီဇီရုန်၏ မျက်နှာက ပြီးပြည့်စုံနေသေးသည်။ သူ့တွင် နူးညံ့သော အသားအရေ၊ သွယ်လျသော နှာတံ၊ နှုတ်ခမ်းနီရဲရဲ ရှိသည်။ သူ့မှာ လှပသော မျက်လုံးတစ်စုံလည်းရှိ၏။

ရွှီဇီယန်: "..."

သေစမ်း! ဒါက သွေးပင်လယ်နှလုံးကျင့်စဉ်ရဲ့ တုံ့ပြန်မှုလား?

တစ်နည်းဆိုရရင် သူက သူ့ကိုယ်သူ စတေးပေးရဦးမှာ မဟုတ်ဘူးလား? ခဏနေပါဦး… အဲဒါက တုံ့ပြန်မှုဆိုရင်တောင် တစ်ကြိမ်လုပ်ရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး!

အလိုလိုက်ခြင်းရဲ့ နာကျင်မှုပဲ! ရွှီဇီယန်သည် တုံ့ပြန်မှု အကြိမ်ရေ နည်းနိုင်မည်ဟု အမှန်တကယ် မျှော်လင့်ခဲ့သည်…

"ကိုကို… ကျွန်တော် တကယ်ကို မထိန်းထားနိုင်တော့ဘူး…"
ရွှီဇီရုန်က သူ့နှုတ်ခမ်းတွေကို နမ်းလိုက်ပြီး ချစ်ခင်တွယ်တာမှုများစွာကို ပြသလိုက်သည်။

ရွှီဇီယန်က ခဏတာ စကားမပြောနိုင်အောင် ဖြစ်သွားပြီး နောက်ဆုံးတွင် သူလက်လျှော့လိုက်တော့သည်။
"အနောက်တောင်ကို သွားရအောင်!"

ရွှီဇီယန်သည် သူကိုယ်တိုင် အိမ်ထဲမှာ လုပ်ခွင့်မပြုနိုင်ပေ။ အပြင်မှာလုပ်တာ တော်တော်ရှက်စရာကောင်းပေမယ့် ရွှီရှောင် သိတာထက်တော့ အဆင်ပြေပါသေးသည်…

"ကောင်းပြီ!" ရွှီဇီရုန်က ပြန်ပြောပြီး မျက်စိတစ်မှိတ်အတွင်း သူ၏ဓားပျံကို ထုတ်လိုက်သည်။ သူက ရွှီအိမ်တော်ဆိုတာကို ဂရုမစိုက်ဘဲ တောင်၏အနောက်ဘက်ကို အမြန်ထွက်သွားသည်။

မနက်စောစော ရွှီမိသားစုမှ သခင်လေးကို တွေ့ချင်သော တပည့်ငယ်များ: "…"

သေစမ်း! ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ကို လုယူခံရတာက မြင်ရတာ စိတ်မကောင်းဘူး! သူတို့ပြန်လာတဲ့အခါ လက်စားချေဖို့ သူ့ကိုရှာရမယ်!

ရွှီဇီရုန်သည် ရွှီမိသာစစုမှ တပည့်ငယ်များကို ဒေါသဖြစ်စေခဲ့ကြောင်း သူမသိသေးသော်လည်း သိပ်ဂရုစိုက်ပုံမရပေ။

ထိုတပည့်ငယ်များထဲက မည်သူမျှ သူ့ကို အမှန်တကယ် အနိုင်ယူနိုင်မည်မဟုတ်ပေ။ သူသည် သွေးမန္တန်တစ်မျိုးတည်းဖြင့် သူတို့ထဲမှ မည်သူ့ကိုမဆို အလွယ်တကူ အနိုင်ယူနိုင်သည်။

သူ့အစ်ကို သူတို့တွေ စစ်ဆေးသောအခါ သူတို့ကို သူ ‘ပြုပြင်’ပေးရလိမ့်မည်။ သို့ပေမယ့် အားနည်းသူတွေကို အနိုင်ကျင့်တာက မိုက်မဲရာကျလွန်းသည်။

ငါ့ကိုကိုက ငါ့အပိုင်မို့ မင်းတို့တွေ သူ့ကို ကြည့်ခွင့်မရှိဘူး!

—— ငါက သဟဇာတဖြစ်ခြင်းကို စည်းခြားခြင်းဖြစ်သည်——

သွေးပင်လယ်နှလုံးကျင့်စဉ်၏ ‘တုံ့ပြန်မှု’က နောက်ဆုံးတွင် ကျော်လွန်သောအခါ ရွှီဇီယန်သည် သူ့ကိုယ်သူ အရှက်ရသလို ခံစားရပြီး နောက်ဆုံးတော့ သူက အပြင်ဘက်တွင် လုပ်ခဲ့သည်။

ဒီအဖြစ်အပျက်အပြီးမှာ သူ ဘယ်လောက်ဖြူစင်တယ်ဆိုတာ သူရှာဖွေတွေ့ရှိခဲ့သည်။

ရွှီဇီရုန်က သူလိုချင်တာမှန်သမျှကို လုပ်ခဲ့သည်— ဖြစ်နိုင်သမျှ အနေအထားအားလုံးကို စမ်းကြည့်ခဲ့သည်။

ရွှီဇီယန်သည် နာကျင်နေသော ခါးကို ထိလိုက်ပြီး သူ၏ကိုယ်ကျင့်တရားက အန္တရာယ်ရှိနေပြီဟု ခံစားရသည်။ တုံ့ပြန်မှုဖြစ်လာသောအခါ ရွှီဇီရုန်သည် မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ ဖြေရှင်းရမည်ကို သူနားလည်ခဲ့သည်။

"ကိုကို…"
ကျေနပ်နေသော ရွှီဇီရုန်က တောက်ပစွာပြုံးပြပြီး သူ၏အပြုံးက လူအများ၏မျက်လုံးများကို ကန်းသွားစေနိုင်လောက်အောင် တောက်ပနေသည်။

ရွှီဇီရုန်၏ ကျေနပ်နေသော အကြည့်ကို မြင်လိုက်ရတော့ ရွှီဇီယန် အသက်ရှူမဝသလို ခံစားလိုက်ရသည်။ ဒီအလိုလိုက်ခံထားသောကောင်က နောက်ဆုံးတော့ သူလိုချင်တာကို ရခဲ့ပေမယ့် သူ့ခန္ဓာကိုယ်၏ တစ်နေရာရာကတော့ ပိတ်လို့မရတော့သလို ခံစားရသည်။

နှစ်ယောက်သား လျှို့ရှန်အဆောင်သို့ ပြန်ရောက်သောအခါ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့က ခြံဝင်းငယ်လေးရှိ စပျစ်သီးခင်းများအောက်က နေရောင်အောက်တွင် အပန်းဖြေနေကြသည်။

မူလလျှို့ရှန်အဆောင်၏ အလှဆင်မှုပုံစံက ပိုမိုရိုးရှင်းသောပုံပေါက်သော်လည်း ရွှီဇီရုန်ရောက်ရှိလာပြီးနောက် ရွှီဇီယန်သည် ပန်းများနှင့် အပင်များဖြင့် အလှဆင်ကာ ခြံဝင်းငယ်၏ ပုံစံကို ပြောင်းလဲရန် အစပြုခဲ့ပြီး ရွှီဇီရုန်ကို သူနှင့်အတူ မိသားစုအဖြစ် ကောင်းမွန်သောအချိန်ရှိစေရန်ဖြစ်သည်။

ယခုတော့ ခြံဝင်းတစ်ခုလုံး စိမ်းလန်းစိုပြေနေပြီး ထောင့်နားရှိ စပျစ်သီးခင်းများသည် အသီးအနှံများနှင့် ပြည့်နေပြီး စပျစ်သီးများက ရှည်လျားသလောက် ကြီးမားသည်။

"ဇီယန်၊ မင်းရဲ့စပျစ်သီးတွေက အရမ်းအရသာရှိတယ်…"
ကျန်ရင်းက ရွှီဇီယန်သည် လျှို့ရှန်အဆောင်သို့ လျှောက်လာတာကို ချက်ချင်းတွေ့လိုက်ကာ သူ့ခါးကို ထောက်လိုက်သည်။

ကျန်ရင်းပြောတာကို ကြားသောအခါ ဖန့်ထျန်းရွေ့က ရွှီဇီယန်ကို ကြည့်လိုက်သည်။ သူ့အကြည့်တွေက ခဏလောက် အေးခဲသွားပြီး ခေါင်းကိုငုံ့ကာ ကျန်ရင်းပါးစပ်ထဲကို စပျစ်သီးထည့်လိုက်သည်။

ကျန်ရင်းက အပြုံးခပ်ကြီးကြီး ပြုံးပြလိုက်သည်။ နတ်ဆိုးကျန်ရင်းက တစ်ချိန်လုံး စိတ်အဆင်မပြေနေပုံရသော်လည်း သူ၏ပင်ကိုစရိုက်က ကလေးတစ်ယောက်လိုပင်ဖြစ်သည်။ သူဒေါသထွက်သောအခါ သူ့ကို ထိန်းရတာ လွယ်ပါသည်။

သူ့ချစ်သူထံမှ စပျစ်သီးကို ရပြီးနောက် ကျန်ရင်းသည် ချက်ချင်းဆိုသလို သူ၏အာရုံကို ရွှီဇီယန်ထံမှ လှည့်သွားပြီး ဖန့်ထျန်းရွေ့ကို စပျစ်သီးတွေ ချစ်ခင်စွာ ကျွေးလေသည်။
 
သူတို့၏အပြုအမူတွေကို မြင်လိုက်ရတော့ ရွှီဇီယန်သည် သူမျက်လုံးတွေ အချိန်မရွေး ကန်းသွားမလို ခံစားရသည်။

သူ့မျက်နှာကို တိတ်တဆိတ် လှည့်လိုက်ပြီး ရွှီဇီယန်သည် သူတို့၏ ကြည့်နူးစရာအခိုက်အတန့်ကို မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလူနှစ်ယောက်ကို မီးလျှံနတ်ဆိုးနယ်မြေထဲ ဆွဲသွင်းပြီးကတည်းက သူတို့ဟာ တင်းမာစွာနေထိုင်ခဲ့ကြသည်။ သူတို့လည်း ခဏလောက် သက်သာရာရဖို့ အချိန်တန်လေပြီ။

"ကိုကို… ကျွန်တော်လည်း လိုချင်တယ်…"
ရွှီဇီရုန်သည် ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ ကြည့်နူးနေတာကို တောက်ပသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ရွှီဇီယန်: "…"

"ပြဿနာမရှာနဲ့! မင်းက ကလေးမဟုတ်တော့ဘူး!"
ရွှီဇီရုန်၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းဆိုပြီးနောက် ရွှီဇီယန်သည် ခါးနာနာဖြင့် အခန်းထဲသို့ ပြန်သွားခဲ့သည်။

အရင်နေ့က ယွမ်မိသားစု၏ ပြဿနာများပြီးနောက် ယွမ်မော့၏ စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားဖြင့် တိုက်ခိုက်ခဲ့ရပြီး ရွှီဇီယန် ပင်ပန်းနေသေးသည် 

သူနိုးလာပြီးနောက် ရွှီဇီရုန်က သူနှင့်အတူ လုပ်ချင်သေးသည်။ သူ၏နူးညံ့သောကုတင်ပေါ်မှာ မအိပ်ရဘူးဆိုရင် သူရူးသွားတော့မလို ခံစားနေရသည်။ 

ရွှီဇီရုန်က သူ့အစ်ကို ဘယ်လောက်ပင်ပန်းနွမ်းနယ်နေတယ်ဆိုတာကို နားလည်ခဲ့ပြီး ရယ်စရာကောင်းသော တောင်းဆိုမှုတွေကို ရပ်လိုက်သည်။ သူ့အစ်ကို၏ စွမ်းအင်များ ဆုံးရှုံးသွားတာကြောင့် သူက သူ့အစ်ကိုကို ချစ်စဖွယ် နှိပ်နယ်ပေးခဲ့သည်။ 

ရွှီဇီယန်က ‌ညည်းတွားပြီး မကြာခင် အိပ်ပျော်သွားသည်။ ဒါကိုမြင်ပြီးနောက် ရွှီဇီရုန်က သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး သူ့အစ်ကို၏ကုတင်ပေါ်မှာ လှဲချလိုက်သည်…

ရွှီဇီရုန်သည် ကိုယ်ဗလာဖြင့် သူ့အစ်ကိုကို သူ့ရင်ခွင်ထဲသို့ ထည့်လိုက်သောအခါ ရွှီဇီယန်၏အခန်းထဲရှိ ဗီရိုကြီး၏ဘေးတွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။

ရွှီဇီရုန်သည် ထိုအနေအထားကို စိုက်ကြည့်ရင်း တစ်ခုခုကို တွေးနေပုံရပြီး မှုန်ကုပ်ကုပ်ပြုံးလိုက်သည်။

သူ့အစ်ကိုက သူ့ကို ဆန့်ကျင်ရန် ဘာမှလုပ်မှာမဟုတ်ဘူးဆိုတာ သူသိတာကြောင့် သူ့အစ်ကို၏ခန္ဓာကိုယ် လျှက်လိုက်၊ နမ်းလိုက် လုပ်တော့သည်။ သူ့အစ်ကို၏တစ်ကိုယ်လုံးကို နမ်းလို့ပြီးသွားသောအခါ သူရပ်လိုက်ပြီး သူ့အစ်ကိုကို ဖက်ထားရင်း အိပ်ပျော်သွားခဲ့သည်။ 

ရွှီဇီရုန် မျက်လုံးမှိတ်ပြီးနောက် မှိန်ဖျော့ဖျော့အရိပ်တစ်ခုက ဗီရိုမှ ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ တိတ်တဆိတ် ရွေ့လျားသွားသည်။ အရိပ်က ပြတင်းပေါက်မှ အသာလေး ခုန်ဆင်းသွားသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ရွှီဇီရုန်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး အနည်းငယ် ပွင့်နေသော ပြတင်းပေါက်ကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ သူသာ ခန့်မှန်းတာ မှန်ခဲ့မည်ဆိုရင် ဒီပုံရိပ်က သူ၏အရင်ဘဝတုန်းက သူ၏တိုက်ခိုက်မှုကို သူ့ကိုယ်သူပိတ်ဆို့ခဲ့သောလူ ဖြစ်နိုင်သည်။ ပြီးနောက် ဒီပုံရိပ်က ရွှီဇီယန်၏အိပ်ခန်းထဲမှာ တစ်လျှောက်လုံး ပုန်းနေခဲ့သည်။

ထိုလူက အလွန်သစ္စာစောင့်သိသော်လည်း ရွှီဇီယန်က သူ၏ဖြစ်တည်မှုကိုပင် မသိခဲ့ပေ။

သူပြန်လှည့်ပြီး သူ့အစ်ကို၏ရင်ခွင်ထဲမှာ သူ့ကိုယ်သူ မြှုပ်နှံထားလိုက်ပြန်သည်။ ဒီလူက ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ရွှီရှောင်ဆီ ပြောပြမလားဆိုတာ ရွှီဇီရုန်ဂရုမစိုက်ပေ။ သူမသေခင်မှာ ဒီလူက ရွှီရှောင်၏ပထမဇနီးနာမည်ကို ခေါ်ခဲ့တာ သူမှတ်မိသေးသည်။ ရွှီရှောင်၏ ပထမဇနီးကို ချစ်မြတ်နိုးသော အမျိုးသားတစ်ယောက်အနေနဲ့ ရွှီရှောင်နဲ့ ပေါင်းသင်းနေနိုင်တာ အံ့ဩစရာပင်။

ရွှီရှောင်က ဤလူကို ရွှီဇီယန်အား လျှို့ဝှက်ကာကွယ်ရန် မည်သို့ပြုလုပ်ခဲ့သည်ကို သူမသိပေ။ ရွှီဇီယန်က ဇီယောင်၏သားဖြစ်သည်ဟူသောအချက်ကို ရွှီရှောင်က အသုံးပြုခဲ့သည်မှာ သေချာသည်။

ဘာပဲဖြစ်ဖြစ် ဒီလူကို ဘာလို့ ဂရုစိုက်နေမှာလဲ? အမျိုးသမီးတစ်ယောက်အတွက် ရွှီရှောင်နဲ့ တိုက်ခိုက်ဖို့ကြိုးစားနေသော လူတစ်ယောက်သာဖြစ်ပြီး သူ့ရန်သူ၏သားကိုတောင် လျှို့ဝှက်ကာကွယ်နေသေးသည်။ တကယ့်အမှိုက်အရိုက်ပဲ။

ရွှီဇီရုန် သရော်လိုက်သည်။ သူက ဒီလူကို အထင်သေးပေမယ့် အမှောင်ထဲကနေ သူ့အစ်ကိုကို ကာကွယ်ဖို့ ဆန္ဒရှိတာကြောင့် သူ့ကို လွတ်ထားပေးတာဖြစ်သည်။ သူ့အတွက် ဆုံးရှုံးစရာ ဘာတစ်ခုမှ မရှိဘူး။ တစ်ချိန်ချိန်မှာ သူက သူ့အစ်ကိုကို တကယ် ဂရုမစိုက်နိုင်တော့ဘူးဆိုရင် ဒီလူကို ပြောပြဖို့ နည်းလမ်းကောင်းတစ်ခု ရှိပါသေးသည်။

သူက ဒီလူအပေါ် အချိန်အများကြီး မပေးချင်တာကြောင့် အဖြစ်အပျက်တွေကို ဂရုတစိုက် လျစ်လျူရှုလိုက်သည်။ ခုနက လူလုပ်ခဲ့သည့် ပြောင်ပြောင်တင်းတင်း လုပ်ရပ်က ဒီလူကို သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မြင်သွားအောင်လုပ်ဖို့ပဲဖြစ်သည်။ သူ့အစ်ကိုဘေးမှာ ဒီလိုလျှို့ဝှက်ပြီး သန်မာသောပုံရိပ်နဲ့ ဒီလူကို ယုံလို့မရရင် စောစောကတည်းက သူ့ကိုရှင်းပစ်လိုက်တာ ပိုကောင်းပါသည်။ 

ရွှီဇီယန်ကတော့ သူအိပ်ပျော်နေချိန်တွင် သူ့ညီလေးက သူ၏လုပ်ကြံသတ်ဖြတ်သူကို ခြိမ်းခြောက်နေမှန်း မသိပေ။ သူနိုးလာသောအခါ ကိုယ်လုံးတီးက သူ့အားရစ်ပတ်ထားတာကိုသာ သူသိလိုက်သည်။ 

ရွှီဇီယန်သည် ဆွံ့အစွာ သူ့နားထင်ကို ပွတ်သပ်လိုက်သည်။ ထူးဆန်းတာက သူ့မှာ ထူးထူးဆန်းဆန်း အိပ်တတ်နေသော ကိုယ်ဟန်အနေအထားဖြင့် ဇီယွိကို ကုတင်ပေါ်ကနေ ကန်ထုတ်ခဲ့ဖူးသည်။ သို့သော်လည်း ဇီရုန်က အိပ်ပျော်နေချိန်တွင် သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားနိုင်ခဲ့သည်။

တကယ်တော့ ဒါဟာ နည်းပညာတစ်ခုလည်း ဖြစ်နိုင်ပါသည်။ _(:3∠)_

"ထတော့!" ရွှီဇီယန်သည် ရွှီဇီရုန်အိပ်ပျော်နေတာကို ကြည့်ပြီး ဇီရုန်ကို နည်းနည်းစချင်တာကြောင့် မနေနိုင်ဘဲ နှာခေါင်းကို ပိတ်လိုက်သည်။

"အမ်…" ရွှီဇီရုန်က နှာခေါင်းကို ရွှေ့သွားပြီး ရွှီဇီယန်၏လက်မောင်းကို သူ့ပါးဖြင့်ပွတ်သပ်ကာ အခြားအနေအထားဖြင့် ဆက်အိပ်နေလေသည်။

ရွှီဇီယန်က ပြုံးကာ သူ့နှာခေါင်းကို ဆက်ပိတ်လိုက်သည်။

ရွှီဇီရုန်၏ ပါးလွှာသော မျက်ခုံးနှစ်ဖက်က အနည်းငယ် ကြွလာပြီး သူ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် တုန်ခါလာကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ…" ရွှီဇီယန်က ရွှီဇီရုန်၏နှာခေါင်းကို ချစ်ခင်စွာ ညှစ်ထားသည်။

ရွှီဇီရုန်က ပေကလက်ပေကလက်ဖြင့် သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
"ကိုကို အရင်က ပြောဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ကျွန်တော်မှတ်မိသေးတယ်… မင်းသားလေးက မင်းသမီးကို နမ်းပြီး နှိုးဖို့မလိုဘူးလား?"

ရွှီဇီယန် ရုတ်တရက် ရှက်လာသည်။ ထိုအချိန်တုန်းက သူဟာ ရွှီဇီရုန်ကို တကယ့်ကလေးဟု ထင်ခဲ့သည်။ သူ့ကို ပျော်ရွှင်စေဖို့အတွက် ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ပြောပြရန် ခက်ခက်ခဲခဲ စဉ်းစားခဲ့သည်။ နောက်ဆုံးမှာတော့ ရွှီဇီရုန်က ပြန်လည်မွေးဖွားသူဖြစ်နေခဲ့သည်။

ရွှီဇီယန်သည် နောက်ဆုံးတော့ ရွှီဇီရုန်က ပုံပြင်ကို နားထောင်ပြီး အဘယ်ကြောင့် ထူးဆန်းစွာ ကြည့်ရသည်ကို နားလည်သွားသည်။ ထိုကဲ့သို့ ကလေးဆန်သော ပုံပြင်ဖြင့် သူ့ကို လှည့်စားရန် ကြိုးစားသော သူ့အစ်ကိုအား ရယ်မောနေနိုင်သည်...

"ကိုကို…" ရွှီဇီရုန်က ရွှီဇီယန်၏လက်မောင်းကိုဆွဲကာ မျက်တောင်ခတ်လိုက်ပြီး အိပ်ပျော်သွားဟန်ဆောင်ကာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

ရွှီဇီယန်က ရယ်ကာ ခေါင်းငုံ့ပြီး ရွှီဇီရုန်၏နှုတ်ခမ်းကို ညင်သာစွာတို့ထိကာ
"ထတော့၊ ငါ့ရဲ့အိပ်ပျော်နေတဲ့အလှလေး…"

"ဟမ်!" သူစကားမဆုံးခင် ရွှီဇီရုန်က သူ့နှုတ်ခမ်းတွေကိုဖွင့်ပြီး သူ့လျှာဖျားဖြင့် ရစ်ပတ်လိုက်သည်။

တပ်မက်ခြင်းမရှိသော အနမ်းတစ်ခုသည် ရွှီဇီရုန်၏ မဆင်မခြင်အပြုအမူဖြင့် တဖြည်းဖြည်း ပြောင်းလဲသွားသော်လည်း ရွှီဇီယန်က ပြတ်ပြတ်သားသား လှုပ်ရှားလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဖြန်း!

ရွှီဇီရုန်က အံ့သြသွားသည်...

ရွှီဇီယန်က သူ့လက်ကို ဂရုမစိုက်ဟန်ဖြင့် ရုတ်လိုက်ပြီး ဇီရုန်၏တင်ပါးကို ကြည့်လိုက်ရာ နီရဲနေပြီဖြစ်သည်။

အမှန်တော့ ဒါဟာ အရောင်အသွေးကောင်းပြီး ဆွဲဆောင်မှုရှိသည်…

"ကိုကို…" ရွှီဇီရုန်၏ မျက်လုံးများတွင် မျက်ရည်များဝဲလာသည်။

ရွှီဇီယန်က သူ့ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်ရင်း 
"တော်တော့… ငါ မင်းကို နည်းနည်းတော့ သင်ခန်းစာပေးရမယ် မဟုတ်ရင် ငါမင်းအစ်ကို မလုပ်တော့ဘူး…"

ရွှီဇီရုန်: "…"

"မြန်မြန်ထ၊ သတိထားနေနော်၊ ငါမင်းကို ထပ်ရိုက်နိုင်သေးတယ်!" ရွှီဇီယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှီဇီရုန်က တိတ်တဆိတ် ဆို့နင့်သွားသည်။ နှီးနှောရန် မတောင်းဆိုနိုင်တော့ဘဲ သူက အရိုက်တောင်ခံလိုက်ရသည်။ သူ့ထက်ပိုပြီး လောကကြီးမှာ ဝမ်းနည်းစရာကောင်း‌သော လူတစ်ယောက်ရှိနိုင်ပါ့မလား…

ဝမ်းနည်းစွာ သူ့အိပ်ယာပေါ်တက်သွားပြီး သူအကြည့်တွေက တစ်မနက်လုံး အေးစက်နေခဲ့သည်။

သူ့အစ်ကိုက ရိုက်နှက်တာက အဆင်ပြေပေမယ့် သူတို့ထပြီးနောက် ရွှီရှောင်က သူ့ကို ခေါ်သွားသည်။ ဒါကို သူတကယ် သည်းမခံနိုင်တော့ပေ။

"အဟန့်… အဟန့်… သခင် ဒီလိုမနေပါနဲ့… လူတော်တော်များများက သခင်ကို စောင့်ကြည့်နေကြတယ်…"
ကျန်ရင်းက သူ့နားထင်ကို အကူအညီမဲ့စွာ ကိုင်လိုက်သည်။ သူ့သခင် ပြုံးနေတာကို အမြဲတမ်း မြင်ခဲ့ရတာကြောင့် သူဝမ်းနည်းနေချိန်တွင် သူ့ဘေးနားရှိ လူတိုင်းက နစ်မြှုပ်နေသော ခံစားချက်ကို ခံစားရမှာဖြစ်သည်။ 

ရွှီဇီရုန်က အေးစက်စက် တစ်ချက်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်က စူးစမ်းလိုစိတ်ရှိသော မျက်လုံးများနဲ့ ထိုလူတွေဟာ ရုတ်တရက် ထိတ်လန့်သွားကြသည်…

နောက်ဆုံးတွင် ဤတပည့်ငယ်များသည် ရွှီဇီရုန် တစ်ယောက်တည်းကို မတိုက်ရဲတော့ပေ။ သူတို့သည် အခြေခံကျင့်ကြံခြင်းအဆင့်သို့ပင် မရောက်ရှိသေးဘဲ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူအား စိန်ခေါ်ရန် မဖြစ်နိုင်ပေ။

ဒါပဲရှိတော့သည်…

လှပသော‌ကလေးက သူတို့၏သခင်လေးအား ရစ်ပတ်ထားတာကို မြင်ရသည်မှာ မကောင်းလှပေ…

သူ့ညီလေးဆိုရင်တောင်မှပေါ့!

သူ့ပတ်ဝန်းကျင်က လူတွေကို လျစ်လျူရှုပြီးနောက် ရွှီဇီရုန်က ကျန်ရင်းကို စိတ်မရှည်စွာ ပြောခဲ့သည်။
"ကောင်းပြီ… မင်းက မသေမျိုးအဆင့်သို့တက်လှမ်းခြင်း စုံစမ်းပြီးသွားပြီ… ပြန်ကြရအောင်…"

ကျန်ရင်း ခေါင်းငြိမ့်လိုက်သည်။ အရင်က ဖန့်ထျန်းရွေ့နဲ့ စကားစမြည်ပြောနေချိန်တွင် သူတို့က မသေမျိုးအဆင့်သို့တက်လှမ်းခြင်းဆီ ရောက်သွားသေးသည်။ နောက်ဆုံးတွင် ဤသည်မှာ ယွမ်မိသားစု၏ ‌ဘိုးဘေး၏ မျှော်လင့်ချက်ဖြစ်ပြီး သူ၏ အမတဝိညာဉ်အခြေတည်စအဆင့်ကို ဖြတ်ကျော်ရန်ဖြစ်သည်။ သို့သော် သူကိုယ်တိုင် လျှောက်လမ်းပြီးနောက်တွင် လူများကို လေးလံစေသည့်အချက်မှလွဲ၍ ၎င်းနှင့်ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာမရှိတာကို သူတွေ့ရှိခဲ့သည်။

"မသေမျိုးအဆင့်သို့တက်လှမ်းခြင်းကို ရပြီးနောက် အဲဒီဘိုးဘေးက စိတ်ဝိညာဉ်သွေးကြောတွေကို လုံးဝအသက်မသွင်းနိုင်ဘူးဆိုတာ သိလိုက်ရင် ဘယ်လိုခံစားရမလဲ ငါတွေးမိတယ်…"
ကျန်ရင်းက ပခုံးတွန့်လိုက်သည်။

"ဟမ်…"
ရွှီဇီရုန်သည် သူ့စကားကြောင့် စိတ်အားထက်သန်သွားသည်။

ယွမ်မိသားစု၏ ဤအဖြစ်အပျက်မှာ တစ်ခုခုမှားယွင်းနေပြီဟု သူအရင်က ခံစားခဲ့ရသော်လည်း သူ့အတွေးများကို စုစည်းရန် အချိန်မရှိခဲ့ပေ။ ကျန်ရင်း၏သတိပေးချက်ကြောင့် သူအရင်က ဘယ်လိုကြန့်ကြာခဲ့သလဲဆိုတာ သူနားလည်သွားသည်။

မသေမျိုးအဆင့်သို့တက်လှမ်းခြင်းသည် ရွှီမိသားစုတွင် လုံးဝလျှို့ဝှက်ချက်မဟုတ်ပေ။ ကောက်ချက်ချရန် လွယ်ကူသည်—— ဤရတနာကို တောင်ပေါ်တွင် တင်ထားခြင်းဖြင့် လေဖြင့် လွှင့်သွားတာ ဒါမှမဟုတ် မိုးရေဖြင့် ဆေးကြောလိုက်တာအထိ သိသာထင်ရှားလှပေသည်။ ထို့ကြောင့် ၎င်းသည် စိတ်ဝိညာဉ်သွေးကြောတွေကို ရှင်သန်စေမည့် ရတနာတစ်ပါး မည်သို့ ဖြစ်နိုင်မည်နည်း။

အကယ်၍ မသေမျိုးအဆင့်သို့တက်လှမ်းခြင်းတွင် ဤကဲ့သို့လုပ်ဆောင်ချက်တကယ်ရှိခဲ့ပါက ရွှီမိသားစုသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ကတည်းက အသတ်ခံရမည်ဖြစ်သည်။

ဒါဆို… ယွမ်မိသားစု၏ ဘိုးဘေးကို မသေမျိုးအဆင့်သို့တက်လှမ်းခြင်းဖြင့် စိတ်ဝိညာဉ်သွေးကြောတွေကို ပြန်လည်ကောင်းနိုင်သည်ဟု ဘယ်သူကပြောခဲ့တာလဲ?

ဤလူသည် ရွှီမိသားစုအပေါ် ဆိုးရွားသော ရည်ရွယ်ချက်ရှိရမည် မဟုတ်လျှင် အဲဒီဘိုးဘေးက ဒီအကြောင်းကို သိမှာမဟုတ်ပေ။ တစ်ဖက်တွင် ဤလူသည် မကောင်းသောမန္တန်များအကြောင်းလည်း သိရမည်။ မဟုတ်ပါက သူက လွှင့်လိုက်သော မသေမျိုးအဆင့်သို့တက်လှမ်ခြင်း၏ လုပ်ဆောင်ချက်များသည် ဘိုးဘေးလိုအပ်သည့် အရာမဟုတ်ပေ။

သူ၏ရှည်လျားသောမျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး ရွှီဇီရုန်၏အမူအရာမှာ အနည်းငယ်သုန်မှုန်လာသည်။ ရွှီမိသားစုကို မကြိုက်တာက သူ့ကိစ္စသာဖြစ်ပြီး ဒါပေမယ့် ဘယ်သူ့ကိုမှ မိသားစုကိုတော့ ထိခိုက်အောင် လုပ်ခွင့်မပေးနိုင်ပေ။

သူသည် ရွှီမိသားစုနှင့် တွယ်တာသောကြောင့် မဟုတ်ဘဲ မိသားစုအန္တရာယ်ကြုံပါက သူ့အစ်ကိုက ကူညီမယ်ဆိုတာကို သူသိသောကြောင့်ဖြစ်သည်။ အမှောင်ထဲမှာ တစ်ယောက်ယောက်က လှည့်ကွက်တွေကစားနေတယ်ဆိုရင် သူ့အစ်ကိုက ဆွဲသွင်းခံရပြီး ဒဏ်ရာရသွားနိုင်သည်။ 

ရွှီဇီရုန်၏အကြည့်က ရုတ်တရက် အလွန်အေးစက်လာပြီး ဤခြိမ်းခြောက်မှုကို စောစီးစွာ ဖယ်ရှားခြင်းက ပိုကောင်းသည်ဟု သူထင်မိသည်။

ကျန်ရင်းက မျက်ခုံးပင့်ကာ ရွှီမိသားစုကို အကွက်ချက်ခဲ့သူအတွက် ဝမ်းနည်းမိပြီး ထိုသူ၏အခြေအနေက မည်မျှသနားစရာကောင်းလာမည်ကို သိရန် သူ့မှာဘာနည်းလမ်းမှမရှိပေ။

"ကိုကို!" ရွှီဇီရုန်က လျှို့ရှန်အဆောင်သို့ ပြန်ရောက်သည်နှင့် ခြံဝင်းထဲတွင် စာဖတ်နေသော ရွှီဇီယန်ကို တွေ့လိုက်ရသည်။

သူသည် စာအုပ်တစ်အုပ်ကိုကိုင်ကာ ကျောက်စားပွဲပေါ်တွင် ငြိမ်သက်စွာထိုင်နေပြီး သူ၏ချောမောသောမျက်နှာဖြင့် အလွန်လေးနက်နေသည်။ သူဖတ်နေသောအရာကို အလွန်အာရုံစိုက်နေပုံရသည်။ 

ရွှီဇီယန်၏ ခန္ဓာကိုယ်က အရပ်ရှည်ပြီး ဖြောင့်စင်းသည်။ သူသည် အလွန်ချောမောပြီး ယောင်္ကျားပီသသော ဆွဲဆောင်မှုအပြည့်ရှိသည်။ ထို့အပြင် သူ၏ အရည်အချင်းများဖြင့် အထူးသဖြင့် နှစ်ကိုယ်တူကျင့်ကြံခြင်းတွင် အမျိုးသမီးကျင့်ကြံသူများအတွက် အကောင်းဆုံး ရွေးချယ်ဖြစ်မည်မှာ သေချာပါသည်။

ရွှီဇီရုန်သည် စာရွက်များလှန်နေသော သူ့အစ်ကိုကို တိတ်တဆိတ်ကြည့်နေသည်။ ရုတ်တရက် ပျော်ရွှင်မှုတွေ ဝိုင်းရံနေသလို ခံခံစားလိုက်ရသည်။ အခြားသူတွေ မြင်ရတာက ရွှီဇီယန်၏ အပြင်ဘက်သာဖြစ်ပြီး သူသာလျှင် သူ့အစ်ကိုခန္ဓာကိုယ်ထဲက ဝှက်ထားသော နှလုံးသားကို အမှန်တကယ် ဆုပ်ကိုင်နိုင်ခဲ့သည်။

တစ်ခုပဲ——

ရွှီဇီရုန်က ဒါက အေးချမ်းသောပုံမှန်း သိသာထင်ရှားပေမယ့် သူ့အစ်ကိုနောက်တွင်ရပ်နေသော အစေခံမကို တကယ်မလိုအပ်ပေ။

ရွှီဇီရုန်က တိတ်တဆိတ် လျှောက်သွားပြီး အစေခံမကို လက်ပြကာ အဝေးသို့ သွားခိုင်းလိုက်သည်။

အစေခံမ၊ လော့ဟွက ရွှီဇီရုန်ကို မြင်ပြီးနောက် ချက်ချင်း ထွက်ပြေးသွားကာ ရွှီဇီရုန်။အံသြသွားခဲ့သည်။

ဘာဖြစ်တာလဲ? ‌ဒီလော့ဟွက သူ့ကိုကို,ကို နှစ်အတော်ကြာ အလုပ်အကျွေးပြုခဲ့တာကို၊ ရုတ်တရက် သူမ ဘာဖြစ်သွားတာလဲ?

လော့ဟွဘာဖြစ်သွားလဲဆိုတာ တွေးမတော့ဘဲ ရွှီဇီရုန်က ကုန်းလိုက်ကာ သူ၏မေးစေ့ကို သူ့အစ်ကိုပခုံးပေါ်တင်ပြီး သူ့အစ်ကိုဖတ်နေသောစာအုပ်ကို ကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်တော့ သူတုန်လှုပ်ချောက်ချားသွားပြီး တောင့်တင်းကာ မလှုပ်ရှားနိုင်တော့ပေ။ ခဏအကြာတွင် ရွှီဇီယန်က သူ့ကို သံသယဖြင့် ပြန်ကြည့်လာကာ ရွှီဇီရုန်က ပုံမှန်အတိုင်းကြည့်ရန် ကြိုးစားလိုက်သည်။

"ဘာဖြစ်တာလဲ?"
ရွှီဇီယန်က မျက်ခုံးပင့်ကာ သူ့ညီလေးကို ကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး!"
ရွှီဇီရုန်က အလိုအလျောက် တုံ့ပြန်လာသည်။

သူဘာထပ်ပြောနိုင်မှာလဲ? နေ့ခင်းဘက်ကြီး သူ့ကိုကိုက ညစ်ညမ်းစာအုပ်ဖတ်နေတာကို သူစွပ်စွဲရမှာလဲ?

‌အခုလေးတင် လော့ဟွက မိုးကြိုးပစ်ခံရသကဲ့သို့ ပုံစံဖြစ်နေတာ အံ့ဩစရာမရှိပေ။ သူမသခင်လေးက ညစ်ညမ်းစာအုပ်ကြည့်နေတာကို တွေ့လိုက်ပြီးနောက် သူမ မအီမသာဖြစ်နေတာ ဖြစ်မည်။

"ကိုကိုက ဘာလို့…"
ရွှီဇီရုန်က သတိထားပြီး မေးလိုက်သည်။ သူ့ကိုကိုက ဒီလိုစာမျိုးတွေဖတ်တာကို သူမကန့်ကွက်ပေမယ့် သူ့ကိုကိုက အပေါ်ထပ်တက်ဖို့ အကြံပေးလာမှာကို သူစိုးရိမ်သည်။ 

ကလေးဘဝက ‌စိတ်ဒဏ်ရာတချို့ကြောင့် ဖြစ်နိုင်ပေမယ့် အောက်ထပ်မှာ ဖိခံထားရတာကို သူတကယ်မကြိုက်ပေ။ သူသည် ထိုသူကို(မူလရွှီဇီယန်) သတ်ပြီးပြီဖြစ်သော်လည်း သူ၏ဗီဇများ ဖြစ်ပေါ်လာပြီး ပြောင်းလဲရန် ခဲယဉ်းသွားလိမ့်မည်။

သူ့ကိုကို,ကို အပေါ်ထပ်ထားလိုက်ရင် ထိုလူက ပိုင်ဟွနဲ့ နှီးနှောခဲ့သည့်အကြောင်းကို တွေးမိပြီး ရွံစရာကောင်းသော ခံစားချက်က သူ့ဆီ ပြေးဝင်လာကာ ရုတ်တရက် သတ်ဖြတ်စိတ်ဆန္ဒတွေ ပြည့်နှက်နေခဲ့သည်။

"ဇီရုန်!"
ရွှီဇီယန်က သူ့ဝိညာဉ်၏မှတ်ဉာဏ်ထဲမှာ နှစ်မြှုပ်နေသော ရွှီဇီရုန်ကို နှိုးဆော်လိုက်သည်။

သူက သူ့ကိုကို၏လက်မောင်းထဲသို့ ပြေးဝင်ကာ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

သူ့ကိုကိုက ညစ်ညမ်းတဲ့သူမဟုတ်ဘူး၊ ဒါက သူ့ရဲ့အဖိုးတန်ဆုံး နတ်ဘုရားပဲ။

"ကိုကို…"
ရွှီဇီရုန်၏အသံက အနည်းငယ် ဩရှနေပြီ သူ့ဝိညာဉ် မီးလောင်တိုက်သွင်းခံရသည့် ခံစားချက်ကို သူမှတ်မိနေသေးတာကြောင့် ရုတ်တရက် အနည်းငယ် အားနည်းသွားသလို ခံစားလိုက်ရသည်။

"မင်း အခု ဘာဖြစ်သွားတာလဲ?"
ရွှီဇီယန်က စိုးရိမ်တကြီးဖြင့် ရွှီဇီရုန်ကို ကြည့်လိုက်သည်။ ဇီရုန်က သူ့ကိုယ်သူ သူ့ရင်ခွင်ထဲသို့ အပ်လိုက်သောအခါ သူသည် အလွန်နုနယ်နေပုံရပြီး သူ့လေသံက အလွန်နူးညံ့လာသည်။

"အဆင်ပြေပါတယ်… ဒီအတိုင်း… ကျွန်တော် မကောင်းတဲ့အရာတစ်ခုခုကို သတိရသွားလို့ပါ…"
ရွှီဇီရုန်က ခြောက်ကပ်ကပ်အသံဖြင့် ပြောသည်။

ရွှီဇီယန် ရုတ်တရက် အံသြသွားသည်။ ဘယ်လိုအရာက ဇီရုန်ကို ဒီလောက်ထိ စိတ်ထိခိုက်သွားစေမလဲဆိုတာ သူသိသည်။ အဆိုးရွားဆုံး အဖြစ်အပျက်ကတော့ သူ့ဝိညာဉ်ကို ဆယ်စုနှစ်များစွာ မီးလောင်တိုက်သွင်းခံရခြင်းဖြစ်ပြီး ဇီရုန် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရသည့် ထိုနာကျင်မှုမျိုးကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။

ရွှီဇီယန်သည် ဇီရုန်၏ ဆံပင်များကို အသာလေး ပွတ်သပ်ပြီးသူ့ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ သူသည် ဇီရုန်အပေါ် အလွန်နူးညံ့လွန်းသည်ဟု သူ့ကိုယ်သူ တစ်ခါတစ်ရံ ပြောဆိုတတ်သော်လည်း ဇီရုန်၏အရင်ဘဝက ဘယ်လောက်တောင် သနားစရာကောင်းခဲ့သလဲဆိုတာကို တွေးလိုက်သောအခါတွင် သူ ဘယ်လိုလုပ် ကြမ်းတမ်းစွာ ပြုမူနိုင်မှာလဲ? ထို့ကြောင့် နူးညံ့ခြင်းက သူ့ကံကြမ္မာသာဖြစ်သည်…

"‌အင်းပါ… အင်းပါ… မကောင်းတဲ့မှတ်ဉာဏ်တွေအားလုံးကို မေ့ပစ်လိုက်… မင်းရဲ့ကိုကိုက မင်းနဲအတူ အမြဲရှိနေမှာပါ!"
ရွှီဇီယန်သည် သူပေးထားသည့်ကတိအတိုင်း လုပ်တော့မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားသည်။

"အမ်…" ရွှီဇီရုန်က ပွင့်လင်းစွာ ပြန်ပြောသည် "ကိုကိုက ဒါကို ကြည့်နေတာ… ကျွန်တော့်ကို လိုချင်လို့လား?"

#TK