Chapter 158
Viewers 23k

Chapter 158


လန့်ယွီလျှို့ဝှက်နယ်မြေ ဖွင့်လှစ်ပြီးနောက် သူတို့လက်များပေါ်က အပြာနုရောင်လက်စွပ်သည် သူတို့ကို အထဲဝင်ပြီး ပြန်လာစေရန် ယုံကြည့်လို့ရသောတစ်ခုတည်းသော အရာဖြစ်သည်။ တစ်နည်းဆိုရသော် သူတို့သည် ဤလက်စွပ်ကို ပျောက်သွားပါက လျှို့ဝှက်နယ်မြေထဲတွင် ထာဝရပိတ်မိနေလိမ့်မည်။

နှစ်ပေါင်းများစွာကြာအောင် လန့်ယွီလျှို့ဝှက်နယ်မြေကို ဖွင့်လိုက်တိုင်း ပျောက်သွားသော တပည့်များ အမြဲရှိပေသည်။ ထို့ကြောင့် လျှို့ဝှက်နယ်မြေထဲကိုဝင်ပြီးနောက် ဤအပြာနုရောင်လက်စွပ်ကိုရရန် အခွင့်အခါရလျှင် ဂိုဏ်းဆီသို့အရောက်ပို့ပေးပြီး အကူအညီများပင် ပြုလုပ်နိုင်သည်။

ရွှီဇီယန်သည် ဤကိစ္စကို စိတ်မဝင်စားသလို သူ့အတွက် အလွန်ခက်ခဲပါသည်။

လန့်ယွီလျှို့ဝှက်နယ်မြေရှိ ဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်က သမုဒ္ဒရာဖြစ်သည်။ ထိုကဲ့သို့ မထင်ရှားသော လက်စွပ်တစ်ကွင်းကို ရှာဖွေခြင်းသည် ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ရှာဖွေခြင်းနှင့် ဘာမှမထူးခြားပေ။

ဤတစ်ကြိမ်တွင် လျှိုကွမ်းဂိုဏ်းမှ တပည့် ၁၀၀ ကျော်ကို လျှို့ဝှက်နယ်မြေသို့ စေလွှတ်ခဲ့သည်။ သူတို့သည် အများအားဖြင့် အတွင်းတပည့်များဖြစ်ပြီး အနည်းငယ်သောသူများကသာ အမှန်တကယ် ဆက်ခံသူတပည့်များဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူမှာ ဝိညာဉ်ကြောချဲ့ထွင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိထားပြီဖြစ်သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအားနှင့် ပြည့်နေပြီး ဝိညာဉ်ကြောချဲ့ထွင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်သည်။ မကြာမီ သူက ရွှေအမြုတေအဆင့် ဖြစ်လာနိုင်ဖွယ်ရှိသည်။

လျှို့ဝှက်နယ်မြေဖွင့်သောအခါ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေလို ကြီးမားသောဝင်ပေါက်မဖွင့်ပေ။ ၎င်းက လူတိုင်း၏လက်စွပ်ကို အပြာရောင်အလင်းတန်းခပ်ဖျော့ဖျော့သာ ထုတ်လွှတ်ပေးသည်။

"နင်တို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို လက်စွပ်ထဲ ထည့်လိုက်… လက်စွပ်က အပြာရောင်အလင်းတန်းတွေ ထပ်ပြီးထုတ်လွှတ်တဲ့အခါ လျှို့ဝှက်နယ်မြေ ပိတ်ပြီလို့ ဆိုလိုတယ်… နင်တို့ အချိန်မီ မထွက်နိုင်ရင် လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေမှာဖြစ်ပြီး ပြန်ဖွင့်ဖို့ နောက်နှစ်ငါးဆယ်အကြာ စောင့်ရလိမ့်မယ်…"
ခန်းမအဝင်ဝတွင် လေးနက်သောအမူအရာဖြင့် အမျိုးသမီးတစ်ဦးရှိသည်။ သူမ၏အကြည့်က အံ့သြစရာမကောင်းသော်လည်း သူမ၏မျက်လုံးများက မထင်မှတ်ဘဲ စူးရှနေခဲ့သည်။ နက်မှောင်သော မျက်လုံးများထဲတွင် ခပ်ရေးရေး ဓားအလင်းတန်းတစ်ခု ရှိနေပြီး သူမ၏မျက်လုံးများနှင့် မည်သူမျှ အကြည့်မဆုံရဲပေ။

အမျိုးသမီးက စကားပြီးတာနဲ့ တစ်ဖက်ခန်းမထဲကို လှည့်ဝင်သွားသည်။ အပြာရောင်အလင်းတန်းသည် ရင်ပြင်အနှံ့ လင်းလက်လာသည်။ ကျင့်ကြံသူသည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို လက်စွပ်ထဲသို့ သွင်းလိုက်သည်နှင့်အမျှ သူတို့၏ပုံရိပ်များက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။ သူတို့က နယ်မြေထဲသို့ ဝင်သွားကြောင်း ရွှီဇီယန်သိလိုက်သည်။

"သွားကြရအောင်!" 
ရွှီဇီယန်က သူ့ဘေးနားကလူတွေကို ပြောလိုက်သည်။

သူတို့လေးယောက်ဟာ တစ်ချိန်တည်းမှာ စိတ်ဝိညာဉ်စွမ်းအားတွေကို ဖြည့်သွင်းပြီး သူတို့၏ပုံရိပ်တွေက အပြာရောင်အလင်းတန်းတွေနဲ့အတူ ရင်ပြင်ကနေ ပျောက်ကွယ်သွားခဲ့သည်...

အာကာသထဲကို ခရီးသွားတာ ဒါက ရွှီဇီယန်အတွက် ပထမဆုံးအကြိမ်မဟုတ်ပေမယ့် အလွန်ထူးဆန်းသည်ဟု ခံစားရတာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ 

အပြာရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားပြီးနောက် ရာဘာပြွန်ထဲကို ထည့်နေသလို ခံစားရသည်။

ပြွန်ကို သူ့အပေါ်တွင် တင်းတင်းကျပ်ကျပ် ဖိထားသောကြောင့် အသက်ရှူရခက်ခဲစေသည်။ သုံးစက္ကန့်လောက်ကြာတော့ သူ့တစ်ကိုယ်လုံး ပြေလျော့သွားသလို ခံစားလိုက်ရပြီး ငန်သောပင်လယ်လေက သူ့မျက်နှာကို တိုက်လာသည်။

သူသည် သူ့ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်အလွှာများစွာကို ဖုံးအုပ်ထားပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ရွှီဇီယန်: "!!!"

ထိုအချိန်တွင် သူ့ကိုယ်သူ ကျောက်တုံးကြီးတစ်ခုပေါ်မှာ ရှိနေတာကို တွေ့လိုက်ရပြီး ရွှယ်ထွမ်က သူ့ဘေးမှာ ထိုင်နေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး လူတစ်ယောက်တောင်မမရှိချေ…

လခွမ်း! အတူတူ ခရီးသွားမယ်လို့ ပြောခဲ့တဲ့လူတွေအားလုံး ဘယ်မှာလဲ?

ရွှီဇီယန်သည် ပတ်ဝန်းကျင်ကို ဝမ်းနည်းစွာ ကြည့်လိုက်ရာ သန္တာကျောက်တန်းကို ရိုက်ခတ်လာသော လှိုင်းလုံးသံများကိုသာ ကြားလိုက်ရသည်...

"ကံဆိုးလိုက်တာ! ငါတို့ ဘာကြောင့် လူကွဲသွားတာလဲ? ဒီအကြောင်းကို ဆရာသခင်က ငါ့ကို ဘယ်တုန်းကမှ မသတိပေးခဲ့ဘူး…" 
ရွှီဇီယန်က သူ့ကိုယ်သူ ညည်းတွားပါတော့သည်။

ထိုအခိုက်အတန့်တွင် တစ်ယောက်ယောက်က သူ့ကိုခေါ်နေသလိုမျိုး သူ့ရင်ထဲတွင် ထူးဆန်းစွာ တုန်လှုပ်သွားသည်။

"ငါဒီမှာ…" သူသည် ထိုခေါ်ဆိုမှုကို တုံ့ပြန်ခဲ့ပြီး ရွှီဇီရုန်က သူ့ခန္ဓာကိုယ်အတွင်း၌ ထားခဲ့သော သွေးစာချုပ်ဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။

(မစ္စတာသွေးစာချုပ်က လက်ကိုင်ပုဝါသေးသေးလေးကို ဝှေ့ယမ်းနေသည်: ဟုတ်တယ်၊ အဲဒါ ငါပဲ~ သခင်~ O(* ̄3 ̄)o)

တကယ်တော့ ဝေ့ချင်နှင့် လဲ့ဟူတို့နဲ့ လူကွဲသွားတာကို သူစိတ်မပူပေ။ ‌ထို့အပြင်က နဂါးပုံသဏ္ဌာန် ကျောက်စိမ်းမျှော်စင်၏ တည်နေရာအတိအကျကို သူသိသည်။ သူ ထိုနေရာမှာ ရပ်စောင့်နေသ၍ ဝေ့ချင်က နောက်ဆုံးမှာ ပေါ်လာလိမ့်မည်။

သူစိတ်ပူသော တစ်ခုတည်းသောအရာက ရွှီဇီရုန်ပဲဖြစ်သည်။ ထိုကောင်စုတ်လေးက ရွှီဇီယန်ကို ရှာမတွေ့တော့တာနဲ့ အလွန်စိုးရိမ်စိတ်ဖြစ်လာမှာ ဖြစ်သည်။ သည်လိုမထင်မှတ်ထားသောအဖြစ်အပျက်က သူ၏သွေးပင်လယ်နှလုံးကျင့်စဉ်ကြောင့် သွေးဆာလာလိမ့်မည်။

သည်တုံ့ပြန်မှုကို သူ့ထိန်းချုပ်မှုအောက်မှာ အချိန်အတိုင်းအတာတစ်ခုအထိ မျိုသိပ်ထားနိုင်ပေမယ့် အချိန်အတော်ကြာပြီးနောက် သည်ကလေးက ရူးသွပ်သွားတော့မှာ သေချာပါသည်...

ယခု သူနှင့် ရွှီဇီရုန်ကအဆက်အသွယ်ရှိနေပြီဖြစ်သဖြင့် ရွှီဇီရုန်က သူ့ဦးတည်ရာသို့ ရွေ့လျားနေကြောင်းကို သူရိပ်မိတာကြောင့် ရွှီဇီယန်စိတ်ပူမနေတော့ပေ။ သူခြေချထားသော “တံငါကျွန်း”ကို သန္တာကျောက်တန်းလို့ နာမည်တပ်ဖို့ပဲတန်သည်ဟု ခံစားရသည်။

ရွှီဇီယန်သည် လူတစ်ယောက်အတွက်သာ လုံလောက်အောင် ကြီးမားသော သန္တာကျောက်တန်းပေါ်တွင် တည်တည်ကြည်ကြည် ရပ်တည်နေသည်...

"Meh?" 
ရွှယ်ထွမ်က ရွှီဇီယန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ ရုတ်တရက် သူဘာကြောင့် ဤမျှလေးနက်လာသလဲကို လုံးဝအံ့ဩသွားသည်။ ╮(╯_╰)╭

"ကိုကို!"

သိပ်မကြာခင်မှာပင် ကောင်းကင်မှ ပုံရိပ်တစ်ခုသည် ရွှီဇီယန်၏ လက်မောင်းတွေထဲသို့ တန်းတန်းမတ်မတ် ထိုးဆင်းသွားခဲ့သည်။

"အာ… မင်း မြန်တာပဲ…"
ရွှီဇီယန်က သူ့ဆံပင်တွေကို ပွတ်သပ်ပြီး ချီးကျူးလိုက်သည်။
"ဝေ့ချင်နဲ့ လဲ့ဟူတို့ကို မင်းတွေ့သေးလား?"

ရွှီဇီရုန်က မပျော်မရွှင်ဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း…"

"ဟင်?" ရွှီဇီယန် အနည်းငယ်အံ့သြသွားပြီး "ဒါဆို သူတို့နဲ့အတူ မင်းဘာလို့မလာခဲ့တာလဲ?"

"သူတို့နဲ့ ဘယ်သူကရှိချင်လို့လဲ!"
ရွှီဇီရုန်က သူ့ကိုယ်သူလွှတ်ထားခဲ့သည်။ သူသည် အစကတည်းက သူ့ကိုကိုနှင့် လူကွဲသွားတာကြောင့် အလွန်စိုးရိမ်နေခဲ့ပြီး ထိုလူနှစ်ယောက်ကို သူ ဘယ်လိုလုပ် ဂရုစိုက်နေဦးမှာလဲ။

ရွှီဇီယန်က သူ့နဖူးကို ကူကယ်ရာမဲ့စွာ ထိလိုက်သော်လည်း ရွှီဇီရုန်သည် ထိန်းချုပ်မှုလုံးဝလွတ်နေပြီး စိတ်အခြေအနေဆိုးရွားနေတာဖြစ်ရမည်ကို သူသဘောပေါက်ခဲ့သည်…

"သွားရအောင်… ဝေ့ချင်နဲ့ လဲ့ဟူတို့ကို သွားရှာကြမယ်… အတူတူသွားတာက ပိုကောင်းတယ်…"
ရွှီဇီယန်က ပြုံးကာ သူ့မျက်နှာကို နမ်းလိုက်သည်နှင့် မျှော်လင့်ထားသည့်အတိုင်း ရွှီဇီရုန်က တစ်ခဏချင်း ပျော်ရွှင်လာသည်။

သူတို့၏ဓားပျံသည် ပင်လယ်ပြင်အထက်တွင် အလွန်လျင်မြန်စွာ ရွေ့လျားနေသော်လည်း လမ်းကြောင်းပေါ်တွင် မထင်မှတ်ထားသော အခြေအနေများ ရှိနေနိုင်သေးသည်။ လမ်းခရီးတွင် စိတ်ဝိညာဉ်စွမ်းအင်များကို မဖြုန်းတီးဘဲ သူနေချင်သည်။

သူသည် ချန်ခွင်အိတ်ထဲမှ သင်္ဘောကြီးတစ်စင်းကို ထုတ်ယူပြီး ပဲ့ပိုင်းတွင် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးကို တင်လိုက်သည်။ သစ်သားသင်္ဘောကြီးသည် လျင်မြန်စွာ ရွေ့လျားလာပြီး ဓားပျံထက် နှေးနေသေးသော်လည်း၊ ၎င်းက တည်ငြိမ်နေပြီး အချိန်ကြာမြင့်စွာမောင်းနှင်ရန်အတွက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုသာ လိုအပ်သည်။

တံငါကျွန်းမှ ထွက်ခွာပြီးနောက် ပင်လယ်ထဲတွင် ရေစိမ်နေသော လဲ့ဟူနှင့် ဝေ့ချင်တို့ကို ရှာတွေ့ရန် နှစ်နာရီခန့်ကြာခဲ့သည်။

သူတို့ကို ဆယ်ယူပြီးနောက် ရွှီဇီယန်သည် ဦးတည်ချက်ကို ရိုးရှင်းစွာစစ်ဆေးပြီး နေထွက်ရာလမ်းကြောင်းဆီသို့ မောင်းနှင်သွားခဲ့သည်။

နဂါးပုံသဏ္ဍာန် ကျောက်စိမ်းမျှော်စင်သည် လန့်ယွီလျှို့ဝှက်နယ်မြေ၏ အရှေ့ဘက်ရှိ ကျွန်းကြီးပေါ်တွင် တည်ရှိသည်။ ထိုကျွန်းသည် ကြီးမားပြီး လန့်ယွီလျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် အကျော်ကြားဆုံး ကျွန်းကြီးတစ်ကျွန်းလည်းဖြစ်သည်။

ကျွန်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နှစ်ရာနှင့်ချီမှ တစ်ကြိမ်သာ ပေါ်လာတတ်သောကြောင့် လန့်ယွီနယ်မြေတွင် ခရီးသွားသူများသည် ဤကျွန်းကြီး၏တည်ရှိမှုကို သိခဲလှသည်။

ထိုအချိန်က လော့ယွင်သည် ဤကျွန်းကို ရှာဖွေတွေ့ရှိရန် အတော်လေး ကံကောင်းခဲ့သော်လည်း သူ့တွင် စစ်မှန်သောနဂါးနှင့် ပတ်သက်သည့် အခွင့်အရေးမရှိသဖြင့် ရတနာတောင်ပေါ်မှ လက်ချည်းသက်သက်သာ ထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ရွှီဇီယန်သည် ဝေ့ချင်ကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ ထုံးစံအတိုင်း ကျွန်းပေါ်ဆင်းပြီး ဘာမှမရမှာကို သူစိတ်ပူစရာမလိုတော့ပေ။ ထို့အပြင် ဝတ္ထု၏ဖော်ပြချက်အရ ဝေ့ချင်တွင် နှစ်ရာနှင့်ချီ၍ စစ်မှန်သောနဂါး၏ အသန့်စင်ဆုံးသွေးရှိခဲ့သည်။

လန့်ယွီလျှို့ဝှက်နယ်မြေတွင် ကောင်းကင်သည် ကြည်လင်ပြီး တိမ်ကင်းစင်ကာ ရွှီဇီယန်သည် ကုန်းပတ်ပေါ်တွင် လှဲလျောင်းနေပြီး အလွန်စိတ်အေးလက်အေး ဖြစ်နေသည်။ မျက်လုံးကို အနည်းငယ်မှိတ်ထားရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ နွေးထွေးသော နေရောင်ခြည်ကို ခံစားလိုက်ရသည်။ သူသည် သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို ဖြန့်ကျက်ထားပြီး သူ့ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမဆို စူးစမ်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရွှယ်ထွမ်ပေးခဲ့သော စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားနည်းစနစ်ကို သူလေ့ကျင့်ပြီးကတည်းက သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားမှာ တိုးတက်လာခဲ့သည်။ သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားမှာ အမတဝိညာဉ်အခြေတည်စအဆင့်နှင့် နီးပါးဖြစ်လာသည်။

‘စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအား လေ့ကျင့်ခြင်း’ဟုခေါ်သော လေ့ကျင့်ခန်းသည် သူ၏ကျင့်ကြံခြင်းအပေါ် အနည်းငယ်မျှ အကျိုးသက်ရောက်မှုမရှိသော်လည်း စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားတည်ငြိမ်မှုအတွက် အလွန်အစွမ်းထက်ပါသည်။ ယခုတွင် သူသည် ပထမအဆင့်သာ ကျင့်ကြံရသေးပြီး သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားက တိုက်ခိုက်ရန် ဆူးပင်များအဖြစ် ပေါင်းစည်းနေပြီဖြစ်သည်။ ထိုတိုက်ခိုက်မှုက သေစေနိုင်လောက်သည်အထိမဟုတ်သော်လည်း မမျှော်လင့်ဘဲ တိုက်ခိုက်နိုင်သည်။

အကယ်၍ ရွှီဇီယန်သည် အရေးကြီးသော အခိုက်အတန့်တွင် ရန်သူကို တိုက်ခိုက်ရန် ၎င်းကို အသုံးပြုပါက ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း ရန်သူကို ခဏတာ မတည်မငြိမ်သွားစေနိုင်သည်။

ဤအခိုက်အတန့်က အလွန်တိုတောင်းပုံရသော်လည်း ထိုသို့သောအခြေအနေမျိုးတွင် တိုက်ပွဲ၏ရလဒ်ကို ဆုံးဖြတ်ရန် လုံလောက်ပါသည်။ ရွှီဇီယန်သည် သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို လေ့ကျင့်ရန်အတွက် အနှောင့်အယှက်များမှ ကင်းဝေးနေရန် မလိုအပ်တော့ပေ။

ရွှီဇီယန်သည် ကျင့်ကြံနေစဉ် ပတ်ဝန်းကျင်ကို စောင့်ကြည့်ခဲ့သည်။ မူလဝတ္ထုတွင် ပိုင်ဟွသည် နဂါးကျွန်းသို့ အောင်မြင်စွာ မရောက်ရှိမီတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ အဓိကဇာတ်လိုက်အတွက် အထူးဆက်ဆံတာမျိုး ဟုတ်၊မဟုတ် ရွှီဇီယန်မသိသော်လည်း ထိုသို့ဖြစ်ပွားခြင်းမှ ရှောင်ရှားရန် ပြီးပြည့်စုံသော ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

လန့်ယွီလျှို့ဝှက်နယ်မြေကို သူတို့ရောက်ကတည်းက သုံးရက်ရှိနေပြီဖြစ်သည်။ ခရီးစဉ်သည် အလွန်အေးချမ်းခဲ့ပြီး ကောင်းကင်တွင် ပင်လယ်ငှက်များပင် မရှိခဲ့ပေ။

သို့သော် ထိုကဲ့သို့ အေးချမ်းသောနေ့တွင် လူတိုင်းသည် မူမမှန်မှုတချို့ကို သတိပြုမိကြသည်။

ဤလျှို့ဝှက်နယ်မြေသည် ဂိုဏ်းပေါင်းစုံမှ တပည့်များ အတွေ့အကြုံခံစားနိုင်သော နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် သတ္တဝါတွေက ဘယ်လိုလုပ်နည်းပါးနေမည်နည်း။

အခြေအနေက လုံးဝကို ထူးဆန်းနေပေမယ့် ရွှီဇီယန်သည် အရာအားလုံးကို သတိထားပြီး လှည့်မကြည့်နိုင်ခဲ့ပေ။ ထို့ကြောင့် အပြင်ဘက်တွင် အေးအေးဆေးဆေးကြည့်နေပေမယ့် ရင်ထဲမှာ သတိထားရမယ့် အတိုင်းအတာတစ်ခုရှိနေသည်။

ရွှီ‌ဇီယန်သည် နေရောင်အောက်တွင် နေပူဆာလှုံနေပြီး ရွှီဇီရုန်က သူ့ကိုကိုနှင့်အတူ လဲလျောင်းနေကာ နွေးထွေးသောနေရောင်ခြည်ကို အတူတူခံစားနေပါသည်။ ရွှယ်ထွမ်နှင့် ဖန်မောင်တို့သည် နေအသာဆုံးနေရာကို တွေ့ရှိခဲ့ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားခဲ့သည်။ လူတိုင်းက စိတ်အေးလက်အေး ဖြစ်နေပုံရသည်။

ရွှီဇီရုန်၏ အပူချိန်သည် အခြားသူများထက် နိမ့်ကျပြီး သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် ဖြစ်နိုင်သည်။ အများအားဖြင့်တော့ သူ့ကိုကို၏ရင်ခွင်ထဲမှာ နေရတာကို နှစ်သက်ပြီး နွေးထွေးမှုကို နှစ်သက်တာကြောင့်ဖြစ်သည်။

ယခုအခါ နေရောင်အောက်တွင် ပျင်းရိစွာ လဲလျောင်းရင်း သူ့ကိုကို၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော ရွှီဇီရုန်သည် မယုံနိုင်လောက်အောင် ပျော်ရွှင်နေပြီး မျက်တောင်ခတ်လိုက်သည်။

ဒီအခိုက်အတန့်လေးသာ ထာဝရတည်မြဲနေမယ်ဆိုရင်...

ရွှီဇီရုန်၏နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်ယမ်းသွားသော်လည်း ကြည်နူးနေသောအငွေ့အသက်ကို အနှောင့်အယှက်ဖြစ်စေသည့် ကျယ်လောင်သော အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်...

"ဇီယန်၊ ဘာလို့ ငါးမမိရတာလဲ?!"
လဲ့ဟူက သမ်းဝေပြီး သူ၏ခြေချောင်းများတွင် ဆွဲထားသော ငါးမျှားကြိုးကို လွှင့်ပစ်လိုက်သည်။ ပါးပါးလှီးထားသော အသားတုံးလေးကို လိမ္မာပါးနပ်သောငါးက စားလိုက်ပြီဖြစ်ကာ ချိတ်သာကျန်ရှိတော့သည်… 

လဲ့ဟူက အံ့ဩသွားပြီး စိတ်ပျက်စွာ ချိတ်ကို ကြည့်နေသည်။

"ဟား! ဟား! ဟား!"
ဝေ့ချင်က လဲ့ဟူအပေါ် အထင်သေးခြင်းကို အပြည့်အဝပြသပြီး ရယ်မောလိုက်သည်။

လဲ့ဟူက အနည်းငယ် ရှက်သွားကာ သတိမပြုမိလုနီးပါး ဖြစ်နေသည်။ သူက ဒေါသတကြီးနဲ့ ချိတ်ကို မြေကြီးပေါ်ပစ်ချလိုက်ပြီး
"မင်းအရမ်းတော်နေရင် မင်းကိုယ်တိုင်လုပ်ပါလား!"

ဝေ့ချင်က သူ့ကို ပေါ့‌ပါးစွာ တစ်ချက်ကြည့်ပြီး
"ငါးအကြီးကြီးမျှားပေးမယ်လို့ အားလုံးကို ကတိပေးခဲ့တာ ငါမှမဟုတ်တာ… ဘာလို့ ငါမင်းကို ကူညီရမှာလဲ?"

လဲ့ဟူက မေးငေါ့လိုက်သည်။
"ဘာလို့လဲ? မင်းက ကြောက်လို့လား? မင်းက ငါးဘယ်လိုမျှားရမလဲဆိုတာ မသိဘဲ ငါ့ကို လှောင်ပြောင်ဖို့ပဲ သိနေတာမို့လို့လား?"

ဝေ့ချင်၏နှုတ်ခမ်းက တွန့်ကွေးသွားပြီး ငါးမျှားကြိုးကို ကြည့်ကာ အခြားသူတွေ သူ့အား ထိုးချင်အောင် ဖြစ်စေသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။

"ဒီလိုအစုတ်မျိုးနဲ့ မင်းက ငါးမျှားချင်တာလား? ဒီငါးတွေက မင်းလိုမျိုး တုံးတယ်လို့ ထင်နေတာလား?"

လဲ့ဟူက ဝေ့ချင်နှင့် စကားများခဲသော်လည်း သူက အထက်စီးဆန်သောပုံစံဖြင့် ခဏလောက် တွေးလိုက်သည်။
"ကောင်းပြီလေ… မင်း ဘယ်လိုပုံစံနဲ့ ငါးမျှားမလဲဆိုတာ ငါကြည့်မယ်!"

ဝေ့ချင်က လဲ့ဟူသည် ပျော့ညံ့တာကို ဝန်ခံမည်ဟု မမျှော်လင့်ထားသော်လည်း ကြောက်ရွံ့မှုကို မပြခဲ့ပေ။ သူက သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး ထူးခြားသော အနက်ရောင်လက်စွပ်ကို သူ့လက်တစ်ဖက်ဖြင့် ထိလိုက်သည်။ အနီရင့်ရောင် ငါးမျှားတံက ရုတ်တရက် သူ့လက်ဖဝါးထဲသို့ ကျသွားသည်။

ရွှီဇီယန်၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားက ဤသင်္ဘောတစ်ဝိုက်တွင် ပျံ့နှံ့နေတာကြောင့် သင်္ဘောပေါ်ရှိ အရာအားလုံးကို သူသိသည်။

ဝေ့ချင်၏လက်ထဲက လက်စွပ်ကို မြင်လိုက်ရတော့ သည်လက်စွပ်က နရွှီလက်စွပ်ဆိုတာ သတိပြုမိလိုက်တာကြောင့် သူ့စိတ်တွေ တုန်လှုပ်သွားသည်။

ဤနရွှီလက်စွပ်သည် ချန်ခွင်အိတ်၏ အဆင့်မြင့်ထားသောပုံစံနှင့် ညီမျှမည်ဖြစ်ပြီး ၎င်းကို ရွှီမီနယ်မြေ၏ အဆင့်နှိမ့်ထားသော ပုံစံတစ်ခုအဖြစ်လည်း တွေ့မြင်နိုင်ပါသည်။

နရွှီသည် အများအားဖြင့် ဟင်းလင်းပြင်နေရာငယ်တစ်ခုက ကြီးမားသော စွမ်းအားတချို့မှ ဆင်းသက်လာသည်။ ဤစွမ်းရည်ရှိသော ကျင့်ကြံသူများသည် များသောအားဖြင့် အမတဝိညာဉ်ဖွံ့ဖြိုးပြီးအဆင့်နဲ့အထက်တွင် ရှိကြသည်။ သို့သော် ဤအဆင့်သို့ရောက်သည်နှင့် ကျင့်ကြံသူများသည် နတ်ဘုရားကျင့်ကြံခြင်းအဆင့်တက်လှမ်းရန် ရှာဖွေကြမည်ဖြစ်ပြီး ဟင်းလင်းပြင်ထဲက ဤနေရာငယ်တစ်ခုကို ရှာဖွေရန် အချိန်မရှိပေ။

ဤအဆင့်သို့ရောက်သောအခါ ကျင့်ကြံသူများသည် ပစ္စည်းများသိမ်းဆည်းရန် သူတို့၏ ရွှီမီနယ်မြေကို အသုံးပြုကြသည်။ မကြာခဏဆိုသလို သူတို့သည် ဤနရွှီလက်စွပ်ကို သူတို့၏သားစဉ်မြေးဆက်များထံ ထားရစ်ခဲ့ကာ ပစ္စည်းများက ကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါးပါသည်။

ရွှီဇီယန်၏မူလခန္ဓာကိုယ်၏မှတ်ဉာဏ်နှင့် ဝတ္ထုကို မှတ်မိနေသ၍ ပိုင်ဟွနှင့် လင်ရှောင်ထျန်တို့တွင် တစ်ခုစီရှိပြီး မော့ကျီးယွမ်တွင် တစ်ဝက်ရှိကာ မူလရွှီဇီယန်ကတော့ တစ်ဝက်ရှိဖို့တောင် ကံမကောင်းခဲ့ပေ။

အာ… ဒါက မဟုတ်သေးဘူး!

ရွှီဇီယန်သည် ရုတ်တရက် မျက်လုံးဖွင့်ပြီး ထထိုင်ကာ ဝေ့ချင်၏အနက်ရောက်လက်စွပ်ကို ကြည့်ပြီး တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်သည်။

ဝတ္ထုထဲတွင် ပိုင်ဟွ၏လက်စွပ်ကို ပထမဆုံးအကြိမ်အဖြစ် ဖော်ပြသည့်အခါ လန့်ယွီလျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားချိန်ဖြစ်ကြောင်း သူသတိရမိသည်။ သူဝတ္ထုကိုဖတ်တုန်းက ပိုင်ဟွကဟာ ကျောက်စိမ်းမျှော်စင်ကနေရခဲ့တာလို့ အမြဲထင်ခဲ့ပေမယ့် တကယ့်ဖြစ်ရပ်မှန်တော့ မဟုတ်နိုင်ပေ။

နောက်ပိုင်းတွင် ရွှီဇီယန်သည် ပိုင်ဟွ၏လက်ထဲက လက်စွပ်ကို အကြိမ်များစွာတွေ့ခဲ့သည်။ ပုံသဏ္ဌာန်အားဖြင့် သူတို့နှစ်ခုက ဆင်တူသည်ဟုထင်ရသော်လည်း ပိုင်ဟွ၏လက်စွပ်သည် ရွှေ သို့မဟုတ် ကျောက်စိမ်းကဲ့သို့မဟုတ်ဘဲ လက်စွပ်တစ်ခုလုံးတွင် ငွေရောင်အလင်းတန်းတစ်ခု အမြဲရှိနေပါသည်။ လက်စွပ်သည် စိတ်ဝိညာဉ်စွမ်းအင်စုပ်ယူမှုကို အရှိန်မြင့်ပေးပြီး လူတွေကို ကျင့်ကြံရာတွင်လည်း ကူညီပေးသည်ဟု ဆိုကြသည်။

"ဝေ့ချင်၊ အဲဒီလက်စွပ်က ဘာလဲ?"
ရွှီဇီယန်က ခဏလောက် စဉ်းစားပြီး မေးဖို့ ဆုံးဖြတ်လိုက်သည်။ တကယ်တော့ ပိုင်ဟွ၏လက်စွပ်ဟာ အလွန်အစွမ်းထက်ပြီး အတွင်းထဲမှာ ကျယ်ပြောလှသော နေရာလွတ်တစ်ခုနဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ဖွင့်ဖို့သော့တစ်ခုလည်း ဖြစ်ခဲ့သည်။

"ဟင်?" 
ဝေ့ချင်က ခေါင်းကို လှည့်ပြီး သူ့လက်စွပ်ကို စိုက်ကြည့်နေသည့် ရွှီဇီယန်ကိုကြည့်ကာ အနည်းငယ် နောင်တရစွာ ပြောသည်။
"ဒါက ငါ့မိသားစုဆီကနေ အမွေရထားတဲ့ ငွေလက်စွပ်ပဲ… ဒါက ရှားပါးတဲ့နရွှီပဲ… ကံမကောင်းစွာပဲ အဲဒါက ငါ့ရဲ့ဘိုးဘေးတွေထဲကတစ်ယောက်ကြောင့် ထိခိုက်သွားခဲ့ပြီး အခု အတွင်းပိုင်းနေရာ အရမ်းသေးသွားပြီ… ဒါကို အိမ်က ရတနာခန်းမကနေ ငါတွေ့ခဲ့တာ…"

ရွှီဇီယန်က ခေါင်းငြိမ့်လိုက်ပြီး သူနည်းနည်း ပိုနားလည်သွားသည်။ အဓိကဇာတ်လိုက် ပိုင်ဟွ၏ သက်ရောက်မှုအောက်တွင် လက်စွပ်က အကျုံးဝင်လာတာဖြစ်နိုင်သည်။ ဝေ့ချင်၏လက်ထဲတွင် ဘာမှမဖြစ်နိုင်သောလက်စွပ်က ပိုင်ဟွလက်ထဲတွင် ရတနာတစ်ခုဖြစ်လာခဲ့သည်။

"ဒီလိုပစ္စည်းတွေကို ဖုံးကွယ်ထားတာက ပိုကောင်းတယ်…"
ရွှီဇီယန်က နူးညံ့စွာ ဖျောင်းဖျလိုက်သည်။ ဝေ့ချင်၏နောက်ခံဖြင့် နရွှီလက်စွပ်ကို ဝတ်ဆင်ထားတာက ပြဿနာကြီးကြီးမားမားမဟုတ်ပေ။ တချို့လူတွေက သူ၏နောက်ခံကို မသိဘဲ သည်လက်စွပ်အတွက် လောဘကြီးလာပြီး ပြဿနာဖြစ်လာမှာကို သူစိုးရိမ်တာဖြစ်သည်။

ဝေ့ချင်က လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့… ငါသိပ်မသုံးဖြစ်ပါဘူး…"

ရွှီဇီယန်က ခေါင်းငြိမ့်လိုက်သည်။ ဝေ့ချင်က နည်းနည်းတော့ တုံးပေမယ့် သူ့ပညာက သူ့ကို တုံးအတာတွေ လုပ်ခွင့်မပေးချေ။ ရွှီဇီယန်အတွက် စိတ်ပူတာက သူ့ဗီဇဖြစ်နေလေပြီ။

"ကိုကို…"
ရွှီဇီရုန်၏အေးစက်သောလက်ချောင်းများက ရွှီဇီယန်၏လက်ပေါ်သို့ ရွေ့သွားပြီး ရွှီဇီယန်သည် ရုတ်တရက် သူ့နောက်ကျောအေးစက်သွားသလို ခံစားလိုက်ရသည်။

"ကိုကိုက အခြားသူတွေကို ဂရုစိုက်ပြတာမျိုး ကျွန်တော်မုန်းတယ်…"
ရွှီဇီရုန်က သိမ်မွေ့စွာ ပြောခဲ့သော်လည်း ရွှီဇီယန်က မှင်တက်သွားသည်။

"ကိုကိုက ကျွန်တော့်အပိုင်ပဲ!"
ရွှီဇီရုန်က ဝမ်းနည်းစွာ ညည်းညူလိုက်သည်။

ရွှီဇီယန်က ကူကယ်ရာမဲ့ သူ့ခေါင်းကို ခေါက်လိုက်သည်။
"အဓိပ္ပါယ်မရှိလိုက်တာ! မင်းကိုကိုက မင်းအပိုင်မဟုတ်ဘူးလို့ ဘယ်သူကပြောနေလို့လဲ?!"

ရွှီဇီရုန်က သူ့ခေါင်းကို ကူကယ်ရာမဲ့ ပွတ်လိုက်သည်။ သူ့ကိုကိုကလည်း ပေါင်းသင်းဆက်ဆံဖို့ လိုအပ်တာကြောင့် သူလက်လျှော့လိုက်ရသည်။ သူ့ကိုကို သူပိတ်လှောင်မထားသ၍ အခြားလူတွေနဲ့ စကားပြောတာကို သူတားလို့မရပေ။ 

သူ့ကိုကို,ကို သူပိတ်လှောင်ထား၍သာရလျှင် ရွှီဇီရုန် အလွန်ပျော်ရွှင်မှာဖြစ်ပေမယ့် သူ့ကိုကိုက မပျော်မရွှင်ဖြစ်လိမ့်မည်။

ကိုကိုက မပျော်ဘူး = ငါ့အတွက် ဘဝက ဆိုးရွားလိမ့်မယ်

ဒါကိုတွေးတောရင်း သည်အကြံကို ရွှီဇီရုန် လက်လျှော့လိုက်ရသည်…

ရွှီဇီရုန်ဆီမှ သူ့အာရုံကို အဝေးသို့ပို့လိုက်ပြီး ဝေ့ချင်၏လက်ထဲက လက်စွပ်ကို စူးစိုက်ကြည့်ပြန်သည်။

အနက်ရောင်ဖြင့် တောက်ပသောလက်စွပ်သည် ဝေ့ချင်၏ဖြူဖျော့ဖျော့လက်ဖဝါးနှင့် အမှန်တကယ်မလိုက်ဖက်ပေ။ ကံကောင်းထောက်မစွာ ၎င်း၏ပုံစံကရှင်းလင်းပြီး အမှိုက်ပုံးထဲမှ သူကောက်ယူလာသည်ဟု လူအများက ထင်မြင်နေမည်မဟုတ်ပေ။

ရွှီဇီယန်သည် ဝေ့ချင်၏လက်ကို ကြည့်ပြီး ငါးမျှားတံကို မြင်သောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဘယ်လောက်တောင်ချမ်းသာတဲ့ကောင်လဲ! ဝေ့မိသားစုကို တိုင်းပြည်တစ်ခုလုံးက ကျောထောက်နောက်ခံပြုထားတာကြောင့် ငါးမျှားတံကို အနီရောင်ကျောက်စိမ်းမှ အပိုင်းအစဖြင့် ထွင်းထုထားပြီး ၎င်းပေါ်တွင် လျှို့ဝှက်အခင်းအကျင်းတစ်ခုရှိသည်။ သက်ရောက်မှုက သည်လောက်သာဆိုပေမယ့် ထိုငါးတွေကို လှည့်စားဖို့ လုံလောက်ပါသည်။

ငါးမျှားကြိုးကိုကြည့်လိုက်၊ ကြည်လင်ပြတ်သားပြီး ‌မောကျောကာ ပျော့ပျောင်းသည်။ ၎င်းသည် အနည်းဆုံး နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ပင့်ကူချည်မျှင်ဖြစ်သည်။ ထို့နောက် ငါးမျှားချိတ်သည် အလွန်နူးညံ့ပြီး စွယ်စုံသုံးနိုင်သော ရနံ့တစ်ရာကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။

ဘယ်သူက ချမ်းသာတယ်လို့ ယူဆနိုင်မှာလဲ?

အခု ဒီလူကမှ ချမ်းသာသူတစ်ယောက်ပဲ!

ငါးမျှားချိတ်တစ်ခုနဲ့တင် ရွှီဇီယန်၏ပိုင်ဆိုင်မှုတစ်ဝက်တန်ဖိုးရှိနေပြီဖြစ်သည်။

ရွှီဇီယန် အလွန်မနာလိုဖြစ်မိသည်…

"ကိုကိုကြိုက်ရင် အဲဒါကို ကိုကို့အတွက် ကျွန်တော်ယူပေးမယ်…"
ရွှီဇီရုန်က ရွှီဇီယန်၏စိတ်ကို သတိပြုမိပြီး တိုးတိုးလေးပြောသည်။

(မစ္စတာသွေးစာချုပ်သည် လက်ကိုင်ပုဝါသေးသေးလေးကို ဝှေ့ယမ်းကာ ၎င်းရှိနေတာကို အရူးအမူးပြနေသည်...)

ရွှီဇီယန်က သွေးအန်လုမတတ်ဖြစ်သွားသည်။

မဖြစ်နိုင်ဘူး! သူ တစ်ချက်ကြည့်ရုံနဲ့ မမြင်နိုင်ပေမယ့် ဒီကလေးက မိစ္ဆာကျင့်ကြံသူဖြစ်လာဖို့ စိတ်ထားမျိုးရှိနေတယ်! သူ တကယ်ကို ပိုပြီးအာရုံစိုက်ရမယ်!

သူ၏အခြေခံကိုယ်ကျင့်တရားများ ပျက်စီးသွားသော်လည်း သူသည် ဇီရုန်ကို မှန်ကန်သောအရာများအား သင်ကြားနေရဆဲဖြစ်သည်။

ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းဖြင့် ဇီယန်နှင့် ဇီရုန်တို့သည် "ရတနာအတွက်နဲ့ လူတွေကို သတ်ဖြတ်ခြင်း" ခေါင်းစဉ်အား ဆွေးနွေးခဲ့ကြပြီး ရွှီဇီယန်သည် သူ့ညီငယ်အား ပညာပေးနိုင်ရန် ကြိုးစားခဲ့သည်။

တရားဟောရင်း အလုပ်များနေတာကြောင့် ရွှီဇီရုန်၏ မျက်လုံးအောက်က အပြုံးကို လုံးဝ သတိမထားမိလိုက်ပေ။ ထုံးစံအတိုင်း ရွှီဇီရုန်သည် ဝေ့ချင်ထံမှ သူ့အာရုံကို ဖယ်ထုတ်ရန် စကားတစ်ခွန်း သုံးလိုက်တာကို သူ သတိမထားမိခဲ့ပေ...

ရွှယ်ထွမ်သည် မျက်လုံးများကို ပျင်းရိစွာဖွင့်လိုက်ပြီး ရွှီဇီရုန်ကို စိုက်ကြည့်လိုက်သည်။ ရွှီဇီရုန်က သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ရွှယ်ထွမ်က ငြိမ်သက်စွာ ဆက်အိပ်နေခဲ့သည်။

သူ့သခင်က သူ့ညီလေး လှည့်စားတာခံရတာကို ကြိုက်တယ်ဆိုမှတော့ သူကလည်း ဘာလို့စပ်စုနေဦးမှာလဲ? ခဏလောက် ပြန်အိပ်တာက ပိုကောင်းပါသည်။ ခဏလောက်ကြာပြီးလျှင် သည်လိုမျိုး သက်တောင့်သက်သာရှိသော အချိန်တွေ မရှိတော့ဘူးဟု သူအမြဲခံစားရသည်။

တစ်ဖက်တွင် ရွှီညီအစ်ကိုများက အခြေခံကိုယ်ကျင့်တရားဆိုင်ရာပြဿနာကို ဆွေးနွေးရန် အလုပ်များနေပြီး တစ်ဖက်တွင် လဲ့ဟူသည် သူ၏ရင်ဘတ်ပေါ်တွင် လက်ပိုက်ကာ ဝေ့ချင် ငါးမျှားနေတာကို လှောင်ပြောင်ရင်း ကြည့်နေလေသည်။

ဝေ့ချင်၏ငါးမျှားတံက တကယ့်ကို ထူးခြားသည်။ သူသည် ငါးမျှားချိတ်ကို ပေါ့ပေါ့ပါးပါး ပစ်လိုက်သည်နှင့် ငါးမျှားတံပေါ်ရှိ အခင်းအကျင်းက ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။

ရနံ့တစ်ရာကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ငါးစာသည် မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာပြီး ဆွဲဆောင်မှုအနည်းငယ်ရှိသော အာနိသင်ရှိကာ ၎င်းသည် ငါးများကို သူတို့၏ အကြိုက်ဆုံး အစားအစာဟု ထင်စေနိုင်သည်။

အချိန် ၁၅ မိနစ် ကုန်သွားသည်…

ဝေ့ချင်က တည်ငြိမ်သော အကြည့်ဖြင့် ငါးမျှားတံကို ကိုင်ထားသည်။

အချိန် မိနစ် ၃၀ ကုန်သွားသည်…

ဝေ့ချင်က တည်ငြိမ်သော အကြည့်ဖြင့် ငါးမျှားတံကို ကိုင်ထားသည်...

အချိန် မိနစ် ၃၀ ကျော်ကုန်သွားသည်…

ဝေ့ချင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

တစ်နာရီကျော်ကုန်သွားသည်…

ဝေ့ချင် စိတ်တိုလာသည်။

"ငါးမျှားတဲ့ပုံစံပေါ့… ဟမ်…"
လဲ့ဟူက ဝေ့ချင်ကို ထိခိုက်စေရန် ဤအခွင့်အရေးကို လက်မလွှတ်ဘဲ လှောင်ပြောင်ပြောဆိုခဲ့သည်။

ဝေ့ချင်၏အကြည့်သည် ပို၍မည်းမှောင်လာပြီး နှစ်နာရီအကြာတွင် ဒေါသတကြီးဖြင့် ငါးမျှားတံကို ပစ်ချခြင်းကာ မိမိကိုယ်ကို မထိန်းနိုင်တော့ပေ။

"ရို့~ ဝေ့သခင်လေး၊ မင်းရဲ့ငါးမျှားတဲ့ပုံစံက ဘယ်လိုလဲ?"
လဲ့ဟူက သူ့ကို ရယ်လေသည်။

ဝေ့ချင်က ရှက်သွားပြီး မီးနဂါးတစ်ကောင်ကို ပင့်မြှောက်ကာ လှေအောက်သို့ ပစ်ချလိုက်သည်။

"ရပ်လိုက်!" 
ရွှီဇီယန်က တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သောအခါ အလွန်နောက်ကျသွားလေပြီ။

မီးနဂါးသည် အလွန်အစွမ်းထက်သဖြင့် ပင်လယ်ထဲသို့ ဝင်ပြီးနောက် အပြင်မထွက်နိုင်ပေ။ ယင်းအစား ၎င်းသည် ၎င်းပတ်ဝန်းကျင်ရှိ ပင်လယ်ရေအားလုံးကို အငွေ့ပျံသွားစေသည်။ အဖြူရောင်မီးခိုးများ တက်လာပြီး မီးနဂါးသည် တိမ်ပေါ်တွင် စီးနေသကဲ့သို့ ဖြစ်နေသည်။

"ဟင်? ဘာဖြစ်ချင်တာလဲ?"
ဝေ့ချင် စိတ်တိုနေပြီဆိုတာကို လဲ့ဟူမြင်တော့ သူထပ်ပြီးမစတော့ပေ။ တစ်ဖက်တွင် ရွှီဇီယန်၏တုံ့ပြန်မှုက သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။

ရွှီဇီယန်က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ ထိုအချိန်တွင် သူတို့သည် ခြေသလုံးအရွယ်ရှိ အုပ်စုလိုက်နေထိုင်သော စိတ်ဝိညာဉ်သတ္တဝါတစ်မျိုးဖြစ်သည့် ရွှေရောင်ဓားငါး၏ နယ်မြေကို ဖြတ်ကျော်သွားကြသည်။ သူတို့ကို ရွှေရောင်ဓားငါးဟု ခေါ်ဝေါ်ကြတာက သူတို့၏နှာခေါင်းတွင် ရွှေရောင်ဆူးချွန်များပါရှိကာ ဤဆူးချွန်များသည် အလွန်ချွန်ထက်သောကြောင့် အဆင့်နိမ့်လက်နက်အဖြစ် အသုံးပြုနိုင်သည်။

#TK