Chapter 159
ဤငါးမျိုးက လက်စားချေတာကို နှစ်သက်သည်။ သည်လိုငါးမျိုးတွေက တိုက်ခိုက်လျှင် သေသည်အထိ တိုက်ခိုက်တတ်ကြသည်။ ဤရွှေရောင်ဓားငါးအားလုံးတွင် ရွှေရောင်အရည်အချင်းတွေပါရှိပြီး သူတို့သည် မီးတိုက်ခိုက်မှုမှန်သမျှကို အလွန်အာရုံခံစားနိုင်သည်။ မိုင်ရာနှင့်ချီဝေးသော စိတ်ဝိညာဉ်စွမ်းအား၏ မီးစွမ်းရည်လှုပ်ရှားမှုကိုပင် သူတို့သိရှိနိုင်သည်။
အခုလေးတင် ဝေ့ချင်၏ မီးနဂါးတိုက်ခိုက်မှုသည် ပြင်းထန်လွန်းပြီး အနီးနားမှာ အနားယူနေသော ရွှေရောင်ဓားငါးတွေကို ထိတ်လန့်သွားစေမှာ သေချာပါသည်။ ရွှီဇီယန်သည် မကြာမီ သူတို့အား ဤရွှေရောင်ဓားငါးတွေ စားသုံးတော့မည်ကို ကောင်းကောင်းသိသည်...
"သူတို့ရောက်လာပြီ!"
ရွှီဇီယန်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားဖြင့် ဓားငါးအုပ်စုကြီး ချဉ်းကပ်လာနေပြီကို ခံစားလိုက်ရသည်။
ဤရွှေရောင်ဓားငါးမျိုးသည် ပင်လယ်၏အောက်ခြေတွင် အလွန်လျင်မြန်စွာ ကူးခတ်တတ်သော်လည်း သူတို့သည် ဓားပျံဖြင့် ပြေးသွားလျှင်ပင် ဤဓားငါးအုပ်စုကြီးကို ဖယ်ရှားရန်မှာ အလွန်ခက်ခဲနေသေးသည်။ ရွှီဇီယန်ကို ပိုလို့တောင် စိတ်ဓာတ်ကျစေခဲ့တာကတော့ သည်ငါးမျိုးက အရသာရှိပြီး အဆင့်မြင့်သတ္တဝါတွေ တော်တော်များများက သူတို့ကို စားရတာ နှစ်သက်ကြသည်။ သူတို့ သည်ကိုရောက်လာတာနဲ့ ထိုသတ္တဝါတွေ၏ အာရုံကို ဆွဲဆောင်နိုင်မယ်လို့ ဆိုလိုတာပဲ ဖြစ်သည်။
ထိုအဆင့်မြင့်သတ္တဝါတွေက သူတို့ရှိနေကြောင်းကို သိသွားပါက ရွှေရောင်ဓားငါးတွေကို စားပြီးသည့်နောက်မှာ သူတို့ကို အချိုပွဲအဖြစ် စားသောက်မယ်လို့ ရွှီဇီယန် ယုံကြည်ခဲ့သည်။ သူတို့တွေ နေနေသ၍ အစားအသောက်အဖြစ် ဆက်ဆံခံရတော့မှာဖြစ်သည်။
ဝတ္ထုထဲမှာလည်း ပိုင်ဟွက သည်လိုပုံစံအတိုင်း တွေ့ကြုံခဲ့သည်။
"အရင်ပြေးရအောင်!"
ရွှီဇီယန်သည် သင်္ဘောကြီးအား ဖယ်ထုတ်ပြီး ဓားပျံပေါ် ခြေချရန်မှတပါး ရွေးချယ်စရာမရှိပေ။ တစ်ချိန်တည်းမှာပင် သူသည် အိပ်နေဆဲဖြစ်သော ရွှယ်ထွမ်ကို ခေါ်ဆောင်သွားရန် မမေ့ခဲ့ပေ။
သူပထမဆုံးရင်ဆိုင်ရမည့်အရာမှာ ရွှေရောင်ဓားငါးဖြစ်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ထို့အပြင် သည်အရာက ဝတ္ထုထဲမှာ ပိုင်ဟွကြုံတွေ့ခဲ့ရသော နောက်ဆုံးအကျပ်အတည်းလည်း ဖြစ်ပါသည်။ ထိုအချိန်တုန်းက ပိုင်ဟွသည် အမတဝိညာဉ်အခြေတည်စအဆင့် ပင်လယ်သတ္တဝါတစ်ကောင်ကိုပင် တွေ့ခဲ့ပြီး ထိုရွှေရောင်ဓားငါးအုပ်စုသည် တမင်တကာ မွေးမြူထားသည့် အစာတစ်မျိုးဖြစ်ကြောင်း နောက်ပိုင်းတွင် သူသိလိုက်ကာ ထိုသတ္တဝါများက သူတို့ကို အစားအသောက်အဖြစ် အချိန်ပြည့်စားလေသည်…
ရွှီဇီယန်သည် အလွန်မှင်တက်သွားပြီး ဒူးထောက်ချင်လာသည်။ သည်လျှို့ဝှက်နယ်မြေမှာ ပိုင်ဟွရှိသောအခါ သူသည် တဖြည်းဖြည်းနဲ့ တိုးတက်ရန် အချိန်ယူနိုင်ပေမယ့် သူတို့ကတော့ ခေါင်းဆောင်ကို ချက်ချင်းရင်ဆိုင်ဖို့ လိုပါသည်။ သူတို့အားလုံးက အဓိကဇာတ်လိုက်မဟုတ်လို့များလား။
ကျန်သုံးယောက်သည် ရွှီဇီယန်၏ရင်ထဲမှာ ဘယ်လောက် ခါးသီးနေလဲ မသိပေမယ့် ရွှီဇီယန်၏မျက်နှာပေါ်က အပြောင်းအလဲတချို့ကို သတိပြုမိသွားကြသည်။ သူတို့သည် ဓားပျံများပေါ် အလျင်အမြန်တက်ကာ ရွှီဇီယန်၏နောက်သို့ လိုက်ကြသည်။
မကြာခင်မှာ အဝေးကနေ လှမ်းကြည့်လိုက်တော့ ပင်လယ်ပြင်၌ ရွှေရောင်လှိုင်းလုံးကြီးတစ်ခုသည် သူတို့ဓားပျံပေါ်တက်သွားနေရာတွင် ပေါ်လာသည်။ ကြီးမားသော ရွှေရောင်ဓားငါးကြီးအုပ်စုသည် ပင်လယ်ပြင်မှ ခုန်ထွက်ကာ သူတို့ကို နှိုးဆော်သည့် ရန်သူများကို ရှာဖွေခဲ့ကြသည်။
မကြာခင်မှာပဲ သူတို့သည် ဦးတည်ရာကို အတည်ပြုပြီး ရွှီဇီယန်၏နောက်သို့ ကူးခတ်လာကာ ရွှေပင်လယ်ကိုဖြတ်ပြီး အရှေ့ဘက်ကို လျှပ်တပြက်အရှိန်နဲ့ ရွေ့သွားကြသည်။
ချီတက်လာစဉ်တွင် အခြားသော ရွှေရောင်ဓားငါးအုပ်စုများလည်း ပါဝင်လာသဖြင့် ရွှေပင်လယ်သည် ပိုမိုကြီးမားသော ဧရိယာကို ဖုံးလွှမ်းသွားခဲ့သည်။
"သူတို့ မကြာခင် ငါတို့ကို ဖမ်းမိတော့မယ်…"
ရွှီဇီယန်တွင် အသန်မာဆုံး စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားရှိပြီး မကြာမီတွင် သူသည် ရွှေရောင်ဓားငါးကို ရှာဖွေတွေ့ရှိခဲ့သည်။
ရွှေရောင်ဓားငါးများသည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ရွေ့လျားကြပြီး သူတို့သည် ဓားရှည်များပေါ်တွင် ပျံသန်းနေကြသည့်အတိုင်း လျင်မြန်လုနီးပါးပင်ဖြစ်သည်။
ရွှီဇီယန်သည် ကျီကွမ်း၏ အရှိန်အားလုံးကို အသုံးပြုပါက သူတို့အားလုံးကို ကောင်းစွာ ဖယ်ရှားနိုင်မည်ဖြစ်သည်။ ဝမ်းနည်းစရာမှာ သူသည် လူတစ်ဦးတည်းကိုသာ ခေါ်နိုင်သောကြောင့် ဝေ့ချင်နှင့် လဲ့ဟူတို့ကို နောက်မှာချန်ထားခဲ့ပါက သူတို့၏ ကံကြမ္မာသည် ဆုံးဖြတ်ပြီးသားဖြစ်သွားလိမ့်မည်။
သူတို့သည် ရွှေရောင်ဓားငါးကို ခဏတာ ကိုင်တွယ်နေနိုင်သော်လည်း ထိုအမတဝိညာဉ်အခြေတည်စအဆင့် ပင်လယ်သတ္တဝါ ရောက်လာပါက သူတို့ လွတ်မြောက်နိုင်ပါ့မလားဆိုတာ မသိပေ။
အမတဝိညာဉ်အခြေတည်စအဆင့် ပင်လယ်သတ္တဝါသည် မယုံနိုင်လောက်အောင် အစွမ်းထက်ကာ နတ်ဘုရားကျင့်ကြံခြင်းအဆင့်သို့ ရောက်လုနီးပါးပင်ဖြစ်သည်။ ဝတ္ထုထဲတွင် ပိုင်ဟွသည် နဂါးပုံသဏ္ဌာန် ကျောက်စိမ်းဆွဲသီးကို အသုံးပြုပြီး ပင်လယ်သတ္တဝါကို ထိတ်လန့်စေခဲ့တာကြောင့် သူခရီးဆက်နိုင်ခဲ့သည်…
အရေးကြီးသောအခိုက်အတန့်တွင် ရွှီဇီယန် အကြံရသွားသည်။
"အားလုံး အနီးကိုလာကြ!"
ဝေ့ချင်နှင့် လဲ့ဟူတို့သည် ချက်ချင်း ရှေ့သို့ ပြေးသွားကြပြီး ရွှီဇီရုန်က ကျီကွမ်းပေါ်သို့ တိုက်ရိုက် ခုန်တက်သွားသည်။
"နည်းနည်းနီးကပ်လာဦး!"
ရွှီဇီယန်က အော်လိုက်ပြီး ကုဗတုံး၏ မြူခိုးတွေ သိပ်မရှိတာကြောင့် သူနဲ့ ရွှီဇီရုန်ကို ဖုံးကွယ်ထားရန် ပြဿနာမရှိပေမယ့်လည်း ဝေ့ချင်နဲ့ လဲ့ဟူတို့ကို ဖုံးကွယ်ထားရန် ပြဿနာရှိသည်။
အထူးသဖြင့် သူတို့နှစ်ဦး ထိန်းချုပ်ထားသည့် ဓားပျံများသည် အချင်းချင်းကြားတွင် အတိုင်းအတာတစ်ခုအထိ ရှိနေသေးသည်။ မူလက ဓားပျံနှစ်စင်းကို အန္တရာယ်နှင့် နီးကပ်လွန်းခြင်းမှ တားဆီးရန် ပြုလုပ်ခဲ့သော်လည်း ယခုအခါ အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။
"ငတုံး၊ မင်းဘာကြည့်နေတာလဲ? အခု တက်လာခဲ့…"
ဝေ့ချင်က အသံမထွက်ချင်ပေမယ့် ယခုအခါ သူမထိန်းနိုင်တော့ပေ။ သူက လဲ့ဟူကို သူ့ဓားပျံပေါ်သို့ ဆွဲခေါ်လိုက်သည်။
သူတို့လေးယောက်ထဲတွင် လဲ့ဟူ၏ ပျံသန်းမှုအမြန်နှုန်းမှာ အနှေးဆုံးဖြစ်သည်။ တကယ်တော့ အခြားလူတွေက သူ့ကို ဂရုမစိုက်လျှင် မြန်မြန်စီးနိုင်ပါသည်။
လဲ့ဟူက ဝေ့ချင်၏ဓားပျံပေါ်သို့ ဆွဲတင်ခံလိုက်ရပေမယ့် ဒေါသမထွက်ခဲ့ပေ။ ဝေ့ချင်နဲ့ သူကောင်းကောင်းမပေါင်းသင်းနိုင်ပေမယ့် ဘယ်အချိန်ဒေါသထွက်ရမလဲဆိုတာကိုတော့ သူနားလည်ပါသည်။
ထိုအချိန်မှာ သည်လောက်အထိ သူစိတ်ရှုပ်မနေတော့ပေ။ သူက ဝေ့ချင်၏ခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး နေရာပိုချွေတာလိုက်သည်။
ဝေ့ချင်သည် ငယ်ငယ်လေးကတည်းက မည်သူနဲ့မျှ ဤမျှလောက် အနီးကပ်မနေခဲ့ဘူးတာကြောင့် သူ့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူ့အနောက်မှ ပူပြင်းသောစွမ်းအင်ကို ခံစားလိုက်ရသောအခါ အရှေ့သို့ အနည်းငယ် ယိုင်လိုက်သည်။ မထင်မှတ်ဘဲ သူ အရှေ့ကို အနည်းငယ်ယိုင်လိုက်ဖို့ ကြိုးစားလိုက်ချိန်မှာပဲ ကြီးမားသောလက်တစ်ဖက်က သူ့ကို ပို၍နီးကပ်စွာ ဆွဲခေါ်လိုက်ပြီး သူ့အနောက်ကနေ ကြမ်းရှရှအသံထွက်လာသည်။
"ဒီအချိန်မှာ မင်းက ဘာလို့ ရုန်းနေသေးတာလဲ?"
ဝေ့ချင်သည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီး ဤငတုံးအား ရှင်းပြရန် စိတ်ကူးကို လက်လျှော့လိုက်သည်။ ထိုနေရာကနေ ထွက်ခွာပြီးနောက်မှ သူ့ကို သင်ခန်းစာတစ်ခု သင်ပေးရန်သာ ဆုံးဖြတ်ခဲ့သည်။
လူလေးယောက်သည် ဓားပျံနှစ်စင်းကို ချိန်ညှိခြင်းဖြင့် တတ်နိုင်သမျှ နီးကပ်စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။
ရွှီဇီယန်သည် သူတို့အပေါ်မှ ကုဗတုံးပေါ်သို့ ရွေ့သွားပြီး အဖြူရောင်မြူခိုးများက သူတို့ကို ဖုံးလွှမ်းသွားသည်။
"ဆင်းလိုက်!"
ရွှီဇီယန်တွင် စူးရှသော မျက်လုံးများရှိပြီး အောက်ဘက်တွင် ကျွန်းငယ်လေးကို တွေ့ရှိခဲ့သည်။ သူသည် သိပ်စဉ်းစားမနေတော့ဘဲ အားလုံးနဲ့အတူ ပြေးဆင်းသွားလိုက်သည်။
ကုဗတုံး၏အဖြူရောင်မြူခိုးများသည် စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားကိုသာ အတတ်နိုင်ဆုံး ဖုံးကွယ်ထားနိုင်သော်လည်း ၎င်းကို သာမန်မျက်စိဖြင့် မြင်နိုင်သေးသည်။ ထိုရွှေရောင်ဓားငါးများအားလုံးသည် သူတို့၏နှာခေါင်းပေါ်ရှိ ချွန်ထက်သောဆူးချွန်များကို ဓား၏အငွေ့အသက်ကဲ့သို့ တိုက်ခိုက်ရန် အသုံးပြုကြသည်။ သူတို့၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို ဖုံးကွယ်ထားသော်လည်း သူတို့သည် အနည်းငယ်အမှားအယွင်းသာ ဖြစ်ခဲ့သည်။ ရွှေရောင်ဓားငါးအမြောက်အမြားသည် ဤပျောက်ဆုံးမှုအတွက် တွက်ဆနိုင်သည်။ ရွှေရောင်ဓားငါး ၁၀၀၀၀ ကျော်က တစ်ပြိုင်နက် တိုက်ခိုက်သောအခါ လျှော့တွက်၍မရပေ။
ဓားငါးအုပ်စုသည် သူတို့၏အမြင်အာရုံထဲသို့ မ၀င်ရောက်မီ ရွှီဇီယန်သည် အခြားသူများကို ကျွန်းတစ်ကျွန်းပေါ်သို့ အမြန်ဆင်းသက်ရန် ဦးဆောင်ခဲ့သည်။ အကြီးကြီးမဟုတ်ပေမယ့် သူတို့ကိုယ်သူတို့ ပုန်းအောင်းရန် သစ်ပင်တွေကို အသုံးချနိုင်သည်။
"ရှူး… ဆူဆူညံညံမလုပ်နဲ့…"
သူတို့လေးယောက် ဆင်းသက်ပြီးနောက် ရွှီဇီရုန်သည် သွေးနွယ်ပင်များကို အလျင်မြန်ဆုံး ထိန်းချုပ်ကာ ကြီးမားသော ကျောက်တုံးကြီးအောက်တွင် တွင်းတစ်ခုကို တူးလိုက်သည်။ သူတို့လေးယောက် ပုန်းနေပြီးနောက် ရွှီဇီရုန်သည် သစ်ပင်များစွာကို ဆွဲယူကာ တွင်းပေါက်ဝတွင် ထားလိုက်သည်။
မှောင်နေသောဂူထဲတွင် လူလေးယောက်က အသက်တောင်မရှူရဲပေ။ ရွှေရောင်ဓားငါးသည် မီးစွမ်းအင်၏ စိတ်ဝိညာဉ်စွမ်းအားအတက်အကျအပေါ် အလွန်အကဲဆတ်ပြီး ရွှီဇီယန်ပင်လျှင် ကုဗတုံးထဲ၌ ပုန်းအောင်းနိုင်မည်ဟု အာမမခံနိုင်ပေ။
သူသည် သူ၏စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို အမြင့်ဆုံးအထိ ချဲ့ထွင်ကာ ကုဗတုံးအား အသက်သွင်းသည့်နေရာကို စိုက်ကြည့်နေသည်။
ရွှေရောင်လှိုင်းလုံးကြီးများက သူတို့ ခဏတာနေခဲ့သည့်နေရာဆီသို့ ကျယ်လောင်စွာဟိန်းကြသည်။ ရန်သူ မရှိတော့တာကို သူတို့တွေ့သောအခါ စိတ်ရှုပ်စွာ လှည့်ပတ်နေပြန်သည်...။
ရွှီဇီယန်နှင့် အခြားသူများ ပျောက်ကွယ်သွားသော နေရာတွင် ရွှေရောင်ငါးအုပ်ကြီးများ စုရုံးလာပြီး ရွှေပင်လယ်ရေပြင်ကြီးတစ်ခုပင် ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော ရွှေရောင်ဓားငါးများသည် တစ်ကောင်နှင့်တစ်ကောင် ဖိသိပ်နေကြပြီး ခေတ်ဘက်က ငါးသေတ္တာဘူးထဲရှိ ငါးများကိုပင် ရွှီဇီယန် သတိရသွားသည်…
ထိုရွှေရောင်ငါးတွေက ငါးသေတ္တာငါးတွေထက် အများကြီး ပိုရက်စက်ကာ စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တွေမပါဘဲ လူတိုင်းကို အစာအဝကျွေးဖို့ လုံလောက်ပါသည်။
"ကိုကို၊ ငါးသေတ္တာငါးဆိုတာ ဘာလဲ?"
ရွှီဇီရုန်က သူ့အနောက်ကနေ ရုတ်တရက် မေးလာသည်။
ရွှီဇီယန်က “အရသာရှိတဲ့ငါး” လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"အဲဒီငါးတွေက ရွှေရောင်ဓားငါးနဲ့တူတာလား?"
ရွှီဇီရုန်က ဆက်မေးသည်။
"အနည်းနဲ့အများပေါ့…"
သူသည် အခြားကမ္ဘာမှ လာကြောင်း ဇီရုန်အားဝန်ခံပြီးကတည်းက ရွှီဇီရုန်သည် သူ့ကမ္ဘာအကြောင်းကို အမှန်တကယ် သိချင်နေမှန်း သိလိုက်သည်။
သူ မရည်ရွယ်ဘဲ တစ်ခုခုပြောတိုင်း ရွှီဇီရုန်က အဲဒါကို အသည်းအသန် မေးခွန်းထုတ်သည်။
သည်အချိန်က ခြွင်းချက်မဟုတ်သည့်အတွက် သူပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။ သို့ပေမယ့် သူပြောပြီးနောက် သူ့ဘောင်းဘီစကို အနောက်ကနေ တစ်ယောက်ယောက်လာဆွဲနေသလို ခံစားလိုက်ရသည်…
သူ ခေါင်းလှည့်လိုက်သည်။
"Meh!"
ရွှယ်ထွမ်က ရွှီဇီယန်ကို အရသာရှိတချို့တောင်းနေသကဲ့သို့ ကြောင်တောင်တောင် ကြည့်နေသည်။
ရွှီဇီယန်: "..."
လခွမ်း! အခုခေတ် သူ့ပတ်ဝန်းကျင်မှာ အစားအသောက်ကြိုက်တွေပဲရှိနေတယ်…
"Meh… Meh!"
ရွှီဇီယန်က တုံ့ပြန်မှုမရှိတာကို တွေ့ပြီးနောက် ရွှယ်ထွမ်သည် သူ့ကို အရည်ကြည်မျက်လုံးများဖြင့် ကြည့်ကာ သနားစရာပုံပေါ်သည်။
ရွှီဇီရုန်ထံမှ ချက်ချင်းငိုနည်းကို သူသင်ယူခဲ့သည်…
ရွှီဇီယန်က ရွှယ်ထွမ်၏ခေါင်းကို ရိုက်လိုက်သည်။
"တိတ်တိတ်နေ… ဒီလိုအရေးကြီးတဲ့အချိန်မှာ စားဖို့ကိုပဲ ဘယ်လိုလုပ်စဉ်းစားနေတာလဲ?"
"Meh…"
ရွှယ်ထွမ်သည် ဝမ်းနည်းစွာဖြင့် သူ့နှုတ်ခမ်းကတွန့်ကွေးသွားပြီး ထောင့်တစ်နေရာမှ ဒဏ်ရာများကို လျှက်လိုက်သည်။ သခင်က ငါ့ကို ငါးကျွေးချင်တာ တော်တော်အကျင့်မကောင်းဘူး။
ရွှီဇီယန်က မျက်စောင်းထိုးကာ ရွှေရောင်ဓားငါးကို ဆက်လက် အာရုံစိုက်နေလေသည်။
ရွှေရောင်ဓားငါးအုပ်စုများသည် သူတို့ပျောက်ကွယ်သွားသည့်နေရာကို လှည့်ပတ်ကြည့်ရာ ရွှေရောင်ဓားငါးအမြောက်အများပင် ပင်လယ်ပြင်မှ ရုတ်တရက်ခုန်တက်လာပြီး သူတို့နေထိုင်ရာအရပ်ဆီသို့ ဓားအငွေ့အသက်များ ပစ်ထုတ်လိုက်ကြသည်။
ရွှီဇီယန်က အလွန်ကံကောင်းသည်ဟု ခံစားမိသည်—— ကံကောင်းစွာဖြင့် ကုဗတုံး၏ ပုန်းအောင်းနိုင်သည့် လုပ်ဆောင်ချက်ကို သူတို့ တွေးထားပြီးသားဖြစ်သည် သို့မဟုတ်ပါက သူတို့သည် ထိုငါးများ၏ အစားအစာ ဖြစ်လာနိုင်ပေလိမ့်မည်။
ယခုမူ ထိုရွှေရောင်ဓားငါးများသည် သူတို့၏ သဲလွန်စများကို ရှာမတွေ့ပုံရသည်။ ရက်အနည်းငယ်ကြာအောင် ထိန်းထားရန် လိုအပ်ပြီး ဝေ့ချင်သည် မီးအမျိုးအစားမန္တန်ကို မသုံးသင့်တော့ပေ။ သည်လိုဆိုရင် ပင်လယ်ကိုဖြတ်ဖို့ သူတို့အတွက် ပြဿနာမရှိတော့ပေ။
"အန္တရာယ်ပဲ!"
ရွှီဇီယန်သည် ဤအကျပ်အတည်းကို ကျော်လွန်တော့မည်ဟု တွေးလိုက်သောအခါတွင် လဲ့ဟူသည် ရုတ်တရက် အော်လိုက်ရာ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရုတ်တရက် ရွေ့လျားသွားသည်...
——ရွှီဇီရုန်က အမြန်ပြေးသွားသည်။
ရွှီဇီရုန်၏မျက်လုံးအိမ်များက သိသိသာသာ ကျုံ့သွားသည်။ သူသည် လဲ့ဟူကို သတ်တော့မည်ဖြစ်သော်လည်း ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေတာကို သတိပြုမိလိုက်သည်။ သူ့နောက်ကျောကို သွေးအလွှာတစ်ခုက ချက်ချင်းဖုံးသွားပြီး ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက ချက်ချင်းဆိုသလို သူ့နောက်ကျောကို ကျရောက်လာသည်။ သူက အထိန်းအကွပ်မရှိ ထုတ်ပစ်လိုက်သည်။
"ရား!"
လဲ့ဟူက ဟိန်းဟောက်လိုက်ပြီး သူ၏ရွှေရောင်လက်မောင်းများက ပေါင်လုံးလောက်ထူသော နွယ်ပင်ကို ရုတ်တရက် ဖမ်းယူလိုက်ရာ ရွှီဇီရုန်ကို ဤနွယ်ပင်၏တိုက်ခိုက်ခြင်းကနေ တားဆီးလိုက်သည်။
"သစ်ပင်သတ္တဝါ!"
ရွှီဇီယန်က အော်ပြောလိုက်သည်။ အခုလေးတင် အပြင်က ရွှေရောင်ဓားငါးတွေအပေါ် သူ၏အာရုံစူးစိုက်မှုအပြည့်ကို ထားရှိထားတာကြောင့် သစ်ပင်သတ္တဝါကိုတောင် သတိမထားမိလိုက်ပေ။
"သေစမ်း!"
ရွှီဇီယန်က ဒေါသကြောင့် ကျိန်ဆဲလိုက်သည်။ ဤသစ်ပင်သတ္တဝါ ပေါ်လာဖို့ အချိန်ကောင်းမဟုတ်ပေ။ သာမန်အခြေအနေမှာဆိုလျှင် သူတို့သည် သစ်ပင်သတ္တဝါကို အလွယ်တကူသတ်နိုင်ပေမယ့် အခုအချိန်မှာတော့ သည်ကျွန်းငယ်လေးအနီးမှာ မရေမတွက်နိုင်သော ရွှေရောင်ဓားငါးတွေက စုဝေးရောက်ရှိနေကြသည်။ သစ်ပင်သတ္တဝါနဲ့ တိုက်ပွဲက စိတ်ဝိညာဉ်အတက်အကျတွေကို ဖန်တီးမိပါက ရွှေရောင်ဓားငါးတွေ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိလျှင် သူတို့မှာ ကြီးမားသောပြဿနာရှိလာနိုင်သည်။
"ဒါကို ငါဖြေရှင်းလိုက်မယ်! ဒါကို ဖယ်ရှားဖို့ နည်းလမ်းစဉ်းစားလိုက်!"
လဲ့ဟူက အော်လိုက်သည်။ တုတ်ခိုင်သောနွယ်ပင်သည် သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသဖြင့် လှုပ်ရှား၍မရပေ။
ဝေ့ချင်သည် ဘေးတစ်ဖက်မှ မည်းမှောင်စွာကြည့်နေပြီး လက်သီးကို တင်းတင်းဆုပ်ထားကာ လက်သည်းတွေက သူ့အသားထဲ စိုက်ဝင်လုနီးပါးဖြစ်နေပြီး အကူအညီမဲ့ခြင်း၏ ပြင်းထန်သော ခံစားချက်တစ်ခုဖြစ်သည်။
အရာအားလုံးက အချိန်အတော်ကြာအောင် ဖြစ်ပျက်နေပုံရပေမယ့် သစ်ပင်နွယ်ပင်တွေက ဂူထဲကို ပြေးဝင်ပြီး လဲ့ဟူကိုရစ်ပတ်လိုက်သည့်အချိန်က ခဏပဲရှိပါသေးသည်။
သစ်ပင်သတ္တဝါသည် ၎င်း၏တိုက်ခိုက်မှုကို ပိတ်ဆို့ထားကြောင်း ခံစားသိရှိနိုင်ပြီး ဝင်ပေါက်မှ အခြားနွယ်ပင်များ ချက်ချင်းဝင်လာကာ အခြားသူများဆီသို့ ပြေးသွားခဲ့သည်။
ရွှီဇီရုန်သည် ယခုပင် တိုက်ခိုက်ခံခဲ့ရသော်လည်း လဲ့ဟူ၏သတိပေးချက်ဖြင့် သွေးအကာအရံအလွှာတစ်ခုကို စီစဉ်နိုင်ခဲ့သည်။ မဟုတ်ရင် အကာအကွယ်မပါဘဲ သစ်ပင်သတ္တဝါ၏ တိုက်ခိုက်ခြင်းခံရပါက သူ ဒဏ်ရာရသွားလိမ့်မည်။
သစ်ပင်သတ္တဝါသည် ၎င်း၏တုတ်ခိုင်သောနွယ်ပင်များကို လုံးလုံးလျားလျားမှီခိုအားထားကာ ၎င်းသည် လုံးဝရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုဖြစ်သည်။
ဒါကိုစဉ်းစားရင်း ရွှီဇီယန်သည် သူတို့ကို တိုက်ခိုက်ရန် စိတ်ဝိညာဉ်စွမ်းအားအသုံးမပြုသည့် သစ်ပင်သတ္တဝါလိုမျိုးနဲ့ ကြုံတွေ့ခွင့်ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမည်။ မဟုတ်လျှင် သူတို့တွေမလှုပ်ရှားဘူးဆိုရင်တောင် သစ်ပင်သတ္တဝါ၏ တိုက်ခိုက်မှုက ရွှေရောင်ဓားငါးတွေက်ု ဆွဲဆောင်နိုင်သည်။
လဲ့ဟူ၏ကျင့်ကြံခြင်းသည် ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းတွင် ပို၍အားသာတာကြောင့် သာမန်ကျင့်ကြံသူတွေထက် များစွာသန်မာနေဆဲဖြစ်သည်။
သူသုံးနေသည့် မန္တန်က ဗုဒ္ဓ၏ကျင်းကန်းခန္ဓာကိုယ်နဲ့ ခပ်ဆင်ဆင်တူပြီး သတိမပြုမိနိုင်သော စိတ်ဝိညာဉ်လှိုင်းများ အနည်းငယ်သာပါရှိသည်။ သို့ပေမယ့် ခံစစ်ပိုင်းမှာတော့ ကောင်းပါသည်။
စိတ်မကောင်းစရာက ထိုမန္တန်မျိုးက သန်မာသောခန္ဓာကိုယ်ရှိဖို့လိုပြီး သန်မာသောခန္ဓာကိုယ်နဲ့ မွေးဖွားလာသည့် လဲ့ဟူလိုလူမျိုးတွေသာ အဲဒါကို သုံးဖို့ အံကိုက်သည်။
ခန္ဓာကိုယ်၏ ခွန်အားဖြင့် သစ်ပင်နွယ်ပင်ကို ရပ်တန့်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအားကို မသုံးဘဲ လဲ့ဟူသည် အဆုံးစွန်ကို အောင်မြင်နေပြီဖြစ်သည်။ ဝေ့ချင်သည် အနည်းငယ်သော မန္တန်ကို မထုတ်လွှတ်နိုင်သလို ရွှီညီအစ်ကိုများသည် သစ်ပင်နွယ်ပင်များကို ပိတ်ဆို့ရန်အတွက် အဆင့်နိမ့်သော ကာကွယ်ရေးမန္တန်တချို့ကိုသာ အသုံးပြုနိုင်သည်။
သည်ဂူကို မူလက လူတွေ ပုန်းအောင်းဖို့ တူးခဲ့သည်။ အထဲမှာ နေရာက အကန့်အသတ်ရှိသည်။ အထဲမှာ လူလေးယောက်ရှိနေပြီးနောက် နေရာလွတ်မရှိတော့ဘဲ သစ်ပင်နွယ်ပင်နှစ်ပင်ဝင်လာပြီးနောက်မှာတော့ ရွှေ့လျားရန် အလွန်ခက်ခဲတာကို သူတို့တွေ့ရှိခဲ့ရသည်။
စိတ်ပျက်အားငယ်စွာဖြင့် ရွှီဇီရုန်သည် တွင်းပေါက်ကျယ်စေရန် သွေးနွယ်ပင်များကို နောက်ထပ်တစ်ကြိမ် ထိန်းထားရမည်ဖြစ်ပြီး အနည်းဆုံး သစ်ပင်သတ္တဝါ၏ ပိတ်ဆို့ခြင်းကို သူတို့မခံရစေရန်ဖြစ်သည်...
ဂူထဲမှခုန်ထွက်ပြီးနောက် ရွှီဇီယန်သည် ကျီကွမ်းကိုကောက်ယူပြီး သစ်ပင်သတ္တဝါဆီသို့ ပြေးသွားခဲ့သည်။ အကာသည် ထွားကြိုင်းနေပုံရသော်လည်း ပင်စည်မှ ပေါက်နေသော နွယ်ပင်နှစ်ပင်ကြောင့်သာမဟုတ်လျှင် ဤသစ်ပင်သတ္တဝါကို မည်သူမျှ သတိပြုမိမည် မဟုတ်ပေ။
သူတို့၏စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်သောအခါ အနည်းဆုံးတော့ သူတို့၏ဓားပျံတွေကို အသုံးပြုနိုင်သည်…
ရွှီဇီရုန်နှင့် အခြားသူများသည် သစ်ပင်သတ္တဝါ၏ အာရုံစိုက်ခြင်းကိုခံရပြီး ရွှီဇီယန်က ကျီကွမ်းကို အသုံးပြု၍ သစ်ပင်ကို ခုတ်လိုက်သည်။
သူ ဘယ်လောက် တုံးအနေပုံပေါက်သလဲဆိုတာ သူသိပေမယ့် သူတို့မှာ နည်းလမ်းမရှိတော့ပေ…
ကျင့်ကြံသူတစ်ယောက်အနေနဲ့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်လျှင် သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။ အနည်းဆုံး သူ့အတွက်ကတော့ သစ်ပင်သတ္တဝါကို ဖယ်ရှားရန်က ပြဿနာဖြစ်နေလေသည်။
ဟူး!
ကျီကွမ်းက ရုတ်တရက် တုန်ခါသွားပြီး ကျီကွမ်းဆီမှ ထွက်ပေါ်လာသော ဒေါသကို ရွှီဇီယန် ချက်ချင်း ခံစားမိလိုက်သည်။
ထိပ်တန်းမှော်လက်နက်နှင့် ရှားပါးသောအရည်အချင်းများရှိသည့် ဓားပျံတစ်ခုအနေဖြင့် ကျီကွမ်းက စော်ကားခံလိုက်ရသည်။
၎င်း၏ပိုင်ရှင်အသစ်သည် ၎င်းကို သစ်ပင်များကို ခုတ်လှဲရန် အသုံးပြုရဲတာက လုံးဝကိုသည်းမခံနိုင်စရာဖြစ်သည်။
ကျီကွမ်း၏ဓားကိုယ်ထည်သည် စတင်တုန်ခါလာပြီး ရွှီဇီယန်၏လက်ကောက်ဝတ်မှာလည်း အနည်းငယ် မတည်မငြိမ်ဖြစ်လာသည်။
ကျီကွမ်း၏ ဒေါသကို ခံစားလိုက်ရသဖြင့် ရွှီဇီယန်သည် ကူကယ်ရာမဲ့စွာ ပြုံးရုံသာ ရှိတော့သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်ကို အမှန်တကယ် အသုံးချချင်သော်လည်း သူသုံးလို့မရပေ…
ခွပ်!
ခရမ်းရောင်အလင်းတန်းသည် ရွှီဇီယန်၏ ချီပင်လယ်မှ ရုတ်တရက် လျင်မြန်စွာ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကျင်းလော့များတစ်လျှောက်စီးဆင်းကာ ၎င်းသည် သူ့လက်ဖဝါးမှ ထွက်လာပြီး ကျီကွမ်း၏ဓားကိုယ်ထည်ကို ထိမှန်သွားသည်။
ယခုပင် ရုန်းကန်နေဆဲဖြစ်သော ကျီကွမ်းသည် ချက်ချင်းပင် အားနည်းသွားကာ အချိန်အတော်ကြာပြီးနောက် ရွှီဇီယန်၏စကားကို နားထောင်တော့မည်ဟူသော အချက်ကို တိတ်တဆိတ် လက်ခံခဲ့သည်။
ရွှီဇီယန်က သူ့မျက်နှာကို တိတ်တဆိတ် ဖုံးအုပ်ထားသာည်။
'ကျီကွမ်းကလည်း အလိုလိုက်ခံထားရတဲ့ ကလေးဆိုးပဲလား… လခွမ်း! ပိုင်ဟွ တွေ့ကြုံခဲ့ရတဲ့ အရာအားလုံးက သူ့လက်ထဲရောက်မှ ဘာကြောင့် အဓိပ္ပါယ်မရှိတာတွေ ဖြစ်လာရတာလဲ?!'
ကျီကွမ်းသည် သစ်ပင်များကိုခုတ်ထစ်ခြင်းဖြင့် လေးနက်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော်လည်း ဓားပျံတစ်လက်အနေဖြင့် မည်မျှပင်တုံ့ဆိုင်းနေပါစေ သစ်ပင်သတ္တဝါတစ်ကောင်ကို ခုတ်လှဲရန်မှာ အနည်းငယ်ခက်ခဲနေသေးသည်။
သစ်ပင်သတ္တဝါသည် မိုက်မဲသော်လည်း တိုက်ခိုက်ခံရသောအခါ မည်သို့ ကာကွယ်ရမည်ကို သိရှိဆဲဖြစ်သည်။ ထို့ကြောင့် လူတိုင်းက သစ်ပင်သတ္တဝါတစ်ဝိုက်တွင် ခုန်ပေါက်နေသည့် ရွှီဇီယန်ကို ကြည့်ကာ သူက ရံဖန်ရံခါမှ တစ်ကြိမ်သာ ခုတ်ဖြတ်နိုင်သည်...
တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် အနည်းဆုံး နှစ်နာရီ ကြာနိုင်သည်။
"Meh!"
ရွှယ်ထွမ်သည် မူလက ဘေးနားမှ ကြည့်ရုံသာဖြစ်ပြီး ရုတ်တရက် မျက်စောင်းထိုးလိုက်သည်။
"ဟင်?"
ရွှီဇီယန်က အံ့အားသင့်စွာ လှည့်ကြည့်လာပြီး
"မင်း တစ်ခုခုကို တွေးမိလို့လား?"
"Meh!"
ရွှယ်ထွမ်က ရွှင်မြူးစွာ ခေါင်းငြိမ့်ပြသည်။
ရွှီဇီယန်က ခဏလောက်စဉ်းစားပြီး
"ကောင်းပြီ၊ ရွှေရောင်ဓားငါးတွေကို မလှုပ်နိုးစေဘဲ ဒီသစ်ပင်သတ္တဝါကို ရှင်းပစ်နိုင်ရင် ငါ တစ်ကောင်ဖမ်းပြီး မင်းအတွက် ကင်ပေးမယ်…"
"Meh!"
ရွှယ်ထွမ်၏ မျက်လုံးများ တောက်ပလာကာ ချက်ချင်းပင် ခေါင်းငြိမ့်ပြပြီး သစ်ပင်သတ္တဝါဆီသို့ ခုန်ဆင်းသွားသည်။
ရွှီဇီယန်သည် သစ်ပင်သတ္တဝါ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ၎င်းဆီမှ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားခဲ့သည်။
ရွှယ်ထွမ်သည် သစ်ပင်သတ္တဝါ၏ အနားသို့ ပြေးသွားကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး သစ်ပင်သတ္တဝါ၏ အလယ်ပိုင်းကို ကိုက်လိုက်သည်။
သစ်ပင်သတ္တဝါသည် ကြောက်စရာကောင်းပြီး ထူးဆန်းသောအသံကို ထုတ်လုပ်ကာ နွယ်ပင်နှစ်ပင်နှင့်အတူ ရိုင်းစိုင်းစွာ လှုပ်ရှားလာသည်။ လဲ့ဟူနှင့် ရွှီဇီရုန်တို့သည် အချိန်မီ မရှောင်တိမ်းဘဲ နှစ်ကြိမ်တိုင်တိုင် အရိုက်ခံခဲ့ရသည်။
"အဝေးကိုရှောင်ကြ!"
ရွှီဇီယန်က အော်လိုက်သည်။
ရွှီဇီရုန်နှင့် လဲ့ဟူတို့သည် နွယ်ပင်များနှင့် ရစ်ပတ်ထားတာကို အမြန်ဖယ်ရှားကာ အဝေးသို့ ရှောင်သွားကြသည်။
ဝေ့ချင်သည် ကန့်သတ်ခံထားရဆုံးသူဖြစ်သောကြောင့် တိုက်ပွဲအစကတည်းက သူမပါဝင်ခဲ့ပေ။
သူမပါဝင်နိုင်သည့်အတွက် စိတ်မသက်မသာဖြစ်မိပေမယ့် ပါဝင်လိုက်လျှင် ပြဿနာတွေပိုများလာမယ်ဆိုတာကို သူနားလည်သည်။
"Kacha! Kacha!"
ရွှယ်ထွမ်၏ချွန်ထက်သော သွားများသည် သစ်ပင်ကြီး၏ ပင်စည်ကို ကိုက်လိုက်သည်။ ရွှယ်ထွမ်သည် အလွန်သေးငယ်သော်လည်း ကိုက်ထားသောအပိုင်းက သူ၏အရွယ်အစား ငါးဆဖြစ်သည်။
သစ်ပင်သတ္တဝါ၏ အလယ်အပိုင်းက အကိုက်ခံရပြီး ရူးသွပ်သော တန်ပြန်တိုက်ခိုက်မှုကို ချက်ချင်း စတင်လိုက်သော်လည်း ရွှယ်ထွမ်က လုံးဝ ဂရုမစိုက်ဘဲ အခြားဘက်သို့ ခုန်ဆင်းကာ ထပ်မံကိုက်လာတော့သည်။
သစ်ပင်သတ္တဝါသည် ငိုကြွေးမြည်တမ်းလာပြီး နွယ်ပင်နှစ်ပင်က မြေပေါ်သို့ တရွေ့ရွေ့ကျဆင်းလာသည်။
ရွှယ်ထွမ်သည် ဒုတိယပင်စည်ကို ပြင်းပြင်းထန်ထန်ကိုက်ကာ သူ့သခင်ကို ဂုဏ်ယူစွာကြည့်လိုက်သည်။
ရွှီဇီယန်က သူ့အား ချီးကျူးစကားဆိုရန် လက်မထောင်ပြလိုက်ရာ ရွှယ်ထွမ်က ရုတ်တရက် ပို၍ စိတ်လှုပ်ရှားလာသည်။
သခင်၏အသိအမှတ်ပြုမှု = အရသာရှိသောအစားအစာ
သွားရည်ကျနေချိန်မှာတော့ ရွှယ်ထွမ်သည် တုတ်ခိုင်သောသစ်ပင်ကို ကိုက်ခဲလိုက်သည်…
"Meh!"
သစ်ပင်သတ္တဝါကို သတ်ပြီးနောက် ရွှယ်ထွမ်သည် ပင်စည်တွင် ခဏကြာအောင် တူးဖော်ခဲ့ပြီး မကြာမီ ၎င်း၏နှလုံးကို တူးဖော်ခဲ့သည်။ ဤသစ်ပင်သတ္တဝါက အလွန်အစွမ်းထက်သည်မဟုတ်သော်လည်း ၎င်းက အလွန်ရှားပါးသောကြောင့် ၎င်း၏နှလုံးကို ရွှမ်းယွိနယ်မြေတွင် ရှားပါးရတနာအဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။
ရွှီဇီယန်အား နှလုံးသားကို ပေးပြီးနောက် ရွှယ်ထွမ်သည် လျှာသပ်ကာ ရွှီဇီယန်က ငါးဖမ်းမှာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့သည်။
ရွှီဇီယန်သည် ရွှယ်ထွမ်၏ အံ့သြဖွယ်စွမ်းဆောင်ရည်ကို မအံ့သြတော့ပေ။ တစ်ဖက်တွင် ရွှီဇီရုန်သည် ထိုအကောင်ကို တိုက်ရိုက်မကြည့်ဖူးပေ။ သူသည် ဖန်မောင်ကို ရိုးရိုးရှင်းရှင်း စိုက်ကြည့်ကာ တိုးတိုးပြောလိုက်သည်။
"မင်းရဲ့တန်ဖိုးတွေကို ငါ့အတွက် သက်သေမပြနိုင်ရင် ထွက်သွားလိုက်တော့!"
အပြစ်ကင်းသောဖန်မောင်: "…"
နှိုင်းယှဥ်မှုမရှိပါက ထိုသို့သော စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိသည်မှာ အဆင်ပြေမည်ဖြစ်သော်လည်း သူ့အစ်ကို၏ ရွှယ်ထွမ်သည် အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်တာကိုမြင်ပြီးနောက် ရွှီဇီရုန်သည် ဖန်မောင်နဲ့ပတ်သက်၍ အနည်းငယ်စိတ်မချမ်းသာတော့သည်မှာ သေချာပါသည်။
သူ၏စိတ်ဝိညာဉ်ရေးအိမ်မွေးတိရစ္ဆာန်ဖြစ်ရန် အလွန်လွယ်သည်ဟု တကယ်ထင်နေတာလား။ သူ၏ယခင်ဘဝတုန်းက သူ့နောက်လိုက်လိုသော မိစ္ဆာကျင့်ကြံသူများသည် သူတို့၏စွမ်းရည်ကို သက်သေပြရန် လိုအပ်သည် သို့မဟုတ်ပါက သူတို့သည် သူ့နောက်သို့ ဆက်လိုက်၍မရတော့ပေ။
ဖန်မောင်က ခဏလောက်စဉ်းစားပြီး အေးအေးဆေးဆေး ခေါင်းငြိမ့်လိုက်သည်။ ယခုအခါ နဂါးသုံးကောင် မွေးလာသဖြင့် သူ၏သခင်အတွက် သူခွန်အားတိုးရန် ကြိုးစားနိုင်သည်။
ဝေ့ချင်နှင့် လဲ့ဟူတို့နှစ်ဦးစလုံးသည် ရွှယ်ထွမ်၏ အံ့သြဖွယ်စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်ခဲ့ကြသည်...
လဲ့ဟူသည် ရွှယ်ထွမ်ကို ပထမဆုံးအကြိမ် မြင်သောအခါ အမျိုးသမီးကျင့်ကြံသူကို စိတ်ဝင်နေတာလားဟု ရွှီဇီယန်အား စိုးရိမ်တကြီး မေးခဲ့သေးသည်။ မဟုတ်လျှင် သူကဘာကြောင့် သည်လောက်ကြီးပြီး အသုံးမဝင်သော စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို ခေါ်ထားရသနည်း။
သူသည် ထိုအချိန်က ငတုံးဖြစ်ခဲ့ပုံရသည်။ ရွှယ်ထွမ်၏ စစ်မှန်သောဗီဇကို သူနားမလည်ခဲ့ပေ။ ဒါက တကယ်ကို ကြောက်စရာကောင်းသောသတ္တဝါဖြစ်သည်။
အများအားဖြင့် ရွှယ်ထွမ်သည် ပါးစပ်မဖွင့်ဘဲ ချစ်ဖို့ကောင်းနေသော်လည်း လဲ့ဟူသည် သူ၏ချွန်ထက်သောသွားများကို သူ့မျက်စိရှေ့တွင် မြင်ခဲ့ရသည်။
အနောက်ဘက်နယ်မြေမှ စစ်သည်တော်တစ်ဦးအနေဖြင့် လဲ့ဟူသည် သတ္တဝါမျိုးစုံကို မြင်ဖူးပြီးဖြစ်သော်လည်း သူ၏အသွင်အပြင်နှင့် အလွန်ကွဲပြားသောပင်ကိုယ်စရိုက်ရှိသည့် သတ္တဝါမျိုးကို သူပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
"ဒါက ဘယ်လိုစိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်မျိုးလဲ?"
ဝေ့ချင်က အံ့သြစွာ။မေးလိုက်သည်။
"ငါမသိဘူး…" ရွှီဇီယန်က ပခုံးတွန့်ကာ "ငါ မိစ္ဆာနယ်မြေထဲကို မတော်တဆရောက်သွားတုန်းက ရွှယ်ထွမ်ကထွက်လာပြီး ငါနဲ့စာချုပ်ချုပ်ခဲ့တာ…"
ရွှယ်ထွမ်: "…"
ထိုအကြောင်းက အမှန်ပင်ဖြစ်သော်လည်း သူ၏သခင်သည် သူ့ကို အလွန်အဖိုးမတန်သည့်ပုံပေါ်အောင် ဘယ်လိုလုပ်ပြောဆိုရသနည်း။
#TK