အပိုင်း ၁
Viewers 12k

ဝမ်မင်ယီ အိပ်ယာမှ လန့်နိုးလာပြီးထိတ်လန့်တကြား ထထိုင်လိုက်သည်။ သူ၏အတွေးထဲတွင် အိမ်မက်ထဲမှ မြင်ကွင်းများနှင့်ပြည့်နေလေသည်။ 

ထို မြင်ကွင်းထဲ၌ သူကမြေပြင်ပေါ်တွင် လဲကျနေပြီး သူ၏မျက်လုံးပေါ်သို့ စူးရှသော အလင်းရောက်တစ်ခုကျရောက်နေခဲ့သည်။ သူထထိုင်လိုက်ချင်သော်လည်း သူ၏ ခန္ဓာကိုယ် ကအင်အားမဲ့လွန်းနေသည်။ 

စူးရှသော အမျိုးသမီးတစ်ယောက်၏အော်သံနှင့်အတူ ကျန်းဇီမော့၏ စိတ်ပူနေသလိုမျိုး သူနာမည်အား ခေါ်သံကိုလည်းကြားလိုက်ရသည်။

သူ ပါးစပ်ကိုဖွင့်ဟ၍ကျန်းဇီမော့အား အရှက်မရှိ ဉာဏ်များတဲ့ ခွေးကောင်ဟု အော်ဆဲချင်နေခဲ့သည်။သို့သော်လည်း သူအသံတစ်စက်ပင် မထွက်နိုင်တာကိုသိလိုက်ရ၏။

သူ၏ ခန္ဓာကိုယ် ကို ထိန့်လန့်ဖွယ်ကောင်းလှသော အအေးဓာတ် တဖြေးဖြေး လွှမ်းခြုံလာသည်ကိုသာခံစားရတော့သည်။

...

ဝမ်မင်ယီ ထိန့်လန့်တကြား ထထိုင်လိုက်ပြီး မထိန်းချုပ်နိုင်လောက်အောင် တုန်ရီနေခဲ့သည်။

သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး တုန်လှုပ်မှုများ တည်ငြိမ်သွားအောင် စောင့်နေလိုက်သည်။ထို့နောက် သူ​စောင်ကို ဖယ်လိုက်ပြီး ရေတစ်ခွက်သောက်ရန် ထလိုက်သည်။ သို့သော်လည်း သူခြေထောက်ကြမ်းပြင်ကိုထိလိုက်သည့်နှင့် တွေဝေ ငေးမောစွာဖြင့် သူခြေထောက်အောက်ကကြမ်းပြင်ကိုကြည့်လိုက်သည်။

သူအံအားသင့်စွာဖြင့် အခန်းကိုဝေ့ဝဲကြည့်လိုက်ရာ ရှုပ်ပွနေသော ပရိဘောဂများ... နံရံတွင် ကပ်ထားသော ပိုစတာများ.. ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော မဂ္ဂဇင်းမ​ျားနှင့် ဂစ်တာတစ်လက်ကို တွေ့လိုက်ရသည်။

 ဒီအခန်းက စစ်ကျွင်းတောက် အိမ်တွင် ရှိသည့် သူ၏အိပ်ခန်းဖြစ်နေသည်။ 

သူအံအားသင့်ထိတ်လန့်စွာဖြင့် ရေချိုးခန်းထဲသို့လျှင်မြန်စွာပြေး၍ သူ၏မျက်နှာက်ိုကြည့်လိုက်ရာ ငယ်ရွယ်မှု အပြည့်ဖြင့် ချောမောနေသော သူကိုယ့်သူတွေးလိုက်ရသည်။

ဒီမျက်နှာ ကသူပဲ...

ဝမ်မင်ယီ မယုံကြည်နိုင်ဖြစ်နေမိသည်။

 သူသေသွားတာ မဟုတ်ဘူးလား....

သူ အဲနေ့က အရက်မူးနေခဲ့ပြီး ကျန်းဇီမော့နဲ့ ရန်ဖြစ်နေတာလေ။ရန်ဖြစ်ရင်းနဲ့ အဲဒီခွေးကောင်တွန်းလိုက်လို့ ကားလမ်းမပေါ်လဲကျပြီး ကားတိုက်မိသွားတာလေ။ အဲဒီမှာ သူသေသွားခဲ့တာလေ။

သူသေသွားပြီးနောက် သူနေထိုင်သော ကမ္ဘာကြီးကတစ်ကယ်တမ်း၌ ဝတ္တုတစ်ပုဒ်သာဖြစ်နေကြောင်း သိလိုက်ရသည်။

ကျန်းဇီမော့က ဝတ္တုဇာတ်လိုက်တစ်ယောက်ဖြစ်နေခဲ့ပြီး သူကတော့ အရံဇာတ်ကောင်လေးသာဖြစ်သည်။ 

မူလက သူ၏ကိုကို စစ်ကျွင်းတောက်ကို ကျန်းဇီမော့တစ်ယောက် မရမက လိုက်ပိုးပန်းနေသည်ကို မြင်ဖူးခဲ့သောကြောင့် သူကိုကိုသည်လည်း ဇာတ်လိုက်တစ်ယောက်ဟုထင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံး၌ သူသည်လည်း အရံဇာတ်ကောင်တစ်ယောက်သာ ဖြစ်နေခဲ့သည်။

ထို မျှမကသေးပဲ သူကိုကိုက သူ၏ သေဆုံးမှုကြောင့် ဗီလိန်ဇာတ်ကောင်တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ ဝမ်ပေါ်နှင့် ကျန်းဇီမော့တို့၏ စစ်မှန်သော ချစ်ခြင်းတရားအတွက် အနင်းခံကျောက်တုံးလေးတစ်ခုဖြစ်ခဲ့ရသည်။

ထိုအပြင် ဝမ်ပေါ်က ကိုကို၏ ကုမ္မဏီဒေဝါလီ ခံရအောင်လုပ်ပြီး သေဆုံးသည့်အထိ အကောက်ကြံခဲ့သည်။

မှန်ပေသည်။ဝမ်ပေါ်က ဝတ္တု၏ နောက်ထပ် ဇာတ်လိုက်(seme)တစ်ယောက်ဖြစ်သည်။

ဝမ်မင်ယီ သေဆုံးသွားခဲ့ပြီးနောက် ဝတ္တုဇာတ်ကြောင်းကို တတိယလူအနေဖြင့်ကြည့်ခဲ့ရသည်။ 

သူ၏ အလောင်းကိုတွေ့ချိန်၌ သူကိုကိုက ကမ္ဘာပျက်မတတ် တုန်လှုပ်နေပြီး ကျန်းဇီမော့ကို ကြောက်စရာကောင်းလောက်သော အေးစက်သော အကြည့်နှင့်ကြည့်ကာ 'မင်းသူ့ကို တွန်းလိုက်တာ 'ဟု ပြောခဲ့သည်အားတွေ့လိုက်ရသည်။

ကျန်းဇီမော့က ငိုယိုပြီးသူတမင်လုပ်တာမဟုတ်ကြောင်းပြောပြခဲ့သည်။ ဝမ်ပေါ်ကလည်း ကျန်းဇီမော့ကို ကာကွယ်ပြီး သူကိုကို့ကို စိတ်အေးအေးထားရန်​ဖြောင်းဖြခဲ့သည်။

"ရှောင်မော့ က ရည်ရွယ်ပြီးလုပ်တာမှ မဟုတ်တာ သူကိုအပြစ်မတင်နဲ့လေ..."

"မင်မင်က သေသွားတာတောင်မှ ငါကသူကိုအပြစ်မတင်ရဘူးတဲ့လား....သူရည်ရွယ်ပြီး လုပ်တာမလုပ်တာ အရေးမကြီးဘူး...မင်မင်က သေသွားပြီလေ... သူက အခုမှ လာပြောနေတော့ ငါကဘယ်နေရာမှာသွားသုံးရမှာလဲ..."

ဝမ်မင်ယီအနေဖြင့် သူ၏ ကိုကိုထိုမျှ ဒေါသထွက်နေသည်မျိုးကို တစ်ခါမျှ မမြင်ဘူးခဲ့ပေ။ စစ်ကျွင်းတောက်က အရာရာအားလုံး သူ၏ထိန်းသိမ်းမှုအောက်တွင် ရှိနေသလိုမျိုး တည်ငြိမ်နေသူဖြစ်သည်။

ယခုမှု သူ၏တည်ငြိမ်မှုများ အားလုံးပျောက်ဆုံးသွားခဲ့လေပြီ။ သူ ကျွင်းဇီမော့ကိုအေးစက်စွာကြည့်ပြီးပြောလိုက်သည်။

" မင်းဘာသာမင်း စခန်းကိုသွားပြီးဝန်ခံရင်ဝန်ခံ....ဒီလိုမှမဟုတ်ရင် ငါမင်းကို ဖမ်းပြီးထောင်ထဲထည့်ပစ်မယ်...မင်းနဲ့ ကားဆရာနှစ်ယောက်လုံး အပစ်ဒဏ် ခံယူရမယ်..."

 ကျွင်းဇီမော့က တုန်လှုပ်သွားပြီးနောက် 

"ငါ တမင်လုပ်တာမဟုတ်ဘူး။

ငါမရည်ရွယ်ပါဘူး "ဟု အော်ဟစ်ကာပြောလိုက်သည်။

ဝမ်ပေါ်ကလည်း ချက်ချင်းပင် ဝင်ပြောလာလေသည်။

"မင်းဘာလို့ အဲလိုမျိုးလုပ်ရတာလဲ....

ဝမ်မင်းယီက သေပြီလေ...အဲဒါသူရဲ့ အပြစ်ပဲ...မင်းဘယ်လိုလုပ်ပြီး ရှောင်မော့အပေါ်အပစ်ပုံချရတာလဲ..."

"သူက မင်မင့်ကိုတွန်းလိုက်တာလေ...သူသာ မတွန်းခဲ့ရင် မင်မင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံစရာအကြောင်းကိုမရှိဘူး..."

"စစ်ကျွင်းတောက် မင်းဘယ်လိုတောင် သွေးအေးရက်စက်ရတာလဲ...

ရှောင်မော့ကမင်းကို ကြိုနေတယ်ဆိုတာကို မင်းမသိဘူးလား...

သေပြီးသားလူတစ်ယောက်တွက် ဒီလိုလုပ်တာ တန်လို့လား...

မင်းရဲ့ နှလုံးသားထဲမှာ ရှောင်မော့က ဝမ်မင်းယီလောက်တောင် အရေးမပါဘူးလား..."


သူ စစ်ကျွင်းတောက်ကို ကြောက်ရွံစွာကြည့်နေသည့်အချိန်မှာပင် သူ၏အေးစက်လှသောအသံကိုကြားလိုက်ရသည်။
"မင်း သေသွားပြီးသားလို့ပြောနေတဲ့ ဝမ်မင်ယီက. ငါကလေးဘဝထဲက ပြုစုစောင့်ရှောက်လာတဲ့ညီငယ်လေး ငါနှလုံးသားထဲမှာသူထက်အရေးကြီးတာဘာမှမရှိဘူး...
ကျန်းဇီမော့ မင်းဘာသာမင်းသွားဝန်ခံရင်ကောင်းမယ်...
မဟုတ်ရင် ငါကိုယ်တိုင်မင်းကို ထောင်ထဲထည့်ပစ်မယ်..."
ကျန်းဇီမော့တစ်ယောက် ခေါင်းခါရမ်းရင်းငိုယိုကာတောင်းပန်ပြောလိုက်သည်။
"ကျွင်းတောက် မင်းငါကိုဒီလိုလုပ်လို့မရဘူးလေ..."
"မင်းကြောင့် သူသေသွားရတာ...
မင်း..... ဥပဒေအတိုင်း အပြစ်ခံယူရမယ်။
မင်းသူကိုထောင်ထဲ မထည့်နိုင်အောင်ငါလုပ်မယ်..."
စစ်ကျွင်းတောက်၏စကားကြောင့် ဝမ်ပေါ်ဝင်ပြောလိုက်သည်။
"စစ်ကျွင်းတောက် ငါမင်းကိုအထင်ကြီးခဲ့တယ်...ဒါပေမဲ့ ငါအခုမင်းကိုအသိပေးလိုက်မယ်။ မင်း ဇီမော့ကိုလုံးဝ ထောင်ထဲမထည့်နိုင်စေရဘူး..."
ဝမ်ပေါ်ကသူပြောချင်တာပြောပြီးနောက် ကျန်းဇီမော့ နှင့်အတူထွက်သွားလိုက်လေသည်။
ရေခဲတိုက်ထဲတွင် စစ်ကျွင်းတောက်တစ်ယောက်ထဲသာကျန်ခဲ့လေသည်။ အမြဲတမ်းတည်ငြိမ်တတ်သောသူ့ကိုကိုက သူ၏အလောင်းရှေ့တွင်ငိုကြွေးနေသည်ကို ကြည့်၍ ဝမ်မင်ယီ အံအားသင့်မှင်သက်နေခဲ့မိသည်။
သူ ကိုကိုဟုအမြဲတမ်းခေါ်ခဲ့သောလူတစ်ယောက်ကို ကြောင်အစွာဆက်ကြည့်၍ရှေ့သို့တိုး၍ပွေ့ဖက်ပေးလိုက်ချင်ခဲ့သည်။သို့သော်လည်း သူ၏မျက်စိရှေ့မှာတင် ဝတ္တုစာရွက်များက လှန်လှောသွားပြီး စကားလုံးများက သူဦးနှောက်ထဲသို့အတင်းအကျပ်ထိုးဖောက်ဝင်ရောက်လာသည်။
ဝတ္တု၏ ကျန်သည့်အပိုင်းသည် မည်သို့ဖြစ်သွားသည်ကိုတောင် ကြည့်စရာမလိုလိုက်ပဲ ဝတ္တု၏ နောက်ဆုံးသို့ရောက်ရှိသွားခဲ့လေသည်။
ဝမ်မင်ယီ သူရင်းနှီးနေသော 3D ပုံစံဖြင့်စစ်ကျွင်းတောက်ကို တွေ့လိုက်ရသည်။
ထိုအချိန်၌ စစ်ကျွင်းတောက်၏ ပုံစံက မယုံနိုင်လောက်အောင် အသက်မဲ့နေပုံပေါ်နေသည်။သူ ပျက်စီးယိုယွင်းနေသော အဌားအိမ်ခန်းဟောင်းလေးတွင်ရှိနေပြီး သူတစ်ခါမှ မဝတ်ဆင်ခဲ့ဘူးသော ယွမ်၂၀ တန်အင်္ကျီကိုသာဝတ်ဆင်ထားလေသည်။
တစ်ခုတည်းသော မပြောင်းလဲသည့်အရာက စစ်ကျွင်းတောက်၏ တည်ငြိမ်သောပုံစံဖြစ်သည်။
ဝမ်ပေါ်က သူချစ်ရသူကိုထောင်ထဲပို့မည့်သူအား အကောင်းတိုင်းနေခွင့်မပေးခဲ့ပေ။
ဝမ်ပေါ်က စစ်ကျွင်းတောက်၏ အရှေ့၌ရပ်ပြီး မင်းနောင်တရလား ဟုမေးလိုက်သည်။
"ဘာလဲ....မင်းနဲ့ ကျန်းဇီမော့ တို့ကိုအရင်က မသတ်ခဲ့မိတာကိုလား...ဒါဆိုရင်တော့ ငါနောင်တရတယ်..."
စစ်ကျွင်းတောက် တည်ငြိမ်စွာပြောလိုက်သည်။
"မင်းက အခုထိတောင်မှ ဒီစကားပြောနေတုန်းပဲလား...ရှောင်မော့ကအရင်တုန်းကမင်းကိုဘယ်လောက်ချစ်ခဲ့လဲဆိုတာကိုမင်းသိတယ်...ဒါပေမဲ့သူမင်းကြောင့် ဘယ်လောက်ခံစားခဲ့ရသလဲဆိုတာတော့ မင်းမသိဘူးဝမ်မင်ယီက အသက်ပဲဆုံးရှုံးခဲ့ရတာ...
ရှောင်မော့ကသူရဲ့ အချစ်ကိုဆုံးရှုံးသွားခဲ့ရတာကွ..."
ဒီကောင်က သောက်ရမ်းအရှက်မရှိတာပဲ...
ဝမ်မင်ယီ ဝမ်ပေါ်၏ခေါင်းကို ပြေးရိုက်လိုက်ပြီး ထိုခေါင်းထဲတွင်ဝက်ဦးနှောက်များရှိနေသလားဟု ဖွင့်ကြည့်ချင်မိသွားသည်။
အဲဒီခွေးသူတောင်းစားရဲ့ပါးစပ်ကနေပြီးတော့ ဘာလို့အဲလောက်တောင်အရှက်မရှိတဲ့စကား ထွက်လာရဲသေးတာလဲ...
သူ ပြေးရိုက်ဖို့ကြံလိုက်စဉ်မှာပင် ဝမ်ပေါ်၏စကားသံကိုကြားလိုက်ရသည်။
"မင်းသူကို အဲလောက်ဂရုစိုက်နေမှာတော့ ဘာလို့မင်းသူ့ကို အဖော်လိုက်ပြီး မလုပ်ပေးတာလဲ..."
ပြောပြီးပြီးခြင်းမှာပင်ဝမ်ပေါ်က ဓားတစ်လက်ကို ထုတ်လိုက်ပြီး
စစ်ကျွင်းတောက်ကို လှမ်းထိုးသည်ကိုတွေ့လိုက်ရသည်။
မလုပ်နဲ့.....ဝမ်မင်ယီ အော်ဟစ်လိုက်ပြီး ပြေးလိုက်သည့်အချိန်မှာပင် ဝမ်ပေါ်၏ မျက်နှာက ဖြူဖျော့သွားသည်ကိုအံသြဖွယ်တွေ့လိုက်ရသည်။
သူငုံကြည့်လိုက်သည့်အချိန်၌ ဝမ်ပေါ်၏ဝမ်းဗိုက်တွင် စိုက်ဝင်နေသောဓားတစ်ချောင်းကိုတွေ့လိုက်ရသည်။
ဝမ်မင်ယီ ကြောင်အသွားပြီး စစ်ကျွင်းတောက်ဘက်ကို လှည့်ကြည့်လိုက်သည့်အချိန်၌ သူ၏တီးတိုးစကားသံကိုကြားလိုက်ရသည်။
" ငါ သေတမ်းစာရေးခဲ့ပြီးသွားပြီ...
နောက်ပြီးတော့ ဒီနေ့ညနေ ငါသူကိုလာမတွေ့နိုင်ရင် ရဲကိုအကြောင်းကြားလိုက်ဖို့လဲလူတစ်ယောက်ကိုမှာထားပြီးသွားပြီ... ငါရဲ့သေတမ်းစာထဲမှာလဲ ဘာတွေရေးခဲ့တယ်ဆိုတာက်ုမင်းမသိချင်ဘူးလား..."
စစ်ကျွင်းတောက်ပြောပြီးသည်နှင့် သူ၏ ဓါးကိုပို၍အားစိုက်၍ထိုးလိုက်သည်။
"ငါ အမုန်းဆုံးကတော့အကျိုးမရှိတဲ့လုပ်ရပ်တွေပဲ....
ငါဆီမှာအကြွေးတင်ထားရင် ငါကရအောင်ပြန်ယူတတ်တယ်..."
စစ်ကျွင်းတောက်နှင့်ဝမ်ပေါ်တို့နှစ်ယောက်လုံးလဲကျသွားသည်ကိုတွေ့လိုက်ရသောကြောင့်ဝမ်မင်ယီ စိုးရိမ်တကြီးဖြင့်ပြေးသွားလိုက်သည်။သို့သော်လည်းသူက ထိပင်မထိနိုင်သည်ကိုသိလိုက်ရသည်။
ထို့နောက် သူရှေ့မှ ဝတ္တုစာရွက်များက ထပ်မံလှန်လှောသွားပြီး ဇာတ်ကြောင်းက သူ၏ဦးနှောက်ထဲတွင်တဖြတ်ဖြတ်ပြောင်းလဲသွားလေသည်။
အဓိကဇာတ်ဆောင်ဖြစ်သောဝမ်ပေါ်က မသေခဲ့ပေ။
သို့သော်လည်း သေလုနီးပါးဖြစ်သွားသောကြောင့် ကျန်းဇီမော့က ဆုံးရှုံးရသည့်ခံစားချက်ကို ခံစားလိုက်ရပြီး သူသတိရလာသောအခါတွင်ချက်ချင်းပင် အချစ်ကိုဝန်ခံလိုက်ပြီး နှစ်ဥိးသားပျော်ရွှင်စွာပေါင်းဖက်သွားကြသည်။
အဓိက ဇာတ်ဆောင်နှစ်ယောက်ပျော်ရွှင်စွာပေါင်းဖက်သွားသည့်အချိန်တွင် ဗီလိန်ဖြစ်သွားသော စစ်ကျွင်းတောက်ကတော့ မည်သူမှပင်မသိပဲ တိတ်တဆိတ်သေဆုံးခဲ့ရသည်။
၎င်းကိုသိပြီးနောက် ဝမ်မင်ယီ သည်းခြေပျက်မတတ်ခံစားခဲ့ရသည်ကိုသူမှတ်မိနေသေးသည်။
ဝမ်မင်ယီ သူ ချစ်ခင်မြတ်နိုးခဲရသော ကိုကိုကဒီလိုအခြေအနေမျိုးဖြင့်အဆုံးသတ်သွားခဲ့ရသည်ကိုမယုံနိုင်ခဲ့ပေ။
သူလုံးဝလက်မခံနိုင်ဘူး။
ဘာလို့လဲ...ဘာကြောင့်လဲ
သူနဲ့သူကိုကိုက ဘာတွေများအမှားလုပ်ထားခဲ့လို့သေဆုံးရတာလဲ...
သူ၏ ဆင်ခြေထုံ တရားများလွှတ်ကင်းသွားသည့်တိုင်အောင် အမုန်းတရားများ ပွားခဲ့လေသည်။
သို့သော်လည်း သူမျက်လုံးဖွင့်သည့်အချိန်၌ အရင်အချိန်ကိုပြန်ရောက်သွားခဲ့ဖို့တော့ မမျှော်လင့်ထားပေ။
ဝမ်မင်ယီ ကမန်းကတမ်းအိပ်ရာဘေးမှ ဖုန်းကိုဆွဲယူကာကြည့်လိုက်ချိန်၌ ဒီနေ့သည် စက်တင်ဘာလ ၁၅ရက် ၂၀၁၈ခု နှစ်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
ဝမ်မင်ယီ အားပါးတရအော်ရယ်လိုက်မိသည်။
သူပြန် မွေးဖွားလာရုံတင်မကဘူး ကိုကိုနဲ့သူနဲ့ ပြဿာနာမတတ်သေးခင်အချိန်ကို ပြန်ရောက်သွားတယ်။
ဒါအရမ်းကောင်းတာပဲ.....
ဒီချိန်မှာတော့ သူနဲ့သူကိုကိုကို အဲလိုမျိုးအဖြစ်ဆိုးနဲ့ သိရတဲ့အဖြစ်ကိုမတွေ့ကြုံစေရတော့ဘူး။
ပြီးတော့ ကျန်းဇီမော့ရဲ့ကြာပန်းဖြူပုံစံအောက်က ကလိမ်ကကျစ်မျက်နှာကိုလဲ မြင်အောင်ပြပြီးတော့အဲဒီ ဆန်ကုန်မြေလေးကောင်နဲ့ဝေးဝေးနေခိုင်းရမယ်။
ဝမ်မင်ယီ သူဖုန်းပေါ်ကနာရီကိုကြည့်လိုက်သည်နှင့် ၈နာရီထိုးနေသည်ကိုသတိပြုမိလိုက်သည်။ဒီအချိန်တွင် သူ၏ကိုကိုက ပြန်ရောက်ပြီး ညစာစားနေသည်ကိုသူသိလိုက်ရသေဲာ ကြောင့်အလျှင်အမြန် ထွက်သွားလိုက်သည်။
သူလှေကားထိပ်ရောက်သည့်အခါမှာပင်အိမ် ပြန်ရောက်လာပြီး သူအခန်းထဲသို့ ဝင်တော့မည့်စစ်ကျွင်းတောက်နှင့်တည့်တည့်တိုးလေသည်။
ဝမ်မင်ယီ ကအတင်းဖက်လိုက်သောကြောင့် စစ်ကျွင်းတောက် သူ့ကိုတွန်းထုတ်ရန်ပြင်လိုက်သည်။
ဝမ်မင်ယီ ကသူနောက်ဆုံးမြင်ခဲ့ရသော မြင်ကွင်းကိုပြင်လည်တွေးမိသွားပြီး ငိုချင်လာကာ နှာတစ်ရျုံ့ရှုံ့ဖြစ်လာလေသည်။
"အစ်ကိုကြီး..."
ဝမ်မင်ယီ အသံတိုးတိုးလေးဖြင့်ခေါ်လိုက်သည်။
စစ်ကျွင်းတောက် သူရင်ခွင်ထဲမှအသံကြောင့်ငုံကြည့်လိုက်သည်။
သူတို့မနေ့က တွေ့ဆုံစဉ်ကဝမ်မင်ယီ သည် မီးရူးမီးပန်းလိုမျိုးဒေါသများပေါက်ကွဲနေသည်ကိုတွေ့လိုက်ရသည်။
နောက်ဆုံး၌ဝမ်မင်ယီက ဒီအိမ်မှာမနေချင်တော့ပဲ သူအိမ်ကထွက်သွားတော့မည်ဟုပင်ထုတ်ပြောခဲ့လေတော့သည်။
စစ်ကျွင်းတောက်တစ်ယောက် ထိုစကားကိုကြားသည့်အချိန်၌ ဝမ်မင်ယီ အထက်တန်းကျောင်းသားဘဝ ပုန်ကန်တတ်သည့်အရွယ်က ကိစ္စတစ်ခါကိုသတိရသွားမိသည်။
ထိုအချိန်တုန်းကလည်း ရုတ်တရက်ကြီး ရန်လိုပြီးသူကိုမရိုမသေ ဆက်ဆံလေသည်။
ထို့အပြင်သူ့ကိုအစ်ကိုကြီးဟုမခေါ်တော့ပဲ လမ်းတွင်တွေ့ရင်လည်းမသိချင်ယောင်ဆောင်သွားတော့သည်။
သူက စနှုတ်ဆက်ရင်လည်း မထိတထိပြန်ပြောပြီး အိမ်မှာနေမဲ့အစား ကျောင်းနား၌အဆောင်ငှါးပြီးပင်သွားနေလိုက်သေးသည်။
၎င်းအဖြစ်အပျက်ကိဲု ပြန်တွေးမိလိုက်ပြီး စိတ်တိုကာထွက်သွားဟု အော်ပြောလိုက်မိ၏။
ထိုကောင်လေးကလည်း 'ထွက်သွား...ဟုတ်လား....
ကောင်းပြီးလေ ထွက်သွားမယ် "ဟုပြောကာ တံခါးကို ဝုန်းခနဲဆောင့်ပိတ်ကာ ထွက်သွားလေခဲ့သည်။
သူတို့ဒီနေ့တွေ့သည်အချိန်၌ သူက ကလေးလေးတစ်ယောက်လို အပြစ်ကင်းဟန်ဆောင်နေပြီးဘာမှ မဖြစ်ထားသလိုပြုမှာနေလိုက်မည်ဟု မည်သူကထင်ထားမည်နည်း။
"မင်း..မင်းပဲမနေ့က ထွက်သွားမယ်ပြောခဲ့တာမဟုတ်ဘူးလား..."
ဝမ်မင်ယီ ခဏမျှ ကြောင်အသွားပြီးနောက် သတိပြန်ဝင်လာခဲ့သည်။
ဧကန်နတော့ မနေ့ကသူတို့ ရန်ဖြစ်ထားတာပဲဖြစ်ရမယ်။
"ကျွန်တော်က ဟိုလှိမ့်ဒီလှိမ့် လုပ်တတ်တဲ့ရောဘာဘောလုံးလေးမဟုတ်ဘူး။ကျွန်တော် လှိမ့်မထွက်သွားနိုင်ဘူး..."
ဝမ်မင်ယီ စူပုတ်ပုတ်ပြန်ပြောလိုက်သည်။
"ဒါဆိုရင် တံခါးကိုရော ဆောင့်မပိတ်တော့ဘူးလား..."
ဝမ်မင်ယီ စစ်ကျွင်းတောက် ကိုဖက်ထားရင်းခေါင်းခါရမ်းကာပြောလိုက်သည်။
" နောက်မလုပ်တော့ဘူး..."
Iဒါဆိုအခုမင်းအမှားကိုသိပြီးလား ..."
"ဟုတ်ကဲ့...ကျွန်တော်သိပါပြီ...ဝု..ဝု..ဝု"
စစ်ကျွင်းတောက် ဝမ်မင်ယီ ၏အမှားဝန်ခံသည့်ပုံလေးကိုကျေနပ်သွားပြီးသူ၏ပါးလေးကို ဖျစ်ညစ်ကာပြောလိုက်သည်။
Iကောင်းပြီ....အောက်ထပ်ကို ညစာစားရအောင်ဆင်းတော့..
အန်တီကျန်းက မင်းကြိုက်တဲ့ဟင်းချက်ထားတယ်..."
ဝမ်မင်ယီ ခေါင်းညိတ်လိုက်ပြီး ဖက်ထားရာမှ လွှတ်လိုက်သည်။ ပြီးနောက် သူ၏လက်မောင်းကိုဆွဲလိုက်ပြီး ခေါ်လိုက်သည်။
"အတူတူသွားရအောင်..."
စစ်ကျွင်းတောက်သူ၏ လက်ကို တည်တည်ငြိမ်ငြိမ်ပဲဆွဲခွာပြီးပြောလိုက်သည်။
"အစ်ကိုမစားတော့ဘူး...မင်းပဲသွားစားလိုက်တော့..."
"ဘာလို့လဲ..."
"အစ်ကိုရုံးမှာစာလာခဲ့ပြီ...အစ်ကို ကျန်းဇီမော့နဲ့ ရုပ်ရှင်သွားကြည့်မလို့ အင်္ကျီ လဲရအောင်လို့ပြန်လာခဲ့လိုက်တာ..."
ဝမ်မင်ယီ မျက်လုံးပြူးဖြင့်ပြန်ပြောလိုက်သည်။
"ကိုကို အခုဘာပြောလိုက်တာလဲ...."
သူက ညစာစားနေတဲ့ အချိန်မှာ ကိုကိုက အဲကြာပန်းဖြူကောင်နဲ့ ရုပ်ရှင်သွားကြည့်မယ်ဟုတ်လား...
သူကဘယ်လိုလုပ်ပြီး စားချင်စိတ်ရှိတော့မှာလဲ
"မသွားပါနဲ့..."
ဝမ်မင်ယီ ရုတ်တရက်အော်ပြောလိုက်သည်။
ကိုကို သြားလို့မရဘူး...